၃မိနစ်အချိန်ပေးမယ်။ တိုက်ပွဲကို မြန်မြန်အဆုံးသတ်
Vol. 71 Ch. 1401
ယဲ့ဖန်သည် ဟော်ထုန်းကွမ်း၏ နားနေသည့် ဧရိယာကို မြင်နေရပြီးဖြစ်သည်။
ဤလူ၏ အနောက်မှ မနီးမဝေးအခန်းထဲ၌ ဖြစ်သည်။
" မင်္ဂလာပါ၊ ကျွန်တော်က မန်နေဂျာဟော်နဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ "
ယဲ့ဖန်သည် ထိုလူကို ပြုံးလိုက်နှုတ်ဆက်ပြီး ဖြတ်သွားတော့မည် ဖြစ်သည်။
" ရပ်စမ်း။ မင်းကို ဘယ်သူက ဝင်ခွင့်ပေးလိုက်လို့လဲ "
ထိုလူသည် ဒေါသတကြီး အော်လိုက်ပြီး သူတို့နှစ်ယောက်အား ပိတ်ရပ်ရန် လက်လှမ်းလိုက်သည်။
" ဖယ်စမ်း "
ယဲ့ဖန်သည် စကားပြောရမည်ကို ပျင်းသဖြင့် တစ်ခါတည်း တွန်းထုတ်လိုက်တော့သည်။
" ခွေးမသား၊ မင်းက ပြဿနာရှာနေတာလား "
ထိုလူသည် ယဲ့ဖန်၏ အပြုအမူကြောင့် ဒေါသူပုန်ထသွားကာ ထိုးလေသည်။
ယဲ့ဖန်သည် ဘေးသို့ တိမ်းရှောင်လိုက်ကာ ထိုလူ၏ လက်ကောက်ဝတ်ကို ဆွဲပြီးလိမ်၍ ကျောနောက်သို့ လက်ပစ်ကာ တင်ပါးကို ကန်ကျောက်လိုက်သည်။
" ဒီမှာ .... ဒီမှာ လူတစ်ယောက် ပြဿနာရှာနေတယ် ..... "
ထိုလူသည် မြေပြင်ပေါ်မှ ပြန်၍ ကုန်းထကာ အဆုတ်ကွဲမတတ် အော်တော့သည်။
ဘန်း
နားနေခန်း၏တံခါးသည် ပွင့်ထွက်လာပြီး တတ်ဖြင့်လူ ၇ယောက်၊ ၈ယောက် ပြေးထွက်လာတော့သည်။
သူတို့ တစ်ဦးချင်းစီတိုင်းသည် လက်ထဲ၌ တုတ်များကို ကိုင်ထားသည်။
" ငါတို့နေရာမှာ ပြဿနာလာရှာရဲတာလား။ အသက်ရှင်ရတာ ပင်ပန်းနေပြီ ထင်တယ် "
ထိုလူအုပ်စုသည် ယဲ့ဖန်တို့စီသို့ ပြေးလာသည်။
" သုံးမိနစ်ရမယ်။ ဒီဟာကို မြန်မြန်အဆုံးသတ်ရအောင် "
ယဲ့ဖန်နှင့် ဖန်းကျန်းဝူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီးနောက် စတင်တိုက်ခိုက်တော့သည်။
ဤလူရမ်းကားများသည် သာမန်လူများအနက် ကြမ်းတမ်းသန်မာသူများဖြစ်သော်လည်း ယဲ့ဖန်တို့နှစ်ဦးအရှေ့၌ တိုက်ကွက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိပေ။
ဘန်း
ဘန်း
ဘန်း
နှစ်ဖက် ထိပ်တိုက်တွေ့လာသည့်အခါ တစ်ဖက်မှ အထိနာသည့် အခြေအနေဖြစ်လာသည်။
ထိုလူရမ်းကားများသည် နောက်ဆုတ်ရန် ဖိအားပေးခံရကာ ဆူညံနေ၍ လမ်းကြားထဲ၌ နမ်းရှုတ်နေကြသော အတွဲများပင် အလန့်တကြား ပြေးသွားကြသည်။
နှစ်ဖက်တိုက်ခိုက်နေရာမှ အပြင်ဘက်ထိ ပြန်ရောက်လာရာ ကခုန်နေကြသော ဖောက်သည်များပင် ကြောက်ကုန်သည်။
ထိုမြင်ကွင်းကို အားလုံးမှ ခြောက်ခြားစွာ ကြည့်နေသည်။
ယဲ့ဖန်သာမက ဖန်းကျန်းဝူသည် သန်မာသည့်ပုံစံအသွင်အပြင် မရှိပေ။
သူတို့နှစ်ဦးမှ လူသန်ကြီး ၇ယောက်၊ ၈ယောက်ကို တိုက်ခိုက်နေသည်မှာ ယုံကြည်ရန် ခက်ခဲလေသည်။
ထိုလူများမှာ အလွန်ပင် သနားစရာကောင်းစွာ ရိုက်နှက်ခံနေရသည်။
ဘန်း
ယဲ့ဖန်သည် နောက်ဆုံးရပ်နေသည့် လူသန်ကြီးအား ကန်လိုက်သည်။
အားလုံးကို အပြတ်ရှင်းပြီးနောက် အမူအရာပြောင်းလဲခြင်းမရှိဘဲ ဖန်းကျန်းဝူကို လက်ပြပြီးနောက် နားနေသည့်နေရာသို့ လမ်းလျှောက်သွားသည်။
ထိုဖြစ်စဉ်တစ်ခုလုံးမှာ သုံးမိနစ်မျှသာ ကြာမြင့်လိုက်သည်။
ယဲ့ဖန်တို့သည် အဝေးသို့ လျှောက်သွားကြပြီဖြစ်သော်လည်း လူအများမှ အံ့အားသင့်လျက် ဆွေးနွေးနေသည်များကို ကြားနေရဆဲဖြစ်သည်။
အုန်း
ယဲ့ဖန်တို့နှစ်ဦးသည် မန်နေဂျာရုံးခန်းသို့ အလျင်အမြန် ရောက်ရှိလာပြီး ဖန်းကျန်းဝူမှ တံခါးကို ဆောင့်ကန်၍ ဖွင့်လိုက်သည်။
ရုံးခန်းသည် အလွန်ကျယ်ဝန်းလေသည်။
ရုံးသုံးပစ္စည်းများအပြင် အခန်းအတွင်း၌ အိပ်ရာတစ်ခုလည်း ရှိသည်။
ဟော်ထုန်းကွမ်း အနားယူရန် သုံးခြင်း ဖြစ်နိုင်သည်။
သို့သော် လက်ရှိအချိန် ကုတင်ပေါ်၌ လဲလျောင်းနေသောသူမှာ ဟော်ထုန်းကွမ်း မဟုတ်ချေ။
အမျိုးသမီးတစ်ဦး ဖြစ်နေလေသည်။
" နင့်ကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ။ ထွက်သွားစမ်း "
ထိုအမျိုးသမီးသည် ခန္ဓာကိုယ်ကို စောင်ဖြင့် ပတ်ဖုံးထားပြီး သူမ၏ ပုခုံးများသာ ပေါ်နေသည်။
သူမလက်ထဲ၌ စီးကရက်တစ်လိပ် ရှိသည်။
ယဲ့ဖန်နှင့် ဖန်းကျန်းဝူကို ထိုအမျိုးသမီးမှ မြင်လိုက်သောအခါ သူမသည် ထိတ်လန့်ခြင်းမရှိဘဲ ဒေါသသာထွက်နေသည်။
ထို့အပြင် ယဲ့ဖန်သည် သူမဒေါသထွက်နေပုံမှာ ဟန်လုပ်နေကြောင်းကို ပြောနိုင်သည်။
ဘေးနားက စားပွဲပေါ်၌ ဝိုင်ခွက်အလွတ် နှစ်ခွက်ရှိနေကာ အခန်းထဲ၌ အရက်နံ့များ ပြည့်နှက်နေသည်။
ကုတင်ဘေး၌ အသုံးပြုထားသော ကွန်ဒုံးတစ်ဘူးလည်း ရှိသည်။
အတွေ့အကြုံ ရှိသူတိုင်း ဖြစ်ပျက်ခဲ့သည်များကို ခန့်မှန်းသိနိုင်သည်။
ဖန်းကျန်းဝူ၏ လှပသော မျက်နှာလေးသည် နီရဲသွားပြီးနောက် နံရံဘက်သို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။
ယဲ့ဖန်သည် ကုတင်နားသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ထိုအမျိုးသမီးကို စိုက်ကြည့်သည်။
" ဟော်ထုန်းကွမ်း၊ ဘယ်မှာလဲ "
" ဟော်ထုန်းကွမ်းက ဘယ်သူလဲ။ ငါ သူ့ကို မသိဘူး "
ထိုအမျိုးသမီးသည် ငြင်းဆိုနေသော်လည်း သူမ၏ အကြည့်များကို အနည်းငယ် ရှောင်တိမ်းနေခဲ့သည်။
" ငါ့ရဲ့ စိတ်ရှည်သည်းခံမှုက အကန့်အသတ်ရှိတယ်။ မင်း ရိုးရိုးသားသားဖြေတာ ပိုကောင်းမယ်။ မဟုတ်ရင် ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့ "
ယဲ့ဖန်၏ လေသံမှာ တင်းမာလာသည်။
" ငါ့ကို ခြောက်ဖို့ကြိုးစားနေတာလား။ ငါက တကယ် ကြောက်သွားမယ်ရော ထင်နေလား။ နင့်မှာ သတ္တိရှိရင် ငါ့ကို ထိလိုက်လေ "
ထိုအမျိုးသမီးသည် စီးကရက်ဘူးကို မြေပြင်ပေါ်သို့ ပစ်ချပြီးနောက် စောင်ကို ဖယ်ကာ အိပ်ယာမှ ထသွားခဲ့သည်။
သူမသည် ကိုယ်လုံးတီးဖြစ်နေသည်။
ယဲ့ဖန်သည် ထိုအမျိုးသမီးသည် ဤမျှအရှက်ကင်းမဲ့ကာ ရဲတင်းရန် မမျှော်လင့်ထားသောကြောင့် ချက်ချင်းပင် သူ့အကြည့်ကို လွှဲလိုက်သည်။
" ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါ "
ထိုအမျိုးသမီးသည် အရှက်မဲ့ရုံသာမကဘဲ သူမသည် ကံကို စမ်းသပ်နေကာ ယဲ့ဖန်ကို စိန်ခေါ်နေခဲ့သည်။
" ကိုယ့်ကိုယ်ကိုယ် လေးစားရမှာလား။ ငါ့အခန်းထဲကို ဝင်လာတာက ဘယ်သူမလို့လဲ။ ဘယ်သူက လေးစားမှု မရှိတာလဲ ငါ့ကို ပြောစမ်းပါဦး "
ဖန်းကျန်းဝူသည် ထိုမြင်ကွင်းကို မြင်သောအခါ မတတ်နိုင်ဘဲ သူမ ကျိန်ဆဲလိုက်မိသည်။
" အရှက်မရှိလိုက်တာ "
ယဲ့ဖန်သည် ထိုအမျိုးသမီးကြောင့် ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်သည်။
" ဟော်ထုန်းကွမ်းရဲ့ နေရာကို ပြောပြတာနဲ့ ငါတို့ ချက်ချင်း ထွက်သွားပေးမယ် "
" နင်က ဟော်ထုန်းကွမ်း ဘယ်မှာလဲဆိုတာ သိချင်နေတာ ဟုတ်တယ်မလား။ ကောင်းပြီ၊ ငါပြောပြမယ် ...... "
ထိုအမျိုးသမီးသည် ယဲ့ဖန်အား တိုးညှင်းစွာ ပြောမည့်ပုံစံဖြင့် အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
သို့သော် သူမသည် ယဲ့ဖန်နှင့် နီးကပ်လာသည်နှင့် စားပွဲပေါ်ရှိ သစ်သီးပန်းကန်ထဲမှ သစ်သီးလှီးဓားတစ်ချောင်းကို ရုတ်တရတ်ဆွဲယူလိုက်ပြီး ယဲ့ဖန်ကို ဓားဖြင့်ထိုးလိုက်သည်။
ယဲ့ဖန်သည် သတိမကပ်ထားသော်လည်း သူ၏ တုံ့ပြန်နိုင်မှုအရှိန်သည် အလွန်မြန်ဆန်နေသေးသည်။
သစ်သီးလှီးဓားသည် ယဲ့ဖန်၏ လည်ချောင်းမှ ဆယ်စင်တီမီတာအကွာ ရောက်လာသောအခါ အမျိုးသမီး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက် သူမ၏ဗိုက်ကို ကန်လိုက်သည်။
ထိုအမျိုးသမီးသည် လွင့်ပျံသွားပြီး နံရံကို ပြင်းထန်စွာ ရိုက်မိသွားသညါ။
သူမ ပြန်မထလာနိုင်ခင်၌ ဖန်းကျန်းဝူသည် အမြန်ပြေးသွားပြီး ထိုအမျိုးသမီးအား ဖိထားကာ သူမ၏မျက်နှာကို နှစ်ကြိမ်ထိုးလိုက်သည်။
သူမ၏အကြံအစည် ပျက်သွားသည်ကို မြင်လိုက်ရသဖြင့် ထိုအမျိုးသမီးသည် ချက်ချင်းပင် အဆုတ်ကွဲမတတ် အော်ဟစ်တော့သည်။
" ဒီမှာ လူတစ်ယောက် ကျွန်မကို မုဒိမ်းကျင့်နေပါတယ်။ တစ်ယောက်ယောက် မြန်မြန် လာကယ်ကြပါ "
ယဲ့ဖန်သည် ဖြည်းညှင်းစွာ လျှောက်လာပြီး မြေပြင်မှ သစ်သီးလှီးဓားကို ကောက်လေသည်။
" အော်နေစရာ မလိုဘူး။ မင်းရဲ့လူတွေကို ရှင်းထားပြီးပြီ။ မင်းကို ကယ်ဖို့ ဘယ်သူမှ လာနိုင်မှာ မဟုတ်ဘူး။ ငါ မင်းကို နောက်ဆုံး တစ်ကြိမ်မေးမယ်။ ဟော်ထုန်းကွမ်း ဘယ်မှာလဲ "
ထိုအမျိုးသမီးသည် ယဲ့ဖန်ကို စူးရဲစွာ စိုက်ကြည့်နေသော်လည်း စကားပြောရန် ရည်ရွယ်ချက် ရှိပုံမရပေ။
ယဲ့ဖန် ထိုင်ချလိုက်ပြီး သူ့လက်ကို မြှောက်လိုက်ရာ သစ်သီးဓားသည် ထိုအမျိုးသမီး၏ပေါင်ကို ထိုးဖောက်သွားသည် ။
" အား ....... "
ထိုအမျိုးသမီးသည် ကျယ်လောင်စွာအော်လိုက်သည်။
ယဲ့ဖန်အား ကြည့်နေသော သူမ၏အကြည့်များသည် ကြောက်ရွံ့မှုများအပြည့် ဖြစ်နေသည်။
သူမသည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် တစ်ဖက်သူသည် လျော့ပေါ့စွာ ဆက်ဆံလိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် ဤလူငယ်မှာ ဤမျှထိရက်စက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
ယဲ့ဖန်သည် သစ်သီးလှီးဓားကို ဆွဲထုတ်လိုက်ရာ ထိုအမျိုးသမီးသည် နာကျင်စွာဖြင့် ထပ်မံအော်ဟစ်လိုက်ပြန်သည်။
" ငါ့ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်လို့ ပြောထားပြီးသားပဲ။ မင်းက မိန်းကလေးဖြစ်နေလို့ သနားပေးမယ်လို့ မထင်နဲ့ "
" ငါ ..... ငါပြောပါ့မယ် ...... "
ထိုအမျိုးသမီး၏မျက်နှာမှာ ဖြူဖျော့နေပြီး တစ်ဖက်သား၏ စိတ်ကို စိန်ခေါ်ရဲခြင်း မရှိတော့ပေ။
" ဟော်ထုန်းကွမ်းက အခုလေးတင် ဖုန်းဆက်နေပေမယ့် ဘယ်သူမှ မကိုင်ပါဘူး။ ပြီးတော့ ...... သူက အဝတ်အစားတွေ ကောက်ဝတ်ပြီး အထိတ်တလန့်နဲ့ ထွက်သွားတာပါ ..... "
" ဘယ်သူ့ကို ဖုန်းခေါ်တာလဲ "
ယဲ့ဖန် မေးသည်။
" မသိပါဘူး .... သူက အမြန်ထွက်သွားပြီးတော့ မရှင်းပြခဲ့ဘူး ...... "
" ဘယ်တုန်းက ထွက်သွားတာလဲ "
" နင်တို့မရောက်ခင် ဆယ်မိနစ်လောက်အလိုကပါ ..... "
ထိုအမျိုးသမီး၏ အသံသည် တုန်ရီနေသည်။
နာကျင်မှုကြောင့် သို့မဟုတ် ကြောက်စိတ်ကြောင့်လား မသိပေ။
သူမ လိမ်နေသည့်ပုံစံမပေါ်သည်ကို မြင်လိုက်ရပြီးနောက် ယဲ့ဖန် သူမကို လွှတ်ပေးလိုက်သည်။
ယဲ့ဖန်သည် မတ်တပ်ထရပ်ပြီး ခဏ စဉ်းစားကာ သူ့ဖုန်းကို ထုတ်လိုက်သည်။ ထို့နောက် ယုဖန်းရှန်းကို ထပ်မံ ဖုန်းခေါ်လိုက်သည်။
ဤတစ်ခါ တစ်ဖက်မှ မဆိုင်းမတွ ဖုန်းကိုင်လေသည်၊
" အခုကရော ဘာကိစ္စရှိလို့လဲ "
" ကျွန်တော် အခု ဟော်ထုန်းကွမ်းရဲ့ ဘားမှာပါ ..... "
ယဲ့ဖန်သည် အခြေအနေကို အတိုချုပ် ရှင်းပြသည်။
" အခု ခင်ဗျားရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တယ် "
" ငါက ဘာလို့ နင်နဲ့ ပူးပေါင်းရမှာလဲ "
ယုဖန်းရှန်း၏ အသံသည် ခံစားချက်ကင်းမဲ့သော စက်တစ်ခုကဲ့သို့ အလွန်တည်ငြိမ်သည်။
" နိုင်အားကို ဇာမဏီသုံးကောင်မှာ သူလျှိုအဖြစ်နေဖို့ အမိန့်ပေးခံထားရတယ်။ သူ့ကို သတ်ဖို့လာတဲ့သူကို ဟော်ထုန်းကွမ်းက လွှတ်လိုက်တာပဲ။ ကျွန်တော့်ကို ကူညီတာက ခင်ဗျားကိုယ်ကျိုးအတွက် ကူညီနေတာ "
ယဲ့ဖန်သည် အားသာချက် အားနည်းချက်များကို ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။
******