← Chapters

ဖုံးကွယ်ထားသည့် မကောင်းသော စိတ်ဓာတ်

Vol. 47 Ch. 704

ဖုံးကွယ်ထားသည့် မကောင်းသော စိတ်ဓာတ်

Vol. 47 Ch. 704

"ဟင့်အင်း ဒါက ညီမလေးအတွက်ပဲ၊ ဒီလို ဓာတ်ရောင်ခြည် မထိတွေ့ထားတဲ့ အကောင်းဆုံး သန့်စင်ရေကို သောက်ရင် မျိုးဗီဇပြောင်းလဲနေတဲ့သူတွေတောင် တဖြည်းဖြည်း ပြန်ကောင်းလာနိုင်တယ်လို့ ကြားဖူးတယ်"

ထို့နောက် သူသည် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"မြန်မြန်သောက်လိုက်နော်၊ မဟုတ်ရင် အပြင်ကလူတွေ အနံ့ရသွားရင် နောက်ကျသွားလိမ့်မယ်"

မိန်းကလေးသည် နာခံစွာဖြင့် ခွက်ထဲမှ ရေအားလုံးကို သောက်လိုက်သည်။

ထိုအခါမှ အားတုသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဤအဖြစ်အပျက်အားလုံးကို မြင်တွေ့ပြီးနောက် ရွှယ်အန်းသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။

သူသည် ဤသတ္တိရှိသော ကောင်လေးကို အစပိုင်းတွင် အထင်ကြီးရုံသာဖြစ်သော်လည်း ယခု ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ စိတ်ထဲတွင် မချီးကျုးပဲမနေနိုင်တော့ပေ။

သတ္တဝါအားလုံး ဒုက္ခရောက်ကြရတယ် ဟူသော စကားသည် အမှန်ပင်ဖြစ်နိုင်သည်။

ရွှယ်အန်းသည် သိုလှောင်လက်စွပ်ထဲမှ သတ္တုဓာတ်ရေဘူး အများအပြားကို ထုတ်ယူကာ မြေပေါ်တွင် ချထားလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

အားတုသည် မြေပေါ်မှ သတ္တုဓာတ်ရေဘူးများကို ကြည့်ကာ လုံးဝ အံ့အားသင့်နေမိသည်။

ခဏအကြာမှ သူ သတိပြန်ဝင်လာပြီး အလျင်အမြန် ပြေးထွက်လိုက်လာသည်။

"သ... သခင်ကြီး၊ မင်း..."

အားတုသည် မောဟိုက်စွာဖြင့် တစ်စုံတစ်ခု ပြောရန် ကြိုးစားနေသည်။

ရွှယ်အန်းသည် နောက်သို့မလှည့်ကြည့်ဘဲ ပြောလိုက်သည်။

"မင်းညီမလေးကို ကောင်းကောင်းဂရုစိုက်၊ နောက်ပြီး အန္တရာယ်ဆီကို မဆင်မခြင် သွားမရှာနဲ့တော့၊ မမျှော်လင့်တဲ့ အခြေအနေမရှိရင် ငါ ဒီရက်ပိုင်းတွေ အရက်ဆိုင်မှာပဲ နေဖြစ်လိမ့်မယ်၊ တစ်ခုခုလိုရင် အဲ့ဒီကို လာရှာနိုင်တယ်"

ထိုသို့ပြောပြီး ရွှယ်အန်းလည်း ထွက်ခွာသွားသည်။

အားတုသည် ထိုနေရာတွင် ရပ်ကာ ရွှယ်အန်း၏ ဝေးကွာသွားသော ပုံရိပ်ကို တိတ်ဆိတ်စွာ ကြည့်နေပြီး ရုတ်တရက် အသက်ကိုပြင်းပြင်းရှူကာ ရိုသေစွာ ဒူးထောက်လိုက်ပြီး တိတ်ဆိတ်စွာ ဦးချလိုက်သည်။ ထို့နောက် သူလည်း ထကာ ထွက်ခွာသွားသည်။

သို့သော် သူဦးချလိုက်စဉ်တွင် မလှမ်းမကမ်းရှိ တဲဆုတ်တစ်ခု၏ နောက်ကွယ်မှ ယောင်ရှောင်ဖေး ချောင်းကြည့်နေသည်ကို သူ သတိမပြုမိလိုက်ပေ။

ရွှယ်အန်းသည် အရက်ဆိုင်သို့ ပြန်ရောက်လာသည်။

ဖုန်းဖန်ကျစ်က သူ့လက်အောက်ငယ်သားများကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်သောကြောင့် ရွှေအန်းပြန်ရောက်သည်နှင့် တစ်စုံတစ်ယောက်သည် သူ့ကို အရက်ဆိုင်၏ အပေါ်ထပ်ရှိ အခန်းတစ်ခန်းသို့ လမ်းပြခေါ်ဆောင်သွားသည်။

အခန်းသည် ခမ်းနားစွာ အလှဆင်ထားခြင်းမရှိသော်လည်း အလွန်သန့်ရှင်းသပ်ရပ်ပြီး နံရံများကိုပင် အထူပြုလုပ်ထားသည်။ ဤထဲတွင်ရပ်နေလျှင် ဓာတ်ရောင်ခြည်မှာ များစွာအားနည်းသွားသည်။

"လေးစားအပ်ပါသော သခင်ကြီး၊ နောက်ထပ် ဘာများ ညွှန်ကြားစရာ ရှိသေးလဲ၊ ကျွန်တော့်ကို အချိန်မရွေး ခေါ်နိုင်ပါတယ်"

ထိုသို့ပြောပြီး အိမ်တော်ထိန်းကဲ့သို့သော အစေခံသည် အခန်းထဲမှ ထွက်သွားသည်။

ရွှယ်အန်းသည် အပြင်ဘက်မှ ချောင်းနားထောင်နေသော လူများကို အာရုံခံမိပြီး ခပ်ရေးရေးပြုံးလိုက်သည်။ ထို့နောက် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ အကာအကွယ် အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထိုအခါမှ ရွှယ်အန်းသည် အန်းယန်နှင့် သူ့သမီးနှစ်ယောက်ကို ရတနာပြခန်းထဲမှ ခေါ်ထုတ်သည်။

"ဝါး ဖေဖေ၊ ဒါ ဘယ်နေရာကြီးလဲဟင်"

နျန်နျန်နှင့် ရှန်ရှန်တို့သည် မှော်ရတနာပြခန်းထဲတွင် အနည်းငယ် ပျင်းနေကြပြီဖြစ်သည်။ ထိုနေရာသည် ကျယ်ဝန်းပြီး အရုပ်မျိုးစုံ၊ မုန့်မျိုးစုံနှင့် ပြည့်နှက်နေသော်လည်း အနည်းငယ် အနေကျပ်သည်ဟု ခံစားရသည်။

ထို့ကြောင့် အပြင်သို့ ထုတ်ပေးသောအခါ သူတို့ အလွန်စိတ်လှုပ်ရှားနေကြသည်။

အန်းယန်သည် ဤလောက၏ မူမမှန်မှုကို အာရုံခံမိသောကြောင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ရွှယ်အန်းက ခပ်ရေးရေးပြုံးလိုက်သည်။

"ဒါက ကမ္ဘာကနေ ထွက်ခွာလာပြီးကတည်းက ငါတို့ရဲ့ ပထမဆုံး ရပ်နားစခန်းပဲ"

"ဝါး ဒါဆို ဒါက ဂြိုလ်သားတွေရဲ့ ဂြိုလ်ပေါ့နော်"

သမီးငယ်လေးနှစ်ယောက်သည် အခန်းတွင်းမှ ပရိဘောဂများကို စူးစမ်းလိုစွာ လျှောက်ပတ်ကြည့်နေကြသည်။

အန်းယန်သည် ရွှယ်အန်းအနားသို့ ကပ်ကာ ပြောလိုက်သည်။

"ယောင်္ကျာ ဒါက ရှင် အရင်ပြောခဲ့တဲ့ ကြယ်နက်ကြီးလား"

ရွှယ်အန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့ ဒီမှာ ဝိညာဉ်စွမ်းအင်က အရမ်းနည်းပါးတယ်၊ ပြီးတော့ ကျင့်ကြံသူတွေလည်း တစ်ယောက်မှ မရှိတဲ့ပုံပဲ၊ ဒါကိုတောင် ဘာလို့ ဒီမှာ နေနေတာလဲ"

အန်းယန် အနည်းငယ် အံ့အားသင့်စွာမေးမိသည်။

ရွှယ်အန်းက ခေါင်းခါပြသည်။

"မူလကတော့ ငါ ဒီကိုလာဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး၊ ဒါပေမဲ့ နောက်တော့ စိတ်ပြောင်းသွားတာ"

"ဟမ်၊ ဘာလို့လဲ"

"ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာမှာ မူမမှန်တဲ့အရာတစ်ခု ရှိနေလို့ပဲ၊ ဒီမှာ နျူကလီးယားလက်နက်တွေ တကယ်ရှိနေတယ်၊ ဒါပေမဲ့ သူတို့ရဲ့ ကမ္ဘာအဆင့်က အရမ်းနိမ့်ကျတယ်၊ ဒါကြောင့် သူတို့ကိုယ်တိုင် နျူကလီးယားလက်နက်တွေကို တီထွင်ခဲ့တာ လုံးဝမဖြစ်နိုင်ဘူး"

"ပြီးတော့..."

ရွယ်အန်းက စကားကို ခဏရပ်လိုက်ပြီး သူ့အကြည့်များသည် လင်းလက်လာသည်။

"ကိုယ် ဒီကြယ်တာရာရဲ့ မူလစွမ်းအားကို ခံစားမိတယ်၊ ဒါကြောင့် ဒီနေရာက အခုလို မဟုတ်ခဲ့ဘူးဆိုတာ သေချာတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီကြယ်တာရာရဲ့ မူလစွမ်းအားကို တစ်စုံတစ်ခုက အဆက်မပြတ် ဝါးမျိုနေတာတော့ တဖြည်းဖြည်း ယိုယွင်းလာတာပဲ၊ ပိုရှင်းအောင်ပြောရရင် ဒါက ဖြည်းဖြည်းချင်း သေဆုံးနေတဲ့ဂြိုဟ်ကြီးပေါ့"

"ဒါကြောင့် ဒီမှာ ထူးဆန်းတဲ့အရာတစ်ခု သေချာပေါက်ရှိတယ်လို့ ကိုယ်ထင်တယ်၊ ပြီးတော့ ကြယ်တာရာတစ်ခုရဲ့ မူလစွမ်းအားကို ခိုးယူနိုင်တဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာကို မြင်ချင်မိတာ"

အန်းယန်သည် ရွှယ်အန်း၏ စကားကို နားထောင်ပြီးနောက် နားလည်သလိုလို၊ မလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်သည်။

"အင်း၊ ဒါပေမဲ့ သတိတော့ထားရမယ်နော်"

ရွှယ်အန်းက ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။

"မင်းပြောသလိုပဲ ဒီမှာ ကျင့်ကြံသူတွေ မရှိဘူး၊ ပြီးတော့ ဒီလောကမှာ ကိုယ်တွေ့ခဲ့တဲ့ ကိုယ်ခံပညာရှင်တွေက တကယ်တော့ မျိုးဗီဇပြောင်းလဲတဲ့ အရည်အချင်းတစ်မျိုးကို အားကိုးနေကြတာ၊ ပြီးတော့မှ သူတို့ရဲ့ စွမ်းအားအလိုက် ပထမအဆင့်၊ ဒုတိယအဆင့်ဆိုပြီး ခွဲထားကြတာ၊ ကိုယ်လေ့လာတွေ့ရှိချက်အရ ကိုယ့်ကို ခြိမ်းခြောက်နိုင်မယ့်သူ တစ်ယောက်မှ မရှိနိုင်လောက်ဘူး"

သူတို့စကားပြောနေစဉ်တွင် ပျင်းရိနေသော သမီးငယ်နှစ်ယောက်သည် လျှောက်လာကြသည်။

"ဖေဖေ၊ ဒီမှာက တကယ်ပျင်းဖို့ကောင်းတယ်"

"ဟုတ်တယ် ဖေဖေ၊ ရေခဲမုန့်လည်းမရှိဘူး၊ အရုပ်တွေလည်းမရှိဘူး၊ ပြတင်းပေါက် အပြင်က ကမ္ဘာကြီးကလည်း မွဲခြောက်ခြောက်နဲ့ အရောင်မရှိဘူး၊ ပျင်းစရာကြီး!"

နျန်နျန်လည်း ညည်းညူလိုက်သည်။

ရွှယ်အန်းက ထိုင်ချလိုက်ပြီး ပြုံးကာပြောလိုက်သည်။

"ဒါဆို ဘာလုပ်ကြမလဲ၊ သမီးတို့နှစ်ယောက် အထဲပြန်ဝင်ချင်ပြီလား"

ထိုစကားကို ကြားသောအခါ ရှန်ရှန်နှင့် နျန်နျန်တို့ နှစ်ယောက်လုံး ခေါင်းခါကြသည်။

"မဝင်ချင်ဘူး၊ အထဲမှာက ပိုပျင်းဖို့ကောင်းတယ်"

ထိုအခိုက်တွင် နျန်နျန်၏ မျက်လုံးများ အရောင်တောက်လာသည်။

"ဖေဖေ၊ ဟော့ပေါ့စားကြရအောင်၊ သမီး ရုတ်တရက် ဟော့ပေါ့ အရမ်းစားချင်လာပြီ"

ရွှယ်အန်းသည် ထိုစကားကို ကြားသောအခါ ရယ်လိုက်မိသည်။

"ကောင်းပါပြီ မင်းသမီးလေးတို့ရယ်"

ထိုသို့ပြောပြီး ရွှယ်အန်းသည် သိုလှောင်လက်စွပ်ထဲမှ စားပွဲခုံနှင့် ကုလားထိုင်တစ်စုံကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး အိုးနှင့် ပါဝင်ပစ္စည်းမျိုးစုံကို ထုတ်ယူလိုက်သည်။

လိုအပ်သမျှအရာအားလုံးသည် လက်စွပ်ထဲတွင် အသင့်ရှိနေသည်။

မကြာမီမှာပင် ရွှယ်အန်းသည် ဟော့ပေါ့တစ်အိုးကို ပြင်ဆင်ပြီးသွားပြီဖြစ်သည်။

၎င်းတို့ မိသားစုသည် စားပွဲဝိုင်းတွင် စုဝေးကာ အငွေ့တထောင်းထောင်းထနေသော ဟော့ပေါ့ကို စတင်စားသုံးနေကြသည်။

တစ်ချိန်တည်းမှာပင်...

ဆင်းရဲသားရပ်ကွက်အတွင်းတွင်

ယောင်ရှောင်ဖေးသည် အားတုနှင့် သူ့ညီမတို့နေထိုင်သော အိမ်သို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။

သူသည် လမ်းလျှောက်နေရင်း သူ့ဘာသာသူ ရေရွတ်နေမိသည်။

ဒီအားတုက တကယ်ကံကောင်းတာပဲ၊

ဒုတိယအဆင့် ဆာမူရိုင်းတစ်ယောက်နဲ့တောင် သိကျွမနိုင်ခဲ့တယ်၊

ပြီးတော့ ပစ္စည်းကောင်းတွေ အများကြီးတောင် လက်ခံရရှိခဲ့သေးတယ်...

မဟုတ်ရင် သူက ဘာလို့ တစ်ယောက်ယောက်ကို ဒူးထောက်ပြီး အရိုအသေပေးမှာလဲ

ထိုသို့စဉ်းစားကာ ယောင်ရှောင်ဖေး၏ မျက်လုံးများသည် မနာလိုမှုများကြောင့် ပြာနှမ်းသွားသည်။

မတရားလိုက်တာ၊ မင်းတို့မောင်နှမက ဘာလို့ ပစ္စည်းကောင်းတွေ အများကြီးရနေတာလဲ၊ အဲ့ဒီပစ္စည်းတွေထဲက တချို့ကို ငါ့ကိုလည်း ခွဲပေးသင့်တာပေါ့...

ယောင်ရှောင်ဖေးသည် တွေးရင်းဖြင့် တဲဆုတ်အပြင်ဘက်သို့ ရောက်လာသည်။

သူသည် အတွင်းထဲတွင် မည်သည့်အသံမှ မကြားရပေ။

သူ သတိတကြီး ချဉ်းကပ်သွားမိသည်။

အသံကျယ်ကျယ်လည်း မပြုရဲပေ။

မည်သို့ပင်ဖြစ်စေ အားတု၏ ဓားသိုင်းပညာအရည်အချင်းမှာ အနည်းငယ် နိုးထလာပြီဖြစ်သောကြောင့် သူသာ သတိမထားလျှင် ၎င်းလက်ချက်ဖြင့် သေချာပေါက် အသတ်ခံရပေလိမ့်မည်။

ထိုသို့စဉ်းစားမိကာ ယောင်ရှောင်ဖေးသည် တဲဆုတ်၏ စုတ်ပြတ်နေသော ပြတင်းပေါက်အနားသို့ တိတ်တဆိတ် ရောက်ရှိသွားပြီဖြစ်သည်။

ရုတ်တရက်ဆိုသလို...

သူသည် ရေ၏အနံ့ပျော့ပျော့ကို ရလိုက်သည်။

ဤလောကတွင် ရေသည် အဖိုးတန်ပြီး ရှားပါးသောကြောင့် လူအများအပြားသည် ရေကို အနံ့ခံနိုင်သော စွမ်းရည်များ ဆင့်ကဲပြောင်းလဲလာကြပြီး ထိုစွမ်းရည်ကို အသုံးပြုကာ ရေအရင်းအမြစ်များကို ရှာဖွေကြသည်။

ယောင်ရှောင်ဖေးသည် ရေ၏အနံ့ကို ရသောအခါ အံ့အားသင့်သွားသည်။

အဘယ်ကြောင့်ဆို ဤရေ၏အနံ့သည် သူကျင့်သားရနေသော ညစ်ညမ်းသောရေ၏ စူးရှသောအနံ့နှင့် လုံးဝကွဲပြားကာ ချိုမြိန်နေသောကြောင့် ဖြစ်သည်။

ယောင်ရှောင်ဖေး၏ နှလုံးခုန်နှုန်း မြန်လာပြီးနောက် ပြတင်းပေါက်မှ တိတ်တဆိတ် ချောင်းကြည့်လိုက်သည်။

သူသည် အထဲတွင် အားတုသည် မြေအိုးတစ်လုံးကို ကိုင်ကာ ပုလင်းဖုံးငယ်လေးဖြင့်ခပ်လျက် သူ့ညီမ၏ မျက်လုံးနှင့် မျက်နှာပေါ်မှ မျိုးဗီဇပြောင်းလဲနေသော အသားစိုင်များကို သန့်စင်ပေးနေသည်ကို တွေ့လိုက်ရသည်။

မိန်းကလေးသည် စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။

"ကိုကို ထပ်မဆေးတော့နဲ့၊ ဒါက ရေတွေ အရမ်းဖြုန်းတီးရာကျတယ်”

All Chapters