မရွှေ့ရင် ကူရွှေ့ပေးမယ်
Vol. 71 Ch. 1420
သို့သော် ဖုန်းခေါ်ပြီးနောက် ကြားလိုက်ရသော ယဲ့ဖန်၏ ပထမစကားသည် သူ့ကို ထိတ်လန့်သွားစေသည်။
" ခင်ဗျားက ကျန်းယောင်းနိုင်လား။ ခွင့်ပြုချက်မရှိဘဲ တခြားသူရဲ့အိမ်မှာ နေလို့ရတယ်လို့ ခင်ဗျားကို ဘယ်သူက လုပ်ခွင့်ပေးလိုက်လို့လဲ "
ဖုန်း၏အခြားတစ်ဖက်ရှိ ကျန်းယောင်းနိုင် အံ့အားသင့်သွားသည်။
အချိန်ခဏကြာပြီးနောက် သူသည် ရက်စက်စွာ ပြန်ပြောလိုက်သည်။
" ရှန်းရှီဇိမ်ခံစံအိမ်အကြောင်း ပြောနေတာလား "
" ခင်ဗျားက ဝန်ခံလိုက်တာပဲ။ ကျွန်တော် ခင်ဗျားအတွက် ခက်ခဲတဲ့အောင် မလုပ်ချင်ဘူး။ ခင်ဗျားရဲ့မိန်းမနှစ်ယောက်ကို ချက်ချင်း ပြောင်းဖို့ပြောလိုက်။ အဲ့တာဆို ပြီးခဲ့တာတွေကို ပြီးပြီးသားလို့ပဲ မှတ်ပေးမယ် "
ယဲ့ဖန်သည် ထိုသို့သော အသေးအမွှားကိစ္စများအတွက် အချိန်ဖြုန်းမနေချင်ပေ။
တစ်ဖက်လူမှ နာခံစွာ ထွက်သွားပါက သူသည် ဤကိစ္စကို ဆက်လက်အားခဲနေရန် မလိုပေ။
သို့သော် Wang ယောင်းနိုင်သည် သိသာစွာပင် ယဲ့ဖန်၏ ကြင်နာမှုကို တန်ဖိုးမထားဘဲ မောက်မာစွာ ရယ်မောပြီး ပြောလိုက်သည်။
" ဟားဟားဟား၊ ဖြစ်ပြီးတာတွေကို ဖြစ်ပြီးသားလို့ မှတ်ပေးမှာတဲ့လား "
" မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ မင်းကများ ငါ့ကို ဒီလိုစကားမျိုး ဘယ်လိုတောင် ပြောရဲတာလဲ။ ငါ ဘာအလုပ်လုပ်လဲ မင်းသိလား။ ငါမင်းကို သတ်လို့ရတယ်ဆိုတာ မင်း ယုံလား ....... "
" ခင်ဗျားပြောတဲ့အတိုင်းဆို ရွှေ့ဖို့ အစီအစဉ် မရှိဘူးလား "
ယဲ့ဖန် စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည်။
" ရွှေ့ရမှာတဲ့လား၊ သွားသေလိုက်။ ငါ ဒီအိမ်ကို သိန်းနဲ့ချီပြီး ပြုပြင်ထားတာ။ ဒီမှာနေချင်ရင် မင်းပိုက်ဆံကို အရင်ပြန်ပေးလိုက် "
ကျန်းယောင်းနိုင်သည် လူမှန်ကြီးပုံစံဖြင့် ပြောသည်။
" ကောင်းပြီ၊ ခင်ဗျား မရွှေ့ချင်ရင် ကျွန်တော် ရွှေ့ပေးမယ် "
ယဲ့ဖန် နှာမှုတ်လိုက်သည်။
ထို့နောက် သူသည် လှည့်၍ ထိုအမျိုးသမီးနှစ်ယောက်ဆီသို့ လျှောက်သွားသည်။
" ကောင်လေး၊ ငါ မင်းကို ဝင်မရှုပ်ဖို့ အကြံပေးတယ်။ မဟုတ်ရင် မင်း နောင်တရလိမ့်မယ် "
ကျန်းယောင်းနိုင်သည် ဖုန်းထဲမှ ဆက်၍ ခြိမ်းခြောက်သည်။
ယဲ့ဖန်သည် နှာမှုတ်လိုက်ပြီး ဖုန်းမချဘဲ ထိုအမျိုးသမီးနှစ်ယောက်ထံသို့ လျှောက်သွားလိုက်သည်။
" နင် .... ဘာလုပ်နေတာလဲ
ခရမ်းရောင်ဝတ်စုံ ၀တ်ထားသော အမျိုးသမီးသည် ယဲ့ဖန်၏ ဆိုးညစ်သောအပြုံးကို မြင်ပြီးနောက် ခံစားချက်မကောင်းတော့ပေ။
ယဲ့ဖန်သည် အချိန်မဖြုန်းဘဲ သူမလက်ကို ဆွဲလိုက်ပြီး ပေါ့ပါးစွာ လှုပ်ယမ်းလိုက်သည်။
သို့သော် ထိုအမျိုးသမီးသည် သုံးမီတာအကွာထိ လှည့်ကာ ပစ်လဲသွားတော့သည်၊
" အား၊ ယောင်းနိုင် ကယ်ပါဦး ..... "
အဖြူရောင်အင်္ကျီဖြင့် အမျိုးသမီးသည် အမြန်အော်ပြီး ခုခံရန် ကြိုးစားသည်။
ယဲ့ဖန်သည် တူညီသော နည်းလမ်းဖြင့် သူမကို ဖယ်လိုက်ပြန်သည်။
" အား .... နာလိုက်တာ ....... "
ထိုအမျိုးသမီး နှစ်ဦးလုံးသည် ဒဏ်ရာ ပြင်းထန်စွာရပြီး မြေပြင်ပေါ်၌ လဲလျက် ငိုကြွေးနေကြသည်။
ထိုအချိန်မှာပင် ကျန်းယောင်းနိုင်၏ အလွန်အေးစက်သောအသံမှာ ဖုန်းထဲက ထွက်လာသည်။
" ခွေးသား၊ ငါ မင်းကို သတ်ပစ်မယ် "
" ကောင်းပြီ၊ စောင့်နေမယ် "
ယဲ့ဖန်သည် ထိုသို့ ပေါ့ပါးစွာပင် ပြန်ဖြေပြီးနောက် ဖုန်းချလိုက်သည်။
ယဲ့ဖန် ခေါင်းကို ပြန်မော့ကြည့်လိုက်သည့်အခါ အားလုံးမှ သူ့အား ထိတ်လန့်တကြား ကြည့်နေကြသည်ကို သိလိုက်ရသည်။
အမျိုးသမီးနှစ်ဦးအား 'ကြမ်းတမ်းစွာ ဖယ်ထုတ်လိုက်'မည်ကို လူတိုင်း မမျှော်လင့်ထားသည်မှာ သိသာသည်။
အထူးသဖြင့် ကျူးရှောင်ကျောင်းသည် သူ့ကို ကြောင်အစွာ စိုက်ကြည့်နေသည်။
အစောက ယဲ့ဖန်သည် အနည်းငယ် ကြောက်စရာကောင်းနေခဲ့သည်။
" ဘာတွေ စောင့်နေတာလဲ။ သူတို့ပစ္စည်းတွေကို ဆွဲထုတ်လိုက် "
ယဲ့ဖန်သည် သူမ ကြောင်အနေသေးသည်ကို မြင်ပြီး လက်လှမ်း၍ သူမနှာခေါင်းထိပ်လေးကို ထိကာ ဗီလာထဲသို့ ဦးဆောင်ဝင်သွားသည်။
ကျူးရှောင်ကျောင်း ကြောင်နေရာမှ အသိစိတ်ပြန်ကပ်လာပြီး အမြန်လိုက်လာသည်။
သူတို့နှစ်ဦး ဝင်သွားပြီးသည့်အခါမှ လူအုပ်ကြီးသည် စတင်ဆွေးနွေးရဲတော့သည်။
" ဘုရားရေ၊ ဒီလူငယ်လေးက ရဲတင်းလွန်းတယ် မဟုတ်လား။ မိန်းကလေးနှစ်ယောက်ကို ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ "
" ငါတော့ သူလုပ်တာ မှားတယ်လို့ မထင်ဘူး။ ဒီမိန်းမနှစ်ယောက်က သူတို့အိမ်ကို အပိုင်စီးထားတာလေ။ တရားမျှတနေစရာ လိုသေးလို့လား "
" တကယ်ပဲ ငါလည်း ဒါမျိုးကို အခုမှ ပထမဆုံး ကြားဖူးတာ။ ဒီမိန်းမနှစ်ယောက်က တကယ် လူယုတ်မာတွေပဲ "
" ဘာပဲဖြစ်ဖြစ်၊ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ရိုက်လို့မရဘူး "
" ဒါပေမဲ့ သူက သူတို့ကို မရိုက်ဘူး မဟုတ်လား။ အစတုန်းက သူတို့နဲ့ ကောင်းကောင်းမွန်မွန် စကားပြောနေတာကို ထွက်သွားဖို့ ငြင်းနေကြတာလေ။ သူတို့ကို အပြစ်တင်လို့ ရမလား "
" ဒီတစ်ခါတော့ ဒီကောင်လေးဘက်က ရပ်တည်မယ် ....... "
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ရွှေ၊ ကျောက်စိမ်းများစွာဖြင့် တန်ဆာဆင်ထားသည့် ဗီလာထဲသို့ ဝင်သွားကြသည်။
အိမ်ကြီးတစ်ခုလုံးသည် ရွှေဝါရောင်ဖြစ်နေပြီး အလွန်ပင် ကိန်းခမ်းကြီးသည့်ပုံ ဖြစ်နေသည်။
" ဒီမိသားစုရဲ့ အဆင်တန်ဆာတွေက တကယ် လွန်လွန်းတာပဲ "
ကျူးရှောင်ကျောင်းသည် မတတ်နိုင်ဘဲ ထိုပုံစံကို ညည်းညူမိသည်။
သူမသည် ယခင်က ဤအိမ်ကို ဆန်းသစ်ပြီး အံဝင်ခွင်ကျဖြစ်စေရန် အလှဆင်ထားခဲ့သည်။
ယခု သူမ လျှောက်ဝင်လာသောအခါ ဤနေရာသည် ချမ်းသာကြွယ်ဝမှု အရိပ်အယောင်များနှင့်သာ ပြည့်နေသည်။ ငြိမ်းချမ်းမှုမရှိပေ၊
" အခုလောလောဆယ် စိတ်မပူနဲ့။ ဒီဟာတွေကို အရင်ပစ်လိုက် "
ယဲ့ဖန်သည် အိပ်ခန်းထဲသို့ လျှောက်သွားပြီး ထိုအမျိုးသမီးနှစ်ယောက်၏ ပစ္စည်းများကို ထုပ်ပိုးပြီး ပစ်ချလိုက်သည်။
" ကျွန်တော့်ကူညီဖို့ လူတချို့ ရှာပေးပါဦး။ ကူညီပေးတဲ့ တစ်ယောက်ချင်းစီကို သူတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ယွမ်တစ်ထောင် ပေးမယ် "
အပြင်၌ ထိတ်လန့်နေဆဲဖြစ်သည့် လုံခြုံရေးအစောင့်နှစ်ယောက်ကို ယဲ့ဖန် ပြောလေသည်။
လုံခြုံရေးအစောင့်နှစ်ယောက်၏ မျက်လုံးများ တောက်ပလာသည်။
သူတို့၏ လစဉ်လစာမှာ ယွမ် လေးထောင်မှ ငါးထောင်မျှသာ ရှိသည်။
ယွမ်တစ်ထောင်သည် သူတို့ တစ်ပတ်စာအတွက် လုံလောက်သည်။
စကားပြောစက်မှ လုံခြုံရေးအစောင့်များကို အလျင်အမြန်ခေါ်ပြီး ပစ္စည်းများကို ရွှေ့ပြောင်းရန် စတင်ခဲ့ကြသည်။
နာရီဝက်မပြည့်ခင်မှာပင် ကျန်းယောင်းနိုင်နှင့် ထိုအမျိုးသမီးနှစ်ယောက်၏ ပစ္စည်းများအားလုံး အပြင်ဘက်၌ စုပုံနေတော့သည်။
ထိုအမျိုးသမီးနှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ကာ သူတို့၏ မိသားစုများ သတ်ဖြတ်ခံရသကဲ့သို့ ငိုကြွေးနေခဲ့ကြသည်။
ယဲ့ဖန်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဘေးပတ်ဝန်းကျင်မှ လူများလည်း မတတ်နိုင်ဘဲ ညည်းတွားကြသည်။
ယဲ့ဖန်သည် နောက်ဆုံးပစ္စည်းကို လွှင့်ပစ်ပြီးနောက် သူ့စီသို့ လျှောက်လာနေသော လူတစ်စုကို မြင်လိုက်ရသည်။ ထိုလူများမှာ အနည်းဆုံး အယောက်နှစ်ဆယ်မှ သုံးဆယ်ခန့် ရှိသည်။
အရှေ့ဆုံးမှလူသည် အသက် ၄၀လောက် ရှိသည်။
အနီရောင်ပန်းပွင့်အင်္ကျီ၊ ဘောင်းဘီတိုတစ်ထည်နှင့် ညှပ်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။
ထိုလူ၏ အနောက်၌ တုတ်များ ကိုင်ဆောင်ထားသည့် လူအုပ်ကြီး ရှိသည်။
ထိုလူအုပ်စုသည် အရှိန်ဖြင့် ပြေးလာရာ ပွဲကြည့်နေသည့် လူများကို ချက်ချင်း ထိတ်လန့်တကြား ပြန့်ကြဲသွားစေသည်။
လုံခြုံရေးအစောင့်များမှာလည်း ဤကိစ္စ၌ ဝင်မပါရဲသောကြောင့် အဝေး၌ ရှောင်ပုန်းနေခဲ့သည်။
ထိုအမျိုးသမီးနှစ်ယောက်သည် ပန်းပွင့်အင်္ကျီဝတ်ထားသော အမျိုးသားကို တွေ့ပြီး သူတို့၏ နောက်ခံကျောရိုးကို မြင်လိုက်ရသလိုပင် ရှေ့ကို ပြေးသွားကြသည်။
" ယောင်းနိုင်၊ ရှင် ကျွန်မတို့အတွက်
ရပ်တည်ပေးရမယ်။ ကျွန်မတို့ ပစ္စည်းတွေကို အဲ့ဒီခွေးကောင်က လွှင့်ပစ်လိုက်တယ်
" ဟုတ်တယ်၊ ယောင်းနိုင်။ တစ်သက်မှာ ဒီလိုအရှက်ရတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ရှင်က ယောက်ျားဆိုရင် ကျွန်မတို့အတွက် သွားပြီးတော့ လက်စားချေပေးပါ ..... "
ထိုအမျိုးသမီးနှစ်ယောက်၏ လေသံမှ ယဲ့ဖန်အား သူတို့ မည်မျှမုန်းတီးသည်ကို ကြားနိုင်လေသည်။
ကျန်းယောင်းနိုင်သည် ထိုအမျိုးသမီးနှစ်ယောက်ကို တွန်းထုတ်လိုက်ပြီး သုန်မှုန်သောမျက်နှာထားဖြင့် လျှောက်လာခဲ့သည်။
" ခုနက ငါ့ကိုခေါ်တာ မင်းလား "
သူသည် ဗီလာတံခါးဝတွင် ရပ်နေသော ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်နေပြီး သူ့အကြည့်များမှာလည်း ဓားကဲ့သို့ ထက်နေသည်။
" ကျွန်တော်ပဲ။ ဘာဖြစ်လဲ "
ယဲ့ဖန်သည် ကြောက်ရွံ့မှု မပြဘဲ တည်ငြိမ်နေခဲ့သည်။
" ဟားဟားဟား၊ ဘာဖြစ်လဲဟုတ်လား။ မင်းက ငါ ကျန်းယောင်းနိုင်ကို ပြဿနာရှာစော်ကားပြီး ဘာဖြစ်လဲလို့ မေးရဲသေးတာလား "
ကျန်းယောင်းနိုင်သည် ဒေါသတကြီး ရယ်မောလိုက်သည်။
ထိုအချိန်တွင် ကျူးရှောင်ကျောင်းသည် ယဲ့ဖန် အနောက်မှ ထွက်လာခဲ့သည်။
" ရှင်တို့ကမှ အရင်ဆုံး ပြဿနာရှာတဲ့ သူတွေပဲ။ ရှင်တို့က ကျွန်မအိမ်ကို အပိုင်စီးထားတဲ့သူတွေ။ အဲ့တာတောင် ကျွန်မတို့က ပြဿနာရှာတယ်လို့ ပြောနေသေးတာလား။ အရှက်မရှိဘူးလား "
ကျန်းယောင်းနိုင်သည် ကျူးရှောင်ကျောင်းကို တွေ့လိုက်သောအခါ သူ့မျက်လုံးများ၌ အံ့သြမှုများ ဖြတ်ပြေးသွားသည်။
" မင်းတို့အိမ်က လွတ်နေတာလေ။ ငါတို့က ဘာလို့ နေလို့မရမှာလဲ "
ကျူးရှောင်ကျောင်းသည် သူ၏ ထူးဆန်းသော အတွေးအခေါ်ကြောင့် ချက်ချင်းပင် ကြောင်အသွားသည်။
" လွတ်နေရင်တောင် အဲ့တာ ကျွန်မအိမ်ပဲ။ ကျွန်မခွင့်ပြုချက်မရဘဲ နေတာက ကျိုးကြောင်းဆီလျော်လို့လား "
" ငါ မှန်တယ်။ ဘာဖြစ်တာလဲ။ မင်းရဲ့အိမ်မှာ ငါ နေတာကို မင်းက ဂုဏ်ယူရမှာ။ ငါ့ရဲ့ကြင်နာမှုကို တန်ဖိုးမထားတာမျိုး မလုပ်နဲ့ "
ကျန်းယောင်းနိုင်သည် သူ၏ပစ္စည်းများကို ညွှန်ပြသည်။
" မင်းတို့ ဒါတွေကို ဘာလို့ ဖယ်လိုက်တာလဲ။ အရင်အတိုင်း ပြန်ရွှေ့လိုက်။ မဟုတ်ရင် ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့ "
******