← Chapters

အချင်းချင်း မှီခိုအားထားခြင်း

Vol. 47 Ch. 703

အချင်းချင်း မှီခိုအားထားခြင်း

Vol. 47 Ch. 703

"ပြီးတော့ မျိုးဗီဇပြောင်းလဲသွားပြီဆိုရင် အရာအားလုံးက ဆုံးရှုံးသွားပြီပဲ၊ ဒါကြောင့်မို့ ကျွန်တော် သန့်ရှင်းတဲ့ရေတစ်ခွက်ရဖို့အတွက် နတ်ဆိုးဝံပုလွေနဲ့ အသက်စွန့်ပြီး တိုက်ခိုက်ခဲ့တာပါ"

"ကျွန်တော့်ရဲ့ ဓားသိုင်းပညာကတော့ မနှစ်က နိုးထလာတဲ့ စွမ်းရည်တစ်ခုပါ၊ ဘယ်လိုဖြစ်လာမှန်း ကျွန်တော်လည်း မသိပါဘူး"

ရွှယ်အန်းသည် နားထောင်ပြီးနောက် တိတ်ဆိတ်သွားသည်။

သူ အနည်းငယ် စဉ်းစားကြည့်ရုံဖြင့် အားတုဆိုလိုသော သန့်ရှင်းရေသည် မည်သို့သောအရာဖြစ်မည်ကို ခန့်မှန်းနိုင်သည်။

ထိုရေသည် ကမ္ဘာပေါ်တွင်ဆိုလျှင် အန္တရာယ်ရှိသော စွန့်ပစ်ရေဟု ခေါ်ဆိုရမည့်အရာ ဖြစ်နိုင်သည်။

သို့သော် ဤနေရာတွင်မူ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သော အဖိုးတန်သယံဇာတတစ်ခု ဖြစ်နေသည်။

အားတု၏ စကားများသည်လည်း ရွှယ်အန်း၏ အတွေးများကို အတည်ပြုပေးလိုက်သည်။

သူအသုံးပြုခဲ့သော ဓားသိုင်းပညာသည် မွေးရာပါစွမ်းရည်တစ်မျိုးဖြစ်ပြီး ကျင့်ကြံမှုအဆင့်နှင့် ဝိညာဉ်စွမ်းအင်တို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ သူ့အလိုလို ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် ရွှယ်အန်းကမူ ဤသို့သော စွမ်းရ ်သည် မျိုးဗီဇပြောင်းလဲခြင်းနှင့် ပိုတူသည်ဟု ခံစားနေရသည်။

"မင်းမှာ ညီမတစ်ယောက်ရှိတာလား"

အားတုသည် ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။

"သခင် စိတ်မရှိဘူးဆိုရင် ကျွန်တော်နဲ့အတူ အိမ်ကိုလိုက်ကြည့်လို့ ရပါတယ်၊ ကျွန်တော့်ညီမလေးက အရမ်းလှတယ်"

ရွှယ်အန်းလည်း ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီ"

လမ်းမများ၏ နောက်ကွယ်တွင် ဆက်စပ်နေသော ဆင်းရဲသားရပ်ကွက်ကြီးတစ်ခု ရှိသည်။

ဤတဲဆုတ်များကို စွန့်ပစ်ပစ္စည်းမျိုးစုံဖြင့် တည်ဆောက်ထားသောကြောင့် အိမ်ဟုပင် မခေါ်ဆိုနိုင်ပေ။ ၎င်းတို့သည် နေရောင်ခြည်ဒဏ်မှ အနည်းငယ် ကာကွယ်ပေးနိုင်ရုံသာ ဖြစ်သည်။

ရွှယ်အန်းသည် အားတု၏နောက်မှလိုက်ကာ ဆင်းရဲသားရပ်ကွက်၏ ရှုပ်ထွေးသော လမ်းများကြားမှ ဖြတ်လျှောက်လာခဲ့သည်။

အားတုသည် ပတ်ဝန်းကျင်မှ လူများကို အခါအားလျော်စွာ နှုတ်ဆက်သည်။

၎င်းတို့ကို လူဟု ခေါ်ဆိုနိုင်လို့ရသေးလား သူလည်းမသိပေ။

ဤနေရာသည် တောနက်နှင့် ပိုနီးသောကြောင့် ဓာတ်ရောင်ခြည်က ပိုပြင်းထန်သည်။

ဤနေရာတွင် မည်သည့် အကာအကွယ်မှ မရှိခြင်းကြောင့် နေထိုင်သော လူအများအပြားသည် ပြင်းထန်စွာ မျိုးဗီဇပြောင်းလဲစပြုနေကြပြီ ဖြစ်သည်။

အထူးသဖြင့် သန့်ရှင်းသောရေကို ရယူနိုင်စွမ်းမရှိသော သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ မျိုးဗီဇပြောင်းလဲမှု ပိုမိုဆိုးရွားနေသည်။

ရွှယ်အန်းသည် အားတု၏နောက်သို့ လိုက်ပါလာစဉ် လူအများအပြားသည် သူ့ကို ကြောက်ရွံ့လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

မည်သို့ပင်ဖြစ်စေ ဤနေရာတွင် ရွှယ်အန်းကဲ့သို့ သန့်ရှင်းသပ်ရပ်သော လူတစ်ယောက်ကို တွေ့ရသည်မှာ ရှားပါးလှသည်။

လမ်းထောင့်တစ်ခုကို ကွေ့လိုက်သည်နှင့် သစ်ကိုင်းနှင့်တူသော လက်တစ်ဖက်ဖြင့် ပိန်လှီသောကောင်လေးတစ်ယောက်သည် သူတို့လမ်းကို ရုတ်တရက် ပိတ်ရပ်လိုက်သည်။

"အားတု မင်းဒီနေ့ ပစ္စည်းတွေ အများကြီးရလာတာပဲ ဟုတ်လား"

ထိုကောင်လေးသည် အားတု၏ ကျောပေါ်မှ ပစ္စည်းထုပ်ကြီးကို လိုချင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

ထိုကောင်လေးကို မြင်သောအခါ အားတု၏ မျက်လုံးထဲတွင် ရွံရှာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

"ဒါက ငါ ဒီဒုတိယအဆင့် ဆာမူရိုင်းသခင်ကြီးအတွက် အလုပ်လုပ်ပေးလို့ ရလာတဲ့ ဆုလာဘ်ကွ၊ ယောင်ရှောင်ဖေး၊ မင်း ဘာလိုချင်တာလဲ"

ဒုတိယအဆင့် ဆာမူရိုင်း!

ထိုနာမည်ကြောင့် ယောင်ရှောင်ဖေး၏ မျက်နှာလည်း ပျက်သွားပြီး ရွှယ်အန်းကို အလွန်ရိုသေစွာ ကြည့်လိုက်ပြီးနောက် လှည့်ထွက်ပြေးသွားတော့သည်။

"ဒီကောင်က ဒီနားမှာ တစ်နေကုန် လျှောက်သွားနေပြီး ကျွန်တော်နဲ့ ညီမလေးဆီက အစားအစာတွေ ခဏခဏ ခိုးတယ်၊ တောထဲက မြေခွေးလိုပဲ၊ တကယ်ကို ရွံစရာကောင်းတယ်"

အားတုသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။

သူတို့သည် ယခုအခါ ဆင်းရဲသားရပ်ကွက်၏ အစွန်အဖျားရှိ ယိုင်နဲ့နဲ့ တဲဆုတ်တစ်လုံးသို့ ရောက်ရှိလာကြသည်။

ဤတဲဆုတ်သည် ဆင်းရဲသားရပ်ကွက်ထဲတွင် အစုတ်ပြတ်ဆုံးဖြစ်နိုင်ပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ယိုင်နဲ့ကွေးကောက်နေသည်။

၎င်းသည် အစွန်အဖျားဆုံးတွင် တည်ရှိပြီး အပြင်ဘက်မှ ပြင်းထန်သော ဓာတ်ရောင်ခြည်များနှင့် ထိတ်တိုက် ရင်ဆိုင်နေရသည်။

သို့သော် အားတုသည် ဤနေရာသို့ ရောက်သောအခါ သူ့မျက်နှာပေါ်တွင် နူးညံ့သော အမူအရာတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

"သခင်ကြီး ဒါက ကျွန်တော်နဲ့ ကျွန်တော့်ညီမလေးရဲ့ အိမ်ပါ"

ထိုသို့ပြောကာ အားတုသည် ရှေ့သို့တိုးကာ တံခါးဟုပင် မဆိုနိုင်သောအရာကို တွန်းဖွင့်လိုက်သည်။

"ညီမလေး၊ ကိုကိုပြန်လာပြီ"

အားတု၏ ခေါ်သံနှင့်အတူ မိန်းကလေးငယ်တစ်ဦးသည် တဲအတွင်းမှ စမ်းတဝါးဝါးဖြင့် ထွက်လာသည်။

"ကိုကိုလား"

ရွယ်အန်းကိုယ်တိုင်ပင် ထိုမိန်းကလေးငယ်ကို မြင်လိုက်သည့်အခိုက်တွင် တုန်လှုပ်မိသွားသည်။

အဘယ်ကြောင့်ဆို ဤမိန်းမငယ်ကလေးသည် မျိုးဗီဇပြောင်းလဲစပြုနေပြီဖြစ်ကြောင်း ထင်ရှားနေသောကြောင့် ဖြစ်သည်။

သူမ၏ မူလရှိလှပသော ပါးပြင်များတွင် စပျစ်သီးအခိုင်များလို အသားဖုများဖြင့် ဖုံးလွှမ်းနေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ဖြစ်နေကာ သူမ၏ နှာခေါင်းနှင့် ပါးစပ်ပင်လျှင် ထူးဆန်းသောပုံစံသို့ လိမ်ကောက်နေသည်။

သို့သော် ထိုမိန်းကလေး၏ မျက်လုံးများမှာ အလွန်လှပပြီး သိမ်မွေ့သော ပန်းချီစုတ်ချက်များ ရေးဆွဲထားသကဲ့သို့ နူးညံ့လှသည်။

သို့သော်ငြား ယခုအခါ ထိုလှပသောမျက်လုံးများမှာ မီးခိုးရောင်အလွှာဖြင့် ဖုံးလွှမ်းနေပြီး တောက်ပမှု ကင်းမဲ့နေသည်။

ထို့အပြင် သူမထွက်လာစဉ် နံရံများကို လက်ဖြင့် စမ်းတဝါးဝါးလုပ်နေပုံအရ ထိုမိန်းကလေးသည် မျက်မမြင်တစ်ယောက်ဖြစ်ကြောင်း သိသာနေသည်။

အားတု၏ မျက်နှာကမူ ကြည်လင်တောက်ပစွာ ပြုံးလိုက်သည်။

"အင်း၊ ကိုကိုပါ ညီမလေး... ကိုကိုပြန်လာပြီ"

"ဟုတ် ဧည့်သည်ပါလာတာလား"

မိန်းကလေးက ခပ်ရေးရေးပြုံးကာ မေးလိုက်သည်။

သူမ၏ ပါးပြင်များသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော်လည်း ပြုံးလိုက်သောအခါ သူမ၏ မျက်လုံးများမှာ နူးညံ့သွားပြီး ကြင်နာမှုကို ဖော်ပြနေသည်။

"ဟုတ်တယ်၊ ဒီလူက အဆင့်မြင့် ဆာမူရိုင်းသခင်ကြီးပဲ၊ သူပဲ ကိုကို့ကို ပြန်ခေါ်လာတာ၊ ပြီးတော့ ကိုကိုတို့အတွက် ပစ္စည်းတွေအများကြီးလည်း ယူလာပေးတယ်"

အားတုသည် ရယ်မောကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မိန်းကလေးသည် အနည်းငယ် တုန်လှုပ်သွားပြီးနောက် သူမ၏ ရှည်သွယ်သော လက်များကို ဆန့်တန်းကာ ရွှယ်အန်းရှိရာဘက်သို့ ညင်သာစွာ အရိုအသေပြုလိုက်သည်။

"ကျွန်မ အစ်ကို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး"

ရွှယ်အန်းက ပြုံးကာ ပြောလိုက်သည်။

"ရပါတယ်"

ထို့နောက် အားတုသည် ပစ္စည်းထုပ်ကြီးကို ချလိုက်ပြီး အထဲမှ ကောင်းမွန်သော မီးကင်းမြီးကောက် အသားခြောက်တစ်ဖဲ့ကို ထုတ်ယူကာ ပေးလိုက်သည်။

"ညီမလေး၊ ဒါလေးမြည်းကြည့်"

မိန်းကလေးက လက်ခါပြသည်။

"ညီမလေး မဆာပါဘူး၊ ကိုကို အရင်စားပါ"

"ဟာကွာ၊ စားဆိုစားလိုက်စမ်းပါ၊ ဒီတစ်ခါ သခင်ကြီးက မင်းကိုကို့ကို ပစ္စည်းတွေ အများကြီးပေးလိုက်တယ်၊ ကိုကို့အတွက် ချန်ထားစရာမလိုဘူး"

အားတုက အနည်းငယ် စိတ်ဆိုးသလို ပြောလိုက်သည်။

ထိုအခါမှသာ မိန်းကလေးသည် ယူလိုက်ပြီး တစ်ကိုက်ကိုက်ကာ ဖြည်းညင်းစွာ စားနေတော့သည်။

"ကောင်းရဲ့လား"

အားတုက ပြုံးကာ မေးသည်။

မိန်းကလေးလည်း ခေါင်းညိတ်ပြသည်။

"ဟုတ်၊ အရသာရှိတယ်"

အားတုသည် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

"သခင်ကြီး၊ ညီမလေး၊ ဒီမှာခဏစောင့်ဦးနော်၊ ကျွန်တော် ဒီပစ္စည်းတွေကို သွားသိမ်းလိုက်ဦးမယ်၊ မဟုတ်ရင် ပျက်စီးသွားမှာစိုးလို့"

ထိုသို့ပြောကာ အားတုသည် စိတ်လှုပ်ရှားစွာဖြင့် ပစ္စည်းထုပ်ကြီးကို အထဲသို့ ယူသွားသည်။

ထိုအချိန်တွင် မိန်းကလေးကသည်သူမ၏လက်ထဲမှ မီးကင်းမြီးကောက် အသားခြောက်ဖဲ့ကို တယုတယဖြင့် အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်။

"သခင်ကြ အဲ့ဒီတုန်းက ကျွန်မအစ်ကို အရမ်းအန္တရာယ်များခဲ့တာလားဟင်"

ရွှယ်အန်းသည် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်မိသည်။

"ဟုတ်တယ်၊ ငါသာ နည်းနည်း နောက်ကျခဲ့ရင် သူသေသွားနိုင်တယ်"

မိန်းကလေးသည် ခဏမျှတိတ်ဆိတ်နေပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ငတုံးကိုကို၊ ကျွန်မ သူ့ကိုမသွားဖို့ တားသားပဲ၊ ဒါပေမဲ့ သူက အတင်းသွားခဲ့တာ၊ သူ့ဆီက သွေးနံ့တွေရနေပေမဲ့ ကျွန်မ မပြောရဲခဲ့ဘူး"

"တကယ်တော့... သူက ကျွန်မအတွက် လုပ်တာဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ ကျွန်မက အဆင့်တစ်ရေကို သောက်ပြီး အသားခြောက်ကို အမြဲစားနေဖို့ မလိုအပ်ပါဘူး၊ ရေအိုင်ထဲကရေက အရသာဆိုးပေမဲ့ ကျွန်မ ကျင့်သားရနေပါပြီ၊ တကယ်ပြောတာပါ၊ ကျွန်မက ကိုကို အသက်ရှင်နေတာကိုပဲ လိုချင်တာ"

မိန်းကလေး၏ အသံသည် အလွန်တည်ငြိမ်သောကြောင့် ထိုတည်ငြိမ်မှုသည် နာကျင်စရာကောင်းလှသည်။

ရွှယ်အန်းက ဘာမှမပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။

ထိုအချိန်တွင် မိန်းကလေးသည် တိုးညှင်းစွာ ပြောလိုက်သည်။

"သခင်ကြီး ကျွန်မအစ်ကိုက အရမ်းတော်ပြီး ထက်မြက်ပါတယ်၊ သခင်ကြီးမှာ အစေခံတစ်ယောက် လိုအပ်တယ်ဆိုရင် သူ့ကို ခေါ်သွားပေးလို့ရမလားရှင့်၊ ကျွန်မအတွက် စိတ်မပူပါနဲ့၊ ကျွန်မတစ်ယောက်တည်း နေနိုင်ပါတယ်"

မိန်းကလေး ဆက်ပြောရန် ပြင်နေစဉ်မှာပင် အားတုသည် စိတ်လှုပ်ရှားစွာဖြင့် ရေတစ်ခွက်ကိုင်ကာ ထွက်လာသည်။

"ညီမလေး၊ လာ... ရေသောက်"

"ကိုကို၊ ညီမလေး ရေမဆာဘူး၊ စောစောကပဲ သောက်ထား..."

"သောက်ပါဆို"

အားတုသည် ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။

မိန်းကလေးသည် နာလံစွာဖြင့် ပန်းကန်ကို ယူကာ အနည်းငယ် မော့သောက်လိုက်ပြီးနောက် တောင့်ခနဲ ဖြစ်သွားသည်။

"ဟားဟား အရသာရှိတယ် မဟုတ်လား"

အားတုက ပြုံးဖြီးကာ မေးလိုက်သည်။

"ဒါ... ဒါက ဘာ... ဘာရေလဲဟင်..."

"ဒါက သခင်ကြီးပေးလိုက်တဲ့ အကောင်းတကာ့အကောင်းဆုံး သန့်စင်ရေလေ၊ အကုန် သောက်လိုက်"

မိန်းကလေးသည် ခေါင်းခါပြသည်။

"ကိုကို၊ ဒီရေက အရမ်းအဖိုးတန်တယ်၊ တခြားဟာနဲ့ သွားလဲလိုက်ပါ”

All Chapters