← Chapters

အထူးတလည်ငှားထားတဲ့ ကျွမ်းကျင်သူက ဘာလုပ်ရမှာလဲ

Vol. 71 Ch. 1405

အထူးတလည်ငှားထားတဲ့ ကျွမ်းကျင်သူက ဘာလုပ်ရမှာလဲ

Vol. 71 Ch. 1405

" ကိုယ် အရမ်းဝမ်းသာပါတယ် "

ယဲ့ဖန် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။

" ဘာလို့ ရှင်မပျော်နေဘူးလို့ ထင်နေရတာလဲ "

ချန်းဖေးအယ် ဒေါသတကြီးမေးလိုက်သည်။

" ကိုယ်က ပျော်တာကို မင်းကို ပြရဦးမှာလား။ တိတ်တိတ်လေးပျော်လို့ မရဘူးလား "

" ရှင်က မဖြစ်နိုင်တာ ပြောနေတာလေ။ ပျော်နေတယ်ဆို သိသာမှာပေါ့။ ဘယ်လိုလုပ် တိတ်တိတ်လေးပျော်ရမှာလဲ "

" မင်း စပ်စုလွန်းနေတာ မဟုတ်ဘူးလား "

သူတို့နှစ်ဦးမှာ စတင် ရန်ဖြစ်ကြတော့သည်။

ထိုအချိန်တွင် လူတစ်ဦး၏အသံ ဖုန်းထဲမှ ထွက်လာသည်။

" အဟမ်း၊ ရှောင်ချန်း။ ငါ ယဲ့လူကြီးမင်းနဲ့ စကားနည်းနည်းပြောဦးမယ် "

ထိုအချိန်တွင် လူတစ်ဦး၏အသံ ဖုန်းထဲမှ ထွက်လာသည်။

သူသည် နားမခံသာတော့၍ ဖြတ်ပြောလိုက်သည်။

ထို့နောက် ယဲ့ဖန်သည် အင်အားပြည့်ဝသော လူတစ်ဦး၏အသံကို ကြားလိုက်ရသည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော်က ကောကျီလင်းပါ။ ကျွန်တော်က လုံခြုံရေးအသင်းကပါ။ ယုကျိုးအိုးကို ရခဲ့တာက တိုင်းပြည်အတွက်ရော လူမျိုးအတွက်ရော အရမ်းကောင်းတဲ့ အောင်မြင်မှုပါ "

" ဒါဆို ဆုလာဘ်က ဘာလဲ "

တစ်ဖက်လူ၏ စကားကြောင့် ယဲ့ဖန် မမျှော်လင့်သော မေးခွန်းကို ပြန်မေးလိုက်သည်။

" အာ ......... "

တစ်ဖက်မှလူသည် တခဏတိတ်ဆိတ်သွားပြီးနောက် ဆက်၍ ဖြေသည်။

" ဟုတ်တာပေါ့။ ကျွန်တော်တို့ရဲ့ လုံခြုံရေးအသင်းက လူကြီးမင်းကို အထူးကျွမ်းကျင်သူအဖြစ် ငှားရမ်းချင်ပါတယ် "

ယဲ့ဖန်သည် ထိုဂုဏ်ပုဒ်ကို ကြားသောအခါ စိတ်ဝင်စားသွားသည်။

" အထူးတလည် ငှားရမ်းထားတဲ့ ကျွမ်းကျင်သူက ဘာလုပ်ရမှာလဲ "

" အထူးငှားရမ်းတဲ့ ကျွမ်းကျင်သူတွေက ကျွန်တော်တို့ရဲ့ လုံခြုံရေးအဖွဲ့နှင့် မသက်ဆိုင်ပေမဲ့ သူတို့က လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေလို အခွင့်အရေးတွေ ခံစားနိုင်ပါတယ်။ နိုင်ငံနဲ့ လူမျိုးအတွက် အန္တရာယ်ကျလာရင် လူကြီးမင်းမှာ အရေးယူဆောင်ရွက်နိုင်ခွင့်ရှိပြီးတော့ နောက်မှ တင်ပြလို့ရပါတယ် "

ကောကျီလင်းသည် အထူးကျွမ်းကျင်ငှားရမ်းခံရသူတစ်ဦး၏ တာဝန်များကို ရှင်းပြသည်။

ဤငှားရမ်းခံသူ၏ လုပ်ပိုင်ခွင့်အာဏာမှာ အလွန်ကောင်းလွန်း၍ ယဲ့ဖန် မသိစိတ်အရ ဤသည်မှာ ထိုမျှ မရိုးရှင်းကြောင်း ခံစားလိုက်ရသည်။

" လူကြီးမင်းက သာမန်လိုပဲ နေထိုင်နိုင်ပါတယ်။ လုံခြုံရေးအဖွဲ့က အခက်အခဲကြီးကြုံလို့ လူကြီးမင်းရဲ့အကူအညီကို လိုမှသာ ကူညီရမှာပါ။ စိတ်မပူပါနဲ့၊ ဒီလိုကလည်း ဖြစ်ခဲပါတယ်။ ပြီးတော့ ကိုင်တွယ်ရတဲ့တာဝန်က ခက်ခဲတဲ့အလျောက်လည်း ဆုကြေးတွေ ပေးဦးမှာပါ "

ကောကျီလင်းသည် ယဲ့ဖန်ကို အလကားငှားရမ်းမည်ဟု ထင်သွားမည်အား စိုးရိမ်သဖြင့် အမြန်ဖြည့်စွက်ပြောသည်။

ယဲ့ဖန် တခဏတွေးပြီးနောက် သဘောတူလိုက်သည်။

" ကောင်းပြီလေ၊ ဒီရာထူးကို လက်ခံလိုက်မယ် "

" ဒါဆိုကောင်းတယ်။ လူကြီးမင်းက ကျန်းကောပြည်နယ်မှာ ရောက်နေတာ စိတ်မကောင်းစရာပဲ။ ကျွန်တော်တို့ လုံခြုံရေးအဖွဲ့က မကြိုနိုင်တဲ့အတွက် ခွင့်လွှတ်ပါ "

ကောကျီလင်းသည် ယဲ့ဖန်ကဲ့သို့လူတစ်ဦး လုံခြုံရေးအဖွဲ့သို့ ပူးပေါင်းလာ၍ အလွန်ပင် ဝမ်းသာပျော်ရွှင်နေသည်။

ဤသည်မှာ ကျားကို အတောင်ပံတပ်ပေးခြင်း ဖြစ်လေသည်။

" မလိုပါဘူး။ လစဉ် လခရဖို့ပဲ လိုတယ် "

ယဲ့ဖန်သည် စနောက်ပြီးနောက် ဖုန်းချလိုက်တော့သည်။

ကောကျီလင်း၏ အဆိုအရ နိုင်ငံနှင့် လူမျိုးအတွက် အရေးကြုံလာပါက လုံခြုံရေးအသင်း၏ အထူးကျွမ်းကျင်သူအဖြစ် ချက်ချင်း ဆောင်ရွက်နိုင်ပြီး နောက်မှ တင်ပြလို့ရလေသည်။

ထိုသည်က သူ့အား လက်ထဲ၌ လက်နက်တစ်ခု ထည့်ပေးလိုက်သကဲ့သို့ သတ်ဖြတ်ချင်စိတ်ပေါ်လာစေသည်။

တရားမဲ့လူများကို ရှာကာ စမ်းသပ်လိုက်ချင်သည်။

သို့သော် အဆုံး၌ ထိုအတွေးကို ဖယ်ထုတ်လိုက်တော့သည်။

သူ ကျန်းကောပြည်နယ်သို့ လာသည်မှာ ထိုလူရမ်းကားများကို ဖယ်ထုတ်ပြီး လူစွမ်းကောင်းလုပ်ရန် မဟုတ်ပေ။

အရေးအကြီးဆုံးကိစ္စမှာ ရှန်းဘုရင်၏ ရတနာသိုက်အား တတ်နိုင်သမျှ အမြန်ဆုံး တူးဖော်ရန် ဖြစ်လေသည်။

ယဲ့ဖန် သူ့ဖုန်းကို ဘေးချပြီးနောက် အခန်းထဲသို့ ပြန်ဝင်ရန် လှည့်လိုက်သည်။

ထိုအချိန်မှာပင် သူ၏ဖုန်းမှ ထပ်မြည်လာပြန်တော့သည်။

ဖုန်းကို ထုတ်ကြည့်လိုက်ရာ မရင်းနှီးသည့် နံပါတ်ဖြစ်သည်ကို မြင်လိုက်ရသည်။

သိချင်စိတ်ဖြင့် ဖုန်းကိုင်လိုက်ရာ တစ်ဖက်မှ မိန်းမတစ်ဦး၏အသံကို ကြားလိုက်ရသည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း ဟုတ်ပါသလား "

" ပြောနေပါတယ်။ ဘယ်သူများလဲ "

" ကျွန်မက ဒုန်းဟွမ်း အိမ်ခြံမြေကုမ္ပဏီလိမိတက်ကပါ။ လူကြီးမင်းက ကျွန်မတို့ရဲ့ ကုမ္ပဏီကနေ မြေကွက်ဝယ်ထားတဲ့အတွက် လက်လွှဲပြောင်းယူဖို့ အချိန်ရှိမလား သိချင်လို့ပါ "

ထိုအမျိုးသမီး၏ အသံသည် နားထဲသို့ နူးညံ့သိမ်မွေ့စွာ စီးဆင်းလာသည်။

ထိုမှသာ ယဲ့ဖန်သည် မနေ့ညက စနစ်မှ ပေးအပ်သောတာဝန်ကို ပြီးမြောက်ခဲ့သည့်အတွက် ဆုကြေးအဖြစ် မြေကွက်တစ်ကွက် ပေးခဲ့ကြောင်း သတိရလိုက်သည်။

ယဲ့ဖန် အချိန်ကိုကြည့်လိုက်ရာ နေ့လယ် ၁၁ နာရီလောက် ရှိနေပြီ ဖြစ်သည်။

" နေ့လယ် ၁ နာရီလောက် ရမယ် "

" ဟုတ်ကဲ့ပါ၊ ကျွန်မတို့ ယဲ့လူကြီးမင်းကို စောင့်နေပါ့မယ် "

ဖုန်းချပြီးနောက် ယဲ့ဖန်သည် ကုန်စုံဆိုင်သို့သွား၍ ဈေးဝယ်ပြီးနောက် ဟင်းချက်ရန် ပြန်လာခဲ့သည်။

သူသည် ထမင်းစားပြီးသည်အထိ ဖန်းကျန်းဝူသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသေးသည်ကို ယဲ့ဖန် သိလိုက်ရသည်။

သူမ၏ ခရင်မ်ကဲ့သို့ နူးညံ့လှသော ခြေထောက်လေးများသည် ကုတင်ပေါ်တွင် လှဲနေသည်။

ယဲ့ဖန်သည် သူမ၏ နဖူးကို နမ်းပြီးနောက် စောင်ခြုံပေးပြီး ထွက်သွားသည်။

ဒုန်းဟွမ်း အိမ်ခြံမြေသည် ယဲ့ဖန်နေသည့် နေရာဖြင့် မဝေးလှချေ။

ထိုနေရာသို့သွားရန် မိနစ်၂၀မျှသာ ကြာလေသည်။

မိန်းမလှတစ်ယောက် ရုံးခန်းအဆောက်အဦးအရှေ့၌ ရပ်နေသည်ကို အဝေးမှ မြင်လိုက်ရသည်။

သူမသည် အသက်၃၀အရွယ်ဖြစ်ပြီး အနက်ရောင်ရုံးဝတ်စုံကို ဝတ်ထားသည်။

သူမ၏ဘေး၌ ရပ်နေကြသည့် လူအချို့လည်းရှိသည်။

သူတို့သည် ဒုန်းဟွမ်း အိမ်ခြံမြေ၏ အထက်ပိုင်းအရာရှိများ ဖြစ်နိုင်သည်။

ယဲ့ဖန် ကားထဲမှ ထွက်လာသည်နှင့် ထိုမိန်းမလှလေး၏ မျက်ဝန်းထဲ၌ အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရ၏။

သူမသည် မြေဝယ်ခဲ့သည့်သူမှာ ဤမျှငယ်ရွယ်သည်ဟု မထင်မှတ်ထားသည်မှာ ဖြစ်နိုင်သည်။

" ယဲ့ .... ယဲ့လူကြီးမင်းလား "

ထိုအမျိုးသမီးသည် တွန့်ဆုတ်စွာဖြင့် ချဉ်းကပ်လာသည်။

" ကျွန်တော်ပါပဲ။ မင်္ဂလာပါ "

ယဲ့ဖန် သူ၏လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

ထိုအမျိုးသမီးသည် အမြန်ပင် လက်ကိုဆွဲ၍ နှုတ်ဆက်လေသည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်မက ဒုန်းဟွမ်း အိမ်ခြံမြေရဲ့ ဥက္ကဌ ထောက်ရှင်းပါ "

" ယဲ့လူကြီးမင်းကို ဒီလောက်ငယ်မယ်လို့ မထင်ထားဘူး။ တကယ်ကို ငယ်ရွယ်ပြီး ထက်မြက်တာပဲ "

ယဲ့ဖန်သည် ထိုသို့သောစကားများကို ထုံနေပြီဖြစ်၍ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

" ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဥက္ကဌထောက် "

" ယဲ့လူကြီးမင်း ဒီဘက်ကိုကြွပါ "

ထောက်ရှင်းသည် ယဲ့ဖန်အား ကုမ္ပဏီအတွင်းသို့ ခေါ်ဆောင်သွားတော့မည်ဖြစ်သည်။

" ဥက္ကဌထောက်၊ မြေကွက်ကို အရင်ကြည့်ချင်တယ်။ လမ်းပြပေးနိုင်မလား "

ထောက်ရှင်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး သူမသည် ခြောက်ကပ်စွာ ရယ်လိုက်သည်။

" ရပါတယ် "

" ဒါဆို သွားကြရအောင် "

တစ်စုံတစ်ခုအား ဖုံးကွယ်ထားသကဲ့သို့ သူမ၏အမူအရာမှာ ထူးဆန်းသည်ဟု ယဲ့ဖန် ခံစားမိသည်။

" ကျေးဇူးပြုပြီး ကားပေါ်တက်ပါ "

ထိုအချိန်တွင် အနက်ရောင် Mercedes-Benz C-Classတစ်စီး ရောက်လာသည်။

ထောက်ရှင်းသည် ကားတံခါးကို ဖွင့်ပေးခဲ့သည်။

ယဲ့ဖန်သည်လည်း အချိန်မဖြုန်းဘဲ အထဲသို့ တန်း၍ ဝင်ထိုင်လိုက်သည်။

ထောက်ရှင်းသည် သူ့ဘေးမှ ထိုင်ခုံ၌ ဝင်ထိုင်သည်။

ဒုန်းဟွမ်း အိမ်ခြံမြေမှ အကြီးပိုင်းလူများကလည်း အနောက်မှ ကားနှစ်စီးဖြင့် လိုက်လာကြသည်။

ကားသုံးစီးသည် မြို့ပြဧရိယာထဲသို့ မောင်းသွားသည်။

ထောက်ရှင်းသည် လမ်းတစ်လျှောက်၌ ယဲ့ဖန်အား ဤမြေကွက်အကြောင်း ပြောပြနေသည်။

ဤမြေကွက်အား ဒုန်းဟွမ်း အိမ်ခြံမြေမှ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော် ဘယ်သောအခါမှ တိုးတက်လာခြင်း မရှိပေ။

ထို့ကြောင့် လတ်တလောမှ သူတို့ ရောင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယဲ့ဖန် သိချင်စိတ်ဖြစ်လာသည်။

" ဒီမြေက တစ်ခုခုဖြစ်နေလို့လား "

ထောက်ရှင်းမှ အမြန်လက်ကို ဝှေ့ယမ်းပြလိုက်သည်။

" အဲ့တာကို စိတ်မပူပါနဲ့။ ဒီနေရာရဲ့ အချက်အချာက ကောင်းပါတယ်။ အကြီးအကဲတွေက ဒီနေရာမှာ အပန်းဖြေစခန်းဆောက်ဖို့ စီစဉ်နေတာပါ။ ဆောက်ပြီးတာနဲ့ ဒီမြေက အရမ်းကို တန်ဖိုးကြီးလာမှာ "

ယဲ့ဖန်သည် ပို၍ပင် သိချင်စိတ်ဖြစ်လာသည်။

" ဒီမြေရဲ့ အလားအလာက ဒီလောက်ကောင်းတာကို ဘာလို့ ကိုယ်တိုင်ဖွံ့ဖြိုးအောင် မလုပ်ဘဲ ရောင်းရတာလဲ "

ထောက်ရှင်း၏ အမူအရာမှာ အတော်ပင် မသာမယာဖြစ်သွားသည်။

" အာ ...... "

" ဥက္ကဌထောက်၊ မပြောနိုင်တာများ ရှိနေလို့လား "

ယဲ့ဖန်သည် ထောက်ရှင်း ထစ်အနေသည်ကို မြင်ပြီး ပို၍ သိချင်လာတော့သည်။

" ဟူး၊ ကျွန်မ အမှန်တိုင်းပဲ ပြောပါ့မယ် ...... "

ထောက်ရှင်းသည် အံကြိတ်လျက် ယဲ့ဖန်ကို နောက်ဆုံးတွင် အမှန်တိုင်း ပြောပြသည်။

" ကျွန်မတို့ ဒီမြေကို ဝယ်တုန်းက ဒီစီမံကိန်းအတွက် အတော်လေး အကောင်းတွေးထားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဘယ်သူမှ မထင်မှတ်ထားတာ ဖြစ်ခဲ့တာပါ ..... "

" ဘာဖြစ်ခဲ့တာလဲ "

" ဘယ်ကမှန်းမသိတဲ့ အိမ်ခြေရာမဲ့တွေ ရောက်လာပြီးတော့ ဒီမြေပေါ်မှာ အိမ်တွေဆောက်ကြပါတယ်။ လယ်ရာမြေတောင် လုပ်ကိုင်နေကြပါသေးတယ် "

ထောက်ရှင်း ခါးသီးစွာ ပြုံးလိုက်သည်။

******

All Chapters