← Chapters

အဆက်မပြတ် ကျယ်လောင်စွာ အော်ဟစ်ရခြင်း

Vol. 57 Ch. 794

အဆက်မပြတ် ကျယ်လောင်စွာ အော်ဟစ်ရခြင်း

Vol. 57 Ch. 794

ထန်ရှုသည် သူ၏အပြုအမူကို မည်သည့်အခါကမှ ဂရုမစိုက်သောသူဖြစ်ပြီး ထျန်းကျန်းရှိ မာမိသားစု၏ စွမ်းအားကိုလည်း မကြောက်ပေ။ မာ ရှောင်ရုန်အား တိရစ္ဆာန်တစ်ကောင်အလား မြင်ရုံသာ ရှိပြီး ထိုသူ၏မျက်နှာကို ထိုးကြိတ်လိုက်သည်။

အော်ဟစ်နေပါသလား။ မာရှောင်ရုန် အော်မည်ကြံတိုင်း ထန်ရှု၏လက်သီးများသည် သူ၏ပါးစပ်ကို ထိုးနှက်လာသောကြောင့် မည်သည့်အော်ဟစ်သံမှ ကြားရမည်မဟုတ်ချေ။ နောက်ဆုံးတွင် ထန်ရှုသည် ထိုလူ၏နှာခေါင်းရိုးအား နောက်ဆုံးထိုးနှက်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ကြက်သေ သေနေသော အကြည့်များအောက်တွင် ထိုသူ့အား နောက်ထပ် ကန်ချက်တစ်ခု ပေးလိုက်လေတော့သည်။

ဒါက ကြမ်းတမ်းသည့် ရိုက်နှက်မှုပင် မဟုတ်တုံလော။

ထန်ရှုသည် သူ၏စွမ်းအားကို များစွာ အသုံးမပြုထားသော်လည်း သူ၏ရိုက်နှက်မှုကြောင့် မာရှောင်ရုန်သည် နာကျင်လွန်းလှသဖြင့် ကြမ်းပြင်ပေါ်တွင် အဆက်မပြတ် တွန့်ကွေးနေသော ပုဇွန်တစ်ကောင်အလား ကွေးကွေးလေး ဖြစ်နေသည်။

"ရပ်…"

နောက်ဆုံးတွင် မာရှောင်ရုန်၏ သက်တော်စောင့်တစ်ဦးသည် ထန်ရှုအား ဒေါသတကြီး ကြိမ်းမောင်းကာ ချက်ချင်း တုံ့ပြန်တိုက်ခိုက်လာသည်။ ထန်ရှုအနားသို့ မရောက်ခင် မိုအားဝူ၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားသည်မှာ စိတ်မကောင်းစရာပင်။ မိုအားဝူသည် ထိုနေရာတွင် မရပ်သေးဘဲ သိုးအုပ်ထဲသို့ ကျားတစ်ကောင်အလား အခြားသက်တော်စောင့်များဆီကိုပါ ပြေးဝင်သွားခဲ့သည်။ မိုအားဝူ ထိုးခွင်းလိုက်သော လက်သီးချက်များကြောင့် ပြင်းထန်စွာ သက်တော်စောင့်များအားလုံး ကြမ်းပြင်ပေါ်သို့ လဲကျကာ တဆတ်ဆတ်တုန်ရီနေကြသည်။

ထန်ရှုက ရိုက်နှက်ပြီးနောက် ကျေနပ်အားရစွာဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး အပြုံးဖြင့်

"အခု မင်း ဒါကို တွေ့ပြီမဟုတ်လား ကျန့်လင်း။ ဒီလိုလူဆိုးလူမိုက်စား၊ ပြောင်ပြောင်တင်းတင်းနဲ့ အရူးကောင်မျိုးတွေကို မင်း ဒီလို ဆက်ဆံရမယ်။ သူတို့ကို ခပ်ပြင်းပြင်း ရိုက်လိုက်ရုံပဲ။ ညှာတာစရာ မလိုဘူး။ မင်း သူတို့ကို တစ်ကြိမ်လောက် ခပ်ပြင်းပြင်း ရိုက်နှက်တာကို သူတို့ အရှုံးမပေးရင် ဒုတိယ အကြိမ် ထပ်လုပ်ပါ။ ဒုတိယအကြိမ်လည်း အရှုံးမပေးသေးဘူးဆိုရင် အကြိမ် ၂၀ ဒါမှမဟုတ် လိုအပ်ရင် အကြိမ်၂၀၀ထိ ရိုက်ပါ။ အခုခေတ်မှာ လေ့ကျင့်ခန်းလုပ်ဖို့ အားကစားရုံကို သွားတာက အတော်လေးကို ဈေးကြီးတယ်ဆိုတာ မင်းလည်း သိတာပဲ။ ဒါကြောင့် လူ့သဲအိတ်တွေ မင့်အိမ်ရှေ့ကို ရောက်လာတာက အားကစားရုံသွားတာထက် အများကြီး ပိုကောင်းတယ်မဟုတ်ဘူးလား။”

“…”

လုံကျန့်လင်း၏နှုတ်ခမ်းများ နှစ်ကြိမ်တိုင်တိုင် မဲ့ရွဲ့သွားကာ ကောင်းကင်ဆီသို့ မျှော်ကြည့်လိုက်ရသည်။ သူသည် ထန်ရှုကဲ့သို့ နတ်ဘုရားအလိုကျ ပုံမှန်မဟုတ်သော လူတစ်ယောက်မဟုတ်ပေ။ ထန်ရှုကဲ့သို့ တိုက်ခိုက်နိုင်စွမ်း မရှိသည်ကို အသာထား … သူ လုပ်မည်ဆိုလျှင်ပင် ထျန်းကျင်းရှိ မာမိသားစု၏ စွမ်းအားကို ထည့်သွင်းတွက်ချက်ရန် လိုအပ်နေသေးသည်။ မာရှောင်ရုန်သည် လွယ်လွယ်ကူကူ အနိုင်ကျင့်နိုင်သူမဟုတ်ကြောင်း သိသာပေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုနှင့် လုံကျန့်လင်းတို့သည် မင်းယွမ်အပန်းဖြေစခန်းမှ လစ်ထွက်လာကြသည်။ အပန်းဖြေစခန်းပိုင်ရှင် ရန်ချီသည် အလျင်စလို ရောက်လာပြီး နေရာအနှံ့ အော်ညည်းနေသော လူအုပ်ကြီးကို တွေ့လိုက်သောအခါ သူ၏ဦးခေါင်းပေါက်ကွဲတော့မည့်အလား ချက်ချင်း ခံစားလိုက်ရသည်။ ထို့နောက် မာရှောင်ရုန်ထံသို့ လျှောက်သွားပြီး ထိုလူကို ညင်သာစွာ ကန်လိုက်ကာ "မင်း မသေသေးဘူး မဟုတ်လား။ မတ်တပ်ရပ်နိုင်ရင် ထလိုက်။ နို့မဟုတ်ရင် ငါ ၁၂၀ကို ဖုန်းဆက်ပြီး လူနာတင်ယာဉ်တချို့ ဒီကို လာခိုင်းလိုက်မယ်။"

မာရှောင်ရုန် ကြမ်းပြင်ထက်မှ ခက်ခက်ခဲခဲ ထလိုက်ရသည်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည့်အထိ နာကျင်မှုကို ခံစားနေရဆဲဖြစ်ပြီး သူ၏နှာခေါင်းမှ သွေးများနှင့် မျက်ရည်များကို သုတ်နေရသေးသော်လည်း မသဲကွဲသော အသံဖြင့်

“မင်း … ရန် … အရေးပေါ်နံပါတ် ၁၂၀ကို ခေါ်ရဲခေါ်ကြည့် ဒီဖေဖေက မင်းနဲ့တိုက်ခိုက်ပြီး ထွက်သွားရလိမ့်မယ်။ ခွေးမသား … ယီးပဲ ခုနထိ ငါ့ကို ရိုက်နေတဲ့ အဲ့ဒီကောင် ဘယ်ရောက်သွားပြီလဲ။”

ရန်ချီသည် သူ့မျက်လုံးများကို လှိမ့်လိုက်ပြီး မာရှောင်ရုန်ကို လုံးဝ လျစ်လျူရှုထားသည်။ သူသည် ဖြစ်ပျက်ခဲ့သည်များကို သိရှိရန် ကြိုးစားနေသော အနီးနားရှိ လူများဆီသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် ချက်ချင်း ခေါင်းပြန်ကိုက်လာပြီး မာရှောင်ရုန်ကို ကြည့်ကာ စိတ်ဆိုးမာန်ဆိုးဖြင့်

"ဟေး … မာမျိုးရိုး … မင်းက လူသားတစ်ယောက်လို နည်းနည်းလေး ပြုမူလို့မရဘူးလား။ မင်းရဲ့ တတိယအစ်ကို ဒီကို ရောက်လာတဲ့ နေ့တုန်းကလည်း ငါ့ကို တအားဒေါသထွက်အောင် လုပ်တယ်။ သူက ငါ့နေရာကို ဇောက်ထိုးဖြစ်အောင် လုပ်သွားတယ်လေ။ မင်းအလှည့် ရောက်လာတော့ ... အငယ်ဆုံး ပိုးဖလံက ငါ့နေရာမှာ အရူးလို လုပ်ပြန်တယ်။ 'မာမိသားစုတွေကို ဝင်ခွင့်မပြုဘူး' လို့ တံခါးဝမှာ ဆိုင်းဘုတ်ဆွဲဖို့ မင်းတို့ ငါ့ကို ဖိအားပေးချင်နေတာလား။”

“ဟေး … ငါ့တတိယအစ်ကိုက ငါ့တတိယအစ်ကို … မာဝေ့ပေါ်က မာဝေ့ပေါ်ပဲ။ ချီးပဲ … ဒီဖေဖေက ဒီနေ့ပြီးတယ်ဆိုပေမယ့် လုံး၀ မပြီးသေးဘူးနော်။ ခွေးကောင် လုံကျန့်လင်းက ကျားအသည်းနှလုံးကို စားထားတဲ့ပုံပဲ။ သူ့ခွေးကိုတောင် ငါ့ကို ကိုက်ဖို့ ခေါ်လာသေးတယ်။ သေချာပေါက် သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်။"

"မင်းနာမည်က မာဝေ့ပေါ် … မာရှောင်ရုန် ဒါမှမဟုတ် စတုတ္ထမာသခင်လေးပဲဖြစ်ဖြစ် ငါ စိတ်မဝင်စားဘူး။ ဒါပေမယ့် မင်း သူတို့ကို ရှာနေတာ ရပ်လိုက်ချင်တယ်။ လုံကျန့်လင်းရဲ့နောက်ခံအကြောင်းကိုလည်း မင်း ရှင်းရှင်းလင်းလင်း သိတယ်။ သူက ကြယ်တာရာမြို့က လုံမိသားစုရဲ့ဒုတိယသား … လုံမိသားစုရဲ့ အတိမ်အနက်ကို မင်းလည်း အသိပဲ။ သူတို့က မင်း လွယ်လွယ်နဲ့ တိုက်နိုင်တဲ့လူတွေ မဟုတ်ဘူး။ ထန်ရှုလို့ ခေါ်တဲ့နောက်တစ်ယောက် … သူ့ကို စိတ်ဆိုးနေတာကိုလည်း ရပ်လိုက်ဖို့ ငါ အကြံပေးတယ်။ လုံကျန့်လင်းက သူ့ကို အစ်ကိုကြီးလို့ ခေါ်တာကို ပြောရမယ်ဆိုရင် ထန်ရှုရဲ့ နောက်ခံက သူ့ထက် အများကြီး ပိုခိုင်မာလောက်တယ်။”

"မင်း ဆိုလိုတာက ငါက အရိုက်ခံရပြီး ဘာမှ မလုပ်ရဘူးပေါ့။ ဟေ့ရောင် … မင်း တစ်ခန်းပျက်နေတာလား … ငါလား။ ယီးပဲ ဟေ့ရောင်။” မာရှောင်ရုန် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟမ့် ... ထန်ရှုလား။ ငါ သူ့ကို မှတ်ထားလိုက်မယ်။ နောက်နှစ်နာရီအတွင်း သူ ထျန်းကျင်းမှာ ရှိနေသေးရင် သူ ထွက်သွားတဲ့အခါ သူ့ကို တွားသွားပြီး ထွက်သွားခိုင်းလိုက်မယ်။"

ရန်ချီ ပြောစရာစကားမဲ့သွားပြီး မာရှောင်ရုန်တစ်ယောက် သူ၏ကံမကောင်းသော သက်တော်စောင့်များကို ဦးဆောင်ကာ ဒေါသတကြီး ထွက်ခွာသွားသည်ကို ကြည့်ပြီး ချက်ချင်း ခေါင်းယမ်းလိုက်မိသည်။ သူ၏ဖုန်းကို ထုတ်ကာ လုံကျန့်လင်း၏ဖုန်းနံပါတ်ကို ခေါ်ဆိုပြီး ခါးသီးစွာ ပြုံးကာ ပြောလိုက်သည်။

"ငါ့ကို တစ်ခုခု ပြောပါဦး ဒုတိယသခင်လေးလုံ … မင်းအစ်ကိုက ကစားချင်နေရင်တောင်မှ ဒီလောက် ကြီးကြီးမားမားလုပ်စရာမလိုဘူး မဟုတ်ဘူးလား။ စတုတ္ထသခင်လေးမာက ဘယ်လိုလူမျိုးလဲဆိုတာ မင်း မသိဘူးလား။ သူနဲ့ရန်ငြိုးဖွဲ့တာ ညီမျှရဲ့လား။”

“အဆင်ပြေပါတယ်။”

လုံကျန့်လင်းက ကျေကျေနပ်နပ်ဖြင့် ပြန်ဖြေသည်။

"အာ … မေ့လိုက်ပါ။ မင်းရဲ့ကိစ္စကို ငါ မစွက်ဖက်ပါဘူး။" ရန်ချီက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး "ဒါပေမယ့် တစ်ခုခု ဖြစ်ရင် သတိထားပြီး နေပါ ဒါမှမဟုတ် ပုန်းနော် ကြားလား။ အဲ့ဒီငမိုက်သားက သူ့အစ်ကိုကို ရှာဖို့ အိမ်ပြန်မှာ ကျိန်းသေတယ်။ နောက်ပြီး မင်းအစ်ကိုကို ထျန်းကျင်းကနေ အမြန်ထွက်ခွာသွားဖို့ အကြံပေးလိုက်ပါ။ ဒီမှာက မာမိသားစု ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း ကောင်းကောင်း သိပါတယ်။”

"စိတ်အေးအေးထားပါ။ ငါ ဘာလုပ်နေတယ်ဆိုတာ ငါ သိပါတယ်။"

ထျန်းကျင်းမြို့ … ဟုန်ရှန်ခရိုင်…

ဤနေရာတွင် မာမိသားစု၏ဘိုးဘေးများ တည်ထောင်ထားသော ကြီးမားသည့် ဧရိယာတစ်ခု ရှိသည်။ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလအစောပိုင်းကပင် မာမိသားစုသည် ထျန်းကျင်းမြို့တွင် ထင်ရှားကျော်ကြားသော မိသားစုတစ်ခု ဖြစ်နေပြီးဖြစ်ပြီး ၎င်းတို့သည် ယနေ့ထက်တိုင် အာဏာအတော်အသင့်ရှိသော လူများဖြစ်နေဆဲ ဖြစ်သည်။ မာမိသားစု၏အကြီးအကဲအများစုသည် နိုင်ငံရပ်ခြားကို သွားလေ့လာကြသည်။ သူတို့၏နက်ရှိုင်းသော အယူဝါဒနှင့် အတွေးအခေါ်များကြောင့် တော်လှန်ရေးစစ်ပွဲခေတ်တွင် ကွန်မြူနစ်ပါတီ၏ဆက်ခံသူနှင့် ကောင်းစွာ သိကျွမ်းခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် တော်လှန်ရေးစစ်ပွဲကာလကို လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့ပေသည်။

ဘိုးဘွားစဉ်ဆက် ထားခဲ့သော စည်းစိမ်ဥစ္စာများနှင့် အဆက်အသွယ်များသည် ၎င်းတို့၏ဆယ်စုနှစ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မာမိသားစုအား ကြီးမားသောအာဏာကို စုစည်းနိုင်စေခဲ့သည်။ အသစ်စတင်တည်ထောင်သည့် အဓိကမိသားစုများပင်လျှင် ၎င်းတို့နှင့် ထျန်းကျင်းရှိ မာမိသားစုအကြား ကွာဟချက်ကို ကျဉ်းရန် ခက်ခဲသည်။

မာမိသားစု၏စံအိမ်သည် ဧက၁၀၀ကျယ်ဝန်းပြီး တောင်ခြေ၏မြောက်ဘက်ပိုင်းကို မျက်နှာမူထားကာ ထူးခြားသော ကြမ်းခင်းများ ခင်းကျင်းထားသည်။ ထို့ကြောင့် စံအိမ်သည် မြောက်ဘက်သို့ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ မြောက်ဘက်တွင် နေထိုင်သူ အဖွဲ့ဝင်များ များလေလေ၊ ၎င်းတို့တွင် ရှိသော အခွင့်အရေးများ များလေလေနှင့် ပင်မမျိုးနွယ်စုမှ ပိုင်ဆိုင်တာ များလေလေ ဖြစ်သည်။

အဟွတ် … အဟွတ် …

မာမိသားစု၏မြောက်ဘက်စွန်းအလယ်ဗဟို ရှေးဟောင်းအိမ်အပေါ်ဆုံးထပ်တစ်ခုအတွင်းတွင် အဆက်မပြတ် ချောင်းဆိုးသံကို ကြားနေရသည်။ မာမိသားစု၏ပင်မအဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသည် အခန်းအပြင်ဘက်တွင် စုရုံးနေကြပြီး စိုးရိမ်ပူပန်နေသော အမူအရာများဖြင့် ပိတ်ထားသောတံခါးအား စိုက်ကြည့်နေကြသည်။

ကျွီ …

အတွင်းမှ အခန်းတံခါးကို ဖွင့်လာပြီး မီးခိုးရောင်ကုတ်အင်္ကျီရှည်နှင့် ဆံဖြူအဘိုးအိုသည် ဆရာဝန်များစွာနှင့်အတူ ထွက်လာသည်။  ထိုဆရာဝန်များထဲမှ တစ်ဦးသည် အနောက်တိုင်း ဆေးပညာရပ်တွင် အောင်မြင်မှုများစွာ ရထားပြီး ထျန်းကျင်းတွင် ကျော်ကြားသော နှလုံးအထူးကု ဆရာဝန်တစ်ဦး ဖြစ်သည်။ ကျန်နှစ်ဦးမှာလည်း တရုတ်တိုင်းရင်းဆေးသမားတော်များအကြား မြင့်မားသော အရည်အချင်း ရှိသည်ဟု လူသိများသောသူများ ဖြစ်ကြသည်။

သို့သော် ယခုအချိန်တွင် ဆံပင်ဖြူအဘိုးအို သို့မဟုတ် အခြားဆရာဝန်ငါးဦးလုံးသည် လေးနက်သော အမူအရာများဖြင့် ရှိနေကြရာ အပြင်တွင် စောင့်ဆိုင်းနေကြသောသူတို့သည် ထိုသူတို့၏ လေးနက်သော အမူအရာများကို မြင်လိုက်ရချိန်တွင် နှလုံးသားအတွင်း၌ ဆိုးရွားသော နိမိတ်တစ်ခုကို ခံစားလာရလေ၏။

"ဒုတိယဦးလေး … သမားတော် … ကျွန်တော့်အဖေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။"

မာမိသားစုခေါင်းဆောင် မာကျန်းဖုန်းက အလျင်စလို မေးလိုက်သည်။

ဆံပင်ဖြူအဘိုးအိုက ခေါင်းယမ်းပြီး

"သူက အရမ်းဆိုးရွားတဲ့ အခြေအနေမှာ ရှိနေတယ်။ သူ့ကို ရှန်ဟိုင်း ဒါမှမဟုတ် ပေကျင်းလို မြို့ကြီးကို ပို့မယ်ဆိုရင်တောင် ဒီလို ဘေးဆိုးကနေ ဘယ်သူမှ သူ့ကို မကယ်နိုင်မှာစိုးရတယ်။”

မာကျန်းဖုန်း၏နှလုံးသား တုန်ယင်သွားပြီး တစ်ခုခု ဆက်ပြောမည်ဟန်ပြင်လိုက်သော်လည်း ဆရာဝန်ငါးဦး၏အမူအရာကို မြင်သောအခါတွင် သူ့စကားကို ပြန်မျိုချလိုက်သည်။

"ငါ အဲ့ဒီအတွက် စိတ်မကောင်းပါဘူး။ ငါတို့ အရင် ထွက်သွားတော့မယ်။"

ကုတ်အင်္ကျီဖြူဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သက်ပြင်းချပြီး အပြင်ကို ထွက်သွားသည်။ ကျန်လူများကလည်း သူ့နောက်ကို လိုက်ဖို့ တုံ့ဆိုင်းမနေဘဲ အမြန်ထွက်သွားကြသည်။ သို့သော် ထိုသူများထဲမှ အလွန်ရိုးရှင်းသော အဝတ်အစားကို ဝတ်ထားသည့် အသက် ၄၀အရွယ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခြေလှမ်းခုနစ်လှမ်း လှမ်းပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။ ထိုသူသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ရပြီး မာကျန်းဖုန်းနှင့် အခြားသူများ ရှေ့သို့ ပြန်လှည့်လာကာ အသက်ပြင်းပြင်းရှူလိုက်ရင်း

"ကျန်းဖုန်း … ငါတို့က သူငယ်ချင်းတွေမို့ ငါ မင်းကို အကြံတစ်ခုလောက် ပေးလိုက်မယ်။ မင်းအတွက် အသုံးဝင်မယ်လို့ ၁၀၀% အာမခံချက်တော့ မပေးရဲဘူး။ ဒါပေမယ့် တချို့လူတွေက ကူညီချင်စိတ် ရှိနေသရွေ့တော့ အခွင့်အရေးကောင်းတွေ ရှိနေတုန်းပါပဲ။”

"သေချာတဲ့လူတွေလား။"

မာကျန်းဖုန်း ကမန်းကတန်း မေးလိုက်သည်။

“ပြီးတော့ သူတို့က…”

“ငါက တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ယောက် ဖြစ်တော့ ဒီနယ်ပယ်မှာ အများကြီးသိပါတယ်။” လူလတ်ပိုင်းအမျိုးသားက ရှင်းပြသည်။

“မင်းအဖေက ရောဂါကျွမ်းနေလို့ ငါတို့ ဘာလုပ်ရမယ်မှန်း မသိတော့ဘူး။ ငါတို့အသိုင်းအဝိုင်းထဲမှာ လူတချို့ရှိတယ်။ အတိအကျ ပြောရရင်တော့ အဲ့ဒီလူတွေက နတ်ဆေးသမားတော်အဖြစ် ကျော်ကြားကြတယ်။ ဒီလိုလူသုံးယောက်ကို ငါသိတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ အစအနပျောက်နေတဲ့ နတ်ဆေးသမားတော်လန်ကလွဲပြီး ကျန်တစ်ဦးကတော့ တစ်နေရာကနေ တစ်နေရာကို သွားလာနေတတ်လို့ ဘယ်နေရာမှာ ရှိမှန်း မသေချာတဲ့ နတ်ဆေးသမားတော် ကွေ့ကျန်းချိုး။ နောက်တစ်ယောက်ကတော့ ထန်ရှုလို့ ခေါ်တဲ့ နတ်ဆေးသမားတော်လေး။ ဒီတလောနှစ်တွေထဲ သူက ကျော်ကြားလာခဲ့တာလေ။ သူသာ ကူညီချင်စိတ် ရှိရင် မင်းအဖေ နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်နိုင်တယ်။”

"ငါ သူတို့ကို ဘယ်လိုရှာရမလဲ။"

မာကျန်းဖုန်းက အမြန်မေးလိုက်သည်။

“နတ်ဆေးသမားတော် ကွေ့ကျန်းချန်း ဘယ်မှာရှိမှန်း မသေချာဘူး။”

လူလတ်ပိုင်းအရွယ် အမျိုးသားက ဆိုသည်။

“ဒါပေမယ့် နတ်ဆေးသမားတော် ထန်ရှုကိုတော့ ငါ သိတယ်။ သူက ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံက သမားတော်တစ်ဦးဆိုပေမယ့် အခုချိန် အဲ့ဒီမယ် တာဝန်ထမ်းဆောင်နေတာ ရှားတယ်။ ငါ ကျိန်းသေ မပြောနိုင်ပေမယ့် သူက ရှန်ဟိုင်းတက္ကသိုလ်မှာ ပညာသင်ကြားနေလို့တော့ ကောလဟာလ ရှိပါတယ်။ မင်းတို့မာမိသားစုက ကျယ်ပြန့်တဲ့ ဆက်သွယ်ရေး ကွန်ရက် ရှိတာပဲ။ မင်းကိုယ်တိုင် စစ်ကြည့်ပါလား။"

"အဲ့ဒါကို စစ်ဖို့ ငါ လူတွေကို ချက်ချင်း လွှတ်လိုက်မယ်" မာကျန်းဖုန်းက တွေဝခြေင်းမရှိဘဲ ပြောလိုက်သည်။ "အဖေ့အတွက် ဈေးဘယ်လောက်ပဲ ပေးရပေးရ ပေးချင်တယ်"

ဆံပင်ဖြူအဘိုးအိုက ခေါင်းတညိတ်ညိတ်ဖြင့် “မှန်တယ်။ ငါတို့မာမိသားစုရဲ့ပိုင်ဆိုင်မှု ဘီလီယံချီပြီး သုံးစွဲရရင်တောင် ငါ့အစ်ကိုကြီးကို ကုဖို့ ငါ လုပ်မယ်။"

ထိုအချိန်တွင် ခရီးကြမ်းမောင်းကားတစ်စီးသည် အတွင်းဘက်သို့ တရကြမ်းမောင်းဝင်လာပြီး ဘရိတ်အုပ်သံနှင့်အတူ ကားတံခါးပွင့်လာသည်။ မာရှောင်ရုန်သည် နှာခေါင်းသွေးလျှံကာ ဖူးရောင်နေသော မျက်နှာဖြင့် ယာဉ်မောင်းထိုင်ခုံမှ ခုန်ဆင်းလိုက်ပြီး အော်ပြောလိုက်သည်။

“ဟေး … ငါတို့အိမ်မှာ ဆရာဝန်တွေ ရှိတယ်လို့ကြားတယ်။ သူတို့က ဘယ်နေရာမှာလဲ။ ဒီကို မြန်မြန်လာပြီး ငါ့ကို ကုပေး။"

မာမိသားစု၏ဆယ်ချီသော ပင်မအဖွဲ့ဝင်များနှင့် ခေတ္တကျန်နေခဲ့သော လူလတ်ပိုင်း တရုတ်တိုင်းရင်းဆေးသမားတော်သည် အံ့အားသင့်နေကြသည်။ မာရှောင်ရုန်၏ သွင်ပြင်သည် ယခုအခိုက်အတန့်တွင် အလွန်ဆိုးရွားနေပုံရပြီး သူ၏အဝတ်အစားပေါ်တွင် ခြေရာများနှင့် မျက်နှာပေါ်တွင်လည်း ဒဏ်ရာများစွာ ရရှိထားသည်။

ဤအခိုက်အတန့်တွင် ဆိုးဆိုးရွားရွား ဖြစ်နေသော သားဖြစ်သူ၏အသွင်အပြင်ကိုမြင်ရသောအခါ မာကျန်းဖုန်းက ဒေါသတကြီး အော်ပြောလိုက်သည်။ "မင်း ဘာဖြစ်လာတာလဲ။ ဒီအချိန်ကြီး မင်း ဘယ်နေရာမိုက်မဲနေတာလဲ။"

မာရှောင်ရုန်သည် မည်သည့်အရာကိုမှ မကြောက်တတ်သော်လည်း သူ့အဖေကိုတော့ လွန်စွာ ကြောက်ပေသည်။ ဆူငေါက်သံကို ကြားလိုက်ရသဖြင့် ချက်ခြင်းပင် ကားဆီသို့ ပြန်လှည့်ပြေးတော့သည်။

"ရပ်လိုက်စမ်း။" မာကျန်းဖုန်းက အော်လိုက်သည်။

သူ့မျက်နှာထက်တွင် ကြောက်ရွံ့နေသော အကြည့်တို့ဖြင့် မာရှောင်ရုန်က သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး

"အဖေ … ကျွန်တော် ဒဏ်ရာရလာတယ်။ ဒါ … ဒါကြောင့် ကျွန်တော့်ကို မရိုက်နဲ့နော်။ ကျွန်တော့်နှာခေါင်းနဲ့ ပါးစပ်ကို ကြည့်ပါဦး။ ကြယ်တာရာက အဲ့ဒီလုံကျန့်လင်းနဲ့ သူ့သူငယ်ချင်း ထန်ရှုက ကျွန်တော့်ကို ဒီလို လုပ်ပစ်လိုက်တယ်။ တတိယအစ်ကို … မင်းက ဒီရောက်နေတာလား။ မင်း ငါ့ဖုန်းကို ဘာလို့ မကိုင်တာလဲ။ သွားရအောင် … ငါ့ကို ကူပြီး လက်စားချေပေး။"

မာကျန်းဖုန်း၏မျက်နှာ လုံးဝ မည်းမှောင်သွားသကဲ့သို့ မာမိသားစု၏လူအုပ်ထဲရှိ မာဝေ့ခန်းသည် လည်ပင်းကို ချိုးကာ အညောင်းဖြေလိုက်ရင်း မာရှောင်ရုန်ကို ဒေါသတကြီး စိုက်ကြည့်နေမိသည်။

သည်ကောင်ကွာ … သူ လက်စားချေချင်ရင်တောင်မှ မိသားစုဝင်တွေ အများကြီးရှေ့မှာ ဘာလို့ ဒီလောက် ကျယ်ကျယ် အော်ပြောနေရတာလဲ။

All Chapters