← Chapters

ဒီဟာက မင်းအိမ်ဆိုတာ သေချာလို့လား

Vol. 71 Ch. 1418

ဒီဟာက မင်းအိမ်ဆိုတာ သေချာလို့လား

Vol. 71 Ch. 1418

အနီးနားရှိစားပွဲများမှ ဧည့်သည်များသည် ယဲ့ဖန်၏ စကားကို ကြားသောအခါ အားလုံးသည် သူ ကြွားလုံးထုတ်နေသည်ဟု ခံစားမိကြသည်။

" ဒီကောင်လေးက ဘယ်လို ကြွားလုံးထုတ်ရမလဲတောင် မသိဘူးလား။ သူက သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခု ရှိပြီး မြေကွက်တစ်ကွက် ဝယ်ထားတယ်တဲ့။ သူ့ကိုယ်သူ ကျန်းကောပြည်နယ်မှာ အချမ်းသာဆုံးလို့ ထင်နေတာလား "

" သူ ဒီလိုမကြွားရင် ဒီလောက်လှတဲ့ မိန်းကလေးကို ရနိုင်ပါ့မလား "

" ဒီကမ္ဘာကြီးက မတရားဘူးဘဲ။ လေလုံးထွားတဲ့တွေက မိန်းမလှလေးတွေကို ရကြပေမယ့် ငါတို့လို ရိုးသားတဲ့လူတွေကိုကျ ဘယ်သူမှ ဂရုမစိုက်ကြဘူး "

" အခုခေတ် မိန်းကလေးတွေက အရမ်း အောက်တန်းကျတယ်။ စရိုက်ကို မကြည့်ဘဲ ငွေကိုပဲ ကြည့်ကြတာ "

" ဟား၊ အနည်းဆုံးတော့ သူက ချမ်းသာပြီး ချောတယ်လေ။ ပိုက်ဆံမရှိ၊ ရုပ်ရည်လည်းမရှိတဲ့ နင့်လိုလူထက်တော့ အများကြီး ပိုကောင်းတာပေါ့ "

နောက်ဆုံးစကားကို အမျိုးသမီးဧည့်သည့်တစ်ဦးမှ ပြောလိုက်သည်။

ထိုအခါ ဘေးဝိုင်းမှ ယောက်ျားသည် အလွန်ရှက်သွားပြီး ဘာမှပြန်မပြောရဲတော့ပေ။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ကော်ဖီသောက်ပြီးနောက် အတူတကွ ထွက်ခွာသွားကြသည်။

" စကားမစပ်၊ မင်း ကျန်းကောမှာ ဘယ်မှာနေတာလဲ "

ယဲ့ဖန်သည် ကော်ဖီဆိုင်ထဲမှ ထွက်လာခဲ့ပြီး သူမ ဘယ်နေရာ၌နေသည်ကို မသိသောကြောင့် မေးလိုက်သည်။

" ငါတို့မိသားစုက ကျန်းကောမှာ အိမ်တစ်လုံးရှိတယ်။ လွတ်နေတာတော့ တော်တော်လေး ကြာပြီ။ ရက်နည်းနည်းလောက် သွားပြီးတော့ နေလို့ရတယ် "

ကျူးရှောင်ကျောင်းသည် သူမအိတ်ထဲမှ သော့တစ်စည်းကို ထုတ်ပြီး သူ့အရှေ့၌ ဝှေ့ယမ်းပြသည်။

" အကြာကြီး လွတ်နေတာလား။ နေလို့ရောရရဲ့လား။ အနည်းဆုံးတော့ အရင်ဆုံး သန့်ရှင်းရေး မလုပ်သင့်ဘူးလား "

ယဲ့ဖန်သည် မသိစိတ်မှ မေးလိုက်မိသော်လည်း တစ်စုံတစ်ခု ဆိုးရွားတော့မည်ကို သူ ခံစားလိုက်ရသည်။

မျှော်လင့်ထားသည့်အတိုင်း ကျူးရှောင်ကျောင်းသည် သူမ၏ သွားစွယ်များ ပေါ်လာသည်အထိ သူ့ကို ပြုံးပြသည်။

" ယဲ့သခင်ကြီး၊ ကျေးဇူးပြုပြီး ကျွန်မကို ကူရှင်းပေးပါဦး "

" အဲ့တာ .... ကိုယ် လုပ်စရာရှိသေးလို့။ ကိုယ် .... "

" မရဘူး၊ နင် ထွက်ပြေးရဲရင် ငါ နင့်ကို ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက် "

ကျူးရှောင်ကျောင်းသည် သူ့ကို ထွက်ပြေးရန် အကြောင်းပြချက်ရှာခွင့် မပေးပေ။

သူမသည် သူ့ကို အရှေ့သို့ ဆွဲခေါ်လိုက်သည်။

ယဲ့ဖန် သည် အဆုံးတွင် သူမထံ အပ်နှံရန်သာ ရွေးချယ်နိုင်ခဲ့သည်။

သူတို့နှစ်ယောက်သည် ကျူးရှောင်ကျောင်း၏ အိမ်သို့ အတူတူမောင်းသွားကြသည်။

ကျူးရှောင်ကျောင်း၏ အဆိုအရ နာမည်ကြီးဆရာဝန်တစ်ဦးသည် ဤပြည်နယ်တွင် ရှိသောကြောင့် သူမ အဆင်ပြေစွာ ကုသနိုင်ရန် ကျန်းကောပြည်နယ်ရှိ ဤနေရာကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုနာမည်ကြီးဆရာဝန်သည် သူမ၏ ကုသမှုကို စတင်ပြီးနောက် လအနည်းငယ်အကြာတွင် ကွယ်လွန်သွားခဲ့သည်။

ထို့ကြောင့် သူမ၏ ကုသမှုကို ရပ်တန့်လိုက်ရပြီး မြို့တော်ကို ပြန်ခဲ့သည်။

ထိုအချိန်မှစ၍ ဤအိမ်သည် အလွတ်ဖြစ်နေခဲ့ပြီး အိမ်ယာစီမံခန့်ခွဲရေးမှ နေ့စဉ်ထိန်းသိမ်းခြင်းလုပ်ငန်းကို တာဝန်ယူပေးသည်။

နာရီဝက်ခန့်ကြာပြီးနောက် သူတို့နှစ်ဦးသည် "ရှန်းရှီဇိမ်ခံစံအိမ်"ဟု ခေါ်သော ဗီလာဧရိယာသို့ ရောက်ရှိလာကြသည်။

ထိုအိမ်ကြီး၏တံခါးသည် ရှေးခေတ်ရောမပုံစံနှင့် ဆင်တူသည်။

ထုံးကျောက်များကို ထွင်းထုထားသည်။

အဝင်ဝရှိ လုံခြုံရေးတဲထဲ၌ လုံခြုံရေးအစောင့်တစ်ဦး ရပ်နေသည်။

မတ်တပ်ရပ်နေသည့် အနေအထားအရ ဤလုံခြုံရေးအစောင့်သည် အငြိမ်းစားစစ်သားဖြစ်သည်ကို မြင်နိုင်သည်။

သူသည် အလွန်ပြင်းထန်သော ကိုယ်ရောင်ဝါ ရှိသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းညိတ်ပြလိုက်သည်။

သူသည် ဤနေရာ၏ လုံခြုံရေးအတွက် စိတ်ချသွားသည်။

သူတို့နှစ်ယောက်က ဂိတ်တံခါး၌ နာမည်စာရင်းသွင်းပြီးနောက် ကားကို ဖြတ်မောင်းသွားကြသည်။

ဗီလာဧရိယာအတွင်း လုံးချင်းအိမ်များ ရှိသည်။

အိမ်ဒီဇိုင်းများသည် ဥရောပစတိုင်ဖြစ်သည်။

အဝေးမှ လှမ်းကြည့်လျှင်ပင် စံအိမ်ကြီးများမှာ တန်းစီနေပြီး ကြီးကျယ်ခမ်းနားနေပုံရသည်။

ဤနေရာမျိုး၌ နေနိုင်သူများသည် ချမ်းသာသူများ သို့မဟုတ် ဂုဏ်ကြီးကြသူများ ဖြစ်မည်။

ကျူးရှောင်ကျောင်း၏အိမ်သည် ထိုအိမ်များကြားတွင် အကောင်းဆုံးဖြစ်သည်။

စံအိမ်ကြီး၏ အနောက်တွင် ကြည်လင်သာယာသော လူလုပ်ရေကန်ကြီးတစ်ခု ရှိသည်။

ရေကန်ကြီးသည် ကြည်လင်လွန်းသဖြင့် အောက်ခြေကိုပင် မြင်နိုင်ကာ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် စိတ်ကို အေးချမ်းပြီစ ပျော်ရွှင်စေနိုင်သည်။

" အရင်က ငါ ဒီမှာနေတုန်းက ငါ လသာဆောင်မှာ ထိုင်ပြီး ရေကန်ကို ကြည့်ရတာ အကြိုက်ဆုံးပဲ။ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်သက်သွားသလို ခံစားရတယ် "

ကျူးရှောင်ကျောင်းသည် လူလုပ်ရေကန်ကို ကြည့်ကာ သူမ၏ အတိတ်မှ အမှတ်တရများထဲသို့ ရောက်သွားခဲ့သည်။

" မင်းရဲ့စိတ်ကို တည်ငြိမ်အောင် ထားနိုင်ဖို့ဆိုတာက တကယ်ပဲ ရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး "

ယဲ့ဖန် နောက်ပြောင်လိုက်သည်။

" စကားကို ဘယ်လိုပြောရမလဲ မသိရင် ဘာမှပြောစရာ မလိုဘူး "

ကျူးရှောင်ကျောင်းသည် မျက်လုံးပြူးပြပြီး စံအိမ်တံခါးဆီသို့ လျှောက်သွားသည်။

သူမ သော့ကို သော့ပေါက်ထဲသို့ ထည့်လိုက်သည်။

သို့သော် အကြိမ်အနည်းငယ် သော့ဖြင့်ဖွင့်လိုက်ပြီးသော်လည်း မပွင့်သည်ကို သူမ သိလိုက်သည်။

သူမ ချက်ချင်းပင် ပဟေဠိဖြစ်သွားသည်။

" ဘာလို့ ဖွင့်လို့မရတာလဲ "

ယဲ့ဖန်သည်လည်း ဖွင့်ကြည့်ပေးရာ ဖွင့်မရ၍ မတတ်နိုင်ဘဲ ပြောလိုက်သည်။

" ဒါ မင်းအိမ်ဆိုတာ သေချာလို့လား။ တံခါးမှားလာတာလား "

" မဖြစ်နိုင်ပါဘူး။ ငါဘယ်လိုလုပ် မမှတ်မိဘဲ နေမှာလဲ "

ကျူးရှောင်ကျောင်း စိတ်ရှုပ်သွားသည်။

အကြိမ်အနည်းငယ် ကြိုးစားကြည့်သော်လည်း မဖွင့်နိုင်သေးပေ။

ယဲ့ဖန်သည်လည်း အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသည်။

" ဘာလို့ မန်နေဂျာကို ဖုန်းမဆက်တာလဲ "

ကျူးရှောင်ကျောင်း ခေါင်းညိတ်လိုက်သည်။

" အဲ့တာက တစ်ခုတည်းသော နည်းလမ်းပဲ "

ဖုန်းကိုထုတ်ပြီး စံအိမ်စီမံခန့်ခွဲရေးဌာနသို့ ဖုန်းဆက်ခါနီးတွင် စံအိမ်၏ခြံဝင်းတံခါးသည် အတွင်းမှ ပွင့်လာခဲ့သည်။

" မင်းတို့ ဘာလုပ်နေကြတာလဲ "

အဖြူရောင် ပိုးညအိပ်ဝတ်စုံကို ဝတ်ထားသော အမျိုးသမီးတစ်ဦးသည် အိမ်ကြီးထဲမှ ထွက်လာပြီး သူတို့နှစ်ဦးကို စူးရဲစွာ ကြည့်နေသည်။

" ရှင်ကဘယ်သူလဲ။ ဘာလို့ ကျွန်မအိမ်မှာ နေနေရတာလဲ "

ကျူးရှောင်ကျောင်းသည် ထိုအမျိုးသမီးကိုတွေ့သောအခါ အံ့အားသင့်သွားခဲ့သည်။

" နင့်အိမ်တဲ့လား။ ရူးနေတာလား "

ထိုအမျိုးသမီးသည် ကျူးရှောင်ကျောင်းကို မနာလို မုန်းတီးစွာဖြင့် ကြည့်လေသည်။

" ချက်ချင်း ထွက်သွား။ ငါ့အိမ်ကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ "

ကျူးရှောင်ကျောင်းသည် အာရုံများ ပြန်ကပ်လာပြီး ထိုအမျိုးသမီးကို ဆွဲထုတ်သည်။

" နင် ဘာလုပ်နေတာလဲ။ ရူးနေလား "

ထိုအမျိုးသမီးသည် အဆုတ်ကွဲမတတ် အော်ဟစ်ကာ ကျိန်ဆဲလိုက်သည်။

ထိုအချိန်တွင် စံအိမ်ကြီးထဲမှ နောက်ထပ် အမျိုးသမီးတစ်ဦး၏ အသံထွက်လာသည်။

" ညီမလေး ဘာဖြစ်တာလဲ "

အဖြူရောင် ညအိပ်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးသည် အိမ်ထဲသို့ အမြန်အော်လိုက်သည်။

" အစ်မ၊ မြန်မြန်လာ။ ဒါက သူတို့အိမ်လို့ ဇွတ်ပြောနေတဲ့ အရူးနှစ်ယောက်ရှိတယ် "

သူမအော်သံကို ကြားပြီးနောက် အထဲမှ အမျိုးသမီးသည် အမြန်ပြေးထွက်လာသည်။

ထိုအမျိုးသမီးက အဖြူရောင်အင်္ကျီဖြင့်အမျိုးသမီးထက် အနည်းငယ် အသက်ပိုကြီးပုံရပြီး အသက်၃၀ကျော်လောက် ရှိမည်ဟု ထင်ရသည်။

သူမသည်လည်း ပုံစံတူ ညအိပ်ပိုးဝတ်စုံကို ဝတ်ထားသော်လည်း ခရမ်းရောင်ဖြစ်သည်။

" ဘာတွေဖြစ်နေတာလဲ "

ထိုအမျိုးသမီးသည် ထွက်လာပြီး ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းကို အံ့သြစွာ ကြည့်လိုက်သည်။

အဖြူရောင်ညအိပ်ဝတ်စုံဖြင့် အမျိုးသမီးမှ ဖြစ်ပျက်ခဲ့သည်ကို ချက်ချင်း ရှင်းပြနေသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ခရမ်းရောင် ညအိပ်ဝတ်စုံဝတ်ထားသည့် ထိုအမျိုးသမီးမှာ အသက်ကြီးရင့်သူဖြစ်၍ နားလည်မှု ပိုရှိလိမ့်မည်ဟု ထင်ခဲ့သည်။

မထင်မှတ်ထားစွာဖြင့် အင်္ကျီအဖြူဖြင့် အမျိုးသမီး၏ ရှင်းပြချက်ကို ကြားပြီးနောက် ခရမ်းရောင်အင်္ကျီဖြင့် အမျိုးသမီးသည် ကျူးရှောင်ကျောင်းကို ရုတ်တရက် တွန်းလိုက်သည်။

" ဒီအရူးတွေက ဘယ်က ရောက်လာတာလဲ။ မြန်မြန် ထွက်သွားလိုက်။ မသွားရင် လုံခြုံရေးကို ငါ ဖုန်းဆက်လိုက်မယ် "

ကျူးရှောင်ကျောင်း လဲကျမတတ် ဖြစ်သွားသည်။

ကံကောင်းစွာဖြင့် ယဲ့ဖန်သည် လျင်မြန်စွာတုံ့ပြန်ပြီး သူမကို ထိန်းပေးခဲ့သည်။

ကျူးရှောင်ကျောင်း ဒေါသပေါက်ကွဲတော့မည် ဖြစ်သည်။

အခြားလူသည် သူမ၏အိမ်ထဲ၌ ပြောင်းရွှေ့နေထိုင်နေသည့်အပြင် ယခုအခါ သူတို့ကိုပင် ပြန်၍ စွပ်စွဲနေကြသည်၊

ဤသည်မှာ ယုတ္တိပင်မတန်ပေ။

" ဒါက ကျွန်မအိမ်ပဲ။ ရှင်တို့ကို ဒီမှာနေဖို့ ဘယ်သူက ခွင့်ပြုတာလဲ။ ကျွန်မခွင့်ပြုချက် ရလို့လား "

" ဘယ်လို ဟာသလဲ။ ငါတို့ ဒီမှာ နေလာတာ တစ်နှစ်ကျော်ပြီ။ ဘယ်လိုလုပ် နင့်အိမ် ဖြစ်မှာလဲ "

အဖြူရောင်ညအိပ် ဝတ်ထားသော အမျိုးသမီးသည် သူမ၏ လက်နှစ်ဖက်ကို ပိုက်လျက် အေးစက်သော အပြုံးဖြင့် သူတို့ကို ကြည့်နေသည်။

ခရမ်းရောင်ညအိပ်ဖြင့် အမျိုးသမီးကလည်း လှောင်ပြောင်သည်။

" နင်တို့ စိတ်ကျန်းမာရေးဆေးရုံက လွတ်လာတာ မဟုတ်လား။ မြန်မြန် ထွက်သွားလိုက်။ ငါ့အိမ်တံခါးရှေ့မှာ လာမရှုပ်နဲ့ "

သူမ၏ နောက်ဆုံးစကားသည် ယဲ့ဖန်ကို ကြည့်လျက် ပြောလိုက်သည်။

ကျူးရှောင်ကျောင်းသည် ဒေါသတကြီးဖြင့် ဆက်လက်ငြင်းခုံချင်သည်။

ယဲ့ဖန်သည် မိန်းကလေးနှစ်ဦးကြား ရုပ်ပိုင်းဆိုင်ရာ ပဋိပက္ခဖြစ်မည်ကို စိုးရိမ်သောကြောင့် သူသည် ကျူးရှောင်ကျောင်းကို အမြန်တားပြီး ထိုအမျိုးသမီးနှစ်ဦးကို လှည့်ကြည့်လိုက်သည်။

" ဒီမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိမယ်။ ထိုင်ပြီး စကားပြောကြရအောင်။ နားလည်မှုလွဲတာ ရှင်းပြီးရင် အားလုံး အဆင်ပြေသွားမှာပါ "

ယဲ့ဖန်သည် ကောင်းမွန်သော ရည်ရွယ်ချက် ရှိသော်လည်း ခရမ်းရောင်ညဝတ်ဖြင့် အမျိုးသမီးသည် ထိုသည်ကို လုံးဝ သဘောမတူပေ။

" နားလည်မှုလွဲတာတဲ့လား "

" နေ့ခင်းကြောင်တောင် ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတဲ့ အရူးနှစ်ယောက်ပဲ။ တကယ် အထင်ကြီးပါပေတယ်။ နင်တို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကောင်းလေး မလုပ်နိုင်ဘူးလား။ ဒီလို ညစ်ပတ်တာတွေ မလုပ်နဲ့ "

******

All Chapters