← Chapters

တာယွဲ့မင်းဆက်နှင့်ကျွယ်လွှမ်းဂိုဏ်း၊ ယွမ်ရှီကျွမ်းကျင်မှု

Vol. 9 Ch. 132

တာယွဲ့မင်းဆက်နှင့်ကျွယ်လွှမ်းဂိုဏ်း၊ ယွမ်ရှီကျွမ်းကျင်မှု

Vol. 9 Ch. 132

လော့ချန်သည် အရိပ်မဲ့ခိုးသူအား ရှာဖွေရင်း တွေ့ရှိခဲ့သော ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။ ထိုအထဲတွင် ချီစွမ်းအင်ဆေးလုံးအနည်းငယ်နှင့် ငွေကြေးများ၊ ဆေးလုံးများအပြင် လျှို့ဝှက်ကျမ်းစာနှစ်အုပ်ပါရှိသည်။

လော့ချန်က ထိုပစ္စည်းများကို တစ်ချက်မျှသာ ကြည့်ပြီး အားလုံးကို သိမ်းဆည်းလိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော်လည်း မည်သူမျှ ကန့်ကွက်စကားမပြောကြချေ။

တကယ်တော့ ဂိုဏ်းသားများသည် ဤဆုရှင် လူဆိုးများကို လိုက်လံဖမ်းဆီးရခြင်းမှာ မစ်ရှင်ဆုကြေးများအပြင် ထိုလူဆိုးများထံမှ မမျှော်လင့်ထားသော အပိုပစ္စည်းများကိုလည်း ရရှိနိုင်သောကြောင့်ဖြစ်သည်။

သို့သော် မြင့်မားသောဆုလာဘ်များသည် မြင့်မားသောအန္တရာယ်များနှင့်အတူ လိုက်ပါလာတတ်သည်။

ခိုးသူသည် လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိသူဖြစ်ပြီး လှုပ်ရှားမှုကျွမ်းကျင်စွမ်းရည်ကိုလည်း ကျင့်သုံးထားသူဖြစ်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ ထူးခြားလှသည်။

ယနေ့ လော့ချန်မရှိခဲ့ပါက မည်မျှလူသေဆုံးမည်ကို မည်သူမျှမသိနိုင်ချေ။

ယန်ကျီရွှမ်က ပြုံးလျက်ပြောသည်။

“လော့ချန်၊ ဒီနေ့မင်းမရှိရင် မဖြစ်ဘူး… ငါမမှားဘူးဆိုရင် မင်းရဲ့ဓားသိုင်းအဆင့်က ဓားနှလုံးအဆင့်ကို ရောက်နှင့်ပြီလို့ ထင်တယ်နော်…”

လော့ချန်က ခေါင်းညိတ်ပြီး ငြင်းဆိုမှုမပြုခဲ့ပေ။

ယန်ကျီရွှမ်မျက်လုံးများတွင် အံ့ဩမှုအရိပ်အမြွက်ပေါ်လာသည်။

“တကယ်ကိုထူးခြားတယ်… ရွှမ်ယွမ်ဂိုဏ်းရဲ့ ဓားသိုင်းထူးချွန်သူတွေအကြောင်း ငါနည်းနည်းကြားဖူးပေမယ့် မင်းအကြောင်းတော့ တစ်ခါမှမကြားဖူးဘူး…”

ရွှမ်ယွမ်ဂိုဏ်းမှ တပည့်တစ်ဦးက ဝင်ပြောသည်။

“စီနီယာလော့ချန်က ဂိုဏ်းထဲရောက်တာ မကြာသေးဘူးဗျ…”

“ဪ… ဒါကြောင့်ပေါ့…”

ယန်ကျီရွှမ်က ခေါင်းညိတ်လိုက်သည်။ လော့ချန်၏ စွမ်းအားနှင့် အရည်အချင်းဖြင့် အမည်မသိသူဖြစ်နေရန် မဖြစ်နိုင်ချေ။

စူးစမ်းမှုအရိပ်အမြွက်ဖြင့် ယန်ကျီရွှမ်က လှမ်းမေးလိုက်သည်။ “လော့ချန်၊ မင်းနိုးကြားထားတဲ့ သိုင်းဝိညာဉ်က ဘယ်အဆင့်လဲ…”

လော့ချန်က ဖြောင့်ဖြောင့်ပြောလိုက်သည်။ “မပြည့်စုံတဲ့ဝိညာဉ်စွမ်းအား… အဆင့်မရှိဘူး…”

“ဟား... ဟား… အဆင့်မရှိတဲ့ မပြည့်စုံသိုင်းဝိညာဉ်တဲ့လား… မင်းကတော့ တကယ်ကို နောက်တတ်တာပဲ…”

ယန်ကျီရွှမ်က နီရဲသောနှုတ်ခမ်းကို လှုပ်ရှားပြီး ရယ်မောလျက်ပြောသည်။ သူမက လော့ချန်အား နောက်ပြောင်နေသည်ဟု ထင်လိုက်သည်။

ရွှမ်ယွမ်ဂိုဏ်းမှ တပည့်တစ်ဦးက ပြောချင်ဟန်ဖြင့် ချီတုံချတုံဖြစ်နေသည်။

သူသာ လော့ချန်ပြောသည့်စကားမှာ အမှန်ဖြစ်ကြောင်း သိသည်။

သို့သော် ဤကဲ့သို့သော အကြောင်းအရာကို ပြောလျှင် မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။

အရာအားလုံး ပြီးစီးသွားပြီးနောက် ဟန်မိသားစုခေါင်းဆောင်က မျက်နှာတစ်ခုလုံး ရွှင်မြူးစွာဖြင့် လျှောက်လှမ်းလာပြီး ရယ်မောလျက်ပြောသည်။

“အားလုံးပဲ… ခိုးသူကို သုတ်သင်နိုင်ခဲ့ပြီမို့ ဂုဏ်ပြုစရာပါပဲ… ကျွန်တော်က ညစာပွဲကို ပြင်ဆင်ခိုင်းထားပြီးပြီ… ညလည်းနောက်ကျနေပြီ… သုံးယောက်လုံး ဒီမှာ တစ်ညအိပ်ပြီးမနက်ဖြန်မှ ပြန်လို့ရတယ်နော်…”

လော့ချန်သည် မနက်ဖြန်မှ ဟွမ်ရှီမြို့သို့ ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း အနှောင့်အယှက်ပေးမိပါပြီ...”

သုံးဦးစလုံး ထိုနေရာတွင်နေရန် ဆုံးဖြတ်လိုက်ကြသည်။

ညစာပွဲမှာ အလွန်တရာထည်ဝါလှသည်။

ပွဲတွင်း၌ ဟန်မိသားစုခေါင်းဆောင်က အပိုဆုကြေးအဖြစ် ငွေကျပ် သိန်း ၃၀ ကို ထပ်မံပေးအပ်လိုက်ပြီး တစ်ဦးလျှင် ဆယ်သိန်းစီ ခွဲဝေပေးခဲ့သည်။

မစ်ရှင်ဆုကြေးငွေကျပ် သိန်း ၉၀ အတွက်မူ ဂိုဏ်းသို့ပြန်လည်ရောက်ရှိပြီး ခိုးသူ၏ ဦးခေါင်းဖြင့် လဲလှယ်ရမည်ဖြစ်သည်။

ဟန်ချင်းသည် ယစ်မူးဖွယ်အရက်များကို များစွာသောက်သုံးပြီး လော့ချန်အား အကြိမ်ပေါင်းများစွာ ဖန်ခွက်မြှောက်ပြသည်။ သူမ၏မျက်ဝန်းများသည် တဖြည်းဖြည်းစီးဆင်းလာပြီး ပါးပြင်များမှာ နီရဲလျက်ရှိသည်။

လော့ချန်ကမူ ဤသည်ကို စိတ်မဝင်စားပေ။ သူသည် ညစာပွဲပြီးဆုံးရန်သာ အလျင်စလိုမျှော်လင့်နေပြီး အနိုင်ရရှိထားသော ပစ္စည်းများကို စစ်ဆေးရန် အလျင်အမြန်ပြန်သွားချင်နေသည်။

အမျိုးသမီးဖြစ်သူ ယန်ကျီရွှမ်က ဟန်ချင်း၏စိတ်ကို နားလည်မိသည်။ လော့ချန်သည် မိန်းမစိတ်ကို နားမလည်သူဖြစ်သည်ဟု တွေးမိရင်း ခေါင်းယမ်းလိုက်သည်။

ဟန်ချင်းသည် ယခုအခါ ခန္ဓာသန့်စင်မှုအဆင့်တွင်သာရှိပြီး မထူးမခြားဖြစ်ရပ်မရှိပါက သူမ၏ဘဝတစ်လျှောက်လုံး လူသာမန်ဘဝဖြတ်ကျော်အဆင့်သာ ဖြစ်နိုင်လိမ့်မည်။

လော့ချန်၏ ထင်ရှားသောစွမ်းအားနှင့် ဓားသိုင်းအရည်အချင်းဖြင့် သူသည် ရိုးရိုးလူသာမန်မဟုတ်ချေ။ ထိုသို့သော ထူးချွန်သူသည် သာမန်လူကို စိတ်ဝင်စားမည်မဟုတ်ပေ။

သူတို့နှစ်ဦးသည် ကွဲပြားသော ကမ္ဘာများကို မြင်နေကြသည်။

ယန်ကျီရွှမ်ကိုယ်တိုင်လည်း သာမန်လူကို စိတ်မဝင်စားချေ။

အခြားအကြောင်းများမဆိုထားနှင့် တစ်ဦးနှင့်တစ်ဦး၏ အဆင့်နှင့် သက်တမ်းကွာဟမှုမှာ ကြီးမားလွန်းသဖြင့် တူညီသော စကားပြောရန်ခက်ခဲလှသည်။

ညစာစားပွဲပြီးဆုံးသည့်အခါ ညအမှောင်ထုက လွှမ်းခြုံလျက်ရှိပြီး လမင်းကြီးသည် ကောင်းကင်ယံ၌ တောက်ပစွာ ထွန်းလင်းနေသည်။

လော့ချန်သည် ဟန်ချင်း၏ လမင်းကြည့်ရန် ဖိတ်ကြားမှုကို ငြင်းပယ်လိုက်ပြီး သူ့အတွက် ပြင်ဆင်ထားသော ဧည့်ခန်းသို့ ပြန်သွားခဲ့သည်။

ကုတင်ပေါ်တွင်ထိုင်ရင်း လော့ချန်သည် ခိုးသူထံမှ ရရှိခဲ့သော ပစ္စည်းများကို အားလုံးထုတ်ယူလိုက်သည်။

ငွေကျပ်များသည် စုစုပေါင်း သိန်း ၁၆၀ ကျော်ရှိပြီး ချီစွမ်းအင်ဆေးလုံးများမှာ သုံးဆယ်ကျော်ရှိသည်။ ၎င်းတို့ကို ပေါင်းလိုက်လျှင် ငွေကျပ် သိန်း ၂၀၀ ဖြစ်သည်။ ဤသည်မှာ မသေးငယ်သော စည်းစိမ်ဥစ္စာပင်ဖြစ်သည်။

ချီစွမ်းအင်ဆေးလုံးများအပြင် သာမန်ဒဏ်ရာကုသဆေးလုံးများနှင့် အမျိုးသားသုံး အားဆေးနှစ်မျိုးလည်း ပါရှိသည်။ ၎င်းတို့မှာ ရွှေလှံဆေးလုံးနှင့် ညဉ့်သုံးနဂါးဆေးလုံးများဖြစ်သည်။

လော့ချန်က မျက်နှာတစ်ခုလုံး စိတ်မဝင်စားသည့်ဟန်ဖြင့် ထိုပစ္စည်းများကို လင်ရှောင်ကျောက်စိမ်းတံဆိပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး လျှို့ဝှက်ကျမ်းစာနှစ်အုပ်ကို ထုတ်ယူလိုက်သည်။

ပထမကျမ်းစာမှာ ကြယ်လေးပွင့်အဆင့်ရှိ ယွမ်လင်ကျင့်စဉ်ဖြစ်သည်။

လော့ချန်က ကျမ်းစာကို ဖွင့်ကြည့်လိုက်ရာ မျက်မှောင်ကြုံ့မိသွားသည်။

ယွမ်လင်ကျင့်စဉ်သည် တာယွဲ့မင်းဆက်ရှိ ကျွယ်လွှမ်းဂိုဏ်း၏ ထူးခြားသော ကျင့်စဉ်ဖြစ်ပြီး ၎င်းတွင် လှုပ်ရှားမှုပုံစံနှင့် သိုင်းပညာများပါရှိပြီး အားလုံးမှာ ကြယ်လေးပွင့်အဆင့်ဖြစ်သည်။

ဤကျင့်စဉ်သည် အလွန်ဆိုးရွားလှသည်။ ယောက်ျားမိန်းမ ပေါင်းစည်းမှုဖြင့် အမျိုးသမီး၏ ယွမ်ယင်အနှစ်သာရကို စုပ်ယူပြီး အဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်သည်။ စုပ်ယူခံရသော အမျိုးသမီးမှာ အနည်းဆုံး သက်တမ်းလျော့နည်းသွားပြီး ဆိုးရွားလျှင် နေရာတွင်ပင် သေဆုံးနိုင်သည်။

“တာယွဲ့မင်းဆက် ကျွယ်လွှမ်းဂိုဏ်း…”

လော့ချန်သည် တွေးတောရင်း ရွှမ်ယွမ်မှတ်တမ်းတွင် ကျွယ်လွှမ်းဂိုဏ်းအကြောင်း ဖတ်ရှုခဲ့ဖူးသည်။

တာယွဲ့မင်းဆက်သည် ဂိုဏ်းနှင့် ဧကရာဇ်အာဏာပေါင်းစည်းထားသော နိုင်ငံဖြစ်ပြီး မင်းဆက်၏ဧကရာဇ်သည် ကျွယ်လွှမ်းဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် ကျွယ်လွှမ်းဂိုဏ်း၏ စုစုပေါင်းစွမ်းအားမှာ ဂိုဏ်းသုံးခုထက် သာလွန်သည်။

သို့သော် တာယွဲ့မင်းဆက်သည် ဤဒေသမှ မိုင်သောင်းပေါင်းများစွာ ဝေးကွာလျက်ရှိပြီး ခိုးသူသည် မည်သို့ပြုလုပ်ပြီး ဤဂိုဏ်း၏ ထူးခြားသော ကျင့်စဉ်ကို ရရှိခဲ့သည်ကို မသိရချေ။

လော့ချန်က ခေါင်းခါလိုက်ပြီး ထိုကျမ်းစာကို လင်ရှောင်ကျောက်စိမ်းတံဆိပ်ထဲသို့ သိမ်းလိုက်သည်။

ဤမကောင်းသော ကျင့်စဉ်ကို သူသည် လုံးဝ မကျင့်သုံးချင်ပေ။

ထို့အပြင် ဂိုဏ်းများသည် ၎င်းတို့၏ ကျင့်စဉ်များ ပြင်ပသို့ ပျံ့နှံ့ခြင်းကို အလွန်တားမြစ်ထားသည်။ ၎င်းမှာ ကျွယ်လွှမ်းဂိုဏ်း၏ ထူးခြားသော ကျင့်စဉ်ဖြစ်သည်။ အကယ်၍ သူသည် လျှို့ဝှက်စွာ ကျင့်သုံးမိပြီး ထင်ရှားသွားပါက ကြီးမားသော ဘေးဒုက္ခသို့ ရောက်ရှိလိမ့်မည်။

လော့ချန်တွင် စစ်မှန်သောနဂါးကျင့်စဉ်ရှိပြီးဖြစ်သဖြင့် ကြယ်လေးပွင့်အဆင့်ကျင့်စဉ်သည် သူ့မျက်စိထဲတွင် သာမညပင်ဖြစ်သည်။

ဒုတိယကျမ်းစာကို ထုတ်ယူလိုက်ရာ လော့ချန်၏မျက်လုံးများ တောက်ပလာသည်။

“ယွမ်ရှီကျွမ်းကျင်မှု… အရန်စွမ်းရည်တစ်ခုပဲ… ကိုယ်ပိုင်ချီစွမ်းအင်ကို ဖုံးကွယ်နိုင်ပြီး အသက်ရှူသံမထွက်ပေါ်အောင် ထိန်းချုပ်နိုင်တယ်… ကိုယ့်ရဲ့စွမ်းအင်လှိုင်းကို ပြောင်းလဲပြီး အဆင့်တစ်ဆင့်ဖုံးကွယ်နိုင်တယ်… ဒါပေမယ့် သွေးကြောနိုးကြားမှုအဆင့်ထက် ကျော်လွန်သွားရင်တော့ ယွမ်ရှီကျွမ်းကျင်မှုက အသုံးမဝင်တော့ဘူး…”

ဤသို့ဖတ်ရှုပြီးနောက် လော့ချန်သည် နားလည်လိုက်သည်။ ခိုးသူသည် လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်သို့ ရောက်ရှိပြီးဖြစ်သော်လည်း အဆင့်ငါးအဆင့်ဟု ထင်ရှားနေခြင်းမှာ ဤကျွမ်းကျင်မှုကြောင့်ဖြစ်သည်။

“ကောင်းလိုက်တဲ့အရာ… သွေးကြောနိုးကြားမှုအဆင့်အထိ အသုံးပြုလို့ရတယ်…”

လော့ချန်၏မျက်လုံးများတွင် အံ့ဩဝမ်းသာမှုအရိပ်အမြွက်ပေါ်လာသည်။

အဆင့်တစ်ဆင့်ဖုံးကွယ်နိုင်သည့်အချက်မှာ သာမန်သာဖြစ်သော်လည်း လော့ချန်က ဤကျွမ်းကျင်မှုသည် ကိုယ်ပိုင်စွမ်းအင်ကို ဖုံးကွယ်ထိန်းချုပ်နိုင်သည့်အချက်ကို အလေးထားသည်။

ဤသည်မှာ ထွက်ပြေးခြင်းနှင့် လုပ်ကြံခြင်းအတွက် အကောင်းဆုံးအကွက်ပင်ဖြစ်သည်။

အနာဂတ်တွင် အန္တရာယ်နှင့်ကြုံတွေ့ရပါက ထွက်ပြေးရန် အခွင့်အလမ်းများစွာ တိုးလာလိမ့်မည်။

စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး လော့ချန်သည် ယွမ်ရှီကျွမ်းကျင်မှုကို ချက်ချင်းစတင်ကျင့်ကြံသည်။

နောက်တစ်နေ့နံနက်တွင် လော့ချန်နှင့် ယန်ကျီရွှမ်သုံးဦးသည် ဟန်မိသားစုမှ ထွက်ခွာသွားကြသည်။

ယန်ကျီရွှမ်နှင့် ယွမ်ဆရာငယ်လေးသည် မစ်ရှင်အပြီးသတ်ရန် ဂိုဏ်းသို့ ပြန်သွားကြပြီး လော့ချန်ကမူ ဒုတိယမစ်ရှင်အတွက် ဟွမ်ရှီမြို့သို့ ဦးတည်သွားသည်။

“လော့ချန်… ဒီတစ်ခေါက် ငါမင်းကို အကြွေးတင်သွားပြီ… အကူအညီလိုရင် လော့ရှာဂိုဏ်းကို လာရှာလို့ရတယ်နော်… အဲ့ဒီအခါကျရင် ငါ့ရဲ့ဆရာမတွေကို မင်းနဲ့မိတ်ဆက်ပေးမယ်…”

ယန်ကျီရွှမ်သည် လော့ချန်နှင့်အတူ မြင်းစီးလျက် မျက်တောင်ခတ်ပြီး ချစ်စဖွယ်မျက်နှာဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ…”

လော့ချန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

ဘေးတွင်ရှိသော ယွမ်ဆရာငယ်လေးကမူ မျက်နှာတစ်ခုလုံး အိပ်မက်မက်နေသည့်ဟန်ဖြင့် နားထောင်နေသည်။

လော့ရှာဂိုဏ်းသည် တစ်နှစ်ပတ်လုံး ရောင်စဉ်အလင်းတန်းများဖြင့် ဝန်းရံထားပြီး တာယွဲ့မင်းဆက်၏ ထူးခြားသောမြင်ကွင်းသုံးခုအနက်တစ်ခုဖြစ်သည်။

ထို့အပြင် လော့ရှာဂိုဏ်းသည် အမျိုးသမီးတပည့်များသာ လက်ခံပြီး ထိုနေရာတွင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လျက်ရှိသည်။ ဂိုဏ်းမှအမျိုးသမီးတပည့်များသည် ဝိညာဉ်စွမ်းအင်ဖြင့် ပြုစုပျိုးထောင်ခံရပြီး တစ်ဦးချင်းစီ လှပဆွဲဆောင်မှုရှိကြသည်။

အမျိုးသားများအတွက် လော့ရှာဂိုဏ်းသည် နတ်ပြည်နှင့်တူညီသော လူ့ပြည်ဟုပင် ဆိုနိုင်သည်။

သုံးဦးသား လမ်းခွဲရာ၌ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ပြီး လမ်းခွဲလိုက်ကြသည်။

“ကြယ်နှစ်ပွင့်အဆင့်မြင့်မစ်ရှင်ကတောင် ဒီလောက်အန္တရာယ်များနေပြီ… ကြယ်နှစ်ပွင့်ထိပ်တန်းမစ်ရှင်ဆိုရင် ပိုပြီးသတိထားရမယ်…”

အပြာရောင်မြင်းစီးလျက် လော့ချန်သည် အရှိန်ဖြင့် ပြေးလွှားသွားပြီး နှစ်ဖက်ရှိ မြင်ကွင်းများသည် လျင်မြန်စွာ ဝေဝါးလာသည်။

တစ်ရက်ကြာပြီးနောက် လော့ချန်သည် လွင်ပြင်တစ်ခုသို့ ရောက်ရှိလာသည်။

ထိုလွင်ပြင်တွင် မြက်ပင်တစ်ပင်မှ မပေါက်ဘဲ မြေပြင်သည် အနက်ရောင်ကျောက်သားများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ဟွမ်ရှီမြို့သည် ထိုလွင်ပြင်အလယ်တွင် တည်ရှိသည်။

သိပ်မဝေးသော အကွာအဝေးတွင် လော့ချန်သည် မြင်းခွာသံများကို ရုတ်တရက် ကြားလိုက်ရသည်။

ရှေ့ဆက်သွားရာ၌ ပြင်းထန်သော လိုက်လံဖမ်းဆီးမှုတစ်ခု ဖြစ်ပွားနေသည်ကို တွေ့လိုက်ရသည်။

All Chapters