← Chapters

ဘာလို့ အရမ်းအေးဆေးတည်ငြိမ်နေတာလဲ

Vol. 71 Ch. 1404

ဘာလို့ အရမ်းအေးဆေးတည်ငြိမ်နေတာလဲ

Vol. 71 Ch. 1404

ထို့နောက် ယဲ့ဖန်သည် ယုဖန်းရှန်းကို ဟော်ထုန်းကွမ်း ပြောသမျှကို ပြန်ပြောပြသည်။

တစ်ဖက်လူသည် ထိုစကားကိုကြားပြီးနောက် အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ယုဖန်းရှန်း၏ ငြိမ်သက်ပြီး ကြောက်စရာကောင်းသော အသံကို ယဲ့ဖန် ကြားလိုက်ရသည်။

" ဒါဆို နင် ဘာလုပ်ချင်လဲ "

" လျုံမိသားစုနဲ့ ခင်ဗျားရဲ့ ဇာမဏီသုံးကောင်အဖွဲ့အစည်းက တောင်နက်ဂိုဏ်း တစ်ခုလုံးကို တိုက်ဖို့ ခွန်အားမရှိဘူး။ အဲ့တာကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ် "

ယဲ့ဖန်မှ သူ့အစီအစဉ်ကို ပြောပြသည်။

" ဟုတ်တယ် "

ယုဖန်းရှန်းသည် တုံ့ဆိုင်းမနေဘဲ မဟာမိတ်ဖွဲ့ရန် တောင်းဆိုမှုကို သဘောတူလိုက်သည်။

" ငါတို့က ဘာလုပ်ဖို့ လိုအပ်လဲ "

" တောင်နက်ဂိုဏ်း အထက်ပိုင်းခေါင်းဆောင်တွေအားလုံးရဲ့ အချက်အလက်တွေကို အသေးစိတ် ပို့ပေးပါ။ ပြီးတော့ ဟော်ထုန်းကွမ်းကို လာခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ပေး .... "

" ကောင်းပြီ "

ယုဖန်းရှန်းသည် ပြတ်သားသည့် စိတ်နေစိတ်ထား ရှိသည်။

သူမသည် "ကောင်းပြီ"ဟု ပြောပြီးနောက် ဖုန်းချလိုက်သည်။

သူမသည် ယဲ့ဖန်အား နာရီဝက်ကြာစောင့်ခိုင်းပြီးနောက် ဇာမဏီသုံးကောင်အဖွဲ့အစည်းမှလူများ ရောက်လာခဲ့သည်။

" မင်္ဂလာပါ ယဲ့လူကြီးမင်း။ ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီ "

လိုက်ကျီချန်းမှ ဦးဆောင်ပြီး လျှောက်လာကာ ယဲ့ဖန်ကို နှုတ်ဆက်သည်။

ယနေ့ သူတို့ ဆုံကြသည်မှာ တတိယအကြိမ် ဖြစ်လေသည်။

" ဇာမဏီသုံးကောင်အဖွဲ့အစည်း တစ်ခုလုံးမှာ မင်းတစ်ယောက်တည်း ရှိတာလား။ ဘာလို့ အရာအားလုံးကို မင်းပဲ လုပ်နေရတာလဲ "

ယဲ့ဖန်သည် ဤသည်မှာ ရယ်စရာကောင်းသည်ဟု တွေးလိုက်သည်။

" ကျွန်တော်က လာဖို့ တောင်းဆိုခဲ့တာပါ။ ယဲ့လူကြီးမင်းနဲ့ ပိုရင်းနှီးချင်လို့ "

လိုက်ကျီချန်းသည် ယဲ့ဖန်အပေါ် သူ၏လေးစားမှုကို မဖုံးကွယ်ထားပေ။

ဖန်းကျန်းဝူသည် ချက်ချင်းပင် ယောက်ျားချင်း အချစ်ဇာတ်လမ်းကို နှစ်သက်သူအဖြစ်သို့ ပြောင်းလဲသွားကာ ထူးဆန်းသောအကြည့်ဖြင့် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

" ဟား၊ အနားကပ်ဖို့ မစဉ်းစားနဲ့။ ငါ ယောက်ျားတွေကို စိတ်မဝင်စားဘူး "

ယဲ့ဖန်သည် သူ့တစ်ကိုယ်လုံး တုန်သွားပြီး ထိုလူ၏ စေတနာကို ငြင်းပယ်လိုက်သည်။

လိုက်ကျီချန်းသည် ရှက်ရွံ့စွာ ပြုံးကာ ဖိုင်တွဲတစ်ခုကို ပေးလိုက်သည်။

" လူကြီးမင်း၊ ဒါက ကျွန်တော်တို့ ဥက္ကဌကြီးက ပေးခိုင်းလိုက်တာပါ "

ယဲ့ဖန်သည် ဖိုင်တွဲကို ယူပြီး ဟော်ထုန်းကွမ်းကို ညွှန်ပြသည်။

" ငါ သူ့ကို မင်းနဲ့ ထားခဲ့ပြီး အရင်သွားတော့မယ် "

" ယဲ့လူကြီးမင်း၊ အားလပ်ချိန်မှာ လက်ဖက်ရည် အတူတူသောက်ရအောင်ပါ "

လိုက်ကျီချန်းသည် ယဲ့ဖန် နားလည်မှုလွဲမည်ကို စိုးရိမ်သောကြောင့် သူ အမြန်ထပ်ပြောသည်။

" ကျွန်တော် လူကြီးမင်းဆီက ကိုယ်ခံပညာပဲ သင်ယူချင်တာပါ "

" ဟားဟား၊ ငါတို့ ထပ်တွေ့ကြတာပေါ့ "

ယဲ့ဖန်သည် သာမန်အဖြေကိုသာ ပေးလိုက်ပြီး ဖန်းကျန်းဝူနှင့်အတူ အမြန်ထွက်သွားခဲ့သည်။

သူတို့ငှားထားသည့် ခြံလေးဆီသို့ ပြန်သွားကြသည်။

ယဲ့ဖန်သည် ပြန်ရောက်သည်နှင့် ရေချိုးပြီးနောက် အချက်အလက်များကို စတင်လေ့လာခဲ့သည်။

မူလ၌ ဖန်းကျန်းဝူသည် သူနှင့်အတူ ခဏထိုင်နေခဲ့သော်လည်း သူမ မခံနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့သည်။

ယဲ့ဖန်သည် တောင်နက်ဂိုဏ်း၏ အကြီးပိုင်းခေါင်းဆောင်များ၊ မဟာမိတ်အဖွဲ့များ၏ အချက်အလက်များအားလုံးကို လေ့လာရန် တစ်နာရီခန့် ကြာခဲ့သည်။

အထူးသဖြင့် ခေါင်းဆောင် ချန်းရှောင်ရှုန်း၏ အချက်အလက်များကို ယဲ့ဖန် ထပ်ခါထပ်ခါ ဖတ်သည်။

ချန်းရှောင်ရှုန်းသည် ငယ်စဉ်ကတည်းက မိဘများ ဆုံးရှုံးခဲ့ရပြီး အခြားမိသားစုများစွာကို အားကိုးကာ ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။

ထိုသည်က သူ့ကို ရက်စက်ကြမ်းကြုတ်သူအဖြစ် တဖြည်းဖြည်း ဖြစ်လာစေသည်။

သူသည် သစ္စာစောင့်သိသောကြောင့် အနီးနားရှိ လူရမ်းကားအုပ်စုတစ်စုကို အမြန်ပင် စုရုံးနိုင်ခဲ့သည်။

သူ၏ ဦးဆောင်မှုအောက်၌ ထိုအဖွဲ့လေးမှာ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

နှစ်ပေါင်း ၄၀ ကျော်ကြာပြီးနောက် ကျန်းကောပြည်နယ်ရှိ အကြီးဆုံးဒအဖွဲ့အစည်းဖြစ်သည့် တောင်နက်ဂိုဏ်းအဖြစ် တည်ထောင်နိုင်သွားသည်။

အချက်အလက်များမှာ အလွန်အသေးစိတ်လေသည်။

ချန်းရှောင်ရှုန်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပါ၀င်သည်သာမက သူ၏ အဆက်အသွယ်အချို့လည်း ပါဝင်သည်။

သို့သော် အချက်အလက်များကို အကြိမ်အနည်းငယ် ဖတ်ပြီးသော်ငြား ယဲ့ဖန် လိုချင်သည့် အချက်အလက်ကို ရှာမတွေ့ခဲ့ပေ။

ဤအချက်အလက်များအရ ချန်းရှောင်ရှုန်းနှင့် သူသည် မည်ကဲ့သို့ ရန်ငြှိုးရှိနေသည်ကို သူ အမှန်တကယ် မသိရပေ။

ကျန်းကောပြည်နယ်ကို အခုမှရောက်တာဆိုပေမဲ့ အဲ့လူက ဘာလို့ ရန်လိုနေရတာလဲ။

ယဲ့ဖန်သည် ထိုအချက်ကို နားမလည်နိုင်ဖြစ်နေကြောင့် တွေးမိနေသည်။

သူသည် ယခုအခါ မြစ်ကို ဖြတ်ကူးလာသည့် နဂါးတစ်ကောင်ဖြစ်သည်။

ကျန်းကောပြည်နယ်အတွင်း၌ အခြေခံအုတ်မြစ် မရှိသေးသည့်အတွက် ဒေသခံအဖွဲ့အစည်းများကို မနှိုးဆော်လိုပေ။

သို့သော် ပြဿနာ မရှာလိုသောကြောင့် နင်းချေခံမည်ဟုလည်း မဆိုလိုချေ။

တစ်စုံတစ်ယောက်မှ သူ့အား အနိုင်ယူချင်ပါက သူသည် တန်ပြန်သင်ခန်းစာပေးလိုက်ရန် ဝန်မလေးပေ။

စာရွက်စာတမ်းများအား အံဆွဲထဲသို့ ထည့်ပြီးနောက် အခန်းထဲသို့ ဝင်လာခဲ့သည်။

ဖန်းကျန်းဝူသည် အိပ်ပျော်နေပြီးဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်လေးသည် ဟမ်းစတားလေးကဲ့သို့ ကွေးကောက်နေသည်။

ယဲ့ဖန်သည် သူမဘေး၌ လှဲကာ အိပ်တော့မည် ဖြစ်သည်။

သို့သော် မထင်မှတ်ထားစွာဖြင့် အနှီကောင်မလေးမှာ အိပ်ပျော်ဟန်ဆောင်နေခြင်းသာဖြစ်ပြီး လှည့်ကာ သူ့ကိုယ်ပေါ် မှီတက်လာသည်။

" မြှောင်၊ သခင်ကြီး ဘယ်လို ဝန်ဆောင်မှုမျိုး လိုချင်လဲ "

ယဲ့ဖန် အချိန်ကိုကြည့်လိုက်သည့်အခါ မနက်၃နာရီရှိနေပြီ ဖြစ်သည်။

" ထားလိုက်ပါတော့၊ နောက်ကျနေပြီ "

" ဟွန်း၊ ကျန်းဝူသိတယ်။ သခင်ကြီးက ကျန်းဝူကို ငြီးငွေ့နေပြီ။ ကျန်းဝူကို မကြိုက်တော့ဘူး။ ဟင့် ..... ဟွန်း "

ဖန်းကျန်းဝူသည် ကုတင်ပေါ်တွင် ဒူးထောက်လျက်နေကာ သူမ၏ မျက်နှာသည် ဒေါသအပြည့်ဖြစ်နေသည်။

ယဲ့ဖန်သည် သူမကို နှစ်သိမ့်ပေးရန်ပြင်သည်။

" လျှောက်မပြောနဲ့။ ဒီသခင်က ကျန်းဝူကို အရာအားလုံးထက် ပိုကြိုက်တယ်။ ကျန်းဝူကို ဘယ်လိုလုပ် ငြီးငွေ့နိုင်မှာလဲ "

" ဟွန်း၊ ဒါဆို ကျန်းဝူကို ဘာလို့ မခစားခိုင်းတာ "

ဖန်းကျန်းဝူသည် သူမ၏ မျက်နှာငယ်လေးကို ဘေးသို့လှည့်လိုက်ပြီး ဒေါသထွက်ဟန်ဆောင်လိုက်သည်။

" ဒါဆို လာခဲ့ "

ယဲ့ဖန်သည် လက်နှစ်ဖက်ကိုဖြန့်ကာ ကုတင်ပေါ်တွင် လှဲလျောင်းပြီး အဆင်သင့်ဖြစ်နေပုံရသည်။

" ဟွန်း၊ ကျန်းဝူပင်ပန်းနေပြီ။ အိပ်တော့မယ် "

ဖန်းကျန်းဝူသည် ယဲ့ဖန်ကို နောက်ကျောပေးကာ လှဲချလိုက်သည်။

ယဲ့ဖန်သည် သူမလက်ကို လှမ်းဆွဲလိုက်သည်။

ဖန်းကျန်းဝူသည် ရုန်းကန်ပြီး သူ့ကို လျစ်လျူရှုနေသည်။

" ကောင်မလေး၊ ဒီလိုလုပ်ရဲတယ်လား။ မင်းကို ဒီနေ့ သင်ခန်းစာမပေးရင် မင်းလေးက ကောင်းကင်တောင်တက်ရဲတော့မှာပဲ "

ယဲ့ဖန် သူမကို စနောက်ဆူပူပြီး စောင်ဆွဲ၍ ကာလိုက်တော့သည်။

" ခစ်ခစ်ခစ်၊ ယားတယ် .... သခင်ကြီး .... မလုပ်နဲ့လို့ ...... "

" မလိုချင်ဘူးပြောတိုင်း ရပ်ပေးရမှာလား။ အင့် "

" အား၊ သခင်ကြီးက အရမ်းဆိုးတာပဲ "

နောက်တစ်နေ့ ယဲ့ဖန် ဖုန်းမြည်သံကြောင့် နိုးလာသည်။

ဖုန်းကောက်ကိုင်လိုက်သည့်အခါ ခေါ်ဆိုသူမှာ ချန်းဖေးအယ်ဖြစ်နေသည်။

သူ အိပ်ရာပေါ်မှထကာ အနောက်ကို ပြန်လှည့်ကြည့်လိုက်သည်။

ဖန်းကျန်းဝူသည် အိပ်ရာပေါ်၌ ကွေးနေပြီး မျက်လုံးထောင့်များ၌ မျက်ရည်စများ ရှိနေသေးသည်။

မနေ့ညက အမှန်ပင် ပြင်းထန်လွန်းလှသည်။

ယဲ့ဖန် အိပ်ခန်းနည်းပညာများကို ထပ်တလဲလဲ အသုံးပြုပြီးနောက် ဖန်းကျန်းဝူမှာ မခံနိုင်တော့ဘဲ သနားချင့်စဖွယ်ကောင်းစွာ အရှုံးပေး သနားခံတော့သည်။

သူမသည် ဒီနေ့တစ်နေကုန် အိပ်ရာထဲမှ ထနိုင်လောက်မည် မဟုတ်ပေ။

ယဲ့ဖန် အင်္ကျီဝတ်ပြီးနောက် ဖုန်းပြောရန် ထွက်လာသည်။

" ဟယ်လို၊ ဖေးအယ်။ ဘာကိစ္စရှိလို့လဲ "

" ဘယ်လိုလဲ၊ ကျန်းကောပြည်နယ်မှာ အစစအရာရာ အဆင်ပြေရဲ့လား။ ကျွန်မ ကူညီပေးစရာများ ရှိသေးလား "

ချန်းဖေးအယ်၏ အသံသည် ရိုးရှင်းသော်လည်း ခွန်အားအပြည့်ရှိသည်။

" အခုတော့ မလိုသေးဘူး "

" လိုရင် ကျွန်မကို အသိပေး။ အရင်ကလည်း အတူတူတိုက်လာကြတာပဲ။ အားနာနေစရာမလိုပါဘူး "

" မပူပါနဲ့၊ ကိုယ်တို့ တစ်အိပ်ရာတည်းပေါ်တောင် အိပ်ဖူးသေးတာပဲ။ မင်းကို အပြင်လူလို့ မသတ်မှတ်ပါဘူး "

ယဲ့ဖန် စနောက်လိုက်သည်။

" မဟုတ်တာမပြောနဲ့။ ကျွန်မ ... ကျွန်မဘေးမှာ လုပ်ဖော်ကိုင်ဖက်ရှိတယ်။ လျှောက် ...... လျှောက်ပြောနေရင် ကျွန်မ .... စိတ်ဆိုးတော့မှာ "

ချန်းဖေးအယ်သည် အမှန်ပင် စိတ်ဆိုးသွားကြောင်း ယဲ့ဖန်ပြောနိုင်သည်။

သူမ၏ဘေး၌ လုပ်ဖော်ကိုင်ဖက်ရှိသည်ကို ကြားပြီးနောက် ယဲ့ဖန် လေးနက်လာသည်။

" ဘာလို့ ခေါ်တာလဲ "

" ဒီလိုပါ။ ယုကျိုးအိုးကို နိုင်ငံတော်ပြတိုက်ရဲ့လက်ထဲကို အပ်လိုက်ပြီ။ ကျွမ်းကျင်တဲ့သူတွေ အကဲဖြတ်ပြီးတဲ့နောက် အဲ့တာက နိုင်ငံတော်အဆင့်ရှိတဲ့ နိုင်ငံ့ရတနာအကြွင်းအကျန်အဖြစ် သတ်မှတ်လိုက်တယ်။ အခု နိုင်ငံတော်ပြတိုက်ထဲမှာ စုဆောင်းလိုက်ပြီ "

ချန်းဖေးအယ်သည် သူ့ကို ချက်ချင်းပင် သတင်းကောင်း ပြောလိုက်သည်။

" ကောင်းပြီ၊ ဘာကျန်သေးလဲ "

ယဲ့ဖန် အေးဆေးစွာ ဆက်မေးသည်။

" ဘာလို့ ဒီလောက်တောင် အေးဆေးတည်ငြိမ်နေရတာလဲ။ ဒီလိုသတင်းကောင်းကြားရတာ ဝမ်းမသာဘူးလား "

ချန်းဖေးအယ်၏အသံသည် မယုံနိုင်မှုများ ပြည့်နှက်နေတော့သည်။

ဒီလို နိုင်ငံ့အဖိုးတန်ရတနာကို အောင်အောင်မြင်မြင် ရှာပေးနိုင်တာဆို အရမ်းဂုဏ်ယူနေသင့်တာ မဟုတ်ဘူးလား။

ဘာလို့ သူက ဒီလောက်တောင် အေးဆေးနေရတာလဲ။

******

All Chapters