← Chapters

ချန်ယင်တူး နှင့် သူ့သား

Vol. 31 Ch. 444

ချန်ယင်တူး နှင့် သူ့သား

Vol. 31 Ch. 444

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ကျွယ်ရန်ကျစ် သူ့စိတ်သူ စုစည်းကာ မတ်တပ်ထရပ်လိုက်၏။

"ခုနက စိတ်တည်ငြိမ်မှု ပျောက်သွားတယ်... အားလုံးရှေ့မှာ အရှက်ရမိတဲ့အတွက် တောင်းပန်ပါတယ်"

သူ့အကြည့်တွေက နတ်သမီးရှောင်သွမ့်ကို စိုက်ကြည့်ရင်း အံ့သြမှုကို ပြသလိုက်သည်။ သူက သူမကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးနောက်။

"တာအိုနဲ့ ပေါင်းပြီးပြီလား... တာအိုနဲ့ ပေါင်းပြီးရင် ဘာလို့ နတ်ဆိုးမဖြစ်တာလဲ "

"ကျွန်မက ကောင်းကင်မြေကြီးနဲ့ မပေါင်းစည်းခဲ့ပါဘူး... အဲဒီအစား သူ့ခေါင်းနောက်ဘက်မှာရှိတဲ့ ဘုံကျောင်းငယ်လေးက နေရာလွတ်နဲ့ ပေါင်းလိုက်တယ် အဲဒါကြောင့် ကျွန်မ နတ်ဆိုးမဖြစ်ခဲ့ဘူး...."

ကျွယ်ရန်ကျစ် အနည်းငယ် လန့်ဖျပ်သွားပြီး ချန်ရှီ၏ ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးကို ကြည့်ရင်း ပဟေဠိ​ဖြစ်သွားသည်။

"သူ့ဘုံကျောင်းထဲက နေရာလပ်တွေနဲ့ ပေါင်းပြီးတာတောင် ဘာကြောင့် မဖောက်ပြန်တာလဲ"

"သူ့ဘုံကျောင်းက ဟွာရှနတ်ဘုရားတွေ အတွက် ရည်စူးထားတာ။ ဘုံကျောင်းအတွင်းက မကောင်းဆိုးဝါး စွမ်းအင်တွေ ကင်းစင်တဲ့အတွက် တာအိုနဲ့ ပေါင်းစည်းရင် ဖောက်ပြန်ခြင်း မဖြစ်အောင် ကာကွယ်ပေးတယ်... ဒါပေမယ့် ဘုံကျောင်းအတွင်း တာအိုနဲ့ ပေါင်းစည်းတာက အားနည်းချက်တွေလည်း ရှိတယ်... ပထမအနေနဲ့ တာအိုကို ပေါင်းစည်းနိုင်တဲ့ နေရာက သေးငယ်လွန်းတယ်... ဒုတိယအနေနဲ့ ဘုံကျောင်းကနေ ထွက်သွားတဲ့အခါ ပြင်ပက စွမ်းအင်တွေကြောင့် မဖောက်ပြန်အောင် သူနဲ့ အ​ဝေးကြီးမှာ နေလို့ မရဘူး။ တတိယအချက်က...."

သူမ တုံ့ဆိုင်းသွားကာ အသေးစိတ် မပြောပြခဲ့။

တတိယအချက်မှာ ဘုံကျောင်း၏ သခင်အဖြစ် ချန်ရှီသည် အတွင်းနေရာအား ထိန်းချုပ်ထားသည်။ ဥပမာ ချန်ရှီသည် တစ်ချိန်က သူမခန္ဓာကိုယ်မှ ပျက်စီးနေသော အမျှင်များကို တိုက်ရိုက် နှုတ်ပစ်လိုက်သည်။ ဘုံကျောင်းအပြင်ဘက်မှာ ချန်ရှီ ဒါကို မလုပ်နိုင်ပေမယ့် အတွင်းမှာတော့ ထိန်းချုပ်ထားပုံရ၏။

ဤထိန်းချုပ်မှုသည် ပျက်စီးနေသော အသားနှင့်အသွေးကို သာမက နတ်သမီးရှောင်သွမ့်ဆီကိုပါ ချဲ့ထွင်သည်။ တစ်နည်းဆိုရသော် ချန်ရှီ ဆန္ဒရှိသရွေ့ သူသည် ဘုံကျောင်းအတွင်း သူမနှင့်အတူ သူလိုချင်သမျှကို လုပ်နိုင်ခဲ့သည်။

ဒါပေမယ့် ချန်ရှီ သတိမထားမိခဲ့ဘူး ဒါမှမဟုတ် သူတကယ့် လူကြီးလူကောင်းတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သလို သူမအပေါ် ဘယ်တုန်းကမှ အင်အားမသုံးခဲ့။

ကျွယ်ရန်ကျစ် တုံ့ဆိုင်းသွားပြီး သူ့ကိုယ်ပိုင် အတုအယောင် နယ်မြေကို ပြန်ကြည့်လိုက်သည်။ ဤအခိုက်အတန့်၌ ကောင်းကင်မြေကြီးသည် ပျက်စီး၍ ညစ်ပတ်ကုန်သော အညစ်အကြေးတို့ဖြင့် ညစ်ပတ်​နေ၏။ သူတက်ခဲ့သောတောင်သည် အမတ စွမ်းအင်များဖြင့် ဖုံးအုပ်ထားကာ မပျက်စီးဘဲ ကျန်ခဲ့သည်။

ကျွယ်ရန်ကျစ် တခဏမျှ တုံ့ဆိုင်းသွားပြီး မည်သို့စတင်ရမည်ကို မသိတော့ပေ။

ထိုစဥ် ကျူးရှို့ချိုင်က ချန်ရှီခါးကို တိတ်တဆိတ် ထိုးလိုက်သည်။ ချန်ရှီလည်း သဘောပေါက်ပြီး ပြုံးပြလိုက်၏။

"ကျွယ်ရန်ကျစ် ခင်ဗျားမှာ သွားစရာနေရာမရှိရင် ငါ့ဘုံကျောင်းမှာ ခဏလောက် နေပါ့လား... ကျ​နော့်မှာ လစ်လပ်တစ်ခု ကျန်သေးတယ်"

ကျူးရှို့ချိုင်ကလည်း ပါဝင် ခေါင်းညိတ်ပြသည်။

"တကယ်ပါ... မင်းက မသေနိုင်တော့ပေမယ့် ကောင်းကင်ဘုံမှာ ရှိနေသေးတယ် မင်းရဲ့ဆိုးညစ်မှုတွေက အရမ်းပြင်းထန်နေတုန်းပဲ... မင်းက မသေနိုင်တဲ့ အမတစွမ်းအင်တွေနဲ့ အတုအယောင်နယ်မြေမှာ ရှိနေတာကြောင့် မင်းအဆိုးမဖြစ်လာဘူး... ဒါပေမယ့် မင်းထွက်သွားရင် ကမ္ဘာကြီးက သဘာဝဘေးဖြစ်လာမှာကို ကြောက်ရတယ် မင်းကိုယ်မင်းပဲ မတွေးသင့်ဘူး"

ကျွယ်ရန်ကျစ်မှာ အတွင်းပိုင်း၌ ရုန်းကန်နေရ၏။

"ငါတို့ တာအိုဝါဒီတွေက ဘုရင်ကျန်း လက်ချက်ကြောင့် သေဆုံးသွားကြတာ.... ဒီရန်ပွဲက ညှိနှိုင်းလို့ မရဘူး... ငါ ဘုရင်ကျန်းရဲ့ သားစဉ်မြေးဆက်တွေနဲ့ ပေါင်းမိရင် ငါရဲ့အသတ်ခံရတဲ့ တာအိုဝါဒီတွေရဲ့ ဝိညာဉ်တွေ... "

ချန်ရှီ ရယ်လျက်: "ဒါဆိုရင်တော့ စိတ်မပူပါနဲ့... ကျ​နော်က ဘုရင်ကြီးကျန်းရဲ့ မျိုးရိုးမဟုတ်ဘူး ဘုရင်ကျန်းရဲ့ မျိုးရိုးက ကျူး... ကျနော်က ချန်..."

ကျွယ်ရန်ကျစ်လည်း အံ့အားသင့်သွားပြီး ရုတ်တရက်။

"မင်းက ခွေးဘုရင်ကျန်းကို ဖြုတ်ချလိုက်တာလား အခု ကမ္ဘာကြီးကို ကျူးမိသားစုက အုပ်ချုပ်နေတာ မဟုတ်ဘူးလား"

ချန်ရှီ ရယ်လိုက်သည်။

"ဘုရင်ကျန်းက ကွယ်လွန်သွားပြီ ကျနော် သူ့ကို မဖြုတ်ချခဲ့ပေမဲ့ အခု ကမ္ဘာကြီးကို ကျူးမိသားစုက မအုပ်ချုပ်နေတာတော့ သေချာတယ် ဒါပေမယ့် ချန်မိသားစုက အုပ်ချုပ်တာလည်း မဟုတ်ဘူး ကျနော်က အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံးနဲ့ ကျန်းရှန်းရှစ်ကျိမြေပုံ (တောတောင်မြစ်ချောင်း လူ့အဖွဲ့အစည်း မြေပုံ) ရဲ့ ဘုရင်ဘွဲ့ကို ယာယီပဲ တာဝန်ယူထားတာပါ"

ထိုအခါ ကျွယ်ရန်ကျစ်ကလည်း ဟက်ဟက်ပက်ပက် ရယ်ချလိုက်လေသည်။

"ကောင်းကင်ကတော့ သနားစရာပဲ ခွေးဘုရင်အစစ်က တကယ်သေသွားပြီ!"

သူ ငိုပြီး ရယ်​ပြန်သည်။ သူ့ရူးသွပ်မှုက ချန်ရှီကို တုံ့ဆိုင်းသွားစေသည်။ ဒီလူက စိတ်နည်းနည်း မတည်ငြိမ်ပုံရတာကြောင့် သူ့ကို ခေါ်ဆောင်သွားရင် မိမိအတွက် ထိခိုက်စေမှာလား မပြောတတ်။ ကျွယ်ရန်ကျစ်က သူ့ကိုယ်သူ ငြိမ်သက်စေပြီး အတုအယောင် နယ်မြေကို သန့်စင်စေသည်။

နယ်မြေက မကောင်းသော စွမ်းအင်များဖြင့် ညစ်ညမ်းနေခဲ့ပြီး ထိုတောင်ထိပ်များသာ ကျန်တော့သည်။ ကျွယ်ရန်ကျစ်ဟာ အမတတောင်ကို အပြင်လောကမှ ဖယ်ရှားပြီး ချန်ရှီ၏ တတိယမြောက် ဘုံကျောင်းရှေ့တွင် စိုက်ထူကာ တောင်ငယ်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ရံဖန်ရံခါ တောင်ပေါ်မှ အမတစွမ်းအင်များသည် ချန်ရှီအား အာဟာရဖြစ်စေပြီး လန်းဆန်းမှုကို ပေးစွမ်းသည်။

ကျောက်ပြားဆီ ရောက်လာစဥ် သူ့ထားခဲ့သော စကားများကို မြင်လိုက်ရသဖြင့် စိတ်မကောင်းဖြစ်မိ​ပြန်သည်။ ထိုကျောက်ပြားကိုလည်း ဘုံကျောင်းထဲက တောင်ပေါ်၌ စိုက်ထား၏။ ထို့နောက် တတိယဘုံကျောင်းထဲ ဝင်၍ အခြေချနေထိုင်လိုက်​ပေသည်။

ချန်ရှီ၏ ဦးခေါင်းနောက်တွင် ဘုံကျောင်း သုံးခုရှိပါသည်။ ပထမတစ်ခုသည် နတ်သမီးရှောင်သွမ့် နေထိုင်ကြပြီး ဒုတိယတစ်ခုမှာ ကျူးရှို့ချိုင် မှဖြစ်ပြီး တစ်ခုစီတွင် ကိုယ်ပိုင် ပိုင်ရှင်ရှိသည်။

ကျူးရှို့ချိုင်က အထက်ကမ္ဘာ၏ အပိုင်းအစများကို သယ်ဆောင်ပြီး ပြင်ပကမ္ဘာသို့ ပို့လိုက်သည်။

ဒါကိုမြင်တော့ ကျွယ်ရန်ကျစ်ကလည်း အလျင်အမြန် အကူအညီ ပေးပါ၏။ အပြင်မှာ မြင်ကွင်းကို မြင်လိုက်ရတော့ သူ အံ့ဩသွားသည်။ ပြင်ပကမ္ဘာသည် ပြန့်ကျဲနေသော နေ၊ လများနှင့် ပြည့်နှက်နေပြီး ကောင်းကင်တွင် ဖရိုဖရဲ ကြယ်ပွင့်များဖြင့် ခင်းကျင်းထားသည်။

လေးပေငါးပေခန့်ရှိသော တောက်ပသည့် လမင်းသည် ကောင်းကင်ယံ၌ ခပ်နိမ့်နိမ့်ဖြင့် လင်းလတ်နေ၏။ ၎င်း၏ အေးစက်သော၊ ဆိတ်သုဉ်းသော အလင်းရောင်သည် မှုန်မှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်ကို ထွက်ပေါ်လာ​စေသည်။ ကောင်းကင်ထက်မှ နတ်ဘုရား၏ မျက်ခုံးများကြားက မျက်လုံးအတိုင်းပင်။

ကျူးရှို့ချိုင်သည် အထက်ပိုင်းဒေသရှိ လူများကို အခြေချနေထိုင်ရန် ကူညီ​ပေးခဲ့ပြီး သူတို့ကို ကယ်ထုတ်ခဲ့သည်။ သူက ခဏကြာမှ ကျွယ်ရန်ကျစ်က မေးလာ၏။

"တာအိုမိတ်ဆွေ အနောက်နွားရှင်းကျိုးက ဘာဖြစ်သွားတာလဲ"

ကျူးရှို့ချိုင်က အဖြစ်အပျက်တွေကို အတိုချုံးပြောပြသည်။

"နတ်ဘုရားက မျက်လုံး မှိတ်သွားလို့ ယင်ယန်ဘုံတွေ ပေါင်းစည်းသွားတာ... အခု အထက်ကမ္ဘာကြီး ပြိုကျသွားပြီ... နေနဲ့လက ကောင်းကင်မှာ တွဲနေတော့ ငါတို့ အေးခဲ​ပြီး​တော့ မသေဘူး ဒါပေမဲ့ ကောက်ပဲသီးနှံတွေ စိုက်လို့မရဘူး"

ကျွယ်ရန်ကျစ်: "အမတဓားရဲ့ ဒေါသကို နှစ်ပေါင်း ကိုးထောင်ကြာအောင် ခံနေခဲ့ရတာ... လူ့လောကကြီးမှာ ဒီလိုပြောင်းလဲမှုမျိုး ဖြစ်လာတာ ငါမသိလိုက်ဘူး! မသေနိုင်တဲ့ ခွေးဘုရင်ကျန်းကြောင့်သာ မဟုတ်ရင် ဒီအခြေအနေမှာ ငါ ဘယ်လိုလုပ် အဆုံးသတ်သွားမှာလဲ"

သူသည် စစ်မှန်သော ဘုရင်ကျန်းကို ကျိန်ဆဲပြီး ခဏအကြာတွင်။

"တာအိုမိတ်ဆွေ... အခု မင်းရဲ့ ရုပ်ခန္ဓာ ဆုံးရှုံးသွားပြီ... ဘာလို့ အမတတစ္ဆေရဲ့ လမ်းကြောင်းကို မလိုက်တာလဲ"

"မသိဘူး... စစ်မှန်တဲ့ ဘုရင်ကျန်းခေတ်က နည်းစနစ်တော်တော်များများ ပျောက်ဆုံးသွားခဲ့ပြီလေ... အမတတစ္ဆေတစ်ကောင်အဖြစ် ပြုစုပျိုးထောင်နည်းကို ငါ မသင်ယူခဲ့ရပါဘူး။"

ကျွယ်ရန်ကျစ်က ပြုံးပြီးပြော၏။

"ငါနားလည်ပါတယ် မင်းနာမည်ကို မေးလို့ရမလား"

"ငါ့ရဲ့ မျိုးရိုးနာမည်က ကျူး နာမည်က ယိုချိုင်ပါ... ခွေးဘုရင်ကျန်းရဲ့ မျိုးဆက်ပါ"

(TN - ရှို့ချိုင် ဆိုတာ နန်းတော်ထဲက စာသင်သားတွေရဲ့ ဘွဲ့အဆင့်ပါ)

"..."

သူသည် ချန်ရှီ၏သေးငယ်သော ဘုံကျောင်းထဲသို့ ပြန်လာပြီးနောက် အမတတစ္ဆေ ကျင့်ကြံနည်းကို အလွတ်ကျက်​​ရေးနေဆဲ ဖြစ်သည်။ သူသည် ပထမဘုရားကျောင်းသို့ တိတ်တဆိတ်သွားကာ ကော်ကော်တို့အား ကျူးရှို့ချိုင်ဆီ ပေးခိုင်းလိုက်သည်။

ကျူးရှို့ချိုင်လည်း ထိုနည်းလမ်းကို လက်ခံပြီး စစ်ဆေးခဲ့သည်။ "ယွမ်ဟဲလင်ရတနာရှင်းလင်းချက်" လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်မှာ လူတစ်ယောက်ဟာ နာမ်ပိုင်းဆိုင်ရာ ရတနာတစ်ခုကို ရုပ်ခန္ဓာတစ်ခုအနေနဲ့ အသုံးပြုပြီး အတုအယောင်နယ်မြေကြီးကို ဖွင့်ပြီး တာအိုမှတစ်ဆင့် အမတ ဖြစ်မည်ဟု ဆိုထားတဲ့ စာအုပ်တစ်အုပ်ဖြစ်​လေသည်။

"ဒီကျင့်စဥ် တကယ်ကို အသုံးချနိုင်ပေမယ့် လက်နက်တစ်ခု လိုတယ်"

ဒီအကြောင်းကို ချန်ရှီကို ပြောပြတဲ့အခါ ချန်ရှီက ယင်ယန်နေလလက်စွပ်ကို ညွှန်ပြလေသည်။

"ဆရာ... ဒီအမတလက်နက်က ဆရာ့ရဲ့ ကျင့်ကြံမှုကို တကယ့် အမတအစစ်လောက်တော့ မအောင်မြင်​စေနိုင်ပါဘူး...ဒါပေမဲ့ နည်းနည်းတော့ မတိုးတက်စေနိုင်လောက်တယ်"

"ကျွယ်ရန်ကျစ်က ဒီစာအုပ်ကို လက်ဆောင်ပေးခဲ့တာ ဆိုတော့ ငါသွားပြီးတော့ ကျေးဇူးတင်ရမယ်"

တတိယမြောက် ဘုံကျောင်းကို ရောက်သော် တံခါးပိတ်ထားသည်ကို တွေ့လိုက်ရသည်။ သူတံခါးခေါက်ပြီး။

"ကျေးဇူးတင်ပါတယ် အစ်ကို... စာအုပ်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ဒီကို ရောက်လာတာပါ"

"မလိုဘူး!"

ကျွယ်ရန်ကျစ်ရဲ့ အသံက အနည်းငယ် အေးစက်နေကာ။

"ခွေးဘုရင်ရဲ့ သားမြေးတွေ ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး!"

ကျူးရှို့ချိုင်ကတော့ စိတ်ရှုပ်ထွေးစွာဖြင့် ဘုံကျောင်းဝင်းအပြင်ဘက်တွင် ကျေးဇူးတင်စကား ဆက်ဆို​နေသည်။ သို့နှင့် ကျွယ်ရန်ကျစ်လည်း နတ်ကွန်းထဲမှ ခုန်ဆင်းကာ တံခါးရှေ့သို့ ငုံ့လိုက်သည်။

"မင်းကို လက်ခံရင် ငါ့ရဲ့ ကွယ်လွန်သူ တာအိုဝါဒီ သူငယ်ချင်း​တွေကို မျက်နှာပျက်အောင် လုပ်မိလိမ့်မယ်!"

ကျူးရှို့ချိုင် ဒေါသတကြီး မေးတော့သည်။

"မင်းဘုရင်ကျန်းကို မုန်းတီးနေတယ်ဆို ဘာလို့ စာအုပ် လာပေး​နေ​သေးလဲ"

ကျွယ်ရန်ကျစ်က တံခါးအနောက်ကနေ :"မင်းကို သနားစရာကောင်းတဲ့ သရဲတစ္ဆေတစ်ကောင်လို့ မြင်လို့ စာအုပ်ပေးလိုက်တာ... ဒါပေမယ့် မင်းက ဘုရင်ကျန်းရဲ့ မျိုးဆက်က ဆင်းသက်လာတဲ့သူ ဖြစ်လို့ မင်းရဲ့ကျေးဇူးကို ငါလုံးဝလက်မခံနိုင်ဘူး!"

ကျူးရှို့ချိုင်လည်း သူ၏သေးငယ်သော ဘုံကျောင်းသို့ ပြန်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

"ထူးဆန်းတဲ့လူပဲ!"

ချန်ရှီသည် ချန်းယိခရိုင်ကို သွားရောက်ရန် စီစဉ်ပြီး ရန်ကူခရိုင်က ပြည်သူများကို ကာကွယ်ပေးရန် လျိုချင်းဟုန်ထံ တောင်းဆိုခဲ့သည်။ မထွက်ခွာနိုင်လျှင် အနီးနားတွင် နတ်ကွန်းတစ်ခု စိုက်ထူပြီး အကာအကွယ်ပေးမည့် လျိုချင်းဟုန်၏ အုတ်ရုပ်ထုကို ဖန်တီးနိုင်သည်။

သို့သော်လည်း သူ လျိုချင်းဟုန်ကို ချန်းယိခရိုင်၏ နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ရန်ကူခရိုင်က လူများကို အုပ်စိုးခြင်းသည် အခွင့်အာဏာကို ကျော်လွန်သွားခဲ့ပြီ။ ၎င်းသည် ယာယီအတိုင်းအတာ တစ်ခုသာဖြစ်သည်။

ချန်ရှီသည် လျိုချင်းဟုန်ကို နှုတ်ဆက်ပြီး နောက်ဘုံကျောင်းကို ရှာဖွေဖို့ ခရီးဆက်ခဲ့သည်။

"ကျွယ်ရန်ကျစ်... ခင်ဗျားခေတ်မှာ အမတတွေ အများကြီးရှိလား"

ချန်ရှီ သစ်သားလှည်းပေါ်၌ အမတစွမ်းအင်ကို အာဟာရ ဖြည့်တင်းရင်း ပျော်ရွှင်စွာ မေးလိုက်သည်။

"မများပါဘူး အဲဒီအချိန်မှာ လူတော်တော်များများက ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ပြီး သူတို့ရဲ့ ကျင့်​ကြံမှုမှာ ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေ ရပြီးပြီ... တာအိုကို ရောက်ဖို့ ခြေတစ်လှမ်းပဲဝေးတော့တယ်..ပြီးရင် အထက်ပျံသန်းလို့ ရပြီ အဲဒါကြောင့် သူတို့ကို အမတလူတစ်ပိုင်းလို့ ခေါ်တယ်....အမတအထိ တက်ကြွတဲ့ အချိန်မှာတော့ မကောင်းမှုဆီ တက်လှမ်းဖို့ မဝေးတော့ဘူး ဆိုတာ သိလိုက်ရတယ်"

"ဘုရင်ကျန်းက စိတ်ပျက်ဖွယ်ကုန်းစောင်းကို ဘယ်အချိန်က သွားတာလဲ"

"​ဘေးဆိုးကြီးတစ်ခု ဖြစ်ပွားပြီးနောက်မှ... သမိုင်းမသေမီက အမတသတ္တဝါတစ်ကောင်ကို တူးဖော်တွေ့ရှိမှုကြောင့် ဘေးဆိုးဖြစ်ခဲ့တယ်လို့ ဆိုထားတယ်... အမတဘေးဆိုး နိုးထလာပြီးနောက် မိုင်ထောင်ပေါင်းများစွာကို ဖြတ်ကျော်နိုင်တဲ့ ကပ်ဆိုးကြီး ဖြစ်ပွားခဲ့တယ်.. မရေမတွက်နိုင်အောင် အသေအပျောက်တွေလည်း ဖြစ်ပေါ်စေခဲ့တယ်... ဒါပေမယ့် တကယ့်တကယ်တော့ ကောလဟာလတွေလည်း ရှိနေ​သေးတယ်...အဲ့အချိန်က အမတ​ဘေးဆိုးကြီးကို ဖြတ်သန်းပြီးတဲ့ နောက်မှာတော့ ဒီကပ်ဆိုးကြီးတစ်ခု ဖြစ်ပေါ်လာလို့ သမိုင်းမတင်မီက အမတဖြစ်ဖြစ်၊ ​ဘေးဆိုးဖြစ်စေတဲ့ တာအိုပေါင်းစည်းခြင်းကို အောင်မြင်တဲ့သူပဲဖြစ်ဖြစ် ဘယ်သူမှ အဖြေရှာမရခဲ့ဘူး... ဘေးဆိုးအပြီးမှာ ဘုရင်ကျန်းကက စိတ်ပျက်ဖွယ်ကုန်းစောင်းကို သွားတယ်လို့ ပြောကြတယ်...."

သူခေတ္တရပ်လိုက်ပြီး :"အဲဒါက ချန်ဟွခေတ်ရဲ့ နှစ် ၂၃၀မှာ... ဘုရင်ကျန်း စိတ်ပျက်ဖွယ် ကုန်းစောင်းကနေ ပြန်လာပြီး နှစ်အနည်းငယ်အကြာမှာတော့ ဥပဒေသစ်တွေကို အကောင်အထည်ဖော်ပြီး အဟောင်းတွေကို အစားထိုးဖို့ ပြင်တယ်... လူတော်တော်များများက ငြင်းဆန်ခဲ့ပြီး နာခံဖို့ ငြင်းဆန်ခဲ့တယ်။ ဘုရင်ကျန်းက အထွတ်အမြတ်ထားတဲ့ နေရာတွေကို ကိုယ်တိုင်သွားရောက်လည်ပတ်ပြီး ခေါင်းဆောင်တွေကို ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ ကြေညာခဲ့တယ်...."

သူ့မျက်နှာက မည်းမှောင်လာသည်။ အမတဘွဲ့အပ်နှင်းခြင်းက ကျင့်ကြံသူ အများအပြား၏ အသက်ကို ဆုံးရှုံးစေခဲ့သည်။ ကျွယ်ရန်ကျစ်ဟာ အင်ပါယာတရားရုံး အဖွဲ့ဝင်မဟုတ်သော်ကြောင့် ထိုခေတ်ကာလတွင် ဘုရင်၏ လုပ်ရပ်များအကြောင်းကို အနည်းငယ်သာ သိရှိခဲ့သည်။ ဘုရင်ကျန်းခေတ်၏ အဆုံးသတ်ကို မမြင်နိုင်ဘဲ အထက်ပျံသန်းနယ်ပယ် တက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အမတနယ်မြေက ဓားဖြင့် ချိတ်ဆွဲခံခဲ့ရသည်။

ချန်ရှီ: "အမတကမ္ဘာ တကယ်ရှိလား?"

"ရှိလောက်တယ်.. ငါမတက်ခင်မှာ တခြားကမ္ဘာတစ်ခုကို မြင်ခဲ့တယ် အိပ်မက်တစ်ခုလိုပဲ"

ဒါကိုကြားတော့ ချန်ရှီ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်ကြီးက ပြာလဲ့လဲ့တောက်ပနေပြီး ကြီးမားလှသော လမင်း၏ဘေးတွင် နေသုံးစင်းက အလင်းရောင်နှင့် မီးများဖြင့် ဖြာထွက်နေသည်။

နေတစ်စင်းသည် မျက်တောင်ခတ်လိုက်တဲ့အခါ တောက်လောင်နေသော မီးတောက်များ အရပ်ရပ်သို့ ပြန့်ကျဲသွားသည်။

"ဘုရင်ကျန်း.. ဒီကပ်ဆိုးကြီးကို ဘယ်လိုဖြေရှင်းခဲ့တာလဲ"

ဤအခိုက်တွင် ချန်ရှီသည် သူ၏ဦးခေါင်းနောက်တွင် နားမလည်နိုင်သော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီး စတုတ္ထမြောက် ဘုံကျောင်းငယ်လေးသည် တဖြည်းဖြည်း အသွင်သဏ္ဍန်ဖြစ်တည်လာသည်။

ဤဘုံကျောင်းသည် ယခင်သုံးခု၏ နောက်ကွယ်တွင် ပေါ်လာပြီး ၎င်း၏ဖွဲ့စည်းပုံမှာ အလွန်ကြမ်းတမ်းသည်။

ချန်ရှီရဲ့ နှလုံးသား တုန်လှုပ်သွားသည်။

"စောစောက ငါဘွဲ့အပ်နှင်းခဲ့တဲ့ နတ်ဘုရားတွေက ပိုအားကောင်းလာလို့ ငါ့ဦးခေါင်းနောက်က ဘုံကျောင်းလေးတွေက အရေအတွက် များလာတာပဲ ငါ့ကန့်ညောင်ကို အသက်ပြန်ရှင်စေဖို့ ဘယ်လောက်ဝေးသေးလဲ မသိဘူး"

သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ လူပေါင်းများစွာ ပျံဝဲလာပြီး ကျွယ်ရန်ကျစ်ရဲ့ ကွဲအက်နေတဲ့ ပျက်ပြယ်နေတဲ့ ဘုံထဲကို ဝင်သွားကာ တစ်ချက်စီ မျက်မှောင်ကြုတ်ကာ စစ်ဆေးကြည့်နေကြ၏။

"ဒီမှာရှိတဲ့ တာအိုက ထွက်သွားပြီ!"

"သူက သူ့နယ်မြေကို ဖြတ်​တောက်သွားတာ"

"နှမြောစရာပဲ... အမတတာအိုတစ်ယောက်တော့ ရပြီလို့ ထင်ထားတာ"

"စိတ်ပျက်ဖွယ်ကုန်းစောင်းက လူတွေ လာနေပြီ!"

သူတို့သည် ပတ်ဝန်းကျင်ကို စောင့်ကြည့်ကာ ၎င်းတို့၏ ပုံစံများကို ဖုံးကွယ်ထားလိုက်ကြသည်။ ခဏအကြာတွင် ရထားလုံးတစ်စီး ရောက်ရှိလာပြီး ရပ်တန့်သွားသည်။ ဘရိုကိတ် ၀တ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုနဲ့အတူ ပေါ်လာ၏။

သူ့ခေါင်းနောက်မှာ ထီးဆောင်းထားတဲ့ အရာက လေးနက်ပြီး တိုင်းတာလို့မရသော နယ်မြေကို ကိုယ်စားပြု​နေသည်။

ရထားလုံးရပ်လိုက်သည်နှင့် ကောင်းကင်နားစွင့်သူ အများအပြားသည် ဤအတုအယောင် နယ်မြေ၏ ပြောင်းလဲမှုများကို မှတ်တမ်းတင်ကာ ပျံသန်းဝင်ရောက်လာခဲ့ကြသည်။

"ယွီချောင်ပိုင်!"

မှောင်ရိပ်ထဲမှာ ပုန်းနေတဲ့ ယောက်ျားတွေက လူငယ်လေးရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

အကြီးအကဲတစ်ဦးက :"သူ ကောင်းကင်လမ်းလျှောက်သူရဲ့ တပည့်ဖြစ်နေတုန်းက ငါ သူ့ကိုတွေ့ဖူးတယ်... နောက်ပိုင်းမှာ သူလည်း ကောင်းကင်လမ်းလျှောက်သူ ဖြစ်လာတယ်လို့ ကြားတယ်"

"သူက ဘယ်လောက် သန်မာလဲ"

"အရမ်းသန်မာတယ် ငါတို့နဲ့ တန်းတူပဲ နှစ်ထောင်ချီကြာအောင် အသိပညာတွေ စုဆောင်းထားသလို စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ အမွေအနှစ်က သာလွန်တယ် ဒါပေမယ့် ငါတို့လုပ်နေတုန်း ကောင်းကင်နဲ့ မြေကြီးရဲ့ မကောင်းဆိုးဝါး စွမ်းအင်တွေကို သူတို့ မစုပ်ယူဝံ့ဘူး ဒါကြောင့် ဘယ်သူက သာလွန်တယ် ဆိုတာတော့ ပြောဖို့ခက်တယ်"

ယွီချောင်ပိုင်သည် ကောင်းကင်မှကျလာသော နှင်းဆီရောင်စုံကို ကြည့်ပြီး သူ့မျက်လုံးများက လင်းလက်လာသည်။

"အမတနတ်သမီး နယ်မြေ ရှိတာလား"

သူသည် နှင်းဆီရောင် တောက်နေသည့်နေရာဆီသို့ ပျံတက်သွားပြီး သူ့အရှိန်ကလည်း တိုးလာသည်။ ဒဏ္ဍာရီနယ်မြေသည် အလွန်နီးကပ်နေပုံရသော်လည်း သူဘယ်လောက်ဝေးဝေး ပျံသန်းနေပါစေ၊ ဘယ်လောက်ကြာကြာ ပျံသန်းနေပါစေ၊ မရောက်နိုင်ခဲ့။

ယွီချောင်ပိုင် ခေတ္တရပ်ပြီး :"တစ်နေ့တော့ ငါ အမတနယ်မြေထဲကို ဝင်ပြီး မသေနိုင်တဲ့ ဘဝကို မြည်းစမ်းကြည့်မယ်... ဒါပေမယ့် မဖြစ်ခင် သဘာဝ ဘေးအန္တရာယ်လေး နည်းနည်းလောက် ဖမ်းရအောင်!"

အရိပ်ထဲတွင် ပုန်းနေသောလူများ လန့်သွားပြီး

"သူ ငါတို့ကို ရှာတွေ့သွားပြီလား"

နောက်အခိုက်အတန့်မှာ သူတို့ပုန်းနေတဲ့နေရာက ပြိုကျသွားတော့၏။

ရုတ်တရက် လေးယောက်ကြားတွင် အခြားလူတစ်ယောက် ပေါ်လာသည်။ ယွီချောင်ပိုင်က သူတို့အလယ်တွင် ထူးဆန်းသော အပြုံးတစ်ခုနဲ့ ပေါ်လာ၏။

"ငါ မင်းတို့ကိုတွေ့ပြီ!"

စကားမပြောဘဲ လူလေးယောက်က ယွီချောင်ပိုင်ကို တစ်ပြိုင်နက် တိုက်ခိုက်​တော့သည်။ ရုတ်တရက် သူတို့ပတ်ဝန်းကျင် ကမ္ဘာက ပြောင်းသွားပြီး ယွီချောင်ပိုင်ကို ဝိုင်းထားရာမှ သူတို့ တစ်ယောက်ချင်း မျက်နှာချင်းဆိုင် ​ဖြစ်သွားကြသည်။

အဘိုးအိုက ယွီချောင်ပိုင်၏ တိုက်ခိုက်မှုကို တစ်ယောက်တည်း အံမကြိတ်ဘဲ ရင်ဆိုင်ခဲ့သည်။ သို့သော် သူတို့ စလိုက်သည်နှင့် ယွီချောင်ပိုင်၏ ကျင့်ကြံသူမှုသည် သူမျှော်လင့်ထားသည်ထက် များစွာပို၍ အစွမ်းထက်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

"သူ့ရဲ့ ကျင့်ကြံမှုက ဘယ်လိုလုပ် ဒီလောက် လေးနက် လာတာလဲ"

တွေးလိုက်ရင်း စိတ်ထဲမှာ အံ့သြသွားသည်။

ခဏလေးအတွင်းမှာ သူတို့နှစ်ယောက် အကြိမ်ပေါင်း ထောင်ချီ ထိပ်တိုက်တွေ့ပြီး အဘိုးအို နောက်ပြန် ပြုတ်ကျသွားသည်။ အလျင်စလို လှမ်းကြည့်လိုက်တော့ တခြားလူသုံးယောက်လည်း ပြုတ်ကျနေတာကို တွေ့လိုက်ရ၏။ ယွီချောင်ပိုင်က ၎င်းတို့လေးယောက်လုံးကို တပြိုင်နက်တည်း တိုက်ခိုက်နေပုံရပြီး ဝရုန်းသုန်းကား ဖြစ်သွားသည်။

အဘိုးအိုက သူ့ဟန်ချက်ကို ဆက်ထိန်းထားဖို့ ပြင်းပြင်းထန်ထန် ရုန်းကန်ရင်း အော်ပြောလိုက်၏။

"သူ ငါတို့လေးယောက်လုံးကို ချက်ချင်းရင်ဆိုင်ပြီး သူ့အာရုံတွေကို ခွဲပစ်လိုက်တာ... ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး!"

သူသည် ရုတ်တရက် သူ၏ မကောင်းသော စွမ်းအင်၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်အား မကောင်းသော စွမ်းအားအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ခွန်အားတွေ တိုးလာကာ ပြင်းထန်သော တိုက်ပွဲအပြီးတွင် သူ ယွီချောင်ပိုင်ကို အတင်းပြန်ဆုတ်ခိုင်းခဲ့သည်။

"ချန်းစုန်းကျီ... ထူယင်း....ယန်ရှစ်ချုံ ပြန်ဆုတ်ကြ!"

အဘိုးကြီးက အော်လိုက်သည်။

သူသည် အစွမ်းရှိသမျှ စွဲချက်တင်ပြီး နောက်ဆုံးတွင် ယွီချောင်ပိုင်၏ လိုက်ဖမ်းနေမှုမှ လွတ်မြောက်ခဲ့သည်။ ပြန်ကြည့်လိုက်တော့ လူသုံးယောက်ရဲ့ အရိပ်အယောင်ကို မတွေ့ရတော့ပေ။

အဘိုးအိုက ထိုသုံးယောက်ကို ကူညီဖို့ ပြန်သွားသင့်လားလို့ တုံ့ဆိုင်းနေမိသည်။ သူ၏ ဆိုးရွားသော အခြေအနေသည် ကြာကြာမခံလောက်ချေ။ သို့မဟုတ် သူသည် အလွယ်တကူ ထိန်းချုပ်မှု ဆုံးရှုံးသွားနိုင်သည်။ ယွီချောင်ပိုင်သာ သူ့ကို ချုပ်နှောင်ထားရင် ထိန်းမနိုင်သိမ်းမရဖြစ်ရတာ တော်တော် ဒုက္ခပေးလိမ့်မည်။

ထိုအချိန်တွင် ချန်းစုန်းကျီက ပြေးလာပြီး အော်ပြောလာ၏။

"ယွီချောင်ပိုင်က အရမ်းကြောက်ဖို့ကောင်းတာပဲ... သူ့ကို ပြန်တွန်းလှန်ဖို့ နတ်ဆိုးတစ်ကောင်လို အသွင်ပြောင်းရမယ်"

အဘိုးအို: "ချန်းစုန်းကျီ.. တခြားသူတွေရော!"

သူစကားမဆုံးခင် ထူယင်းလည်း ပြေးလာသည်။

"အဆင်ပြေတယ်!"

ထိုအချိန်တွင် ယန်ရှစ်ချုံလည်း ရောက်လာသည်။ သူတို့လေးယောက် ပြန်ဆုံကြပြီး အဖိုးအိုက ပြုံးကာ။

"မင်းဘေးကင်းလို့ ဝမ်းသာပါတယ် ငါ ယွီချောင်ပိုင်က်ု လျှော့တွက်မိသွားတယ်..

သူက တကယ်ကို ကြောက်စရာကောင်းတာပဲ နတ်မြို့တော်ကို အရင်ပြန်ကြရအောင်!"

သုံးယောက်သား သဘောတူလိုက်လေ၏။

လမ်းတစ်လျှောက်တွင် အဘိုးအို၏ သံသယများ တိုးလာသည်။ သူက ထူယင်းနဲ့ ယန်ရှစ်ချုံကို ခပ်တိုးတိုး လှမ်းပြောလိုက်သည်။

"ချန်းစုန်းကျီက နည်းနည်း ထူးဆန်းလာတာကို သတိထားမိလား... သူနဲ့ မတူတော့သလို သူက ငါ့ကို လှည့်စားပြီး နတ်မြို့တော်အကြောင်း မေးနေတယ်... ချန်ယင်တူး နဲ့ နတ်ဧကရာဇ်အကြောင်းတောင် မေးနေသေးတယ်!"

ထူယင်းက ရယ်ပြီး :"ငါတို့လေးယောက်က ခွဲလို့မရပါဘူး... ချန်းစုန်းကျီက ဘာများထူးဆန်းလို့လဲ"

ယန်ရှစ်ချုံ : "မင်း သံသယတွေ အရမ်းကြီးတာပဲ ချန်းစုန်းကျီက နတ်ဆိုးဖြစ်သွားပြီ... ဘယ်သူကသူနဲ့ တိုက်နိုင်မှာလဲ... ယွီချောင်ပိုင်က သူ့ကိုသတ်ပြီး အယောင်ဆောင်သွားမှာကို စိုးရိမ်နေတာလား"

အဘိုးအိုက ပြုံးပြလိုက်သည်။

"ငါ သံသယဖြစ်လွန်းတာ ဖြစ်မှာပါ"

နတ်​မြို့​တော်သို့ ရောက်ပြီးနောက် မကြာမီ လမ်းခွဲလိုက်ကြသည်။

ချန်းစုန်းကျီ အဖိုးအိုတစ်ဦးကို ပြုံးလျက် နှုတ်ဆက်နေ၏။

"အဖေ... မတွေ့တာကြာပြီ"

ထိုအချိန်တွင် ထူယင်းနဲ့ ယန်ရှစ်ချုံကလည်း သူ့နောက်မှ ချဉ်းကပ်လာသည်။

ထူယင်းက လှောင်ပြောင်ပြီး :"အဖေ ကျွန်တော် အသက်ရှင်နေမယ်လို့ မမျှော်လင့်ထားဘူးမလား"

ယန်ရှစ်ချုံက ရှက်ရွံ့သော အပြုံးကို ဆင်မြန်းလျက်: "အဖေ... ကျွန်တော် အသက်ရှင်နေရုံတင် မကဘဲ အဖေကတော့ အကျဉ်းသားဖြစ်သွားပြီ"

ချန်ယင်တူးက သူတို့ကိုကြည့်ရင်း ခဏလောက် ငြိမ်နေ၏။

"မင်းတို့က... ချန်ဝူလား?"

"ခင်ဗျား ကျနော်တို့ကို ချန်ဝူလို့ ခေါ်ပိုင်ခွင့်မရှိဘူး!"

သုံးယောက်သား ဒေါသတကြီးဖြင့် တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

"ကျ​နော်တို့က ခင်ဗျားရဲ့ ဖန်တီးမှုတွေ၊ ခင်ဗျားရဲ့သားတွေမဟုတ်ဘူး... အဘိုးကြီး ခင်ဗျား ကျနော်တို့ကို ဖန်တီးခံရှောင်ဝူလို့ ခေါ်သင့်တယ်..."

ချန်ယင်တူးက သက်ပြင်းချလိုက်သည်။

"ငါမင်းကို ဖိနှိပ်ထားတာကြာပြီ နောင်တရမိပါတယ်..."

သုံးယောက်သား တုံ့ဆိုင်းသွားသည်။

ချန်းစုန်းကျီ: "ခင်ဗျားဒီလိုပြောမှတော့ ကျနော် ခွင့်လွှတ်တယ်"

All Chapters