ဘယ်လို အရူးလဲ
Vol. 71 Ch. 1402
ယုဖန်းရှန်းသည် ခဏတာ ငြိမ်သက်သွားပြီးနောက် စကားပြန်ပြောသည်။
" ဘယ်လို ပူးပေါင်းစေချင်တာလဲ "
" ဟော်ထုန်းကွမ်းကို ရှာဖို့ ခင်ဗျားရဲ့လူတွေကို လေဆိပ်၊ ဘူတာရုံနဲ့ အဝေးပြေးလမ်းဆုံတွေဆီ ချက်ချင်း ပို့လိုက်ပါ။ သတင်းတစ်ခုခုရှိရင် ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားပေး "
" ကောင်းပြီ "
ယုဖန်းရှန်းသည် အတော်ပင် တည့်တိုးဆန်သည်။
ကောင်းကျိုးဆိုးကျိုးများကို စဉ်းစားပြီးနောက် သူမ သဘောတူလိုက်သည်။
ယဲ့ဖန်သည် ဖုန်းချလိုက်ပြီးနောက် ဖန်းကျန်းဝူကို လက်ဝှေ့ယမ်းပြသည်။
" သွားကြရအောင် "
" ဒါဆို သူမကရော ...... နှုတ်ပိတ်ပေးရမလား "
ဖန်းကျန်းဝူသည် မြေပြင်ပေါ်ရှိ အမျိုးသမီးကို ညွှန်ပြသည်။
ယဲ့ဖန်အား တောင်းပန်သည့်အမူအရာဖြင့် ကြည့်နေသော ထိုအမျိုးသမီး၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။
" ထားလိုက်ပါ။ အပြစ်မဲ့သူတွေကို နာကျင်အောင်လုပ်ဖို့ မလိုဘူး "
ယဲ့ဖန်သည် ထိုအမျိုးသမီး၏ ကိုယ်လုံးတီးခန္ဓာကိုယ်ကို ကြည့်ပြီးနောက် တွန့်ဆုတ်စွာဖြင့် အခန်းထဲမှ ထွက်သွားသည်။
ယဲ့ဖန်တို့နှစ်ဦး ဘားထဲမှ ထွက်လာသောအခါ ယဲ့ဖန်သည် ဖန်းကျန်းဝူမှာ မပျော်မရွှင်ဖြစ်နေကြောင်း သတိပြုမိသည်။
" ဘာဖြစ်တာလဲ။ မင်းကို ဘယ်သူက ပြဿနာရှာတာလဲ "
ယဲ့ဖန် စိုးထိတ်နေ၍ ပြုံးလျက် မေးလိုက်သည်။
" ဟွန်း၊ ယောက်ျားတွေ တစ်ယောက်မှ ကောင်းတာမရှိဘူး "
ဖန်းကျန်းဝူသည် အမျိုးသမီးတစ်ယောက်၏ ဂန္ထဝင်စကားတစ်ခွန်းကို ပြောသည်။
ယဲ့ဖန်သည် သူမစကားကို သဘောကျသွားသည်။
" ကိုယ် အဲ့ဒီမိန်းမကို မသတ်ဘူးလေ။ အဲ့တာက လူကောင်းစရိုက်ပဲ မဟုတ်ဘူးလား။ သူမကို သတ်လိုက်တာက ကောင်းတာလား "
" ကျန်းဝူ အဲ့တာကို ပြောနေတာ မဟုတ်ဘူး ..... ဒါပေမယ့် ခုနက သခင် သူမကို ခဏခဏကြည့်နေတာက တော်တော်လေး ဘဝင်ကျနေတဲ့ပုံပဲ "
ဖန်းကျန်းဝူသည် သူမ၏ ပါးပြင်များ ဖောင်းလာသည်အထိ ပြောဆိုနေကာ ဒေါသတကြီး စိုက်ကြည့်နေသည်။
ယဲ့ဖန် အနည်းငယ် လန့်သွားသလို ခံစားလိုက်ရသည်။
" တကယ်လား "
" ဟုတ်တယ်၊ ကျန်းဝူ မြင်လိုက်တယ် "
" ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား။ သူမက အဝတ်မဝတ်ထားဘူးလေ။ သူမနဲ့ စကားပြောမယ်ဆိုရင် ကိုယ့်မျက်လုံးတွေက သူမကို မလွှဲမရှောင်သာ ကြည့်မိမှာပဲ ..... "
" ဟွန်း၊ ရှင်းပြချက်ပေးတာက အကြောင်းပြချက်ပေးတာပဲ "
" ကောင်းပြီ၊ ဒါဆို ကိုယ် ပေါ်တင်ပြောမယ်။ ကိုယ် သူမကို ကြည့်ခဲ့တယ်။ အဲ့တာ ဘာဖြစ်လဲ "
" နောက်ဆုံးတော့ ဝန်ခံပြီလား။ သခင်က နှာဘူးပဲ "
" နှာဘူးမဟုတ်ရင် ယောက်ျား ဟုတ်သေးရဲ့လား။ ကိုယ်တို့ နှစ်ယောက်တည်း နှာဘူးရင် မင်းလည်း ပျော်နေတာပဲ မဟုတ်လား "
" သခင် ..… သခင် အရှက်ကိုမရှိဘူး "
ဇာမဏီသုံးကောင်အဖွဲ့အစည်းသည် အမှန်တကယ်ပင် ကျန်းကောပြည်နယ်ရှိ ဒုတိယအကြီးဆုံးအဖွဲ့အစည်းကြီး ပီသလေသည်။
သူတို့၏ စွမ်းဆောင်ရည်မှာ အံ့သြစရာကောင်းလောက်အောင် မြင့်မားသည်။
ယဲ့ဖန်သည် နာရီဝက်မျှသာ ကြာပြီးနောက် ယုဖန်းရှန်းထံမှာ စာတစ်စောင် လက်ခံရရှိခဲ့သည်။
ဟော်ထုန်းကွမ်းသည် လက်ရှိ အနက်ရောင် Audiကားကို မောင်းနှင်နေပြီး အိမ်နီးချင်း ဒုံးကျယ်ပြည်နယ်ဆီသို့ ထွက်ပြေးသွားခဲ့သည်။
ဇာမဏီသုံးကောင်အဖွဲ့အစည်းသည် သူ့အနောက်သို့ လိုက်ရန် ကားငါးစီး လွှတ်ထားပြီးဖြစ်သော်လည်း ကားလေးစီးမှာ နောက်တွင် ကျန်ရစ်နေခဲ့သည်။
ကားတစ်စီးကသာ အနောက်သို့ ဆက်လိုက်ရန် ရုန်းကန်နေရဆဲဖြစ်သည်။
ယဲ့ဖန်သည် ထိုသတင်းကို ရရှိပြီးနောက် ဖန်းကျန်းဝူကို ကားထဲသို့ ချက်ချင်းခေါ်ဆောင်ကာ ဒုံးကျယ်ပြည်နယ်ဆီသို့သွားသော အဝေးပြေးလမ်းဆီသို့ ဦးတည်သွားခဲ့သည်။
လက်ရှိအချိန်သည် ညဆယ့်တစ်နာရီခန့်ရှိနေပြီဖြစ်သည်။
လမ်းမပေါ်၌ ကားများ နည်းပါးလာမှုကြောင့် ယဲ့ဖန်သည် နတ်ဘုရားဆန်သည့် မောင်းနှင်မှုစွမ်းရည်ကို ပြသနိုင်ခဲ့သည်။
နာရီဝက်အကြာ၌ ဇာမဏီသုံးကောင်အဖွဲ့အစည်းမှ ခြေရာခံမိထားသော အချက်အလက်များနှင့်အတူ ဟော်ထုန်းကွမ်း၏ အနက်ရောင် Audiကားကို အောင်မြင်စွာ ဖမ်းမိခဲ့သည်။
မီတာ ၆၀၀၊ ၇၀၀ အကွာ၌ ကားနှစ်စီး ဘေးကပ်မောင်းနေသည်ကို တွေ့လိုက်ရသည်။
အနက်ရောင် Audiကားသည် ဟော်ထုန်းကွမ်း မောင်းနှင်သော ကားဖြစ်နိုင်သည်။
သူ့ဘေး၌ ဇာမဏီသုံးကောင်အဖွဲ့အစည်းမှ ဖြစ်နိုင်သည့် တိုယိုတာ အနက်ရောင်ကားတစ်စီး ရှိသည်။
ကားနှစ်စီးသည် လမ်းမပေါ်၌ အချင်းချင်း လိုက်နေကြသည်။
ရုတ်တရက် အနက်ရောင် Audiကားသည် ညာဘက်သို့ လှည့်လာပြီး Toyotaကို ဝင်တိုက်သည်။
တိုယိုတာကားသည် ရှောင်လိုက်၍ ချက်ချင်းပင် ဟန်ချက်ပျက်သွားကာ လမ်း၏ ဘေးတစ်ဖက်သို့ လိမ့်ကျသွားသည်။
" အို ဘုရားရေ၊ ဒီ ဟော်ထုန်းကွမ်းက တကယ် ရူးနေတာပဲ "
ဖန်းကျန်းဝူသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။
သို့သော် သူမ၏မျက်နှာတွင် ကြောက်ရွံ့မှု မရှိချေ။
ထိုအစား စိတ်လှုပ်ရှားသည့် အရိပ်အမြွက်ကို ပြသနေခဲ့သည်။
သူမသည် စွန့်စားတတ်သည့်ဗီဇတစ်ခု ရှိပြီး ထိုကဲ့သို့သော စိတ်လှုပ်ရှားစရာကောင်းသော မြင်ကွင်းများကို နှစ်သက်လေသည်။
ယဲ့ဖန်သည် ခေါင်းယမ်းပြီး ခါးသက်စွာ ပြုံးလိုက်သော်လည်း တုံ့ဆိုင်းမနေဘဲ အရှိန်မြှင့်ကာ သူတို့နောက်ကို လိုက်ခဲ့သည်။
ထိုအချိန်မှာ Audiထဲ၌ ရှိနေသည့် ဟော်ထုန်းကွမ်း သက်ပြင်းတစ်ချက်ချလိုက်သည်။
ဇာမဏီသုံးကောင်အဖွဲ့အစည်းမှ ပို့ခဲ့သော ကားများသည် သူ့ကြောင့် တစ်ကားချင်း ကျန်နေခဲ့သည်။
သူသည် အကျပ်အတည်းကို နောက်ဆုံး၌ ဖြေရှင်းနိုင်ခဲ့တော့သည်။
နဖူးမှ ချွေးများကို သုတ်လိုက်ပြီး မတတ်နိုင်ဘဲ ကျိန်ဆဲလေသည်။
" ဒီခွေးသား ဝမ်ရှောင်းက တကယ် ဘာမှမလုပ်တတ်ဘူးဘဲ။ ဒီလို အသေးအမွှားကိစ္စလေးကိုတောင် ရှုပ်အောင်လုပ်သေးတယ် "
ဤည သူသည် နိုင်အားကိုသတ်ရန် ဝမ်ရှောင်းကို လွှတ်လိုက်ကာ အလွယ်တကူ သတ်နိုင်မည်ဟု ထင်ခဲ့သည်။
သို့သော် သဘောတူထားသည့် အချိန်ရောက်၍ ဝမ်ရှောင်းကို ဖုန်းခေါ်လိုက်သည့်အခါ တစ်ဖက်သူကို ခေါ်ဆို၍ မရတော့ပေ။
ဝမ်ရှောင်း အမှားလုပ်မိထားကြောင်း ချက်ချင်း နားလည်သွားသည်။
သူသည် ဇာမဏီသုံးကောင်အဖွဲ့အစည်း၏ လက်ထဲသို့ ကျရောက်ပြီးနိုင်ဖွယ် ရှိသည်။
ဤကိစ္စကို ပေါ်ပေါက်သွားပါက ဘာဖြစ်မည်ဆိုသည်ကို သူ ကောင်းစွာ သိသည်။
ဇာမဏီသုံးကောင်အဖွဲ့အစည်းသည် ကျန်းကောပြည်နယ်ရှိ ဒုတိယအကြီးဆုံးအဖွဲ့အစည်းကြီး ဖြစ်သည်။
သူတို့သည် တောင်နက်ဂိုဏ်း၏ အနောက်တွင် အတော်ဝေးကွာနေသေးသော်လည်း ထည့်သွင်းစဉ်းစားရမည့် အင်အားစုကြီးဖြစ်သည်။
တောင်နက်ဂိုဏ်းသည် ဤအချိန်တွင် ဇာမဏီသုံးကောင်အဖွဲ့အစည်းနှင့် တိုက်ပွဲစတင်ရန် သေချာပေါက် ရွေးချယ်မည် မဟုတ်ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူ့အား အပြစ်ပုံချရန် ဖြစ်သည်။
ထို့ကြောင့် ထိတ်လန့်တကြား ထွက်ပြေးခဲ့သည်။
သူသည် ဒုံးကျယ်ပြည်နယ်သို့ ပထမဆုံး ထွက်ပြေးရန်ကို တွေးပြီး နိုင်ငံခြားသို့ ဆက်၍ ထွက်ပြေးရန် စဉ်းစားခဲ့သည်။
သူသည် လွတ်မြောက်ရာလမ်းကို ပြင်ဆင်ရန် သူ၏ ပိုင်ဆိုင်မှုများကို နိုင်ငံခြားသို့ လွှဲပြောင်းခဲ့ပြီး ဖြစ်သည်။
သူတို့၏လုပ်ငန်းသည် မနက်ဖြန်မရှိသည့်လုပ်ငန်းမျိုးဖြစ်၍ စောစီးစွာ စီစဉ်ထားရသည်။
ဤပိုင်ဆိုင်မှုများနှင့် နိုင်ငံခြားသွားလျှင်ပင် ပျော်ရွှင်စွာ နေနိုင်သည်။
နိုင်ငံခြားမှ သူ၏ လှပသည့်နေ့ရက်များကို စိတ်ကူးယဉ်နေချိန်မှာပင် အနက်ရောင် Paramount Marauderသည် နောက်ကြည့်မှန်မှ ပေါ်လာကာ သူ့အနောက်သို့ လိုက်နေသည်ကို တွေ့လိုက်ရသည်။
" ချီး၊ ထပ်ပြီးတော့လား "
ဟော်ထုန်းကွမ်းသည် အသက်ရှူထုတ်ကာ ကျိန်ဆဲပြီးနောက် အရှိန်တင်လိုက်သည်။
ဝူး
အနက်ရောင် Audiကားသည် အဝေးပြေးလမ်းတစ်လျှောက် တစ်နာရီလျှင် မိုင် ၂၀၀ကျော် အရှိန်ဖြင့်မောင်းနေသည်။
သို့သော် Paramount Marauderသည် အနောက်မှ အနီးကပ်လိုက်လာလေသည်။
ပြတ်မကျန်ခဲ့ရုံသာမက သူတို့ကြားမှ အကွာအဝေးမှာ ပို၍ပင် နီးကပ်လာသည်။
ဟော်ထုန်းကွမ်းသည် ဒေါသများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။
သူသည် အရှိန်ဆက်မတင်တော့ဘဲ စတီယာတိုင်ကို ရူးနှမ်းစွာ လှည့်လိုက်သည်။
Audiကားသည် လမ်းမပေါ်တွင် Sပုံသဏ္ဌာန်ဖြင့် စတင်ကွေ့ကောက်စွာ ရွေ့လျားနေခဲ့ပြီး Paramount Marauderအား ကျော်မတက်နိုင်စေရန် တားဆီးနေသည်။
" ဟားဟားဟား၊ မင်းက ငါ့ကို ဖမ်းချင်နေတာလား။ မင်း အတွေ့အကြုံနည်းပါသေးတယ် ...... "
ဟော်ထုန်းကွမ်း ပြင်းထန်စွာ ရယ်မောလိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် သူ၏ကားသည် ရုတ်တရက် တုန်ခါသွားသည်။
နောက်ကြည့်မှန်မှ ကြည့်လိုက်သည့်အခါ ယဲ့ဖန်၏ Paramount Marauderကားသည် Audiကား၏ နောက်ခြမ်းကို တိုက်ကာတွန်းနေလေသည်။
ဟော်ထုန်းကွမ်း၏ အမူအရာမှာ ပြောင်းသွားပြီး ရူးသွပ်စွာ အရှိန်တင်လေတော့သည်။
သို့သော် သူ မည်မျှပင် အရှိန်တင်နေသည်ဖြစ်စေ Paramount Marauderကားကို မျက်ခြေမဖြတ်နိုင်ပေ။
Audiကားသည် ယဲ့ဖန် တွန်းခြင်းကိုသာ ခံနေရသည်။
" ရူးနေတာပဲ။ တကယ် ရူးနေတာ ....... "
ဟော်ထုန်းကွမ်းသည် ယခုအခါ စတင်တုန်လှုပ်နေပြီဖြစ်သည်။
သူသည် 'အရူး'ဟု အမည်ပေးခံရသည်အထိ အခြားသူများ မထင်မှတ်သည့်အရာများကို လုပ်လေ့ရှိသည်။
သို့သော် လက်ရှိအချိန်၌ သူသည် ယဲ့ဖန်၏ လုပ်ရပ်ကြောင့် ကြောက်လန့်နေရသည်။
အမှားအယွင်းတစ်ခု ပေါ်လာသည်နှင့် ကားနှစ်စီးလုံးသည် မျှခြေပျက်ပြီး အဆုံးသတ်အနေဖြင့် ပြင်းထန်စွာ ကားမှောက်နိုင်သည်။
ဘရွန်း
သူသည် အကြောက်တရားကြောင့် တုန်လှုပ်နေချိန် Paramount Marauderသည် ရုတ်တရက် အရှိန်လျော့သွားပြီး Audiကားဖြင့် အတော်ဝေးသွားသည်။
ဟော်ထုန်းကွမ်း စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး ဘာဖြစ်နေသည်ကို နားမလည်နိုင်ဖြစ်နေသည်။
သို့သော် နောက်စက္ကန့်ပိုင်းမှာပင် ယဲ့ဖန်မှ သူ့ကို ရှင်းပြချက်ပေးလာသည်။
သူ ကြောင်အနေချိန်၌ ယဲ့ဖန်မှ ထပ်၍ အရှိန်တင်ကာ ဘေးကပ်လျက်မှ လိုက်လာတော့သည်။
Paramount Marauderကားသည် သူ့ဘေးမှ ဖြတ်လာသည့်အခါ ကားပြတင်းပေါက်ကျလာပြီး မိန်းမလှလေးတစ်ယောက်၏ မျက်နှာပေါ်လာသည်။
ထိုမိန်းကလေး၏ မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ရှိနေသည်။
ထိုသည်မှာ လှောင်ပြုံးဖြစ်သည်။
ဟော်ထုန်းကွမ်း အံကြိတ်ကာ အရှိန်တင်ပြီး Paramount Marauderကို ဘေးတိုက် တိုက်ချတော့မည် ဖြစ်သည်။
သူ သေချာစွာ ဆောင်ရွက်ပါက Paramount Marauderသည် ယခင်က Toyotaကားကဲ့သို့ လမ်းဘေးထိုးကျသွားမည် ဖြစ်သည်။
******