← Chapters

ရှင်ပြန်ထမြောက်လာသော ကန့်ညောင်

Vol. 31 Ch. 438

ရှင်ပြန်ထမြောက်လာသော ကန့်ညောင်

Vol. 31 Ch. 438

ချန်ရှီ ဝမ်းသာသွားသည်။ ယွမ်ချန် နန်းတော်ရှိ ဖန်ချောင်း၊ ဖန်ကျစ်နဲ့ ဖန်ကျွိတို့သည် ဒရမ်များကို တီးခတ်ကြပြီး တံပိုးခရာများကို တီးမှုတ်ကာ ချန်ရှီအား အားပေးရင်း ရဲစွမ်းသတ္တိကို မြှင့်တင်​ပေး​နေကြသည်။

နတ်သမီးရှောင်သွမ့်မှာ သူမမျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး ရှက်ရွံ့ကာ အနည်းငယ်စိတ်ဆိုးကာ အော်လာသည်။

"မြင်လား? အဆင်ပြေ​ပြီလား"

ချန်ရှီနှလုံးနှင့် လက်များမှာ တုန်ခါကာ လှုပ်ရှားချင်သော်လည်း မထိန်းနိုင်။ ဒါပေမယ့် သူ့လက်တွေက သူ့စိတ်ထက် ပိုမြန်နေသည်။ သူ့စိတ်က တွေးနေတုန်းမှာ သူ့လက်တွေက လှုပ်နေပြီ။

နတ်သမီးရှောင်သွမ့် ရုတ်တရက် သူမကို လက်တစ်စုံက ထိမိသွားသလို ခံစားလိုက်ရသည်။ ထူးဆန်းသော တုန်လှုပ်ခြင်း ခံစားမှုက လျှပ်စီးတစ်ခုကဲ့သို့ သူမ၏ ခန္ဓာကိုယ်အနှံ့ ချက်ချင်းပျံ့နှံ့သွားသည်။

ရုတ်တရက် မျက်လုံး ဖွင့်လိုက်သည်။

"ရွှင်း!"

စူးရှသောဓားနှစ်ချောင်းကဲ့သို့ အရှိန်အဝါတစ်ခုသည် သေးငယ်သော စကြဝဠာအတွင်း ရောင်ခြည်တန်း နှစ်ခုလို စူးရှစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ချန်ရှီ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ့ဆန္ဒတွေလည်း လုံးဝ မရှိတော့ချေ။ နဖူးအထက်မှ အေးစက်သော ချွေးများသာ ထွက်ကျလာသည်။

နှစ်ကြိမ် အထိုးခံရခြင်းမှ ရှောင်ရှားနိုင်လောက်အောင် လျင်မြန်စွာ ရှောင်တိမ်းခဲ့ရသည်။

"လက်ကို ဖယ်လိုက်စမ်း!"

ချန်ရှီ သူ့လက်ကို အမြန်ပြန်ရုတ်လိုက်သည်။ နတ်သမီးရှောင်သွမ့် သူမအဝတ်အစားများကို ခေါက်ပြီး ချိန်ညှိနေစဥ် မျက်နှာမှာ အလွန်အမင်း အေးစက်နေသည်။

ချန်ရှီလည်း အခွင့်အရေးကိုယူကာ လှည့်ထွက်ရန် ကြိုးစား​လေသည်။ သူ့နောက်ကနေ အေးစက်တဲ့အသံတစ်သံ ထွက်လာ၏။

"မသွားနဲ့... ငါကတိတည်တယ်... မင်းကိုမြင်ခွင့်ပေးတာ ထိခွင့်မပြုထားဘူး... "

ချန်ရှီ၏ နှလုံးခုန်သံကြီး အဆမတန် ခုန်​ပေါက်သွား​တော့သည်။

ကျူးရှို့ချိုင်နှင့် ဟေးကော်မှာ သစ်သားလှည်းကို စောင့်ကြပ်ရင်း ငြီးငွေ့လာသည်။ ကျူးရှို့ချိုင် မျက်တောင်ခတ်ပြီး ရုတ်တရက် လှည့်မေးလိုက်ပုံက။

"ဟေးကော်! သူတို့ ဘာတွေလုပ်နေလဲ ခန့်မှန်းကြည့်ပါဦး"

"ဝူး?" ဟေးကော် အံ့ဩသွားသည်။

ချန်ရှီဟာ သေးငယ်သော စကြဝဠာထဲသို့ တစ်ဦးတည်းသာ ဝင်ရောက်သွားသည်။ တခြားသူများကို ဆက်သွယ်ဖို့ ဖြစ်နိုင်ပါ့မလား။

ကျူးရှို့ချိုင်က လှောင်ပြောင်ပြီး :"ခွေးငတုံး.. တစ်ဆယ်လေး လျှို့ဝှက်တတ်တာကို ဘယ်တုန်းက မြင်ဖူးလို့လဲ... သူ ကျင့်​ကြံမှုမှာ ကြီးကြီးမားမား အောင်မြင်သွားပြီးမှ နတ်သမီးရှောင်သွမ့်နဲ့ တိတ်တိတ်လေး သွားတွေ့ဆုံနေတာက... သူ့စိတ်ထဲမှာ တစ်ခုခုရှိပြီး သူမကို ရှက်စရာ တစ်ခုခု လုပ်ချင်နေတာ!"

ဟေးကော် မျက်လုံးများ ပြူးကျယ်လာသည်။

"ဝုတ် ဝုတ်?"

ကျူးရှို့ချိုင် သူ့ရဲ့ ကံဆိုးမှုကို သနားပြီး : "မင်းက တစ်ကိုယ်တည်းသမား ဖြစ်ဖို့ ထိုက်တန်တယ် ဒီကလေးက ဉာဏ်ကောင်းတယ် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားဖို့ သိတယ် ဒီတစ်ခါ ရင်သားတွေကို အကြောင်းပြချက်တစ်ခုအနေနဲ့ ကြည့်တယ် ပြီးရင် လက်နှစ်ဖက်ကို ကိုင်မယ်၊ နမ်းမယ်၊ နမ်းပြီးရင် မင်္ဂလာဦးညက ကမ္ဘာငယ်လေးထဲမှာ ဖြစ်..."

သူဒီလိုပြောလိုက်တာနဲ့ ရုတ်တရက် သတိဝင်လာပြီး ကြိုးနဲ့အတူ အလျင်အမြန် ခုန်ဆင်းပြီး တစ်ဖက်ကို ပျံသွားကာ လေထဲ၌ ရှောင်ထွက်လိုက်သည်။

"ရွှင်း!"

အေးစက်သော အလင်းတန်းနှစ်ခုက သူ့အား ထိုးဖောက်ဝင်ရောက်လုနီးနီး ဖြတ်သွားခဲ့သည်။ အအေးဓာတ်နှစ်ခုသည် မိုင်ရာနှင့်ချီ၍ ပျံသန်းကာ ကောင်းကင်ယံကို စောင်းပြီးမှ ပျောက်ကွယ်သွားခဲ့သည်။

ကျူးရှို့ချိုင်ရဲ့ နှလုံးခုန်သံ ဗုံတီးသံကြီးလို မြည်လျက်။

"ထင်ထားသလောက် ချောမွေ့နေပုံမပေါ်ဘူး..."

ခဏအကြာတွင် ချန်ရှီ တစ်ယောက်တည်း ကမ္ဘာငယ်လေးထဲမှ ထွက်လာသည်။ မျက်လုံးတစ်ဖက် ရောင်ရမ်းကာ မည်းနက်လာသည်။

"အိုး အရိုက်ခံလိုက်ရတယ်ဟ!" ကျူးရှို့ချိုင်က ရယ်လျက်။

ချန်ရှီက ရှက်ရွံ့စွာဖြင့် ပြန်ပြောသည်။

"ဆရာ ကျွန်တော့်ကို မနှောင့်ယှက်ပါနဲ့"

ကျူးရှို့ချိုင်က ရယ်မောရင်း :"မင်းထွက်သွားပြီးတဲ့နောက်မှာ တစ်ယောက်ယောက်က ငါတို့ရဲ့ ကျောက်စိမ်းတံဆိပ်နဲ့ ထီးကို ခိုးယူဖို့ ကြိုးစားလို့ အရိုက်ခံရတယ်... တိုက်ဆိုင်လိုက်တာ... မင်းမျက်လုံးက ဒဏ်ရာနဲ့ အတူတူပဲ"

ချန်ရှီ သက်ပြင်းသာ ချလိုက်သည်။

"သူ့ကိုရိုက်ပြီးတော့ သူထပ်လုပ်ဖို့ သတ္တိရှိလားလို့ ငါ မေးလိုက်သေးတယ် တစ်ဆယ်လေး မင်းရော သူ လုပ်ရဲမယ်ထင်လား"

"လုပ်ရဲတယ်!"

ချန်ရှီ ပြတ်ပြတ်သားသားပဲ ပြန်ပြောသည်။ ကျူးရှို့ချိုင်က ဟက်ဟက်ပက်ပက် ရယ်မောလေသည်။

"ကောင်းလိုက်တာ မင်းမှာ သတ္တိတွေ ရှိတာပဲ... ငါတို့ ပညာရှင်တွေက ဇွဲလုံ့လနဲ့ အလျှော့မပေးဘဲ လုပ်နေကြတာပဲ!"

အားပေးအားမြှောက်ပြုရင်း ချန်ရှီ ရယ်မောကာ ခရီးဆက်သွားသည်။

"ဆရာကြီးက 'အစားအသောက်နဲ့ လိင်က လူ့သဘာဝပဲ' လို့ ပြောခဲ့တယ်... ပညာရှင်တွေအနေနဲ့ ကွန်ဖြူးရှပ်ရဲ့ သွန်သင်ချက်တွေကို လိုက်နာကျင့်သုံးသင့်တယ် ဟေး ကျ​နော့်ရဲ့ ဖန်ချောင်းက ပိုအားကောင်းလာပြီ!"

"ဒါက ကျင့်ကြံနည်းပဲ တစ်ဆယ်လေး...မင်းရဲ့ လေ့လာမှုတွေကို လေ့ကျင့်ရင် မင်းရဲ့ ကျင့်ကြံမှုက တိုးတက်မယ်... မင်း လုံ့လစိုက်ထုတ်ရင် သာမာန်လူတွေကို ကျော်သွားလိမ့်မယ်"

"ဆရာ့ရဲ့ သွန်သင်မှုကို ကျေးဇူးတင်ပါတယ်"

ဘုံကျောင်းငယ်လေးထဲက နတ်သမီးရှောင်သွမ့်မှာ ဤဆရာနှင့် တပည့်ဆက်ဆံရေးသည် သိက္ခာမဲ့သည်ဟု တွေးကာ ရှက်ရွံ့ထိတ်လန့်လာသလို ခံစားခဲ့ရသည်။ နောက်ဆုံးတွင် ကွန်ဖြူးရှပ်က ဤအရာကို သင်ပေးရဲ့လားဟု တွေးရပြန်သည်။

သူမ မဖတ်ခဲ့ဖူးလို့ သူပြောသည့်အတိုင်း ဟုတ်မဟုတ် မသိပါ။ ယခုတစ်ကြိမ် ဖန်ချောင်းကို သန့်စင်ပြီးနောက် အလောင်းနတ်သုံးဆူသည် ယင်နတ်ဘုရားသုံးပါးအဖြစ်သို့ ပြောင်းလဲသွားပြီး ချန်ရှီ၏ ကျင့်​ကြံမှုအရှိန်သည် အံ့ဩဖွယ်ရာ တိုးမြင့်လာခဲ့သည်။ အလောင်းနတ်သုံးပါးသည်လည်း ဆက်လက်၍ အားကောင်းလာပြီး အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။

နတ်သမီးရှောင်သွမ့်​လည်း အကျိုးကျေးဇူးရရှိခဲ့ပါ၏။ သူမရဲ့ ကျင့်ကြံမှုတွေ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကာ ဘုရင်ကျန်းရဲ့ နန်းတော်ကိုးခုကြောင့် ရလာသော ထိခိုက်ဒဏ်ရာများ တဖြည်းဖြည်း လျော့နည်းလာသည်။ ရှောင်သွမ့်ရဲ့ မှတ်ဉာဏ်များကတော့ သူ့ကို မကြာခဏ စိတ်ရှုပ်ထွေးစေပြီး မှတ်ဉာဏ်ချို့ယွင်းမှုတွေပါ ခံစားလာရစေသည်။

တစ်ခါက သူမ ကြောင်တက်တက်ဖြင့် ဘုံကျောင်းငယ်လေးမှ ထွက်လာပြီး ချန်ရှီကို ခင်ပွန်း ဟုခေါ်ခဲ့သည်။ ချန်ရှီကလည်း သူ့ညီမ ရှောင်သွမ့်ပဲလို့ သူမကို အထင်လွဲခဲ့သည်။ အချိန်အတော်ကြာအောင် ချန်ရှီ ထူးထူးခြားခြား ဘာမှ သတိမထားမိခဲ့။

သူမကသာ ပထမဆုံး သတိပြန်ဝင်ကာ ဘုံကျောင်းထဲ အမြန်ပြန်ဝင်ကာ သူမ၏နှလုံးခုန်သံများကို ထိန်းလိုက်ရသည်။

ထိုနေ့တွင် ချန်ရှီသည် ဘုံကျောင်းတစ်ခုမှ အခြားနတ်တစ်ပါးကို ရှင်ပြန်ထမြောက်စေခဲ့သည်။ ရုတ်တရက် နတ်ရောင်ဝါများ ပျံ့လွင့်သွားပြီး ဘေးတစ်ဖက် တစ်ချက်စီမှာ တတိယဘုံကျောင်းလေးတစ်ခု ပေါ်လာ၏။ နတ်သမီးရှောင်သွမ့် ထိုင်နေရာ ဘုံကျောင်းက အလယ်တွင် ထိုင်ကာ ရိုးရှင်းသော ဘုံကျောင်းပုံစံဖြစ်သည်။

ချန်ရှီ အံ့ဩသွားသည်။ သူ၏ တန်ခိုးကြီးသော ဝိညာဉ်စွမ်းအင်ကြောင့် ဘုံကျောင်းငယ်များလည်း ယခင်ကထက် ကြီးထွားလာခဲ့သည်။ ဘုံကျောင်းအသစ်နှင့် နတ်ကွန်းအပိုတစ်ခု ပေါက်လာသည်။ မူလဘုရားကျောင်းများသည် ၎င်းတို့ထဲက နတ်ကွန်း သုံးခုပြည့်သွားသည်နှင့်အမျှ ဘုရားကျောင်းအသစ်တစ်ခု ကြီးထွားလာဦးမည် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူထမြောက်ခဲ့သော နတ်ဘုရားကို သိုင်းသူတော်စင် ကောင်းကင်အရှင် ရှစ်ကန့်တန်း ဟုခေါ်ပြီး သူ၏ နတ်ဘုရားပုံစံက ပုံဖော်နေဆဲဖြစ်သည်။ ချန်ရှီ ရှစ်ကန့်တန်းကို သူ့ကိုယ်ပိုင်ဘုံကျောင်းထဲ မထည့်သွင်းရသေးပေ။

"ရှင်ပြန်ထမြောက်လာတဲ့ နတ်ဘုရားတွေရဲ့ အမွှေးနံ့သာနဲ့ စွမ်းအင်တွေ ပိုအားကောင်းလာပြီးရင် ငါ့ဦးခေါင်းနောက်က ဘုံကျောင်းကလည်း ဘုံကျောင်းအသစ်တွေ ပေါက်ထွက်လာတာ ဖြစ်နိုင်ပါ့မလား"

ချန်ရှီ တွေးတောလိုက်သည်။ သူသည် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံး သာမက နတ်ဘုရားများကို ဘွဲ့အပ်နှင်းနိုင်သော အာဏာရှိသည်။ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးသည် တော်ဝင်အာဏာကို ကိုယ်စားပြုသော်လည်း တော်ဝင်အာဏာတစ်ခုတည်းက နတ်ဘုရားများကို အပ်နှင်းရန် မလုံလောက်ပါ။ ဘုံကျောင်းက မြင့်မြတ်သော အခွင့်အာဏာဖြစ်သည်။

နတ်ဘုရားလို တန်ခိုးနှင့် တော်ဝင်အာဏာ စည်းလုံးညီညွတ်မှု ရှိမှသာလျှင် မြေကြီးပေါ်ရှိ နတ်ဘုရားများကို ဘွဲ့တံဆိပ် အပ်နှင်းနိုင်မည်ဖြစ်သည်။ ဟွာရှရှန်ကျိုး တိုက်ကြီး၏ နတ်ဘုရားများကို သူက ပြန်လည်ရှင်သန်လာ​စေခဲ့ပြီး ၎င်းတို့စုဆောင်းထားသော အမွှေးနံ့သာနှင့် စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ဘုံကျောင်းငယ်အတွင်းသို့ ပို့ဆောင်ကာ တဖြည်းဖြည်း ကြီးထွားလာစေသည်။

ထို့အပြင် နတ်ဘုရားများ ရှင်ပြန်ထမြောက်လာသည်နှင့်အမျှ ဘုံကျောင်းငယ်လေးသို့ နံ့သာပေါင်းနှင့် စွမ်းအင်များ တိုးပွားလာကာ တတိယဘုံကျောင်းငယ်လေး၏ ကြီးထွားမှုသည် တဖြည်းဖြည်း အရှိန်ရလာသည်ကို ချန်ရှီ သတိပြုမိသည်။

"ကျွန်​​တော့်​ရဲ့ ​ကန့်ညောင် အသက်​ပြန်​ရှင်​​လာတော့မယ်​ ထင်​တယ်​!"

သူ သိသိသာသာ စိတ်လှုပ်ရှားနေမိ၏။ ကျောက်ပြားပေါ်ထက် နောက်ဆုံးတွင် ကန့်ညောင်၏ မျက်နှာအစစ်ကို သူမြင်နိုင်တော့မည်။

.........

တောင်တစ်သောင်း၊ မြင့်မားသော တောင်တန်းများတွင် ချန်ထန် ချန်ယန်တောင်တန်းအရှင် ဘုံကျောင်းမှ ထွက်ခွာပြီး မြင့်မားသော တောင်ကုန်းတစ်ခုအနီးသို့ ရောက်ရှိလာခဲ့သည်။ မျှော်ကြည့်လိုက်တော့ တောင်ထိပ်က ပန်းရောင်တောက်တောက်တွေနဲ့ မိုးမခပင်ဟောင်းက ထွက်လာတဲ့ ရောင်စုံရောင်ဝါ တစ်ထောင်ကို တွေ့လိုက်ရ၏။

သစ်ပင်အောက်ရှိ ကျောက်ပြားသည် တစ်ချိန်ချိန်တွင် မြေကြီးပေါ်မှ ထိုးတက်လာပြီး သစ်ပင်ရှေ့၌ ရပ်တည်နေသည်။ ကျောက်ပြားက တောက်ပကာ စကားလုံးများသည်လည်း တဖြည်းဖြည်း ပိုရှင်းလင်းလာသည်။

တစ်ချိန်တည်းမှာပင် ခါးအောက်ပိုင်းရှိ ဧရာမသတ္တဝါကြီးအချို့ လွတ်မြောက်လုနီးနီး ရုန်းကန်နေသလိုပင် တောင်ကုန်းက ဆက်လက်တုန်ခါနေခဲ့သည်။

ချန်ထန် အလွန်တုန်လှုပ်သွားကာ ကျောက်ပြားပေါ်မှယ ရေးထားသည်များကို ကြည့်ရှုရန် တောင်ပေါ်သို့ တက်ဖို့ ကြိုးစားခဲ့သည်။ ဒါပေမယ့် သူဆင်းသက်ပြီးတာနဲ့ ကမ္ဘာကြီးက သူ့အပေါ်ကို သက်ရောက်နေတဲ့ ကောင်းကင်ကြီးလို လွင့်စင်သွား၏။

သူ၏ လေ့ကျင့်မှု အဆင့်နဲ့တောင် ခေတ္တမျှ မတည်မငြိမ်ဖြစ်ကာ နောက်ဆုတ်လိုက်ရသည်။

"ကျောက်ပြားအောက်မှာ ဘာရှိ​နေတာလဲ"

ဒါကို သူတွေးပြီး ရုတ်တရက် အမွှေးနံ့သာရနံ့လို စိမ်းပြာရောင် အလင်းတန်းတွေက ပျံ့သွား၏။

ဒီအခြေအနေဟာ အချိန်အတော်ကြာတဲ့အထိ ဖြစ်​နေခဲ့သည်။ ချန်ရှီ ထွက်သွားကတည်းက တောင်ကုန်းက တဖြည်းဖြည်း ပြောင်းလဲလာသည်။ စိမ်းလန်းသော မြူခိုးငွေ့များသည် သစ်ပင်များအောက်၌ အမွှေးနံ့သာရနံ့ကဲ့သို့ ပိုထူထပ်ပြီးရင် ထူထပ်လာနေသည်။ အမွှေးတိုင်များ ကြီးထွားလာသည်နှင့်အမျှ ၎င်းသည် အပြာရောင်အလင်းနှင့် နတ်ရောင်ဝါအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

တစ်ခါတရံတွင် နတ်ဘုရားများ၏ ရွတ်ဆိုသံကဲ့သို့ ဆိတ်ကွယ်ရာအရပ်မှ ထွက်ပေါ်နေသော နတ်တို့၏ တီးတိုးသံကို မထင်မရှား ကြားရသည်။ နားလည်ရခက်သော တောင်ပေါ်တတ်ဘုရား၏ ဘုန်းတန်ခိုးအာနုဘော်ကို ချီးမွမ်းသော သူတို့၏ ဟန်ပန်အမူအရာများကို ကြားရတတ်သည်။

ချန်ထန်ဟာ ထိုအချိန်မှစ၍ တောင်ပေါ်ရှိ အပြောင်းအလဲများကို လိုက်ကြည့်နေခဲ့ပြီး မကြာသေးမီ ရက်များအတွင်း ၎င်းတို့က အရှိန်အဟုန်ဖြင့် ပြောင်းလဲလာသည်ကိုလည်း သတိပြုမိသည်။

"တစ်ဆယ်လေးရဲ့ ကန့်ညောင် အသက်ပြန်ရှင်လာနိုင်တယ်"

သူ တိုးတိုးလေး ပြောလိုက်သည်။

ကောင်းကင်မှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဒီမှာ နှင်းဆီရောင် တိမ်တိုက်တွေက တစ်နေ့ထက်တစ်နေ့ ပိုတောက်ပလာပြီး ငလျင်တွေ အဆက်မပြတ် ဖြစ်ပေါ်နေတယ်လို့ ကောင်းကင်နားစွင့်သူတွေ မှတ်တမ်းတင်ထားကြတယ်...ဝူကျို့ ရထားလုံး ရပ်လိုက်!"

ချန်ထန် အသံ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ရာ ကောင်းကင်မှ ရထားတစ်စီး ချဉ်းကပ်လာ​မေသည်ကို တွေ့လိုက်ရသည်။ အနှီရထားလုံးကို ချီလင်တစ်ကောင်က မောင်းနှင်လာပြီး ၎င်း၏ကိုယ်ထည်မှာ စိမ်းမြရောင်ခြယ်ထားသည်။ ဘီးများကို နီညိုရောင်၊ မျက်နှာစာတွင် စဉ့်ကြွပ်များဖြင့် ဖုံးအုပ်ထားတာကြောင့် တကယ့်ကို ဇိမ်ခံမြင်ကွင်းတစ်ခုလိုပါပဲ။

ရထားလုံးပေါ်၌ လူနှစ်ဦး လိုက်ပါလာခဲ့သည်။ တစ်ယောက်က စိတ်ပျက်ဖွယ်ကုန်းစောင်းက တပည့်တစ်ဦးဖြစ်သည့် ကျွမ်းဝူကျို့ ဖြစ်ပြီး ချန်ထန် ယခင်ကတစ်ကြိမ်က တွေ့ဆုံခဲ့ဖူးသည်။

ကျန်တစ်ဦးမှာ တင့်တယ်သော၊ ပေါ့ပေါ့ပါးပါး၊ ချယ်လှယ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး တင့်တယ်သော မင်းဆက်စတိုင်ကို အမှတ်ရနေစေသည့် အမူအယာရှိသူ လူငယ်တစ်ဦးဖြစ်သည်။

သူသည် ငယ်ငယ်ရွယ်ရွယ်နဲ့မို့ ကျွမ်းဝူကျို့ထက် နှစ်အနည်းငယ်သာ အသက်ကြီးလောက်မည်လို့ ထင်ရပေမယ့် ချန်ထန်ကတော့ ကြောက်စရာကောင်းတဲ့ ဖိအားကို သိသိသာသာ သတိပြုမိပါသည်။

ဒီဖိအားကြောင့် သူ့သစ်သားသေတ္တာလေးကို ချက်ချင်း ပြန်ထုတ်လိုက်ပြီး အချိန်မရွေးဖွင့်ဖို့ အသင့်ဖြစ်နေပါပြီ။

သူ့ကျန်လက်တစ်ဖက်က ခါးက ဓားရှည်ကို ဆုပ်ကိုင်ထားသည်။ သို့သော် အနှီဓား၏ချွန်ထက်သောအစွန်းသည် စစ်မှန်သောဓား မဟုတ်ပေ၊ ၎င်း၏ အတုအယောင်နယ်မြေ ရောင်ပြန်ဟပ်မှု တစ်ခုသာ ဖြစ်သည်။ သူသည် ဓားရေးထုံးတမ်းများကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး ဘုံများကို ထိုးဖောက်ကာ ကျယ်ပြန့်သော နယ်ပယ်များကို ဖွင့်ပေးနိုင်သော ဓားစွမ်းအင်ကို မွေးမြူထားခဲ့သည်။ ဓားထဲမှာ ဓားသိုင်းတွေ ဖုံးအုပ်ထားလို့ ဖျက်ဆီးလို့ မရပါဘူး။

ဒါပေမယ့် ဒီလူငယ်နဲ့ ရင်ဆိုင်ရတဲ့အခါ သူ လုံး၀ မသေချာသလို ခံစားနေရ၏။ ဒီလူငယ် သူ့အပေါ် တွန်းအားပေးတဲ့ ဖိအားက သူကြုံဖူးသမျှနဲ့ မတူချေ။

"သူက အမတလား?"

ချန်ထန် အမူအရာမှာ မပြောင်းလဲခဲ့။ သူ့အပေါ် ဤကဲ့သို့ ကြောက်စရာကောင်းသော ဖိအားကို ပေးစွမ်းနိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် အမတ သို့မဟုတ် ဖန်တီးခံရှောင်ဝူကဲ့သို့ စိတ်ဖောက်ပြန်သူ ဖြစ်နိုင်သည်ဟု အတွင်းစိတ်တွင် ထင်မြင်ခဲ့သည်။ သို့သော် ဤလူက အမတ ဖြစ်သည်ဟူသော အယူအဆကိုတော့ အမြန်ပယ်ချခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လူငယ်လေး၏ ခေါင်းနောက်တွင် အလင်းထီးဆောင်းထားသည်ကို မြင်လိုက်ရသောကြောင့်ပင်။ ဤအပြာဖျော့ဖျော့ အလင်းထီးဆောင်းသည့် အရာမှာ လူငယ်၏ ကြီးမြတ်သော အတုအယောင် နယ်မြေဖြစ်သည်။

အတုအယောင်နယ်မြေကို သူ့ဦးခေါင်းနောက်က အလင်း ထီးဆောင်းတဲ့ အထိ ပြုစုပျိုးထောင်ခဲ့တာက ကြီးမြတ်ပြီး ပြည့်စုံတဲ့ အဆင့်ကို ရောက်ပြီး ဘယ်အချိန်မဆို အမတအဆင့်ကို ရောက်သွားနိုင်တယ် ဆိုတာ ညွှန်ပြနေပါ၏။

ချန်ထန်မှာ ဤမျှ ပြီးပြည့်စုံသော မဟာယာနနယ်ပယ်ကို တစ်ခါမျှ မမြင်ဖူးပါ။

"စိတ်ပျက်ဖွယ်ကုန်းစောင်းက ဆရာကြီး! အမတ မဟုတ်ဘူး အမတထက် သာလွန်တယ်!"

"သူ့ရဲ့ အကြံအစည်က တစ်ဆယ်လေးရဲ့ ကန့်ညောင်ကို အန္တရာယ်ပြုဖို့ စီစဉ်နေတာ ဖြစ်မယ်... ငါက သူ့အတွက် ပြိုင်ဘက် ဖြစ်ပါ့မလား.. ငါ့မှာ အ​ဆောင်နတ်ထျန်းကျီး ၃၇ ကောင်ပဲ ရှိတယ်။ သူ့ကို ကောင်းကင်ဘုံလျှို့ဝှက်ချက်က နှိမ်နင်းနိုင်ပါ့မလား"

လူငယ်က သူ့အောက်က တစ်ယောက်ယောက်ကို သတိထားမိပါသည်။ သူက ချန်ထန်ကို အဝေးကနေ ခေါင်းညိတ်ပြပြီး။

"တာအိုချန်ထန်... မစိုးရိမ်ပါနဲ့ ငါ မင်းကို ဘာမှ အန္တရာယ် မပြုဘူး... မင်း စိတ်မဆိုးရင် ငါတို့ လှည်းပေါ်မှာ စကားပြောလို့ရတယ်"

ချန်ထန် တခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် လက်တစ်ဖက်တည်းမှ သေတ္တာကို ကိုင်ဆောင်ကာ ကြွေပြားကပ်ထားသော ဆီဒင်ကုလားထိုင်ပေါ်သို့ တက်သွားပြီး ရထားထဲသို့ လှမ်းဝင်လိုက်သည်။

"ကျုပ်ကို ဘယ်လိုမှတ်မိလဲ"

လူငယ်က သူ့သတိကို ပယ်ချလိုက်သည်။

"ကောင်းကင်နားစွင့်သူတွေက မြေအောက်ကမ္ဘာကနေ တောင်ကုန်းကို အနီးကပ် စောင့်ကြည့်နေကြတာ... တောင်ကုန်းက မကြာသေးမီ ရက်ပိုင်းအတွင်းမှာ သိသိသာသာ ပြောင်းလဲမှုတွေ တိုးလာတာကို သတိပြုမိတယ်လေ.. ဒါကို စုံစမ်းနေတုန်း ခင်ဗျားအကြောင်းလည်း မှတ်တမ်းတင်ထားပါတယ်...ကျုပ် ဒီနေရာကို မရောက်ခင် ခင်ဗျားအချက်အလက်တွေကို ရှာဖွေခဲ့သေးတယ်... ခင်ဗျားက အရည်အချင်းရှိသူပါ... သတင်းအချက်အလက် အများစုက ကောင်းကင် နားစွင့်သူတွေရဲ့ မှတ်တမ်းထဲမှာ ရှိနေပါတယ်..."

ချန်ထန် အနည်းငယ် ဦးညွှတ်ပြီး :"ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"

လူငယ်က ပြုံးပြီး: "ကျုပ်ရဲ့ မျိုးရိုးနာမည်က ယွီ.. ချောင်ပိုင် လို့ ခေါ်ပါတယ်.. စိတ်ပျက်ဖွယ်ကုန်းစောင်းက လာခဲ့တာပါ... ဒါကတော့ တစ်ချိန်က မင်းလက်ချက်နဲ့ ခံခဲ့ရတဲ့ ငါ့တပည့် ကျွမ်းဝူကျို့"

ကျွမ်းဝူကျို့က ချန်ထန်ကို စူးရှသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

"ဒါပေမယ့် ဒီတစ်ခါတော့ ထပ်ပြီးဒုက္ခမပေးတော့ပါဘူး...ကျနော် လူကြီးမင်းချန်ကို ထပ်စိန်ခေါ်ဖို့ စိတ်အားထက်သန်နေပါတယ်!"

ယွီချောင်ပိုင်က ပြုံးပြီး :"အလျင်လိုနေစရာ မလိုပါဘူး... တာအိုချန်ရော ဒီလျှောစောက်တောင်ကုန်းရဲ့ ဇစ်မြစ်ကို သိလား"

ချန်ထန် ခေါင်းယမ်းလိုက်သည်။

"ဘုရင်ကျန်းသင်္ချိုင်းမှာ ကြွေထည်ပြုလုပ်ဖို့ အဆင့်မြင့်တောင်ထွတ် မြေကိုယူဖို့ ဒီနေရာမှာ စုပုံထားတာလို့ ကြားမိတယ်..."

ယွီချောင်ပိုင်က ကျောက်ပြားနဲ့ မိုးမခပင်ဟောင်းကို ကြည့်ပြီး ခေါင်းခါလေသည်။

"သင်္ချိုင်းဆောက်ဖို့ အဆင့်မြင့်တောင်ထွတ် ရွှံ့ကို သုံးလို့မရဘူး... ဒီတောင်ကုန်းကို ပျော့ပျောင်းတဲ့ မြေတွေနဲ့ ဖုံးလွှမ်းထားပြီး ကျောက်ပြားကလွဲပြီး ဘာကျောက်မှ မရှိဘူး စစ်မှန်ဘုရင်ကျန်းခေတ်မှာ ဧကရာဇ်ကျူးတိက အနောက်နွားရှင်းကျိုးရဲ့ စစ်မှန်တဲ့ဘုရင်အဖြစ် ကျူးမျိုးရိုး လူငယ်တစ်ဦးကို တော်ဝင်အာဏာကျင့်သုံးဖို့ အနောက်တိုင်းဘုရင် ကျောက်စိမ်းတံဆိပ်တုံးကို အတုလုပ်ခဲ့တယ်လို့ ဒဏ္ဍာရီတွေအရ သိရတယ်... တော်ဝင်အာဏာက လူသားနဲ့ ကမ္ဘာမြေကြီး​ပေါ်က ကိစ္စ​တွေကို အုပ်ချုပ်တယ်... တစ်ချိန်တည်းမှာပဲ ဧကရာဇ်ချန်ကျူ ကျူးတိက မြေကြီးပေါ်က နတ်ဘုရားနဲ့ နတ်သမီး​တွေ အားလုံးကို အုပ်စိုးဖို့အပြင် မရဏကမ္ဘာကို အုပ်စိုးဖို့ ကြီးမားတဲ့ နတ်ဘုရားကိုလည်း ရှာဖွေခဲ့တယ်"

"သူက အဲဒါကို ဖိတ်ခေါ်တယ်... အရှင်ဧကရီရဲ့ ကိုယ်ပွားရုပ်ပွားတော်က ရှင်းကျိုးအပေါ်မှာ ဆင်းသက်လာပြီး နတ်ဘုရားအာဏာကို ကျင့်သုံးဖို့ ပြည်နယ်ငါးဆယ်ရဲ့ မြေပုံတွေကို ပြုပြင်ပြီး နတ်ဘုရားအားလုံးကို နေရာပေးလိုက်တယ်...."

သူက အမျှော်အမြင်ကြီးဟန် ရှိသော ကျောက်စာတုံးပေါ်သို့ စိုက်ကြည့်ကာ စကားဆက်လိုက်သည်။

“အဲဒီအရှင်ဧကရီက ဧကရာဇ်နဲ့ ယှဥ်နိုင်တယ်.. ခံတပ်ကိုးခု၊ မြေဧကရာဇ်သုံးဆယ့်ခြောက်ပါး၊ ကုန်းနေနတ်ဘုရား၊ တောင်နတ်ဘုရား၊ မြို့နတ်ဘုရား၊ ပြည်နတ်ဘုရား၊ ရေတွင်းနတ်ဘုရား၊ တံခါးနတ်ဘုရား၊ မြေအောက်က ဆိတ်ငြိမ်တဲ့မြို့တော်က မရဏကမ္ဘာရဲ့ နတ်ဘုရား​နေရာဖြစ်ပြီး တန်ခိုးစွမ်းအားက ကြီးမားတယ်..."

"သူမကို မြေဧကရာဇ်ဟုတ်ထူ၊ တိထူအရှင်ဧကရီ၊ မြေမိခင်ဝိညာဥ်အရှင်မနဲ့ အရှင်မဟုတ်ထူလို့လည်း လူသိများတယ်"

All Chapters