မင်း လည်ချောင်းကွဲအောင် အော်နေလည်း ဒီနေ့ ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး
Vol. 47 Ch. 693
ရွှယ်အန်းသည် အဘယ်ကြောင့် ထိုသို့ပြောမှန်း သူမ မသိသော်လည်း သူ၏ စကားများထဲမှ ခိုင်မာသော ယုံကြည်အား ကူးစက်ခံလိုက်ရပြီး ရက်ပေါင်းများစွာ တင်းထားခဲ့သော သူမ၏ စိတ်များလည်း အဆုံးတွင် ပြေလျော့သွားသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ပြောလိုက်သည်။
"အခု ရုရှားနိုင်ငံမှာ မင်းအတွက် နေရာမရှိတော့ဘူးဆိုတော့ လူသားနိုင်ငံကို လာခဲ့ပါလား၊ လူသားနိုင်ငံက လက်ရှိမှာ တပ်တွေကို လေ့ကျင့်ပေးနေပြီး မင်းလို အရည်အချင်းရှိတဲ့သူကို အရေးတကြီး လိုအပ်နေတယ်"
ရွှယ်အန်းက ဆုရှနာကို ကယ်တင်ခဲ့သည့် အကြောင်းရင်းမှာ သူမကို အလွန်လေးစားသောကြောင့် ဖြစ်သည်။
ဤအမျိုးသမီးသည် စစ်တန်းလျားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သူမ၏ ကိုယ်ပိုင်အရည်အချင်းဖြင့် တက်လမ်းရှာကာ နိုင်ငံတကာ စစ်ဘက်အသိုင်းအဝိုင်းတွင် ကျော်ကြားမှုတစ်ခု ရရှိခဲ့သဖြင့် သူမတွင် တကယ့်အရည်အချင်းရှိကြောင်း ပြသနေသည်။
ထိုသို့သော အရည်အချင်းသည် လူသားနိုင်ငံသည် အရေးတကြီး လိုအပ်နေသော အရာပင်ဖြစ်သည်။
သို့သော် ဆုရှနာသည် တွန့်ဆုတ်နေမိသည်။
"ကျွန်မ... တကယ်ပဲ လုပ်လို့ရပါ့မလား၊ ရှင်လည်းသိပါတယ်၊ ကျွန်မက ရုရှားနိုင်ငံက လူတစ်ယောက်လေ"
...
"တခြားသူတွေအတွက်တော့ မဖြစ်နိုင်ချင် မဖြစ်နိုင်လောက်ဘူး၊ ဒါပေမဲ့ မင်းကတော့ သေချာပေါက် လုပ်နိုင်တယ်"
ရွှယ်အန်းက ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဆုရှနာလည်း ခဏတာ တွန့်ဆုတ်သွားပြီးနောက် ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆိုရင်တော့ ကျွန်မ လူသားနိုင်ငံနဲ့ ပူးပေါင်းပါ့မယ်။"
ဆုရှနာသည် ဆိုက်ဘေးရီးယားကို ဖြတ်ကျော်ပြီး လူသားနိုင်ငံတွင် ခိုလှုံရန် စီစဉ်ထားပြီးသားဖြစ်ရာ ရွှယ်အန်း၏ ဖိတ်ခေါ်မှုကို ဟူမ ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။
"အရမ်းပညာရှိတဲ့ ရွေးချယ်မှုပဲ"
ရွှယ်အန်းက ပြုံးလျက် ပြောလိုက်သည်။
"ဒါဆို နောက်ဘာဆက်လုပ်မှာလဲ၊ ကျွန်မတို့ အခု ပြန်ကြမှာလား"
ဆုရှနာက မေးလိုက်သည်။
ရွှယ်အန်းက ပြောလိုက်သည်။
"မလောနဲ့၊ လုပ်စရာ တခြားကိစ္စလေးတွေ ရှိသေးတယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏ လက်ဖဝါးဖြင့် ရှေ့သို့ ခုတ်ပိုင်းလိုက်ရာ သူ၏ ရှေ့ရှိဟင်းလင်းပြင်တွင် အက်ကွဲကြောင်းတစ်ခု ပွင့်ထွက်သွားသည်။
ထို့နောက် သူသည် ဆုရှနာဘက်သို့ လှည့်ပြီး ပြုံးပြလိုက်သည်။
"သွားကြစို့"
ရွှယ်အန်းသည် ရှေ့သို့ တစ်လှမ်းတိုးပြီး အက်ကွဲကြောင်းထဲတွင် ပျောက်ကွယ်သွားသည်။
ဆုရှနာသည် ထို ကျဉ်းမြောင်းသော ဟင်းလင်းပြင်အက်ကွဲကြောင်းကို မှင်တက်စွာ ကြည့်နေပြီး ခဏတာ တွန့်ဆုတ်သွားပြီးနောက် အံ့ကြိတ်ကာ နောက်မှ လိုက်ဝင်လာသည်။
ရွှယ်အန်းနှင့် ဆုရှနာတို့ စစ်ဝံပုလွေလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားသည့် အချိန်မှာပင်...
ရုရှားနိုင်ငံတွင်
စစ်ဘက်ဆိုင်ရာ ဌာနချုပ်အဆောက်အအုံ၌
မူလဌာနချုပ်အဆောက်အအုံသည် ရွှယ်အန်း၏ ဓားချက်ဖြင့် ပြိုကျသွားခဲ့ပြီး လက်ရှိအဆောက်အအုံမှာ မူလနေရာတွင် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။
ဤအချိန်တွင်
နိုင်ငံအာဏာကို ချုပ်ကိုင်ထားသော ဒီမစ်ထရီသည် အပေါ်ဆုံးထပ် ရုံးခန်း၏ ကြမ်းပြင်၏ မျက်နှာကြက်အထိရှိသော ပြတင်းပေါက်ကြီးရှေ့တွင် ထိုင်ကာ နေ့လယ်ခင်း နေရောင်ခြည်ကို ကျေနပ်သော အမူအရာဖြင့် ခံစားနေသည်။
သူ၏ ခမ်းနားသော ရုံးခန်းထဲတွင် ဓာတ်ပြားဖြင့်ဖွင့်ထားသော သံစုံတီးဝိုင်း တေးဂီတသံများ ပျံ့လွင့်နေသည်။
ဒီမစ်ထရီသည် သူ၏ ဗော့ဒ်ကာကို တစ်ကျိုက်မော့သောက်လိုက်သည်။
ဤသက်သောင့်သက်သာရှိမှုနှင့် အပန်းဖြေမှုသည် ဒီမစ်ထရီစစ်ဦးစီးချုပ်ဖြစ်လာပြီးနောက်ပိုင်း မပြောင်းလဲနိုင်သော နေ့လယ်ခင်း လုပ်ရိုးလုပ်စဉ် ဖြစ်လာသည်။
"အဲ့ကောင်မလေး စုရှန်ကိုသာ ပြန်ဖမ်းလာနိုင်ရင် ပိုတောင်ကောင်းဦးမယ်"
ဒီမစ်ထရီစိတ်ထဲမှ တိတ်တဆိတ် တွေးကာ သူ့အလိုလို နှုတ်ခမ်းကို သပ်လိုက်မိသည်။
ထိုအချိန်မှာပင်
တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ဒီမစ်ထရီလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူ အမုန်းဆုံးအရာမှာ သူ၏ အနားယူချိန်တွင် အနှောင့်အယှက်ပေးခြင်း ဖြစ်သည်။
ထို့ကြောင့် သူ မျက်လုံးပင် မဖွင့်ဘဲ သခက်ထန်စွာ ပြောလိုက်သည်။
"ထွက်သွားစမ်း၊ ဘယ်လောက်အရေးကြီးကြီး ငါ ဒီဗော့ဒ်ကာပုလင်း ကုန်တဲ့အထိ စောင့်"
တံခါးခေါက်သံလည်း ရပ်တန့်သွားသည်။
ဒီမစ်ထရီ၏ ပါးစပ်ထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
ဤသည်မှာ အာဏာကြီးမားခြင်း၏ အရသာပင်ဖြစ်သည်။
သို့သော် သူ၏အပြုံးပင် မဆုံးသေး ကျယ်လောင်သော အသံတစ်ခုကြောင့် လန့်ဖျပ်သွားသည်။
ဒီမစ်ထရီကိုယ်တိုင်ပင် လန့်သွားပြီး သူ၏ ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်လိုက်ကာ ဒေါသတကြီးဖြင့် တံခါးဆီသို့ ကြည့်လိုက်သည်။
"မင်းတို့ သေချင်နေကြပြီလား၊ ငါ နားပြီးမှ ဘာကိစ္စမဆို လာပြောလို့ ပြောထားတယ်လေ"
သို့သော် သူ ဆူပူကြိမ်းမောင်းလို့ပဂ် မပြီးမီမှာပင် နောက်ထပ် ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာပြီး လက်ပစ်ဗုံး ထိမှန်လိုက်သလို ခိုင်ခံနိုင်သော တံခါးသည်လည်း ပြိုကျသွားသည်။
ဖုန်မှုန့်များကြားတွင် အတွင်းရေးမှူးတစ်ဦး အပြေးအလွှား ဝင်လာသည်။
"မင်းတို့ ခွေးမသားတွေ၊ ပုန်ကန်ဖို့ စဉ်းစားနေကြတာလား"
ဒီမစ်ထရီသည် ဝင်လာသူမှာ အတွင်းရေးမှူးဖြစ်သည်ကို မြင်လိုက်ရသောအခါ သူ၏ စိုးရိမ်နေသော နှလုံးသားလည်း တည်ငြိမ်သွားပြီး ဒေါသပေါက်ကွဲကာ အံဆွဲထဲမှ ပစ္စတိုတစ်လက်ကို ဆွဲထုတ်လိုက်သည်။
"သခင်ကြီး၊ စိတ်လျှော့ပါဦး၊ ဆိုက်ဘေးရီးယား ဆကနေ အရေးပေါ် စစ်ဘက်သတင်းတစ်ခု ဝင်လာလို့ပါ၊ ဒါကို ကြည့်ဖို့ လိုပါတယ်"
အတွင်းရေးမှူးသည် သေနတ်ဖြင့် ချိန်ခံထားရသော်လည်း မတုန်မလှုပ် ပြောလိုက်သည်။
"ဆိုက်ဘေးရီးယားကလား?"
ဒီမစ်ထရီအနည်းငယ် မှင်တက်သွားသည်။
ဘယ်လို သတင်းမျိုးများပါလဲ?
သူ ဆုရှနာကို လိုက်ဖမ်းဖို့ တပ်ဖွဲ့အနည်းငယ်ပဲ လွှတ်ထားတာ မဟုတ်လား?
အဲ့ဒီမှာ တစ်ခုခုများ ဖြစ်သွားလို့လား?
ထိုသို့တွေးရင်း ဒီမစ်ထရီသည် အစီရင်ခံစာအား အလျင်အမြန် ဆွဲယူဖွင့်ဖတ်လိုက်ရာ မှင်တက်သွားတော့သည်။
အဘယ့်ကြောင့်ဆို ရေးထားသော စာများမှာ အလွန်ရိုးရှင်းသောကြောင့် ဖြစ်သည်။
ထိုထဲတွင် စာတစ်ကြောင်းတည်းသာ ပါဝင်ပြီး ရိုးရှင်းသည်။
ဆုရှနာအား ဟွာရှားမှ ရွှယ်အန်းသည် ကယ်တင်သွားပြီဖြစ်ကြောင်းနှင့် သတိပေးကြောင်းနဲ့ ယခုအချိန်မှစ၍ ဆုရှနာသည် ဟွာရှား၏ အကာအကွယ်အောက်တွင် ရှိနေပြီဟူ၍ဖြစ်သည်။ ၎င်းကို မည်သည့် ထိပါးစော်ကားမှုမဆို ပြန်ပေးဆပ်ရမည်ဟုလည်း ပြောထားသည်။
သို့သော် ဤရိုးရှင်းသော စာတစ်ကြောင်းကို ဒီမစ်ထရီတစ်မိနစ်နီးပါး ဖတ်နေမိသည်။
ဟွာရှားက ရွှယ်အန်း....
ဤစကားလုံးလေးလုံးသည် မှော်ဆန်သည့်ပမာ ဒီမစ်ထရီ၏ နဖူးတွင် ချွေးစေးများ တဖြည်းဖြည်း စို့ထွက်လာပြီး စာရွက်ကို ကိုင်ထားသော သူ၏လက်များပင် တုန်ယင်လာသည်။
ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရသွားသလို အတွင်းရေးမှူးကို မော့ကြည့်လိုက်သည်။
"ဒီစာရွက်အကြောင်းကို တခြား ဘယ်သူသိသေးလဲ"
အတွင်းရေးမှူးက ခေါင်းခါပြသည်။
"သခင်ကြီး၊ ကျွန်တော်က စာတမ်းလာပို့ရုံ တာဝန်ရှိတာပါ၊ တခြားဘာမှ မသိပါဘူး"
"အသုံးမကျတဲ့ကောင်တွေ၊ အကုန်လုံး သောက်သုံးမကျတဲ့ကောင်တွေချည်းပဲ!"
ဒီမစ်ထရီသည် သူ၏ အတွင်းစိတ်မှ ထိတ်လန့်မှုနှင့် မတည်ငြိမ်မှုများကို ဖော်ထုတ်သည့်အနေဖြင့် ဒေါသတကြီး ဆဲဆိုလိုက်သည်။
ထို့နောက် သူသည် ထရပ်လိုက်ပြီး ပစ္စည်းများ ထုပ်ပိုးကာ လေသံနက်ကြီးဖြင့် ပြောလိုက်သည်။
"ငါ့အတွက် စစ်ကားအနည်းငယ် ချက်ချင်းပြင်ဆင်ပေး၊ အရေးပေါ်ကိစ္စရှိလို့ သွားစရာရှိတယ်"
သူသည် အသုံးများသော ပစ္စည်းအချို့ကို ခရီးဆောင်သေတ္တာထဲသို့ ထည့်နေသော်လည်း သူ လှည့်ကြည့်လိုက်သောအခါ သူ့အတွင်းရေးမှူးသည် စားပွဲတွင် မလှုပ်မယှက် ရပ်နေပြီး သူ့ကို အလွန်ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဒီမစ်ထရီ၏ နှလုံးသားထဲတွင် အေးစက်သွားသော်လည်း သူ၏ မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးတစ်ခု ပေါ်လာသည်။
"မင်း ငါနဲ့အတူရှိနေတာ တော်တော်ကြာပြီပဲ၊ ငါ တာဝန်ကနေ ပြန်လာတဲ့အထိပဲ စောင့်၊ မင်းကို အတွင်းရေးမှူးချုပ်ရာထူးလည်း တစ်ခါတည်းပေးမယ်၊ အခုတော့ ကျေးဇူးပြုပြီး ငါ့အတွက် ကားတစ်စီး အမြန်ခေါ်ပေးပါဦး"
ပုံမှန်မဟုတ်စွာပင် အမြဲလိုလိုမာနကြီးတက်သော ဒီမစ်ထရီသည် 'ကျေးဇူးပြုပြီး' ဟူသော စကားလုံးကို သုံးခဲ့သည်။
သို့သော် အတွင်းရေးမှူးဟည် ခေါင်းခါကာ တုံ့ပြန်လိုက်သည်။
"သခင်ကြီး၊ စိတ်မကောင်းပါဘူး၊ ဒီနေ့ ဌာနချုပ်မှာ ကားအားလုံး မရှိတာနဲ့တိုက်နေပါတယ်"
ဒီမစ်ထရီ၏ မျက်နှာပေါ်မှ အပြုံ အေးခဲသွားပြီး ခဏအကြာတွင် အားတင်းပြုံးကာ ပြောလိုက်သည်။
"မရှိဘူးဆိုရင်လည်း ငါ အောက်ဆင်းပြီး ကားတစ်စီး ရှာလိုက်မယ်၊ အခြေအနေက အရေးကြီးနေတော့ နှောင့်နှေးလို့ မဖြစ်ဘူး"
သူက ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် အတွင်းရေးမှူးသည် ရှေ့သို့ တစ်လှမ်းတိုးပြီး ဒီမစ်ထရီ၏ လမ်းကို ပိတ်ဆို့ကာ အလွန်ရိုသေစွာ မေးလိုက်သည်။
"သခင်ကြီး၊ ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ"
ဒီမစ်ထရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ တစ်စုံတစ်ခု ပြောတော့မည် အပြုတွင် အသံတစ်သံထွက်ပေါ်လာပြီး စစ်ဝတ်စုံနှင့် လက်အိတ်ဖြူများ ဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ဦး ဝင်လာသည်။
"ဒီမစ်ထရီဒီလောက် အလျင်လိုဆနတာ ဘယ်အရေးပေါ်တာဝန်ကို သွားထမ်းဆောင်မလို့လဲ"
သူ၏ နောက်တွင် အတော်လေး ခန့်ညားသော အစောင့်များ တန်းစီလိုက်ပါလာသည်။
"နီ… နီကီတာ... မင်း... မင်း ဘာလုပ်နေတာလဲ။"
ဒီမစ်ထရီလန့်သွားပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"အစောင့်တွေ"
နီကီတာက ခေါင်းခါပြသည်။
"အော်မနေနဲ့တော့၊ မင်း လည်ချောင်းကွဲအောင် အော်နေလည်း ဒီနေ့ ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး"
ဒီမစ်ထရီ၏ မျက်နှာသည် ချွေးစေးများဖြင့် ဖုံးလွှမ်းသွားပြီး နောက်သို့ဆုတ်လိုက်ကာ အားတင်းပြုံးလျက် ပြောလိုက်သည်။
"နီကီတာ၊ ငါတို့နှစ်ယောက်လုံးက ရဲဘော်ရဲဘက်တွေပဲကို၊ ဒါက ဘာသဘောလဲ"
နီကီတာက ပြုံးလျက် တုံ့ပြန်သည်။
"ရဲဘော်ရဲဘက်?"
"ငါ့မှာ မင်းလို ရဲဘော်ရဲဘက် မရှိဘူး”