← Chapters

မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တူတယ်

Vol. 31 Ch. 434

မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တူတယ်

Vol. 31 Ch. 434

ချန်ရှီသည် နွားခေါင်းမိသားစု ခြံဝင်းထဲတွင် ကျင့်ကြံနေခဲ့ပြီး သူ့စိတ်ထဲတွင် ကျင့်ကြံခြင်းအပေါ်၌သာ အာရုံစိုက်ထားခဲ့သည်။ ဒီတစ်ခါတော့ ခရီးသစ်တစ်ခု စတင်လိုက်ပါပြီ။ သူ၏ တာအိုနယ်မြေသည် အမတမြို့ရှိ ယွမ်ချန်နန်းတော်ကို ကျူးကျော်ခဲ့ပြီဖြစ်ပြီး အလောင်းနတ်သုံးဆူကို စတင် သန့်စင်​နေခဲ့သည်။

ရှေးခေတ်ကတည်းက အလောင်းနတ်သုံးပါးဘုံသည် အလောင်းသုံးလောင်းကို သတ်ဖြတ်ရန် အာရုံစူးစိုက်ခဲ့ရကာ ၎င်းတို့ကို မလိုအပ်သော အရာများအဖြစ် သတ်မှတ်ခဲ့သည်။

အလောင်းနတ်သုံးပါးကို သတ်ပြီးနောက် လိင်၊ အစားအစာနှင့် အဝတ်အစားများအပေါ် ဆန္ဒများ လျော့ပါးလာပြီး ၎င်းတို့၏ ယင်စွမ်းအင်များ တဖြည်းဖြည်း လျော့နည်းလာကာ သန့်စင်သော ယန်ခန္ဓာကိုယ်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

သန့်စင်သော ယန်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲခြင်းက အကျိုးကျေးဇူးများစွာကို ပေးစွမ်းပါသည်။ ပထမအချက် ဤဆန္ဒများမပါတော့လျှင် ကျင့်ကြံခြင်းတွင် ပို၍ လုံ့လစိုက်ထုတ်နိုင်ပြီး သဘာဝအတိုင်း ပိုမိုအားထက်သန်စွာ လျင်မြန်စွာ တိုးတက်နိုင်မည်။

ဒုတိယအချက် သန့်စင်သော ယန်ဝိညာဉ်ဖြင့် ကောင်းကင်မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများ၏ နာကျင်မှုကို ရှောင်ရှားနိုင်ခြေ မနည်းတော့ပေ။

သို့သော် အလောင်းသုံးလောင်းကို သတ်ပြီးသည့်တိုင် ဆန္ဒများ ပြန်ဖြစ်လာတတ်သည်။ ထို့ကြောင့် အဆင့်မြင့်အရာရှိများနှင့် မှူးမတ်အများအပြားသည် ဆက်လက် လက်ထပ်ကြပြီး၊ ကောင်းမွန်သော အဝတ်အစားများကို နှစ်သက်ကြပြီး ၎င်းတို့၏ စားချင်စိတ်ကိုလည်း မထိန်းနိုင်တော့ချေ။

ကွန်ဖြူးရှပ်အယူဝါဒသမားများသည် တစ်နေ့လျှင် သုံးကြိမ် မိမိကိုယ်ကို စစ်ဆေးသည်။ ဗုဒ္ဓဘာသာက "မနက်တိုင်း ဖုန်မှုန့်တွေကို သေချာသုတ်ပြီး မစုဆောင်းမိစေနဲ့" လို့ သွန်သင်ထားပါ၏။ ဒါက နိယာမပင်။

ချန်ရှီ၏ အတွေးမှာမူ ယန်သည် တာအိုဖြစ်ပြီး သန့်စင်သော ယင်သည်လည်း တာအို ဖြစ်သည်။ သဘာဝလောကတွင် ယင်နှင့်ယန်တို့သည် မွေးရာပါ တစ်ခုတည်း ဖြစ်သည်။ ဆိုတော့ အမတအဖြစ်သို့ ရောက်ရှိရန် ယန်စစ်စစ်ကို ဘာကြောင့် လိုအပ်နေဦးမှာလဲ။

တာအိုနှင့် လိုက်လျောညီထွေဖြစ်စေရန် သို့မဟုတ် စင်ကြယ်သော ယန်နှင့်သာ လိုက်လျောညီထွေ ဖြစ်စေမည်ဆိုလျှင် ကျင့်ကြံခြင်းက ပြီးပြည့်စုံ​တော့မည် မဟုတ်ပေ။

အလောင်းနတ်သုံးပါးသည် ယင်စွမ်းအင်မှအသွင်ပြောင်းပြီး ကိုယ်တိုင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်သောကြောင့် ၎င်းတို့အား ဖျက်ဆီးပစ်ရန် မလိုအပ်​တော့ပါ။ ၎င်းတို့ကို သန့်စင်ပြီး ယင်နှင့် ယန်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲခြင်းဖြင့်၊ အလောင်းနတ်သုံးဆူသည် လူတစ်ဦး၏ ကျင့်​ကြံမှုတွင် အနှောင့်အယှက် မဖြစ်​စေနိုင်ပေ။

တကယ်တော့ အထောက်အကူပင် ပြုနိုင်၏။

အမတမြို့တွင်မူ တရားသူကြီးကို ထပ်မံတိုင်ကြားရန် အချိန်တန်​​လေပြီ။

အလောင်းနတ်သုံးပါး အုပ်စုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ယွမ်ချန်နန်းတော်များမှ ထွက်ခွာလာကာ ၎င်းတို့၏သခင်အား တိုင်ကြားရန် မြေအောက်ကမ္ဘာဆီသို့ ဦးတည်သွား​နေကြသည်။

ချန်ရှီ၏ ယွမ်ချန်နန်းတော်က အလောင်းနတ်သုံးပါးကတော့ ဒေါသပုန်ထနေကြ၏။ သူတို့မှာ ချန်ရှီ၏ ယင်ယန်တာအိုနယ်မြေမှ မထွက်ခွာနိုင်ခဲ့ပေ။

ဖန်ကျစ် : "ချန်ရှီ.. မင်းက အကျင့်စာရိတ္တမကောင်းဘူး... အစားကောင်းကောင်းမစားဘူး... လုံ့လစိုက်ထုတ်နေမယ့်အစား မင်းက သေလမ်းရှာနေတာ... မင်း ငရဲဘုရင်ရှေ့မှာ ပေါ်လာတဲ့အခါ မင်းနာမည်ကို သေခြင်းရှင်ခြင်း စာအုပ်ထဲက ငါ ဖြတ်ပစ်မယ်! မင်းသေတာကိုတွေ့မယ်!"

ဖန်ကျွိကလည်း ဒေါသတကြီးနဲ့ :"မင်းမနေ့က မင်းမပျော်ဘူး ဒီနေ့လည်း မင်းမပျော်ဘူးဆိုရင် မင်းဘာကောင်း​တော့လို့လဲ"

ဖန်ချောင်း : "ငါတို့ကို မလွှတ်ပေးမိစေနဲ့... မဟုတ်ရင်တော့ မင်းကို ပြည့်တန်ဆာအိမ်ဆီ ခေါ်သွားပြီး မင်းရဲ့ တာအိုယုံကြည်မှုကို ဖျက်ဆီးပစ်လိုက်မယ်"

(TN - ဖန်ချောင်းဟာ ယခင်က ဖန်ကျွယ် ဖြစ်ခဲ့သည်။)

"ပြီး​တော့ မင်းကို အရသာရှိတဲ့ ဟင်း​တွေ ​နေ့တိုင်း​ကျွေးမယ်​!"

ငြင်းခုံနေကြသည့်တိုင် ချန်ရှီ၏ တာအိုနယ်မြေမှာ သန့်စင်သော ယင်မှ သန့်စင်သောယန်သို့ အဆက်မပြတ် ပြောင်းလဲနေပါသည်။ မကြာခင်မှာပဲ အလောင်းနတ်သုံးဆူထဲက အားအနည်းဆုံး ဖြစ်တဲ့ ဖန်ကျွိဟာ ချန်ရှီကို ကျင့်ကြံဖို့ ကူညီပေးရင်း တရားထိုင်ပြီး လေ့ကျင့်ပါတော့သည်။

ကျန်နှစ်ကောင်မှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ သူတို့သည် ယွမ်ချန်နန်းတော်၏ တံခါးဆီသို့ အပြေးအလွှား သွားကာ အစွမ်းကုန် အော်ဟစ်ငိုယိုကာ ဤကြောက်မက်ဖွယ်ကောင်းသော နေရာမှ လွတ်မြောက်ရန် ကြိုးစားကုန်ကြသည်။

"ငါ့ကို ခွင့်​လွှတ်​ပါ!"

များမကြာမီပင် ဖန်ကျစ်ကလည်း ရုတ်တရက် လေးနက်သော ဉာဏ်အလင်းရရှိသွားပုံရပြီး တင်ပျဉ်ခွေထိုင်ကာ သူ၏ ယင်နှင့် ယန်စွမ်းအင်များကို ဖြန့်ကျက်ကာ ကျင့်​ကြံမှုကို စတင်ခဲ့သည်။

ဖန်ချောင်း ပိုထိတ်လန့်သွားပြီး။

"ချန်ရှီ မင်း ငါ့ကို ဘယ်တော့မှ ထိန်းချုပ်ဖို့ မစဥ်းစားနဲ့... ငါ မင်းအတွက် အလုပ်လုပ်မှာ မဟုတ်ဘူး!"

ချန်ရှီသည် တာအိုနယ်မြေကို အသက်သွင်းထားခဲ့ပြီး ယင်ယန်ကို ပြောင်းလဲကာ ဖန်ချောင်းကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ဖန်ချောင်းမှာ ကြီးမားသော နတ်ဆိုးနတ်ဘုရားကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး သူ့တိုက်ခိုက်မှုများကို ဆက်တိုက် ခံနိုင်ရည်ရှိခဲ့သည်။

နောက်ဆုံးတွင် မိုးလင်းသည်နှင့် နတ်အ​လောင်းသုံးပါးသည်လည်း ယွမ်ချန်နန်းတော်သို့ ပြန်လာ​ကြ​လေသည်။

အလောင်းနတ် ဖန်ချောင်းကို မနှိမ်နင်းနိုင်တာကြောင့် ချန်ရှီလည်း ကျင့်ကြံနေတာကို ရပ်တန့်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

"ငါ့ကျင့်ကြံမှုက မသန်မာ​သေးဘူး... ဖန်ချောင်းကို ပြုပြင်မွမ်းမံဖို့ ပိုလေ့ကျင့်ရမယ်..."

သူ့လက်ရှိ အ​ခြေအနေက အချိန်တိုအတွင်း ဖန်ချောင်းကို သန့်စင်သည့်အဆင့်သို့ မရောက်နိုင်ကြောင်း သိသောကြောင့် နိုးလာခဲ့သည်။

သူ၏ တာအိုနယ်မြေသည် ဆက်လက် လည်ပတ်နေသော်လည်း နတ်သမီးရှောင်သွမ့်ကို မတွေ့ခဲ့ရပါ။ ချန်ရှီ ခြံဝင်းထဲမှ ထွက်လာတော့မှ နွားရွာ၏ လမ်းများပေါ်တွင် လူသားကလေးများကို စာသင်ပေးနေသည်ကို တွေ့လိုက်ရသည်။ သူမသင်ပေးသော စာလုံးများက ရှေးခေတ်စာသားများ ဖြစ်ပြီး ချန်ရှီ သင်ယူခဲ့သည့် စာလုံးများနှင့် ကွဲပြားသည်။

၎င်းက ငှက်တံဆိပ်ပိုးစာလုံးပင်။

ချန်ရှီသည် လူသားကလေးများကို စိုက်ကြည့်ကာ လန့်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နွား​ခေါင်းတ​စ္ဆေများ ပျောက်ကွယ်သွားပြီး လူသားများက အစားထိုးလာသည်ကို တွေ့လိုက်ရသည်။

သူ ထွက်သွားခါနီး၌ နတ်သမီးရှောင်သွမ့်က အော်လိုက်သည်။

"ယောက်ျား... တာအိုနယ်မြေထဲက ထွက်မသွားနဲ့!"

ချန်ရှီ အံ့ဩသွားသည်။

"သူမက ငါ့ကို ယောက်ျားလို့ ခေါ်တယ် ရှောင်သွမ့်လား"

သူသည် တာအိုနယ်မြေထဲ သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ်ထားပြီး သူမကို စစ်ဆေးနေပါသည်။ ခဏလောက် ကြာသွားပေမယ့် သူ့ရှေ့က နတ်သမီးက နတ်သမီးရှောင်သွမ့်လား ဒါမှမဟုတ် ရှောင်သွမ့်လား မပြောနိုင်ပေ။

နတ်သမီးရှောင်သွမ့်မှာ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း သူမပါးပြင်ပေါ်သို့ အနီစက်များ တဖြည်းဖြည်း ကျဆင်းလာသည်။

'ငါ သူ့ကို ခင်ပွန်းလို့ ပြောလိုက်ရင် ငါ့စကားကို ငြင်းရခက်လိမ့်မယ်... ငါ မျိုးနွယ်စုနဲ့ အချိန်ပိုရဖို့အတွက် ဒီနောက်ဆုံးနည်းကို သုံးရတော့မှာပဲ'

သို့သော်လည်း ချန်ရှီ၏အကြည့်သည် သူမအပေါ်တွင် တည်မြဲနေသေးသည်ကို သတိပြုမိလိုက်ပြီး သူမမျက်နှာသည်လည်း ပို၍ပင် နီရဲလာခဲ့သည်။

'ငါ့ကို ဖောက်မြင်သွားပြီလား?'

ထိုအခိုက် ချန်ရှီက သူမ၏ အထောက်အထားကို မသိဟန်ဖြင့် သူမထံ ချဉ်းကပ်လာသည်။ သူက ပြုံးပြီး မေးလိုက်သေးသည်။

"ရှင်မ အဲဒါတွေက နွားခေါင်းတစ္ဆေလေးတွေလား"

နတ်သမီးရှောင်သွမ့်လည်း အနည်းငယ် သက်သာရာရသွားကာ။

“သူတို့လည်း ရှန်းလူမျိုးတွေပဲ... ကပ်ဆိုးကြီးပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ မကောင်းဆိုးဝါး စွမ်းအင်တွေက သူတို့ကို နွားတစ္ဆေတွေအဖြစ် ပြောင်းလဲပေးလိုက်တာ... အခု ရှင့်ရဲ့ တာအိုနယ်မြေက သူတို့ကို နွားတစ္ဆေတွေကနေ လူပုံစံအဖြစ် ပြောင်းလဲသွားစေတာ... တာအိုနယ်မြေကို ပြန်သိမ်းလိုက်ရင် နွားတစ္ဆေတွေ ပြန်ဖြစ်လာမှာကို ကြောက်တယ်..."

ချန်ရှီ ထိုင်ချလိုက်ပြီး ကလေးတစ်ယောက်ကို စစ်ဆေးကြည့်သည်။ ကလေး၏ အရေပြားပေါ်ရှိ အသွင်အပြင်သည် တစ္ဆေမျိုးနွယ်စု၏ ထူးခြားသော လူမျိုးရေးဆိုင်ရာ ပင်ကိုယ်ပုံစံဖြစ်​နေသည်။

"မဟာရှန်း ကာလမှာတုန်းက နေနဲ့လက အစစ်အမှန်ရှိခဲ့တယ်... ငြိမ်းချမ်းပြီး သဟဇာတဖြစ်ခဲ့တယ်... သူတို့က နွား​ခေါင်းတစ္ဆေမျိုးရိုး မဖြစ်လာခင် နှစ်ပေါင်းများစွာ အမှောင်ထဲမှာ နေထိုင်ခဲ့ကြတာ ဖြစ်နိုင်တယ်"

ချန်ရှီ: "တစ်နည်းအားဖြင့် ပြောရရင် ကြီးကျယ်ခမ်းနားတဲ့ ရှန်းကာလအတွင်းမှာ ကောင်းကင်ထက်က နတ်ဘုရား မရှိဘူး... ပြင်းထန်တဲ့ အုံကြွမှုတွေ ဖြစ်ပြီးနောက်မှ ကောင်းကင်အထက်က နတ်ဘုရား ပေါ်ထွန်းလာခဲ့တယ်"

"မှန်တယ်... ကောင်းကင်အထက်က နတ်ဘုရားက အုံကြွမှုအပြီးမှာမှ ပေါ်လာခဲ့တာ သေချာတယ်"

သူမ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်၌ တောက်ပ​နေသော လသည် ကြီးမားပြီး ကောင်းကင်ဘုံ နတ်ဘုရား၏ မျက်နှာကို ၎င်းနောက်တွင် ကွယ်ဝှက်ထားသည်။ သို့သော် သူမသည် ရင်းနှီးနေပုံရသည့် ထိတ်လန့်စရာ ခံစားချက်တစ်ခုကို ခံစား​နေရသည်။

ထိုစဥ် ချန်ရှီ ပြုံးပြီး။

"ရှင်မ မင်းငါ့ကို ခင်ပွန်းလို့ခေါ်တာ မင်းညီမ သိလား?"

နတ်သမီးရှောင်သွမ့်ရဲ့ မျက်နှာလည်း နီမြန်းလာတော့သည်။ သူမလက်ကို မြှောက်လိုက်သည်နှင့် ချန်ရှီ၏ လည်ပင်းတွင် လှည့်ပတ်နေသော ဓားတစ်စင်း လွင့်ပျံလာသည်။

"နင်..... နင်.... ထပ်ပြော​ကြည့်စမ်း!"

"မပြောဘူး မပြောဘူး ဓားကို အရင်ချလိုက်ပါ... ငါတို့လျှို့ဝှက်ချက်ကို မင်းညီမကို ငါမပြောဘူး"

နတ်သမီးရှောင်သွမ့် မျက်နှာမှာ ပို၍ပင်နီမြန်းလာပြီး သူမသည် တွားသွားဝင်သွားနိုင်မည့် အပေါက်ကိုပင် ရှာတွေ့ချင်လာသည်။

ချန်ရှီသည် သူမလက်မှ သွေးအသွင်ပြောင်း နတ်ဓားကို ဂရုတစိုက်ကိုင်ကာ ဘုံကျောင်းငယ်လေးဆီသို့ ပြန်ပစ်ထည့်ခဲ့သည်။ ထိုမှပင် "သေတော့မလို့" ဟု တွေးကာ သက်ပြင်းတစ်ချက် ချလိုက်ရသည်။

သို့သော် နတ်သမီးရှောင်သွမ့်က လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူမ၏ ထက်မြက်သော တာအိုနှလုံးသားအပေါ် သူမ၏ ကြည်ညိုလေးစားမှုသည် သူမအား စိတ်လျှော့စေခဲ့၏။ သူတို့သည် တောင်ပေါ်ရွာလေးတွင် ရက်အတော်ကြာအောင် နေခဲ့ကြပြီးမှ တုံ့ဆိုင်းစွာ ထွက်ခွာသွားခဲ့သည်။

တာအိုနယ်မြေ ပျက်ပြယ်သွားတဲ့အခါ တောင်ပေါ်ကျေးရွာရှိ ကလေးများ၊ လူကြီးများနှင့် သက်ကြီးရွယ်အိုများသည် တစ်စတစ်စ ပြောင်းလဲလာကာ ၎င်းတို့၏ ပုံစံများသည် လူမှ နွားခေါင်း၊ ဦးချိုများနှင့် အမြီးများ ပေါက်လာကြသည်။

သူတို့သည် ၎င်းတို့၏ ယခင်ပုံစံများဆီသို့ ပြန်သွားကာ သူတို့၏ဘဝအတိုင်း ဆက်လက် နေထိုင်ခဲ့ကြသည်။ နွားခေါင်းတစ္ဆေများသည် ဘိုးဘွားစဉ်ဆက်အသုံးပြုခဲ့သော စာလုံးများကို ပုံဖော်ရန် ရုန်းကန်ရင်း မြေကြီးပေါ်တွင် ရေးကာဆွဲကြသည်။

"သူတို့ကို မကြည့်နဲ့တော့.. တစ်နေ့ သူတို့ ပြန်​ရောက်လာမှာပါ"

ချန်ရှီ ပြောလာသဖြင့် နတ်သမီးရှောင်သွမ့်လည်း သူမအကြည့်ကို ဆုတ်ခွာလိုက်ပြီး ချန်ရှီနှင့် အကြည့်ချင်းဆုံလိုက်သည်။

"မင်း သူတို့ကို သရဲတစ္ဆေတွေကနေ လူသားအဖြစ် ပြောင်းလဲပေးနိုင်တာ သေချာလား"

ချန်ရှီ၏ အကြည့်များက သူမအပေါ် ကျရောက်လာသည်။ လေပြင်း တိုက်ခတ်လာတဲ့အခါ သူမရဲ့ ၀တ်စားဆင်ယင်မှုက ခန္ဓာကိုယ်တွင် တွယ်ကပ်နေပြီး လုံးကြီးပေါက်လှသော အသွင်သဏ္ဌာန်ကို ပေါ်လွင်စေ၏။

နတ်သမီး အော်ဟစ်ပစ်လိုက်ရာ ချန်ရှီ သဘောကျစွာ ပြုံးလိုက်သည်။

"ဟုတ်တယ်... ငါက ရှင်းကျိုးရဲ့ ဘုရင်အစစ်ပဲ ငါမလုပ်နိုင်တာ ဘာမှမရှိဘူး!"

နတ်သမီးလေးသည် နူးညံ့သိမ်မွေ့သောလေလှိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲသို့ ပျံသန်းဝင်သွားတော့၏။

“ငါ တရားထိုင်တော့မယ်”

သူမ နတ်ကွန်းကို တက်လိုက်ပေမယ့် အတွေးတွေက။

"သူက ငါ့ကို ပိုကြိုက်တာလား ဒါမှမဟုတ် ရှောင်သွမ့်ကိုလား.... သူ ငါ့ညီမကို ပိုကြိုက်သွားရင် ဘယ်လိုလုပ်မလဲ"

သူမ အတွေးထဲ စွဲလန်းနေသဖြင့် တရားထိုင်ရန် ခက်ခဲလာ​ပြန်သည်။

ထိုစဥ် ချန်ရှီလည်း စပ်စုချင်လာ၏။

"ရှင်မ ဘာလို့ မထွက်လာသေးတာလဲ"

အချိန်အတော်ကြာပြီးနောက် ရှောင်သွမ့် ထွက်လာခဲ့သည်။ သူမကြောင့် ချန်ရှီရဲ့ စိတ်တည်ငြိမ်မှုလည်း ပျောက်ဆုံးသွားခဲ့သည်။ လမ်းတစ်လျှောက် နှစ်ယောက်သား ရယ်ကာမောကာဖြင့် ခရီးထွက်ခဲ့သည်။

သို့သော် တစ်ခါတစ်ရံတွင် ချန်ရှီသည် သူ့ရှေ့က ရှောင်သွမ့်ဟာ အမှန်တကယ် ရုပ်ဖျက်ထားသော နတ်သမီးဟုတ်မဟုတ် အနည်းငယ် တွေးတောနေမိသေးသည်။

သူတို့သည် ယခင်လမ်းအတိုင်း ပြန်လာကြပြီး ကျူးရှို့ချိုင်၊ ဟေးကော်တို့နှင့် ပြန်ဆုံကာ နောက်ထပ် ဘုံကျောင်းတွေကို ဆက်ရှာကြသည်။

ရှောင်သွမ့် အထဲမှာ ထိုင်နေချိန်တွင် ချန်ရှီ သစ်သားလှည်းရှေ့က လျှောက်သွားခဲ့သည်။ တခါတရံ သူမ ဟေးကော်နှင့် ပထဝီဝင်မြေပုံကို စစ်ဆေးနေစဉ် အတွင်းတွင် သူနှင့်အတူ ကစားလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ချန်ရှီနှင့် ရှန်းမင်းဆက်၏ အမိုက်စား စာလုံးပုံစံများကို ဆွေးနွေးနေသော အထဲမှာ ထိုင်နေပါသည်။

ဟေးကော် အံ့သြမိသည်မှာ နတ်သမီးရှောင်သွမ့်သည် ချန်ရှီ ဖန်ချောင်းကို မထိန်းနိုင်ဖြစ်ပြီး သူမကို နှောင့်ယှက်တော့မယ့် အချိန်ကလွဲလို့ ​​ရှားရှားပါးပါး ပေါ်ထွက်ခဲ့ပါ၏။ ယခုမူ ထိုနတ်သမီးဟာ မကြာခဏဆိုသလို ပေါ်လာပြီး ရှောင်သွမ့်လို တူလုနီးပါး ဖြစ်လာသည်။ ရှောင်သွမ့်နေရာမှာ သူမလုပ်သလောက် အချိန်ကုန်လုနီးပါး ဖြစ်နေသည်။

"အဲဒါအတွက် အကြောင်းပြချက်ရှိရမယ်" ဟေးကော် တွေး​ကြည့်မိသည်။

ရက်တွေကြာလာတာနဲ့အမျှ ဘုံကျောင်းတွေ ပိုများလာတာကို တွေ့ရပြီး တောင်တွေ၊ မြစ်တွေနဲ့ ပြည်နယ်တွေရဲ့ မြေပုံပေါ်က တောက်ပတဲ့ ဧရိယာဟာလည်း ပိုကြီးပြီးရင်း ပိုကြီးလာပါ၏။

ညတိုင်း ချန်ရှီသည် ပုံမှန်အတိုင်း ယင်-ယန် အသွင်ပြောင်းခြင်းအား အသုံးပြု၍ အလောင်းသုံးလောင်းကို သန့်စင်စေသည်။ သူ၏ ဖန်ချောင်းသည် လနှင့်ချီ၍ နေ့စဥ် ကြိုးစားအားထုတ်မှုကို ခံနိုင်ရည် ရှိနေတာက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့သော် ဖန်ချောင်းသည် ချန်ရှီ၏ ကျင့်ကြံမှု ယခင်ကထက် ပိုမိုအားကောင်းလာသည်ကို သတိပြုမိနေပါပြီ။ ယင်ယန် အသွင်ပြောင်းခြင်း၏ စွမ်းအားသည် ယခင်ကထက် ပိုမိုအားကောင်းလာကာ တဖြည်းဖြည်း သည်းမခံနိုင်တော့ကြောင်း ခံစားလာရတော့သည်။

သန့်စင်ခြင်းမခံရမီ အချိန်တစ်ခုသာ လိုတော့သည်။

"မြောက်ပိုင်းမဟာမိတ်ပြည်နယ်... ဗောဓိတာအိုကျောင်းက မြောက်ပိုင်းမဟာမိတ်မှာ ရှိနေပုံရတယ်"

ချန်ရှီသည် ပထဝီဝင်မြေပုံကို အနီးနားရှိ တောင်များနှင့် မြစ်များကို နှိုင်းယှဉ်ကြည့်ကာ ပြုံးလိုက်သည်။

"သူတော်စင်မရွှမ်းလည်း ဗောဓိတာအိုကျောင်းမှာ ရှိတယ်မလား.. သူမ အဆင်ပြေပါ့မလား"

ကောင်းကင်ဘုံတရားရုံး အမိန့်​ပြားကို ဆင့်ခေါ်ပြီး သေးငယ်သော စကြာဝဠာထဲသို့ ဝင်ရောက်ခဲ့သည်။ သူသည် ပန်းချီကားကို ချဉ်းကပ်ကာ ကြည့်သည်။ တောင်နီခန်းမက သခင်အများအပြားသည်လည်း မြောက်ပိုင်းမဟာမိတ်ပြည်နယ်တွင် ရှိနေ၏။ ရုတ်တရက် ပေါ်လာသော ရှေးဟောင်းဘုံကျောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏ တည်နေရာများကို မှတ်တမ်းတင်ရန်အတွက် နံရံဆေးရေးပန်းချီများတွင် ရေးထိုးထားခဲ့သည်။

ချန်ရှီ၏ စိတ်ဓာတ်များ မြင့်တက်လာသည်။ တောင်နီခန်းမနှင့် ကောင်းကင်နန်းတော် အဖွဲ့ဝင်များအား သက်ဆိုင်ရာ မွေးရပ်မြေများသို့ ပြန်ရန် အမိန့်ပေးခြင်းသည် အမှန်တကယ် ပညာရှိရှိ လုပ်ဆောင်ခြင်းဖြစ်ခဲ့ကြောင်း အခုမှ သူနားလည်သွားခဲ့သည်။

သစ်သားလှည်းက အနီးဆုံးရှေးဟောင်း ဘုရားကျောင်းဆီသို့ မောင်းနှင်သွားခဲ့သည်။ မြောက်ပိုင်းမဟာမိတ်ပြည်နယ်၊ ထျန်းယွီခရိုင်ကို ဖြတ်သွားသောအခါ ဒုက္ခသည်အုပ်စုတစ်စုကို လမ်းပေါ်၌ တွေ့ရ၏။ သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးအချို့ပါသော လှည်းတွေလည်း တွေ့ရသေးသည်။

ရှောင်သွမ့် လှည်းပေါ်မှ ခုန်ဆင်းကာ အစားအသောက်များ ဝေငှပေးသည့်အတွက် အလွန်ကျေးဇူးတင်မိသည်။ ရှောင်သွမ့် တက်လာပြီးနောက် ချန်ရှီ သူ့ခရီးကို ဆက်သွားတော့မည့်အခိုက် ဖျားနာနေသော သူတောင်းစားတစ်ဦး နွားလှည်းပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ ထိတ်လန့်သွားပြီး။

"ရန်ပိ... မင်းက ရန်ပိပဲ မင်း အသက်ရှင်နေသေးတယ်!"

သူတောင်းစားက တုန်တုန်ယင်ယင်နဲ့ ချန်ရှီ အ​ကြည့်ကို ရှောင်ဖို့ ကြိုးစားပေမယ့် သူ့ဒဏ်ရာတွေက ပြင်းထန်လွန်းတော့ မလှုပ်ရှားနိုင်ပေ။ ချန်ရှီ သူ့ကို မှတ်မိသွားမှာကိုလည်း ကြောက်ရွံ့နေပုံရသည်။ သူ့မျက်​နှာ​တွေ ပျက်​​စီးနေ​တော့ မျက်​လုံး​တွေကို တင်းတင်းမှိတ်​ထားလိုက်​ပြီး မျက်​လုံး​ထောင့်​က မျက်​ရည်​​တွေ စီးကျလာသည်​။

အဘိုးအိုတစ်ယောက်က ရယ်မောရင်း :"သခင်လေးက သူ့ကို သိ​နေတာလား... ငါတို့က သူ ကောင်းကင်က ပြုတ်ကျလာလို့ ခေါ်ထားတာ... သူ အသတ်ခံရလုနီးနီးပဲ အရူးလို တစ်နေကုန် ငိုပြီး ရယ်နေခဲ့တာ... ပညာရှင်တစ်ယောက်က သူ့အသက်ကို ဆုံးရှုံးသွားတာ ဖြစ်နိုင်တယ် သူ့ဝိညာဉ်ကို ပြန်ခေါ်ဖို့ကျ မကူညီနိုင်ဘူးလေ "

အနီးနားရှိ အမျိုးသမီးတစ်ဦးက ရယ်မောကာ ဝင်ထောက်သည်။

"တုံးသွားတာလည်း ဖြစ်နိုင်တယ်"

ချန်ရှီ၏ အကြည့်တွေ ရန်ပိမျက်နှာပေါ်သို့ ကျရောက်သွားသည်။ ခဏအကြာတွင် သူက ဖြည်းညှင်းဖြင့်။

"ကျွန်တော် လူမှားတာ ဖြစ်နိုင်ပါတယ်။ ဒီအစ်ကိုက ကျွန်တော့်သူငယ်ချင်းဟောင်းနဲ့ ခပ်ဆင်ဆင်တူတယ်.. ဒါပေမယ့် သူက တုနှိုင်းမရတဲ့ အရည်အချင်းနဲ့ ဉာဏ်ပညာရှိသူ... သူ့ကို ကျွန်တော် အရမ်းလေးစားတယ်.... ဒီအစ်ကို... သူက နည်းနည်းတော့တူတယ်"

သူ့ဘုံကျောင်းငယ်လေးထဲက ဂျင်ဆင်းအသီးကို ထုတ်ယူလိုက်ပြီး ရန်ပိရဲ့ ရင်ခွင်ထဲကို ထည့်ပေးလိုက်သည်။

"တွေ့ဆုံရတာက ကံကြမ္မာပဲ... အစ်ကို ဒီဂျင်ဆင်းအသီးကို ယူထားပါ... မင်းအသက်ကိုတော့ ကယ်နိုင်မယ် ဒီအချိန်တွေက တုန်လှုပ်စရာကောင်းတဲ့ အချိန်တွေမို့ ဂရုစိုက်ပါ"

ရန်ပိ၏ နှုတ်ခမ်းများ လှုပ်ယမ်းကာ အသံကျယ်ကျယ်ဖြင့် ​ပြန်ပြောလာသည်။

"ကျေးဇူးတင်ပါတယ်"

ချန်ရှီ အဝေးကို လှမ်းကြည့်လိုက်သည်။

"ကျွန်တော် အဲဒီသူငယ်ချင်းဟောင်းကို ထပ်တွေ့ချင်ပြီး သူနဲ့ ထပ်တိုက်ချင်နေတာ... ကံမကောင်းစွာပဲ သူ့ကို ဘယ်တော့မှ မတွေ့ရတော့မှာကို ကြောက်တယ်"

သစ်သားလှည်းသည် တဟုန်ထိုး မြည်ကာ နွားလှည်းများကတော့ တရွေ့ရွေ့ဖြင့် ရွေ့လျားနေ၏။

ရန်ပိမှာ ဂျင်ဆင်းအသီးကို ဆုပ်ကိုင်ထားရင်း အတွေးများ ပျောက်ကာ ချန်ရှီ၏ စကားများကိုသာ ပြန်စဥ်းစားမိသည်။

ကြီးမြတ်တဲ့ စွမ်းအားရှိသမျှဟာ ကိုယ်အတွင်းမှာပဲ!

"ဟာဟားဟား!"

ကျယ်လောင်စွာ အော်ဟစ် ရယ်မောပစ်လိုက်သည်။ အနှစ်ခြောက်ထောင်ကျော် အစီအစဥ်ရေးဆွဲခဲ့သော အထက်ကမ္ဘာ၊ ဘိုးဘေးများနှင့် ဘိုးဘေးကြီး တစ်ဆယ့်သုံးပါး—အားလုံး ကွယ်ပျောက်ကုန်ပြီ။

ကိုယ်ပိုင်စွမ်းအားက ရှေးခေတ် အမတတစ်ပါး ရှိနေတဲ့ စိတ်ပျက်ဖွယ်ကုန်းစောင်းနှင့် ဆန့်ကျင်ဘက်တွင် အမှန်တကယ်ပင် ရပ်တည်နိုင်ပါမည်လား။

"ချန်ရှီ မင်း စိတ်ပျက်အားငယ်မှုကို မကြုံဖူးပေမယ့် ငါ့မှာ ရှိတယ်... စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ စိတ်ပျက်အားငယ်မှုက သူတို့ရဲ့ ကိုယ်ပိုင် စိတ်ပျက်စရာ မဟုတ်ပါဘူး... အဲဒါက ရန်သူတွေရဲ့ စိတ်ဓာတ်ကျခြင်းပဲ"

All Chapters