လှပသောဥက္ကဌစီမှ ဖိတ်ကြားချက်
Vol. 71 Ch. 1410
ယဲ့ဖန် လှည့်ကြည့်ကာ သူမကို စိုက်ကြည့်သည်။
" ကြင်နာတာက ရန်သူကို မထိန်းချုပ်နိုင်သလို သဘောကောင်းတာက စည်းစိမ်ဥစ္စာကို မထိန်းချုပ်နိုင်ဘူး "
" ရန်သူအပေါ် စေတနာထားတာက ကိုယ့်ကိုယ်ကိုယ် ရက်စက်တာပဲ။ ဒါကို မသိရင် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်ဖြစ်လာမှာ မဟုတ်ဘူး "
ထောက်ရှင်း သက်ပြင်းချလိုက်သည်။
ယဲ့ဖန် ပြောသည့် အမှန်တရားမှာ ခါးသည်ဆိုသော်လည်း သူမ ဘာမှမတတ်နိုင်ပေ။
လူတိုင်း စောင့်နေကြချိန် ချင်းဖန်ရှန်း၏ ဒါဇင်နှင့်ချီသော ဘူဒိုဇာများ ရောက်လာသည်။
တဟုန်ထိုး အသံမှာ နားဆူနေသည်။
မုတ်ဆိတ်ဖြင့်ယောက်ျား ဦးဆောင်သော လူအုပ်သည် လက်လုပ်အိမ်များထဲမှ အထုတ်များဖြင့် ထွက်သွားကြသည်။
သူတို့ ထွက်သွားသည်နှင့် ဘူဒိုဇာများသည် ချက်ချင်း စတင်လှုပ်ရှားလာပြီး တရားမဝင် အဆောက်အဦးများကို စတင်ဖြိုချခဲ့သည်။
ဝူး ..........
ပထမဆုံး အိမ်တစ်အိမ် ပြိုကျသွားသည်။
ထိုအိမ်၌ လူငါးယောက် နေလေသည်။
သက်ကြီးရွယ်အို နှစ်ဦး၊ လူလတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးနှင့် အသက် ကိုးနှစ်အရွယ် ကောင်မလေးတစ်ဦးတို့ ပါဝင်သည်။
သူတို့ငါးယောက်သည် ထိုအိမ် ပြိုကျနေသည်ကို တွေ့လိုက်ပြီး ချက်ချင်းပင် ငိုကြတော့သည်။
မကြာခင်မှာပဲ လက်ဖြစ်အိမ်များ တစ်လုံးပြီးတစ်လုံး ပြိုကျသွားသည်။
ကောင်းကင်ကြီး လှုပ်ခါနိုင်သည်အထိ အော်ဟစ်သံများ ပိုကျယ်လောင်လာသည်။
ယဲ့ဖန်၏ အမူအရာသည် အစမှအဆုံးထိ အေးစက်နေပြီး မည်သည့်ခံစားချက်မှ မပြပေ။
ထောက်ရှင်းနှင့် ဒုန်းဟွမ်း အိမ်ခြံမြေမှ လူများသည် ယဲ့ဖန်၏နောက်ကျောကို ကြည့်လျက် မတတ်နိုင်ဘဲ စိတ်ထဲမှ ကျိန်ဆဲနေကြသည်။
သူ လုပ်ခဲ့သည်များမှာ ကျိုးကြောင်းဆီလျော်သော်လည်း နှလုံးသားမဲ့လှသည်။
ထိုကဲ့သို့ လူများစွာ အဖြစ်ဆိုးကြီးနှင့် ကြုံနေသည်ကို မြင်သော်လည်း ယဲ့ဖန်သည် လျစ်လျူရှုထားနိုင်သေးသည်။
အလွန်ပင် အေးစက်လှသည်။
တိုက်ခိုက်သတ်ဖြတ်လေ့ရှိသူ လိုက်ကျီချန်းပင်လျှင် သည်းမခံနိုင်ပေ။
ဓားတစ်ချောင်းကို ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လှသော လူရမ်းကားများကို တိုက်ခိုက်ခိုင်းပါက သူ မျက်တောင်မခတ်ဘဲ တိုက်ခိုက်နိုင်သည်။
သို့သော် အသက်ကြီးသူများ၊ အားနည်းသူများ၊ ဖျားနာသူများ၊ မသန်စွမ်းသူများကို တိုက်ခိုက်ရသည့်အခါ သူ့နှလုံးသားပေါ်၌ ကျောက်တုံးတစ်တုံး ရှိနေသကဲ့သို့ ခံစားရသည်။
သူ အနည်းငယ် အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။
မကြာမီမှာပင် ဖြစ်သလိုဆောက်ထားသည့်များ အားလုံး ပြိုပျက်သွားခဲ့သည်။
ဘူဒိုဇာများသည် ကောက်ပဲသီးနှံများဆီသို့ ဆက်လက် ရွေ့လျားသွားခဲ့သည်။
မုတ်ဆိတ်ဖြင့် ယောက်ျားသည် သည်းမခံနိုင်တော့ပေ။
ခွေးလေခွေးလွင့်များကဲ့သို့ နေရာမဲ့နေသော လူတစ်စုကို လှမ်းကြည့်လိုက်သည်။
" သွားကြစို့ "
လူအုပ်ကြီးထံမှ မရေမတွက်နိုင်သော သက်ပြင်းချသံများ ထွက်ပေါ်လာသည်။
လူတိုင်းသည် အိတ်ကြီး၊ အိတ်ငယ်များကို သယ်လျက် ရွှေ့ပြောင်းရန် ပြင်ဆင်ကြသည်။
ယဲ့ဖန် ရုတ်တရက် လက်ယမ်းပြလိုက်သည်။
ထိုအခါ လိုက်ကျီချန်းသည် လျင်မြန်စွာ ပြေးသွားသည်။
" လူကြီးမင်း၊ ခိုင်းစရာများ ရှိပါသလား "
ယဲ့ဖန်သည် ထွက်သွားနေသော လူများကို ကြည့်သည်။
" မင်းတို့ရဲ့ ဇာမဏီသုံးကောင်အဖွဲ့အစည်းမှာ လုပ်ငန်းတွေ အများကြီး ရှိလောက်တယ် မဟုတ်လား "
လိုက်ကျီချန်း အံ့အားသင့်သွားပြီးနောက် ဖြေလေသည်။
" ဟုတ်ပါတယ်၊ လုံခြုံရေးကုမ္ပဏီအပြင် ကျွန်တော်တို့မှာ အထည်ချုပ်စက်ရုံနဲ့ အရုပ်စက်ရုံတစ်ခုလည်း ရှိပါတယ် "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ဒါဆို ဒီအဖွဲ့ထဲက သင့်တော်တဲ့ လူတချို့ကို ရွေးပြီး သူတို့အတွက် အလုပ်တချို့ စီစဉ်ပေးလိုက် "
" နောက်မှ မင်းတို့ရဲ့ ဥက္ကဌနဲ့ စကားပြောလိုက်မယ်။ သူမ သဘောတူလောက်ပါတယ် "
လိုက်ကျီချန်း၏ မျက်လုံးထဲမှ လေးစားမှုမှာ ပိုတိုးလာသည်။
" လူကြီးမင်းက တကယ်ကို သဘောထားကြီးတာပဲ "
ယဲ့ဖန် မသိမသာ ပြုံးလိုက်သည်။
" သူတို့တွေ လမ်းတွေပေါ်မှာ အစာငတ်ပြီး သေကုန်မှာကို မကြားချင်လို့ "
လိုက်ကျီချန်းသည် တခြားဘာမှပြန်မပြောဘဲ မုတ်ဆိတ်ဖြင့်ယောက်ျားအား ဆွေးနွေးရန် အမြန်ပြေးသွားသည်။
မုတ်ဆိတ်ဖြင့် ယောက်ျားသည် ဝမ်းသာသွားတော့သည်။
သူသည် လူအုပ်ကြီးကို အမြန်အော်လိုက်သည်။
" သွားစရာနေရာရှိပြီ။ သွားစရာနေရာရှိပြီ ..... "
ထိုသတင်းကို ပြောလိုက်သည့်အခါ ဝမ်းနည်းနေကြသူများအားလုံး ဝမ်းသာသွားကြသည်။
လိုက်ကျီချန်းသည် တစ်စုံတစ်ခုပြောပြီးနောက် ယဲ့ဖန်ကို ညွှန်ပြသည်။
ထိုလူများသည် ယဲ့ဖန်အား ရှုပ်ထွေးသောအမူအရာများဖြင့် ကြည့်နေပြီး အဆုံး၌ သူတို့အားလုံးသည် ကျေးဇူးတင်ကြောင်းပြသရန် ဦးညွှတ်ခဲ့ကြသည်။
ယဲ့ဖန်သည် သူတို့ကို နှလုံးသားမဲ့စွာ နှင်ထုတ်ခဲ့သော်လည်း နေစရာနှင့် ရှင်သန်နိုင်ရန် လုပ်ငန်းသစ် ကူညီရှာပေးခဲ့သည်။
ဤအရာသည် အလွန်ကျေးဇူးကြီးသည်ဟု ယူဆနိုင်သည်။
" ယဲ့လူကြီးမင်းက တကယ်ကို သဘောထားကြီးတာပဲ။ လေးစားမိပါတယ် "
ထောက်ရှင်းသည် ဤတစ်ကြိမ်တွင် ယဲ့ဖန်အား စိတ်ရင်းအမှန်ဖြင့် ချီးကျူးခဲ့သည်။
အစောပိုင်းက သူမသည် ယဲ့ဖန်မှာ အေးစက်လွန်းသည်ဟု ခံစားရပြီး သူမနှလုံးသားကိုပင် အေးခဲစေနိုင်သည်ဟု ထင်လိုက်သည်။
ထိုလူများအား အိမ်ခြေရာမဲ့ဖြစ်ခြင်းမှ ကယ်တင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
နှလုံးသားမဲ့ခြင်းများကြားမှ ဤနွေးထွေးသည့် အရိပ်အယောင်သည် အေးစက်သောဆောင်းရာသီမနက်ခင်းရှိ နေရောင်ခြည်နှင့်တူလေပြီး ပို၍ အဖိုးတန်လာသည်။
" ခင်ဗျား စိတ်ထဲမှာ ခုနက ကျွန်တော့်ကို ကျိန်ဆဲနေတာ မဟုတ်ဘူးလား "
ယဲ့ဖန် လှည့်ကြည့်လိုက်ပြီး သူမကို မော့ကြည့်လိုက်ကာ အရာအားလုံးကို မြင်ထားသကဲ့သို့ သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေသည်။
ထောက်ရှင်း အနည်းငယ် ရှက်သွားသည်။
" ကျွန်မ ဉာဏ်တိမ်ပြီး ယဲ့လူကြီးမင်းကို အထင်လွဲခဲ့တာ အမှန်ပါပဲ "
" တောင်းပန်တဲ့အနေနဲ့ စာရွက်စာတမ်းတွေ လွှဲပြောင်းပြီးရင် ယဲ့လူကြီးမင်းကို ကျွန်မ ညစာဖိတ်ကျွေးပါ့မယ် "
ထိုစကားကို ပြောပြီးနောက် သူမသည် ယဲ့ဖန်ကို မျှော်လင့်စွာဖြင့် ကြည့်နေခဲ့သည်။
သို့သော် ယဲ့ဖန်မှာ ပြတ်သား ရက်စက်လေသည်။
ထောက်ရှင်းသည် ယဲ့ဖန်အား ဆွဲဆောင်မှုရှိသည်ဟု မြင်လေသည်။
ထို့ကြောင့် သူနှင့် တကယ်ပင် မိတ်ဖွဲ့ချင်သည်။
" ခင်ဗျားရဲ့ တောင်းပန်မှုကို လက်ခံတယ်။ ဒါပေမယ့် ညစာတော့ မစားနိုင်လောက်ဘူး။ ကျွန်တော် လုပ်စရာလေးတွေ ရှိသေးတယ် "
ယဲ့ဖန်သည် သူမ၏ ဖိတ်ကြားချက်ကို ချက်ချင်း ငြင်းပယ်လိုက်သည်။
ထောက်ရှင်း အံ့သြသွားသည်။
သူမသည် ကျန်းကောပြည်နယ် စီးပွားရေးလောက၌ နာမည်ကြီးပြီး လှပသည့်လုပ်ငန်းရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။
မရေမတွက်နိုင်သော သူဌေးကြီးများမှာ သူမနှင့်အတူ ညစာစားနိုင်ရန် ဖိတ်ခေါ်ချင်ကြသည်။
ယခုအခါ သူမသည် တစ်ဖက်သူကို သူမဘက်မှ စတင်၍ ဖိတ်ကြားခဲ့သော်လည်း သူမသည် တန်းပြီး ငြင်းပယ်ခံခဲ့ရသည်။
ထိုသည်က သူမကို အနည်းငယ် ရှက်သွားစေသည်။
" ယဲ့လူကြီးမင်း ...... "
သူမ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ယဲ့ဖန်၏ဖုန်း ရုတ်တရက် မြည်လာပြီး ချင်းဖန်ရှန်းထံမှ ဖုန်းဝင်လာသည်။
" မင်္ဂလာပါ ယဲ့လူကြီးမင်း၊ အဆင်ပြေပါရဲ့လား "
ချင်းဖန်ရှန်းမှ မေးသည်။
" ကျွန်တော် ဖြေရှင်းပြီးပြီ။ ဒီကိစ္စအတွက် ကျေးဇူးတင်ပါတယ် "
ယဲ့ဖန် အေးဆေးစွာ ပြန်ဖြေသည်။
" ဒါက အသေးအမွှားကိစ္စပါ။ ရပါတယ် ယဲ့လူကြီးမင်း။ ကျွန်တော် လူကြီးမင်းကို ဒီတစ်ခါ ခေါ်လိုက်တာက ဒီအသေးအမွှားကိစ္စအတွက် မဟုတ်ဘဲ ရှာဖွေရေးအတွက်ပါ။ ကျွန်တော်တို့ရဲ့ အစီရင်ခံစာကို အထက်အစိုးရကို အတည်ပြုခွင့်ပြုမိန့်ရပြီးပါပြီ။ မနက်ဖြန်ပဲ စူးစမ်းဖို့ သွားလို့ရပါတယ် "
" အိုး၊ ဟုတ်လား။ အဲ့တာဆို ကောင်းတယ် "
ယဲ့ဖန်သည် နောက်ဆုံး၌ ဝမ်းသာသွားသည်။
သူသည် ဤအခွင့်အရေးကို အသုံးချကာ ရှန်းဘုရင်၏ လျှို့ဝှက်ရတနာကို ရှာဖွေနိုင်လိမ့်မည်။
ဖုန်းချပြီးသည်နှင့် ချက်ချင်း လှည့်ပြီး Mercedes-Benzဆီကို လျှောက်သွားသည်။
" ပြန်ကြတာပေါ့ "
ထောက်ရှင်းသည် သူမ၏စကား အဆုံးသတ်ရန်ပင် အချိန်မရှိလိုက်ပေ။
သူမ ခေါင်းညိတ်ပြပြီးနောက် ကူကယ်ရာမဲ့စွာ ကားထဲသို့ ဝင်သွားခဲ့သည်။
လွှဲပြောင်းပေးသည့် လုပ်ငန်းစဉ်များ ဖြေရှင်းပြီးနောက် ယဲ့ဖန်သည် ထောက်ရှင်း၏ ဖိတ်ကြားချက်ကို ထပ်မံငြင်းဆိုခဲ့ပြီး ဒုန်းဟွမ်းအိမ်ခြံမြေကုမ္ပဏီမှ ထွက်ခွာသွားခဲ့သည်။
ဒုန်းဟွမ်း အိမ်ခြံမြေကုမ္ပဏီ၏ ကားပါကင်မှ မောင်းထွက်လာသည်နှင့်တပြိုင်နက် သူ့အနောက်ရှိ အနီရောင် Porsche 911တစ်စီးကို ယဲ့ဖန် သတိပြုမိသည်။
မူလ၌ ယဲ့ဖန် ဂရုမစိုက်ချေ။
သို့သော် အနည်းငယ် ကြာပြီးသည့်နောက် Porscheသည် သူ့အနောက်သို့ ဆက်တိုက် လိုက်နေသေးကြောင်းကို သဘောပေါက်လိုက်သည်။
ယဲ့ဖန် မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး အေးစက်သော အလင်းရောင်တစ်ခု သူ့မျက်လုံးထဲ၌ လင်းလက်လာသည်။
သူ့နောက်ကို လိုက်နေတာလား။
တောင်နက်ဂိုဏ်းက လွှတ်လိုက်တဲ့သူ ဖြစ်နေမလား။
ယဲ့ဖန်သည် နောက်ကြည့်မှန်မှ တစ်ဖက်သူ၏မျက်နှာကို ရှင်းလင်းစွာ ကြည့်ချင်သော်လည်း ကားနှစ်စီးသည် အတော်အတန်ဝေးနေသည့်အပြင် Porscheကားမောင်းသူသည် မျက်နှာကို ဖုံးအုပ်နိုင်သော ဦးထုပ်ကို ဆောင်းထား၍ သေချာ မမြင်နိုင်ချေ။
ယဲ့ဖန် အရှိန်တင်ကာ တစ်ဖက်သူကို မျက်ခြေဖြတ်သည်။
သို့သော် အံ့အားသင့်စရာကောင်းစွာဖြင့် တစ်ဖက်သူ၏ မောင်းနှင်မှုစွမ်းရည်မှာ မပျော့ညံ့ပေ။
ယဲ့ဖန် အဝေးကို မောင်းထွက်သွားသော်လည်း Porscheသည် သူ့အနောက်သို့ အတင်းလိုက်နေဆဲဖြစ်သည်။
တစ်ဖက်သူ၏ အရည်အချင်းမှာ မပျော့ညံ့သည်ကို မြင်နိုင်သည်။
ယဲ့ဖန် ခဏတာ စဉ်းစားပြီးနောက် Hummerကားကို လမ်းဘေးတစ်ခုဆီ မောင်းသွားလိုက်ပြီး အပြင်ထွက်ရန် တံခါးကို တွန်းဖွင့်လိုက်သည်။
သေချာစွာပင် ယဲ့ဖန် လမ်းကြားတစ်ခုထဲကို ဝင်ကာ ကားရပ်ပြီးနောက် Porscheသည်လည်း ကားပါကင်တစ်နေရာ၌ ကားရပ်ပြီး သူ့အနောက်ကို လိုက်လာသည်။
ယဲ့ဖန်သည် ပေါ့ပါးစွာ နောက်ပြန်လှည့်ကြည့်သည့်ပုံ ဟန်ဆောင်လိုက်သည်။
ထိုလူသည် အရပ် ၁.၇မီတာခန့်ရှိပြီး ပိန်ပါးသည်။
သူမသည် ယောက်ျားဝတ်စုံကို ၀တ်ထားသော်လည်း သူမ လမ်းလျှောက်သည့်ပုံမှ မိန်းကလေးဖြစ်သည်ကို သိနိုင်သည်။
******