← Chapters

အခန်း (၄၆၁-၄၆၂)

Vol. 19 Ch. 461-462

အခန်း (၄၆၁-၄၆၂)

Vol. 19 Ch. 461-462

အခန်း(၄၆၁) စူစူလေး နာမည်ကြီးသွားပြန်ပြီ (၁)

“ငါ ကလေးချော့တာ မဟုတ်ဘူး”။ ချင်းယုဟွိုင်းက တည်တည်တံ့တံ့ ပြန်ဖြေလိုက်သည်။

“မဟုတ်ဘူးလား”

“မဟုတ်ဘူး”

“အေးပါကွာ”။ ချင်းယုဟွမ်က အပြုံးဖြင့် ပြောလိုက်သည်။ “မင်းအချိန်မှီရောက်လာလို့ တော်သေးတာပေါ့။ မဟုတ်ရင် စူစူလေးကို ငါဘယ်လိုတားရမှန်း သိမှာမဟုတ်ဘူး။ သူ့ခံစားချက်ကိုလည်း မထိခိုက်စေချင်လို့လေ။ အဲ့ Tibetan Mastiff ခွေးကြီး ထွက်သွားတော့ ငါဘာလုပ်ရမှန်းမသိ ဖြစ်သွားတာ”

Tibetan Mastiff ခွေးကြီးထွက်သွားပါက စူစူလေး အကာအကွယ်မဲ့ဖြစ်သွားမှာကို ချင်းယုဟွမ် စိုးရိမ်သွားခဲ့သည်။

“ငါမြင်ပါတယ်။ မင်းတော်တော် အကြောက်လွန်နေတဲ့ပုံပဲ”။ ချင်းယုဟွိုင်းက ပြောလိုက်၏။

“ငါ့ကို နည်းနည်းလေး စေတနာထားပြီး ပြောလို့မရဘူးလား အစ်ကိုကြီး”

“အရင်ကတည်းက ဒီလိုပဲလေ”

“ဒါပေမယ့် ခုနကတုန်းက ဒေါ်လေးစူစူကို စကားပြောတုန်းကကျတော့ နူးညံ့သိမ်မွေ့နေတာပဲ။ ခြားနားချက်တစ်ခု ရှိတာ ငါခံစားမိတယ်! မင်းရဲ့ ညီတစ်ယောက်အနေနဲ့ ငါလည်း အဲ့လို ဆက်ဆံခံချင်တယ်လေ”။ ချင်းယုဟွမ်က အရှက်မရှိစွာ ပြောလိုက်သည်။

“မင်းအတွေးလွန်နေတာ”။ ချင်းယုဟွိုင်းက သူ့ညီနဲ့ အချိန်မဖြုန်းချင်ပါ။

ထို့နောက် စူစူလေးကို ပွေ့ချီရင်း မဲလုံးကြီးတို့ဆီ ချင်းယုဟွိုင်း လျှောက်သွားလိုက်ပါသည်။

“ဒေါ်လေးစူစူ!”။ စူစူလေး ရောက်လာတာကို မြင်သောအခါ ချင်းလောင်ယွင် မျက်နှာလေး တောက်ပသွားပါသည်။

“အွန်း လိမ္မာတယ် လိမ္မာတယ်”။ စူစူလေးက ချီးကျူးလိုက်ပါသည်။

သူမရဲ့ တူမလေးက ဒီနေ့ အလွန်လိမ္မာခဲ့သည်။ ထို့ကြောင့် ချီးကျူးထိုက်ပါသည်။

“နောက်ဆိုလည်း လိမ္မာပါ့မယ်!”။ ချင်းလောင်ယွင်က ခေါင်းငြိမ့်လိုက်ပါသည်။ “ဒေါ်လေးစူစူကို အတုယူပြီး သတ္တိရှိအောင် နေမယ်!”

ချင်းလောင်ယွင်၏ မျက်နှာလေးက အပြုံးပန်းများဖြင့် တောက်ပနေသည်။ ထို့ကြောင့် ချင်းယုဟွမ်တစ်ယောက် အံ့အားသင့်သွားရသည်။

ချင်းလောင်ယွင်ကို သူနောက်ဆုံးတစ်ခေါက် မြင်ခဲ့တာက လွန်ခဲ့သည့် ၃ လခန့်က ဖြစ်သည်။ ထိုအချိန်တုန်းက ချင်းလောင်ယွင်မှာ အငိုသန်ပြီး အလိမ်အညာတွေလည်း ပြောတတ်သည်။

အဓိပ္ပာယ်မရှိသည့် အလိမ်အညာတွေကို ပြောခဲ့တာဖြစ်သည်။ ထို့ကြောင့် ချင်းယုဟွမ်က သူ့ဝမ်းကွဲညီမကို သံယောဇဉ် သိပ်မရှိပါ။

သို့သော်လည်း ဒီနေ့ သူမြင်နေရသည့် ကောင်မလေးကတော့ ယုံကြည်ချက်တွေ အများကြီး ရှိနေပြီး စူစူလေး ရှေ့မှာ တစ်ခါမှ မမြင်ဖူးသည့် လိမ္မာယဉ်ကျေးမှုမျိုး ထုတ်ပြနေသည်။

ဒါကောင်းမွန်သော ပြောင်းလဲခြင်းဖြစ်၏။

စူစူလေးကြောင့်များ သူမ ပြောင်းလဲသွားခဲ့တာလား။

“ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”။ ကျန်းဝမ်ဝမ်လည်း ကျေးဇူးတင်လိုက်ပါသည်။

သူမ တစ်ယောက်တည်းသာဆို ချင်းချန်းကျစ်တို့ မိသားစုလက်မှ ပြေးမလွတ်နိုင်မှန်း သိပါသည်။

လောလောဆယ်တော့ ချင်းယုဟွိုင်းနဲ့ ချင်းစူစူတို့ကို အားကိုးဖို့သာရှိသည်။

“ရပါတယ်။ ယွင်ယွင်အတွက် ထည့်စဉ်းစားပြီး မှန်တာလုပ်မယ်ဆို ကျွန်တော်တို့ အမြဲတမ်း ထောက်ပံ့နေမယ်။ ကွာရှင်းပြတ်စဲဖို့ ကိစ္စတွေကော၊ ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်ရဖို့ တရားရင်ဆိုင်ဖို့ကော ပါတယ်။ ခင်ဗျားတို့ကို ကူညီပေးဖို့ ကျွန်တော် ရှေ့နေငှားပေးမယ်”။ ချင်းယုဟွိုင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းဝမ်ဝမ် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပါပြီ…။ ဒါပေမယ့် ငါတို့ ဒီမှာနေနေတာကို ချင်းချန်းကျစ် သိသွားပြီလေ။ သူ…”

“စိတ်မပူနဲ့။ သူပြန်လာပြီး နှောင့်ယှက်ရဲမှာမဟုတ်ဘူး။ ခင်ဗျားနဲ့ ယွင်ယွင်တို့ ဒီမှာ ဆက်နေကြပါ။ ဒါမှ အလုပ်လုပ်ရတာလည်း လွယ်မယ်”။ ချင်းယုဟွိုင်းက ပြောလိုက်ပါသည်။

“ကောင်းပါပြီ ကျေးဇူးတင်ပါတယ်။ ငါတို့ ပိုက်ဆံစုပြီးတာနဲ့ အိမ်တစ်လုံးရှာပြီး ပြောင်းပါ့မယ်”။ ကျန်းဝမ်ဝမ်က ပြောလိုက်ပါသည်။

ချင်းမိသားစုကိုပဲ အမြဲတမ်း အားကိုးနေလို့မဖြစ်မှန်း သူမ သိပါသည်။ အမြဲတမ်း အားကိုးနေလျှင် သူမလည်း ချင်းချန်းကျစ်နဲ့ ကွာတော့မှာ မဟုတ်ဘဲ ယွင်ယွင်လေးကိုလည်း ကောင်းကောင်း ပျိုးထောင်နိုင်မှာ မဟုတ်ပါ။

“ဟုတ်ပြီ”။ ကျန်းဝမ်ဝမ်၏ ဆုံးဖြတ်ချက်ကို ချင်းယုဟွိုင်း ထောက်ခံပါသည်။

သူတို့ စကားပြောနေကြစဉ် လုံခြံရေးအစောင့် တစ်ယောက်က ချင်းယုဟွိုင်းထံ အမြန်ရောက်လာပြီး အရေးပေါ်ကိစ္စတစ်ခု အစီရင်ခံလိုက်ပါသည်။

“စီအီုးအိုချင်း၊ အပြင်မှာ ဂျာနယ်လစ်တွေ၊ ဆိုရှယ်မီဒီယာသမားတွေ အများကြီး ရောက်နေကြတယ်”

“ဘာလို့ရောက်လာတာလဲ”

“ခွေးကြီးစီးသွားတဲ့ ကလေးမလေးကို တွေ့ချင်လို့လို့ ပြောပါတယ်”

ဟမ်… သူမကို ပြောနေကြတာပဲ…။

စူစူလေးက ခေါင်းလေးစောင်းလျက် ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးကာ မေးလိုက်သည်။ “ငါ့ကို ရှာနေကြတာလား”

… … …

အခန်း(၄၆၂) စူစူလေး နာမည်ကြီးသွားပြန်ပြီ (၂)

ချင်းယုဟွမ်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ “နင်ကလွဲပြီး ခွေးကြီးစီးလာတဲ့သူ ဘယ်သူရှိလို့လဲ။ နင်ပဲဖြစ်မှာပေါ့။ သံသယဖြစ်စရာမလိုဘူး”

ဟုတ်သားပဲ…။

စူစူလေးခေါင်းငြိမ့်ကာ ထောက်ခ့လိုက်ပါသည်။

“စူစူလေးကို ဘာလုပ်ချင်လို့ တွေ့ချင်ကြတာလဲ”။ ချင်းယုဟွိုင်းက မေးလိုက်ပါသည်။

“သူ့ကို အင်တာဗျူးချင်နေကြတာ ထင်တယ်။ ကလေးမလေးနဲ့ ခွေးကြီးကို အထူးတဆန်းဖြစ်နေကြတာ”။ လုံခြုံရေးအစောင့်လည်း အသေးစိတ် သိပ်မသိပါ။ သူတို့ ဟိုတည်ရှေ့မှာ ငါးစိမ်းတန်းလို ဆူညံပွက်လောရိုက်နေတာကြောင့် ဖြစ်သည်။

“TV ထဲ ပါရဦးမှာလား”။ စူစူလေး မေးလိုက်သည်။ သူမကို ရုပ်ချောအောင် ရိုက်ပေးလျှင် တီဗီထဲ ပါရတာ သဘောကျပါသည်။

သို့သော်လည်း ချင်းယုဟွိုင်းကတော့ စူစူလေးလို မနုံအပါ။ သူ့ဖုန်းကို ထုတ်လိုက်ပြီဂ အင်တာနက်ပေါ်မှာ ခွေမဲကြီး၊ ကလေးမလေး စသော စကားလုံးများကို ရှာဖွေကြည့်လိုက်သည်။

သေချာပါသည်။ ကြည့်ရှုသူပေါင်း သိန်းချီတက်နေသည့် ဗီဒီယိုတွေကို မြင်လိုက်ရသည်။ ဗီဒီယိုတွေထဲမှာ စူစူလေးက မဲလုံးကြီးကို စီးလျက် လမ်းကြိုလမ်းကြားတွေ လမ်းမတွေပေါ်မှ ဖြတ်သွားသည့် မြင်ကွင်းကို မြင်နေရသည်။

ချင်းယုဟွမ်း ကောမန့်တွေကို ဖွင့်ကြည့်လိုက်ရာ “ဟားဟားဟား” ဟူသည့် ကောမန့်တွေကိုသာ မြင်ပြီး အနည်းငယ် စိတ်အေးသွားရသည်။

စူစူလေး ရှာလိုက်သည့် ပြဿနာက မသေးပါ။ သို့သော် အနည်းဆုံးတော့ လူတွေက အကောင်းမြင်တတ်ပါသည်။ ကောမန့်ထဲကလူတွေက ထိုအဖြစ်ကို ချစ်ဖို့ကောင်းပြီး ဆန်းကြယ်သည်ဟုသာ ထင်ကြပါသည်။

ပြဿနာမရှိလျှင် ချင်းယုဟွိုင်း ဘာမှ လုပ်ဖို့ မလိုအပ်ပေ။

ဘာပဲဖြစ်ဖြစ် စူစူလေး အင်တာနက်ပေါ်မှာ နာမည်ကြီးတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါ။ သူတို့ အသားကျနေပါပြီ။

ချင်းယုဟွိုင်းနဲ့ ချင်းယုဟွမ်တို့ စူစူလေးနဲ့အတူ ချင်းအိမ်တော်သို့ ပြန်ရောက်သောအခါ #TibetanMastiffခွေးကြီးစီးထားသောကလေးမလေး ဟူသည့်အကြောင်းအရာက ထိပ်တန်းရေပန်းစားရှာဖွေမှု ၃ ခုထဲ ပါဝင်နေပါပြီ။

ကြည့်ရှုသူပေါင်း သန်းချီပြီး ကောမန့်တွေလည်း သောင်းချီရှိသည်။

အိမ်ပြန်ရောက်တာ မကြာသေးသည့် ချင်းယုကျိုးလည်း စူစူလေးတို့ ၃ ယောက် ပြန်လာတာကို မြင်သောအခါ အံ့အားသင့်လျက် လှမ်းမေးလိုက်ပါသည်။

“ဝမ်းကွဲအစ်ကို၊ အခုနာမည်ကြီးနေတဲ့ #TibetanMastiffခွေးကြီးစီးထားသောကလေးမလေး ဆိုတဲ့ အကြောင်းအရာက ခြံထဲက ခွေးမဲကြီးနဲ့ စူစူလေးတို့ကို ပြောနေတာလား”

“ဟုတ်တယ်။ ငါတို့ဒေါ်လေးကတော့ တစ်ခုုခပဲ။ မဲလုံးကြီးပေါ် စီးပြီး လမ်းမပေါ် ပြေးထွက်သွားတာ။ ငါ့မှာတောင် ဒူးတုန်အောင်တောင် ကြောက်ခဲ့ရတယ်”။ ချင်းယုဟွမ်က ဝင်ပြောလိုက်ပါသည်။

သူအခုထိ တုန်ယင်နေဆဲဖြစ်သည်။ သူ့သက်တမ်းတစ်လျှောက်လုံး ဒီလိုမြင်ကွင်းအား တစ်ခါမှ မမြင်ခဲ့ရဖူးပါ။

ထို့ကြောင့် ဒီအကြောင်းအရာ အင်တာနက်ပေါ်မှာ ရေပန်းစားလာတာကိုလည်း ချင်းယုဟွမ် မအံ့ဩမိတော့ပေ။ သူဆိုရင်လည်း ထူးဆန်းသည့် အကြောင်းအရာကြောင့် ဗီဒီယိုကို ဖွင့်ကြည့်မိလိမ့်မည်။

စူစူလေးရဲ့ ချစ်ဖို့ကောင်းပြီး နူးညံ့သော မျက်နှာလေးကို ကြည့်ရင်း ချင်းယုကျိုး ပြောလိုက်ပါသည်။ “ငါအနုပညာ လောကထဲရောက်နေတာကြာပြီ။ စူစူလေးလောက် အချိန်တိုအတွင်း နာမည်ကြီးလာတဲ့သူမရှိဘူး”

စူစူလေးက အနုပညာလောကထဲကလူ မဟုတ်သော်လည်း ထူးဆန်းသည့် အဖြစ်အပျက်များကြောင့် အင်တာနက်ပေါ် ခဏခဏ နာမည်ကြီးခဲ့သည်။

ပထမတစ်ခေါက်က ကားအက်ဆီးဒင့်ကိစ္စဖြစ်သည်။ ထိုကိစ္စကြောင့် ချင်းမိသားစုမှာ ဒီလို သူရဲကောင်းဆန်ပြီး ဖြောင့်မတ်သည့် သခင်မလေးရှိနေမှန်း ဟွာချန့်တစ်မြို့လုံး သိခဲ့ရသည်။

ဒုတိယတစ်ခေါက်က ခေါင်းပေါ် ဆိုင်းဘုတ်ကြီး ပြုတ်ကျလာစဉ် ချင်းယုကျိုးနဲ့ ချင်းယုချဲတို့ ကာကွယ်ပေးခဲ့သည့် ကိစ္စဖြစ်သည်။ ထိုကိစ္စကြောင့်ပဲ ချင်းယုကျိုးလည်း ကြုံနေရသည့် ပြဿနာများအား ဖြေရှင်းနိုင်ခဲ့သည်။

တတိယအခေါက်က ချင်းယုချဲ၏ စားသောက်ဆိုင် ဖွင့်ပွဲနေ့မှာဖြစ်သည်။ စူစူလေးက သူ့ကို လက်ဆောင်ပေးဖို့အတွက် ငါးအကြီးကြီးဖမ်းလာပြီး သူမရဲ့ ကားသေးသေးလေးပေါ် တင်မောင်းလာခဲ့သည်။ ထိုအဖြစ်က အခုချိန်ထိတောင် နာမည်ကြီးနေဆဲ ဖြစ်ပါသည်။

ဒီတစ်ခေါက်က စတုတ္ထအကြိမ်မြောက်ဖြစ်သည်။

တိုက်ဆိုင်သည်ဟု ပြောရမှာခက်သော်လည်း ဘယ်သူကမှ ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ဆွဲထားတာ မဟုတ်ပေ။

စူစူလေး ထိုလုပ်ရပ်တွေကို လုပ်ခဲ့တုန်းက ဒီလို ရလဒ်တွေ ရလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့လောက်ပါ။ ကံကောင်းပြီး အဖြစ်အပျက်တိုင်းက ရလဒ်ကောင်းတွေနဲ့သာ အဆုံးသတ်သွားခြင်းဖြစ်သည်။

… … …

All Chapters