ဘယ်ယောက်ျားက ငြင်းနိုင်မှာလဲ
Vol. 71 Ch. 1413
သို့သော် ယဲ့ဖန်မှ ဖြေလိုက်သောအဖြေသည် လူတိုင်း မျှော်လင့်ထားသည့်အရာ မဟုတ်ပေ။
" အားကစားသမားလို ခြေထောက်တွေကို ကိုင်ရမှာ ကြောက်တယ် "
ထိုစကားကို ပြောပြီးနောက် လှည့်ထွက်သွားသည်။
မာရီနာသည် ထိုနေရာတွင်ပင် ကြောင်အသွားပြီး သူ့နောက်ကျောကို စိုက်ကြည့်နေသည်။
အငြင်းခံလိုက်ရတာလား။
ယောက်ျားတစ်ယောက်က တစ်သက်မှာ တစ်ခါရမယ့် အခွင့်အရေးကို တကယ်ကြီး ငြင်းလိုက်တာလား။
ပြီးတော့ မိန်းကလေးတစ်ယောက်ကို နာကျင်စေနိုင်မယ့် စကားကို တကယ်ကြီး ပြောသွားသေးတယ်။
အားကစားသမားရဲ့ ခြေထောက်တဲ့လား။
မာရီနာ အလွန်ဒေါသထွက်ပြီး ရယ်လိုက်သည်။
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများမှာတော့ အခြေအနေကွဲပြားသည်။
" ဟားဟား၊ ဒီကောင်က ရယ်စရာကောင်းတာပဲ။ အသားမာတတ်နေတဲ့ခြေထောက်လို့ ပြောလိုက်တာလား။ ဟားဟားဟား "
" မာရီနာမှာ အားကစားသမား ခြေထောက်ရှိတယ်ဆိုတာ မယုံနိုင်ဘူး။ ဒီလောက် ခြေထောက်လှလှလေးက ဘယ်လိုလုပ် အားကစားသမားခြေထောက်ဖြစ်နိုင်မှာလဲ။ ဟားဟားဟား ....... "
" ဒီကောင်က မိုက်ရိုင်းလွန်းတယ်။ ဒီလိုကြီးပြောလိုက်တော့ မာရီနာဘယ်လိုလုပ်မှာလဲ ..... "
" မာရီနာနောက်ကျ နာမည်ပြောင်တစ်ခု ထပ်ရလာမယ်လို့ ခံစားမိတယ် ။ နံစော်ခြေထောက်လား၊ ဒါမှမဟုတ် ခြေကြမ်းကြီးလား။ ဟားဟားဟား သေပါပြီ "
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ ပြတ်သားသောအဖြေကြောင့် သဘောကျသွားသည်။
ဒီတစ်ယောက်ကတော့ ဟာသလုပ်နေတာလား။
ဒီလို အလှလေးကို သူ ဘယ်လို ဆက်ဆံနေတာလဲ။
ကျူးရှောင်ကျောင်း စိတ်ထဲ၌ ကျိန်ဆဲနေသော်လည်း သူမ အလွန်စိတ်သက်သာရာရနေသည်။
ဤမာရီနာသည် ယောက်ျားများစွာကို ချောက်ချအကွက်ဆင်ရန် လှည့်ကွက်များကို အသုံးပြုခဲ့ပြီး ယနေ့တွင် သူမမှ တန်ပြန်အရှက်ရသွားခဲ့သည်။
မာရီနာသည် ယဲ့ဖန်၏ နောက်ကျောကိုကြည့်လျက် အံကြိတ်ကာ သူမအရှက်ကွဲရမှုကြောင့် သူမကို လက်စားချေလိုစိတ် ပိုဖြစ်လာသည်။
ဒီကောင်လေး ငါ့ကို မကြွေလာဘူးဆိုတာ ငါ မယုံဘူး။
သူမသည် ချက်ချင်းပင် ဒေါက်မြင့်ဖိနပ်ကို ပြန်ဝတ်ပြီး ယဲ့ဖန်အနောက်သို့ လိုက်လာခဲ့သည်။
" ဟေး၊ ရှင့်နာမည် ဘယ်လိုခေါ်လဲ "
မာရီနာသည် ယဲ့ဖန်အနောက်သို့ ဆက်လက်လိုက်ကာ ပြုံးလျက် မေးလိုက်သည်။
" မင်း အတိအကျဆို ဘာကို လိုချင်နေတာလဲ "
ယဲ့ဖန်သည် သူမထံမှ အကြိမ်ကြိမ် နှောင့်ယှက်ခံရပြီးနောက် စိတ်မရှည်တော့ပေ။
" ရှင့်ကို ကြိုက်တယ် "
မာရီနာသည် ဤတစ်ကြိမ်တွင် သူမ၏ အဆုံးစွန်သော လှုပ်ရှားမှုကို အသုံးပြုခဲ့သည်။
ယောက်ျားတစ်ယောက်သည် သူ့အား မိန်းမလှလေးတစ်ယောက်မှ ဝန်ခံနေသည်ကို ငြင်းပယ်နိုင်မည်ဟု သူမ မယုံပေ။
မျှော်လင့်ထားသည့်အတိုင်း လမ်းသွားလမ်းလာအားလုံးသည် ယဲ့ဖန်ကို မနာလိုစိတ်ဖြင့် ကြည့်လာကြသည်။
ထိုသို့ မိန်းမလှလေးတစ်ဦးမှ လူကြားထဲ ချစ်ခြင်းကို ဝန်ခံခြင်းသည် ယောက်ျားတစ်ယောက်အတွက် အကြီးမားဆုံးသော အိပ်မက်ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသူများသည် အလွန်ပင် စိတ်လှုပ်ရှားလာသည်။
" ဟားဟားဟား၊ မာရီနာက နောက်ဆုံးအပြင်းဆုံးအကွက်ကို အသုံးချနေပြီ "
" အမလေး ဘုရားရေ၊ ငါ မခံနိုင်တော့ဘူး။ ငါသာဆိုရင် သေချာပေါက် သဘောတူလိုက်မှာ "
" ဒါက နတ်မိမယ်လေးစီက ဝန်ခံစကားပဲ။ ဘယ်ယောက်ျားက ဒါကို ငြင်းနိုင်မှာလဲ "
" မာရီနာ၊ ငါတော့ မင်းကို ကြိုက်တယ်။ ငါ မင်းကို ချစ်တယ် ...... "
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေသော အမျိုးသားများနှင့်မတူဘဲ ယဲ့ဖန်သည် အလွန်တည်ငြိမ်နေသည်။
" မင်း ငါ့ကို နောက်နေတာလား။ မင်း ငါ့နာမည်တောင် မသိဘဲ ငါ့ကို ကြိုက်တယ်လို့ ပြောရဲသေးတာလား "
" မြင်မြင်ချင်းအချစ်ကို ယုံလား "
မာရီနာသည် ကိုရီးယားဒရာမာများတွင် ပြောနေကြဖြစ်သည့် ဂန္တဝင်စာကြောင်းကို လိုက်သည်။ သူမသည် ယဲ့ဖန်၏အဖြေကိုပင် မစောင့်ဘဲ သူမ၏မေးခွန်းကို သူမကိုယ်တိုင် ပြန်ဖြေသည်။
" ကျွန်မတော့ ယုံတယ်။ လူအုပ်ထဲမှာ ရှင့်ကို ပထမဆုံးတွေ့လိုက်ပြီး သဘောကျသွားတာ "
" အရင်ဘဝတွေမှာ အကြိမ်ငါးရာလောက် တွေ့ဖူးမှ ဒီဘဝမှာ တစ်ကြိမ် လမ်းဖြတ်လျှောက်ဖူးတာတဲ့။ ဒီလိုဆုံတာ ကျွန်မတို့ ကံပါလို့ပဲ ဖြစ်မယ် "
ယဲ့ဖန် မတတ်နိုင်ဘဲ နှာမှုတ်လိုက်သည်။
" အဲ့လိုဆိုရင် ငါ ဒီလမ်းထဲမှာတင် လူတွေအများကြီးကို တွေ့ပြီးပြီ။ သူတို့နဲ့လည်း ငါ ကံပါတာပဲ မဟုတ်လား "
" မတူဘူးလေ။ ရှင်က သူတို့ကို တစ်ကြိမ်ပဲ တွေ့ဖူးပေမယ့် ကျွန်မနဲ့ သုံးခါလောက်တွေ့တယ်လေ "
မာရီနာသည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး သူမလက်ကို ယဲ့ဖန်ပုခုံးပေါ် တင်လိုက်သည်။
" ရှင် ဆန္ဒရှိတာနဲ့ ရှင်နဲ့အတူ ကမ္ဘာအဆုံးထိ လိုက်မှာပါ "
ထိုသည်ကို ပြောပြီးနောက် သူမသည် ခြေဖျားထောက်ကာ ယဲ့ဖန်ထံ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
" ဘုရားရေ၊ မာရီနာ တကယ်ကြီး လုပ်တော့မှာလား။ သူ့ကိုနမ်းမှာလား "
" အရင်အပိုင်းတွေမှာ ဒီလိုမျိုး မရှိဘူး။ ဒါက နောက်ဆုံးမိနစ်အနေနဲ့ လက်တမ်းလုပ်လိုက်တာလား "
" ဒီကောင်က ကံကောင်းတာတော့ သေချာတယ်။ သူ့ကို မာရီနာက နမ်းတော့မှာ "
" ချီးပဲ၊ ငါ မခံနိုင်တော့ဘူး။ သူ့အစား သွားလို့ ရမလား။ ငါ အနမ်းခံချင်တယ် "
" စောက်ကျိုးနည်း၊ ဒါတောင် သူက သမာဓိတွေ တင်းခံနေသေးရင် သူက ဟိုနေရာမှာ တစ်ခုခုမှားနေပြီဆိုတာ သေချာတယ် ...... "
ကျူးရှောင်ကျောင်းသည် မာရီနာမှ ဤသို့လုပ်မည်ကို မမျှော်လင့်ခဲ့ပေ။
သူမ ထိတ်လန့်သွားပြီး မာရီနာကို တားရန် အလျင်စလို လျှောက်လာခဲ့သည်။
သို့သော် ကျူးရှောင်ကျောင်း ဘာမှမလုပ်နိုင်မီမှာပင် နောက်ဆက်ဖြစ်သော မြင်ကွင်းက သူမနှင့် တိုက်ရိုက်ထုတ်လွှင့်နေသည်ကို ကြည့်နေသော လူတိုင်းအား စိတ်ပျက်စေခဲ့သည်။
မာရီနာ၏ နှုတ်ခမ်းများသည် ယဲ့ဖန်ကို နမ်းတော့မည် ဖြစ်သည်။
ထိုအချိန်၌ ယဲ့ဖန်သည် သူမကို ရုတ်တရက် တွန်းထုတ်လိုက်သည်။
" မင်းရူးနေလား "
မာရီနာ ယိုင်ပြီး လဲကျမတတ် ဖြစ်သွားသည်။
နောက်ဆုံး၌ သူမသည် တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သော်လည်း သူမ၏ နှလုံးသားထဲမှ ဒေါသကို မထိန်းနိုင်တော့ပေ။
" ရှင်က ယောက်ျားမှ ဟုတ်ရဲ့လား။ ကျွန်မက ဒီလို အောက်ကျခံနေတာတောင် ရှင်က ဘယ်လိုမှ မနေဘူးလား "
ယဲ့ဖန်သည် သူမ၏စကားကို သဘောကျသွားသည်။
" မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာလား။ မင်း တစ်ခုခုလုပ်လိုက်တာနဲ့ လူတွေအားလုံးက အမြီးတွန့်ပြီး မင်းကို ခစားလိမ့်မယ်လို့ ထင်နေတာလား။ မင်း တကယ်ကို ယုံကြည်မှုပြင်းထန်နေတာပဲ "
ထိုသို့ဖြင့် ယဲ့ဖန်သည် လှောင်ပြောင်သောအမူအရာဖြင့် သူမကို ဖြတ်သွားတော့သည်။
မာရီနာသည် အကြာကြီး မတုံ့ပြန်နိုင်ဘဲ ကြောင်အကာ ထိုနေရာတွင် ရပ်နေလေသည်။
သူမသည် ဤမျှကြီးမားသော စွန့်လွှတ်အနစ်နာခံမှုကို ပြုလုပ်ခဲ့သော်လည်း တစ်ဖက်လူမှ သူမကို ငြင်းပယ်နေဆဲ ဖြစ်သည်။
ထို့အပြင် သူမကို ယုံကြည်မှုလွန်ကဲနေသည်ဟုပင် ပြောလိုက်သည်။
သူမသည် မရေမတွက်နိုင်သော လူများစွာ၏ လက်လှမ်းမမီနိုင်သော နတ်သမီးတစ်ပါးဖြစ်သည်။
ထို့ကြောင့် ဤအခြေအနေမှာ ရယ်စရာကောင်းသည်ဟု ခံစားရသည်။
ဖြတ်သွားဖြတ်လာ လူအများအပြားကလည်း ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်ကြသည်။
မာရီနာ၏ အသွင်အပြင်ဖြင့် သူမအား နတ်မိမယ်လေးအဖြစ်ပင် သတ်မှတ်ခံရနိုင်သည်။
သူမသည် အလွန်လှပပြီး အခြားသူများမှာ သူမကို ဒူးထောက်ခစားရန်ပင် အသင့်ဖြစ်နေနိုင်သည်။
သို့သော် သူမ၏ ဝန်ခံမှုကို လက်မခံဘဲ ငြင်းဆိုခဲ့ရုံသာမက သူမအား ယုံကြည်မှုလွန်ကဲနေသည်ဟုလည်း ပြောခဲ့သေးသည်။
သူ ဘာလို့ ဒီလောက်တောင် မာနကြီးနေရတာလဲ။
တစ်ချိန်တည်း၌ တိုက်ရိုက်အစီအစဉ်ကို ကြည့်နေသူများမှာ ပို၍ပင် ဆူညံပွက်ကုန်သည်။
" ဘာတွေဖြစ်နေတာလဲ။ ဒီကောင်က မာရီနာဝန်ခံတာကို ငြင်းလိုက်တာလား။ မဖြစ်နိုင်ဘူး "
" ငါတော့ အရမ်းသံသယဖြစ်နေပြီ။ ဒီကောင်က ယောက်ျားဟုတ်ရဲ့လား "
" ငါလည်း သံသယရှိတယ်။ သာမန်ယောက်ျားတစ်ယောက်က မာရီနာဝန်ခံတာကို ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ "
" သူက ဂေးနေတာ မဟုတ်လား။ အဲ့တယကြောင့် သူက မိန်းမတွေကို လုံးဝ မကြိုက်နေတာ "
" ငါကတော့ အဲ့လို မထင်ဘူး။ သူ့မှာ ကောင်မလေးရှိကောင်းရှိနိုင်တယ်။ သူ့ကောင်မလေးအပေါ် သစ္စာရှိလို့ အဲ့လိုလုပ်နေတာ ဖြစ်နေမလား "
" ဟား၊ ငါ ယောက်ျားတွေကို ကောင်းကောင်းသိတယ်။ အိမ်မှာဆို ငြိမ်ကုတ်နေနိုင်ပေမဲ့ အပြင်မှာဆို အလံလွင့်နေမှာ။ အဲ့တာ ယောက်ျားတွေပဲ "
" မင်းက ယောက်ျားတွေကို မုန်းတီးနေတာပဲ။ ယောက်ျားတိုင်းက အဲ့လို မဟုတ်ဘူး "
" ၉၉.၉% ယောက်ျားတွေက ဒီလိုပဲ ..... "
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ လူတိုင်းနီးပါးသည် ယဲ့ဖန်၏ တုံ့ပြန်မှုကို မယုံနိုင် ဖြစ်နေကြသည်။
ပထမအကြိမ် ငြင်းဆိုမှု နှစ်ခုမှာ အဆင်ပြေနေသော်လည်း ယခုတစ်ကြိမ်၌ မာရီနာမှ သူ့ကို နမ်းရန် အစပြုခဲ့သည်။
သာမာန်အားဖြင့် မည်သူမျှ ထိုသို့သော သွေးဆောင်မှုကို ခံနိုင်ရည်မရှိပေ။
ထို့ကြောင့် ဤရလဒ်သည် ပုံမှန်မဟုတ်ပေ။
အခြားသူများနှင့်မတူဘဲ ကျူးရှောင်ကျောင်းသည် အလွန်ပျော်ရွှင်နေသည်။
ယနေ့ ယဲ့ဖန်၏ စွမ်းဆောင်ရည်သည် လုံးဝ ပြီးပြည့်စုံလေသည်။
မာရီနာကဲ့သို့ မိန်းမလှလေးမှ ရင်ခွင်ထဲသို့ ပစ်ဝင်လာလျှင် မည်သည့်ယောက်ျားမှ လျစ်လျူမရှုနိုင်ပေ။
ကျူးရှောင်ကျောင်းသည် ယခုအခါ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
သူမ ထပြေးကာ အားပေးသည်အဖြစ် ယဲ့ဖန်အား အနမ်းပေးချင်သည်။
ထိုအချိန် မာရီနာသည် ခြေတစ်လှမ်းဆက်တိုးပြီး ယဲ့ဖန်အနောက်ကို ဆက်လိုက်သည်။
" အဲ့ဒီမှာ ရပ်လိုက် "
မာရီနာသည် ယဲ့ဖန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်နှာ၌ အရှက်တရား၊ ဒေါသများဖြင့် ပြည့်နေသည်။
" မပြီးသေးဘူးလား "
ယဲ့ဖန်သည် သူ့ခံစားချက်များကို မထိန်းနိုင်တော့ဘဲ သူမကို အေးစက်စွာ စိုက်ကြည့်လိုက်တော့သည်။
******