← Chapters

တရားစွဲလိုက်

Vol. 71 Ch. 1414

တရားစွဲလိုက်

Vol. 71 Ch. 1414

မာရီနာသည် ယဲ့ဖန်၏အကြည့်ကို မြင်ပြီးနောက် အကြောင်းအရင်းမရှိ နှလုံးမှာ တုန်ရီသွားပြီး မသိစိတ်အရ အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

သို့သော် သူမသည် လျင်မြန်စွာ ပြန်လည်သတိကပ်လာသည်။

ဤနေရာ၌ လူများစွာ ရှိသည်ဖြစ်ရာ ယဲ့ဖန်မှ သူမအား တိုက်ခိုက်လိမ့်မည်ဟု မထင်ပေ။

" ရှင်းပြချက်ပေး "

သူမသည် ယဲ့ဖန်ကို မှန်ကန်သူအနေအထားဖြင့် မေးခွန်းထုတ်သည်။

" မင်းက ဘယ်လိုဖြေရှင်းချက် လိုချင်လို့လဲ "

ယဲ့ဖန်သည် ဤမိန်းမမှာ အတော်ပင် ထူးဆန်းသည်ဟု ထင်မိသည်။

" ကျွန်မက မိန်းကလေးလေ။ ဒါပေမဲ့ ကျွန်မဘက်က အရင်စနှိမ့်ချပြီး ဖွင့်ပြောနေကို ရှင်က ဘာလို့ ကျွန်မကို မကြိုက်တာလဲ။ ကျွန်မနဲ့ ပတ်သက်ပြီး ဘာကို မကျေနပ်နေတာလဲ "

မာရီနာသည် အရှက်ရနေပါသော်လည်း အဆုံးထိသွားကြည့်ချင်သည်။

အလွန်ဆုံးအနေဖြင့် သူမ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသည့်နောက် ဤဗီဒီယိုအား ပြန်လည်မတင်ရုံသာဖြစ်ပေမည်။

" ရှင်းပြဖို့ လိုသေးလို့လား "

ယဲ့ဖန် နှာမှုတ်ကာ လှည့်ပြီး ထွက်သွားတော့မည်ဖြစ်သည်။

" ရှင်သွားလို့ မရဘူး။ ဒီနေ့ကိစ္စတွေကို ရှင်း‌အောင် လုပ်မှရမယ် "

မာရီနာသည် စိတ်လွတ်နေပြီး ယဲ့ဖန်၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။

သူမသည် ဤအစီအစဉ် စတင်ခဲ့စဉ်မှစ၍ ယနေ့အထိ တစ်ကြိမ်မျှ ကျရှုံးခဲ့ခြင်းမျိုး မရှိဖူးပေ။

အပိုင်းတိုင်း၌ ယောက်ျားတိုင်းသည် သူမ၏အလှ၌ ယစ်မြောပြီး သူတို့၏ အကျည်းတန်သောအတွင်းစိတ်များမှာ ပေါ်လာစမြဲဖြစ်သည်။

သို့သော် ယနေ့တွင် သူမသည် ယဲ့ဖန်ကို တွေ့ခဲ့ရသည်။

ဤသည်က သူမကို မကြုံဖူးသော အရှက်ကွဲမှုကို ဖြစ်စေသည်။

" ဘာအကြောင်းကြောင့်လဲဆိုတာ မင်း သိပြီးသားပဲ။ ငါ ရှင်းပြဖို့ လိုသေးလို့လား။ ငါ့ကို ထပ်ပြီး မကပ်နဲ့။ မဟုတ်ရင် မင်းနောင်တရလိမ့်မယ် "

ယဲ့ဖန်သည် မာရီနာ၏ နှာခေါင်းကို ညွှန်ပြပြီး ကြမ်းတမ်းစွာ ပြောလိုက်သည်။

သို့သော် ယဲ့ဖန်၏ စကားများသည် မာရီနာကို ပို၍ စိတ်တိုစေပြီး ချက်ချင်းပင် ဒေါသဖြစ်သွားစေသည်။

" ကျွန်မက အရင် ရှင့်ကို ဝန်ခံနေတာ။ လက်မခံရင်တောင် ရပါသေးတယ်။ ဒါပေမယ့် ရှင် ကျွန်မကို ဒီလို အရှက်ခွဲမှရမှာလား။ ကျွန်မက မိန်းကလေးပါ။ ဘာလို့ ကျွန်မကို ဒီလို လုပ်တာလဲ။ လူတိုင်းကို ရှင်းပြပြီး ဆုံးဖြတ်ခွင့်ပေးလိုက် "

သူမသည် သနားစရာကောင်းသည့်ပုံ ဟန်ဆောင်လိုက်ရာ လမ်းသွားလမ်းလာများ၏ စာနာမှုကို ချက်ချင်း ရလိုက်သည်။

" ဒီလူက နည်းနည်းလွန်နေပြီ မဟုတ်လား။ ကောင်မလေးကို ဘာလို့ ဒီလိုမျိုး ဆက်ဆံရတာလဲ "

" ဟုတ်တယ်။ ကောင်မလေးက သူ့ကို သဘောကျပြီး အရင်ဝန်ခံနေတာလေ။ သူက ငြင်းရင်တောင် တော်သေးတယ်။ ဒါပေမယ့် အခုကျ ကောင်မလေးကို တကယ်အရှက်ခွဲနေတာပဲ "

" ဒီကောင်မလေးကလည်း ဘာလို့ ဒီလိုယောက်ျားမျိုးကို ကြိုက်ရတာလဲ။ သူ့ရုပ်ရည်က ချောပေမဲ့ သူ့စရိုက်က ဆိုးလွန်းတယ် "

" အမြင်မရှိတဲ့လူကို ငါ တွေ့ဖူးပေမဲ့ သူကတော့ အမှိုက်ကောင်ပဲ "

" ဟေ့ မိန်းကလေး၊ စိတ်မဆိုးပါနဲ့။ ဒီလိုလူမျိုးက မင်းနဲ့ မထိုက်တန်ဘူး။ ပိုကောင်းတဲ့သူကို ရှာတွေ့လိမ့်မယ် ..... "

လူတိုင်းသည် ယဲ့ဖန်၏ အကျင့်စရိုက်ကို ရှုံ့ချဝေဖန်လာကြသည်။

ယဲ့ဖန်၏ အရှက်ကင်းမဲ့သော လုပ်ရပ်ကို အွန်လိုင်းပေါ်တင်ပြီး အရှက်ခွဲရန် ပြောသည့်လူများပင် ရှိသည်။

မာရီနာသည် ကျေနပ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

ဒါက မိန်းကလေးတစ်ယောက်ရဲ့ အားသာချက်ပဲ။

ပေါ့တန်တဲ့ ပြစ်ဒဏ်ကတောင် နင့်ကို သေစေနိုင်တယ်။

နင့်အတွက် ဘာကောင်းလဲ မသိဘူးမလား။ ဒါက ရလဒ်ပဲ။

ယဲ့ဖန် သူမကို အေးစက်စွာ ကြည့်နေသည်။

" ဒီလိုကစားနေတာ ဘာရှိလို့လဲ "

" ဘာတွေပြောနေတာလဲ နားမလည်ဘူး "

မာရီနာသည် မသိသလိုဖြင့် ကြောင်အစွာ ကြည့်နေသည်။

ယဲ့ဖန် အေးစက်စွာ နှာမှုတ်လိုက်သည်။

" မင်း ဘာကစားနေလဲ ငါမသိဘူး မထင်နဲ့ "

ယဲ့ဖန်သည် စကားပြောလျက် လူအုပ်ကြားထဲ၌ ပုန်းနေသော ဝန်ထမ်းအနည်းငယ်ကို ညွှန်ပြသည်။

" မင်းတို့၊ မင်းတို့နှစ်ယောက် ငါ့ခွင့်ပြုချက်မရဘဲ ခိုးပြီး ဓာတ်ပုံရိုက်နေတာ။ ဒါက တရားမဝင်ဘူးဆိုတာ သိလား "

ယဲ့ဖန် ခေါ်လိုက်သည့် ဝန်ထမ်းအနည်းငယ်သည် ထိတ်လန့်သွားသော အမူအရာများ ပေါ်လာကြသည်။

ဘေးမှ ဖြတ်သွားဖြတ်လာများသည်လည်း ဘာဖြစ်နေသည်ကို မသိကြဘဲ ကြောင်အစွာ ကြည့်နေကြသည်။

ယဲ့ဖန်သည် ဓာတ်ပုံဆရာစီသို့ လျှောက်သွားပြီး သူ့လက်ဆွဲအိတ်ကို လုယူလိုက်သည်။

" ဘာလုပ်တာလဲ၊ ဓားပြတိုက်နေတာလား "

ကင်မရာသမားသည် ထိတ်လန့်သွားပြီး အိတ်ကို ပြန်လုယူချင်သည်။

သို့သော် ယဲ့ဖန်သည် ဘေးကို ရှောင်ထွက်ပြီး လက်ဆွဲအိတ်ကို ဖွင့်လိုက်ကာ ကင်မရာတစ်ခုကို ထုတ်လိုက်သည်။

" ဒါကဘာလဲ "

အစီအစဉ်မှ ဝန်ထမ်းများသည် ထိတ်လန့်တုန်လှုပ်နေကြတော့သည်။

သူတို့သည် ဤသို့အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ပြီး မည်သို့ ဖြေရှင်းရမည်ကို မသိကြပေ။

တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေသူများသည်လည်း စိတ်လှုပ်ရှားနေကြသည်။

" အိုး၊ ငါတို့ကို ရှာတွေ့သွာားပြီ။ ငါတို့ ဘာလုပ်သင့်လဲ။"

" ဘာတွေဖြစ်နေတာလဲ "

" ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးဘူး။ သူ ဘယ်လို ဖော်ထုတ်လိုက်တာလဲဂ"

" ဒီလူက စုံထောက်များလား ..... သူ ဒါကိုတောင် ရှာတွေ့သွားတာ မိုက်တယ် ...... "

တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေသော အွန်လိုင်းမှ ပရိတ်သတ်များ၏ အခြေအနေနှင့် မတူဘဲ လမ်းသွားလမ်းလာများသညါ ယဲ့ဖန်၏ လက်ထဲမှ ကင်မရာကို မြင်ပြီး စတင်ဆွေးနွေးကြသည်။

" ဒီလူရဲ့ အိတ်ထဲမှာ ဘာလို့ ကင်မရာ ရှိနေတာလဲ။ သူတို့ ဘာလုပ်နေလဲ "

" သူက ထုတ်လုပ်ရေးအဖွဲ့တစ်ခုခုက ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူတို့ အစီအစဉ်တစ်ခု ရိုက်ကူးနေတာ ဖြစ်နိုင်တယါ "

" ဘယ်အစီအစဉ်ကို ရိုက်ကူးနေတာဖြစ်ပါစေ တစ်ဖက်သူရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်လိုလုပ် ခိုးပြီး ရိုက်ရတာလဲ "

" ဒီမိန်းကလေးကို တော်တော်လေး ရင်းနှီးနေတယ်။ အရင်က တစ်နေရာရာမှာ မြင်ဖူးတာ ထင်တယ် "

" ငါလည်း သူမကို ကြည့်ရတာ ရင်းနှီးနေတာ။ အွန်လိုင်းမှာ ရှာကြည့်လိုက်မယ် ..... "

ဖြတ်သွားဖြတ်လာအချို့သည် သိချင်စိတ်ဖြင့် မာရီနာကို ဓာတ်ပုံရိုက်ကာ ရှာကြသည်။

သူတို့သည် အွန်လိုင်းပေါ်တွင် ရှာဖွေခဲ့ကြပြီး အလွန်လျင်မြန်စွာပင် တွေ့ရှိခဲ့ကြသည်။

" ဒီမိန်းကလေးက တကယ် တိုက်ရိုက်ထုတ်လွှင့်သူလား။ သူမက 'အို၊ ယောက်ျားတွေ'ဆိုတဲ့ အစီအစဉ်ကို တင်ဆက်တာလေ "

" အဲ့ဒီအစီအစဉ်က ယောက်ျားတွေကို မြှူစွယ်ပြီး ယောက်ျားတွေက စိတ်ပါလာ၊ မပါလာကို စမ်းသပ်တာလေ "

" ဖြတ်သွားဖြတ်လာ ယောက်ျားတော်တော်များများ အလှည့်စားခံရပြီး တစ်ချို့ဆို အင်တာနက်ပေါ်မှာ ဆိုက်ဘာအနိုင်ကျင့်မှုတွေတောင် ခံရတယ် "

" အွန်လိုင်းမှာ စော်ကားတာကို သည်းမခံနိုင်တော့တဲ့ ယောက်ျားတစ်ယောက် ရှိတယ်။ သူက အဆောက်အဦးပေါ်ကနေ ခုန်ချပြီး သတ်သေတာ ခြေထောက်ပဲ ကျိုးသွားလို့ တော်သေးတယ်။ အခု ဆေးရုံတက်နေရတုန်းပဲ "

" ဒီဟာက အရမ်းဆိုးတယ် မဟုတ်လား။ ဒီအစီအစဉ်ရဲ့ဆိုးကျိုးတွေကို ဘယ်သူမှ ဂရုမစိုက်ဘူးလား"

" ဒါက ဘယ်လိုလူမျိုးတွေလဲ ..... "

လမ်းသွားလမ်းလာများသည် မာရီနာနှင့် အစီအစဉ်၏ အချက်အလက်များကို သိကြပြီးနောက် ဆဲဆိုကြသည်။

ဤအစီအစဉ်သည် နာမည်ကြီးရန် ဇာတ်လမ်းပိုများကို ဖန်တီးခြင်းအတွက် ကန့်သတ်ချက် မရှိပေ။

သူတို့သည် လျှို့ဝှက်ရိုက်ကူးရုံသာမကဘဲ အစီအစဉ်၌ ပါဝင်ခဲ့ရသော လမ်းသွားလမ်းလာများ၏ မျက်နှာကို ဖော်ထုတ်ပြသကာ တစ်ဖက်လူများမှာ အင်တာနက်မှ တိုက်ခိုက်မှုကို ခံကြရသည်။

တကယ် ဆိုးလွန်းတာပဲ။

မာရီနာကို လူတိုင်းမှ ညွှန်ပြပြောဆိုကြသည်။

သူမသည် နောင်တမရရုံသာမက ယုံကြည်ချက်ရှိစွာ စကားပြန်ပြောခဲ့သည်။

" ရှင်တို့ ဘာသိလို့လဲ။ ဒါလူမှုရေးဖြစ်စဉ်တွေကို အသုံးချပြီး ယောက်ျားတွေရဲ့ သဘာဝကို ထုတ်ပြနေတာ "

" သွေးဆောင်မှုကို မခံနိုင်တာ ယောက်ျားတွေလေ။ အဲ့တာ ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ "

ယဲ့ဖန်သည် သူမ၏ ပြောဆိုနေသံကို ကြားပြီး မထိန်းနိုင်ဘဲ နှာမှုတ်လိုက်သည်။

" မင်းက မင်းရဲ့အလှကို အသုံးချပြီး ရွံစရာနည်းလမ်းတွေ လုပ်မှတော့ ယောက်ျားတွေက ရွံစရာနည်းလမ်းနဲ့ တုံ့ပြန်တာက ထူးဆန်းလား။ မင်းကိုယ်မင်း ဂရုစိုက်ဖို့ ငါ အကြံပေးတယ် "

ယဲ့ဖန်သည် ကင်မရာထဲမှ Memoryကတ်ကို ထုတ်ယူပြီး ကင်မရာပြန်ပေးကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။

မာရီနာသည် မဆင်မခြင်ဖြင့် သူ့အား ဆက်လက်တိုက်ခိုက်မည်ဟု မမျှော်လင့်ထားပေ။

" ဟား၊ နင်က ဘာလို့ လူကောင်းတစ်ယောက်လို ဟန်ဆောင်နေသေးတာလဲ "

" သွေးဆောင်မှုကို ခံနိုင်ရည်ရှိတဲ့ လူကောင်းတစ်ယောက်နဲ့ တွေ့ပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ နင်က ကင်မရာကို ရှာတွေ့သွားပြီး လူကြီးလူကောင်းလို ဟန်ဆောင်နေတာပဲ "

" နင်က တခြားလူတွေထက်တောင် ပိုရွံစရာကောင်းသေးတယ်။ နင်က သူတော်ကောင်းယောင်ဆောင်နေတဲ့ တဏှာရူးပဲ "

ယဲ့ဖန်သည် ထွက်သွားတော့မည် ဖြစ်သော်လည်း သူမ၏ စွပ်စွဲသံကို ကြားပြီး အနောက်သို့ ပြန်လှည့်လာခဲ့သည်။

" ငါက တဏှာရူး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မင်းငါ့ကို ဆုံးဖြတ်ပေးဖို့ မလိုအပ်ဘူး "

" ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ မင်းကတော့ ငါ့ခွင့်ပြုချက်မရှိဘဲ ငါ့ကို ရိုက်ကူးပြီး ကိုယ်ရေးကိုယ်တာ အခွင့်အရေးတွေကို ချိုးဖောက်နေတာ။ မင်းကို တရားစွဲလို့ရတယ် "

မာရီနာသည် သူ၏ခြိမ်းခြောက်မှုကို မကြောက်ပေ။

ထိုအစား သူမသည် အထင်သေးစွာဖြင့် ကဲ့ရဲ့လေသည်။

" အဲ့တာဆိုလည်း ငါတို့ကို အမြန်တရားစွဲကြည့်လိုက်။ အရင်တုန်းက တစ်ယောက်ယောက်က ငါတို့ တရားစွဲသေးတယ်။ ဒါပေမယ့် နောက်ဆုံးကျ သူတို့ပဲ အားလုံးဆုံးရှုံးသွားတာ။ ငါက ငါတို့အေဂျင်စီက အလားအလာရှိတဲ့ အစီအစဉ်တင်ဆက်သူပဲ။ နင်က ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေလား "

******

All Chapters