← Chapters

အခန်း (၄၆၅-၄၆၆)

Vol. 19 Ch. 465-466

အခန်း (၄၆၅-၄၆၆)

Vol. 19 Ch. 465-466

အခန်း(၄၆၅) ချင်းမိသားစုအိမ်ဘေးက ဒုက္ခိတကို ပစ်မှတ်ထားဖို့ လွယ်တယ်

“ဒါဆို ကောင်းပြီလေ”။ ကျန်းကျန့်မင်၏ အဖြေကို ရှုထျန်းဖေး သဘောကျသွားပြီး ပြောလိုက်ပါသည်။

“ငါ့ဘက်က ပြဿနာမရှိဘူး။ ဒါပေမယ့် ငါမေးစရာတော့ရှိတယ်။ ချင်းမိသားစုကိုရှင်းဖို့ မင်းမှာ နည်းလမ်းကောင်း တကယ်ကော ရှိရဲ့လား။ မင်းမေ့သွားပြီးလား အခုဆို ချင်းမိသားစုဘေးမှာ လူပေါင်းစုံရှိနေပြီ။ ပြီးတော့ ချင်းစူစူကလည်း အဖော်မပါဘဲ ဘယ်မှ မသွားတော့ဘူး။ ငါမစွန့်စားရဲတာ မဟုတ်ဘူး ဒါပေမယ့် ဘာနည်းလမ်းမှမရှိတော့မှာ စိုးရိမ်တယ်”။ ကျန်းကျန့်မင်က ပြောလိုက်သည်။

ချင်းစူစူကို ချင်းမိသားစုက အပြည့်အဝ ကာကွယ်ပေးထားမှန်း ကျန်းကျန့်မင်သိပါသည်။

ချင်းမိသားစုကို ဖျက်ဆီးဖို့ ဘာအခွင့်အလမ်းမှ မရှိတော့ပါ။

“အရင်တစ်ခေါက်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ချင်းမိသားစု သတိကြီးနေကြတာ ငါသိတယ်။ သူတို့ကို အကွက်ချဖို့ အဆင်မပြေနိုင်ဘူး။ အဲ့တာကြောင့် ချင်းမိသားစုဘေးအိမ်က ဒုက္ခိတစ်ယောက်ကို ပစ်မှတ်ထားဖို့ ငါစီစဉ်ထားတယ်”။ ရှုထျန်းဖေးက ပြောလိုက်သည်။

“ချင်းမိသားစုအိမ်ဘေးက ဒုက္ခိတဟုတ်လား။ ချင်းမိသားစုအိမ်ဘေးမှာ ဘယ်သူနေလို့လဲ”။ ကျန်းကျန့်မင်က မေးလိုက်ပါသည်။

ဟွာချန့်မြို့မှာ ဂုဏ်သရေရှိသည့်ပုဂ္ဂိုလ်တိုင်းကို ကျန်းကျန့်မင် ရင်းနှီးပါသည်။ သို့သော်လည်း ချင်းမိသားစု ဘေးအိမ်မှာ ဘယ်သူဘယ်ဝါနေထိုင်နေပါသည်ဟူ၍တော့ မကြားဖူးပေ။

“ငါစုံစမ်းပြီးသွားပြီ။ ဒီတိုင်း သာမန် သူဌေးတွေပါကွာ။ ငွေရှိပေမယ့် ထုတ်ပြစရာ လုပ်ငန်းကိုင်ခန်းကြီးကြီးမားမား မရှိကြဘူး”။ ရှုထျန်းဖေးက ပြောလိုက်သည်။

ချမ်းသာတာနဲ့ ဂုဏ်သရေရှိတာကလည်း ကွာခြားသေးသည်။ သာမန် ချမ်းသာသည့်လူတွေက အဆက်အသွယ်မရှိ၊ ရင်းမြစ်မရှိ ဖြစ်တတ်သည်။ ဂုဏ်သရေရှိသူတွေကသာ လူ့ပတ်ဝန်းကျင်မှာ ခေါင်းမော့ရင်ကော့နိုင်သူတွေ ဖြစ်ကြပါသည်။

သူတို့သာ တကယ် အဆင့်အတန်းရှိလျှင် ဒီလိုလူမသိ သူသမိနဲ့ ရှိနေမှာ မဟုတ်ပါ။ သေချာစုံစမ်းပြီးနောက် ချင်းမိသားစုကလွဲလို့ ဟွာချန့်မြို့ရှိ ဘယ်ဂုဏ်သရေရှိ မိသားစုကမှ ထိုအိမ်နဲ့ မပတ်သတ်ကြမှန်း ရှုထျန်းဖေး သိခဲ့ရသည်။ တချို့ဆို ကြားတောင် မကြားဖူးကြပါ။

ရှုထျန်းဖေးက ဆက်ပြောလိုက်သည်။ “ငါ့လူတွေကို နောက်ယောင်ခံလိုက်ပြီး စုံစမ်းခိုင်းထားတယ်။ အဲ့ဒီအိမ်မှာ နေတဲ့ ကောင်လေးက ဒုက္ခိတလေး။ အပြင်သွားတိုင်း တခြားသူတွေလို ဘော်ဒီဂတ်တွေ ဘာတွေ မခေါ်ဘဲ အသက်ကြီးကြီး အိမ်တော်ထိန်းကြီးတစ်ယောက်နဲ့ပဲ အပြင်ထွက်လေ့ရှိတယ်။ အဲ့တာကြောင့် ငါတို့ လှုပ်ရှားဖို့ လွယ်လိမ့်မယ်”

“လှုပ်ရှားဖို့လွယ်တာတော့ ဟုတ်တယ်။ ဒါပေမယ့် ချင်းမိသားစုအိမ်နီးချင်းကို ပစ်မှတ်ထားတော့ ဘာရလာမှာ မို့လို့လဲ။ ငါတို့က ချင်းမိသားစုကို ဖျက်ဆီးချင်တာလေ။ ငွေတွေအများကြီးဆုံးရှုံးပြီး ဈေးကွက်ရှယ်ယာတွေ ဆုံးရှုံးသွားအောင် လုပ်ချင်တာ။ အိမ်နီးချင်းတစ်ယောက်အတွက် သူတို့က အဲ့လောက် စတေးပါ့မလား”

“အဲ့တာတော့ မင်းစိတ်ပူစရာမလိုဘူး ကျန်းကျန့်မင်။ အဲ့ဒီ ဒုက္ခိတကောင်လေးက ချင်းစူစူနဲ့ အရမ်းရင်းနှီးတယ်။ အရင်တုန်းက ချင်းစူစူရဲ့အသက်ကိုတောင် ကယ်ဖူးတယ်လေ။ ချင်းမိသားစုရဲ့ အဘိုးကြီးနဲ့ အဘွားကြီးက ဂုဏ်သိက္ခာတွေ ကိုယ်ကျင့်တရားတွေ အမြဲတမ်း ပါးစပ်က တဖွဖွပြောနေတာ။ သူများအန္တရာယ်ကြုံလာရင် ဒီတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဘူး။ ငါတို့ သေချာ ကြံစည်ထားရင် အဲ့ဒီကောင်လေးက ငါတို့အတွက် အရေးပါတဲ့ ဝှက်ဖဲ ဖြစ်လာနိုင်တယ်”။ ရှုထျန်းဖေးက အာမခံလိုက်ပါသည်။

ချင်းစူစူကို သူ့သား ပြန်ပေးဆွဲခံတုန်းက ထိုဒုက္ခိတကောင် လူတွေခေါ်ပြီး ချင်းစူစူကို လာကယ်ခဲ့တာဖြစ်သည်။ ထိုအတွေးဖြင့် သူ့ကို ထောင်ချောက်ပြန်ဆင်ရမှာ ရှုထျန်းဖေး လက်မတွန့်ပါ။

“အဲ့တာဆိုလည်း ကြိုးစားကြည့်ကြတာပေါ့”။ ကျန်းကျန့်မင်လည်း ထိုအကြံကို သဘောကျသွားခဲ့ပါသည်။

သူတို့မှာ တခြားရွေးချယ်စရာမရှိတော့တာကြောင့်လည်း ပါမည်။

သူတို့ဘဝတွေ တဖြည်းဖြည်းဆုတ်ယုတ်လာချိန် ချင်းမိသားစုကြီးပွားနေတာကို ဒီတိုင်း ထိုင်မကြည့်နိုင်ပါ။ ဘာမှ မတုန့်ပြန်ဘဲ အရှုံးပေးလိုက်မှာထက်စာလျှင် အကုန်စွန့်စားလိုက်တာ ပိုကောင်းသည်။

သူကော ရှုထျန်းဖေးကော ဒီလိုအဆင့်ထိရောက်လာဖို့ သွေးတွေ ချွေးတွေ ရင်းနှီးခဲ့ရတာဖြစ်သည်။

--- --- ---

ခုတလော ရာသီဥတုကလည်း သိပ်မပူပြင်းသဖြင့် အိမ်တော်ထိန်းကျန်းက လုကျန်းယွီကိုခေါ်ပြီး နေ့လည်နေ့ခင်း အိမ်ပတ်ဝန်းကျင်မှာ လမ်းလျှောက်ထွက်လေ့ရှိပါသည်။

အစကတော့ လုကျန်းယွီ အပြင်မထွက်ချင်သော်လည်း နောက်တော့ အိမ်တော်ထိန်းကျန်းရဲ့ တိုက်တွန်းမှုကို လက်ခံခဲ့ပါသည်။

အိမ်ထဲမှာပဲ အမြဲတမ်း ချောင်ပိတ်နေလို့မရကြောင်း စူစူလေးက သူ့ကို မကြာခဏ ဆုံးမထားတာကြောင့်ဖြစ်သည်။

ထို့အပြင် အိမ်တော်ထိန်းကျန်းက လမ်းလျှောက်ထွက်တိုင်း စူစူလေး တက်ရောက်နေသည့် ဟုံဖုန်းမူကြိုကျောင်းရှေ့မှ ဖြတ်သွားတတ်တာကြောင့်လည်းပါသည်။

… … …

အခန်း(၄၆၆) မထိသင့်ဆုံးလူကိုမှ သွားထိမိတာကိုး (၁)

တစ်ခါတလေ စူစူလေးနဲ့ တခြားကလေးတွေ ကစားနေတာကို ဟုံဖုန်းမူကြိုကျောင်း၏ ခြံတံခါးကြီးအပြင်မှ လုကျန်းယွီ မြင်ရတတ်သည်။

သူတို့ရဲ့ ပျော်ရွှင်နေသော ရယ်သံလေးများ၊ ချစ်စရာကောင်းသော အပြုအမူလေးများနဲ့ အတူတူ ကစားနေကြသော မြင်ကွင်းလေးများကို လုကျန်းယွီ ငေးကြည့်ခဲ့သည်။

သူ့အပေါ် အလွယ်တကူ သက်ရောက်မှုရှိစေသော မြင်ကွင်းများဟု ဆိုနိုင်သည်။ ဒါတွေက လုကျန်းယွီ တစ်ခါမှ မရရှိခဲ့သည့် ကလေးဘဝဖြစ်နေတာကြောင့်ပင်။

ဒီနေ့လည်း ပုံမှန်အတိုင်းပဲ အိမ်တော်ထိန်းကျန်းနဲ့အတူ နေ့လယ်နေ့ခင်း လုကျန်းယွီ လမ်းလျှောက်ထွက်ခဲ့သည်။

အိမ်ရာနယ်မြေတစ်ခုလုံး နှံ့အောင် သူတို့ လမ်းလျှောက်ခဲ့ကြသည်။ ဒီနေရာမှာ ကားတွေ၊ လူတွေ အသွားအလာ နည်းပြီး သစ်ပင်ပန်းမန်များ စိမ်းစိုလျက် အလွန်အေးချမ်းသဖြင့် လမ်းလျှောက်လို့ကောင်းသည့် နေရာဖြစ်သည်။

“သခင်လေး… ခဏနေရင် ကျုပ်ကို ခဏလောက် စောင့်ပေးဖို့ တောင်းဆိုပါတယ်”။ အိမ်တော်ထိန်းကျန်းက ရုတ်တရက်ကြီး ပြောလာသည်။

လုကျန်းယွီက အိမ်တော်ထိန်းကျန်းကို လှည့်ကြည့်လိုက်ပါသည်။ အိမ်တော်ထိန်းကျန်းက မျက်လုံးမှေးလျက် ရိုးရိုးရှင်းရှင်း ပြုံးထားသည်။

“ပြဿနာရှိလို့လား”။ လုကျန်းယွီ မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ စိတ်ရှုပ်စရာကောင်းတဲ့ ပမွှားကောင်တွေ ကျုပ်တို့နောက် လိုက်နေတာ ကြာနေပြီမို့လို့လေ”။ အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ပေကျင်းက လူတွေလား”

“မဟုတ်လောက်ဘူး။ သူတို့ဆီက ဆူညံသံတွေ အရမ်းထွက်တယ်။ ပေကျင်းကလူတွေက အဲ့လောက်မညံ့ဘူး”

“ဒါဆိုလည်း မြန်မြန်လေးလုပ်။ ဒီနေ့ည ၇ နာရီကျရင် စူစူလေးကို ရုပ်ပြစာအုပ်အသစ် ဖတ်ပြမယ်လို့ ကတိပေးထားတယ်။ အဲ့တာကြောင့် စာအုပ်ကို အရင်ကြိုဖတ်ထားရမှာ”။ လုကျန်းယွီဥ ပြောလိုက်သည်။

ကလေးတွေကို ရုပ်ပြစာအုပ်ဖတ်ပြရတာ လွယ်ကူသည့် ကိစ္စမဟုတ်ပါ။

စာအုပ်ပါ အကြောင်းအရာကို ကြိုနားလည်ထားမှ စူစူလေးကို သေသေချာချာ ပြန်ရှင်းပြနိုင်မှာဖြစ်သည်။

“ကိစ္စမရှိပါဘူး”။ အိမ်တော်ထိန်းကျန်းက အပြုံးမပျက်ဘဲ ပြန်ပြောလိုက်ပါသည်။

လမ်းအချိုးအကွေ့တစ်ခုတွင် အိမ်တော်ထိန်းကျန်း ကွေ့ဝင်သွားပြီး လုကျန်းယွီကို လူသူကင်းမဲ့သည့် တောလမ်းလေး တစ်လမ်းထဲ ခေါ်သွားခဲ့ပါသည်။

ထိုလမ်းလေးနံဘေးမှာ သစ်ပင်စိမ်းတွေသာ ရှိပြီး အလွန်တိတ်ဆိတ်ငြိမ်သက်လွန်းသည်။

သိပ်မကြာလိုက်ဘဲ သူတို့နှစ်ယောက် ရှေ့မှာ လူ ၆ ယောက်၊ အနောက်မှာ လူ ၆ ယောက် ဘွားခနဲ ပေါ်လာကြသည်။

အားလုံးက လူမိုက်များဖြစ်ပုံပေါ်ပြီး သွေးအေးသော မျက်လုံးများရှိကာ သွက်လက်ချက်ချာမှုလည်း ရှိသည်။ ဒီလို အလုပ်မျိုးကို သူတို့ ပထမဆုံးလုပ်ဖူးတာ မဟုတ်လောက်ပါ။

ဘာမှမပြောဘဲ သူတို့ လုကျန်းယွီထံ လျှောက်လာကြသည်။

သူတို့ ဒီသခင်လေးလုနောက်ကို လိုက်နေတာကြာပြီဖြစ်သည်။ ဒီလို အခွင့်ကောင်းရဖို့ စောင့်နေခဲ့တာဖြစ်သည်။

ဘေးမှာ လုံခြုံရေးကင်မရာတွေ၊ လမ်းသွားလမ်းလာတွေမရှိလျှင် သူတို့ လှုပ်ရှားလို့ရပါပြီ.

လုကျန်းယွီက ဝှီးချဲပေါ်မှာထိုင်လျက် အလွန်တည်ငြိမ်နေပြီး နည်းနည်းလေးတောင် ကြောက်ပုံမရသည့်အပြင် သူ့လက်ထဲက Tablet ကိုတောင် ငုံ့ကြည့်နေပါသေးသည်။

သူ့လက်ချောင်းသွယ်သွယ်များဖြင့် Tablet ပေါ်က စာအုပ်တစ်အုပ်ကို ဖွင့်ပြီး ဖတ်ရှုနေလိုက်သည်။

သူ့ပုံစံက အလွန်တည်ငြိမ်အေးဆေးလွန်းသဖြင့် သူ့ရှေ့က လူမိုက်တွေကို မမြင်သလိုတောင် ထင်ရပါသည်။

ထိုစဉ် လူမိုက်တစ်ယောက်က လုကျန်းယွီထံ လက်လှမ်းလိုက်သည်။

သို့သော် လုကျန်းယွီကို မထိနိုင်စဉ် အသားမာတွေများစွာတက်နေသည့် လက်ကြမ်းကြီးတစ်ဖက်က ထိုလူမိုက်၏ လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်ပါသည်။

လူမိုက်ဘာမှ မတုန့်ပြန်နိုင်ခင် အလွန်ကြီးမားသော အားတစ်ခုက သူ့ဝမ်းဗိုက်ကို ထိုးနှက်လိုက်ရာ အဝေးသို့ လွင့်ထွက်သွားရလေတော့သည်။

ရုတ်ခြည်းဆိုသလို နာကျင်မှုကြောင့် သတိပါလစ်လုနီးပါးဖြစ်သွားသည်။

ဆိပ်ကမ်းတွေမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့်အတွေ့အကြုံကြောင့်သာ မဟုတ်ပါက ထိုထိုးနှက်ချက်ကို သူခံနိုင်ရည် ရှိမှာ မဟုတ်ပေ။

ထိုလူမိုက်က မြေကြီးကို လက်ဖြင့် အားပြုကာ ပြန်ထလာစဉ် သူ့လုပ်ဖော်ကိုင်ဖက် ၁၁ ယောက်စလုံး သူ့လိုပဲ မြေကြီးပေါ်မှာ မှောက်လျက်လဲနေပြီး နာနာကျင်ကျင် ညည်းတွားနေကြတာကို မြင်လိုက်ရလေတော့သည်။

လူမိုက်လည်း ကြက်သေသေသွားရသည်။

ဘာတွေဖြစ်သွားတာလဲ။ စက္ကန့်ပိုင်းအတွင်း ဘာဖြစ်သွားတာလဲ။

… … …

All Chapters