← Chapters

ငါက လျော်ပေးနိုင်ပေမဲ့ မင်းတို့က လက်မခံရဲမှာကို စိုးရိမ်ရတယ်

Vol. 71 Ch. 1415

ငါက လျော်ပေးနိုင်ပေမဲ့ မင်းတို့က လက်မခံရဲမှာကို စိုးရိမ်ရတယ်

Vol. 71 Ch. 1415

" ကင်းမွန်အေဂျင်စီ၊ ဟုတ်တယ်မလား။ မင်းတို့ ဘယ်လောက်ခေါင်းမာနိုင်မလဲ ကြည့်တာပေါ့ "

ယဲ့ဖန် ထိုသို့ပြောပြီးနောက် ဖုန်းထုတ်လိုက်သည်။

ထိုအချိန် ရိုက်ကူးရေးမှ ဒါရိုက်တာသည် လျင်မြန်စွာ ထွက်လာသည်။

" လူကြီးမင်း၊ စိတ်လျှော့ပါ။ အလျင်စလို မလုပ်ပါနဲ့ "

" ခင်ဗျားက ဘယ်သူလဲ "

ယဲ့ဖန် ထိုလူကို စိုက်ကြည့်လိုက်သည်။

" ကျွန်တော်က ဒီအစီအစဉ်ရဲ့ ဒါရိုက်တာ ဖုန်းချင်းချွမ်ပါ "

ထိုလူ၏မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ရှိနေသော်လည်း အပြစ်ရှိစိတ် ရှိပုံမပေါ်ပေ။

" ဒါရိုက်တာလား။ ဒါက ခင်ဗျားအစီအစဉ်ရဲ့ တင်ဆက်ပုံလား "

ယဲ့ဖန် ၏ လေသံမှာ လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

" ဟုတ်တယ်။ ဒီအတိုင်းက လူကြိုက်များပါတယ်။ လူကြီးမင်းကတော့ မသိပေမယ့် အခု တိုက်ရိုက်ထုတ်လွှင့်မှု ထိပ်ဆုံးအခြေအနေပါ။ အွန်လိုင်းမှာ ကြည့်နေတဲ့လူအရေအတွက် ၆သောင်းကျော်ပြီးတော့ ကြည့်ရှုသူ အမြင့်ဆုံးအခြေအနေပါ "

ဖုန်းချင်းချွမ်သည် အရှက်မရှိရုံသာမက သူ့ကိုယ်သူ ကျေနပ်နေပုံရသည်။

" ဟား၊ တခြားသူတွေရဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်တဲ့နည်းကို သုံးပြီး လူအာရုံစိုက်တာ ခံချင်နေတာတဲ့လား။ တရားရုံးက ဆင့်ခေါ်တာကို စောင့်နေလိုက်တော့ "

ယဲ့ဖန်သည် ထိုသို့လူမျိုးနှင့် စကားပြောကာ အချိန်မဖြုန်းချင်တော့ပေ။

" လူငယ်လေး၊ ဝင်ရှုပ်နေတာကို ရပ်လိုက်ဖို့ အကြံပေးတယ်။ ငါတို့က ဒီအစီအစဉ်ကို လုပ်ရဲမှတော့ မင်း ငါတို့ကို တရားစွဲမှာကိုလည်း မကြောက်ဘူး။ ငါတို့ အေဂျင်စီရဲ့ နောက်ခံအကြောင်းကို အရင်ရှာကြည့်လိုက်။ မင်း အနိုင်ရနိုင်မယ်လို့ ထင်နေလား "

ဖုန်းချင်းချွမ်သည် အာဏာရှိသော ကိုယ်ဟန်ပန်ဖြင့် ရပ်လိုက်သည်။

သစ်ပင်ကောင်းလျှင် အရိပ်ကောင်းရသည်။ သူတို့၏ အေဂျင်စီသည် သူတို့၏ ယုံကြည်မှုအရင်းအမြစ် ဖြစ်သည်။

ယဲ့ဖန်သည် သူ၏ မာနကြီးသော အမူအရာကို သဘောကျသွားသည်။

" တကယ်လား။ ဒါဆို မင်းတို့က သူများတွေကို အနိုင်ကျင့်ဖို့ ဘယ်ကသတ္တိရနေလဲ မေးကြည့်ရမှာပဲ "

ထိုစကားကို ပြောပြီးနောက် ယဲ့ဖန်ဖုန်းကိုထုတ်ကာ ဖန်းရှောင်ကွန်းကို ဖုန်းဆက်သည်။

" မင်္ဂလာပါ ဆရာကြီး ..... ဘာ .... ဘာလို့ ခေါ်တာလဲ "

ဖန်းရှောင်ကွန်း အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။

သူသည် ကျူးရှောင်ကျောင်းအား ယဲ့ဖန်၏ တည်နေရာကို ပြောပြခဲ့သူဖြစ်၍ သူ့ဆရာသခင်မှ အပြစ်ပေးရန် ဖုန်းခေါ်သည်ဟု ထင်လိုက်သည်။

" ရှောင်ကွန်း၊ ကင်းမွန်အေဂျင်စီရဲ့ နောက်ခံကို သိလား "

ယဲ့ဖန်သည် ဖန်းရှောင်ကွန်း ဘာတွေးနေသည်ကို မသိဘဲ အဓိက ကိစ္စကိုသာ မေးလိုက်သည်။

" ကင်းမွန် အေဂျင်စီလား။ အဲ့တာကို တစ်ခါမှ မကြားဖူးဘူး။ ဘာလို့လဲ၊ သူတို့က ဆရာ့ကို ပြဿနာရှာလို့လား "

ဖန်းရှောင်ကွန်းသည် သူ့အား ဆူမည်မဟုတ်ကြောင်း ကြားပြီးနောက် သက်ပြင်းချမိသည်။

" ဒီလို၊ အဲ့တာက အစီအစဉ် ရိုက်ကူးရေးအဖွဲ့ ...... "

ယဲ့ဖန်သည် အစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြသညါ။

ဖန်းရှောင်ကွန်း၏ အသံသည် ချက်ချင်းပင် အုံ့မှိုင်းသွားသည်။

" ဆရာ၊ ကျေးဇူးပြုပြီး ငါးမိနစ်လောက်ပဲ အချိန်ပေးပါ "

ထို့နောက် ဖုန်းချလိုက်သည်။

" ဘယ်လိုလဲ၊ မေးပြီးပြီလား "

မာရီနာသည် သူမကိုယ်သူမ ချစ်စရာကောင်းသည်ဟု ထင်သော အပြုံးနှင့် လမ်းလျှောက်လာခဲ့သည်။

" စိတ်မပူပါနဲ့၊ ငါ့လူတွေက မေးနေတယ် "

ယဲ့ဖန်သည် သူ့မျက်နှာပေါ်၌ အပြုံးမပျက်ပေ။

" ဟားဟားဟား၊ နင့်ရဲ့ ခွန်အားတွေကို မဖြုန်းတီးဖို့ ငါ အကြံပေးတယ်။ ငါတို့ရဲ့ သူဌေးက အရမ်းအစွမ်းထက်တဲ့ နောက်ခံရှိတယ်။ သူက မင်း စော်ကားဖို့ တတ်နိုင်တဲ့သူတစ်ယောက် မဟုတ်ဘူး "

" နင့်အတွက် ဘာကောင်းလဲဆိုတာ သိရင် ဒုက္ခမရှာနဲ့။ ငါတို့ထိုင်ပြီး လျော်ကြေးငွေအကြောင်း အတူတူဆွေးနွေးလို့ရတယ် "

မာရီနာသည် နာမည်ကြီးကြယ်ပွင့်တစ်ယောက်လို ပြုမူလိုက်သည်။

" လျော်ကြေးလား။ မင်းက ငါ့ကို လျော်ကြေးပေးမှာလား "

ယဲ့ဖန်သည် သူ့နှာခေါင်းကို ပွတ်သပ်ပြီး သူမကို တည်ငြိမ်စွာ ကြည့်နေသည်။

" ငါတို့က မင်းကို လျော်ကြေးပေးရမှာတဲ့လား။ ဟားဟားဟား၊ မင်း အိပ်မက်မက်နေတာလား။ မင်း ငါတို့ရဲ့ အစီအစဉ်ရိုက်ကူးရေးကို နှောင့်နှေးအောင်လုပ်ပြီး ငါတို့ကို အများကြီး ဆုံးရှုံးအောင် လုပ်ခဲ့တယ်။ ဒီဆုံးရှုံးမှုတွေအတွက် မင်း တာဝန်ယူရမယ် "

ဖုန်းချင်းချွမ်သည် ဘေးမှ ထွက်လာပြီး စွပ်စွဲသည်။

ယဲ့ဖန်သည် သူတို့၏ အရှက်မဲ့မှုကို ချက်ချင်း လက်မြှောက်ရတော့သည်။

" မင်းတို့ ငါ့ခွင့်ပြုချက်မရဘဲ လျှို့ဝှက်ဓာတ်ပုံရိုက်တဲ့အပြင် မင်းတို့ကို ပြန်ပြီး လျော်ကြေးပေးစေချင်တာလား။ ဘယ်လိုစဉ်းစားဉာဏ်လဲ "

" ဒါငါတို့ ကင်းမွန်အေဂျင်စီရဲ့ နည်းလမ်းပဲ။ အဲ့တာကို လက်မခံရင် မင်း ဒုက္ခရောက်မယ် "

ဖုန်းချင်းချွမ်မှ မောက်မာစွာပြောသည်။

" ဒါဆို ငါက မင်းတို့ကို လျော်ကြေး ဘယ်လောက်ပေးသင့်တယ် ထင်လဲ "

ယဲ့ဖန် မျက်လုံးကို ဝေ့လိုက်သည်။

ဖုန်းချင်းချွမ်သည် ကင်မရာသမား၏ လက်ထဲမှ ကင်မရာကို ညွှန်ပြသည်။

" ကါတို့ အခုပဲ စစ်ကြည့်တာ ကင်မရာက ဆိုးဆိုးရွားရွား ပျက်စီးနေပြီ။ မူရင်းဈေးအတိုင်း ယွမ် ၂သိန်း ပေးရမယ် "

" ပြီးတော့ ငါတို့ရဲ့ အစီအစဉ်ကို မကောင်းတဲ့ အကျိုးသက်ရောက်မှုဖြစ်အောင် လုပ်ခဲ့တာတွေအတွက် အနည်းဆုံး ယွမ်၅သိန်း လျော်ကြေးပေးရမယ် "

ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုတောက်ပလာသည်။

" ကိစ္စမရှိဘူး။ ငါ မင်းတို့ကို လျော်ကြေးပေးလို့ ရတယ်။ ဒါပေမဲ့ မင်းတို့ မယူရဲမှာကိုပဲ စိုးရိမ်တာ ..... "

" ဟားဟားဟား၊ ငါတို့က ဘာလို့ ...... "

ဖုန်းချင်းချွမ်သည် ပြန်လည် လှောင်ပြောင်ပြောဆိုတော့မည့်အချိန် သူ့ဖုန်းမှ ရုတ်တရက် မြည်လာသည်။

ဖုန်းကို ထုတ်ကြည့်လိုက်ရာ ကင်းမွန်အေဂျင်စီ၏ သူဌေးဖြစ်သူ ချုံထျန်းဟွ ဖြစ်နေသည်အား တွေ့ရသည်။

သူသည် နှောင့်နှေးမနေရဲဘဲ အမြန်ဖုန်းကိုင်လိုက်သည်။

" မင်္ဂလာပါ ဥက္ကဌချုံ၊ ကျွန်တော်တို့ အစီအစဉ် ရိုက်ကူးနေတာပါ။ ဥက္ကဌ ညွှန်ကြားချင်တာများ ရှိလို့လား "

" ဘာရှိရမှာလဲ။ မင်းတို့ အကောင်ကြီး တစ်ယောက်ယောက်ကို ထိမိတာလား "

လူတစ်ယောက်၏ ဟောက်သံသည် ဖုန်းတစ်ဖက်မှ ချက်ချင်း ထွက်ပေါ်လာပြီး ဖုန်းချင်းချွမ်ကို ထိတ်လန့်စေသည်။

" အကောင်ကြီးလား "

ဖုန်းချင်းချွမ်သည် ယဲ့ဖန်ကို တစ်ချက် ကြည့်လိုက်သည်။

ထိုလူငယ်သည် အကောင်ကြီးတစ်ယောက်ပုံ မဟုတ်ပေ။

" ဥက္ကဌချုံ၊ အတင်းအဖျင်းတွေများ ကြားလာတာလား "

" ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျွန်တော်တို့ အစီအစဉ်ရိုက်ကူးရေးကို လာဖျက်ဆီးနေတဲ့ အရူးတစ်ယောက်ပဲ ရှိတာပါ။ ကျွန်တော်တို့က သူ့ကို လျော်ကြေးပေးဖို့ တောင်းဆိုနေပါတယ် ..... "

" သူ့မျိုးရိုးနာမည်က ယဲ့လား "

ချုံထျန်းဟွသည် သူ့စကားမပြီးခင် ဖြတ်မေးလိုက်သည်။

ဖုန်းချင်းချွမ်သည် စိတ်ရှုပ်ထွေးသွားသော်လည်း ခေါင်းမော့ကာ ယဲ့ဖန်ကိုကြည့်လိုက်သည်။

" မင်းမျိုးရိုးနာမည်က ယဲ့လား "

" ဟုတ်တယ်၊ ပြဿနာရှိလို့လား "

ယဲ့ဖန်သည် သူ့ကို ပြုံးလျက် ကြည့်သည်။

ဖုန်းချင်းချွမ်သည် ယဲ့ဖန်ကို စိုက်ကြည့်ပြီး ဖုန်းကို ဆက်ပြောသည်။

" ဥက္ကဌချုံ၊ အဲ့ဒီကလေးရဲ့ မျိုးရိုးနာမည်က တကယ်ပဲ ယဲ့လို့ ပြောပါတယ်။ ဥက္ကဌ ဘယ်လိုသိတာလဲ "

" ငါ ဘယ်လိုသိတာလဲ ဟုတ်လား။ အခုပဲ ယဉ်ကျေးမှုရေးရာ ဝန်ကြီးဌာန တာဝန်ခံခေါင်းဆောင်က ငါ့ကို ဖုန်းဆက်ပြီး ငါတို့ရဲ့အေဂျင်စီက လူမှုပတ်ဝန်းကျင်အသိုက်အဝန်းကို မကောင်းတဲ့အမြင်ဖြစ်အောင် လုပ်နေတယ်လို့ သံသယရှိပြီး ပြန်လည်ပြုပြင်ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပြောတယ် "

" ငါ မေးကြည့်လိုက်တော့ မင်းရဲ့အဖွဲ့က ယဲ့ဆိုတဲ့ နာမည်နဲ့ အကောင်ကြီးကို စော်ကားထားတယ်တဲ့။ သူက သူ့ရဲ့ အချိတ်အဆက်တွေကို သုံးပြီး ငါတို့အေဂျင်စီကို ပြဿနာပြန်ရှာနေပြီကွ ...... "

" ဟာ "

ဖုန်းချင်းချွမ် ထိတ်လန့်သွားပြီး ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေသည်။

ဒီလူငယ်လေး ဖုန်းခေါ်လိုက်တာက ကျန်းကောပြည်နယ်ရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကိုတောင် တုန်လှုပ်စေတာလား။

ဒီလောက်ထိ အကြီးအကျယ်လုပ်ဖို့ လိုလို့လား။

" စောက်ကျိုးနည်း၊ ယဲ့လူကြီးမင်းကို မြန်မြန် ဖုန်းပေးလိုက်။ ငါ သူ့ကို ကိုယ်တိုင် တောင်းပန်လိုက်မယ်။ သူက သဘောထားကြီးပေးနိုင်မယ်လို့ မျှော်လင့်တာပဲ "

ချုံထျန်းဟွ အမြန်ပြောလိုက်သည်။

ဖုန်းချင်းချွမ်သည် မတတ်နိုင်ဘဲ တုန်ဂီစွာဖြင့် ဖုန်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ယဲ့ဖန်အား ပေးလိုက်သည်။

" ယဲ့ .… ယဲ့လူကြီးမင်း၊ ဥက္ကဌက လူကြီးမင်းနဲ့ စကားပြောချင်နေပါတယ် ..... "

ယဲ့ဖန် သူ့ကို လှမ်းကြည့်ပြီးနောက် ဖုန်းကို ကိုင်လိုက်သည်။

မာရီနာသည် ဖုန်းချင်းချွမ်၏ အဝတ်အစားကို ဆွဲကာမေးသည်။

" ဒါရိုက်တာဖုန်း၊ ဘာဖြစ်သွားတာလဲ "

ဖုန်းချင်းချွမ်သည် ချွေးအေးများ ထွက်လာသည်ကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။

" ငါတို့ ..... ငါတို့ အကြီးအကျယ် ဒုက္ခရောက်သွားတာ ဖြစ်နိုင်တယ် ..... "

" ဒုက္ခအကြီးအကျယ်ရောက်တာလား ..... အဲ့ဒီတစ်ယောက်နဲ့လား "

မာရီနာသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ဒီလို လူငယ်လေးက အဲ့လောက်အင်အားကြီးတာ ဖြစ်နိုင်လို့လား။

မာရီနာထိတ်လန့်သွားသော်လည်း ဤကိစ္စ၏ လေးနက်မှုကို သူမ ရှင်းလင်းစွာ မသိရသေးပေ။

ဒီလူငယ်က သူဌေးကို သိရင်ရော ဘာလုပ်နိုင်မှာမလို့လဲ။

'အို၊ ယောက်ျားတွေ'က ကင်းမွန်အေဂျင်စီရဲ့ အဓိက အစီအစဉ်ကြီးပဲ။

သူဌေးက ဒီလူငယ်လေးအတွက်နဲ့ ငွေပင်ကြီးကို ခုတ်ပစ်ပါ့မလား။

" မင်္ဂလာပါ၊ ယဲ့ဖန် ပြောနေပါတယ် "

ယဲ့ဖန်သည် ဖုန်းကို နားရွက်နား ကပ်လိုက်သည်။

" မ ..... မင်္ဂလာပါ ယဲ့လူကြီးမင်း။ ကျွန်တော် ..... ကျွန်တော်က ကင်းမွန်အေဂျင်စီရဲ့ ဥက္ကဌဖြစ်တဲ့ ချုံထျန်းဟွပါ ...... "

ချုံထျန်းဟွသည် ကြောက်လန့်တကြားဖြင့် သတိထားကာ ပြောလိုက်သည်။

" မင်္ဂလာပါ၊ ဥက္ကဌချုံ။ ဘာကိစ္စများရှိလို့လဲ "

ယဲ့ဖန် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒီတစ်ခါ ကျွန်တော်တို့ ကင်းမွန်အေဂျင်စီရဲ့ အမှားပါ။ အေဂျင်စီဘက်က ကိုယ်စား လူကြီးမင်းကို အရိုးသားဆုံး တောင်းပန်ချင်ပါတယ်။ လူကြီးမင်းက သဘောထားကြီးပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

******

All Chapters