← Chapters

ကြယ်ပွင့်အသစ်လေးလား၊ ဟင့်အင်း အဲ့လောက်လည်း မဟုတ်ပါဘူး

Vol. 47 Ch. 692

ကြယ်ပွင့်အသစ်လေးလား၊ ဟင့်အင်း အဲ့လောက်လည်း မဟုတ်ပါဘူး

Vol. 47 Ch. 692

ရွှယ်အန်း၏ နှလုံးသား လှုပ်ရှားသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူ ပြန်ပေါ်လာသောအခါ ဆုရှနာ၏ အပေါ်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။

ဆုရှနာမှာမူ လုံးဝသတိမူမိခဲ့ပေ။

ထိုအချိန်တွင် သူမသည် နှင်းဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် အားကုန်သုံးကာ ပြေးလွှားနေဆဲဖြစ်သည်။

တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော ဗိုလ်မှူးတစ်ယောက်သည် ယခုအခါ အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

သူမ၏ သပ်ရပ်တက်သော စစ်ဝတ်စုံမှာ ယခုအခါ စုတ်ပြဲနေပြီး ဦးထုပ်လည်း ပျောက်ဆုံးနေသည်။ သူမ၏ ရွှေရောင်ဆံပင်များမှာ ဖရိုဖရဲဖြစ်နေသော်လည်း သူမ မျက်လုံးပြာများထဲမှ ထိတ်လန့်မှုနှင့် ဒေါသကိုမူ မဖုံးကွယ်နိုင်ခဲ့ပေ။

...

ရွှယ်အန်းသည် တိတ်ဆိတ်စွာပင် သူမ၏နောက်သို့ လိုက်လာသည်။ဈ

ရှေ့ရှိ တောင်ကုန်းငယ်လေးတစ်ခုကို ချိုးကွေ့ပြီးနောက် လေအေးဒဏ်မှ ကွယ်ကာထားသော နေရာတစ်ခုသို့ ရောက်ရှိသောအခါ ဆုရှနာသည် သစ်ပင်ကြီးတစ်ပင်ကို မှီလိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်မှ နှင်းများကို ခါထုတ်ရန်ပင် အားမရှိတော့လောက်အောင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူမသည် အချိန်မ‌ရွေးပြိုလဲတော့မည့်ဟန်ထင်ရသည်။

သို့သော် ရွှယ်အန်း၏ နတ်အာရုံထဲတွင် သူမဆီသို့ အနည်းဆုံး တပ်ဖွဲ့သုံးဖွဲ့သည် လျင်မြန်စွာ ချဉ်းကပ်လာနေပြီး ၎င်းတို့၏ ပစ်မှတ်မှာ ဆုရှနာပင်ဖြစ်နေသည်။

ရွှယ်အန်းက အမြင့်တစ်နေရာတွင်ဈ ပုန်းကွယ်လျက် တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။

ခဏအကြာတွင်...

အဝေးရှိ တောအုပ်ထဲမှ စည်းချက်ကျသော ခြေသံများ ထွက်ပေါ်လာပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် သူမကို ဝန်းရံလိုက်ကြသည်။

ဆုရှနာ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာ ပေါ်လာပြီး သူမ၏ ခါးမှ ငွေရောင်ပစ္စတိုငယ်လေးတစ်လက်ကို ဆွဲထုတ်လိုက်သည်။

"နဂ်တို့သောက်ကောင်တွေ၊ ငါ့ကို လွှတ်ပေးဖို့ ငါ ဘာလုပ်ရမလဲ"

"ဟားဟား ဆုရှနာ၊ မင်းက တော်တော် သန်မာတာကို ငါတို့ ဝန်ခံတာ် ဒီ ဆိုက်ဘေးရီးယား တောထဲမှာ လဝက်လောက် ငါတို့ရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်ပြီး ရှင်သန်နိုင်ခဲ့တယ်၊ ဒါပေမဲ့ အခု မင်း ခုခံတာကို လက်လျှော့လိုက်ဖို့ ငါ အကြံပေးချင်တယ်၊ ငါတို့နဲ့ ငြိမ်ငြိမ်လေး လိုက်ခဲ့လိုက်၊ ဗိုလ်ချုပ်က မင်းကို မသတ်ဘူးလို့ ကတိပေးလိုက်တယ်"

ရုရှားနိုင်ငံမှ အရာရှိငယ်တစ်ဦးသည် မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခုဖြင့် သစ်ပင်တစ်ပင်၏ နောက်မှ ထွက်ပေါ်လာသည်။

သို့သော် သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆုရှနာသည် လက်မြှောက်ပြီး ပစ်ခတ်လိုက်သည်။

ဖောင်း

သေနတ်သံမှာ ပဲ့တင်ထပ်သွားပြီး အရာရှိ၏ ဦးထုပ်သည် သူ၏ ခေါင်းပေါ်မှ လွင့်စဉ်သွားသည်။

၎င်းလည်း ထိတ်လန့်သွားပြီး ခေါင်းငုံ့ကာ သစ်ပင်နောက်သို့ အမြန်ပုန်းလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"တိုက်ခိုက်ကြ"

သူအမိန့်ပေးလိုက်သည်နှင့်

စစ်သားများသည် ဝိုင်းရံထားသော ကွင်းကို စတင်ကျဉ်းလာကြသည်။

ဆုရှနာသည် သစ်ပင်ဖြင့် ကွယ်ထားလျက် ရှေ့ဆုံးမှ စစ်သားအချို့ သူမနှင့်အနီး မီတာ နှစ်ရာ၊ သုံးရာအကွာသို့ ရောက်သောအခါမှသာ သစ်ပင်နောက်မှ ရုတ်တရက် ထွက်လာပြီး ပစ်ခတ်လိုက်သည်။

သေနတ်သံများလည်း ဆက်တိုက်ထွက်ပေါ်လာသည်။

ထိုစစ်သားများ၏ နဖူးများတွင် သပ်ရပ်သော ကျည်ပေါက်ရာများ ပေါ်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ တစ်ချက်ထဲ သေဆုံးသွားကြသည်။

ဤလုပ်ရပ်ကြောင့် ကျန်စစ်သားများ မှင်တက်သွားပြီး အားလုံးလည်း သစ်ပင်များနောက်တွင် ပုန်းကွယ်လိုက်ကြသည်။

အရာရှိမှာ အော်ပြောလာသည်။

"အဲ့မိန်းမ ကျည်ကုန်သွားပြီ၊ သူမကို ဖမ်းနိုင်တဲ့သူကို ဗိုလ်ချုပ်ကြီးက ဆုကြီးကြီး ပေးလိမ့်မယ်"

ထိုစကားများကို ကြားသောအခါ စစ်သားများ၏ မျက်လုံးများတွင် လောဘရိပ်ယောင်များ လင်းလက်လာပြီး သစ်ပင်များကို အကာအကွယ်အဖြစ် အသုံးပြုကာ ဆုရှနာဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။

ဆုရှနာသည် သစ်ပင်နောက်တွင် ပုန်းကွယ်လျက် အသက် ပြင်းပြင်းရှူလိုက်ပြီးနောက် သူမကိုယ်သူမ သရော်ဟန်ဖြင့် ခါးသီးသည့် အပြုံးတစ်ခုကို ထုတ်ဖော်ပြလိုက်သည်။

အရာရှိပြောခဲ့သည့်အတိုင်းပင် သူမထံတွင် ကျန်ရှိနေသည်မှာ သူမ၏ ပစ္စတိုထဲမှ ကျည်တစ်ကပ်သာဖြစ်ပြီး ယခုအခါ သူမ ကျည်များမှာ တစ်ထောင့်သာကျန်တော့သည်။

ယနေ့အထိဆိုလျှင် ဆုရှနာသည် လတစ်ဝက်ကြာ ထွက်ပြေးနေခဲ့ခြင်းဖြစ်သည်။

သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှစ်ခုစလုံးသည် ရှေ့ဆက်သွားရန် မလုံလောက်တော့ပေ။

ထို့ကြောင့် ဆုရှနာ၏ မျက်နှာပေါ်တွင် လက်လျှော့အရှုံးပေးလိုသော အမူအရာများ တဖြည်းဖြည်း ပေါ်လာပြီး သူမ သေနတ်ကို ဖြည်းညင်းစွာ မြှောက်ကာ သူမ၏ နားထင်ကို ချိန်ရွယ်လိုက်သည်။

သူမ မျက်လုံးများကို မှိတ်ကာ ခလုတ်ဆွဲတော့မည့်ဟန်အပြင်တွင် တည်ငြိမ်သော အသံတစ်ခုသည် သူမ၏ နားထဲတွင် ပဲ့တင်လာသည်။

"စစ်သားတစ်ယောက်အနေနဲ့ ဒီလောက်လွယ်လွယ်ကူကူ သေခြင်းတရားကို ရွေးတော့မှာလား"

ဆုရှနာသည် ထိုရင်းနှီးသော အသံကို ကြားလိုက်ရသောအခါ သူမ၏ ခန္ဓာကိုယ်များ တုန်ယင်သွားပြီး သူမ စိတ်ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ထင်လိုက်မိသည်။

သူက ဘယ်လိုလုပ် ဒီနေရာမှာ ရှိနေနိုင်မှာလဲ?

သို့သော် သူမ မျက်လုံးဖွင့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ သူမ အနီးရှိ သစ်ပင်တစ်ပင်ပေါ်တွင် ရပ်ကာ သူမကို ပြုံးပြနေသော ရွှယ်အန်းကိုပင် ဖြစ်သည်။

"ရွှယ်... နည်းပြရွှယ်"

ဆုရှနာသည် သူမ မျက်လုံးများကိုသူမပင် မယုံနိုင်အောင် ဖြစ်မိသည်။

ရွှယ်အန်းသည် အရပ်လေးမျက်နှာတွင် ဝိုင်းရံထားသော စစ်သားများကို တစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒီလူတွေအားလုံးက မင်းကို ဖမ်းဖို့ လာတာလား"

ဆုရှနာလည်း ခါးသီးစွာ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် အရာရှိငယ်သည်လည်း သစ်ပင်ထိပ်တွင် ရပ်နေသော ရွှယ်အန်းကို တွေ့လိုက်ရပြီး မအံ့ဩဘဲ မနေနိုင်တော့ပေ။

"မင်း... ဘယ်...".

သူ၏ ကျန်စကားလုံးများမှာ ပါးစပ်မှ ထွက်မလာနိုင်တော့ပေ။ အဘယ့်ကြောင့်ဆို သူသည် ရွှယ်အန်းကို မှတ်မိသွားသောကြောင့် ဖြစ်သည်။

အဆုံးတွင် ဤကမ္ဘာပေါ်၌ ရွှယ်အန်းကို မသိသူ ဘယ်သူရှိမည်နည်း?

သို့သော် သူ့အား မှတ်မိလိုက်သောကြောင့် အရာရှိငယ်လေးသည် ကြောက်လန့်ပြီး မေ့လဲမတတ် ဖြစ်သွားသည်။

ရွှယ်အန်းက စစ်သားများကို မျက်လုံးဖြင့် ဝေ့ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်သည် အရာရှိထံတွင် ရပ်တန့်သွားသည်။

"မင်း ငါ့ကို မှတ်မိတယ်ပေါ့"

ထိုလူသည် တုန်တုန်ယင်ယင်ဖြင့် ခေါင်းညိတ်ပြလာသည်။

"ဟုတ်... ဟုတ်ကဲ့၊ မှတ်မိပါတယ်"

"ကောင်းပြီ၊ ဒါဆို ပြန်သွားပြီး မင်းတို့ရဲ့ ဗိုလ်ချုပ်ကြီးဆိုတဲ့သူကို ပြောလိုက်၊ ဆုရှနာက အခု တရုတ်နိုင်ငံသား ဖြစ်သွားပြီ၊ သူ့ကို ထပ်ပြီး နှောင့်ယှက်ရင် မင်းတို့ အကျိုးဆက်ကို ခံရလိမ့်မယ်"

ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်ကြီး"

အရာရှိသည် အသက်ဘေးမှ လွတ်ငြိမ်းခွင့်ရသော ကြက်ကလေးပမာ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။ဈ

ရွှယ်အန်းသည် သူ့ကို မောင်းထုတ်သည့်အနေဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

ထို့နောက် အရာရှိလည်း လှည့်ပြီး ပြေးထွက်သွားတော့သည်။

သူ ထွက်ပြေးသွားသည်နှင့်အတူ သူမအား လိုက်လံဖမ်းဆီးနေသော စစ်သားများလည်း အရပ်လေးမျက်နှာသို့ ပြန့်ကျဲသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုရှနာအား မိမိကိုယ်ကို သတ်သေလုနီးပါး ဖြစ်စေခဲ့သော မျှော်လင့်ချက်မဲ့သည့် အခြေအနေသည် ရွှယ်အန်း၏ စကားအနည်းငယ်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ဆုရှနာသည် ထိုမြင်ကွင်းကို ဘာမှမတွေးနိုင်ဘဲ ကြည့်နေမိသည်။

ထိုအချိန်တွင် ရွှယ်အန်းက သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ဆုရှနာ၏ ဘေးသို့ ရောက်လာကာ ခပ်ရေးရေး ပြုံးပြလိုက်သည်။

"ဆုရှနာ၊ မတွေ့တာကြာပြီနော်"

ဆုရှနာက ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

"ရွှယ်... နည်းပြရွှယ်၊ ရှင့်... ရှင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

"ဪ၊ ငါ ဒီကို လျှို့ဝှက်နယ်မြေတစ်ခု လာဖွင့်တာ၊ ဒါနဲ့ မင်းကရော၊ ဘာလို့ မင်းနိုင်ငံက စစ်သားတွေရဲ့ လိုက်ဖမ်းဆီးတာကို ခံနေရတာလဲ"

ရွှယ်အန်းသည် မေးမြန်းလိုက်သည်။

ထိုစကားကို ကြားသောအခါ ဆုရှနာ ခါးသီးစွာ ပြုံးလိုက်မိသည်။

သူမသည် အရှေ့ပိုင်း အထူးတပ်ဖွဲ့၏ ယခင် နည်းပြချုပ်တစ်ဦးဖြစ်သောကြောင့် ဆုရှနာသည် ရုရှားနိုင်ငံတွင် အမြဲတမ်း ရာထူးမြင့်မားစွာ ရှိခဲ့သည်။

သို့သော် ကြီးမားသော မငြိမ်မသက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားနိုင်ငံ၏ အခြေအနေသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဤမငြိမ်မသက်မှုအတွင်း စြရှန်နာကို ထောက်ခံသူအများစုမှာ အခွင့်အာဏာများ ကျဆုံးခြင်းများသာမက သေဆုံးခြင်းတို့ပင် ဖြစ်ပွားခဲ့သည်။

ဤအချက်ကးသည် စစ်တပ်အတွင်းရှိ ဆုရှနာ၏ အခြေခံအုတ်မြစ်ကို ပြင်းထန်စွာ ထိုးနှက်နိုင်ခဲ့သည်။

အကယ်၍ ထိုမျှသာဖြစ်ခဲ့လျှင် ယခုလိုအခြေအနေအထိ မဆိုးသေးပေ။

သူမသည် ရုရှားနိုင်ငံမှ ထွက်ခွာပြီး အခြားနိုင်ငံတစ်ခုတွင် နည်းပြအဖြစ် အမှုထမ်းနိုင်သေးသည်။

ဆုရှနာသည် ယခင်ကလည်း ထိုသို့ ပြုလုပ်ခဲ့ဖူးသည်။ သူမသည် တပ်မှူးဟူ၏ လက်အောက်တွင် အမှုထမ်းပြီး ရွှယ်အန်း၏ ဖီးနက်မီးတောက်အထူးတပ်ဖွဲ့နှင့်အတူ ယှဉ်ပြိုင်ခဲ့စဉ်တုန်းက ဖြစ်သည်။

သို့သော် သူမ၏ အတွေးများမှာ အလွန်ရိုးရှင်းလွန်းခဲ့သည်။

အာဏာ၏ ဝဲဂယက်ထဲတွင် ကျရောက်နေပြီးနောက် သူမ မည်သို့ လွယ်လွယ်ကူကူ ရုန်းထွက်နိုင်မည်နည်း။

ရုရှားနိုင်ငံ၏ အထက်ပိုင်းအပြောင်းအလဲကြီးအပြီးတွင် ဒီမစ်ထရီအမည်ရှိသော ဗိုလ်ချုပ်တစ်ဦးသည် အာဏာရလာခဲ့သည်။

ထိုလူသည် တစ်ချိန်က ဆုရှနာနှင့် တပ်ဖွဲ့တစ်ခုတည်းတွင် အမှုထမ်းခဲ့ပြီး သူမကို အရူးအမူး လိုက်ခဲ့ဖူးသည်။ သို့သော် သူမ၏ ပြင်းပြင်းထန်ထန် ငြင်းပယ်ခြင်းကို ခံခဲ့ရပြီး စစ်သားများစွာ၏ ရှေ့တွင် မြေပြင်ပေါ်သို့ လဲကျခဲ့ဖူးသည်။

ထို့ကြောင့် ဒီမစ်ထရီသည် ဤအငြိုးအား သူ၏ နှလုံးသားထဲတွင် သိမ်းဆည်းထားခဲ့သည်။

သူ အာဏာရလာသည်နှင့်တစ်ပြိုင်နက် ဆုရှနာကို ချက်ချင်း ပစ်မှတ်ထားတော့သည်။

သူသည် သူမ၏ ရာထူးအားလုံးကို ဖယ်ရှားခြင်းဖြင့် စတင်ခဲ့ပြီးနောက် နည်းလမ်းအမျိုးမျိုးဖြင့် သူမကို နှိမ်နင်းကာ သူ၏ အကျဉ်းသားအဖြစ် ထားရှိလိုခဲ့သည်။

သို့သော် သူ၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်စွာပင် ဆုရှနာသည် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

အဆုံးတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး ဆုရှနာလည်း ရုရှားနိုင်ငံ၏ မြို့တော်မှ ပြတ်သားစွာ ထွက်ပြေးခဲ့ကာ တောင်ဘက်သို့ ဦးတည်ပြီး လူသူကင်းမဲ့သော ဆိုက်ဘေးရီးယား ဒေသကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံတွင် ခိုလှုံခွင့်တောင်းရန် ကြိုးပမ်းခဲ့သည်။

သို့သော် ဆုရှနာကို ပိုင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ထားသော ဒီမစ်ထရီသည် သူမ ထွက်ပြေးသွားသည်ကို သိသောအခါ ဒေါသပေါက်ကွဲသွားပြီး သူမကို လိုက်လံဖမ်းဆီးရန် တပ်ဖွဲ့များကို ချက်ချင်း စေလွှတ်ခဲ့သည်။

ဤသည်မှာ ဆုရှနာ ဤကဲ့သို့ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

ရွှယ်အန်းသည် သူမ၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ခပ်ရေးရေး ပြုံးလိုက်သည်။

"စစ်တပ်ထဲက ကြယ်ပွင့်အသစ်လေးလား၊ ဟင့်အင်း အဲ့လောက်လည်း မဟုတ်ပါဘူး”

All Chapters