← Chapters

မြို့တော်မှ တော်၀င်မိသားစု

Vol. 47 Ch. 705

မြို့တော်မှ တော်၀င်မိသားစု

Vol. 47 Ch. 705

အားတု ခေါင်းခါလိုက်သည်။

"ဒီ ဓာတ်ရောင်ခြည်ကင်းတဲ့ သန့်စင်ရေနဲ့ ဒဏ်ရာတွေကို ဆေးကြောရင် အနာကျက်မြန်တယ်လို့ ကြားဖူးတယ်"

"ဒါပေမဲ့ ဒီရေကို ကိုယ်တိုင်တောင် မသောက်ရက်တာကို ဒဏ်ရာကို ဆေးပေးနေတာဆိုတော့..."

မိန်းကလေးသည် နှမျောသလို ပြောလိုက်သည်။

"ဟားဟား၊ ရပါတယ်ကွာ၊ ဆေးပြီးသားရေကို အနည်ထိုင်အောင် ခဏထားပြီးရင် သောက်လို့ရတာပဲ၊ အပြင်မှာရောင်းတဲ့ အဆင့်ငါးရေထက်တောင် အများကြီး ပိုကောင်းပါသေးတယ်"

အားတုက ပြောလိုက်သည်။

ယောင်ရှောင်ဖေးသည် မောင်နှမနှစ်ယောက်၏ စကားကိုကြားသောအခါ အလွန်အမင်း သန့်စင်သောရေများဖြင့် ပြည့်နေသည့် အိုးကိုကြည့်ကာ အံ့ဩနေရာမှ တဖြည်းဖြည်း သတိပြန်ဝင်လာပြီး မ လောဘကြီးစွာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။

အကောင်းဆုံးအဆင့်၊ ဓာတ်ရောင်ခြည် လုံးဝကင်းစင်တဲ့ သန့်စင်ရေ...

ထိုအရာသည် အလွန်အမင်း ဆွဲဆောင်မှုရှိလွန်းသည်။

သို့သော် ယောင်ရှောင်ဖေးသည် သူ့အရည်အချင်းနှင့် အားတုကို မယှဉ်နိုင်မှန်း ကောင်းကောင်းသိသည်။

သူချောင်းကြည့်နေသည်ကို အားတုစာ သတိထားမိသွားလျှင် သူလည်းသေလူဖြစ်သွားမှာ သေချာသည်။

အဆုံးတွင် ဤနေရာသည် အဆင့်တစ်ရေတစ်ပုလင်းအတွက်ပင် လူသတ်မှုတွေ ဖြစ်နေသောကြောင့် မဆန်းတော့ပေ။

ယခုလို အကောင်းဆုံးအဆင့် သန့်စင်ရေဆိုလျှင် ပြောစရာမလိုတော့ချေ။

လူအုပ်ကြီးတစ်ခုလုံး ရန်ပွဲဖြစ်သွားနိုင်သည်အထိ ပြင်းထန်လှသည်။

ယောင်ရှောင်ဖေး၏ မျက်လုံးများ အရောင်လက်သွားပြီး အားတုသည် သူ့ကို ယခင်က ဆူပူကြိမ်းမောင်းခဲ့သည့် မြင်ကွင်းကို ပြန်တွေးမိသောအခါ သူ့မျက်နှာသည် တဖြည်းဖြည်း ကြမ်းကြုတ်ခက်ထန်လာသည်။ ထို့နောက် သူ့ ကိုယ်ကိုကိုင်းကာ တိတ်တဆိတ် နောက်ဆုတ်ပြီး ညအမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

ဤအဖြစ်အပျက်အားလုံးကို အနာဂတ်အတွက် လှပသော အိပ်မက်များထဲတွင် နစ်မြောနေကြသော အားတုတို့ မောင်နှမနှစ်ယောက်သည် လုံးဝ သတိမထားမိလိုက်ပေ။

ညဘက်တွင် ရှန်ဟယ်မြို့သည် ပိုမိုခြောက်ကပ်ပြီး ကြောက်မက်ဖွယ်ကောင်းလာသည်။

ကွင်းပြင်များမှ တိုက်ခတ်လာသော လေပြင်းများ၏ တဝီဝီအော်မြည်သံသည် ည နတ်ဆိုးများ၏ ဟိန်းဟောက်သံများပမာ ရောယှက်နေကာ ကြက်သီးထဖွယ်ကောင်းလှသည်။

ယောင်ရှောင်ဖေးသည် ယိမ်းယိုင်စွာဖြင့် လမ်းမကြီးပေါ်သို့ ရောက်လာပြီး လမ်းအလယ်ရှိ အသားဆိုင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ထိုနေရာသည် မြို့၏ သားသတ်သမားကြီး နေထိုင်ရာ နေရာဖြစ်သည်။

ယောင်ရှောင်ဖေး နားလည်ထားသည်မှာ ဤအခြေအနေမှ အကျိုးအမြတ်ရလိုလျှင် မြို့၏ ဩဇာရှိသူများထံမှ ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။

ထို့ကြောင့် သူသည် ရွာသူကြီးထံ သွားသင့်သည်။

သို့သော် ယောင်ရှောင်ဖေး၏ အဆင့်အတန်းနှင့် လေးစားဖွယ်ကောင်းသော ရွာသူကြီးနှင့် မည်သို့တွေ့ဆုံနိုင်မည်နည်း။

ထို့ကြောင့် ယောင်ရှောင်ဖေးသည် လမ်းမှာပင် ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။ သူပထမဆုံး အကြောင်းကြားရမည့်သူမှာ သားသတ်သမားကြီးကိုပင်ဖြစ်သည်။

သားသတ်သမားသတ်ကြီးသည် ရွာသူကြီးနှင့် ဆက်ဆံရေးကောင်းပြီး သူမှတစ်ဆင့်သာ ရွာသူကြီးနှင့် တွေ့နိုင်မည်ဖြစ်သည်။

သူရောက်သွားချိန်တွင် အသားဆိုင်တံခါးမှာ ပိတ်ထားပြီးဖြစ်သည်။

သို့သော် တံခါးဝသို့ ရောက်သောအခါ အတွင်းမှ ကုတင်၏မြည်သံကို ကြားနေရသည်။

ယောင်ရှောင်ဖေးသည် အသက်ကိုပြင်းပြင်းရှူကာ တံခါးခေါက်လိုက်သည်။

"သားသတ်သမားကြီး... တံခါးဖွင့်ပါဦး၊ အရေးကြီးတာ သတင်းပို့စရာရှိလို့ပါ"

ခဏအကြာတွင် အတွင်းမှ မိုးခြိမ်းသံကဲ့သို့ အော်သံကြီး ထွက်လာသည်။

"ဘယ်ငတုံးက အပြင်မှာ ဆူညံပြီး ငါ့ကိစ္စကို လာဖျက်နေတာလဲ"

ထို့နောက် တံခါးကို ဆောင့်ဖွင့်လိုက်ပြီး အပေါ်ပိုင်းဗလာကျင်းနှင့် သားသတ်သမားကြီးသည် တံခါးဝတွင် ရပ်နေသည်။

ယောင်ရှောင်ဖေးသည် အပြေးအလွှား ဦးညွှတ်ကာ ပြောလိုက်သည်။

"သားသတ်သမားကြီး၊ ကျွန်တော် ယောင်ရှောင်ဖေးပါ"

သားသတ်သမားကြီး၏ တြိဂံပုံမျက်လုံးများသည် ပိုလို့ပင် ခက်ထန်လာသည်။

"အကြောင်းပြချက် ကောင်းကောင်းပေးစမ်း၊ မဟုတ်ရင် မင်းအသားက မနက်ဖြန် ငါ့စဉ့်နီတုံးပေါ် ရောက်သွားမယ်လို့ အာမခံတယ်"

ယောင်ရှောင်ဖေး တစ်ကိုယ်လုံးတုန်သွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်

"သားသတ်ကြီး... တကယ်ကို အရေးကြီးတဲ့ သတင်းပါ"

သူသည် သားသတ်သမားကြီး၏ အနားသို့ကပ်ကာ နားထဲသို့ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။

သားသတ်သမားကြီး၏ မျက်နှာပေါ်မှ ညိုမှိုင်းနေသော တိမ်တိုက်များဟည် ချက်ချင်းလွင့်စင်သွားပြီး သူ၏ တြိဂံပုံမျက်လုံးများသည် လောဘနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပလာသည်။

"တကယ်လား"

ယောင်ရှောင်ဖေးက ခေါင်းညိတ်ပြသည်။

"လုံးဝအမှန်ပါ၊ ကျွန်တော် ကိုယ်တိုင်မြင်ခဲ့တာပါ"

"အရမ်းကောင်းတယ်၊ မင်းတော်သားပဲ"

သားသတ်သမားကြီးက သူ့ပခုံးကို အသိအမှတ်ပြုသည့်အနေဖြင့် ပုတ်လိုက်သည်။

"လာ၊ ငါနဲ့အတူ ရွာသူကြီးဆီ သွားတွေ့ဖို့ လိုက်ခဲ့"

သားသတ်သောားကြီးသည် ရှန်ဟယ်မြို့လို ရက်စက်ကြမ်းကြုတ်သော နေရာတွင် ရှင်သန်နိုင်ခြင်းမှာ သူ့ကိုယ်သူ အတိုင်းအတာတစ်ခုအထိ သိသောကြောင့်ဖြစ်သည်။

သာမန်ပစ္စည်းတစ်ခုသာဆိုလျှင် သူသတင်းမပို့ဘဲ ကိုယ်တိုင်ယူထားလိုက်မည်ဖြစ်ပြီး ရွာသူကြီးသိသွားလျှင်တောင် အဆိုးဆုံး ကြိမ်ဒဏ်အနည်းငယ်သာ ခံရမည်ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်မှာ အကောင်းဆုံးအဆင့် သန့်စင်ရေ ဖြစ်နေသည်။

ထိုသို့သောအရာသည် သားသတ်သမားကြီးတစ်ယောက်တည်း ကြားဝင်စွက်ဖက်နိုင်သည့် အဆင့်ထက် လုံးဝကျော်လွန်နေသည်။

ထို့ကြောင့် သူသည် မြို့နယ်မှူးထံ ချက်ချင်းသတင်းပို့ရန် ဆုံးဖြတ်လိုက်သည်။

ယောင်ရှောင်ဖေးသည် သားသတ်သမားကြီး၏ ချီးကျူးမှုကို ခံရပြီးနောက် လေပေါ်မြောက်တက်သွားပြီး သားသတ်ကြီးနောက်မှ လမ်းအဆုံးရှိ မြို့နယ်မှူး၏ စံအိမ်သို့ ချက်ချင်းလိုက်ပါလာခဲ့သည်။

မြို့နယ်မှူး၏ စံအိမ်သည် မြစ်ကမ်းဘေးမြို့တစ်မြို့လုံးတွင် အခိုင်မာဆုံးနှင့် အခမ်းနားဆုံး အဆောက်အအုံဖြစ်သည်။

၎င်းသညါ မည်သည့် မြားဒဏ်ကိုမဆို ခံနိုင်သော သုံးထပ်ကျောက်တိုက်ဖြစ်သည်။

မြို့၏ အမြင့်ဆုံးအရာရှိဖြစ်သော မြို့နယ်မှူးသည် ထိုနေရာတွင် နေထိုင်သည်။

သို့သော် ယခုရက်ပိုင်းများတွင် အဝင်ဝ၌ ခမ်းနားသော ရထားလုံးများဖြင့် နေ့စဉ်ပြည့်နေသောကြောင့် အခြေအနေက မတူတော့ပေ။

မြို့တော်မှ အရာရှိကြီးတစ်ဦးသည် မြို့သို့ ရောက်ရှိနေသည်ဟု ဆိုကြသည်။

ထို့ကြောင့် သားသတ်သမားကြီးပင်လျှင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဤနေရာသို့ မလာရဲခဲ့ပေ။

သို့သော် ယနေ့မှာ ထူးခြားသောကြောင့် အလျင်အမြန်ရောက်လာပြီးနောက် ရင်းနှီးသောမျက်နှာများကို ဦးစွာနှုတ်ဆက်လိုက်သည်။

"မြို့နယ်မှူး အထဲမှာရှိလား"

အစောင့်လည်း ခေါင်းညိတ်ပြသည်။

"မြို့တော်က အရာရှိကြီးကို အိပ်ရာဝင်ဖို့ ကူညီပေးပြီးပြီ၊ ဧည့်ခန်းထဲမှာ ရှိနေလောက်တယ်"

သားသတ်ကြီးသည် ယောင်ရှောင်ဖေးကို ဧည့်ခန်းသို့ တိတ်တဆိတ် ခေါ်သွားသည်။

မြို့နယ်မှူးသည် သန်မာကာ မျက်နှာထားတင်းမာသည့် လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ကောင်းမွန်ဆဟာ အဝတ်အစားများကို ဝတ်ဆင်ထားကာ ခါးတွင် ရတနာဓားတစ်ချောင်း ချိတ်ဆွဲထားပြီး ကြီးမားသောဩဇာအာဏာကို ထုတ်လွှတ်နေသည်။

မြို့နယ်မှူးသည် သူသတ်ကြီးကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်သူက မင်းကို ဝင်ခွင့်ပေးလိုက်တာလဲ၊ မြို့တော်က အရာရှိကြီး ဒီမှာရှိနေတာကု၊ သူ့ကိုသွားနှောင့်ယှက်မိရင် ဘယ်လိုလုပ်မလဲ"

သားသတ်သမားကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ရှေ့တိုးကာ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။

မြို့နယ်မှူး၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။

"တကယ်ကြီးလား"

သားသတ်သမားကြီးက ခေါင်းညိတ်ပြသည်။

မြို့နယ်မှူးသည် သူ့နောက်တွင် တုန်ယင်စွာရပ်နေသော ယောင်ရှောင်ဖေးကို လှည့်ကြည့်ပြီး လေးနက်သောအသံဖြင့် မေးလိုက်သည်။

"မင်း သေချာမြင်ခဲ့တာ ဟုတ်လို့လား"

"ဟုတ်ပါတယ် မြို့နယ်မှူး၊ ကျွန်တော် သေသေချာချာ မြင်ခဲ့ပါတယ်၊ ပြီးတော့ ကျွန်တော့်နှာခေါင်းက အရမ်းကောင်းတယ်၊ ဘာအညစ်အကြေးမှ မပါတဲ့ အကောင်းဆုံးအဆင့် သန့်စင်ရေဆိုတာ အတည်ပြုနိုင်ပါတယ်"

ယောင်ရှောင်ဖေးသည် အပြေးအလွှား ဖြေလိုက်သည်။

မြို့နယ်မှူးသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်လုံးများသည်ည်း စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။

"အကောင်းဆုံးအဆင့် သန့်စင်ရေတဲ့လား... ဟားဟား..."

သူသည် ဆင်းရဲသားရပ်ကွက်သို့ လူလွှတ်ရန် အမိန့်ပေးတော့မည် အပြု ဒုတိယထပ်သို့ တက်သော လှေကားမှ ပျင်းရိသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

"အကောင်းဆုံးအဆင့် သန့်စင်ရေလား? နင်တို့လို ညစ်ပတ်စုတ်ပြတ်နေတဲ့ မြို့ငယ်လေးမှာလား"

ထိုစကားသံနှင့်အတူ ရှည်လျားသောဂါဝန်ဝတ်ထားကာ ပိန်သွယ်သောကိုယ်လုံးနှင့် မောက်မာသော အမူအရာရှိသည့် အမျိုးသမီးတစ်ဦးသည် လှေကားမှ ဖြည်းညှင်းစွာ ဆင်းလာသည်။

ထိုအမျိုးသမီးငယ်ကို မြင်သောအခါ မြို့နယ်မှူးသည် အလျင်အမြန် နောက်သို့တစ်လှမ်းဆုတ်ကာ အလွန်ထိတ်လန့်စွာဖြင့် ဖြေလိုက်သည်။

"သခင်မ ရှီယာ အနားယူနေတာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"

ရှီယာသည် သူ့စကားကို လျစ်လျူရှုပြီး ယောင်ရှောင်ဖေးကို ကြည့်ကာ မေးလိုက်သည်။

"အဲ့ဒီ အကောင်းဆုံးအဆင့် သန့်စင်ရေက ဆင်းရဲသားရပ်ကွက်ထဲကို ဘယ်လိုရောက်လာတာလဲ"

ယောင်ရှောင်ဖေးသည် အနည်းငယ် ကြောင်သွားသည်။

သူသည် ငယ်စဉ်ကတည်းက ဤမြို့ငယ်လေးတွင်သာ နေထိုင်လာခဲ့သောကြောင့် ယခုလိုတောက်ပသော အမျိုးသမီးမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။

သူသည် ၎င်း မေးခွန်းကြားမှ သတိပြန်ဝင်လာပြီး အလျင်အမြန် ပြန်ဖြေသည်

"အ.. အရှင်မကို ပြန်ဖြေရရင် ဆာမူရိုင်း တစ်ယောက်က အားထူကို ပြန်ခေါ်လာတာ ကျွန်တော် ကိုယ်တိုင်မြင်ခဲ့ပါတယ်၊ အဲ့ဒီရေက အဲ့ဆာမူရိုင်း သူ့ကို ပေးခဲ့တာဖြစ်နိုင်တယ်"

ဆာမူရိုင်းလား?

မြို့နယ်မှူးနှင့် သားသတ်သမားကြီး၏ မျက်နှာများ တစ်ချိန်တည်း ပြောင်းလဲသွားသည်။

ထို့နောက် မြို့နယ်မှူးသည် အိမ်တော်ထိန်းကို လှမ်းကြည့်လိုက်သည်။

ထိုလူသည် ရှေ့တိုးလာပြီး လေသံတိုးတိုးဖြင့် ပြောလိုပ်သည်။ ဟုတ်ပါတယ်၊ ဒီနေ့ မြို့ထဲမှာ တကယ်ပဲ လူစိမ်းတစ်ယောက် ပေါ်လာပြီး စားသောက်ဆိုင်က ဖုန်းဖန်ကျစ်ဆီကို နတ်ဆိုးဝံပုလွေ သားရေတွေ အများကြီး ရောင်းသွားပါတယ်၊ အခု သူ စားသောက်ဆိုင်မှာပဲ တည်းခိုနေပါတယ်"

"စားသောက်ဆိုင်၊ ဖုန်းဖန်ကျစ်.."

မြို့နယ်မှူး၏ မျက်နှာအမူအရာသည် အနည်းငယ် ထူးဆန်းသွားသည်။

အရှင်မရှီယာ၏ နှုတ်ခမ်းများကမူ လှောင်ပြောင်သည့်အပြုံးတစ်ခု ပေါ်လာသည်။

"အဆင့်နှစ် ဆာမူရိုင်းတဲ့လား... ဟားဟား ပုရွက်ဆိတ်အဆင့်ပဲ”

All Chapters