← Chapters

မြိနေအောင် သွေးထားသော သားလှီးဓား

Vol. 57 Ch. 796

မြိနေအောင် သွေးထားသော သားလှီးဓား

Vol. 57 Ch. 796

မာကျန်းဖုန်းသည် တစ်ဖက်လူထံမှ အကူအညီ လိုအပ်နေသူတစ်ဦးဖြစ်သည့်အပြင် သူ၏သားသည် တစ်ဖက်လူကို စော်ကားရာ ရောက်နေသောကြောင့် မာကျန်းဖုန်း၏အပြုအမူသည် အလွန်နှိမ့်ချထားသည်။ ထို့ကြောင့် သူသည် စိတ်ထဲတွင် စိတ်ဓာတ် အတော်ကျနေသော်လည်း ကားပြတင်းပေါက် အပြင်ဘက်တွင် ရပ်ကာ ထန်ရှုကို ခါးကိုင်းကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ဘန်း ...

ထန်ရှု ကားထဲက ဆင်းပြီး တံခါးကို နောက်ပြန်ပိတ်လိုက်ရင်း မာကျန်းဖုန်းကို ကြည့်ကာ ခေါင်းညိတ်သည်။

"ဟုတ်ပါတယ် ကျွန်တော် ထန်ရှုပါ။ ခင်ဗျားရဲ့နာမည် သိလို့ရမလား။"

"ငါက မာကျန်းဖုန်းပါ။ ကျန်းက ဖွံ့ဖြိုးတိုးတက်တဲ့ ကျန်း၊ ဖုန်းက တောင်ထိပ်ပေါ်မှာ။"

“အာ … မာမိသားစုရဲ့အကြီးအကဲလား။ တွေ့ရတာ ဝမ်းသာပါတယ်။"

ထန်ရှု ပြုံးလိုက်သည်။ သူသည် မယဉ်ကျေးသော လူငယ်တစ်ဦးမဟုတ်ပေ။ မာမိသားစု၏ မိသားစုခေါင်းဆောင်သည် အလွန်နှိမ့်ချစွာ ပြုမူဆက်ဆံလာသောကြောင့် သူ့အနေဖြင့် ပြုံးပြနေသော မျက်နှာအား မည့်သည်အခါမှ ပါးရိုက်မည်မဟုတ်ပေ။ မာမိသားစုသည် ထျန်းကျင်း၏ ထိပ်တန်းမိသားစုများထဲမှ တစ်ခုဖြစ်သည်ကို အသာထားဦး။ မာကျန်းဖုန်းအနေဖြင့်လည်း ဤကဲ့သို့ ပြုမူရန် လွယ်ကူမည်မဟုတ်ပေ။

လက်ဆွဲနှုတ်ဆက်ကြပြီးနောက် ယဉ်ကျေးပြီး ဖော်ရွေသော လောကဝတ်စကားအချို့ကို ထန်ရှုမှ ပြောဆိုလိုက်သည်။

"မာမိသားစုက ကျွန်တော့်ကို တွေ့ဖို့ အချိန်အများကြီးပေးပြီး အားထုတ်ရတဲ့ အကြောင်းရင်းကို သိပြီးပါပြီ။ ဒါပေမယ့် အဆင်မပြေတဲ့အရာတွေကို အရင်ပြောကြည့်ရအောင်။ ခင်ဗျားတို့မိသားစုဘိုးဘေးကြီးရဲ့ လက်ရှိအခြေအနေကို ကျွန်တော် မသိဘူး။ သူ့ရောဂါက ဘာလဲဆိုတာလည်း မသိဘူး။ ဒါကြောင့် သူ့ကို ကုသပေးဖို့ ၁၀၀% အာမခံချက် မပေးဝံ့ဘူး။"

မာကျန်းဖုန်းက မပြုံးတော့ဘဲ အလေးအနက်ထားသော အမူအရာဖြင့် ပြန်ဖြေသည်။

"မင်းပြောတာကို ငါ နားလည်ပါတယ် နတ်ဆေးသမားတော်ထန်။ မင်း အကောင်းဆုံး လုပ်နိုင်မယ်လို့ ငါ မျှော်လင့်နေတုန်းပဲ။ မင်းက ငါ့အဖေ သက်သာပျောက်ကင်းဖို့ နောက်ဆုံးမျှော်လင့်ချက်ပဲလို့ ဆိုနိုင်တယ်။ မင်း လိုအပ်သမျှတွေ လိုအပ်တာတွေကို ဖြည့်ဆည်းဖို့ ငါတို့ အစွမ်းကုန် လုပ်ဆောင်ပေးမှာပါ။ အဲ့ဒါတော့ ငါ မင်းကို ကတိပေးနိုင်တယ်။"

ထန်ရှု၏မျက်လုံးများထဲတွင် အံ့သြသွားဟန် ပေါ်လာသည်။ သူက လက်ဝှေ့ယမ်းပြပြီး “သမားတော်တစ်ယောက်က ဖျားနာသူတွေကို ကုသဖို့နဲ့ လူတွေကို ကယ်တင်ဖို့ တာဝန် ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့တောင်းဆိုမှုဆိုတာကို အခု ဘေးဖယ်ထားလိုက်ပါ။ ထျန်းကျင်းမှာပဲဖြစ်ဖြစ် နိုင်ငံထဲမှာပဲဖြစ်ဖြစ် မာမိသားစုရဲ့ နာမည်ကောင်းကို ကြားဖူးတာကြာပါပြီ။”

"မင်းက ငါတို့ကို ချီးမွန်းလွန်းနေပါပြီ နတ်ဆေးသမားတော်ထန်။"

မာကျန်းဖုန်းက ကျိုးနွံစွာ ပြောသည်။

“ဒါပေမယ့် ငါ့မှာ အပြစ်ရှိတယ်လို့ ခံယူထားတယ်။ ငါ့သားက မင်းကို အလျင်စလို ပြစ်မှားမိလို့ ငါ အရှက်ရမိပါတယ်။ မင်းရဲ့ခွင့်လွှတ်မှုကို ရယူဖို့ သူ့ကို ငါ တောင်းပန်ခိုင်းလိုက်မယ်။"

"ခင်ဗျားရဲ့သားလား…"

ထန်ရှုသည် တမင်တကာ ဟန်ဆောင်ကာ စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

မာကျန်းဖုန်း အံ့သြသွားပြီး

"မာရှောင်ရုန်က ငါ့ရဲ့စတုတ္ထမြောက်သားဆိုတာ မင်း မသိသေးဘူးလား နတ်ဆေးသမားတော်ထန်။"

ထန်ရှု၏အမူအရာတွင် အေးစက်ပြီး လျစ်လျူရှုသော အမူအရာက ရုတ်တရက် အစားထိုး ဖြစ်ပေါ်သွားသည်။ မာမိသားစု၏အကြည့်များအောက်တွင် ကားတံခါးကို ဖွင့်ပြီး ပြန်ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက နောက်ခန်းပြတင်းပေါက်မှတဆင့် မိုအားဝူဆီသို့ လှမ်းကြည့်ကာ

"အားဝူ … ရှန်ဟိုင်းကို ပြန်ရအောင်။"

မာကျန်းဖုန်း၏နှလုံးခုန်သံ မြန်သွားပြီး အလျင်စလို ပြောလိုက်သည်။

“သမားတော်ထန် … မင်း…။ ဒါ ငါ့သားရဲ့အမှားဆိုတာ ငါ သိတယ်။ ကျေးဇူးပြုပြီး ငါ့သားရဲ့မကောင်းတဲ့ အကွက်တွေအပေါ် ရပ်မနေဘဲ သူ့ရဲ့အတိတ်က အမှားတွေကို မင်းရဲ့မွန်မြတ်တဲ့ နှလုံးသားနဲ့ ခွင့်လွှတ်ပေးပါ။”

"ခင်ဗျားသိလား … အစကတော့ မာမိသားစုက ကြားရသလောက် ကောင်းတယ်လို့ ကျွန်တော် တွေးခဲ့မိတာ။ ခင်ဗျားတို့မိသားစုရဲ့ ဂျူနီယာတွေက အရှက်တကွဲ ဖြစ်စေမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ မာရှောင်ရုန်ဆိုတာ ထျန်းကျင်းရဲ့ မိသားစုအင်အားကို အားကိုးပြီး ပြုမူတဲ့ နာမည်ကြီး လူရမ်းကားဖြစ်တယ်လို့  သူငယ်ချင်းတစ်ဦးက ပြောပြခဲ့တယ်။ ကျွန်တော်လည်း သူ့အကျင့်စရိုက်ကို ကြုံဖူးသွားတယ်။ မနေ့ညက မင်းယွမ်အပန်းဖြေစခန်းမှ ဧည့်ကြိုအမျိုးသမီးလေးတွေကို သူ အနိုင်ကျင့်ရုံတင်မကဘဲ သူ့ကိုယ်ရံတော်တွေကိုလည်း ကျွန်တော့်ကို ဝိုင်းဖို့ အမိန့်ပေးတယ်။ ကျွန်တော်သာ ကွန်ဖူး နည်းနည်းပါးပါး မတတ်ရင် အခုဆို ဆေးရုံရောက်နေပြီပေါ့။"

မာကျန်းဖုန်း အတော် ထိတ်လန့်သွားသည်။ သူ၏လေးယောက်မြောက်သားသည် များသောအားဖြင့် မောက်မာကာ အရည်အချင်းမပြည့်ဝကြောင်း သိသော်လည်း မိန်းကလေးများကိုပင် အနိုင်ကျင့်သည့်အထိ သူ၏အဆင့်ကို နှိမ့်ချသည့်အပြင် ရမည်ဟု အနည်းငယ်မျှပင် မထင်ခဲ့မိသလို အခြားသူအား ဝိုင်းရံရန် အမိန့်ပေးလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

သူ့သားငယ်အတွက် အပြစ်ဒဏ်သည် ပေါ့ပါးလွန်းသည်ဟု မာကျန်းဖုန်း ရုတ်တရက် ခံစားလိုက်ရသည်။ သည်အကြောင်းကို စောစောက သိခဲ့မည်ဆိုပါက ကြိမ်ဖြင့် အကြိမ်ပေါင်းများစွာ ရိုက်ကာ သူ့မိသားစု၏ဘိုးဘေးဘီဘင်များ၏ ဆုံးမစာကို ရှင်းရှင်းလင်းလင်း ကျက်မှတ်ခိုင်းစေခဲ့ပေမည်။ သူ၏အတွေးအား အတူလာရောက်ခဲ့ကြသော ကျန်မာမိသားစု၏ ပင်မအဖွဲ့ဝင်များနှင့်အလားတူခဲ့ပေသည်။ ထန်ရှု ပြောသမျှ စကားတိုင်းကို သူတို့အားလုံး ကောင်းစွာ ကြားနိုင်သည်။ ထိုအချိန်တွင် သူတို့အားလုံး ဒေါသထွက်နေပုံရပြီး မာရှောင်ရုန့်အပေါ်  သူတို့၏အကဲဖြတ်မှုသည် လွန်ကဲစွာ ကျဆင်းသွားတော့သည်။

nor running amok to act against the law and reason like a tyrant, was something they had never done.

တကယ်တော့ သူတို့ကိုယ်တိုင် ရှက်ဖွယ်ကောင်းသော ကိစ္စတချို့ကို လုပ်ခဲ့ဖူးသည့်တိုင် ထိုကိစ္စများသည် ပုဂ္ဂိုလ်ရေးရန်ငြိုးကြောင့် သို့မဟုတ် အကျိုးအမြတ် တစ်ခုခုကြောင့် လုပ်ခြင်းဖြစ်ပြီး ရလဒ်ကောင်းများ ရရှိကြသည်။ သို့သော်လည်း အကြောင်းမဲ့သက်သက် အကြောင်းပြချက်မရှိဘဲ နေရာတိုင်းတွင် ပြသနာရှာခြင်းနှင့် အာဏာရှင်ကဲ့သို့ အကြောင်းပြချက်ဖြင့် ဥပဒေနှင့်ဆန့်ကျင်သော လုပ်ရပ်ကို လုပ်ခြင်းတို့သည် ၎င်းတို့ တစ်ခါမှ မလုပ်ဖူးသော အရာများဖြစ်သည်။

မာကျန်းဖုန်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး “သမားတော်ထန် … မာမိသားစု တိုးတက်အောင် လုပ်နေရလို့ ငါ အရမ်းအလုပ်များနေခဲ့တယ်။ ဒါကြောင့် သားဖြစ်သူကို ဆုံးမသွန်သင်ရမယ့် အဖေ့တာဝန်ကို လစ်လျူရှုထားမိတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ သူ့ကို ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ထားမှာမို့ သူ နောက်ထပ်အမှားတွေကို မကျူးလွန်နိုင်တော့မှာကို မင်း စိတ်ချပါ။ ငါ သူ့ကို အပြစ်ပေးထားပြီးပြီဆိုပေမယ့် မလုံလောက်သေးဘူး … ဒါကြောင့် သူ့အကျင့်ဆိုးရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို မြည်းစမ်းခိုင်းလိုက်မယ်။"

ထန်ရှုသည် မိနစ်ဝက်ခန့် ငြိမ်သက်နေပြီး ဆေးလိပ်တစ်လိပ်ကို ဆွဲထုတ်ကာ မီးညှိဖွာရှိုက်လိုက်သည်။ ဆေးလိပ်မီးခိုးများကို အသာ မှုတ်ထုတ်လိုက်ရင်း

“ခင်ဗျားအဖေကို ကုသပြီး ကယ်တင်ဖို့ ကြိုးစားပေးနိုင်ပေမယ့် ခြေကြွခကတော့ လိုအပ်တယ်။ ကျွန်တော့်တောင်းဆိုမှုကို ခင်ဗျား လက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

"ဒါက သဘာဝပါပဲ … ငါတို့ လက်ခံတယ်။"

သို့သော်လည်း မာကျန်းဖုန်းတစ်ယောက် အတော်လေး စိတ်ဓာတ်ကျနေပေသည်။ သူသည် ထက်မြက်ပြီး လိမ္မာပါးနပ်သူတစ်ယောက် ဖြစ်သည့်အပြင် မာမိသားစု၏အကြီးအကဲအဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။ ထန်ရှုသည် စိတ်ဆိုးနေဆဲဖြစ်ပြီး မာမိသားစု၏အသားများကို ခုတ်ထစ်ပါးပါးလှီးရန် သားသတ်ဓားပြင်ဆင်နေခြင်းကို သူ မည်သို့ မသိဘဲ ရှိနိုင်ပါမည်နည်း။

သို့သော် ထန်ရှုကို အပြစ်မတင်နိုင်မှန်း သူ ကောင်းစွာ သိသည်။ တကယ်လို့ သူ့သားကသာ မနှောင့်ယှက်ခဲ့ရင် နတ်ဆေးသမားတော်တစ်ယောက်ဖြစ်သော ထန်ရှုသည် သည်ကဲ့သို့ ရယ်စရာကောင်းသည့် တောင်းဆိုမှုကို တောင်းဆိုလိမ့်မည်မဟုတ်ပေ။ နတ်ဆေးသမားတော်အဖြစ် ကျော်ကြားသောသူများသည် ထူးချွန်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ရှိရန် လိုအပ်ရုံသာမကဘဲအရေးကြီးဆုံးသော ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များ ရှိရမည်ဖြစ်ပြီး ဂုဏ်သိက္ခာ ထိခိုက်မည့်အလုပ်ကို ရှောင်ရှားကြသည်။

သူ့အနောက်က မာမိသားစုပင်မအဖွဲ့ဝင်များ၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားကြပြီး မာရှောင်ရုန်အပေါ် မကျေနပ်မှုများ တိတ်ဆိတ်စွာ တိုးပွားလာကြသည်။ တကယ်လို့ ဒီငမိုက်သားကြောင့်သာ မဟုတ်ရင် ထန်ရှုက သူတို့ကို ပါးပါးလှီးရန် စိတ်ကူးထားမည် မဟုတ်ပေ။ ထန်ရှု၏တောင်းဆိုချက် များလွန်းပါက အဲ့ဒီငမိုက်သားခွေးကောင်၏ခြေထောက်ကို ချိုးရန် မိသားစုခေါင်းဆောင်ကို သေချာပေါက် သူတို့ တောင်းဆိုရပေလိမ့်မည်။

ထို့နောက် ၎င်းတို့သည် အဝေးပြေးဝန်ဆောင်မှု ဧရိယာမှ ထွက်ခွာကာ လမ်းပေါ်တွင် တစ်နာရီခန့်ကြာအောင် မောင်းပြီးနောက် မာမိသားစုစံအိမ်သို့ ရောက်ရှိခဲ့ကြသည်။ ကားဆယ်စီးကျော်သည် စံအိမ်ခြံ၏အတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့ကြပြီး ဘိုးဘေးကြီးနေထိုင်ရာ မြောက်ဘက်စွန်းရှိ ရှေးဟောင်းအဆောင်တော်၏အရှေ့တွင် ရပ်တန့်သွားသည်။

"ဟမ်…"

ထန်ရှု ကားထဲက ထွက်လာသည်နှင့် သူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ မာမိသားစုစံအိမ်ရှိ ဖုန်းရွှေအစီအရင်ကို အလွယ်တကူ သိမြင်ခဲ့ပြီး အထူးသဖြင့် ထိုဖုန်းရွှေတစ်ခုလုံး အသက်ဝင် လှုပ်ရှားစေသည့် ပြီးပြည့်စုံသော လက္ခဏာရပ်တစ်ခုအား သူ့အရှေ့ရှိ ရှေးဟောင်းအဆောင်တွင် တွေ့မြင်နိုင်သည်။

ဥစ္စာဓနနှင့်ကံကြမ္မာကို ဆွဲဆောင်ခြင်း …

သာယာဝပြောသော မိသားစုဝင်များနှင့်အတူ ချမ်းသာကြွယ်ဝသော မိသားစုအဖြစ်သို့ ရှေးရှုခြင်း …

မိသားစုတစ်သက်တာ ချမ်းသာစေခြင်း …

နောက်ဆုံးတွင် ထန်ရှုသည် မာမိသားစုမှာ လေအဟုန်လား အရှိန်တင် သွားလာနိုင်ပြီး လက်ရှိ တိုးတက်ဖွံ့ဖြိုးနေမှုများနှင့် ဤနှစ်များတစ်လျှောက်လုံး ဤမျှလောက် ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်လာရခြင်းကို နားလည်သိမြင်ခဲ့ချေပြီ။ ထိုကဲ့သို့သော ဖုန်းရွှေအစီအရင် စီစဉ်ထားသောမြေ၌ နေထိုင်သော မိသားစုသည် ပဲ့ကိုင်သူလူမိုက်ဖြစ်လျှင်ပင် မည်သည့်အခါမှ ကျရှုံးမည်မဟုတ်ပေ။ မာကျန်းဖုန်းတွင် သားလေးယောက် ရှိသည်မှာ အံ့သြစရာ မရှိတော့ပါချေ။

"အင်း … ကြည့်ရတာ ခင်ဗျားတို့မိသားစုဘိုးဘေးက အလွန်လေးစားစရာကောင်းတဲ့ မြင့်မြတ်သော လူတစ်ယောက်နဲ့ တစ်ချိန်က တွေ့ခဲ့ပုံပဲ။"

ထန်ရှုက မာကျန်းဖုန်းကို လှည့်ကြည့်လိုက်ပြီး ခံစားချက်မဲ့စွာ ဆိုလိုက်သည်။

"သမားတော်ထန်က ဘာကို ဆိုလိုတာလဲ။"

မာကျန်းဖုန်းက အံ့သြစွာ မေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားတို့မိသားစုစံအိမ်က ဖုန်းရွှေအစီအရင်လက္ခဏာ တွေ့တော့ လွှတ်ကနဲ ထွက်သွားတာ။”

ထန်ရှုက ဘာမှ မထူးခြားဟန်ဖြင့် ပြန်ပြောလိုက်သည်။

"မင်း ဖုန်းရွှေကို နားလည်တာလား။"

မာကျန်းဖုန်း အံ့သြသွားသည်။

"နှိမ့်နှိမ့်ချချ မပြောရရင် ကျွန်တော့်ရဲ့ဖုန်းရွှေကို နားလည်မှုက ဆေးပညာကျွမ်းကျင်မှုထက် အများကြီး သာတယ်လို့ ပြောလို့ရတယ်။"

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြန်ပြောလိုက်သည်။

"ခင်ဗျားတို့မိသားစုအိမ်ရဲ့ဖုန်းရွှေအစီအရင်မှာ မြင့်တက်နေတဲ့နေမင်းရဲ့ ခရမ်းရောင်ချီကို ဆွဲဆောင်တဲ့ အရှေ့တံခါး၊ ကံကြမ္မာနဲ့စည်းစိမ်ဥစ္စာရွေ့လျားမှုကို ထိန်းထားဖို့အတွက် မြောက်တံခါး၊ ကြီးမားတောက်ပတဲ့ အနာဂတ်အလားအလာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်တဲ့ တောင်တံခါးနဲ့ ထောင်ပေါင်းများစွာသော သားစဉ်မြေးဆက်များကို ယူဆောင်လာပေးမယ့် အနောက်တံခါးပတ်လမ်းတွေ ပါဝင်တယ်။ နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့အရှေ့က ဒီအဆောင်တော်မှာ ကောင်းမွန်တဲ့ ကံကြမ္မာကို စဉ်ဆက်မပြတ် နှိုးဆွပေးနေတဲ့ စိတ်ဝိညာဉ်သွေးကြောငယ်က  အလယ်ဗဟိုအချက်အချာအဖြစ် ရှိနေတယ်။ ခင်ဗျားရဲ့အဖေက ဒီနေရာမှာ နှစ်အတော်ကြာ နေနေတယ်ဆိုရင် သူ့ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ကျွန်တော် ရှာတွေ့ပြီထင်တယ်။"

မာကျန်းဖုန်းသည် ထန်ရှုကို တုန်လှုပ်စွာ စိုက်ကြည့်ရင်း လေအေးတစ်ချက် ရှူသွင်းလိုက်ရသည်။ မာမိသားစုစံအိမ်တော်ကြီး၏ဖုန်းရွှေအစီအရင်ကို လွန်ခဲ့သော နှစ်ပေါင်း၁၀၀ကျော်က သူ့မိသားစု၏ ဘိုးဘေးအား ကျေးဇူးဆပ်သည့်အနေဖြင့် ဖုန်းရွှေဆရာသခင်တစ်ဦးမှ စီစဉ်ပေးခဲ့သည်။ ဖုန်းရွှေဆရာသခင်သည် ဤအစီအရင်ကို ပြီးမြောက်စေရန် နှစ်ဝက်မျှ ဝီရိယစိုက်ထုတ် ကြိုးပမ်းခဲ့ရသည်။

နှစ်ပေါင်း ၁၀၀နီးပါး သူတို့မိသားစုပိုင်မြေနေရာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို မည်သူမျှ မမြင်ကြသော်လည်း ထန်ရှု ရောက်လာသည့်အခိုက်တွင် သူတို့၏ဖုန်းရွှေ တည်ဆောက်ပုံတစ်ခုလုံးကို လုံးလုံးလျားလျား ပိုင်းခြားသိမြင်နိုင်ခဲ့သည်။

"မင်းပြောတာ မှန်ပါတယ် သမားတော်ထန်။"

မာကျောင်းဖုန်းက ကမန်းကတန်းပြောလိုက်သည်။ “ငါ့အဖေက ဒီနေရာမှာ နေလာတာ နှစ်အတော်ကြာပြီ။ အဖေ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက အရင်က အရမ်းကောင်းမွန်တယ်။ အဲ့ဒီတုန်းက အသက်၇၀ ရှိနေပြီဆိုပေမယ့် သန်တုန်းမြန်တုန်းပဲ။ ဒါပေမယ့် ဒီနှစ်ကုန်ပိုင်းလောက်ကတည်းက ဘယ်လိုဖြစ်ပြီး သူ့ခန္ဓာကိုယ်က ကြောက်စရာကောင်းတဲ့အရှိန်နဲ့ အိုမင်းလာလဲဆိုတာ ငါ မသိဘူး။ အဖေက အဆက်မပြတ် မေ့မျောနေတဲ့ အနေအထားမှာ ရှိနေပြီး ရံဖန်ရံခါတော့ နိုးလာတတ်တယ်။"

“ခင်ဗျားတို့မိသားစုက ကံကောင်းခြင်းတွေနဲ့အတူ ချမ်းသာလာတာ အနှစ် ၁၀၀ ရှိသွားပြီလေ။ နှိုးဆွထားတဲ့ ကံကြမ္မာကောင်းက ခင်ဗျားရဲ့အဖေအပေါ် နောက်ဆုံး ပေါင်းထည့်တယ်။ ဒါကြောင့် သူ အရင်တုန်းက အရမ်းကျန်းမာတာ သဘာဝပဲ။ သူ တစ်ချိန်က ရောဂါကင်းစင်ပြီး နှစ်ပေါင်းများစွာတိုင် ကျန်းမာစွာနေထိုင်ခဲ့တာကို တွေးကြည့်ရင် အံ့သြဖို့ကောင်းတယ်။ တကယ်ကို စိတ်မကောင်းစရာက…”

ထိုနေရာသို့အရောက်တွင် သူ စကားပြောသည်ကို ရပ်ကာ သက်ပြင်းတစ်ချက် လေးပင်စွာ ချလိုက်ပြီး အဆောင်ထဲသို့ လျှောက်သွားလိုက်သည်။

'ဟင် … ကံကြမ္မာနဲ့ကံတရားရဲ့စွမ်းအားလား…’

ထန်ရှုသည် အဆောင်တံခါးဝသို့ လှမ်းဝင်လိုက်စဉ် အဆောင်တော်တွင်း၌ ကံကြမ္မာနှင့် ကံတရား၏ ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရပြီး ၎င်းသည် ထူးခြားသော စွမ်းအားတစ်ခုဖြစ်သည်။ သူ့လက်စွပ်အတွင်းရှိ ရတနာများပါရှိသော ကံကြမ္မာနှင့် ကံတရား၏ကြီးမားလှသော စွမ်းအားထက် နိမ့်ကျသော်လည်း ထိုစွမ်းအားသည် သူ၏စိတ်ဝိညာဉ်အာရုံကို အပြည့်အဝ ဟန့်တားထားသည်။

သူ စုပ်ယူရမယ်။

ထန်ရှုသည် သူ၏ကောင်းကင်ဘုံ စကြာဝဠာပညာရပ်ကို တိတ်တဆိတ် လွှတ်ပြီး ဤနေရာ၌ ကံကြမ္မာနှင့် ကံတရား၏စွမ်းအားကို စုပ်ယူလိုက်သည်။ မာကျန်းဖုန်း၏လမ်းပြမှုမရှိဘဲ သူသည် ရှေ့သို့ တစ်လှမ်းချင်းတိုးကာ ဒုတိယထပ်ရှိ တံခါးဆီသို့ သွားခဲ့သည်။ ထို့နောက် တံခါးကို တွန်းကာ အခန်းထဲသို့ တန်းဝင်သွားလိုက်ပြီး ကုတင်ပေါ်တွင် ပိန်ပါးစွာ လှဲလျောင်းနေသော အဘိုးအိုတစ်ဦးကို ကြည့်လိုက်သည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသော အဘိုးအိုသည် ကံကြမ္မာနှင့် ကံတရား၏ အရောင်စုံသော စွမ်းအားများဖြင့် ဖုံးလွှမ်းနေသည် ကို အခြားသူများက မမြင်နိုင်သော်လည်း ထန်ရှုက ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ကံကြမ္မာနှင့်ကံတရား၏ ဤစွမ်းအားသည် အလွန်ပြင်းထန်သောကြောင့် ၎င်းသည် အဖိုးအို၏ ဝိညာဉ်နှင့် အသက်စွမ်းအားကို နှုတ်ယူနေသကဲ့သို့ပင်။ အကယ်၍ ဤနှုတ်ယူမှုအရှိန်သည် တစ်လခွဲကြာ ဆက်ရှိနေမည်ဆိုပါက အိပ်ယာပေါ်ရှိ အဘိုးအို၏ အသက်နှင့်ဝိညာဉ်အား လုံးလုံးလျားလျား နှုတ်ယူသွားမည်ဖြစ်ပြီး အဘိုးအိုသည် သေဆုံးရပေမည်။

ထန်ရှုသည် မာကျန်းဖုန်းနှင့် မာမိသားစု၏ သြဇာအရှိဆုံး အဖွဲ့ဝင်အချို့ကို လှည့်ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

"အခု ခင်ဗျားတို့မှာ ရွေးချယ်စရာနှစ်ခု ရှိတယ်။ ပထမတစ်ခုက သူ့အသက်ကို ကယ်တင်နိုင်ပေမယ့် မာမိသားစုရဲ့အရင်းအမြစ်တွေ ပြိုပျက်သွားလိမ့်မယ်။ ဒုတိယတစ်ခုကတော့ သူ သေမယ်။ ဒါပေမယ့် မာမိသားစုက အနှစ် ၁၀၀ နီးပါး ဆက်လက်ရှင်သန်ဖို့ အာမခံချက် ရှိတယ်။”

မာကျန်းဖုန်းနှင့် မာမိသားစုအဖွဲ့ဝင်များ၏ မျက်နှာများသည် ထိတ်လန့်တုန်လှုပ်သော အမူအရာများသို့ သိသိသာသာ ပြောင်းလဲသွားသည်။

မာကျန်းဖုန်း၏ဒုတိယဦးလေး မာချန်းရီသည် မာမိသားစုတွင် အလွန်အာဏာရှိသော အဘိုးအိုတစ်ဦး ဖြစ်ပြီး ယခုအချိန်တွင် သူသည် ရှေ့သို့ ခြေနှစ်လှမ်း တိုးလာသည်။ သူက ထန်ရှုကို လေးနက်သောအမူအရာဖြင့် စိုက်ကြည့်ကာ စိုးရိမ်စိတ်ဖြင့် မေးလာသည်။

"နတ်ဆေးသမားတော် ထန် … နှစ်ခုစလုံးဆိုရင်ရော ဖြစ်နိုင်ချေ ရှိလား။"

ထန်ရှုက ထိုသူ၏မျက်လုံးများကို စူးစူးရဲရဲစိုက်ကြည့်ပြီး "ခင်ဗျားတို့မာမိသားစုရဲ့ အကြီးအကဲတွေက အနည်းဆုံး လေးစားစရာကောင်းတယ်။ အချင်းချင်း တိုက်ခိုက်ဖို့ အကြံအစည် မရှိကြဘူး။ တခြားနည်းလမ်းတစ်ခုတော့ ရှိသေးတယ်။ ဒါပေမယ့် ပေးရတဲ့တန်ဖိုးက တော်တော်ကြီးလိမ့်မယ်။”

All Chapters