← Chapters

မင်းက ငါနဲ့ မတန်ဘူး

Vol. 71 Ch. 1412

မင်းက ငါနဲ့ မတန်ဘူး

Vol. 71 Ch. 1412

" ဘာလို့ အဲ့လိုမေးတာလဲ "

သူမသည် ပိတ်ဆို့ထား၍ ယဲ့ဖန်သည်လည်း ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ရသည်

" သိချင်မိလို့ပါ။ ဒီလို အသွင်အပြင်နဲ့ အရမ်းချောတဲ့ ကောင်လေးက တစ်ယောက်တည်း လမ်းလျှောက်နေတာ နည်းနည်း ထူးဆန်းတယ်လေ မဟုတ်လား "

မာရီနာသည် သူမ၏မျက်လုံးထဲမှ သဘောကျမှုပုံစံကို မဖုံးကွယ်ထားပေ။

ဤသည်မှာ သူမ၏ ဒုတိယမြောက် အရည်အချင်း ဖြစ်သည်။ သူမသည် တစ်ဖက်သူ စိတ်တိုင်းကျလာသည်အထိ ချီးမွမ်းတတ်သည်။

သူမ၏ အတွေ့အကြုံအရ ပြောရလျှင် ယောက်ျားလေးများသည် အထူးသဖြင့် ချောမောလှပသော မိန်းကလေးတစ်ယောက်၏ ချီးမွမ်းခြင်းကို ငြင်းပယ်နိုင်မည် မဟုတ်ပေ။

လက်ရှိအချိန်၌ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ မှတ်ချက်များမှာ ရုတ်တရက် များပြားလာသည်။

" ဟားဟား၊ မာရီနာရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတာပဲ။ ဒါက အစီအစဉ်အတွက် လုပ်နေတာသာ မဟုတ်ရင် ဒီကောင်လေးကို တကယ်ကြိုက်နေတာလို့ ငါ ထင်မိမတတ်ဘဲ "

" အရင်က အတွေ့အကြုံတွေအရဆို သူမရဲ့ ညှို့ငင်ပုံကို ဘယ်သူမှ ခုခံနိုင်စွမ်း မရှိဘူး "

" ငါ ထင်တာမမှားရင် ဒီလူက ချက်ချင်း သွေးတွေဆူပွက်လာပြီး လက်ရဲဇတ်ရဲ လုပ်လိမ့်မယ် "

" ဒါနဲ့ အဲ့ဒီလူက တော်တော်ချောတာပဲ "

" ရုပ်ချောတာ ဘာလုပ်ရမှာလဲ။ သူက ရုပ်ချောပြီး မွေးလာပေမဲ့ ယောက်ျားတွေ အားလုံးက အတူတူပဲ "

" မင်းကရော ယောက်ျား မဟုတ်လို့လား "

" ဟားဟား၊ ငါပြောတာ မှားသွားလို့လား။ မယုံရင် ဆက်ကြည့်ကြတာပေါ့ "

တိုက်ရိုက်ကြည့်နေသူများသာမက ကျူးရှောင်ကျောင်းသည်လည်း ယဲ့ဖန် ဘာဆက်လုပ်မည်ကို မသိသောကြောင့် သူမ၏ဖုန်းကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

ယဲ့ဖန်သည် သူ့အားတားလိုက်သောမိန်းကလေးမှာ အလွန်ရိုးသားပုံပေါ်သော်လည်း သူမ၏အပြုံးနောက်၌ ဖုံးကွယ်ထားသည့်အရာတစ်ခု ရှိနေသည်ကို ခံစားမိ၌ မာရီနာကို သေချာ စိုက်ကြည့်လိုက်သည်။

သူသည် စနစ်မှ နက်နဲသော စကန်ဖတ်စစ်ဆေးခြင်းကို စတင်လိုက်သည်။

ကင်မရာတွေလား။

ယဲ့ဖန် လှည့်ကြည့်လိုက်သည့်အခါ လက်ဆွဲအိတ်တစ်လုံးနှင့် မနီးမဝေး၌ ရပ်နေသော 'လမ်းသွားလမ်းလာ'တစ်ယောက်ကို တွေ့လိုက်ရသည်။

သေချာ မကြည့်ပါက ထူးခြားချက်ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

လက်ဆွဲအိတ်ထဲမှာ ကင်မရာတစ်လုံး ဝှက်ထားမယ်လို့ ဘယ်သူထင်မှာလဲ။

ယဲ့ဖန် ဘေးပတ်လည်ကိုလည်း ကြည့်လိုက်ရာ သံသယဖြစ်စရာကောင်းသော လူတချို့ကို တွေ့လိုက်ရသည်။

ဈေးဝယ်ချင်ယောင်ဆောင်နေကြသော်လည်း သူတို့၏မျက်လုံးများက ယဲ့ဖန်တို့ဘက်ကို ကြည့်နေသည်။

ဆိုးညစ်သော အပြုံးတစ်ခု သူ့မျက်နှာ၌ ပေါ်လာသည်။

" ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်နဲ့။ မင်းက ငါနဲ့ မတန်ဘူး "

ယဲ့ဖန်သည် မာရီနာနှင့် တိုက်ရိုက်ကြည့်ရှုနေသူတိုင်းကို အံ့အားသင့်စေမည့် စကားကို ပြောပြီးနောက် အရှေ့သို့ ဆက်လျှောက်ခဲ့သည်။

" ဖူး ဟားဟားဟား ..... "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ မာနကြီးသော စကားကို ကြားပြီး ဒေါသထွက်ကာ ရယ်လိုက်သည်။

ဒီကောင်ကတော့ တော်တော်ကို ဆိုးတာပဲ။

ယဲ့ဖန်သည် သူမကို ရူးနေသည်ဟုထောက်ပြပြီး သူနှင့် မထိုက်တန်ကြောင်းပင် ပြောလေသည်။

ဒီယဲ့ဖန် တကယ် အရိုက်ခံသင့်တယ်။

သို့သော် ကျူးရှောင်ကျောင်း အလွန်ပျော်နေသေးသည်။

အနည်းဆုံးအနေဖြင့် ယဲ့ဖန်သည် အလှတရားကြောင့် ယိုင်နဲ့မသွားပေ။

တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်သည်ကို ကြည့်နေသူများမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

" ဘာလဲ။ ငါ နားကြား မှားသွားတာလား။ ဒီကောင်က မာရီနာက သူနဲ့ မထိုက်တန်ဘူးလို့ တကယ် ပြောလိုက်တာလား။ သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ "

" ငါ့စိတ်နဲ့ ဒီကောင်တော့ တကယ်အရိုက်ခံရတော့မှာပဲ "

" မာရီနာက ငါ့နတ်သမီးလေး။ ဒီကောင်က မာရီနာလေးကို ပြောနေတာ စောက်ရမ်းဒေါသထွက်တယ် "

" အဲ့ဒီမှာ ဘယ်သူရှိလဲ။ ငါ့အစား သူ့ကို နှစ်ချက်လောက် ရိုက်ပေးလို့ မရဘူးလား "

ထိုမှတ်ချက်များသည် အလွန်ရိုင်းစိုင်းကာ ယဲ့ဖန်၏မိဘများနှင့် ပတ်သက်၍ပင် ပြောဆိုထားသည့် စကားများပင် ရှိနေခဲ့သည်။

မာရီနာသည် ထိုနေရာ၌ အကြာကြီး ရပ်နေမိပြီးနောက် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။

သူမသည် ယခင်က ယောက်ျားများစွာနှင့် ပရောပရည်လုပ်ခဲ့ဖူးသော်လည်း သူမအား ယောက်ျားစွဲလမ်းသူအဖြစ် တစ်ခါမျှ အပြစ်တင်ခြင်း မခံရဖူးပေ။

ယနေ့ ထိုသို့ အပြောခံရမည်ဟု သူမ မမျှော်လင့်ထားချေ။

သူမသည် ယခုကဲ့သို့ တစ်စုံတစ်ဦးအား လက်စားချေလိုခြင်း မရှိခဲ့ဖူးပေ။

သို့သော် ယခုအခါ သူမ ဒေါသထွက်ကာ ထိုကောင်လေးကို ပညာပြလိုသည်။

လက်စားချေရန် အကောင်းဆုံးနည်းလမ်းမှာ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုနေသူ ထောင်ပေါင်းများစွာရှေ့၌ အရှက်ရစေခြင်းပင်ဖြစ်သည်။

ဒီလို ဆက်ပြီး မောက်မာနိုင်မလားဆိုတာ ကြည့်ကြတာပေါ့။

ကလဲ့စားချေရန် အစီအစဥ်ကို တွေးပြီးနောက် သူမ ပြုံးလိုက်ပြီး ယဲ့ဖန်အနောက်ကို အမြန်လိုက်လာခဲ့သည်။

" အချောလေး၊ ခဏစောင့်ပါဦး။ အိုက်ယား ...... "

ယဲ့ဖန်အား အမီလိုက်ခါနီးတွင် မာရီနာသည် ခြေကျင်းဝတ်လည်သွားသည့်ပုံ ဟန်ဆောင်ကာ ယဲ့ဖန်ဘက်သို့ မှီလိုက်သည်။

သို့သော် ယဲ့ဖန်မှ နောက်ပြန်ဆုတ်သွားသောကြောင့် သူမသည် ပစ်မှတ်ကို လွဲချော်ပြီး မျက်နှာဖြင့် မြေကြီးပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။

မာရီနာသည် နောက်ဆုံး၌ သူမကိုယ်သူမ မျှခြေညီစေရန် ထိန်းနိုင်ခဲ့သော်လည်း ကင်မရာအရှေ့တွင် အရှက်ရစေခဲ့သည်။

ထို့ကြောင့် သူမ၏ဒေါသစိတ်မှာ ပိုလို့ပင် ပူလောင်လာသည်။

" အိုက်ယား၊ ခြေထောက်နာသွားပြီ။ ကူညီပေးလို့ရမလား "

မာရီနာသည် သူမ၏ ဒေါသကို ထိန်းကာ ယဲ့ဖန်အား အကူအညီတောင်းကာ သနားချင်စရာကောင်းသောပုံ ဟန်ဆောင်သည်။

ယဲ့ဖန်သည် သူမ၏ ဟန်ဆောင်ထားသော အကြည့်ကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

" ရှင်က လူကြီးလူကောင်းမဟုတ်လား။ ကူပါဦး။ တကယ် မရပ်နိုင်တော့ဘူး "

မာရီနာမှ ဆက်လက်တိုက်တွန်းသည်။

ထိုအချိန် လူအတော်အများ ဝိုင်းအုံလာကြပြီး အချို့မှာ ယဲ့ဖန်ကိုပင် ညွှန်ပြလာကြသည်။

မိန်းကလေးတစ်ဦး၏ အကူအညီတောင်းခံမှုကို လျစ်လျူရှုနေသော ယဲ့ဖန်အား ရက်စက်လွန်းသည်ဟု ထင်နေမည်မှာ သေချာလေသည်။

ယဲ့ဖန် ကူကယ်ရာမဲ့စွာဖြင့် လက်ကိုဆန့်ကာ သူမကို ကူညီခဲ့သည်။

" အို့ ...... "

မာရီနာသည် သူမ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးအား ယဲ့ဖန်အပေါ်သို့ မှီတွယ်လိုက်ရာ မထိန်းသာပဲ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နေရာတချို့ မလွဲမသွေ ထိမိကုန်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသော အမျိုးသားပရိသတ်များသည် ထိုသည်ကို မြင်သောအခါ ညည်းညူကြသည်။

" ဒီကောင် တကယ် ကံကောင်းတာပဲ။ သူက မာရီနာနဲ့ ရင်းရင်းနှီးနှီး နေနိုင်တယ် "

" ငါကျ ဘာလို့ ဒီလောက် ကံကောင်းပြီး မတွေ့ရတာလဲ။ မာရီနာက ဒီလိုမျိုး ဖက်ပေးမယ်ဆို လူကြားထဲ အရှက်ကွဲရင်တောင် လက်ခံမှာ "

" ဟားဟား၊ မင်း ခုနကကျ လူကြီးလူကောင်း ဟန်ဆောင်နေသေးတာ။ အခုကျ မင်းလည်း ကြောင်သူတော်ပဲ "

" ငါပြောသားပဲ၊ ယောက်ျားတွေက အတူတူပဲ။ မျှော်လင့်ထားသလိုပဲ..."

ကျူးရှောင်ကျောင်းသည် ဗီဒီယိုထဲ၌ ယဲ့ဖန်နှင့် မာရီနာတို့ ခန္ဓာကိုယ်ချင်း ထိနေသည်ကို မြင်ပြီးနောက် မှတ်ချက်များကိုပါ မြင်လိုက်ရပြီး နှုတ်ခမ်းစူလိုက်သည်။

ဒီလိုနဲ့ အဲ့မိန်းကလေးကို ကြွေသွားတော့မှာလား။

ကျူးရှောင်ကျောင်းသည် အလျင်စလို ပြေးသွားပြီး သူတို့ကို ဆွဲထုတ်လိုက်ချင်ပါသော်လည်း အဆုံး၌ သူမကိုယ်သူမ ထိန်းထားခဲ့သည်။

ဟွန်း၊ ဒီလို သွေးဆောင်တာကိုတောင် မခုခံနိုင်ဘူးဆိုရင် လူရှေ့သူရှေ့ အရှက်ကွဲခံရသင့်တယ်။

" ကျွန်မကို ဘေးနားမှာ ထိုင်ဖို့ ကူညီပေးနိုင်မလား "

မာရီနာသည် ခေါင်းကို မော့၍ သူမထက် ဦးခေါင်းတစ်လုံးပိုမြင့်သော ယဲ့ဖန်ကို ကြည့်မိလိုက်ရာ အကြောင်းပြချက်မရှိဘဲ သူမ၏နှလုံးမှာ ခုန်ပေါက်သွားသည်။

ဤရှုထောင့်မှ ကြည့်ပါက ဤကောင်လေး၏ မျက်နှာအသွင်အပြင်သည် အမှန်တကယ်ပင် ချောမောနေလေသည်။

သူမသည် ရိုက်ကူးရေးလုပ်နေသည်ကိုပင် ခဏတာ မေ့လုနီးပါးဖြစ်သွားရသည်။

သူမ၏ နှလုံးခုန်သံ ဆူညံသွားသည်ကို ခံစားနိုင်သည်။

ယဲ့ဖန်သည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သူမကို အနီးနားရှိ လှေကားထစ်တွင် ထိုင်ရန် ကူညီပေးခဲ့သေးသည်။

မာရီနာ၏ နှုတ်ခမ်းသည် အောင်ပွဲခံသော အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် သူမ၏ ညာဘက်ဒေါက်မြင့်ဖိနပ်ကို ဖြည်းညှင်းစွာ ချွတ်ပြီး လှပသော ခြေဖဝါးကို ပေါ်လွင်စေသည်။

သူမ ယောက်ျားများအား နားလည်မှုအရ ယောက်ျားအများစုသည် မိန်းမများ၏ ခြေထောက်ကို အလွန်စိတ်ဝင်စားကြသည်။

ဒီကောင်လေးလည်း မခုခံနိုင်လောက်ဘူး။

" အား၊ နာလိုက်တာ။ အချောလေး၊ ခြေထောက်ကို ပွတ်ပေးပါလား "

မာရီနာသည် ယဲ့ဖန်ကို ချွဲနွဲ့သောလေသံဖြင့် မေးလိုက်သည်။

ချွဲနွဲ့ တတ်သော အမျိုးသမီးများသည် အကောင်းဆုံးဘဝရှိသည်ဟု ဆိုကြသည်။

ထိုကဲ့သို့ ချွဲနွဲ့ တတ်သည့်လေသံမျိုးသည် ယောက်ျားများကို သေစေနိုင်သည်အထိ စွမ်းဆောင်နိုင်စွမ်းရှိသည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြန်သည်။

" အို ဘုရားရေ၊ ဒီမိန်းမက အရမ်းဆွဲဆောင်မှုရှိတာပဲ။ ဘယ်ယောက်ျားက သည်းခံနိုင်မှာလဲ "

" ဘုရားရေ၊ ငါ့အရိုးတွေတောင် ပျော့ခွေသွားတော့မတတ်ဘဲ။ သူက ငါ့ကို ဓားတောင်ပေါ်တက်ခိုင်းပြီး ဆီအိုးထဲ ဆင်းခိုင်းရင်တောင် ဆင်းလိုက်မယ် "

" ဘယ်လို မြွေမလေးလဲ။ အဆိပ်ပြင်းလိုက်တာ "

" မာရီနာရဲ့ခြေထောက်တွေက အရမ်းလှတာပဲ။ ငါ တစ်နှစ်လုံး အဲ့ခြေထောက်လေးတွေနဲ့သာ ကစားလိုက်ချင်တယ် "

" မပြောနဲ့တော့၊ ငါ ဖုန်းကို ပြေးလျက်နေပြီ "

" ဒီကလေးက ဒီလိုဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမယ်လို့ မထင်ဘူး "

" သာမန်ယောကျာ်းဆို မထိန်းနိုင်ဘူး။ သူ ယောက်ျားမဟုတ်ရင် တစ်မျိုးပေါ့ ..... "

ကျူးရှောင်ကျောင်း၏ နှလုံးသားသည် လည်ချောင်းထဲတွင် တစ်နေသည်ဟု ခံစားရပြီး ယဲ့ဖန်မှ ထိုမိန်းမ၏ တောင်းဆိုချက်အား သဘောတူမည်ကို စိုးရိမ်နေသည်။

ဖြစ်နိုင်ခြေက တော်တော်လေး မြင့်တာပဲ မဟုတ်လား။

ဘယ်လိုပဲဖြစ်ဖြစ် မာရီနာလို မိန်းမလှလေးကို ဘယ်သူက ငြင်းနိုင်မှာလဲ။

******

All Chapters