ပစ္စည်းများ လဲလှယ်ခြင်း
Vol. 47 Ch. 702
ထိုအခိုက်တွင် အားတုသည် အလွန်ရိုသေစွာဖြင့် ပြောလိုက်သည်။
"သခင်ကြီး ဖုန်းဖန်ကျစ်၊ ဒါက ရောင်းချမယ့် နတ်ဆိုးဝံပုလွေ သားရေပဲ"
အာတုသည် သူ၏ကျောပေါ်တွင် သယ်လာသော နတ်ဆိုးဝံပုလွေသားရေကို ယူကာ ဖုန်းပန်ကျစ်၏ ရှေ့မှ စားပွဲပေါ်တွင် တင်လိုက်သည်။
ဤလောကတွင် ဝဖြိုးခြင်းသည် အာဏာနှင့် ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုသောကြောင့် 'ဖန်ကျစ်' (ဝတုတ်) ဟု အခေါ်ခံရခြင်းသည် ဂုဏ်ယူဖွယ်ရာဟု သတ်မှတ်ကြသည်။
ဖုန်းဖန်ကျစ်သည် နတ်ဆိုးဝံပုလွေ သားရေများကို ပွတ်သပ်ကြည့်ကာ သူ၏မျက်လုံးများ အနည်းငယ် အရောင်တောက်လာသည်။
"သန့်ရှင်းတဲ့ သတ်ဖြတ်မှုပဲ၊ အရမ်းကောင်းမွန်တဲ့ ဓားသိုင်းပညာပါလား"
သူသည် ရွှေအန်းကို မော့ကြည့်ကာ ပြောလိုက်သည်။
"လေးစားရသော ဆာမူရိုင်းကြီး... ဒီဝံပုလွေသားရေတွေကို ဘာနဲ့ လဲလှယ်ချင်ပါသလဲ"
ရွှယ်အန်းသည် အားတုကို လက်ညှိုးထိုးပြပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
"သူ့ကိုမေးလိုက်"
အားတု အံ့အားသင့်သွားသည်။
ရွှယ်အန်းသည် သူ့ကို အနည်းငယ် ပြုံးပြကာ ပြောလိုက်သည်
"ဘာပဲဖြစ်ဖြစ် ဒီမှာ ဘာပစ္စည်းတွေရှိလဲ ငါမှ မသိတာ၊ မင်းပဲ လဲလှယ်လိုက်တာ ပိုကောင်းပါတယ်"
အားတု ခဏမျှ တုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် အစေခံတစ်ယောက်သည် လဲလှယ်နိုင်သော ပစ္စည်းစာရင်းကို ယူလာပေးသည်။
အားတုသည် စာရင်းပေါ်မှ ပစ္စည်းများကို ကြည့်ကာ မျက်လုံးများ အရောင်တောက်လာသည်။
"အင်း၊ မီးကင်းမြီးကောက်ခြောက်... ဓာတ်ရောင်ခြည် နည်းပြီး အရမ်းလည်း အရသာရှိတယ်၊ ဒါလေး နည်းနည်းယူရမယ်"
"ခရီးသွားဝတ်ရုံ... ဒါကို ဝတ်ထားရင် ဓာတ်ရောင်ခြည်တချို့ကို ကာကွယ်ပေးနိုင်တယ်၊ အပြင်ထွက်ရင် မရှိမဖြစ်ပဲ၊ ဒါလည်း တစ်ထည်လိုတယ်"
"ညပုလဲ... ဘာလောင်စာမှ မလိုဘဲ မှောင်ထဲမှာ အလင်းရောင်ပေးနိုင်တယ်၊ ဒါကလည်း လုံးဝ မရှိမဖြစ်ပဲ"
အားတုသည် ပစ္စည်းများ၏ အသုံးဝင်ပုံကို ရေရွတ်ကာ ရွှယ်အန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
ရွှယ်အန်းသည်တော့ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမရှိဘဲ မျက်နှာသေဖြင့်သာ နေနေသည်။
သူ၏ ရွေးချယ်မှုများ ပြီးသွားမှ အားတုလည်း သတိထားကာ မေးလိုက်သည်။
"သခင်ကြီး ဒီလောက်ဆို အဆင်ပြေရဲ့လား"
ရွှယ်အန်းက ခေါင်းညိတ်ပြသည်။
"ကောင်းပြီ"
အားတုသည် စိတ်သက်သာရာရသွားကာ လိုအပ်သောပစ္စည်းစာရင်းကို လှမ်းပေးလိုက်သည်။
ဖုန်းဖန်ကျစ်က တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ချန်မျိုးနွယ်က ကောင်လေး... မင်းရွေးထားတဲ့ ပစ္စည်းတွေက တောထဲမှာ နှစ်ပေါင်းများစွာနေတဲ့ မုဆိုးတွေတောင် အပြစ်ရှာလို့မရလောက်အောင်ကို ရွေးတတ်လွန်းတယ်လို့ ငါပြောရမယ်၊ ဒါပေမဲ့ ဘာလို့ အရေးကြီးဆုံးဖြစ်တဲ့ ရေကို မရွေးတာလဲ"
"သြော်၊ ဒီသခင်ကြီးမှာက ရေဘူးရှိပါတယ်၊ လောလောဆယ်တော့ မလိုအပ်သေးလို့ပါ"
အားတုသည် အလျင်အမြန် ရှင်းပြပြီး ရွှယ်အန်းကို မသိမသာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်ပြီး ဘာမှမပြောပေ။
"ကောင်းပြီလေ၊ စာရင်းထဲက ပစ္စည်းတွေ ပြင်ဆင်လိုက်ပါ"
ဖုန်းဖန်ကျစ်က စာရင်းကို အစေခံတစ်ယောက်ထံ ပေးလိုက်ပြီး ရွှယ်အန်းကို အနည်းငယ် ပြုံးပြလိုက်သည်။
"ဖြတ်သွားဖြတ်လာ အဆင့်မြင့် ဆာမူရိုင်းတစ်ယောက်ကို ကျွန်တော်လေးစားတာ ပြသတဲ့အနေနဲ့ သန့်ရှင်းတဲ့အခန်းတစ်ခန်းကို အလကားပေးပါ့မယ်၊ ခင်ဗျား မထွက်ခွာခင်အထိ နေနိုင်ပါတယ်"
ရွှယ်အန်းလည်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"
အားတုသည်တော့ ရွှယ်အန်းကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေကာ ဒုတိယအဆင့် ဆာမူရိုင်းတစ်ယောက်၏ စွမ်းအားကို စိတ်ထဲမှ အံ့ဩနေမိသည်။
သူတို့က ဘယ်နေရာကိုပဲရောက်ရောက် လေးစားခံရတာပါလား...
ငါကိုယ်တိုင်ကရော ဘယ်တော့မှ ဒုတိယအဆင့် ဆာမူရိုင်းတစ်ယောက် ဖြစ်လာမှာလဲ
တကယ်လို့သာ သူဖြစ်လာခဲ့ရင် သယညီမလေးလည်း ငါနဲ့အတူ ဒုက္ခခံနေရတော့မှာ မဟုတ်ဘူး..
ထိုသို့သော အတွေးများသည် အားတု၏ စိတ်ထဲတွင် လည်ပတ်နေသည်။
အစေခံတစ်ယောက်သည် ပစ္စည်းထုပ်ကြီးတစ်ထုပ်ကို ယူလာပေးသည်။
"ခင်ဗျားတို့ တောင်းဆိုထားတဲ့ ပစ္စည်းတွေ ရပါပြီ"
ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြီး အားတုကို ပြောလိုက်သည်။
"ငါ့ကို ကူပြီး သယ်ပေးပါဦး"
အားတုသည် ချက်ချင်းပင် ခေါင်းညိတ်ပြီး ပစ္စည်းထုပ်ကြီးကို သူ့ကျောပေါ်သို့ ထမ်းတင်လိုက်သည်။
ရွှယ်အန်းသည် ဖုန်းဖန်ကျစ်ကို အနည်းငယ် ခေါင်းညိတ်ပြပြီး အခန်းထဲမှ ထွက်ခွာရန် လှည့်ထွက်လာခဲ့သည်။
လူအားလုံး အဝေးသို့ ရောက်သွားမှသာ ဖုန်းဖန်ကျစ်၏ အကြည့်သည် ရွှယ်အန်း၏ နောက်ကျောပြင်မှ ခွာလိုက်ပြီး လေးနက်သောအသံဖြင့် မေးလိုက်သည်။
"ဘယ်လိုထင်လဲ"
သူ့စကားဆုံးသည်နှင့် အခန်းထောင့်ရှိ တံခါးငယ်လေး ပွင့်လာပြီး အဝတ်အစားနည်းပါးစွာ ဝတ်ဆင်ထားသော ကောက်ကြောင်းအလှပိုင်ရှင် အမျိုးသမီးတစ်ယောက် ဝင်လာသည်။
သူမသည် ရွှယ်အန်း ပထမဆုံး အရက်ဆိုင်ထဲသို့ ဝင်လာစဉ်တွင် ဘားကောင်တာပေါ် ကခုန်နေသော ကချေသည်မလေးပင် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ကချေသည်မလေး၏ မျက်နှာထက်တွင် ယခင်ကကဲ့သို့ ဆွဲဆောင်မှုများ မရှိတော့ဘဲ လေးနက်သော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။
"သူ့ကို ကျွန်မ စစ်ဆေးလို့ မရဘူး"
ထိုစကားကို ကြားသောအခါ ဖုန်းဖန်ကျစ်၏ ဝတုတ်နေသောမျက်နှာမှ အသားများသည် တုန်တက်သွားသည်။
"မင်းတောင်မှ သူ့ကို စစ်ဆေးလို့ မရဘူးလား"
ကချေသည်မလေးက ခေါင်းညိတ်ပြသည်။
"စောစောကတည်းက ငါ ဒီလူရဲ့ နောက်ကြောင်းကို စုံစမ်းဖို့ ကြိုးစားနေတာ ဘာမှမရခဲ့ဘူး၊ ဒါပေမဲ့ ဒီဝံပုလွေသားရေတွေပေါ်က သပ်ရပ်တဲ့ ဓားရာတွေက သူ့ဓားသိုင်းပညာ အလွန်အဆင့်မြင့်တယ်ဆိုတာကို ပြနေတယ်၊ သူက သေချာပေါက် အဆင့်မြင့် ပညာရှင်တစ်ယောက် ဖြစ်ရမယ်"
ဖုန်းဖန်ကျစ်က လေးနက်စွာပြောသည်။
ကချေသည်မလေးသည် စားပွဲပေါ်မှ ဝံပုလွေသားရေများကို တိတ်ဆိတ်စွာ ကြည့်နေသည်။
"အခု ငါတို့မြို့ငယ်လေးမှာ မြို့ကြီးက လူကြီးတစ်ယောက် ရောက်နေတယ်၊ ပြီးတော့ နောက်ကြောင်းမသိတဲ့သူနဲ့ အခု ဒီအဆင့်မြင့် ဆာမူရိုင်းလည်း ရောက်နေပြန်ပြီ၊ တကယ့်ကို နားမလည်နိုင်စရာပဲ"
"ဒါကြောင့် ရှငိ ဒီလူကို နေခိုင်းလိုက်တာပေါ့လေ"
ကချေသည်မလေးက ပေါ့ပါးစွာပြောလိုက်သည်။
ဖုန်းဖန်ကျစ်သည် ရယ်မောလိုက်ပြီး သူ့မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် အရောင်တစ်ချက် လက်သွားသည်။
"သူ့နောက်ကြောင်းက ဘာပဲဖြစ်ဖြစ် ဘာရည်ရွယ်ချက်နဲ့ လာတာပဲဖြစ်ဖြစ် အခု သူငါ့နေရာကို ရောက်လာပြီဆိုရင် ငါက အဓိကပဲ၊ သူ့ကို စည်းရုံးလို့ရရင် စည်းရုံးမယ်၊ မရရင်တော့ သတ်ပစ်မယ်၊ သူက အဆင့်မြင့် ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်နေရင်တောင် ကံကြမ္မာက အတူတူပဲ"
ကချေသည်မလေးက အသာအယာ ခေါင်းညိတ်ပြီး မေးလိုက်သည်။
"ရွာသူကြီး ဧည့်ခံနေတဲ့ ဧည့်သည်ရဲ့ နောက်ကြောင်းကရော ဘာလဲ၊ ဘာလို့ ဒီလောက်တောင် အုတ်အော်သောင်းတင်း ဖြစ်နေရတာလဲ"
"သူက မြို့ကြီးက တော်၀င်မျိုးနွယ် တစ်ယောက်လို့ ကြားတယ်၊ သူ ရှန်ဟယ်မြို့ကို ဘာလို့လာလဲတော့ ငါလည်းမသိဘူး၊ ပြီးတော့ အဲ့လူကြီးတွေ ဘာတွေးနေလဲဆိုတာ ဘယ်သူက နားလည်နိုင်မှာလဲ"
"ဒါပေမဲ့ ရွာသူကြီးရဲ့သားက အခု သူ့ကို ခွေးတစ်ကောင်လို အမှုထမ်းနေတယ်၊ သူ့နောက်ကို တကောက်ကောက် လိုက်နေတယ်လို့လည်း ကြားတယ်၊ ငါ စဉ်းစားကြည့်တာနဲ့ ရယ်ချင်လာတယ်"
ဖုန်းဖန်ကျစ်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ကချေသည်မလေးသည် စကားတစ်ခွန်းမှမဆိုဘဲ အမှောင်ထဲသို့ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာကာ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ရွှယ်အန်းနှင့် အားတုတို့သည် အရက်ဆိုင်မှ ထွက်ခွာလာခဲ့ကြပြီ ဖြစ်သည်။
"သခင်ကြီး စောစောက သခင်ကို စကားမပြောခိုင်းတာက သခင့်မှာ အကောင်းတကာ့ အကောင်းဆုံး သန့်စင်ရေ ရှိတယ်ဆိုတာ ပေါက်ကြားသွားရင် ဘေးဒုက္ခတွေ သယ်ဆောင်လာနိုင်လို့ပါ၊ သခင်လို အဆင့်မြင့် ကိုယ်ခံပညာရှင်တစ်ယောက်အတွက်တောင်မှ တောင့်ခံဖို့မဖြစ်နိုင်ပါဘူး"
အားတုရ ပြောလာသည်။
ရွှယ်အန်းသည် အနည်းငယ် ပြုံးလိုက်မိသည်။
"မင်းက ဒီအကြောင်းတွေကို တော်တော် နားလည်သားပဲ"
အားတုလည်း ခါးသက်စွာ ရယ်လိုက်သည်။
"သခင်ကြီးက မြင့်မြတ်တဲ့ ကိုယ်ခံပညာရှင်တစ်ယောက်ဆိုတော့ ကျွန်တော်တို့လိုလူတွေ ဘယ်လိုအသက်ရှင်ရလဲဆိုတာကို နားလည်မှာ မဟုတ်ပါဘူး၊ တစ်ခါတလေ အဆင့်တစ် ညစ်ညမ်းရေ တစ်ခွက်အတွက်တောင် လူတွေပ အသက်ကို ပဓာနမထားဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတယ်၊ သခင်ကြီးပိုင်ဆိုင်တဲ့ ဘာအညစ်အကြေးမှ မပါတဲ့ သန့်စင်ရေဆို ပြောမနေနဲ့တော့"
ထိုသို့ပြောကာ အားတုသည် သူ့ရင်ဘတ်ထဲတွင် ဝှက်ထားသော ရေဘူးလေးကို ညင်သာစွာ ဖိကိုင်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
"သခင်ကြီး ဒီပစ္စည်းတွေကို ဘယ်မှာထားပေးရမလဲ၊ ကျွန်တော် သယ်ပေးပါ့မယ်"
ရွှယ်အန်းက ခေါင်းခါပြသည်။
"ဒီပစ္စည်းတွေက မင်းအတွက်ပဲ"
"အမ်... ဟမ်"
အားတုသည် သူနားကြားမှားသည်ဟု ထင်လိုက်မိသည်။
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"ဒီပစ္စည်းတွေက ငါ့အတွက် အသုံးမဝင်ဘူး၊ ဒါပေမဲ့ မင်းက လိုအပ်တယ်၊ ဒါကြောင့် မင်းကို ပေးလိုက်မယ်"
အားတုသည် ရွှယ်အန်းကို ကြည့်ကာ ရပ်နေမိပြီး ခဏအကြာတွင် သူတစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
"သ... သခင်ကြီး"
သူ့မျက်လုံးများထဲတွင် မျက်ရည်များလည်း ဝေ့သီလာသည်။
ဤပစ္စည်းများအားလုံးသည် သူအရင်က အိပ်မက်ပင် မမက်ဝံ့ခဲ့သော ဇိမ်ခံပစ္စည်းများ ဖြစ်သည်။
ဓာတ်ရောင်ခြည်အချို့ကို ကာကွယ်ပေးနိုင်သော ခရီးသွားဝတ်ရုံလိုမျိုး ပစ္စည်းသည် သူ့ကို တောနက်ထဲသို့ အချိန်ပိုကြာကြာ သွားနိုင်စေမည် ဖြစ်သည်။
ထိုအရာသည် သယံဇာတများ ပိုမိုရရှိနိုင်သည်ဟု အဓိပ္ပာယ်ရသည်။
ဤရက်စက်ကြမ်းကြုတ်သော လောကတွင် သယံဇာတဆိုသည်မှာ အသက်ပင် ဖြစ်သည်။
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"ဒီလောက် စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး၊ ငါထင်တာမမှားရင် မင်းက အဲ့ဒီဝံပုလွေတွေကို တမင်တကာ သွားတိုက်ခိုက်ခဲ့တာ မဟုတ်လား၊ ဒါက ဝံပုလွေသားရေတွေ ရဖို့အတွက်လေ၊ နောက်ပြီး မင်းရဲ့ ဓားသိုင်းပညာကရော ဘယ်လိုတက်တာလဲ"
ထိုစကားကို ကြားသောအခါ အားတုသည် ခေါင်းငုံ့လိုက်ပြီး သူ့အသံမှာ တိမ်ဝင်သွားကာ ပြောလိုက်သည်။
"သခင်ကြီးနဲ့မတွေ့ခင်က ကျွန်တော်နဲ့ ညီမလေးက အဆင့်နှစ်ရေကိုတောင် မသောက်ရတာ သုံးရက်ရှိပါပြီ၊ ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော့်ညီမလေးရဲ့ မျိုးဗီဇ ပြောင်းလဲမှုက ပိုဆိုးလာရုံတင်မကဘဲ ကျွန်တော်ကိုယ်တိုင်လည်း တဖြည်းဖြည်း မျိုးဗီဇပြောင်းလဲလာတော့မှာပါ”