စင်ဂယ်ခွေးများအား မျက်စိနောက်စေသော နေ့တစ်နေ့
Vol. 47 Ch. 697
"ယောက်ျား၊ ခုနက ဘယ်သူလဲဟင်"
အန်းယန်က မေးလိုက်သည်။
ရွှယ်အန်းလည်း ပြုံးလိုက်သည်။
"အရင်က ကိုယ် ဆုံးမခဲ့ဖူးတဲ့ ပေကျင်းက လူမိုက်အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ပါ၊ ဒါပေမဲ့ အဲ့ကောင်လေးက တော်တော်လေး စရိုက်ကောင်းတယ်၊ သူက ဒီနေရာကို စောင့်ဖို့ လူတွေလွှတ်ထားရုံတင်မကဘဲ ဦးလေးရှီတို့ကိုလည်း လျှို့ဝှက်ကူညီခဲ့တယ်၊ ဒါကြောင့် သူ့ကို နဂါးအသည်းတချို့ ဆုချလိုက်တာ"
"ဪ"
အင်း ဘာလဲ၊ မင်းသူ့ကို သိလို့လား"
"အာ မဟုတ်ပါဘူး၊ မသိပါဘူး"
အန်းယန်သည် ကြောင်တောင်တောင် ပြန်ပြောလိုက်သည်။
ရွှယ်အန်းသည် သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ သူမ၏ ဆံပင်ကို ဖွလိုက်သည်။
"မင်းသူ့ကို မသိဘဲနဲ့ ဪလို့ လုပ်နေတယ်လေ၊ မင်းက တကယ့်ကို ငတုံးမလေးပဲ"
...
"တော်ပါ၊ ကျွန်မဆံပင်တွေကို ရှုပ်ပွအောင် လုပ်ပြန်ပြီ"
အန်းယန်သည် နှုတ်ခမ်းစူကာ ရှက်သွေးဖြန်းလျက် ပြောလိုက်သည်။
သူမသည် အမွှေးများ ထောင်ထနေသော ကြောင်ကလေးတစ်ကောင်နှင့် တူလှသည်။
ရွှယ်အန်းသည် သူမ၏ ချစ်စရာကောင်းသော ပုံစံကို မတွန်းလှန်နိုင်ဘဲ သူမ၏ နှာခေါင်းကို ညင်သာစွာ ဆွဲညှစ်ရန် လက်လှမ်းလိုက်ပြန်သည်။
"ဘယ်သူ့ကို တော်ပါလို့ တားနေတာလဲ"
သူ့အပြုအမူကြောင့် အန်းယန်ကို ကြောင်လေးတစ်ကောင်ပမာ သွားဖြဲကာ လက်သည်းထုတ်သည်အထိ ဒေါသထွက်စေခဲ့သည်။
"ရှင်လေ၊ ရှင်က တော်တော်ဆိုးလို့လေ"
"ဪ၊ ဒါဆို ကိုယ် အခု မလွှတ်ပေးတော့ဘူး"
"ဝူးဝူးဝူး၊ လူဆိုးကြီး... အမြဲတမ်း ကျွန်မကိုပဲ အနိုင်ကျင့်တယ်၊ ကျွန်မနှာခေါင်း နာနေပြီလို့"
အန်းယန်သည် မျက်ရည်ကျတော့မည့်ဟန်ဖြင့် မျက်နှာငယ်လေး လုပ်ပြလိုက်သည်။
ရွှယ်အန်းက သူ အန်းယန်၏ နှာခေါင်းကို တကယ်နာအောင် ညှစ်မိသွားသည်ဟု ထင်ပြီး သူ၏ လက်ကို အမြန်လွှတ်ပေးလိုက်သည်။
အန်းယန်သည် ထိုသည်ကိုအခွင့်အရေးယူပြီး ဒူးထောက်ထိုင်ချကာ သူမ၏ ခေါင်းကို ဒူးကြားထဲတွင် ဝှက်ထားလိုက်သည်။
သူမ၏ ပခုံးများ အနည်းငယ် တုန်ခါနေသည်ကို ကြည့်ပါက သူမ ငိုနေသကဲ့သို့ ထင်ရသောကြောင့် ရွှယ်အန်းသည် အပြစ်ရှိသလို ခံစားရပြီး ဘာလုပ်လို့လုပ်ရမှန်း မသိဖြစ်သွားသည်။
"ယန်အာ ကိုယ်မှားသွားပါတယ်၊ ကိုယ်က မင်းကို စနေတာပါ၊ ကိုယ် တကယ်မရည်ရွယ်ပါဘူး"
သို့သော် ရွှယ်အန်းသည် သူမဘက်သို့ကြည့်ကာ စကားပြောသောအခါ ယန်အာသည် အခြားတစ်ဖက်သို့ လှည့်သွားသည်။ သူသည် ထိုဘက်သို့ လှည့်ကာ စကားပြောသောအခါ သူမလည်း ပြန်လှည့်သွားပြန်သည်။
ထို့ကြောင့် ရွှယ်အန်းသည် ယန်အာကို တောင်းပန်ကာ စက်ဝိုင်းပုံကြီး လှည့်နေတော့သည်။
အဆုံးတွင် ရွှယ်အန်းသည်လည်း အကူအညီမဲ့စွာဖြင့် ဒူးထောက်ထိုင်ချကယ ပြောလိုက်သည်။
"ဒါဆို... မင်း ကိုယ့်နှာခေါင်းကို ဆွဲညှစ်မယ်ဆိုရင်ရော?"
သူစကားမဆုံးမီမှာပင် အန်းယန်သည် ရုတ်တရက် မော့ကြည့်လိုက်လာပြီး သူမ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခုသာ ပေါ်နေပြီး မျက်ရည်တစ်စက်မှ မတွေ့ရပေ။
"ကောင်းပြီလေ၊ ဒါ ရှင်ပြောတာနော်"
ရွှယ်အန်းလည်း အနည်းငယ် မှင်တက်သွားသည်။ သူ အလိမ်ခံလိုက်ရတာလား...၊
သူ သတိမဝင်မီမှာပင် အန်းယန်သည် သူမ၏ ဖြူဖွေးသော သွားများကို လှစ်ဟာပြလိုက်သည်။
"ဒါပေမဲ့ ကျွန်မက ရှင့်နှာခေါင်းကို ဆွဲမညှစ်ချင်ဘူး၊ ရှင်က ရွှေအင်မော်တယ်တစ်ပါးလေ၊ ကျွန်မလို ကောင်မလေးတစ်ယောက်က ရှင့်ကို ဘယ်လိုလုပ် ဆွဲညှစ်နိုင်မှာလဲ။ ကျွန်မ ရှင့်ကို ကိုက်ပစ်မယ်"
ထိုသို့ပြောပြီးနောက် အန်းယန်သည် သူ့အပေါ်သို့ ခုန်အုပ်ပြီး ရွှယ်အန်း၏ ပခုံးကို သူမ၏ သွားများဖြင့် ကိုက်ချလိုက်သည်။
ရွှယ်အန်းသည် အမှတ်တမဲ့ဖြင့် အန်းယန်၏ ကိုက်ခြင်းကို ခံလိုက်ရသဖြင့် အလွန်နာကျင်သောကြောင့် အသက်ရှူမှားသွားသည်။
သို့သော် ထိုအချိန်တွင် ရွှယ်အန်း၏ ပခုံးပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်အား ခြိမ်းခြောက်ခံရသည်ဟု ခံစားရသောကြောင့် သဘာဝအတိုင်း တုံ့ပြန်ခြင်း ဖြစ်သည်။
အကယ်၍ ထိုရွှေရောင်အလင်းတန်းသာ စုစည်းသွားပါက အန်းယန်၏ သွားများ ကျိုးကြေသွားနိုင်ဖွယ်ရှိသည်။
ထို့ကြောင့် ရွှယ်အန်း၏ အကြည့်မှာ အေးစက်သွားပြီး သူ၏ ပခုံးပေါ်မှ ရွှေရောင်အလင်းတန်းသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အားလျှော့လိုက်ခြင်းကြောင့် သူသည် အန်းယန်၏ ကိုက်ခြင်းကို သူ၏ ရုပ်ခန္ဓာဖြင့်သာ ခံနေရသည်ဟု အဓိပ္ပာယ်ရသည်။
အဆုံးတွင် ယန်အာသည် လွတ်မြောက်အင်မော်တယ်တစ်ပါးဖြစ်သောကြောင့် သူမ၏ ကိုက်ခဲမှုတွင် အားအတော်အတန် ပါဝင်သည်။
အနည်းဆုံးတွင် ရွှယ်အန်းသည် အလွန်နာကျင်သောကြောင့် သူ၏ နဖူးတွင် ချွေးစေးများ ထွက်လာသော်လည်း အံ့ကိုသာကြိတ်ကာ အသံတစ်ချက်မှ မထွက်ခဲ့ပေ။
အန်းယန်သည်လည်း တစ်ခုခု မှားနေသည်ကို ခံစားမိပြီး သူမ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး မော့ကြည့်လိုက်ရယာ ချွေးများရွှဲနစ်နေလျက် မနာကျင်သော အမူအရာဖြင့် ထိုင်နေသော ရွှယ်အန်းကို တွေ့လိုက်ရသည်။
"ယောက်ျား၊ ရှင်... ဘယ်လိုဖြစ်လို့..."
အန်းယန်သည် ရွှယ်အန်း အဘယ့်ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အသုံးမပြုဘဲ ခုခံနေသလဲဟု မေးလိုခဲ့သည်။
ရွှယ်အန်းသညါ အနည်းငယ် ပြုံးပြလိုက်မိသည်။
"ငတုံးမလေး... ကိုယ်သာ ကျင့်ကြံခြင်းအဆင့်ကို သုံးလိုက်ရင် မင်းရဲ့ သွားတွေ ကျိုးကြေသွားမှာပေါ့"
"ဒါဆို ရှင်က ဒီအတိုင်းပဲ... ခံနေတာလား"
"ဟား ဒီလောက်က ဘာမှမဖြစ်ပါဘူးကွာ"
အန်းယန်သည် ရွှယ်အန်း၏ အပြုံးကို မြင်သောအခါ သူမသည် အကြောင်းပြချက်မရှိဘဲ ဆိုးသွမ်းနေသည်ဟု ခံစားရသည်။
ထို့နောက် သူမကသည် ရွှယ်အန်း၏ ပခုံးကို ပွတ်သပ်ပေးလိုက်သည်။
သူမ မြင်လိုက်ရသည်မှာ သူ၏ အဝတ်များသည် စုတ်ပြဲနေပြီး အသားထဲတွင် နက်ရှိုင်းသော သွားရာများ ထင်ကျန်နေကာ အန်းယန်၏ စွယ်သွားနှစ်ချောင်း စိုက်ဝင်သွားသော နေရာမှ သွေးစက်များ စိမ့်ထွက်နေဆဲ ဖြစ်သည်။
"ယောက်ျား၊ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး"
ဤသည်ကို မြင်သောအခါ ယန်အာသည် အလွန်စိတ်မကောင်းဖြစ်သွားပြီး မျက်ရည်များပင်ကျလုနီးပါး ဖြစ်သွားသည်။
သူမ လုံးဝ အားမသုံးလိုက်ဟု ခံစားခဲ့ရသည်။
သူမ ဘယ်လိုလုပ်ပြီး သူမ ယောက်ျားကို ဒီလို ကိုက်မိသွားရတာလဲ
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ကဲကဲ၊ ရပါတယ်ဆိုကွာ၊ မငိုပါနဲ့၊ ကိုယ့်ကို ခွေးပေါက်လေးတစ်ကောင် ကိုက်သွားတယ်လို့ပဲ သဘောထားလိုက်မယ်"
ယန်အာသည် သူ့စကားကြောင့် ခေါင်းညိတ်လိုက်သည်။
"အွန်... အွန်း"
ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုသည် ရွှယ်အန်း၏ ပခုံးပေါ်တွင် ဖြတ်ပြေးသွားပြီး ဒဏ်ရာသည် လုံးဝ ပျောက်ကင်းသွားကာ အကိုက်ရာသာမရ သွေးတစ်စက်မှပင် ကျန်မနေတော့ပေ။
ရွှယ်အန်း၏ မျက်နှာပေါ်မှ စနောက်နေသော အပြုံးကို မြင်သောအခါ ယန်အာသည် သူမ နောက်တစ်ကြိမ် အလိမ်ခံလိုက်ရသည်ကို သိလိုက်သည်။
သူမ ဒေါသဖြင့် သွားကြိတ်ပြီး သူ့အပေါ်သို့ ပြင်းထန်စွာ ခုန်အုပ်လိုက်သည်။
"ယုတ်မာတဲ့ ယောက်ျားစုတ်၊ ဒီတစ်ခါတော့ ရှင့်အသားတစ်ဖက်ကို ကိုက်ဖြတ်ပစ်မယ်"
"ကိုယ့်ကို ကိုက်တဲ့သူက ခွေးပေါက်လေးပဲ"
"ဘယ်သူက ခွေးပေါက်လေးလဲ၊ ကျွန်မကိုက်မှာပဲ"
သူတို့နှစ်ယောက်သည် ဆူညံပွက်လောရိုက်နေကြသည်။
တီဗီကြည့်နေသော ကလေးမလေးနှစ်ယောက်မှာ အနည်းငယ် စိတ်မရှည်ဖြစ်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"ဖေဖေ၊ မေမေ မနောက်ကြနဲ့တော့၊ သမီးတို့ တီဗီကြည့်နေတယ်"
မူလတွင် ကလေးမလေးနှစ်ယောက်သည် ရွှယ်အန်းနှင့် အန်းယန်တို့ ဆော့ကစားနေသည်ကို မမြင်ကဲ့သို့ ပြုမူနေပြီး သူတို့၏ မျက်လုံးများသည် တီဗီပေါ်တွင်သာ စူးစိုက်နေသည်။
၎င်းတို့နှစ်ယောက်သည် သူတို့၏ တီဗီကို ကွယ်လိုက်သောအခါမှသာ အနည်းငယ် ဒေါသထွက်ပြီး အော်လိုက်ခြင်း ဖြစ်သည်။
အကြောင်းပြချက်လား? အင်း...
ဖြစ်နိုင်သည်တာက သူတို့က စင်ဂယ်ခွေးတွေကို မျက်စိနောက်စေတဲ့ မြင်ကွင်းများကို အကြိမ်များစွာ မြင်တွေ့ခဲ့ရတော့ ထုံသွားတာ ဖြစ်နိုင်သည်။
နောက်ဆုံးတွင် တိုက်ပွဲသည် ရွှယ်အန်း၏ အရှုံးပေးခြင်းဖြင့် အဆုံးသတ်သွားသည်။
သူ ပေးဆပ်ရသည့် တန်ဖိုးမှာ သူ၏ ပခုံးများပေါ်တွင် သွားရာသုံးစုံ ရရှိခြင်း ဖြစ်သည်။
အန်းယန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အသုံးပြုကာ ကုသခွင့်မပြုကြောင်း ရှင်းလင်းစွာ ပြောခဲ့သည်။
ရွှယ်အန်းသည် ခါးသီးသော အပြုံးဖြင့်သာ လက်ခံခဲ့ရသည်။
ညဉ့်နက်ချိန်တွင်
အပြင်ဘက်တွင် ဆောင်းဦးလေသည် ခြောက်သွေ့စွာ တိုက်ခတ်နေပြီး ညလေမှာ ရေခဲအလား အေးမြနေသည်။
ရွှယ်အန်းသည် ဧည့်ခန်းဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်ပြီး အပြင်ဘက်မှ လရောင်ကို ငေးမောကြည့်နေသည်။
ထိုအချိန်တွင် အိပ်ခန်းတံခါးသည် ညင်သာစွာ တွန်းဖွင့်လိုက်သည်။
အန်းယန်သည် ခြေဖျားထောက်ကာ အခန်းမှ ထွက်လာသည်။
"သူတို့အားလုံး အိပ်ပျော်သွားပြီလား"
ရွှယ်အန်းက ပြုံးလျက် မေးလိုက်သည်။
အန်းယန်က ခေါင်းညိတ်ပြပြီး ရွှယ်အန်း၏ ဘေးတွင် ထိုင်လိုက်သည်။
"တစ်ခုခု သောက်မလား"
ရွှယ်အန်းက ပြုံးလျက် မေးသည်။
"အင်း"
ရွှယ်အန်းသည် အန်းယန်၏ လက်စွပ်ထဲမှ ဝိုင်နီတစ်ပုလင်းနှင့် အမြည်းအချို့ကို ထုတ်ယူလိုက်သည်။
သူတို့ နှစ်ယောက်သား ဖန်ခွက်များကို ညင်သာစွာ တိုက်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ပြုံးပြကာ ဝိုင်ကို သောက်လိုက်ကြသည်။
"ကိုယ်တို့ အတူတူ မသောက်ဖြစ်တာ တော်တော်ကြာပြီနော်"
အန်းယန်က အနည်းငယ် စိတ်လှုပ်ရှားစွာ ပြေယလိုက်သည်။
သူတို့ ပေကျင်းသို့ ပထမဆုံးအကြိမ် ပြန်ရောက်စဉ်က အန်းယန်သည် ကိုယ်ဝန်မရှိသေးဘဲ ရွှယ်အန်းမှာလည်း သူကြိုက်နှစ်သက်သော အလုပ်တစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုအရာသည် သူတို့၏ ပျော်ရွှင်မှုများ ပြည့်နှက်နေသော အချိန်အခါ ဖြစ်သည်။
ထို့ကြောင့် ရွှယ်အန်းသည် အလုပ်မှ အပြန်လမ်းတွင် ဝိုင်အချို့ကို မကြာခဏ ဝယ်လာပြီး သူတို့ အတူတကွ သောက်လေ့ရှိသည်။
၎င်းတို့ သောက်နေရင်းအတိတ်အကြောင်းများနှင့် အနာဂတ်အတွက် သူတို့၏ အိပ်မက်များနှင့် မျှော်လင့်ချက်များကို မျှဝေဖြစ်ကြသည်။
၎င်းတို့ မကြာခဏ စကားပြောရင်း ကျယ်လောင်စွာ ရယ်မောတတ်သည်။
ထိုအချိန်က သေးငယ်သော အိမ်လေးသည် သူတို့၏ ရယ်သံများဖြင့် မကြာခဏ ပြည့်နှက်နေခဲ့သည်။
သို့သော် နောက်ပိုင်းတွင် အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူတို့ ခွဲခွာခဲ့ကြသည်။
"ဟုတ်တယ်၊ တော်တော်ကြာပြီ"
ရွှယ်အန်းက ညင်သာစွာ ပြောလိုက်သည်။
အန်းယန်လည်း ရုတ်တရက် တိတ်ဆိတ်သွားသည်။
သူမအတွက်မူ ဤ တော်တော်ကြာပြီ ဆိုသည်မှာ လေးငါးနှစ်မျှသာ ဖြစ်နိုင်သည်။
သို့သော် ရွှယ်အန်းအတွက်မူ ၎င်းသည် ရှည်လျားသော နှစ်ပေါင်း သုံးထောင်ကျော် ဖြစ်သည်။
သူ မည်မျှ မျှော်လင့်ချက်ကင်းမဲ့လောက်အောင် ရှည်လျားသော နှစ်ပေါင်း သုံးထောင်ကို ဖြတ်သန်းခဲ့ရမည်နည်း...
"ယောက်ျား..."
ရွှယ်အန်းက ခပ်ရေးရေး ပြုံးလိုက်သည်။
"ရပါတယ်၊ အရာအားလုံး ပြီးဆုံးသွားပြီပဲ မဟုတ်ဘူးလား"
အန်းယန်က ခေါင်းညိတ်ပြီး ရွှယ်အန်း၏ ပခုံးပေါ်တွင် သူမ ချန်ထားခဲ့သော သွားရာများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"ယောက်ျား၊ ရှင်က တုံးလိုက်တာ၊ ကျွန်မက မကုနဲ့လို့ ပြောတာနဲ့ ရှင် တကယ်ကြီး မကုဘဲ နေတာလား"
"ကိုယ်က တုံးလို့ပဲ မင်းကို ရှာတွေ့ခဲ့တာပေါ့"
"လူဆိုးကောင်"
အန်းယန်သည် ရွှယ်အန်းကို ညင်သာစွာ တွန်းထိုးလိုက်သည်။
၎င်းတို့ကြားတွင် ထပ်မံ တိတ်ဆိတ်မှုတစ်ခု ပေါ်လာပြီး အန်းယန်သည် သူမ၏ ခေါင်းကို ရွှယ်အန်း၏ ပခုံးပေါ်တွင် မှီထားကာ တိုးတိုးလေး ပြောလိုက်သည်။
"ယောက်ျား၊ ကျွန်မတို့ ဘယ်တော့ သွားကြမှာလဲ"
"မကြာခင်မှာပေါ့၊ အခုကိစ္စတွေ အားလုံးနီးပါးက ပြီးစီးသလောက်ဖြစ်ပြီ၊ ရွှမ်အာတို့ ပေကျန်းကို ပြန်ရောက်တာနဲ့ ကိုယ်တို့ သွားကြမယ်"
" အင်း၊ ယောက်ျား..."
"ဟမ်"
"ရှင်က အရမ်းကောင်းတာပဲ"
အဆုံးတွင် အန်းယန်သည် ထိုညတွင် မူးသွားခဲ့သည်။
အဟွတ်... ဟုတ်တယ်၊ ရွှယ်အန်းလည်း တစ်ပွဲပြန်နိုင်ခဲ့ပြန်သည်။