← Chapters

အနိုင်ကျင့်ခံရတဲ့ခံစားချက်ကို သိစေချင်ရုံပဲ

Vol. 71 Ch. 1416

အနိုင်ကျင့်ခံရတဲ့ခံစားချက်ကို သိစေချင်ရုံပဲ

Vol. 71 Ch. 1416

ချုံထျန်းဟွ ဖုန်းထဲမှတစ်ဆင့် သေချာဂရုတစိုက် တောင်းပန်လေသည်။

ယဉ်ကျေးမှုရေးရာဌာနမှ ပြောသည့် "ပြန်လည်စိစစ်ရေး"ကို သူ သေချာကောင်းမွန်စွာ နားလည်လေသည်။

ဤကိစ္စသည် အကြီးအကျယ် ဖြစ်သွားနိုင်သလို အေးဆေးစွာလည်း ပြီးသွားနိုင်သည်။

သူတို့ဘက်မှ လွှတ်ပေးချင်ပါက နှုတ်နှင့်သတိပေးလိမ့်မည်။

သို့သော် တစ်ဖက်မှ အမှန်တကယ် ဖြုတ်ချချင်ပါက အကြောင်းပြချက် အမျိုးမျိုးကို ရှာဖွေနိုင်လေသည်။

သူတို့၏ ကင်းမွန်အေဂျင်စီ၌ အမှန်ပင် စုံစမ်းစစ်ဆေးခံရန် မရသော ပြဿနာများစွာ ရှိသည်။

ယခုအခါ ကင်းမွန်အေဂျင်စီ၏ အသက်သည် ယဲ့ဖန်၏ လက်ထဲတွင် ရှိနေသည်။

" ဥက္ကဌချုံ၊ ခင်ဗျား လူမှားနေတာလား။ ကျွန်တော်က သာမန်ပြည်သူတစ်ယောက်ပါ။ ဘယ်လိုလုပ် ဥက္ကဌကို သက်ညှာပေးနိုင်မှာလဲ "

ဖန်းရှောင်ကွန်းသည် သူ့အဆက်အသွယ်များကို အသုံးပြုခဲ့ခြင်း ဖြစ်မည်ကို ယဲ့ဖန် သိထားသော်လည်း ဆက်ပြီး မသိသလိုသာနေခဲ့သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ အေဂျင်စီက လူ့အဖွဲ့အစည်းအတွက် မကောင်းအကျိုးသက်ရောက်မှု ဖြစ်နေတယ်လို့ သံသယရှိတဲ့အတွက် အေဂျင်စီတစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုပြီး ယဉ်ကျေးမှုဝန်ကြီးဌာနအကြီးအကဲဆီက အကြောင်းကြား လက်ခံရထားပါတယ်။ လူကြီးမင်းက ကျွန်တော်တို့ကို လွှတ်ပေးတာနဲ့ အလိုရှိတဲ့ အခြေအနေတိုင်းကို ကျွန်တော်တို့ သဘောတူပေးပါ့မယ် .... "

" ဥက္ကဌချုံ၊ ကျွန်တော့်ကို အထင်ကြီးလွန်းနေတာပဲ။ ကျွန်တော်က သာမန်ပြည်သူတစ်ယောက်ပါပဲ "

" အထက်လူကြီးတွေက ခင်ဗျားကို ပြုပြင်ပြောင်းလဲစေချင်တာရှိရင် လိုအပ်ချက်တွေကို ပြုပြင်ပြောင်းလဲသင့်တယ်။ ပြောင်းစရာရှိတယ်ဆိုရင် ပြောင်းလိုက်ပေါ့။ ဘာမှမရှိဘူးရင်လည်း ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်သင့်တယ် မဟုတ်လား "

ယဲ့ဖန်သည် ဆက်၍ နားမလည်ပုံ ဟန်ဆောင်နေသည်။

သို့သော် ဥက္ကဌချုံသည် ယဲ့ဖန်၏စကားမှ တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

" ယဲ့လူကြီးမင်း၊ နားလည်ပါပြီ။ 'အို၊ယောက်ျားတွေ'ရဲ့ ထုတ်လုပ်ရေးအဖွဲ့နဲ့ ပတ်သတ်ပြီး ပြဿနာ ရှိနေပါတယ်။ အခုကစပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပါ့မယ်။ အစီအစဉ်က အဖွဲ့သားတွေအားလုံးကိုလည်း သေချာစုံစမ်းစစ်ဆေးသွားမှာပါ။ ပြဿနာတစ်ခုခုတွေ့ရင် သူတို့ကို သေချာပေါက် အပြစ်ပေးလိုက်ပါ့မယ် "

ကင်းမွန်အေဂျင်စီ ကာကွယ်ရန် အစီအစဉ်တစ်ခုနှင့် အဖွဲ့သားအချို့ကို စတေးရန် သူသည် လုံးဝ တွန့်ဆုတ်မနေပေ။

" ဒါက ဥက္ကဌချုံရဲ့စီးပွားရေးပဲ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး "

ယဲ့ဖန်သည် ဘာမှဆက်မပြောဘဲ ဖုန်းချင်းချွမ်ကို ဖုန်းပြန်ပေးလိုက်သည်။

" ဥကကဌချုံ၊ ကျေးဇူးပြုပြီး ပြောပါ။ ကျွန်တော် နားထောင်နေပါတယ် "

ဖုန်းနှင့်ပြောနေခြင်းသာဖြစ်သော်လည်း ဖုန်းချင်းချွမ်သည် ဦးညွှတ်ပြီး မြှောက်ပင့်သည့် အမူအရာလုပ်နေသည်။

" ဖုန်းချင်းချွမ်၊ မင်းရဲ့ 'အို၊ယောက်ျားတွေ' ထုတ်လုပ်ရေးအဖွဲ့က ပြဿနာအကြီးကြီး ရှိနေတော့ အေဂျင်စီကိုယ်စား ငါကြေညာလိုက်ပြီ။ ဒီအစီအစဉ်က်ု အကန့်အသတ်မရှိ ရပ်ဆိုင်းမယ် ...... "

ချုံထျန်းဟွသည် ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ထိုအစီအစဉ်၏ အဆုံးသတ်ကို ပြောလိုက်သည်။

ဖုန်းချင်းချွမ် အံ့အားသင့်သွားသည်။

" ဥက္ကဌချုံ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့ရဲ့ အစီအစဉ်က အေဂျင်စီရဲ့ ဝှက်ဖဲတွေထဲက တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အဲ့တာကို ဘယ်လိုလုပ် ရပ်လိုက်မှာလဲ "

မာရီနာသည် သူ့စကားကို ကြားပြီး ထိတ်လန့်သွားသည်။

" ဥက္ကဌချုံက ဘာပြောတာလဲ။ ကျွန်မတို့ရဲ့ အစီအစဉ်ကို ရပ်တော့မှာလား။ ဘာလို့လဲ။ မြန်မြန်လေး အသနားခံလိုက်လေ ..... "

" ပါးစပ်ပိတ်ထားစမ်း "

ဖုန်းချင်းချွမ်သည် သူမ၏ ဆူညံသံကြောင့် ခေါင်းကိုက်ပြီး ချက်ချင်း;လှည့်၍ ဟောက်လိုက်သည်။

မာရီနာသည် အလွန်ထိတ်လန့်သွားပြီး ဘေးသို့သွားပာ စကားပြန်မပြောရဲတော့ပေ။

ထိုမှသာ ဖုန်းချင်းချွမ်သည် သနားစရာကောင်းစွာဖြင့် ဆက်၍ အသနားခံခဲ့သည်။

" ဥက္ကဌချုံ၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ။ ကျွန်တော်တို့ရဲ့ အစီအစဉ်က အေဂျင်စီအတွက် အထောက်အကူအများကြီးဖြစ်အောင် လုပ်ပေးခဲ့တယ် မဟုတ်လား "

" အဲ့တာတွေကို ထည့်စဉ်းစားစရာ မလိုဘူး။ ငါ ဆုံးဖြတ်ပြီးပြီ "

ချုံထျန်းဟွသည် သူ့ကို ပြတ်သားစွာ ပြောလိုက်သည်။

ဖုန်းချင်းချွမ်သည် သူ့လေသံကို ကြားပြီးနောက် ညှိနှိုင်းရန် နေရာမရှိသည်ကို သိလိုက်ရသည်။

ထို့ကြောင့် သူသည် နောက်ထပ် အကောင်းဆုံး ဖြေရှင်းချက်ကို ရှာခဲ့သည်။

" ဒါဆို ကျွန်တော်တို့ ထုတ်လုပ်ရေးအဖွဲ့က နောက်ထပ်ရှိုးတစ်ခုကို စလို့ရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဥက္ကဌကို ပြောခဲ့တဲ့ 'အို၊ မိန်းမတွေ'ကို အစီအစဉ်စဖို့ စီစဉ်ရပါမယ် .... "

" အဲ့တာလည်း မလိုတော့ဘူး။ မာရီနာအပါအဝင် မင်းရဲ့ အစီအစဉ်အဖွဲ့ဝင်တွေက အေဂျင်စီအတွက် မကောင်းတဲ့သက်ရောက်မှု ဖြစ်နေတယ်။ စုံစမ်းစစ်ဆေးခံရဖို့ကို စောင့်နေလိုက် "

" ဗျာ၊ စုံစမ်းစစ်ဆေးရေးလား။ ဘာကိုစုံစမ်းမှာလဲ "

" မင်းတို့ ဘယ်လောက် ဆိုးကျိုးသက်ရောက်ခဲ့လဲဆိုတာကို ကြည့်ပြီး ဘယ်လောက် အပြစ်ဒဏ်ကို ခံယူသင့်လဲဆိုတာကို မဆုံးဖြတ်ရသေးခင်အထိ စောင့်ရမယ်။ သက်ရောက်မှုက ဆိုးရင် တရားရင်ဆိုင်ရမယ် "

" ဥက္ကဌချုံ၊ ဒါက ရက်စက်လွန်းတယ် မဟုတ်လား။ ကျွန်တော်တို့ရဲ့ အစီအစဉ်ကို ဥက္ကဌ ကောင်းကောင်းသိပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကတောင် ကျွန်တော်တို့ကို ချီးကျူးနေခဲ့တာပဲ။ အခုကျ ..... "

" ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ အဲ့လို အကောင်ကြီးကို ဘယ်သူက စော်ကားခိုင်းလို့လဲ "

" ငါ မင်းကို မရှင်းရင် သူတို့က ငါ့ကို အောက်ဆုံးထိ ဆွဲချလိမ့်မယ်။ မင်း အဲ့ဒီယဲ့လူကြီးမင်းကို သွားပြီး တောင်းပန်လိုက်။ သူက မင်းကို လွှတ်ပေးရင် ငါက ပိုတောင် ဝမ်းသာဦးမယ် "

ချုံထျန်းဟွ ဖုန်းကို ချလိုက်သည်။

ဖုန်းချင်းချွမ် ခဏတာ အံ့အားသင့်သွားသော်လည်း သတိပြန်ဝင်လာကာ ယဲ့ဖန်ထံသို့ အမြန်လျှောက်သွားလိုက်သည်။

" ယဲ့လူကြီးမင်းလေး၊ ကျွန်တော်တို့ တကယ် တောင်းပန်ပါတယ်။ လူကြီးမင်းကို အသိအမှတ် မပြုမိဘဲ ပြဿနာဖြစ်စေခဲ့တာပါ။ စိတ်သဘောထားကြီးပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ယဲ့ဖန်သည် သူ့အိတ်ကပ်ထဲမှ ဆေးလိပ်ဘူးကို ထုတ်ကာ ဆေးလိပ်တစ်လိပ် မီးညှိလိုက်သည်။

" မင်း ငါ့ကို တောင်းပန်ရင်တောင် အသုံးမဝင်ဘူး။ မင်းတို့ကို ခက်ခဲအောင် လုပ်နေတာ ငါ မဟုတ်ဘူး "

ယဲ့ဖန် ပြောခဲ့သည်မှာ အမှန်တရားဖြစ်သည်။ ဖန်းရှောင်ကွန်းသည်သာ ကင်းမွန်အေဂျင်စီကို ဖိအားပေးရန် အချိတ်အဆက်များကို အသုံးပြုခဲ့သူ ဖြစ်သည်။

ချုံထျန်းဟွသည်သာ သူတို့၏ အစီအစဉ်ကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးတွင် ယဲ့ဖန် မပါဝင်ခဲ့ပေ။

သို့သော် ဖုန်းချင်းချွမ်သည် သူ့စကားကို မယုံကြည်နိုင်ပေ။

ဤစကားများသည် ယဲ့ဖန်၏ စိတ်အား လှုပ်ရှားနိုင်မည် မဟုတ်ကြောင်း သူ သိလိုက်သည်။

သူ့ဦးနှောက်မှ လျင်မြန်စွာ အလုပ်လုပ်ပြီး ရုတ်တရက် အကြံဉာဏ်တစ်ခု ပေါ်လာသည်။

သူသည် ကြောင်အနေသော မာရီနာကို ဘေးသို့ဆွဲခေါ်လာပြီး ယဲ့ဖန်ကို ဆိုးသွမ်းစွာ ပြုံး၍ ကြည့်လေသည်။

" ယဲ့လူကြီးမင်း၊ မာရီနာက ဒီည ဟိုတယ်မှာ အမှာစာတင်ထားပါတယ်။ အစီအစဉ်ကို ဘယ်လိုကောင်းအောင် လုပ်ရမလဲဆိုတာ မေးချင်တာမလို့ စာနာစွာနဲ့ ထောက်ပြပေးပါဦး "

သူ၏ သဘောထားပြောင်းလဲမှုမှာ အရှက်ကင်းမဲ့လှသည်။ မျက်နှာပျက်မည်ကိုလည်း မစိုးရိမ်ပေ။

" ဖုန်းချင်းချွမ်၊ ရှင် ဘာကိုဆိုလိုတာလဲ။ ကျွန်မကို ဘာထင်နေတာလဲ "

မာရီနာ ချက်ချင်းပင် ဒေါသပေါက်ကွဲထွက်သွားသည်။

ဒါက ပြည့်တန်ဆာအဖြစ် လုပ်ပေးဖို့ ပြောနေတာပဲ မဟုတ်ဘူးလား။

ဖုန်းချင်းချွမ်သည် သူမကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

" ဒီအစီအစဉ်ကို ပိတ်သိမ်းပြီး ဖျော်ဖြေရေးပလက်ဖောင်းကနေ ပြဿနာအကြီးကြီး တက်ပြီး တရားရင်ဆိုင်ချင်ရင် ဆက်ပြီးတော့ လေကြီးလေကျယ် ဂုဏ်မောက်နေလိုက် "

" အစီအစဉ်ကို ပိတ်သိမ်းမှာလား။ တရားစွဲထားတာရော ရှိတာလား "

မာရီနာသည် ထိုစကားများကို ကြားပြီး ကြောင်အသွားသည်။

သူမသည် ဤ'အို၊ယောက်ျားများ'ဆိုသည့် အစီအစဉ်ဖြင့် နာမည်ဂုဏ်သတင်းနှင့်အတူ စည်းစိမ်ဥစ္စာပါ ရရှိလာနိုင်ခဲ့သည်။

အကယ်၍ ထိုအစီအစဉ်တင်ဆက်မှု ပိတ်သိမ်းသွားပါက သူမ ပိုင်ဆိုင်သော အရာအားလုံး လေပြည်ကဲ့သို့ လွင့်ပါသွားမည်ဖြစ်သည်။ ထို့အပြင် တရားရေးရာ စွပ်စွဲချက်များလည်း ရှိနေသေးသည်။

သူမ၏ သိက္ခာကို ဖယ်ချရန် စက္ကန့်ပိုင်းမျှသာ ကြာလိုက်ပြီး ယဲ့ဖန်အား မြှောက်ပင့်စွာ ကြည့်လေသည်။

" ယဲ့လူကြီးမင်း၊ ဒီညအားလား။ အတူတူ ထမင်းစားကြမလား "

အစီအစဉ်၏ အကျိုးအတွက် မာနကို ဖယ်ရန် စက္ကန့်ပိုင်းမျှသာ အချိန်ယူလိုက်ရသည်။

ဤတစ်ကြိမ်၌ သူမသည် သဘောထားစစ်မှန်စွာဖြင့် ဖိတ်ခေါ်သည်။

" မအားဘူး "

ယဲ့ဖန်သည် မာရီနာ၏ မြှောက်ပင့်ပြောဆိုမှုကို လျစ်လျူရှုကာ လှည့်ထွက်သွားသည်။

မာရီနာသည် သူမ၏ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ယဲ့ဖန်၏ ခြေထောက်ကို တင်းကြပ်စွာ ဖက်ထားသည်။

" ယဲ့လူကြီးမင်း၊ တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ၊ တောင်းပန်ပါတယ် ..... "

သူမ၏ လုပ်ရပ်သည် ရုတ်တရက်ဆန်ကာ ရှိနေသူတိုင်း လန့်သွားခဲ့သည်။

မာရီနာသည် နာမည်ကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံရသော်လည်း သူမသည် လူအများရှေ့၌ပင် ဒူးထောက်ကာ အသနားခံခဲ့သည်။

ဒါက အရမ်းနိမ့်ကျတာ မဟုတ်ဘူးလား။

လူအတော်အများမှာ ယဲ့ဖန်ကို ကြည့်နေကြသည်။

မိန်းကလေးတစ်ဦး၏ တောင်းပန်မှုအား အေးစက်စွာပြုမူနိုင်သည့်ယောက်ျား များစွာ မရှိနိုင်ပေ။

ထို့ကြောင့် ယဲ့ဖန် စိတ်ပျော့လာမည်ဟု ထင်လိုက်ကြသည်။

သို့သော် သူတို့ မမျှော်လင့်ထားသည့်အရာ ဖြစ်သွားပြန်သည်။

ယဲ့ဖန်သည် စာနာစိတ်မပြဘဲ မာရီနာကို အတင်းဖယ်ထုတ်ခဲ့သည်။

ထို့နောက် သူသည် အေးစက်စွာ ပြောလိုက်သည်။

" တခြားသူတွေ အနိုင်ကျင့်တာ ခံရတဲ့ ခံစားချက်ကို မင်းကို ခံစားစေချင်ရုံပဲ "

ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားသည်။

မာရီနာ၊ ဖုန်းချင်းချွမ်နှင့် အခြားအဖွဲ့သားများမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

သူတို့အား စောင့်ကြိုနေသည့်အရာမှာ ပြင်းထန်သည့် ပြစ်ဒဏ်ဖြစ်ပေလိမ့်မည်။

ဆန့်ကျင်ဘက်အနေဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများသည် ယဲ့ဖန်၏ နောက်ကျောကို သဘောကျစွာ ကြည့်နေကြသည်။

" ဒီလူငယ်လေးက အနာဂတ်ကြီးရှိတယ်ဆိုတာ သိသာတယ် "

" အမှန်ပဲ။ သူက ရက်စက်ပေမယ့် မယုတ်မာဘူး။ သူက အနာဂတ်မှာ သေချာပေါက် ထူးချွန်တဲ့သူ ဖြစ်လာမှာ "

" အထူးသဖြင့် သူ နောက်ဆုံးပြောသွားတဲ့ စကားက အရမ်းမိုက်တယ် "

" ဟုတ်တယ်။ သူများတွေကို အနိုင်ကျင့်တဲ့သူတွေကို ပြန်အနိုင်ကျင့်တဲ့သူ ရှိကိုရှိသင့်တယ် "

" ဒီလူချောလေးက အမှန်တရားရဲ့ အလင်းရောင်လိုပဲ ...... "

******

All Chapters