← Chapters

ခွန်းလွန်နယ်မြေ၊ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခြင်း

Vol. 47 Ch. 691

ခွန်းလွန်နယ်မြေ၊ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခြင်း

Vol. 47 Ch. 691

"ဒါ... ဒါက..."

ကျူးရူယန်၏ မျက်နှာသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမသည် ဤအနက်ရောင်အလင်းတန်းအတွင်း၌ ပါဝင်သော ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိနေသည်။

မြို့ထဲရှိ စွမ်းအားကြီးသူများမှာလည်း တစ်ခုခုမူမမှန်သော အရာတစ်ခုကို ခံစားမိလိုက်သဖြင့် သူတို့ အခန်းကိုယ်စီထဲမှ ထွက်လာကြကာ အပေါ်သို့ မော့ကြည့်လာကြသည်။

"ကောင်းကင်ဘုံ... အဲ့ဒါ ဘာကြီးလဲ"

လူများစွာသည် ကောင်းကင်နှင့် မြေကြီးအား ဖြန့်ကျက်ထားသော အနက်ရောင်အလင်းတန်းကြောင့် မှင်တက်နေကြသည်။

ထိုစဉ် ရွှယ်အန်းမှာ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏ လက်များဖြင့် အနက်ရောင်အလင်းတန်း၏ အစွန်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ ရုတ်တရက် အားကုန်သုံးလျကလျက် အော်ဟစ်လိုက်သည်။

"ပွင့်စမ်း!"

...

ဒုန်း!

ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်ထွက်သွားသည်။

ရွှယ်အန်းသည် လျှို့ဝှက်နယ်မြေ၏ ကန့်သတ်ချက်များကို အားကုန်သုံးကာ ဆွဲဖြဲလိုက်သောကြောင့် လေဟာနယ်ကြီးတစ်ခု ပေါ်လာခဲ့သည်။

အနက်ရောင်အလင်းများ ပျောက်ကွယ်သွားပြီးနောက် မြင့်မားသော တံခါးပေါက်ကြီးတစ်ခုသည် ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

ထိုတံခါးပေါက်၏ အခြားတစ်ဖက်တွင်မူ အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုအား မြင်နိုင်သည်။

နေရာတိုင်းတွင် ထူးဆန်းသော ဒီဇိုင်းများဖြင့် ဆင်ယင်ထားသော အဆောက်အအုံများနှင့် ကောင်းကင်တွင် ပျံဝဲနေသော သံမဏိငှက်ကြီးများအပြင် မြေပြင်ပေါ်တွင် ပြေးလွှားနေသော သံသေတ္တာများလည်း ရှိနေသည်။

ထိုကဲ့သို့သော ထူးဆန်းသည့် မြင်ကွင်းများကြောင့် ခွန်းလွန်မြို့ရှိ လူတိုင်းအား မှင်တက်သွားစေခဲ့သည်။

ကျူးရူယန် တစ်ကိုယ်လုံး တုန်ယင်လာပြီးနောက် တိုးညှင်းစွာ ရေရွတ်မိလိုက်သည်။

"ဒါက သခင်လေး လာခဲ့တဲ့ လောကကြီးလား"

အတိတ်ကာလတွင် ခွန်းလွန်လျှို့ဝှက်နယ်မြေရှိ လူများသည် အပြင်လောကသို့ သွားလာနိုင်ခဲ့သော်လည်း သွားနိုင်သူ အရေအတွက်မှာ အလွန်နည်းပါးသည့်အပြင် လျှို့ဝှက်အင်မော်တယ်ဂိုဏ်းအချို့မှ ထိန်းချုပ်ထားသောကြောင့် လူအများစုသည် အပြင်လောကတစ်ခု ရှိသည်ကိုပင် မသိခဲ့ကြပေ။

၎င်းတို့အားလုံးသည် မိမိတို့နေထိုင်ရာနေရာသည်သာ တစ်လောကလုံးဖြစ်သည်ဟု ယုံကြည်ကြသည်။

ယနေ့မှသာ ၎င်းတို့သည် ပိုမိုကျယ်ပြန့်သော ကောင်းကင်နှင့် မြေကြီးကို မြင်တွေ့ခွင့်ရခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် အနက်ရောင်တံခါးပေါက်ကြီးထဲမှ တပ်ဖွဲ့တစ်ဖွဲ့ ထွက်လာပြီး ရွှယ်အန်း၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်လိုက်ကြသည်။

ထိုတပ်ဖွဲ့ကို မြင်သောအခါ ကြည့်ရှုနေသူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားဟည်။

"သံသွေးဖီးနက်တပ်ဖွဲ့ပဲ"

"ဒါဆို သံသွေးဖီးနက်တပ်ဖွဲ့က အပြင်လောကက လာတာလား"

"ဒါဆို ဒီလူက..."

၎င်းတို့၏ ဆွေးနွေးပြောဆိုသံများကြားတွင် လူတိုင်း မျက်နှာအမူအရာများလည်း တဖြည်းဖြည်း တည်ကြည်လေးနက်လာကြသည်။

အဘယ့်ကြောင့်ဆို ဖီးနက်တပ်ဖွဲ့သည် ဤလူများအပေါ် ထားခဲ့သော အမှတ်သည်းချေသည် အလွန်နက်ရှိုင်းသောကြောင့် ဖြစ်သည်။

တစ်ချိန်က ခွန်းလွန်တွင် ကြီးစိုးခဲ့သော မီးဘုရင်နန်းတော်နှင့် နက်နဲလေမျှော်စင်တို့သည် တစ်ညတည်းဖြင့် ပျက်စီးသွားခဲ့ခြင်းမှာ ဤသံသွေးဖီးနက်တပ်ဖွဲ့၏ လက်ချက်ကြောင့်ဖြစ်သည်။

၎င်းတို့ စကားများအရဆိုလျှင် အံ့မခန်းကျင့်ကြံမှုရှိသော လူတစ်ယောက်လည်း ထိုအထဲတွင် အဓိကအခန်းကဏ္ဍတွငိ ပါဝင်ခဲ့ပြီး ထိုသူမှာ ကျူးရူယန်၏ သခင်ဖြစ်သည်ဟု ဆိုကြသည်။

ထိုသို့ဆိုလျှင် ယခုအထါ ကောင်းကင်မြင့်တွင် လက်နောက်ပစ်လျက် ရပ်နေသော ထိုလူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို လွယ်ကူစွာ ခန့်မှန်းနိုင်လာသည်။

၎င်းသည် ခွန်းလွန်ကို နှိမ်နင်းခဲ့သူ ရွှယ်အန်းမှလွဲ၍ အခြားသူ မဖြစ်နိုင်ချေ။

လူတိုင်း မယုံနိုင်စွာ အထိတ်တလန့် ဖြစ်နေကြသည်။

ထိုအခါ ရွှယ်အန်းသည် ကောင်းကင်မြင့်ထက်တွင် ရပ်လျက် လူအုပ်ကြီးကို အပေါ်မှ ငေါ့ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"မင်းတို့ ခန့်မှန်းထားတဲ့သလိုပဲ၊ ငါရော သံသွေးဖီးနက်တပ်ဖွဲ့ဝင်တွေရောက အပြင်လောကက လာတာ"

"ပြီးတော့ မင်းတို့နေထိုင်နေတဲ့ ဒီကမ္ဘာက ရှေးဟောင်းကာလက စွမ်းအားရှငိသူတစ်ဦးက ဖန်တီးခဲ့တဲ့ လျှို့ဝှက်နယ်မြေတစ်ခုသာသာပဲ"

ရွှယ်အန်း၏ စကားများကြောင့် လူတိုင်း၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

အထူးသဖြင့် မိမိတို့ကိုယ်ကို အထင်ကြီးတက်သော စွမ်းအားကြီးသူများစွာ၏ မျက်နှာများမှာ ပြာနှမ်းသွားကြသည်။

အဘယ့်ကြောင့်ဆို ၎င်းတို့၏ ကျင့်ကြံမှုများအတွင်း ကြုံတွေ့ခဲ့ရသော ပုံမှန်မဟုတ်သည့် အရာများစွာသည် ရွှယ်အန်းပြောသောစကားများမှည မှန်ကန်ကြောင်းကို ထောက်ခံနေသောကြောင့် ဖြစ်သည်။

"မင်းတို့ပုံစံကြည့်ရတာတော့ အစထဲက သတိထားမိကြတယ် မဟုတ်လား၊ ဟုတ်တယ်... ဒီလျှို့ဝှက်နယ်မြေထဲက ကောင်းကင်တာအိုက ချို့ယွင်းနေတယ်၊ ဒါဟာ ပြီးပြည့်စုံတဲ့ ကောင်းကင်တာအို မဟုတ်ဘူး၊ မင်းတို့ ဒီမှာ နှစ်တစ်သောင်းလောက် ကျင့်ကြံရင်တောင် တိုးတက်ဖို့ ခက်ခဲဦးမှာပဲ"

"အခု အပြင်လောကက ကြီးမားတဲ့ ပြောင်းလဲမှုတွေ ကြုံနေရပြီ၊ ကံကြမ္မာကလည်း အသစ်ပြန်စနေပြီး ဝိညာဉ်စွမ်းအင်တွေလည်း ပြန်နိုးထလာပြီ၊ မင်းတို့ ဒီမှာ ဒီအတိုင်း ကျေနပ်နေလို့မရတော့ဘူး၊ ဘာပဲဖြစ်ဖြစ် မင်းတို့က တစ်ချိန်က လူသားမျိုးနွယ်ဝင်တွေပဲလေ၊ ဒါကြောင့်ပဲ ငါက ဒီလျှို့ဝှက်နယ်မြေကို ဖွင့်ပြီး မင်းတို့ကို တကယ့်ကမ္ဘာထဲကို ဝင်ခွင့်ပြုတာပဲ"

"ဒါပေမဲ့ မင်းတို့ နားလည်ထားရမှာက အဓိကကမ္ဘာထဲကို ကျင့်ကြံဖို့ ဝင်ချင်တယ်ဆိုရင် ငါ့စည်းကမ်းတွေကို လိုက်နာရမယ်၊ မဟုတ်ရင်တော့... သေခြင်းတရားက မင်းတို့ဆီ မြန်မြန်ပဲ ရောက်လာလိမ့်မယ်"

ရွှယ်အန်း၏ စကားများက ခွန်းလွန်မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

စွမ်းအားကြီးသူများစွာ၏ မျက်နှာများပေါ်တွင် သဘောမတူသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ရွှယ်အန်း၏ စွမ်းအားများသည် အတိတ်တွင် အမှန်တကယ်ပင် အားကောင်းခဲ့သော်လည်း ဤတစ်နှစ်ကျော်ကာလအတွင်း ခွန်းလွန်လျှို့ဝှက်နယ်မြေအတွင်းမှ ကျင့်ကြံသူများစွာသည်လည်း အဆင့်တက်လာခဲ့ကြပြီး ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များမှာ ပိုအားကောင်းလာခဲ့သည်။

အထူးသဖြင့် အသစ်ပေါ်ထွက်လာသော ကျင့်ကြံသူများစွာသည် ရွှယ်အန်း၏ စကားများကို သံသယဖြစ်နေမိကြသည်။

သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ မျက်လုံးများလည်း တောက်ပစွာ လင်းလက်သွားပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် ခွန်းလွန်မြို့တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ထိုအထွတ်အထိပ် ဖိအားအောက်တွင် အင်အားကြီးသူများအားလုံး၏ မျက်နှာများမှာ ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေသည်။

၎င်းတို့သည် ပုရွက်ဆိတ်များသာဟု ထင်ရ လောက်အောင် ၎င်းတို့အထက်ရှိလူသည် ကောင်းကင်ဘုံကို အုပ်စိုးသော ဧကရာဇ်တစ်ပါးနှင့်ပင် တူနေသည်။

တိမ်များနှင့် ရွှံ့နွံများပမာ ကွာခြားမှုကြီးကြောင့် ၎င်းတို့ကို ဒူးထောက်ချင်စိတ်ပင် ပေါက်သွားစေသည်။

ထိုအချိန်တွင် ရွှယ်အန်းက သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဖိနှိပ်ထားသော အရှိန်အဝါလည်း ပျောက်ကွယ်သွားသည်။

အနည်းငယ် အားနည်းသော ကျင့်ကြံသူများစွာသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီး ၎င်းတို့မျက်နှာများလည်း ဖြူဖျော့လာကာ ဆက်လက် တောင့်မခံနိုင်တော့ပေ။

မတ်တပ်ရပ်နေသူများသည်လည်း အခြေအနေ သိပ်မကောင်းကြပေ။ ၎င်းတို့တစ်ဦးချင်းစီ၏ နှလုံးသားထဲတွင် အဆုံးမရှိသော ကြောက်ရွံ့မှုများ ကိန်းအောင်းလာသည်။

"အခု ငါပြောတာ နားလည်ကြပြီလား"

"ဟုတ်... ဟုတ်ကဲ့"

"နားလည်ပါပြီ"

ကျင့်ကြံသူများသည် အားနည်းစွာ ပြန်ဖြေကြပြီး ရွှယ်အန်းကို မော့ကြည့်ရန်ပင် သတ္တိမရှိကြတော့ပေ။

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် အနက်ရောင်တံခါးပေါက်သည်လည်း ပုံပေါ်လာခဲ့ပြီး လူသားနိုင်ငံမှ သာမန်စစ်သားများစွာလည်း တန်းစီဝင်ရောက်လာကြကာ ၎င်းတို့ထဲတွင် ပညာရှင်များစွာလည်း ပါဝင်သည်။

၎င်းတို့ ဝင်ရောက်လာပြီး ရှေးဟောင်းဗိသုကာလက်ရာများဖြင့် ပြည့်နေသော မြို့ကို မြင်တွေ့လိုက်ရသောအခါ ထိုပညာရှင်များ၏ မျက်နှာများတွင် စိတ်လှုပ်ရှားသော အမူအရာများ ပေါ်လာသည်။

၎င်းတို့အတွက် ခေတ်မီယဉ်ကျေးမှုနှင့် မထိတွေ့ရသေးသော ကမ္ဘာတစ်ခုသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင် ဖြစ်သည်။

သာမန်စစ်သားများကမူ ဤလျှို့ဝှက်နယ်မြေအား လေ့ကျင့်ရေးအတွက် အသုံးပြုနိုင်သည်။

ဤသည်မှာ ဤလျှို့ဝှက်နယ်မြေများ၏ တန်ဖိုးပင်ဖြစ်သည်။

ထိုအချိန်တွင် ရွှယ်အန်းက ခေါင်းလှည့်ပြီး ကျူးရူယန်ကို ခပ်ရေးရေး ပြုံးပြလိုက်သည်။

"ဟိုဘက်ကို သွားကြည့်ကြမလား"

ကျူးရူယန်လည်း တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့"

သူမသည် အနက်ရောင်တံခါးကို ဖြတ်ကျော်လိုက်သောအခါ ရေပူဖောင်းအလွှာတစ်ခုကို ဖြတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ အသက်ရှုသံမှာ ခေတ္တတန့်သွားပြီးနောက် အလွန်ထူးဆန်းသော အနံ့တစ်ခုကို ရလိုက်သည်။

ဤလောကသည် အနည်းငယ်မျှသော ညစ်ညမ်းမှု မရှိသည့် ခွန်းလွန်လျှို့ဝှက်နယ်မြေနှင့်မတူဘဲ ဤလောက၏လေထုသည် ပိုမိုရှုပ်ထွေးလှသည်။

သို့သော်လည်း ဤနေရာရှိ ဝိညာဉ်စွမ်းအင် ပေါများမှုမှာ ကျူးရူယန်ကို အံ့အားသင့်စေဆဲ ဖြစ်သည်။

ဤထွက်ပေါက်သည် ကျုံးတုမြို့ရှိ လုံခြုံရေးတင်းကျပ်သော ရင်ပြင်တစ်ခု၏ အပေါ်တွင် တည်ရှိနေပြီး ကျူးရူယန်မှာ ပတ်ဝန်းကျင်ရှိ ဗိသုကာလက်ရာများကို စူးစမ်းစွာ ကြည့်ရှုနေမိသည်။

"အန်တီရူယန်"

နျန်နျန်နှင့် ရှန်းရှန်းတို့သည် စိတ်လှုပ်ရှားသော အမူအရာဖြင့် ခုန်ပေါက်ကာ ရောက်လာကြသည်။

ကျူးရူယန်သည် ကလေးမလေးနှစ်ယောက်ကို မြင်သောအခါ မနေနိုင်ဘဲ ပြုံးမိလိုက်သည်။

"အလှလေးနှစ်ယောက်ကတော့ အရပ်ရှည်လာကြပြန်ပြီပဲ"

ဤအချိန်တွင် အနက်ရောင်တံခါးပေါက်မှ ရင်းနှီးသော ပုံရိပ်အချို့ ထွက်ပေါ်လာသည်။

ထိုသည်မှာ ပြန့်ချင်းမူနှင့် ၎င်းတို့မောင်နှမများဖြစ်သော ပြန့်ဟွာနှင့် ပြန့်ထျန်တို့ပင်ဖြစ်သည်။

ခွန်းလွန်လျှို့ဝှက်နယ်မြေအတွင်း ယခုလေးတင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် တစ်ခဏအတွင်းပင် နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ပြန့်ချင်းမူနှင့် အခြားသူများသည် ၎င်းတို့လောကအတွင်း ပုံမှန်မဟုတ်သော အရာတစ်ခုကို ခံစားမိသောကြောင့် ချက်ချင်း အပြေးအလွှား ရောက်လာခဲ့ကြရာ ဖီးနက်တပ်ဖွဲ့မှ လူများနှင့် အချိန်မီ တွေ့ခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသောကြောင့် ၎င်းတို့သုံးယောက်လည်း ဤလောကထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

"သခင်ကြီး"

ပြန့်မောင်နှမသုံးယောက်က ရိုသေစွာ ဦးညွှတ်ကြသည်။

ရွှယ်အန်းက ခပ်ရေးရေး ပြုံးလိုက်သည်။

"မင်းတို့သုံးယောက် ဒီမှာစောင့်နေ၊ ငါ တခြားလျှို့ဝှက်နယ်မြေတွေကို သွားဖွင့်လိုက်ဦးမယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ကောင်းကင်သို့ နောက်တစ်ကြိမ် ပျံတက်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် ရွှယ်အန်းသည် ဆိုက်ဘေးရီးယားသို့ သွားခဲ့သည်။

ရွှယ်အန်းသည် ဤနေရာရှိ စစ်ဝံပုလွေလျှို့ဝှက်နယ်မြေသို့ ယခင်က ဝင်ရောက်ခဲ့ဖူးသည်။ ဤလျှို့ဝှက်နယ်မြေသည် အတော်လေး ကျဉ်းမြောင်းသော်လည်း အတွင်းထဲတွင် နေထိုင်နေသော လူသားမျိုးနွယ်ဝင်တစ်စု ရှိနေသေးရာ ရွှယ်အန်းသည်လည်း ချန်ထားခဲ့မည် မဟုတ်ပေ။

သို့သော် သူ ဤစစ်ဝံပုလွေလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်တော့မည့်အချိန်တွင် ရုတ်တရက် နိမိတ်တစ်ခုကို ခံစားလိုက်ရသောကြောင့် အနီးအနားရှိ တောအုပ်ဆီသို့ လှည့်ကြည့်လိုက်မိသည်။

"ဟမ်"

သူ၏ နတ်အာရုံထဲတွင် အဝေးတစ်နေရာတွင် ရင်းနှီးသောလူတစ်ယောက် ပေါ်လာသောကြောင့် ဖြစ်သည်။

ဆုရှနာ...

သူမက ဒီအချိန်ကြီးမှာ လူသူကင်းမဲ့တဲ့ ဆိုက်ဘေးရီးယား တောထဲမှာ ဘာလုပ်နေတာလဲ?

ပြီးတော့ ကြည့်ရတာ... တစ်စုံတစ်ယောက်က သူမကို လိုက်ဖမ်းဆီးနေသလိုပဲ…

All Chapters