မီးတောက်နဂါးအသည်းကြော်
Vol. 47 Ch. 695
ဤသည်မှာ ပေကျင်းမြို့၏ ထောင့်လေးတစ်နေရာတွင် တည်ရှိသော ရပ်ကွက်ဟောင်းတစ်ခု ဖြစ်သည်။
၎င်းသည် အလှမ်းဝေးကာ ယိုယွင်းနေပြီး ပတ်ဝန်းကျင်မှာလည်း ကြမ်းတမ်းသည့်အပြင် အိမ်များမှာလည်း ဟောင်းနွမ်းပြီး အခြေခံဇိမ်ခံမှုများ ချို့တဲ့နေသည်။
ထို့ကြောင့် ဤနေရာသည် အခြေခံအားဖြင့် ဆင်းရဲသားရပ်ကွက်တစ်ခုနှင့် တူနေသည်။
တစ်ခုတည်းသော အားသာချက်မှာ ဤနေရာတွင် အိမ်ငှားခသက်သာခြင်း ဖြစ်နိုင်သည်။
ရလဒ်အနေဖြင့် ဤနေရာတွင် နေထိုင်သူများသည် လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးအလွှာမှ ဖြစ်ကြသည်။
ထိုအချိန်တွင်...
...
ရွှယ်အန်းနှင့် အန်းယန်တို့သည် ၎င်းတို့၏ သမီးနှစ်ယောက်နှင့်အတူ လှေကားထစ်များကို တက်လာပြီး ရင်းနှီးသော တံခါးတစ်ချပ်ရှေ့သို့ ရောက်ရှိလာသည်။
"ဖေဖေ၊ မေမေ၊ သမီးတို့ အိမ်ဟောင်းကို ပြန်လာကြတာလား"
ရှန်းရှန်းနှင့် နျန်နျန်တို့က စိတ်လှုပ်ရှားစွာ မေးလိုက်ကြသည်။
"အိမ်ဟောင်း..."
ရွှယ်အန်းက ခပ်ရေးရေး ပြုံးလိုက်ပြီး သူ၏ နှုတ်ခမ်းများမှာ ပျော်ရွှင်မှုဖြင့် ကွေးညွတ်သွားသည်။
ဟုတ်ပေသည်...
သူ၏ ငယ်ဘဝအိမ်သည် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ရွှယ်အန်းသည် ငယ်စဉ်တည်းက ချင်းမန်မြို့မှ ထွက်ခွာခဲ့ပြီး ခြေတစ်လုံးအိမ်ထိုင် ဘဝဖြင့် နေထိုင်ခဲ့သည်။
သူ တက္ကသိုလ်တွင် အန်းယန်နှင့် တွေ့ဆုံပြီး ၎င်းတို့နှစ်ဦး ပေကျင်းသို့ အတူပြန်လာကာ ဤအိပ်ခန်းနှစ်ခန်းပါသော အိမ်ဟောင်းလေးကို ငှားရမ်းသည့် အချိန်အထိပင်ဖြစ်သည်။
ထိုအချိန်မှသာ ရွှယ်အန်းသည် အိမ်၏ ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။
ယခုအခါတွင်မူ သူသည် ဤနေရာကိုသာ အိမ်ဟု အမြဲတမ်း ခံစားနေရသည်။
အန်းယန်၏ မျက်လုံးများသည် အနည်းငယ် နီရဲနေပြီး ကလေးမလေးနှစ်ယောက်ကို ပြောလိုက်သည်။
"ဟုတ်တယ်၊ မားတို့ ဒီမှာ ရက်အနည်းငယ်လောက် နေကြမယ်၊ သမီးတို့ ပျော်ကြလား"
"ဟုတ် ပျော်တယ်"
ကလေးမလေးနှစ်ယောက်လည်း ပျော်ရွှင်စွာ တုံ့ပြန်လိုက်ကြသည်။
ကလေးများအတွက် သူတို့၏ အိမ်သည် မည်မျှ ကျယ်ဝန်းသည်နှင့် ခမ်းနားသည်မှာ အရေးမကြီးပေ။ သူတို့၏ မိဘများ ဘေးတွင် ရှိနေသရွေ့ မည်သည့်နေရာမဆို အံ့ဩဖွယ်ကောင်းသည်ဟု ခံစားကြရသည်။
ထို့အပြင် ကလေးမလေးနှစ်ယောက်သည် ဤနေရာတွင် မွေးဖွားကြီးပြင်းခဲ့ကြသောကြောင့် ဤနေရာကို သဘာဝအတိုင်း သံယောဇဉ်ရှိနေကြသည်။
ဤအချိန်တွင် ရွှယ်အန်းက တံခါးဖွင့်လိုက်ပြီး ၎င်းတို့မိသားစုဝင်လည်း ဝင်လိုက်ကြသည်။
အိမ်သည် တစ်စုံတစ်ယောက်မီ နေ့စဉ် သန့်ရှင်းရေးလုပ်ထားသည့်ပမာ သန့်ရှင်းနေသည်။
သို့သော် အိမ်တွင်းအပြင်အဆင်များသည် ဤတို့ ထွက်ခွာသွားစဉ်ကတည်းကပုံနှင့် လုံးဝမပြောင်းလဲခဲ့ပေ။
သူတို့သည် အပြင်ထွက်ကာ အစာစားပြီးနောက် ပြန်လာခဲ့ကြကဲ့သို့ ထင်ရသည်။
အန်းယန်၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့သီလာသည်။ သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ လက်ချောင်းများဖြင့် အိမ်၏ ပရိဘောဂများနှင့် အလှဆင်ပစ္စည်းများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ဤနေရာရှိ ပစ္စည်းတိုင်းတွင် သူမနှင့် ရွှယ်အန်း၏ အမှတ်တရများ စွဲထင်နေသည်။
သဘာဝအတိုင်းပင် အတိတ်နေရာကို ပြန်လည်အမှတ်ရခြင်းကြောင့် အန်းယန်ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။
သို့သော် ကလေးမလေးနှစ်ယောက်မှာမူ ဧည့်ခန်းရှိ ဟောင်းနွမ်းစုတ်ပြတ်နေသော ဆိုဖာပေါ်သို့ ပျော်ရွှင်စွာ ပစ်လှဲလိုက်ကြပြီး တီဗီကို စိတ်အားထက်သန်စွာ ဖွင့်လိုက်ကြသည်။
အံ့ဩစရာကောင်းစွာပင် လျှပ်စစ်မီးရှိနေသဖြင့် တီဗီကို ပုံမှန်အတိုင်း ဖွင့်နိုင်ခဲ့သည်။
ထို့ကြောင့် ကလေးမလေးများသည် ဆိုဖာပေါ်တွင် ကျေနပ်စွာ ထိုင်ပြီး တီဗီကြည့်နေကြသည်။
ရွှယ်အန်းက မီးဖိုချောင်ဘေးတွင် ချိတ်ထားသော ဟင်းချက်ခါးစည်းကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး ကျွမ်းကျင်စွာ ဝတ်ဆင်ကာ ပြုံးလျက် ပြောလိုက်သည်။
"ယန်အာ ကိုယ် ဟင်းသွားချက်လိုက်ဦးမယ်"
"ယောက်ျား၊ ကျွန်မ ချက်ပါ့မယ်၊ ရှင့်..."
အန်းယန်သည် လက်ရှိတွင် ရွှယ်အန်းက ဟင်းချက်နေသည်ကို အနည်းငယ် ထူးဆန်းသည်ဟု အမြဲခံစားနေရသည်။
အဆုံးတွင် ရွှယ်အန်းသည် ယခုအခါ ဤကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်တည်နေသော လူတစ်ယောက်ဖြစ်ပြီး ဤနေရာတွင်မူ ဟင်းချက်ရန် ခါးစည်းဝတ်ဆင်နေခြင်းက မလိုက်ဖက်ဟု ထင်မိသည်။
ရွှယ်အန်းသည် ပေါ့ပါးစွယ ရယ်မောလိုက်သည်။
"မင်းနဲ့ ကလေးတွေအတွက် အစားအစာလုပ်ပေးတာ ဘာများ ထူးဆန်းနေလို့လဲ ပြီးတော့ နဂါးအသည်းကို ဘယ်လိုချက်ရမလဲဆိုတာ မင်းသိလို့လား"
အန်းယန် ခဏတာ ရပ်တန့်သွားပြီးနောက် ပြည်နယ်မြို့တော်တွင် ရွှယ်အန်း ကောင်းကင်နဂါးထံမှ ယူခဲ့သော နဂါးအသည်း ရှိနေသေးသည်ကို သတိရသွားသည်။
"မင်း ပျင်းနေတယ်ဆိုရင် ကိုယ့်ကို ကူပြီး နဂါးအသည်း ဘယ်လိုကြော်လဲဆိုတာ ကြည့်လေ"
ရွှယ်အန်းက ပြောလိုက်သည်။
အန်းယန်လညါး ခေါင်းညိတ်သည်။
"အင်း"
ရွှယ်အန်းသည် ဦးစွာ အန်းယန်၏ သိုလှောင်လက်စွပ်ထဲမှ အသက်ဓာတ်နှင့် အလင်းရောင်များ တောက်ပနေသော နဂါးအသည်းကို ထုတ်ယူလိုက်သည်။
ဤအရာဝတ္ထုပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းမှ ထုတ်လွှတ်သော အငွေ့အသက်ကြောင့် လသာဆောင်ပေါ်ရှိ ခြောက်သွေ့နေသော ပန်းများကိုပင် ပြန်လည်ရှင်သန်စေခဲ့သည်။
ထို့နောက် ရွှယ်အန်းက အန်းယန်၏ လက်စွပ်ထဲမှ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူတို့ကိုလည်း ထုတ်ယူလိုက်သည်။
ဒါတွေ ဘာလို့ ဒီထဲမှာ ရှိနေလဲလို့ မမေးကြနဲ့...
ရွှယ်အန်းသည် ရက်အနည်းငယ်အကြာကထဲက ကျုံးတုရှိ စူပါမားကတ်ကြီးတစ်ခုကို အကုန်ရှင်းလင်းပြီး အရာအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ တစ်ခါတည်း ပစ်ထည့်ခဲ့သည်။
မဆံ့သော အရာများကိုမူ တနာပြခန်းတွင် ထားခဲ့သည်။
ဤအရာအားလုံးသည် ၎င်းတို့ ကမ္ဘာမြေမှ ထွက်ခွာပြီး စကြဝဠာပေါင်းများစွာကို ခရီးသွားသည့်အခါ အဆင်ပြေစေရန်အတွက် ဖြစ်သည်။
ထို့အပြင် သိုလှောင်လက်စွပ်နှင့် ဤရတနာပြခန်းတွင် ပစ္စည်းများ သိုလှောင်ခြင်း၌ နောက်ထပ် အကျိုးကျေးဇူးတစ်ခု ရှိသေးသည်။ ၎င်းတို့ ပျက်စီးယိုယွင်းမှာကို ဘယ်တော့မှ စိုးရိမ်စရာမလိုသလို သယ်ဆောင်ရလွယ်ကူကာ ရေခဲသေတ္တာ၏ စွမ်းအားမြှင့်ထားသော ဗားရှင်းတစ်ခုနှင့် တူသည်။
"တကယ်တော့ ဒီနဂါးအသည်းနဲ့ အလိုက်ဖက်ဆုံးက ဖီးနစ်ငှက်ရဲ့ ခြင်ဆီပဲ၊ ဒါပေမဲ့ ဒီကမ္ဘာမှာ ဖီးနစ်ငှက် ရှိမယ်မထင်ဘူး၊ ဒါကြောင့် ကြော်စားရုံဖို့ပဲလုပ်ရမယ်"
"ဒီနဂါးအသည်းက သူ့ဘာသာသူဆို အရသာမရှိဘူး၊ ပြီးတော့ တော်တော်လေးလည်း ညှီတယ်၊ ဒါကြောင့် ဒီအရသာတွေကို ပြုပြင်ဖို့အတွက် ကျွမ်းကျင်တဲ့ ဟင်းခတ်အမွှေးအကြိုင်ပညာ လိုအပ်တယ်"
"ဒီဘက်မှာတော့ ကိုယ်က ကိုယ့်ကိုယ်ကိုကျွမ်းကျင်သူလို့ သတ်မှတ်တယ်၊ ဟိုးအရင်တုန်းကဆိုရင်လည်း ကိုယ် ဒါကို မကြာခဏ ကြော်စားလေ့ရှိတယ်"
ရွှယ်အန်းသည် ပါဝင်ပစ္စည်းများ ပြင်ဆင်နေရင်း တတွတ်တွတ် ပြောနေသည်။
အန်းယန်မှာ အနည်းငယ် နားမလည်ဖြစ်မိသည်။
"ယောက်ျား"
"ဟမ်"
"နဂါးမျိုးနွယ်နဲ့ ဖီးနစ်ငှက်မျိုးနွယ် နှစ်ခုလုံးက အရမ်းအစွမ်းထက်တဲ့ သူတွေမဟုတ်ဘူးလား၊ ဒါဆို ဘာလို့ နဂါးအသည်းနဲ့ ဖီးနစ်ခြင်ဆီဟင်းပွဲ ရှိနေရတာလဲ"
ရွှယ်အန်းက ထိုမေးခွန်းကို ပြုံးလျက်ဖြေသည်။
"နဂါးမျိုးနွယ်က အရမ်းကို ကွဲပြားစုံလင်တဲ့ အုပ်စုပဲ၊ သူတို့ထဲမှာ အင်မော်တယ်ဘုရင်တစ်ပါးနဲ့တောင် ကျင့်ကြံမှုအဆင့် နှိုင်းယှဉ်နိုင်တဲ့ အမြင့်ဆုံးအဆင့် နဂါးတွေရှိသလို အသားအတွက် သတ်ဖြတ်ခံရရုံကလွဲပြီး တန်ဖိုးမရှိတဲ့ အဆင့်နိမ့်နဂါးတွေလည်း ရှိတယ်၊ ဒါပေမဲ့ ကောင်းကင်နဂါးမျိုးနွယ်ဆိုတာက နဂါးမျိုးနွယ်ထဲမှာ သိပ် နိမ့်ပေမဲ့ အဆင့်နိမ့် အဆင့်အထိတော့ မဟုတ်ဘူး၊ သူတို့က ကိုယ့်ကို ဒေါသထွက်အောင် လုပ်ခဲ့လို့ သူတို့ရဲ့ နဂါးအသည်းကို ဖြတ်ထုတ်ခဲ့တာ"
"ဖီးနစ်ငှက်တွေကတော့..."
ရွှယ်အန်း ခဏရပ်သွားပြီး ခဏတာ စဉ်းစားပြီးနောက် ဆက်ပြောသည်။
"သူတို့မျိုးနွယ်က ပိုတောင် ထူးဆန်းသေးတယ်၊ ဖီးနစ်ငှက်ရဲ့ ပြန်လည်မွေးဖွားခြင်းဆိုတာကို ကြားဖူးလား?"
အန်းယန်က ခေါင်းညိတ်ပြသည်။
"ဖီးနစ်ငှက်တိုင်းက သူတို့ဘဝမှာ နိဗ္ဗာန်အကြိမ်ပေါင်းများစွ ာပြန်လည်မွေးဖွားကြတယ်၊ တစ်ခါသေတိုင်း သူတို့အတွက် ပြန်လည်မွေးဖွားခြင်းပဲ"
"သူတို့ သေတဲ့ဝင်ချိန်မှာ စွန့်ပစ်ခဲ့တဲ့ ဖီးနစ်ငှက်ခန္ဓာကိုယ်တွေက ပိုင်ရှင်မဲ့ဖြစ်သွားတယ်၊ အဲ့တာက အရေခွံလဲပြီး ကြိုက်သလို စွန့်ပစ်လိုက်တဲ့ မြွေအရေခွံတွေလိုပဲ"
"ဒီလိုနဲ့ လူတွေက ဖီးနစ်ခြင်ဆီက တကယ်တော့ အရမ်းအရသာရှိတယ်ဆိုတာကို ရှာတွေ့ရှိခဲ့ကြတယ်"
ရွှယ်အန်း၏ ရှင်းပြချက်ကို ကြားသောအခါ အန်းယန်၏ မျက်လုံးများ တဖြည်းဖြည်း ကျယ်လာသည်။
"ယောက်ျား၊ ရှင်က တော်လိုက်တာ"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"စကြဝဠာနယ်ပယ်ပေါင်းစုံမှာ ပရမ်းပတာတွေ အမျိုးမျိုးရှိတယ်၊ မင်း ကြုံတွေ့ရမယ့် မျိုးနွယ်တွေနဲ့ အရာတွေလည်း အမျိုးမျိုးရှိတယ်၊ အချိန်ကြာလာရင် မင်း နားလည်လာလိမ့်မယ်"
"အွန်း"
ဤအချိန်တွင် ရွှယ်အန်းသည် အရာအားလုံးကို ပြင်ဆင်ပြီးစီးသွားပြီဖြစ်သော်လည်း သာမာန်မီးဖိုကို အသုံးမပြုခဲ့ပေ။
အဘယ့်ကြောင့်ဆို သာမန်မီးတောက်သည် နဂါးအသည်းကို ကောင်းမွန်စွာ ချက်ပြုတ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။
ရွှယ်အန်းက လက်ဖျောက်တစ်ချက်တီးလိုက်ချိန် ဖြူဖွေးသော မီးတောက်တစ်ခုသည် လေထဲတွင် ထွက်ပေါ်လာသည်။
ထို့နောက် သူသည် အန်းယန်ထံမှ အက်ကွဲနေသော ဒယ်အိုးကို ယူလိုက်သည်။
"ယောက်ျား၊ ဒီဒယ်အိုးက ပေါက်နေတယ်လေ"
"စိတ်မပူနဲ့၊ ကိုယ် မင်းအတွက် ပြင်ပေးမယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ဒယ်အိုးကို မီးတောက်များထဲသို့ ပစ်ထည့်လိုက်ရာ ပြင်းထန်သော အပူရှိန်အောက်တွင် ၎င်းသည် ချက်ချင်း ကွဲစပြုလာသည်။
သို့သော် ရွှယ်အန်းသည် နဂါးအသည်းကိုလည်း ၎င်းအပေါ်သို့ ပစ်တင်လိုက်သောအခါ သွေးရောင်အပိုင်းအစကြီးသည် ဒယ်အိုးထဲသို့ အဆက်မပြတ် စိမ့်ဝင်သွားပြီး အချိန်ကြာလာသည်နှင့်အမျှ
ဒယ်အိုးရှိ အက်ကွဲကြောင်းများလည်း စတင်ပြန်ဆက်လာသည်။
"နဂါးအသည်းထဲမှာ နဂါးတစ်ကောင်ရဲ့ သက်စောင့်ဓာတ်တွေ ပါဝင်တယ်၊ ဒါကို အသုံးချပြီး အံ့ဖွယ်အကျိုးသက်ရောက်မှုတွေ အများကြီး ထုတ်နိုင်တယ်၊ ဒါက အဲ့ဒီထဲက တစ်ခုမျှသာသာပဲ"
ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်ပြီး ပြင်ဆင်ထားသော ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ကာ နဂါးအသည်းကို စတင်ချက်ပြုတ်တော့သည်။
ထို့နောက် စားချင်စဖွယ်ရနံ့တစ်ခုမှာ ပျံ့နှံ့လာသည်။
အန်းယန်၏ အစာစားချင်စိတ်သည် ထိုရနံ့ကြောင့် လှုံ့ဆော်ခံလိုက်ရပြီး ကလေးမလေးနှစ်ယောက်မှာမူ တီဗီပင် ဆက်မကြည့်နိုင်တော့ဘဲ နဂါးအသည်းအား စောင့်ဆိုင်းရန် မီးဖိုချောင်တံခါးဝသို့ ပြေးလာကြသည်။
အဆုံးတွင်...
ရွှယ်အန်း ကြော်ပြီးသွားသောအခါ ခပ်စပ်နှင့် မွှေးပျံ့နေသော နဂါးအသည်းကြော်ကို ပန်းကန်ပြားတစ်ချပ်ပေါ်သို့ တင်လိုက်သည်။
"ပြီးပြီ၊ မြန်မြန်စားကြနော်... အေးသွားရင် သိပ်မကောင်းတော့ဘူး"
ရွှယ်အန်းက တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။