← Chapters

ဒီတရားမဲ့လူတွေက မောက်မာလှချည်လား

Vol. 71 Ch. 1406

ဒီတရားမဲ့လူတွေက မောက်မာလှချည်လား

Vol. 71 Ch. 1406

" ဒီမြေကို ဝယ်တုန်းက သက်ဆိုင်တဲ့ဌာနတွေနဲ့ ပြဿနာတက်လို့များလား "

ယဲ့ဖန် သိချင်လေသည်။

" အဲ့လိုလည်း မဟုတ်ပါဘူး။ အဲ့ဒီအိမ်ခြေရာမဲ့တွေက ဒီနေရာကို တရားမဝင်ကျူးကျော်နေကြတာပါ "

ထောက်ရှင်းသည် ယဲ့ဖန် မထင်ထားသောအဖြေကို ပေးသည်။

" အဲ့တာက တရားမဝင်ဘူးဆို ဘာလို့ သူတို့ကို ဒီအတိုင်း မောင်းမထုတ်တာလဲ "

ယဲ့ဖန်သည် ဤသည်မှာ ကိစ္စကြီးဖြစ်မည်ဟု ထင်ထားသော်လည်း အိမ်ခြေရာမဲ့များသာ ဖြစ်လေသည်။

" အဲ့လောက် မရိုးရှင်းလို့ပါ။ ဒီလူတွေက သူတို့ရဲ့အသက်ကိုတောင် ဂရုမစိုက်တတ်တဲ့ လူရမ်းကားတွေပါ။ အရင်က တာဝန်ကျဝန်ထမ်းရုံးကို ဖုန်းဆက်ပြီး ညှိနှိုင်းပေးဖို့ ခေါ်ပါသေးတယ်။ ဒါပေမဲ့ အဲ့ဒီလို လူဆိုးတွေနဲ့ ကြုံတော့ကျ မြေရုံးကလူတွေတောင် အရမ်းကြီး တွန်းအားမပေးရဲကြဘူး "

ထောက်ရှင်းမှ ကူကယ်ရာမဲ့စွာ ရှင်းပြသည်။

ဒုန်းဟွမ်း အိမ်ခြံမြေသည် ဘာကြောင့် ဤမျှကောင်းသည့် မြေကွက်အား ရောင်းသည်လဲကို နောက်ဆုံး၌ ယဲ့ဖန် သဘောပေါက်သွားတော့သည်။

အသက်ကိုပင် ဂရုမစိုက်သည့်အပြင် ရဲများကိုပင် မကြောက်သော လူရမ်းကားများနှင့် ဆုံပါက ဘာမှလုပ်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ထိန်းသိမ်းရေးရုံးမှ အရာရှိများသည် ထိုလူများအတွက် ပြဿနာအတက်ခံမည် မဟုတ်ပေ။

ကားသည် လမ်းတစ်လျှောက်မောင်းလာပြီး ယဲ့ဖန် ဝယ်ယူခဲ့သည့်မြေဆီသို့ ရောက်လာသည်။

ထောက်ရှင်းပြောသကဲ့သို့ မြေနေရာသည် အမှန်ပင် ကောင်းမွန်လှသည်။

မြေပတ်လည်၌ တောင်တန်းများနှင့် မြစ်ဖြင့် ဝန်းရံထားသည်။

သိပ်မဝေးသည့်နေရာ၌ မြစ်တစ်စင်းရှိနေပြီး အလွန်ကျယ်လေပြီး မီတာ ၂၀၀၊ ၃၀၀ကျော် ရှည်လာ တောင်တန်းများတစ်လျှောက် စီးဆင်းလာနေသည်။

အကယ်၌ ဤနေရာ၌ အပန်းဖြေစခန်း တည်ဆောက်ပါက လူများစွာကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

သို့သော် မြစ်ကမ်းဘေးရှိ ကွင်းပြင်ကျယ်၌ လက်ဖြစ်အိမ်များ ၃၀မှ ၄၀ကျော်ရှိနေသည်။

ထို့အပြင် ထိုလက်ဖြစ်ဆောက်ထားသော အိမ်များမှာ အလွန်ပင် သစ်လွင်နေသေးသည်။

ဆောက်လုပ်ထားသည်မှာ ၂နှစ်ထက်ပို၍ မကြာသေးကြောင်း မြင်တွေ့နိုင်သညါ။

ထိုအိမ်များ၏အပြင်၌ စိုက်ပျိုးထားသော လယ်ယာများမှာ ယဲ့ဖန်၏ ပေါင်လောက်ထိ ရှိနေသည်။

ဤမြေနေရာသည် ဇာတာကောင်းသည်ကို မြင်ပြီး ယဲ့ဖန် ဤနေရာ၌သာ အခြေချနေထိုင်ချင်စိတ်ပေါက်လာသည်။

သို့သော် ဤသည်မှာ အတွေးတစ်ခုသာဖြစ်သည်။

သူသည် ဤနှစ်မှ ၂၁နှစ်သာရှိသေးပြီး အခြေချနေထိုင်ရမည့်အရွယ် မရောက်သေးပေ။

ကားသုံးစီးသည် မြစ်ဘေး၌ ရပ်ပြီးနောက် ကားထဲမှလူများ ထွက်လာကြသည်။

ထို့နောက် လူတစ်စုသည် ဂေါ်ပြား၊ ပေါက်ပြားနှင့် အခြားလယ်ယာသုံးပစ္စည်းများကို ကိုင်လျက် လာနေသည်ကို အဝေးမှ မြင်လိုက်ရသည်။

သေချာစွာပင် ထိုလူများသည် မကောင်းသည့် ရည်ရွယ်ချက်များရှိလေသည်။

ထောက်ရှင်းနှင့် ဒုန်းဟွမ်း အိမ်ခြံမြေမှလူများ၏ အမူအရာမှာ သိသာစွာ ပြောင်းသွားသည်။

" ယဲ့လူကြီးမင်း၊ ကျွန်မတို့ အရင်သွားကြတော့မလား "

ထောက်ရှင်းသည် ယဲ့ဖန်၏အင်္ကျီလက်ကိုဆွဲကာ ပြောပြီး သူမ၏ မျက်နှာမှာ ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။

သို့သော် ယဲ့ဖန်မှာတော့ မတုန်လှုပ်ဘဲ ထိုလူများ ပြေးလာမည်ကိုပင် တိတ်ဆိတ်စွာ စောင့်နေသည်။

" ကောင်းတာပဲ။ မင်းတို့က လာရဲသေးတာလား။ ငါတို့က မရိုက်ရဲဘူးလို့များ ထင်နေလား "

အရှေ့ဆုံးမှလူကြီးသည် အသက်၅၀အရွယ် ဖြစ်လေသည်။

သူသည် မုတ်ဆိတ်မွေးအထူကြီးရှိကာ အင်္ကျီများက စုတ်ပြဲနေပြီး ရွံ့များပေကျံနေသည်။

သူ၏လက်ထဲ၌ ပေါက်ဆိန်ကို ကိုင်ထားရာ ကြည့်ရသည်မှာ ကြောက်စရာကောင်းနေသည်။

" ပန်လူကြီးမင်း၊ အလျင်မလိုပါနဲ့။ ကျွန်မတို့ကို ဒီကို လာကြည့်ရုံတင်ပါ။ ရှင်တို့ကို မောင်းထုတ်ဖို့လာတာ မဟုတ်ပါလား "

ထောက်ရှင်း အလျင်အမြန် ရှင်းပြလေသည်။

သို့သော် ထိုလူအုပ်စုက မယုံပေ။

" ဘာလာကြည့်တာလဲ။ ဒီမြေက ငါတို့ဟာလို့ ပြောပြီးသားပဲ မဟုတ်လား။ ဒါကိုတောင် လာကြည့်ရဲသေးတယ်ဆိုတော့ ငါတို့ ဘာလုပ်နိုင်လဲ မပြမချင်း မရပ်ဘူးထင်တယ် "

မုတ်ဆိတ်ဖြင့်လူသည် သူ့အနောက်မှ လူအုပ်စုဘက်သို့လှည့်ကာ အော်ပြောလေသည်။

" သူတို့ကားတွေကို ရိုက်ကြ။ ထပ်လာရဲလား ကြည့်ကြတာပေါ့ "

ထိုလူအုပ်စုမှာ ချက်ချင်းပင် ကားများဆီသို့ ပြေးလာသည်။

ဒုန်းဟွမ်း အိမ်ခြံမြေမှ အထက်ပိုင်းအရာရှိကြီးများ၏ အကူအညီဖြင့် ထောက်ရှင်းသည် အလျင်အမြန် ဘေးသို့ ဖယ်လိုက်သည်။

ထိုလူအုပ်သည် လယ်ယာသုံးပစ္စည်းများဖြင့် သူတို့၏ကားများအား ဖျက်ဆီးတော့မည်ကို မြင်ပြီး ယဲ့ဖန် ဒေါသတကြီး အော်လိုက်သည်။

" ဘယ်သူလုပ်ရဲလဲ ကြည့်ကြတာပေါ့ "

ထိုအုပ်စုသည် လုပ်နေသည်များကို ချက်ချင်း ရပ်လိုက်ကာ အနောက်ကို ပြန်လှည့်ကြည့်ကြသည်။

အထူးသဖြင့် မုတ်ဆိတ်ဖြင့်လူကြီးသည် ဒေါသတကြီးဖြင့် လျှောက်လာပြီး ယဲ့ဖန်အရှေ့၌ လက်ကို ဝှေ့ယမ်းလိုက်သည်။

" ဟား၊ သေရမှာ မကြောက်တဲ့သူတွေ ရှိသားပဲ "

ယဲ့ဖန်သည် သူ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ ခံစားချက်အမူအရာမဲ့လျက် ထိုလူကြီးကိုသာ ကြည့်နေလိုက်သည်။

" ငါ ဒီမြေကို ဝယ်ထားပြီးသား။ ဒီမြေပေါ်မှာ ငါ့ခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်တာက တရားမဝင်ဘူး "

" ဟားဟားဟား၊ တရားမဝင်တာတဲ့လား။ ဒီကလေးက ငါတို့ကို ဥပဒေချိုးဖောက်တယ်လို့ ပြောနေတာလား "

မုတ်ဆိတ်ဖြင့်လူသည် ဟာသတစ်ခုကြားလိုက်ရသလို ပြုမူလိုက်သည်။

သူသည် သူ့အနောက်မှ လူအုပ်စိုကု လှည့်ကြည့်သည်။

" ငါတို့ ဥပဒေချိုးဖောက်တယ်လို့ မင်းတို့ထင်လား "

" ဥပဒေချိုးဖောက်တာ မဟုတ်ဘူး။ ငါတို့က လူကောင်းတွေ "

" ဟုတ်တယ်၊ ငါတို့လည်း အတင်းဖိအားမပေးခံရရင် ဒီနေရာကို မလာဘူး "

" ဒီကလေးက အရိုက်ခံချင်နေတာ ထင်တယ်။ သူနဲ့ ဘာလို့ စကားပြောနေသေးတာလဲ "

" ဟုတ်တယ်။ သူ့ကို သင်ခန်းစာပေးရအောင်။ သူ နောက်တစ်ခါ မလာနိုင်အောင် "

ထိုလူအုပ်စုသည် လက်ထဲမှ လယ်ယာပစ္စည်းများကို ဝေ့ယမ်းကာ အော်ဟစ်နေကြသည်။

ထောက်ရှင်းနှင့် အခြားသူများသည် ကြောက်ရွံ့တုန်လှုပ်နေကြပြီး ဝင်ရောက်စွက်ဖက်ရန် မဝံ့မရဲဖြစ်နေကြသည်။

တစ်ချိန်တည်းမှာပင် ထိုအိမ်ခြေရာမဲ့များမှာ သတင်းရပြီး အကုန်စုလာကြသည်။

ထိုလူတစ်စုသည် လယ်ယာသုံးကိရိယာမျိုးစုံဖြင့် ပြေးလာနေသည်။

ခဏအကြာ၌ လူရမ်းကားများ တစ်ရာကျော် စုရုံးလာသည်။

လူကြီး၊ ကလေး၊ ယောက်ျား၊ မိန်းမ အစုံရှိလေသည်။

ထိုလူတိုင်း၏ မျက်နှာပေါ်၌ ရဲရင့်သောအမူအရာမျိုး ရှိကြသည်။

ထိုအခါ မုတ်ဆိတ်မွေးဖြင့်လူသည် ပို၍ မာနကြီးလာပြီး ယဲ့ဖန်အား သူ၏ပေါက်စိန်ဖြင့် ညွှန်ပြလိုက်သည်။

" ခွေးသား၊ ဒါကို မင်းမြင်လား။ ဒီမှာက ငါတို့လူတွေ အများကြီးပဲ။ ငါတို့တစ်ယောက်စီတိုင်းက တံတွေးထွေးရင်တောင် မင်း ရေနစ်သွားနိုင်တယ် "

" မင်းမသေချင်ရင် ထွက်သွားလိုက်။ နောက်တစ်ခါ ထပ်မလာနဲ့။ မင်း ခြေထောက်တွေ ရိုက်ချိုးပစ်မယ်"

ယဲ့ဖန်သည် သူတို့၏ မောက်မာမှုကြောင့် ချက်ချင်းပင် အူမြူးသွားသည်။

" ခင်ဗျားက တခြားသူတွေရဲ့ မြေကို သိမ်းနေပြီး ဖြောင့်မတ်တဲ့ပုံစံလုပ်ရဲတဲ့ သတ္တိရှိသေးတာလား။ ဒီမှာ ဥပဒေကို မရှိဘဲ "

" ဥပဒေ၊ ငါတို့က ဥပဒေပဲ။ မင်းကို ငါနောက်ဆုံးတစ်ခါ မေးလိုက်မယ်။ မင်း ထွက်သွားမှာလား မသွားဘူးလား "

မုတ်ဆိတ်မွေးဖြင့် ယောက်ျားကြီးသည် သည်းမခံနိုင်တော့ဘဲ ပေါက်စိန်ကို ယဲ့ဖန်ရှေ့သို့ ထိုးညွှန်လိုက်သည်။

သို့သော် ယဲ့ဖန်သည် မျက်တောင်ပင် မခတ်ဘဲ သူ့ဖုန်းကို ဖြည်းညှင်းစွာ ထုတ်ပြီး ချင်းဖန်ရှန်းအား ဖုန်းခေါ်လိုက်သည်။

" ဥက္ကဌချင်း၊ ကျွန်တော့်ကို မြို့အနောက်ဘက် ဆင်ခြေဖုံးဆီကို ဘူဒိုဇာဆယ်စီး ချက်ချင်း ပို့ပေးပါ "

ယဲ့ဖန်မှ ဖုန်းခေါ်ပြီး ပြောဆိုသည့်အကြောင်းအရာကို ကြားလိုက်ပြီးနောက် ထောက်ရှင်းနှင့် ဒုန်းဟွမ်း အိမ်ခြံမြေကုမ္ပဏီ ခေါင်းဆောင်များ၏ အမူအရာများမှာ သိသာစွာ ပြောင်းလဲသွားသည်။

ဤအချိန်၌ ယဲ့ဖန်သည် နောက်မဆုတ်ဘဲ ထိပ်တိုက် တိုက်ခိုက်ရန် ရွေးချယ်မည်ကို သူတို့ မမျှော်လင့်ခဲ့ကြပေ။

အိမ်ခြေရာမဲ့ ရမ်းကားသူများမှာ တစ်ရာကျော်မက ရှိလေသည်။

ထိုလူများအား အတင်းအကြပ် လုပ်မည်ဆိုလျှင် သွေးထွက်သံယိုဖြစ်စေမည့် အခြေအနေကြီးတစ်ခုသို့ ဦးတည်သွားနိုင်သည်။

ထိန်းချုပ်မရသည်အထိ ဖြစ်စေနိုင်သည်မှာ သေချာလေသည်။

သေချာစွာပင် ယဲ့ဖန်၏ ဖုန်းခေါ်ဆိုမှုသည် မီးခြစ်ဆံအား ကောက်ရိုးပုံဆီ ပစ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။

ထိုလူရမ်းကားအုပ်စုမှာ ချက်ချင်း ပေါက်ကွဲသွားကြသည်။

" ဒီကလေးက ဘူဒိုဇာတွေ ခေါ်ပြီး ငါတို့နေရာကို ထိုးကော်ထုတ်မှာလား "

"ဘာလို့ သူနဲ့ စကားပြောနေသေးတာလဲ။ အားလုံးပဲ သူ့ကို သေအောင် ရိုက်ကြ "

" သူက ငါတို့ကို လွတ်လမ်းမပေးရင် ငါတို့နဲ့အတူ သူ့ကို အသေသတ်ပစ်မယ် "

" ဘာပဲဖြစ်ဖြစ် ငါ့ဘဝက စုတ်ပြတ်နေတာပဲ။ ဒီနေ့ မင်းကို သေအောင်သတ်လိုက်လို့ ဘာမှထူးမသွားဘူး ..... "

ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် တစ်ရာကျော်သည် အော်ဟစ်ပြီး ယဲ့ဖန်အား ခြောက်လှန့်ရန် ကြိုးစားနေကြသည်။

သူတို့သည် ယခင်က ဤသို့အခြေအနေမျိုး ဆယ်ကြိမ်မက ကြုံဖူးသည်။

အိမ်ခြံမြေကုမ္ပဏီမှဖြစ်စေ၊ ရုံးအရာရှိလူများဖြစ်စေ သူတို့ စည်းလုံး၍ ခြောက်လှန့်လိုက်ပါက ကြောက်လန့်သွားကြသည်။

သို့သော် ဤတစ်ကြိမ်၌ သူတို့သည် ပြစ်မှားအား မှားယွင်းစွာ ရွေးချယ်ခဲ့မိသည်ကို သတိမပြုမိကြသေးပေ။

" မင်းက ငါတို့ကို ကြမ်းတမ်းပြဖို့ ကြိုးစားနေတာလား။ ဒါဆို ဒီနေ့ ဘယ်သူက ပိုကြမ်းလဲ ကြည့်ရအောင် "

ယဲ့ဖန်သည် ထိုလူများ၏ အော်ဟစ်သံများကို ကြောက်ရွံ့ခြင်းမျိုး မပြဘဲ ထိုအစား လှောင်ပြောင်နေသည်။

" အစက နေစရာနေရာရှာဖို့ ရက်အနည်းငယ်လောက် အချိန်ပေးချင်ပေမယ့် အခု စိတ်ပြောင်းသွားပြီ။ ဒီနေ့ပဲ အကုန်ထွက်သွားရမယ်။ ဘယ်သူမှ နေခွင့်မရှိဘူး "

မုတ်ဆိတ်မွေးဖြင့် ယောက်ျားသည် ယဲ့ဖန်၏ ပြတ်သားသော စကားလုံးများကို ကြားလိုက်သည်နှင့် ချက်ချင်းပင် ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

" ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီလေ။ မင်းက ငါတို့ကို အဆုံးစွန်ထိ တွန်းပို့ချင်နေမှတော့ ငါတို့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့ "

ထိုသို့ပြောပြီးနောက် ရုတ်တရက် အော်လိုက်တော့သည်။

" သူ့ကိုရိုက်ကြစမ်း "

ထို့နောက် သူသည် ဦးဆောင်ပြီး ယဲ့ဖန်ကို တံစဉ်ဖြင့် ခုတ်လိုက်တော့သည်။

******

All Chapters