← Chapters

အစ်ကိုဝူ

Vol. 31 Ch. 440

အစ်ကိုဝူ

Vol. 31 Ch. 440

ချန်ထန်မျက်နှာက မည်းမှောင်သွားပြီး ဖန်တီးခံရှောင်ဝူအား ရန်သူကို စိုက်ကြည့်နေသလိုမျိုး စိုက်ကြည့်နေသည်။

ဖန်တီးခံရှောင်ဝူ: "မင်းသေတ္တာကို မဖောက်ရသေးဘူးလား ငါ့အကူအညီ လို​​သေးလား"

"မလိုဘူး!"

ချန်ထန် သူ့စကားကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ပြီး ဘော ဆက်ပြီး ဖောက်လိုက်တယ်။ သို့သော် ဖန်တီးခံရှောင်ဝူက ကြင်နာဟန်ဆောင်ပြီး။

"ဒါကိုအရင်လုပ်... ပြီးရင် ဒီဟာ... မှားတယ် မှားတယ်။ မင်း ဒါကိုအရင်လုပ်ရမယ် ပြီးရင် ဒါ..."

ချန်ထန် သေတ္တာကို ဖယ်လိုက်ပြီး ဒေါသတကြီးနဲ့ အော်ဟစ်လိုက်၏။

"ချန်ဝူ မင်းမပြီးသေးဘူးလား"

ဖန်တီးခံရှောင်ဝူရဲ့ မျက်လုံးများက ပြင်းထန်သော အပြုံးဖြင့် တောက်ပနေကာ။

"မင်းငါ့ကို ဒီလိုပြောရဲတယ်ပေါ့ ဘာလဲ ငါက မင်းအစ်ကိုပဲ.. မင်းကို ငါသတ်လိုက်ရင် ငါတို့ချန်မိသားစုလည်း အရှက်ကွဲမှာ မဟုတ်ဘူး"

သူသည် အသေးစိတ် အချက်အလက်များကို ရွတ်ဆိုရင်း သူ့လက်ချောင်းများကို ဖြတ်ကာ

"ငါ့အဖေ ချန်ယင်တူး၊ ငါ ချန်ဝူ၊ ငါ့သား ချန်ရှီ၊ ငါတို့က သုံးယောက်ကပဲ မိသားစုအမှန်..."

ချန်ထန် ဒေါသထွက်သွားသည်။

ဖန်တီးခံရှောင်ဝူကတော့ ၎င်းကို တွေးတောရင်း သူ့ကိုယ်သူ ပိုနှစ်သက်လာသည်။

"ဒါ အကြံကောင်းပဲ ကျန်တဲ့သူတွေက ဉာဏ်မကောင်းတဲ့သူတွေ..."

သူလုပ်ဆောင်ခါနီးမှာ ရုတ်တရက် ကလစ်တစ်ချက် နှိပ်လိုက်တာနဲ့ ချန်ထန်က သေတ္တာကို ဖွင့်လိုက်ရာ အထဲမှာ အဆောင်နတ်ထျန်းကျီး ၃၇ ကောင် ပေါ်လာသည်။ အရုပ်တစ်ရုပ်က သေတ္တာထဲမှ ခေါင်းကိုထုတ်လိုက်ပြီး လေထဲကို ရှူရှိုက်နေသည်။

"ဖန်တီးခံရှောင်ဝူ! ငါ့ခြေထောက်တွေကို စားသွားတဲ့ ဖန်တီးခံရှောင်ဝူ အနံ့ရလိုက်တယ်!"

၎င်းက သေတ္တာထဲက တွားသွားထွက်လာပြီး ဖန်တီးခံရှောင်ဝူကကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေတော့သည်။ အခြားအရုပ်များကလည်း ဖန်တီးခံရှောင်ဝူကို မုန်းတီးမှုတစ်ခုဖြင့် ဝိုင်းရံလျက် တွားထွက်လာသည်။

ဖန်တီးခံရှောင်ဝူ ပြုံးလိုက်ပြီး သူ့ရဲ့ လှုပ်ရှားချင်တဲ့ အတွေးတွေကို စွန့်လွှတ်လိုက်ပါတော့သည်။

"ချန်ထန် လူတိုင်းက ငါက ယုတ်မာတယ်လို့ ပြောကြပေမယ့် မင်းကသာ ငါတို့လေးယောက်ထဲမှာ အဆိုးဆုံးလို့ ငါထင်တယ်"

ချန်ထန် သေတ္တာကို မဖွင့်ထားခဲ့ပေ။ သူက ယွီချောင်ပိုင်ကို ငုံ့ကြည့်ရင်း လှည့်စားနေရုံသာ။ ယွီချောင်ပိုင် စိတ်အေးလက်အေး ဖြစ်နေချိန် သို့မဟုတ် ပြင်ဆင်မထားသောအခါ ချန်ထန်က ရုတ်တရက် နောက်ထပ်သေတ္တာကို ဆင့်ခေါ်ကာ ဖွင့်လိုက်ပြီး ယွီချောင်ပိုင်ကို နှိမ်နင်းရန် အဆောင်နတ်ထျန်းကျီး ၃၇ကောင်ရဲ့ နတ်တစ္ဆေနယ်မြေများကို တိုက်ရိုက်အသုံးပြုကာ တစ်ချက်တည်း ထိုးသတ်ပစ်လိုက်သည်။

ဤသည်မှာ ချန်ထန်၏ အကောင်းဆုံး တိုက်ပွဲပုံစံဖြစ်သည်။ ရန်သူကို တိုက်ခိုက်ရန် အားနည်းဟန် ဆောင်နေပြီးမှ စောင့်ကြပ်ဖမ်းဆီကာ အံ့အားသင့်စွာ သတ်ဖြတ်မည်။ ရှောင်ဝူ၏ထင်မြင်ချက်တွင် ၎င်းက ထိရောက်သော်လည်း ဤတိုက်ပွဲပုံစံသည် ဆွဲဆောင်မှုကင်းမဲ့ပြီး သူ့ကိုယ်ပိုင် နည်းထက် များစွာနိမ့်ကျသည်။

ယွီချောင်ပိုင်ရဲ့ ကျင့်ကြံမှုထဲက ချို့ယွင်းချက်အား လပေါင်းများစွာကြာအောင် ရှာဖွေတွေ့ရှိခဲ့ပြီး ငွေရောင် အပ်တစ်ချောင်းဖြင့် သူ၏ အတုအယောင်နယ်မြေကို ချိတ်ဆက်ကာ ခေါင်းနောက်ဘက်သို့ ထိုးဖောက်ပစ်ခဲ့သည်။ စိတ်အားထက်သန်စွာ အားထုတ်ခြင်းမရှိဘဲ စွမ်းအင်ချွေတာမှု အရှိဆုံးနည်းလမ်းဖြင့် ဤသခင်ကြီးကို အနိုင်ယူခဲ့သည်။

ဒါကမှ အနုပညာအစစ်ပင်။

ချန်ထန်: "မင်းထွက်သွားတာကြာပြီ ဘာသတင်းမှ မကြားရဘူး ချန်ရှီ မင်းကို အရမ်းလွမ်းနေတာ"

ဖန်တီးခံရှောင်ဝူက ခဏမျှ တိတ်ဆိတ်သွားပြီး ပြုံးလိုက်သည်။

"ချန်ထန် မင်းက ပိုဆိုးတယ်... မင်းငါ့ကို မိသားစုဆက်ဆံရေးနဲ့ ချည်နှောင်ဖို့ ကြိုးစားနေတာ... မင်းရဲ့လှည့်စားမှုထဲ ငါအကျမခံဘူးနော် ဒါပေမယ့် ငါ့သားစရိုက်က ငါ့နဲ့ ပိုနီးစပ်တယ်..."

ချန်ထန် သူ့လက်သီးတွေကို ဆုပ်ထားပြီး သူ့ကို စူးစူးစိုက်စိုက် ကြည့်နေ၏။ အကယ်၍ သူသာ သူ့ကို အနိုင်ယူနိုင်ခဲ့ပါက ဖန်တီးခံရှောင်ဝူကို ကောင်းကောင်း ရိုက်နှက်ပေးမိလိမ့်မည်။

သူ့တစ်သက်တာ အိပ်မက်မှာ ဖန်တီးခံရှောင်ဝူကို အနိုင်ယူရန် ဖြစ်သည်။ သူသည် ဖန်တီးခံရှောင်ဝူကို တစ်ကြိမ်သာ ဆုံးရှုံးအောင်လုပ်နိုင်သော်လည်း တစ်ဖက်သာရဲ့ညံ့ဖျင်းမှုကို ဝန်ခံခိုင်းရပါက အလွန်ဝမ်းသာပြီး ကျေနပ်နေလိမ့်မည်။ သို့သော် ဖန်တီးခံရှောင်ဝူနှင့်တွေ့တိုင်း သူအမြဲရှုံးနိမ့်ခဲ့သည်။ သူ့ကို အနိုင် မတိုက်နိုင်ခဲ့ပါ။

ချန်ထန် သူ့လက်သီးကို ဖြည်ကာ တောင်ကုန်းပေါ်ရှိ ကျောက်ပြားနှင့် မိုးမခပင်ဟောင်းကို ကြည့်နေသည်။

"အခု အရှင်မဟုတ်ထူ ပြန်ကောင်းလာပြီဆိုတော့ စိတ်ပျက်ဖွယ်ကုန်းစောင်းက သေချာပေါက် ပြန်လာမှာပဲ... အရှင်မဟုတ်ထူ မမျှော်လင့်ထားတဲ့ ဘေးဥပဒ်တစ်ခုနဲ့ ကြုံလာရမှာကိုပဲ ကြောက်ရတယ်"

ဖန်တီးခံရှောင်ဝူက အေးခဲနေသော နေရာတွင် ရပ်နေသော ယွီချောင်ပိုင်ကို ကြည့်လိုက်သည်။

"ငါ ခဏလောက် အချိန်ဆွဲပေးထားနိုင်ပါတယ် ကောင်းကင်နားစွင့်သူတွေက မျိုးဆက်သစ်လူငယ်တွေ... သက်ရှိကမ္ဘာကြီးကို အစကတော့ ကျွမ်းဝူကျို့က တာဝန်ယူပြီး ဝမ်းဝူယွီက မရဏကမ္ဘာကို တာဝန်ယူခဲ့တယ် အခု ယင်နဲ့ယန် ကမ္ဘာတွေ ပေါင်းစည်းသွားတဲ့အတွက် ကောင်းကင်နားစွင့်သူတွေကို ဒေသ 104 ခုခွဲပြီး ကျုံးဝူဝမ့်က ညှိနှိုင်းပေးခဲ့တယ်...."

ချန်ထန် မျက်မှောင်ကြုတ်ပြီး :"ကျုံးဝူဝမ့်?"

"သူက မွေးရာပါ တာအိုသန္ဓေသားကို အစားထိုး စိုက်ပျိုးခဲ့သူ... အရမ်းအစွမ်းထက်ပြီး အမတ အစွမ်းသတ္တိကို ပိုင်ဆိုင်ထားတယ်..."

"ငါ အရင်က သူ့ကို ချဉ်းကပ်ခဲ့ဖူးတယ်၊ ဒါပေမယ့် ရိုက်ဖို့ အခွင့်မသာခဲ့ဘူး အချိန်အတော်ကြာအောင် ရှာကြည့်တော့ အားနည်းချက်တစ်ခုဖြစ်တဲ့ သူ့နားကပ်တစ်ခုကိုပဲ ရှာတွေ့ခဲ့တယ်.. အဲဒီနားကပ်က အကြပ်အတည်းကာလမှာ သူ့ကိုကာကွယ်ပေးဖို့ ဝတ်ဆင်ထားတဲ့ လက်နက်တစ်မျိုး... ဒါပေမဲ့ နားရွက်မှာ လေးလံတဲ့ အရာတစ်ခု ရှိနေတော့ လှုပ်ရှားဖို့ ခက်ခဲစေတယ် သူ့ရဲ့နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အနည်းငယ်တော့ ထိခိုက်ခဲ့တယ်။ အဲဒါကြောင့် အဲဒါက အရေးကြီးတဲ့ အားနည်းချက်တစ်ခု ဖြစ်လာခဲ့တာ!"

သူသက်ပြင်းချလိုက်ပြီး :"ဒါပေမယ့် ငါ သူ့ကို နောက်ဆုံးတွေ့တုန်းကတော့ သူ့မှာ အားနည်းချက် မရှိတော့ဘူး ဆိုတာကို သိလိုက်ရတယ်... နားကပ်ကို ဆုတ်ဖြဲပြီး သူ့နားရွက်ကိုပါ ဖြတ်ပစ်လိုက်တယ် သူနာကြည်းနေတယ်လို့ ငါ ခံစားရတယ်။ တကယ့်ကို ပြီးပြည့်စုံတဲ့ အားနည်းချက်တစ်ခုပဲ... ဒါပေမယ့် မရှိတော့တာတော့ နှမြောစရာပေါ့...

ချန်ထန်: "မင်း ဘယ်လို အချိန်ဆွဲနေတာလဲ?"

"လှည့်မကြည့်နဲ့!"

ဖန်တီးခံရှောင်ဝူ၏ ရင်ဘတ်က ကျယ်လာစဉ် ရင်ဘတ်အရိုးများ အက်ကွဲသံကဲ့သို့ ထူးဆန်းသော အသံတစ်ခု သူ့နောက်မှ ထွက်ပေါ်လာသည်။ သို့မဟုတ် စိုစွတ်နေသော လည်ချောင်းတွင် အစာမျိုချနေသည့် အသံမျိုး။

ခဏအကြာတွင် ဖန်တီးခံရှောင်ဝူက ဆို၏။

"လှည့်တော့"

ချန်ထန် လှည့်ကြည့်လိုက်တော့ ကောင်းကင်လမ်းလျှောက်သူ ယွီချောင်ပိုင်က မတ်တပ် ရပ်နေတာကို တွေ့လိုက်ရတယ်။ ဖန်တီးခံရှောင်ဝူကတော့ ပျောက်ကွယ်သွား​ပြီ။

ယွီချောင်ပိုင်ရဲ့အသံက ဆက်ပြောပြနေသည်။

"အခုအချိန်မှာ ကျုံးဝူဝမ့်က တံခါးပိတ်ကျင့်ကြံပြီး အောင်မြင်မှုတွေနဲ့ အမတဘဝကို ရောက်နေတယ်... ကောင်းကင်နားစွင့်သူတွေ အရှင်မဟုတ်ထူ တည်ရှိတဲ့သတင်းကို ကျွမ်းဝူကျို့ဆီ သတင်းပေးလို့ ယွီချောင်ပိုင်ဆီ သတင်းရောက်သွားတာ.. အဲဒါကြောင့်မို့လို့ ယွီချောင်ပိုင်က ဒီကိုလာစုံစမ်းတာ... တခြား ကောင်းကင်နားစွင့်သူနဲ့ ကောင်းကင်လမ်းလျှောက်သူ အမတတွေကြားထဲ မရောက်​သေးဘူး..."

ချန်ထန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ကျုံးဝူဝမ့်သာ တံခါးပိတ်ကျင့်ကြံထားတာကနေ ထွက်နိုင်ခဲ့ရင် မင်းရဲ့ ချို့ယွင်းချက်တွေကို သူမြင်နိုင်လိမ့်မယ်"

ယွီချောင်ပိုင်၏ အသံသည် သိမ်မွေ့စွာ ပြောင်းသွားပြီး သူက ပြုံးကာ :"သူ့မှာ မွေးရာပါတာအိုသန္ဓေသား ပိုင်ဆိုင်ထားပေမယ့် ခွန်အားနဲ့ ယှဉ်လို့တော့ မရဘူး သူ ပေါ်လာရင်တောင်မှ အပြစ်ကင်းစင်စွာ လုပ်ဆောင်မှာပဲ... သူ ဘာကိုမှ ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး"

သူသည် ကျုံးဝူဝမ့်လို အယောင်ဆောင်ကာ စိတ်ပျက်ဖွယ်ကုန်းစောင်းတွင် သုံးနှစ်နီးပါး လည်ပတ်နေခဲ့ပေမယ့် ဘယ်သူမှသူ့ကို ရှာမတွေ့ခဲ့ပေ။ ၎င်းသည် သူ၏ အတုခိုးခြင်းစွမ်းရည်ကို ထင်ရှားစွာ ပြသနေ၏။

ချန်ထန် လှည့်ကြည့်လိုက်ပြီး :"ယွီချောင်ပိုင် ဘယ်မှာလဲ"

သူ့ရှေ့က ယွီချောင်ပိုင်က နှုတ်ခမ်းတွေကို သပ်လိုက်သည်။

"သူဘယ်​ရောက်သွား​ပြီလို့ ထင်လဲ"

ချန်ထန် ထိုမေးခွန်းကို မဖြေတော့ပေ။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်က စိတ်ပျက်ဖွယ်ကုန်းစောင်းမှာ မင်းဘာတွေရှာတွေ့ခဲ့လဲ"

ယွီချောင်ပိုင်က ခေါင်းယမ်းလေ၏။

"ကျွမ်းဝူကျို့က ကောင်းကင်လမ်းလျှောက်သူ ရဲ့ တပည့်တစ်ယောက်ပဲ သူတွေ့တာ နည်းတယ် စိတ်ပျက်ဖွယ်ကုန်းစောင်းမှာ မသေနိုင်တဲ့ကောင်တွေ ရှိတယ်ဆိုတာတော့ ငါသိတယ် သူတို့က တာအိုနဲ့ လိုက်လျောညီထွေရှိပြီး ကောင်းကင်နဲ့မြေကြီးထဲက နတ်ဆိုးတွေကြောင့် ညစ်ညမ်းသွားမှာကို စိတ်ပူစရာမလိုဘူး... သူတို့အထက်မှာ တစ်စုံတစ်ယောက်ရှိတယ် ဆိုတာလည်း သိလာတယ်... အဲ့လူက စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ ထိပ်တန်းခေါင်းဆောင်ဖြစ်ပြီး မြင့်မြတ်သောအာဏာကို ပိုင်ဆိုင်ထားတယ်လို့ ပြောတယ်... ဒဏ္ဍာရီမှာ ကောင်းကင်အထက်က နတ်ဘုရားကို ရင်ဆိုင်နိုင်ပြီး ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဆောင်နိုင်တယ်လို့ ဆိုသည်။

ချန်ထန် ခဏလောက် တုံ့ဆိုင်းသွားပြီး :"ငါ့အမေ တကယ် စိတ်ပျက်ဖွယ်ကုန်းစောင်းမှာလား"

ယွီချောင်ပိုင်လည်း တုံ့ဆိုင်းသွားသည်။

"မင်းအမေကဘယ်သူလဲ​တော့ မသိဘူး"

ချန်ထန် အံ့အားသင့်သွားသည်။

"ငါ့အဖေ စိတ်ပျက်ဖွယ်ကုန်းစောင်းက ထွက်သွားပြီး သိပ်မကြာခင်မှာပဲ မင်းကို လူတစ်ယောက်က ဟွမ်ဖောရွာကို လိုက်ပို့ပေးတယ်... အဲ့တုန်းက အဖေက စိတ်ပျက်ဖွယ်ကုန်းစောင်းက ထွက်လာတာ ဆယ်လလောက် ရှိသွားပြီ... ဒါပေမယ့် ကောင်းကင်လမ်းလျှောက်သူ တစ်ယောက်အနေနဲ့ သက်ရှိကမ္ဘာကို လှည့်ပတ်နေတာ... ဒါကြောင့် မင်းအမေက စိတ်ပျက်ဖွယ်ကုန်းစောင်းက မဟုတ်ဘဲ အပြင်ကလူတစ်ယောက် ဖြစ်နိုင်တယ်... ယွီချောင်ပိုင်က မင်းကိုစိတ်ရှုပ်အောင် ပြောနေခဲ့တာ ဖြစ်နိုင်တယ်..."

ချန်ထန် ပြုံးတစ်ဝက်၊ ငိုတစ်ဝက်ဖြင့် ခေါင်းခါလိုက်သည်။

"ဒီလူယုတ်မာ ချန်ယင်တူး... ဘာတွေ မိုက်မဲခဲ့တာလဲ?"

ယွီချောင်ပိုင်ရဲ့မျက်နှာက မှုန်ကုပ်ကုပ်နဲ့ :"ချန်ထန် ငါ့အဖေကို ယဉ်ကျေးသိမ်မွေ့တဲ့ စကားတွေ ပြောသင့်တယ် နောက်ဆုံးတော့ သူက မင်းအဖေအရင်းပဲ"

ချန်ထန် ဟစ်အော်လိုက်ပြီး သူ့စကားကြောင့် အနည်းငယ် ငြီးတွား​ပြလိုက်သည်။

"ငါ စိတ်ပျက်ဖွယ်ကုန်းစောင်းကို ပြန်တော့မယ်.. မင်းက ရထားလုံးထဲမှာ ဘာထိုင်လုပ်နေတာလဲ မင်း ငါ့ကို ကုသပေးဖို့ စီစဉ်နေတာလား"

ချန်ထန် သေတ္တာကို ကောက်ကိုင်လိုက်ပြီး ခဏလောက်စဉ်းစားနေ၏။

"ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ကျုံးဝူဝမ့်ကိုလည်း သတိထား..."

ယွီချောင်ပိုင်က သူ့ကို တစ်ချက်ကြည့်ပြီး ရုတ်တရက်ပြုံးပြသည်။

"မင်းကငါ့ကို စိတ်ပူနေတယ်ပေါ့?"

"မဟုတ်ဘူး!" ချန်ထန် ပြတ်ပြတ်သားသားကြီး ငြင်းဆိုခဲ့သည်။

ယွီချောင်ပိုင်က ပြုံးလျက် : "မင်း... မင်း ပြတ်ပြတ်သားသား ငြင်းတဲ့အခါတိုင်း လိမ်နေတတ်တယ်... ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့.. မင်း ကြီးလာတာကို ငါကြည့်နေတာ မမေ့နဲ့ မင်းဖင်ကို ဆောင့်ချလိုက်တာနဲ့ မင်းဘာဖြစ်နေပြီလဲ ငါသိတယ်"

ချန်ထန်၏နဖူးတွင် သွေးကြောများပေါက်နေပြီး လက်သီးများကို တင်းနေအောင် ဆုပ်ထားသည်။

"စိတ်ဆိုးနေတာလား အောင့်ထားလိုက်ပါ မင်းငါ့ကို မရိုက်နိုင်ဘူး ငါလည်း တိုက်ရတာ ပျင်းတယ် မင်း မဟာယာနနယ်ပယ် ရောက်ရင် နောက်အခွင့်အရေးတစ်ခုတော့ ရနိုင်လိမ့်မယ် ရထားလုံးပေါ်က ဆင်းတော့ မဟုတ်ရင် မင်းကို သတ်ပစ်မယ်!

ချန်ထန် ဒေါသတကြီး ရထားလုံးပေါ်မှ ဆင်းကာ မှန်ရထားကို မော့ကြည့်ကာ ဟောက်လိုက်သည်။

ခဏအကြာတွင် ချန်ထန် တောင်ခြေရင်းသို့ ရောက်လာသည်။ အဝေးက ကျောက်ပြားကို ဦးညွှတ်ပြီး နံ့သာ ချောင်းကို မီးရှို့လိုက်၏။ တောင်ပေါ်ရှိ နှင်းဆီရောင် အလင်းတန်းများသည် ယခင်ကထက် ပိုမိုတောက်ပလာကာ နတ်ဘုရားများ၏ ရွတ်ဆိုသံများကလည်း ပိုမိုနက်ရှိုင်းလာသည်။

"အရှင်မဟုတ်ထူရဲ့ ရှင်ပြန်ထမြောက်မှုက အရှိန်အဟုန်နဲ့ တိုးနေတယ်... နေရာအမျိုးမျိုးက နတ်ဘုရားတွေကို တစ်ဆယ်လေးက ပြန်အသက်သွင်းလိုက်လို့များလား"

ချန်ရှီ ပျောက်သွားတာ နှစ်နှစ်ကျော်ပြီ ဆိုတော့ သူ့ကို မလွမ်းဘဲ မနေနိုင်တော့ချေ။

"တစ်ဆယ်လေး အခုဘယ်မှာလဲ မသိဘူး... သူအဆင်ပြေရဲ့လား?"

သူသည် ချန်ယန်တောင်တန်းအရှင် ဘုံကျောင်းဆီသို့ လှည့်၍ သူ့ကိုယ်သူ ပြန်ပြောနေမိသည်။

"အရှင်မဟုတ်ထူက ကမ္ဘာမြေကြီးရဲ့ မိခင်... သူမ ရှင်ပြန်ထမြောက်ပြီးရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်လောက်ပြီ ဒါပေမဲ့ ယခု သာမန်လူတွေ လိုအပ်နေတဲ့အရာမှာ စိတ်ပျက်အားငယ်ခြင်းက ကာကွယ်နိုင်တဲ့ နတ်ဘုရားမဟုတ်ဘူး သူတို့ကို ကာကွယ်နိုင်တဲ့ နတ်ဘုရားကိုပဲ... အဲဒီအခါ နတ်ဘုရားတွေ တိုက်ခိုက်ကြရင် သူတို့ ဘယ်လိုလုပ်ကြမလဲ"

ခဏတာ တုံ့ပြန်ဖို့ မစဉ်းစားနိုင်တော့ပါ။

ယွီချောင်ပိုင်၏ အဆိုအရ ဟွာရှနတ်ဘုရားများ ကျဆုံးခြင်းသည် စိတ်ပျက်ဖွယ်ကုန်းစောင်းကြောင့် ဖြစ်သည်။ အခြေအနေက မျှော်လင့်ချက်ကင်းမဲ့နေတာကို မြင်တော့ အရှင်မဟုတ်ထူက နတ်ဘုရားတွေ ပျောက်ကွယ်သွားအောင် တိတ်တိတ်​လေး ပုန်းနေခိုင်းခဲ့သည်။

တကယ်လို့ သူတို့ဟာ ဆက်အိပ်မနေဘူး ဆိုရင် အခု ပြန်လည်ရှင်သန်လာတာက စိတ်ပျက်ဖွယ်ကုန်းစောင်း အတွက် ပွဲတစ်ပွဲဖြစ်​လေမလား။

"စိတ်ပျက်ဖွယ်ကုန်းစောင်းက ဘယ်လိုနေရာမျိုးလဲ... စိတ်ပျက်ဖွယ်ကုန်းစောင်းကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ"

ချန်ထန် တိုးတိုးလေး ရေရွတ်မိသည်။

.........

အလောင်းနတ်သုံးပါးကို သန့်စင်ပြီးကတည်းက ချန်ရှီ၏ ကျင့်ကြံမှုမှာ နက်ရှိုင်းလာပြီး နတ်ဝိညာဉ်က ၁၈ ပေအထိ ကန့်သတ်ချက်ကို ကျော်လွန်ကာ တဖြည်းဖြည်း တိုးတက်လာသည်။

ခန္ဓာပေါင်းစည်းနယ်ပယ်က နတ်ဝိညာဉ်သည် ၎င်း၏ကန့်သတ်ချက် ၁၈ ပေကို ရောက်ရှိခဲ့သည်။ အလောင်းသုံးကောင်ကို သတ်ရန် လိုအပ်သောကြောင့် နတ်ဝိညာဉ်သည် အမြင့်သို့မတက်ဘဲ ၁၈ပေတွင် ကျန်နေသော်လည်း သန့်ရှင်းသော ယန်ဝိညာဉ်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွား၏။

သန့်စင်သော ယန်ဝိညာဥ်နှင့် သန့်စင်သော ယင်ဝိညာဥ်ကို ရရှိပြီးနောက် အောင်မြင်မှုတစ်ခုကို ကြိုးစားပြီးရင် နောက်ထပ်နယ်ပယ်ဖြစ်သည့် နတ်သန့်စင်နယ်ပယ်သို့ ဝင်ရောက်နိုင်သည်။

ချန်ရှီပင် သူ့နတ်ဝိညာဉ် အရပ်ရှည်လာသည်ကို သတိပြုမိပြီး အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။ သူသည် ခန္ဓာပေါင်းစည်း နယ်ပယ်တွင် ရှိနေသလား သို့မဟုတ် ဝိညာဉ်သန့်စင်နယ်ပယ်သို့ ဖြတ်သွားပြီလား မသိတော့။

ဘုံနှစ်ခုကြားက အတားအဆီးကို သူ နားမလည်သေးချေ။ အရင်တုန်းကတော့ နယ်ပယ်တစ်ခုစီကို ဖြတ်ကျော်ပြီးတဲ့အခါ အတားအဆီးကို ဖြတ်ကျော်ပြီးမှသာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာပါ။ ဒါပေမယ့် ဒီတစ်ခါက အရမ်းထူးဆန်းနေသည်။

ကျူးရှို့ချိုင်: "ဒီအခြေအနေက မင်းဖြတ်ကျော်ပြီး နတ်သန့်စင်နယ်ပယ်ကို ရောက်နေပြီးတာ ဖြစ်နိုင်ချေများတယ်... အဲဒါကြောင့် အောင်မြင်မှုကို မင်း မခံစားနိုင်သေးတာ..."

"အရင်က နယ်ပယ်တွေက ရုပ်ခန္ဓာနဲ့ ပိုမိုနီးကပ်စွာ ဆက်စပ်နေတယ်.. အလောင်းနတ် (၃) ပါးဆိုတာ ရုပ်ခန္ဓာရဲ့ ယင်ချီကနေ ဖြစ်ပေါ်လာပြီး ရုပ်ပိုင်းဆိုင်ရာ ပေါင်းစပ်မှုလည်း လိုအပ်တယ်...ရုပ်ခန္ဓာ အသွင်ပြောင်းခြင်း၊ အခြေတည်ဝိညာဉ်နဲ့ ရွှေအမြုတေ အကုန်လုံး ခန္ဓာထဲကို ဝင်ရမယ်... နတ်သန္ဓေသား၊ အုတ်မြစ်တည်ဆောက်ခြင်းနဲ့ ချီသန့်စင်ခြင်းတွေက ရုပ်ခန္ဓာနဲ့ သက်ဆိုင်တယ်.... နတ်သန့်စင်ခြင်း တစ်ခုတည်းက ရုပ်ခန္ဓာနဲ့ မဆိုင်တာ... သူက နတ်ဝိညာဥ်ကို သန့်စင်ရတာ...."

"ဘာကိုဆိုလိုတာလဲ ဆရာ"

ချန်ရှီ သံသယရှိစွာနဲ့ မေးလိုက်ပါ၏။

"မင်းသေပြီးတော့ နတ်သန့်စင်နယ်ပယ်ကို ဖြတ်ကျော်သွားပြီ!"

ကျူးရှို့ချိုင်က လေးလေးနက်နက် ပြောလာသည်။

"မင်းအဖိုး တံဆိပ်ခတ်ထားတဲ့ မှတ်ဉာဏ်က အဲဒါနဲ့ ဆက်စပ်နေလိမ့်မယ်.."

All Chapters