← Chapters

မယုံနိုင်စရာပဲ

Vol. 71 Ch. 1417

မယုံနိုင်စရာပဲ

Vol. 71 Ch. 1417

ယဲ့ဖန်သည် ဤကိစ္စလေးကို စိတ်ထဲမထားပေ။

ထိုနေရာမှ ထွက်လာပြီးနောက် ထိုသည်ကို မေ့ပစ်လိုက်တော့သည်။

ယဲ့ဖန် အနည်းငယ်ဝေးသည်အထိ လျှောက်လာပြီးနောက် ကျူးရှောင်ကျောင်းသည် သူ့အား လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ခံစားမိသည်။

ထို့အပြင် သူမ၏ လျှို့ဝှက်နေပုံအရ သူမသည် သူ့အား "ထိတ်လန့်တကြား" ဖြစ်စေချင်နေပုံရသည်။

မျက်တောင်မခတ်ဘဲ ရှေ့ကို ဆက်လျှောက်လျက် သူ့မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာသည်။

ထိုအချိန် ကျူးရှောင်ကျောင်းသည် ရုတ်တရက် အရှိန်ပြင်းပြင်းဖြင့် သူ့အနောက်၌ ခုန်လာသည်။

သူမသည် ယဲ့ဖန်၏မျက်လုံးများကို လက်ဖြင့် အုပ်ထားလိုက်သည်။

" ငါဘယ်သူလဲဆိုတာ ခန့်မှန်းကြည့် ..... "

သူမ၏စကား မပြီးခင်မှာပင် ယဲ့ဖန်သည် သူမ၏လက်ကို ဆွဲယူပြီး သူ့ပုခုံးပေါ်မှတစ်ဆင့် ကိုင်ပေါက်လိုက်သည်။

" အား ...... "

ကျူးရှောင်ကျောင်း၏ ခန္ဓာကိုယ်ကို လေထဲသို့ ပစ်ချခံလိုက်ရပြီး သူမ ချက်ချင်းပင် အော်ဟစ်တော့သည်။

" ငါပါ ....... "

ယဲ့ဖန်သည် သူမကို အခုမှ သတိထားမိပုံဖြင့် ရင်ခွင်ထဲကို အမြန်ဆွဲလိုက်ပြီး သူ့မျက်နှာ၌လည်း ထိတ်လန့်မှုအပြည့်ဖြစ်နေသည်။

" ရှောင်ကျောင်း၊ ဘာလို့ မင်းဖြစ်နေတာလဲ "

ကျူးရှောင်ကျောင်းသည် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး သူမ၏မျက်နှာမှာ ဖျော့တော့နေသည်။

သူမသည် ယဲ့ဖန်၏ လက်မောင်းကြား၌ ခဏတာ နေပြီးနောက် တွန်းဖယ်လိုက်သည်။

" ရူးနေလား။ ဘာလို့ ဒီလိုလုပ်တာလဲ "

ယဲ့ဖန်မှ တောင်းပန်စကားဆိုသည်။

" ကိုယ်တို့ ကိုယ်ခံပညာသမားတွေက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တတ်တဲ့ ဗီဇရှိတယ်။ ကိုယ်က ခြုံခိုတိုက်ခိုက်ခံရတယ်လို့ ထင်သွားတာ မင်းသိလား "

ကျူးရှောင်ကျောင်းသည် သူမ၏ ရင်ဘတ်ကို ပုတ်ကာ ညည်းညူလိုက်သည်။

" နင့်ကိုနင် စိတ်ကိုညှဉ်းဆဲနေတာလို့ ငါ ထင်တယ်။ နင့်ကို ဘယ်သူက အချိန်တိုင်း တိုက်ခိုက်နေမှာလဲ "

ယဲ့ဖန် ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

" ကိုယ့်မှာ ရွေးစရာမရှိဘူး။ ကိုယ်က ရုပ်ကလည်းချောပြီး ချမ်းသာသေးတယ်။ အဲ့တော့ တိုက်ခိုက်ခံရမှာကို အမြဲစိုးရိမ်နေရတာ "

" ဖူး ...... "

ကျူးရှောင်ကျောင်းသည် သူ၏ အရှက်မရှိသော စကားကြောင့် ရယ်လိုက်ပြီး အစောက သူမ ခံစားနေရသော မပျော်ရွှင်မှုမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ထို့နောက် သူတို့နှစ်ဦးသည် အနီးနားရှိ ကော်ဖီဆိုင်သို့ သွားကာ ကော်ဖီတစ်ခွက်စီ မှာခဲ့သည်။

" စကားမစပ်၊ မင်း ဘာလို့ ယန်းချန်မြို့မှာ မနေခဲ့တာလဲ။ ဘာလို့ ကျန်းကောပြည်နယ်ကို လိုက်လာတာလဲ "

ယဲ့ဖန်သည် ကော်ဖီကို တစ်ငုံသောက်ပြီး ခွက်ကို ဖြည်းညှင်းစွာ ချလိုက်သည်။

" နင် ယန်းချန်မြို့မှာ မရှိတော့ ငါ အရမ်းပျင်းတယ် "

ကျူးရှောင်ကျောင်းသည် ယုံကြည်မှုအပြည့်နှင့် ပြောသည်။

" ယန်းချန်မြို့မှာ တခြားသူငယ်ချင်းတွေ မရှိဘူးလား "

" မရှိဘူး "

" မဖြစ်နိုင်တာ၊ တစ်ယောက်တောင် မရှိဘူးလား "

" ဟုတ်တယ်၊ ငါက အရမ်းလှတော့ မိန်းကလေးတွေက ငါ့အရှေ့မှာနေရတာ အရမ်းသိမ်ငယ်ရလို့ ငါနဲ့ သူငယ်ချင်းဖွဲ့ချင်စိတ် မရှိကြဘူး "

" အရှက်မရှိလိုက်တာ "

" နင့်စီက ငါ သင်ထားတာပဲ "

သူတို့နှစ်ယောက်သည် စကားအများကြီး မပြောရသေးခင်မှာပင် ရန်ဖြစ်ကြပြန်သည်။

အနီးနားရှိ စားပွဲဝိုင်းမှ ယောက်ျား၊ မိန်းမ များ အားလုံးသည် မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့၏ ရုပ်ရည်နှင့် ကိုယ်ရောင်ဝါတို့သည် ကောင်းကင်ဘုံမှ ဆင်းလာသကဲ့သို့ ထူးကဲကာ သူတို့အား မကြည့်မိရန်မှာ မဖြစ်နိုင်ပေ။

" စကားမစပ်၊ နင် ကျန်းကောပြည်နယ်ကို ရောက်တာ ရက်အတော်တောင်ကြာနေပြီ။ ရှေးဟောင်းဈေးကို ရောက်ပြီးပြီလား။ တစ်ခုခုကောင်းတာ တွေ့လား "

ကျူးရှောင်ကျောင်းသည် ကော်ဖီကို နှစ်ငုံတည်းဖြင့် အကုန်သောက်လိုက်ပြီး ယဲ့ဖန်ကို မျှော်မှန်းချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

" မမလေး၊ ကျွန်တော်မျိုးက ကျန်းကောပြည်နယ်မှာ အရေးကြီးတာတစ်ခု လာလုပ်တာ။ ဘာလို့ ရှေးဟောင်းဈေးကို သွားရမှာလဲ "

ယဲ့ဖန်သည် မတတ်နိုင်ဘဲ သူမ၏အမေးကြောင့် မျက်လုံးဝေ့လိုက်မိသည်။

" ဒါဆို နင် ဘာလို့ ငါနဲ့ စျေးလိုက်မဝယ်တာလဲ။ အခုတလော ရှေးဟောင်းပစ္စည်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးဖတ်ထားတယ်။ ငါ အခု ကျွမ်းကျင်သူတစ်ယောက်နီးပါးလို့ ခံစားနေရတယ် "

ကျူးရှောင်ကျောင်းသည် စကားလျက် သူမမျက်နှာ၌ ကျေနပ်သောအမူအရာ ဖြစ်နေသည်။

"မင်း ရှေးဟောင်းပစ္စည်းတွေကို ကြည့်တာ သေချာရဲ့လား။ ဘယ်လို အကျင့်ပုတ်ရမလဲ မဟုတ်ဘူးလား။ ဘာလို့ မင်း ပိုပြီး အရေထူလာတယ်လို့ ခံစားနေရတာလဲ "

ယဲ့ဖန်သည် သူမ၏ အမြီးလေးများ ကောင်းကင်သို့ တက်တော့မည်ကို မြင်လိုက်ရပြီး မတတ်နိုင်ဘဲ သူမကို စနောက်တော့သည်။

" ဟွန်း၊ နင်ရဲ့ ပါးစပ်က ဘာမှကောင်းတာ မပြောနိုင်ဘူးလား "

ကျူးရှောင်ကျောင်း သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" နင် ငါနဲ့လိုက်မှာလား၊ မလိုက်ဘူးလား "

ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ပေ။

" မမလေး၊ ကိုယ့်မှာ တကယ် အချိန်မရှိဘူး "

" မသွားချင်ရင် ထားလိုက်။ ငါ့ဘာသာငါ သွားလိုက်မယ် "

ကျူးရှောင်ကျောင်း ဒေါသပေါက်ကွဲသွားပြီး သူမဘာသာ ထွက်သွားတော့မည် ဖြစ်သည်။

" ဒီကို ပြန်လာလိုက် "

ယဲ့ဖန် အမိန့်ပေးသည့်လေသံဖြင့် ပြောလိုက်သည်။

ရှေ့တစ်လှမ်းတိုးနေပြီဖြစ်သော ကျူးရှောင်ကျောင်းသည် နာခံမှုဖြင့် ပြန်ထိုင်ခဲ့သည်။

ယဲ့ဖန်သည် သူမအား လေးနက်သောအမူအရာဖြင့် စိုက်ကြည့်နေသည်။

" မင်း အနေအထိုင်ဆင်ခြင်တာ ပိုကောင်းမယ်။ မဟုတ်ရင် မင်းကို တစ်ယောက်ယောက်နဲ့ ယန်းချန်ဆီ ချက်ချင်း ပြန်ပို့ခိုင်းလိုက်မှာ "

" ငါ သွားချင်တဲ့နေရာကို သွားရတာ ငါ့လွတ်လပ်ခွင့်ပဲ။ နင်က ဘယ်သူမလို့ ငါ့ကို လာထိန်းချုပ်နေတာလဲ "

ကျူးရှောင်ကျောင်း သူ့ကို မကျေမနပ် စိုက်ကြည့်နေသည်။

" မင်းကိုယ့်ကို ပြန်ပြောရဲနေတာလား "

ယဲ့ဖန် လက်ကိုမြှောက်ပြီး သူမနှဖူးကို တောက်လိုက်သည်။

ကျူးရှောင်ကျောင်းသည် သူမ၏ နဖူးကို လက်နှင့်အုပ်ပြီး သူမ၏မျက်လုံးများ၌လည်း မျက်ရည်များဖြင့် ပြည့်နေသည်။

" လူဆိုးကောင်ကြီး၊ နင် ငါ့ကို အနိုင်ကျင့်နေတာလား "

သူမအနားရှိ စားပွဲဝိုင်းမှ ယောက်ျားလေးများသည် သူမ ငိုနေသည်ကို မြင်သောအခါ သူတို့၏နှလုံးသားများ ကြေကွဲလုမတတ် ဖြစ်လာကြသည်။

သူတို့ ချက်ချင်းထပြီး ကျူးရှောင်ကျောင်း ကာကွယ်ချင်မိသည်။

ဒီလို အလှလေးကို ဘယ်သူက ဒီလိုဆက်ဆံလို့လဲ။

အချို့ မိန်းကလေးများသည်လည်း ယဲ့ဖန်၏ လုပ်ရပ်ကို လှောင်ကြသည်။

" ဟားဟား၊ သူက ဘယ်လိုလုပ်ပြီးများ ရည်းစားရသွားတာလဲ "

" ဘယ်လိုယောက်ျားလေးက မိန်းကလေးကို ရိုက်လို့လဲ "

" ဒါကို ရိုက်တာလို့ နင် ထင်နေတာလား။ ဒါက အီစီကလီလုပ်နေတာ "

" ဒါလူသိရှင်ကြား ချစ်ပြနေတာလေ။ ငါတော့ မနာလိုလိုက်တာ "

" ငါ့ကိုယ်ငါ မျက်လုံးကို ဖောက်ထုတ်လိုက်ချင်တော့တယ်။ ငါက ဘာလို့ ဒီလောက်ရက်စက်တဲ့ မြင်ကွင်းကို မြင်နေရတာလဲ .... "

ကျူးရှောင်ကျောင်း၏ နဖူးသည် နီနေပြီ ဖြစ်သည်။

ယဲ့ဖန် အပြစ်ရှိသလို ခံစားရသော်လည်း မတတ်နိုင်ဘဲ ငြိမ်ကာ ချောင်းဟန့်လိုက်သည်။

" မင်းရဲ့အကျိုးအတွက် ကိုယ်လုပ်နေတာ။ ကျန်းကောပြည်နယ်က တော်တော်လေးကို ဖရိုဖရဲဖြစ်နေတာ။ မင်းက အရမ်းလှတယ်လေ။ တစ်ယောက်တည်း လျှောက်သွားနေရင် အရမ်းအန္တရာယ်များလိမ့်မယ် "

ကျူးရှောင်ကျောင်းသည် ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။

ယဲ့ဖန်၏ တရားချသံကို နားမထောင်ချင်ပေ။

ယဲ့ဖန် ခဏတာ စဉ်းစားပြီး ရုတ်တရက် အကြံတစ်ခုရသွားသည်။

" ဒါဆိုရင်ရော ဘယ်လိုလဲ။ မနက်ဖြန် ရှာဖွေရေးအဖွဲ့နဲ့ တာဝန်တစ်ခု သွားလုပ်ရမှာ။ မင်း ပျင်းရင် ကိုယ်နဲ့ လိုက်လာလို့ရတယ် "

" ရှာဖွေရေးအဖွဲ့လား "

ပျော်ရွှင်စွာ ကစားရသည်များကို နှစ်သက်သည့် မမလေးကျူးသည် ရုတ်တရက် စိတ်ဝင်စားသွားတော့သည်။

" ဘယ်ရှာဖွေရေးအဖွဲ့လဲ။ ဘာရှာမှာလဲ "

" ကျောက်မီးသွေး တူးဖော်ရှာဖွေရေးလို့ ကိုယ်ထင်တာပဲ "

ယဲ့ဖန် သိပ်မသေချာပေ။

" အဲ့တာက ဘာလုပ်လို့ရမှာလဲ "

ကျူးရှောင်ကျောင်းသည် စိတ်ဝင်စားမှု ပျောက်သွားသည်။

" မသွားချင်ရင်လည်း နေလေ၊ ရတယ် "

ယဲ့ဖန်သည် သူမကို အတင်းအကြပ် မတိုက်တွန်းခဲ့ပေ။

" ငါမသွားဘူးလို့ ဘယ်သူပြောလဲ။ ဒါပေမယ့် နင့်ရဲ့စကားကို ရှာဖွေရေးအဖွဲ့က သဘောတူပါ့မလား "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ ဖိတ်ခေါ်ချက်ကို သံသယဝင်ခဲ့သည်။

ယဲ့ဖန်သည် သက်ပြင်းရှည်တစ်ချက် ရှိုက်ထုတ်လိုက်ပြီး သူ၏ တောက်ပြောင်နေသော ဆံပင်ကို သပ်လိုက်သည်။

" တစ်ယောက်နဲ့တစ်ယောက် ထပ်သိရအောင် မိတ်ဆက်ပေးမယ်။ ကိုယ်က ယဲ့ဖန်ပါ၊ ကိုယ်က မူလသတ္တုမိုင်းတွင်းရဲ့ သူဌေးပဲ။ ကိုယ့်ကို ဂရုစိုက်ပေးပါဦး "

ယဲ့ဖန်သည် ပြောလျက် သူ့လက်ကို ဆန့်ထုတ်ခဲ့သည်။

ကျူးရှောင်ကျောင်း အံ့သြသွားသည်။

သူမသည် ယဲ့ဖန်ကို ကြောင်အစွာ စိုက်ကြည့်နေသည်။

" နင် ငါ့ကို နောက်နေတာလား "

ယဲ့ဖန်သည် သူမလက်လေးကို ဆွဲကာ နှုတ်ဆက်လိုက်ပြီး လက်ပြန်ရုတ်လိုက်သည်။

" ဘာနောက်စရာရှိလို့လဲ။ မယုံရင် မနက်ဖြန် ရှယ်ယာလွှဲထားတဲ့ စာရွက်စာတမ်းတွေ မင်းကို ပြမယ် "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန် လိမ်နေသည့်ပုံမပေါ်သည်ကို တွေ့ပြီး အံ့ဩသွားသည်။

" နင် ကျန်းကောကို ရောက်တာ ဘယ်နှစ်ရက်ပဲ ရှိသေးလို့လဲ။ တကယ် ကုမ္ပဏီတစ်ခုကို ဝယ်လိုက်တာလား "

ဤကဲ့သို့သော အရင်းအမြစ်ကုမ္ပဏီကို ဝယ်ယူရန် အလွန်ခက်ခဲကြောင်း သူမ ကောင်းစွာ သိသည်။

အတည်ပြုမှုများစွာအပြင် အချိန်နှင့် ချိတ်ဆက်မှုများစွာလည်း ရှိမှသာ ရနိုင်ပေမည်။

ယဲ့ဖန်သည် ကျန်းကောပြည်နယ်သို့ ရောက်သည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း သူသည် သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုအား အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။

သူ ဘယ်လိုလုပ်လိုက်တာလဲ။

" ဒါက ကိစ္စသေးသေးလေးပါ။ ပြောဖို့တောင် မတန်ဘူး။ ပြီးတော့ အနောက်ဘက် ဆင်ခြေဖုံးမှာ မြေကွက်တစ်ကွက်တောင် ဝယ်လိုက်သေးတယ်။ ပတ်ဝန်းကျင်က တော်တော်လေးကောင်းတယ်။ ဒါပေမယ့် ကိုယ် ဘာလုပ်ရမယ်မှန်း မသိဘူး။ ကိုယ့်ကို ကူပြီး အကြံဉာဏ်ပေးလို့ ရမလား "

ယဲ့ဖန်သည် ကော်ဖီသောက်လျက် ပြောကာ သူ၏အမူအရာသည် အလွန်တည်ငြိမ်လေသည်။

ကျူးရှောင်ကျောင်းသည် သူ့ကို အတော်ကြာ စိုက်ကြည့်နေသည်။ အဆုံးတွင် သူမ မတတ်နိုင်ဘဲ ညည်းညူမိသည်။

" သူဌေးကြီးတွေက တကယ် လူမဆန်ဘူးဘဲ "

ဤစီမံကိန်းနှစ်ခုသည် မည်မျှ ကုန်ကျခဲ့သည်ကို အတိအကျ မသိသော်လည်း အနည်းဆုံးအနေဖြင့် ယွမ် သုံးဘီလီယံမှ လေးဘီလီယံထက်မနည်း ရှိနိုင်သည်ကို သူမ ခန့်မှန်းနိုင်သည်၊

အခြားသူများအတွက် တစ်ခုအား ရနိုင်သည်မှာပင် အလွန်အထင်ကြီးစရာကောင်းနေပြီ ဖြစ်သည်။

သို့သော် ယဲ့ဖန်သည် တစ်ပြိုင်နက်မှာ နှစ်ခုအောင်မြင်ခဲ့သည်။

မယုံနိုင်စရာပဲ။

******

All Chapters