← Chapters

ခံ့ညားလောက်စရာ ပေါ်ထွက်လာမှု

Vol. 3 Ch. 38

ခံ့ညားလောက်စရာ ပေါ်ထွက်လာမှု

Vol. 3 Ch. 38

ဝမ်ရွှမ်ကျန့်နှင့် ရွှမ်ယွမ်ချန်တို့၏ တိုက်ပွဲသည် နောက်တစ်ဖန် တိုက်ခိုက်ကြ ပြန်သည်။ လှံနှင့် ဓားထိတွေ့မိသည့် အခါတိုင်းတွင် စွမ်းအင်များက ပေါက်ကွဲ ထွက်လာကြပြီး ထိုစွမ်းအား များသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ပုံမှန် လူတစ်ယောက်သာ ထိုတိုက်ပွဲအနီးသို့ ရောက်ရှိလာမည် ဆိုလျှင် ရိုက်ခတ် လာသည့် လှိုင်းများနှင့် ထိမိရုံနှင့်ပင် မတော်တဆဖြစ်ကာ သေဆုံး သွားနိုင်သည်။

ဝမ်ရွှမ်ကျန့်သည် သူ၏ အားကောင်းသည့် လှံတိုက်ကွက်ကို ထပ်မံ အသုံးမပြုတော့ပေ။ ထို့တိုက်ကွက်သည်လည်း ဆန္ဒရှိသလို တိုက်ခိုက်နိုင်သော တိုက်ကွက် မဟုတ်ပေ။

ရွှမ်ယွမ်ချန်သည် ဒဏ်ရာ ရရှိထားပြီး ဖြစ်သဖြင့် ရှုံးနိမ့်ဖို့ရန် သိပ်မလိုတော့ပေ။

ပို၍ အရေးကြီးသည်မှာ ချန်းချန်းသည် ယခုထိတိုင်အောင် ထွက်ခွာသွားခြင်း မရှိသေးချေ။

ဝမ်ရွှမ်ကျန့်သည် ချန်းချန်းအား ရင်ဆိုင်ရန် အတွက် စွမ်းအင်အချို့ သိမ်းဆည်း ထားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် စွမ်းအင်များစွာ ကုန်ဆုံးနိုင်သည့် တိုက်ခိုက်ခြင်း များကို အသုံးမပြုတော့ပေ။

တိုက်ပွဲ အပြင်ဘက်တွင်မူ ချန်းချန်းသည် ဆုံးဖြတ်ရန်ခက်သည့် အမူအရာနှင့် ရှိနေသည်။

သူထွက်ခွာသွားရန် ရွေးချယ်လိုက်ပါက ဝမ်ရွှမ်ကျန့်သည် အများကြီး ပေးဆပ်ပြီး ထိုတိုက်ပွဲအား လျင်မြန်စွာ အဆုံးသတ်နိုင်ရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရွှမ်ယွမ်ချန် သည်လည်း အလွန်ရက်စက်သည့် ရှုံးနိမ့်မှုမျိုးကို ခံစားရမည် ဖြစ်သည်။

သူသာ ထိုကဲ့သို့ ထွက်သွားမည်ဆိုလျှင် သူ့အရှေ့တွင် သတ္တိရှိစွာ ရပ်တည်ပေးပြီး ကိုယ်ပိုင် လုံခြုံမှုကိုတောင်မှ အမှုမထားခဲ့သည့် ရွှမ်ယွမ်ချန် အတွက် မျှတမှုမရှိဟု ခံစားမိသည်။

သို့ပေမဲ့လည်း သူသာ မထွက်သွားလျှင် ရွှမ်ယွမ်ချန် အနေဖြင့် ဒေါသ ထွက်လွန်းလို့ သွေးအန်လာနိုင်သည်။ အဆုံးတွင် သူက နေရာတွင်ထိုင်ပြီး ကြည့်ကာ နာမည်ဆိုး ရမည့်အရေးမှ လွတ်မြောက်နိုင်ရန် အခွင့်အရေးကို စောင့်နေတော့သည်။

“ဟူး … ဘာလို့များ ပြဿနာတွေ ဖြစ်ရတာလဲနော် …”

ချန်းချန်း၏ သေးသွယ် နူးညံ့သည့် မျက်နှာလေးတွင် သူသည် အပြောင်းအလဲ များစွာနှင့် ကြုံတွေ့ခဲ့ပြီး အသက်ကြီးကာ အိုမင်းသွားသည်ဟုပင် ခံစားနေရသည်။

“မေ့လိုက်တော့မယ် … ရွှမ်ယွမ်ချန် တိုက်ပွဲပြီးတဲ့အထိ စောင့်လိုက်ပါမယ်လေ …”

သူ့စိတ်ကို ပြင်ဆင်ပြီးသည့် နောက်တွင်တော့ နေရာတွင် ရပ်လျက်နှင့်ပင် တိုက်ပွဲအား ကြည့်နေလေသည်။

ဝမ်ရွှမ်ကျန့်သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် အားကောင်းသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ယခုအခါတွင်တော့ သူ၏ သွေးစွမ်းအားကိုပါ အသက်သွင်း လိုက်သဖြင့် သူ့ခွန်အားသည် အားလုံးကို ကျော်လွန် သွားတော့သည်။

တိုက်ခိုက်မှုတိုင်းတွင် ကြီးမားသည့် စွမ်းအားပါ ပါဝင်ပြီး ရွှမ်ယွမ်ချန်အား ထပ်ကာထပ်ကာ ဒဏ်ရာ ရရှိစေသည့်အပြင် တစ်နေရာတည်းကိုပင် ဆက်တိုက် တိုက်ခိုက် နေတော့သည်။

ထိုအချိန်မှာပင် ဧရာမ ခွေးကြီးသည် မနှေးမမြန်သည့် နှုန်းဖြင့် ပျံသန်းလျက် ရှိသည်။ ထိုခွေးပေါ်တွင် အတော်လေး ခန့်ညားသည့် လူတစ်ယောက် ထိုင်လျက်ရှိသည်။

သူ့အကြည့်ကို တိုက်ပွဲဆီသို့ ပို့လိုက်သည့်အခါတွင် သူ့မျက်နှာ အမူအရာသည် ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသည်။

“နဂါးခေါင်း ဦးညွတ် …”

ဝမ်ရွှမ်ကျန့်သည် ရွှမ်ယွမ်ချန် ခံစစ်၏ အားနည်းချက်ကို တွေ့ရှိလိုက်သဖြင့် သူ့လှံအား လွှတ်ချလိုက်သည်။

လှံလွတ်ကျ သွားသည်နှင့် မိုးပြာရောင် နဂါးအရိပ် ထွက်ပေါ်လာပြီး ရွှမ်ယွမ်ချန်အား တစ်ချက်တည်းနှင့် ထိုးချ လိုက်တော့သည်။

ဘုန်း …

မိုးပြာရောင် နဂါးကြီးသည် ရွှမ်ယွမ်ချန်၏ ဓားအား လေထဲတွင်ပင် ချိုးလိုက် ပြီးနောက် ကျယ်လောင်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ထိတ်လန့်ဖွယ် ကောင်းသည့် စွမ်းအား အမြောက်အများ ထွက်ပေါ်လာပြီး ရွှမ်ယွမ်ချန်၏ ပေသုံးဆယ် ပတ်လည်တွင် ချိုင့်တွင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။

ရွှမ်ယွမ်ချန်သည် ပါးစပ်နှင့်အပြည့် သွေးအန် လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်သည် အနည်းငယ် ယိမ်းယိုင် သွားသည်။ နောက်ဆုံးတွင် သူ့ကိုယ်သူ တောင့်မခံနိုင်တော့သဖြင့် အနောက်သို့ ဆုတ်လိုက်ရသည်။

သူ့ခန္ဓာကိုယ် ပတ်လည်တွင် ရွှေရောင်အကာအကွယ် ပေါ်လာခဲ့သည်။ ရွှမ်ယွမ်ချန် ရှုံးနိမ့်သွားလေပြီ။

ဝမ်ရွှမ်ကျန့် သည်လည်း မောပန်း နေလေသည်။ ရွှမ်ယွမ်ချန်သည် ထိုမျှလောက်အထိ တောင့်ခံနိုင်လိမ့်မည်ဟု သူမထင်ထားချေ။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်ရှိ အားကောင်းသည့် ကျင့်ကြံသူ တစ်ယောက်အား အနိုင်ယူရန် ထိုမျှလောက် မခက်ခဲသင့်ပေ။ ထိုတိုက်ပွဲ၏ ခက်ခဲမှုသည့် သူမျှော်မှန်း ထားသည့်ထက် ပိုမိုသေးသည်။

သူအကြည့်အား ချန်းချန်းဆီသို့ ပို့လွှတ် လိုက်သည်။ သူ့မျက်နှာတွင် စိတ်အား ထက်သန်မှုများ ပေါ်လာသည်။ “နောက်ဆုံးတော့ ငါတို့တိုက်ပွဲကို နှောင့်ယှက်မဲ့သူ မရှိတော့ဘူး … ငါသေချာပေါက်ကို …”

သူပြောလို့ မပြီးခင်မှာပင် ကောင်းကင်ပေါ်မှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

“ရဲတင်းလိုက်တဲ့ကောင် … မင်းက အစ်ကိုကြီးချန်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့ … သေဖို့သာ ပြင်ပေတော့ …”

ထိုသို့ အော်ဟစ်ပြီးသည့် နောက်တွင် လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် ကောင်းကင်မှနေ ဆင်းသက်လာသည်။

ကောင်းကင်သို့ ကြည့်လိုက်ရင် ဝမ်ရွှမ်ကျန့် မျက်နှာသည် ရှုံ့မဲ့ လာတော့သည်။

ဘာတွေဖြစ်နေကြတာတုန်း … ငါဘယ်သူ့ကိုများ အမှားလုပ်ထားမိလို့လဲ …

***

ချန်းချန်းသည် ထွက်ပြေးရန် အတွက် အစီအစဉ ချထားပြီးသား ဖြစ်သည်။ ကောင်းကင်ပေါ်မှ မြင်ကွင်းအား မြင်လိုက်ရသည့် အခါတွင်တော့ သူက စိတ်ရှုပ်လာပြီး နေရာတွင်ပင် ရပ်တန့်နေမိသည်။

ရွှမ်ယွမ်ချန် ဆီမှနေ ကျယ်လောင်သည့် အသံထွက် ပေါ်လာသည်။ ရောက်ရှိလာသည့် သူအား မြင်လိုက်ရသည့်အခါတွင် ရွှမ်ယွမ်ချန်သည် စတင် အော်ဟစ်တော့သည်။ “ကျောင်းသား အန်လင်းရေ … မလာခဲ့နဲ့ … မြန်မြန်ပြန်သွားပြီး ထွက်ပြေးတော့ …”

သို့ပေမဲ့လည်း ကောင်းကင်ပေါ်မှ ထိုလူနှင့် ခွေးတို့သည် ထွက်ခွာသွားရန် ရည်ရွယ်ချက် မရှိပေ။ ထို့အပြင် ထိုနှစ်ဦးသည် ပို၍လျင်မြန်စွာပင် ရောက်လာကြတော့သည်။

ရွှမ်ယွမ်ချန်သည် အလွန်တရာ မောပန်း နွမ်းနယ်လှပြီ ဖြစ်သည်။ ကနဦး သူထင်ခဲ့သည်မှာ ရဲဝင့်စွာဖြင့် ရှေ့ထွက်ရပ်ပြီး ချန်းချန်းအား လွတ်မြောက် စေမည်ဟုပင်။

အရာအားလုံးက ပို၍ ဆိုးဝါးလာခဲ့သည်။ ချန်းချန်းသည် ထွက်ပြေးခြင်း မရှိသလို ယခုအခါတွင်မူ အန်လင်းပါ ရောက်ရှိလာပြီ ဖြစ်သည်။

***

ကျောက်စိမ်းဖြူရင်ပြင်တွင် ရွှမ်ယွမ်ချန်၏ တိုက်ပွဲကို မြင်တွေ့ လိုက်ရသည့် ကျောင်းသားများသည် သူ့တိုက်ခိုက်မှု များကြောင့် အလွန်အံ့အားသင့် နေကြသည်။

“ကျောင်းသား အသစ်က ဒီလောက်တောင် စွမ်းအားကြီး လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ … သူက ဝမ်ရွှမ်ကျန့် အားကုန် တိုက်ခိုက်သမျှကို တကယ်ကို တောင့်ခံနိုင်တာပဲ …”

“သူပြသခဲ့တဲ့ ခွန်အားအရ သူက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့်မှာ ရှိတဲ့ တချို့ ကျင့်ကြံသူတွေ ထက်တောင်မှ ပိုပြီး အားကောင်း နေသေးတယ် …”

“အင်း … အင်း … နောက်နှစ်နှစ် သုံးနှစ်လောက်ဆို အင်မော်တယ်အဆင့် ဇယားရဲ့ ထိပ်ဆုံးနေရာက သူ့အတွက်ပဲ ဖြစ်လိမ့်မယ် …”

“အား … ကျောင်းသား ရွှမ်ယွမ်ချန်က အရမ်းကို ခန့်ညားတာပဲ … သူရှုံးသွားတာတောင် သူ့ရဲ့ ဝတ်စုံဖြူလေးက လေထဲမှာ တလှပ်လှပ် လွင့်နေတုန်းပဲ … သူ့ပုံလေးက အေးချမ်းပြီး တင့်တယ် လိုက်တာနော် …”

“သောက်သုံးမကျတဲ့ ဖန်သားပြင် … ရွှမ်ယွမ်ချန်လေးရဲ့ မျက်နှာကို သေချာကြည့်လို့ ရအောင် ချဲ့ပေးလို့ မရဘူးလား … ဟမ် …”

“ကင်မရာမန်းကတော့ မနက်ဖြန် အလုပ်မသွားချင်တော့ဘူးနဲ့ တူတယ် … အဟင်း ဟင်း …”

ရွှမ်ယွမ်ချန်၏ အမျိုးသမီး ပရိသတ်များသည် ဒေါသ ထွက်လာသဖြင့် ကျယ်လောင်စွာ ဆန္ဒပြ နေကြသည်။

ထိုအချိန်မှာပင် ဖန်သားပြင်ထက်တွင် ခွေးစီးနင်းလာသည့် ပုံရိပ်တစ်ခု ပေါ်လာတော့သည်။

ရင်းနှီးနေသည့် ထိုမြင်ကွင်းကြောင့် ကျောင်းသား အားလုံးသည် ငေးငိုင် သွားကြသည်။

“လခွမ်းဟေ့ … ခမ်းနားကြီးကျယ်တဲ့ လူနဲ့ခွေး အတွဲကတော့ ရောက်လာပြီ …”

“သူတို့က ဘာလာ လုပ်ကြတာလဲ … ဝမ်ရွှမ်ကျန့်ရဲ့ မျက်နှာကို ရွှေလက်သီးကြီးနဲ့ ထိုးဖို့အတွက် ရောက်လာတာတော့ မဟုတ်ဘူးမလား …”

“ရွှေလက်သီးကြီးကို အသာထား စမ်းပါကွာ … ခွေးလက်သီးနဲ့ ၁၈ကိုယ်ခွဲပြီး ထိုးရင်တောင်မှ ဝမ်ရွှမ်ကျန့်ရဲ့ လှံတိုက်ကွက် တစ်ခုကိုတောင် မခံနိုင်ဘူး …”

“မင်းတို့ နှစ်ယောက်ကြားက ခွန်အား ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်စမ်းပါကွ … ကိုယ့်သေတွင်း ကိုယ်မတူးစမ်းပါနဲ့ …”

အန်လင်းနှင့် တပိုင်တို့ ပေါ်လာခြင်းသည် သောင်းနှင့်ချီသည့် ကျောင်းသား ထုကြီးအား လှုပ်ခတ် သွားစေသည်။

သို့ပေမဲ့လည်း ကျောင်းသား အများစုသည် ထိုသို့ ရောက်လာခြင်း အတွက် ကောင်းမွန်သည့်အမြင်များ မရှိကြသည့်အပြင် အနည်းငယ်ပင် စိတ်ပျက် သွားကြသည်။

မင်းတို့နှစ်ကောင်က ဘယ်အရာကိုမှ အလေးအနက် မထားကြဘူးလားကွ … ဟမ် … တခြား ကျောင်းသားတွေကို ရှာလို့ မရကြဘူးလား … ငါတို့က ခမ်းနားကြီးကျယ်တဲ့ လူနဲ့ခွေး အတွဲကို အများကြီး မြင်ချင်ကြသေးတယ်ကွ …

***

အတားအဆီး အပေါ်ဘက်တွင် …

ဆံပင်ဖြူ မုတ်ဆိတ်ဖြူ မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် လူတစ်ယောက်နှင့် ခွေးတစ်ကောင်၏ ခံ့ခံ့ညားညား ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ သူ့နှလုံးသားသည် နာကျင်မှုကြောင့် တဒုတ်ဒုတ် မြည်လာသည်။

“ဒီနှစ်ယောက်က မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင် ပြောတဲ့ နှစ်ယောက်များလား … သေချာပါတယ် … သူတို့က ပုံမှန် မဟုတ်ကြဘူး …”

မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် ထိုသို့ ပြောနေရင်းဖြင့် မုတ်ဆိတ်အား အသာသပ် လိုက်သည်။

သူ့တို့၏ အချက်အလက် များသည် သူ့လက်ထဲသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ထိုအချက်အလက်များကို မြင်လိုက် ရသည့်အခါတွင် မုတ်ဆိတ်များကိုပင် ဆွဲနှုတ်မိတော့မယောင် ဖြစ်သွားသည်။ သူ့နှလုံးသားတင်မက သူ့ဦးခေါင်းကပါ နာကျင်လာရပြီ ဖြစ်သည်။

အန်လင်း …

တိုက်ခိုက်နိုင်စွမ်း : ၂၆၀

ရမှတ် : ၁၀၁၀

တပိုင် အန်လင်းကိုယ်ပိုင်သားရဲ …

တိုက်ခိုက်နိုင်စွမ်း : ၄၀၀

ရမှတ် : ၆၃၀

ကိုယ်ပိုင်သားရဲ ဆိုတာက ဘာကြီးတုန်း … ကျင့်ကြံခြင်း ကမ္ဘာမှာ ကိုယ်ပိုင်သားရဲ ဆိုတာမျိုး ရှိလို့လား …

ဒီရမှတ်ကကော ဘယ်လိုဖြစ်ရတာတုန်း … တစ်ဝက်ခွဲပေးထားတာ ဟုတ်လား …

ဒါက ဒီပြဿနာကို မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် ဖြေရှင်းလိုက်တဲ့ နည်းပေါ့ … အရမ်းကို ပေါ့ပျက်ပျက် နိုင်လွန်းတယ် …

အင်မော်တယ် အဆင့်ဇယား၏ ထိပ်ဆုံးအယောက် တစ်ရာသို့ ဝင်ရောက်ဖို့ရန် ကျောင်းသားများ အနေဖြင့် အနည်းဆုံး တိုက်ခိုက်နိုင်စွမ်း ၂၅၀ရှိရမည် ဖြစ်သည်။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျောင်းသားများ အတွက်မူ တိုက်ခိုက်နိုင်စွမ်းသည် ၃၅၀အထက် ရှိရပေမည်။

အန်လင်းက ကျောင်းကို တာအိုခန္ဓာ ဗလာအဆင့်နဲ့ ဝင်လာတာ … အဲဒီအပြင် စာသင်ချိန် တွေမှာလည်း အိပ်နေသေးတယ် … လေးလလောက် ကျင့်ကြံလိုက်ရုံနဲ့ သူက ထိပ်ဆုံးအယောက် တစ်ရာထဲ ဝင်လာနိုင်တာလား …

ဒီကြောက်မက်ဖွယ် ရမှတ်ကကော ဘာဖြစ်တာလဲ … ၁၀၁၀တဲ့လား … ဘာလဲ … သူက ကျောင်းရဲ့စံချိန်ကို ချိုးနိုင်ဖို့ ကြိုးစားနေတာလား …

မြေကမ္ဘာအင်မော်တယ် ချန်းချင် အနေဖြင့် ထုတ်ပြောချင်သည့် စကားများ အများအပြား ရှိနေသေးသည်။ သို့ပေမဲ့လည်း ထုတ်ပြောဖို့ရာ အတော်လေး မသက်မသာ ဖြစ်မိသည်ကြောင့် စိတ်ထဲတွင်သာ ထားရှိလိုက် ရတော့သည်။

အဆုံးတွင်တော့ သူနားလည် သဘောပေါက်သွားပြီ ဖြစ်သည်။

ဒီတည်ရှိမှုတွေရဲ့ နောက်မှာ တစ်ခုခုတော့ ရှိရမယ် … ဒီလူနဲ့ ခွေးအတွဲက ဒီနေရာမှာ ရှိနေနိုင်တယ် ဆိုတော့ သူတို့ရဲ့ တည်ရှိနိုင်မှုနဲ့ ပတ်သက်ပြီး တစ်ခုခုက သေချာပေါက် ရှိနေတယ် …

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်ရဲ့ နည်းအတိုင်းပဲ အချက်အလက် တွေကို မှတ်တမ်း တင်လိုက်ပါမယ်လေ … နောက်ဆုံးတော့ ဒီကိစ္စတွေကို စိုးရိမ်ရမဲ့သူက ကောင်းကင် အင်မော်တယ် ယူဟွာ ပဲကို …

ဒုကျောင်းအုပ် ယူဟွာကိုပဲ ဒီပြဿနာကို လွှဲပေး လိုက်တော့မယ် …

***

အန်လင်းသည် ကောင်းကင်တွင် ရှိနေရင်း ရွှမ်ယွမ်ချန်သည် ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် တည်နေရာ ပြောင်းရွှေ့ခြင်း ခံလိုက်ရသည်ကို မြင်လိုက်သည့်အခါ ပိုလို့ပင် ဒေါသထွက်လာသည်။

“မင်းကြိုက်တဲ့ သူကို အနိုင်ကျင့်လို့ရတယ် … ဒါပေမဲ့ ငါ့ရဲ့ အစ်ကိုကြီးချန်ကိုတော့ မရဘူး … တပိုင် … အဲကောင်ကို သွားသတ်လိုက်စမ်း …”

“မင်းလုပ်နိုင်တယ်ဆိုရင် အရင်သွားလိုက်လေ … ဝုတ် …”

“အန်လင်း … အတူတူသွားကြမယ် …”

“တပိုင် အတူတူသွားကြမယ် … ဝုတ် …”

***

All Chapters