← Chapters

အခန်း (၄၉၂-၄၉၃)

Vol. 20 Ch. 492-493

အခန်း (၄၉၂-၄၉၃)

Vol. 20 Ch. 492-493

အခန်း(၄၉၂) မွေးနေ့လက်ဆောင်

“သိတယ်လေ။ နင်နဲ့သူနဲ့ အဆင်ပြေတာမပြေတာ ငါ့ကိုကြီးနဲ့ငါအဆင်ပြေတာမပြေတာနဲ့ ဘာမှမဆိုင်ဘူး! နင်ကမှ နားမလည်တာ!”

တုံးလိုက်တာ! အစ်ကိုတစ်ယောက်မှာ ညီမလေးတစ်ယောက်တည်း ရှိလို့ရတာမှ မဟုတ်တာ!

ငါ့မှာဆို တူလေးတွေ အများကြီးရှိတယ်။ အားလုံးကို သဘောကျတယ်။

တူလေးတွေ အားလုံးကလည်း လိမ္မာကြတယ်။ ဒေါ်လေးတစ်ယောက်တည်းကို ဘယ်သူမှ ရန်ဖြစ်ပြီး ဝိုင်းမလုကြဘူး!

“နင်တော့-!” ချူးယန်ရှီ ပြောစရာစကား ပျောက်ဆုံးသွားသည်။ စူစူလေး၏ စကားကြောင့်ချူးယန်ရှီ ဒေါသထွက်သွားပါသည်။

အခုဆို ချင်းစူစူက သူမလိုပဲ လူကြီးစိတ်နဲ့ ပြန်လည်မွေးဖွားလာသည့် လူတစ်ယောက်ဖြစ်သည်ဟု ချူးယန်ရှီ ထင်နေမိပါပြီ။ သူမရှေ့မှာမို့လို့ ရူးချင်ယောင်ဆောင်နေတာ ဖြစ်နိုင်သည်။

စဉ်းစားကြည့်လေလေ ဖြစ်နိုင်ချေ ပိုများလေလေပင်။ သူမရဲ့ ယခင်ဘဝက မှတ်ဉာဏ်ထဲမှာ ချင်းစူစူ ရှိမနေဘဲ ဒီဘဝကျမှ ပေါ်လာတာ ဒါ့ကြောင့်ဖြစ်နိုင်သည်။

ထိုအတွေးဖြင့် စူစူလေးကို စမ်းသပ်ဖို့ ချူးယန်ရှီ ဆုံးဖြတ်လိုက်ပါသည်။ “အနာဂတ်မှာ ငါ့ဝမ်းကွဲအစ်ကို ဘာဖြစ်လာမှာလဲ နင်သိလား”

“မသိဘူး။ သိချင်ပေမယ့် အခု မသိသေးဘူး”။ စူစူလေးက ပြန်ဖြေသည်။

အနာဂတ်ကို ကြိုမြင်နိုင်တာက ပိုင်ကျဲနတ်သားရဲ၏ အစွမ်းဖြစ်သည်။ သို့သော်လည်း စူစူလေးကတော့ ထိုအစွမ်းကို မတတ်မြောက်သေးပါ။

“အဲ့တာဆို နင်က သေပြီးသားမလား”။ ချူးယန်ရှီက ထပ်မေးလိုက်ပါသည်။

ထိုမေးခွန်းကြားသောအခါ စူစူလေးက ချူးယန်ရှီကို အရူတစ်ယောက်အားကြည့်သော အကြည့်မျိုးဖြင့် သတိထားပြီး ကြည့်လိုက်သည်။

ဘယ်သူက သေလို့လဲ။ ဒီလောက် ကျန်းမာနေတာကို ဘာလို့ သေရမှာလဲ။

“နင်က အရမ်းထူးဆန်းတာပဲ။ စကာမးပြောချင်တော့ဘူး နင်အရမ်းတုံးလို့ စကားပြောရတာ ပင်ပန်းတယ”။ ထိုသို့ပြောပြီးနောက် စူစူလေး မျက်နှာလွှဲသွားသည်။

ချူးယန်ရှီ အံကြိတ်လိုက်မိသည်။ သူမကို ချင်းစူစူ အထင်အမြင်သေးသော အကြည့်နဲ့ ကြည့်သွားမှန်း သူမ သိသည်။

ဒီလို မရင့်ကျက်၊ နို့နံ့တောင် မစင်သေးတဲ့ သောက်ကလေးလေးကများ ငါ့ကို အထင်သေးရဲတယ်ပေါ့!

သို့သော်လည်း ဒါကိုကြည့်ခြင်းအားဖြင့် ချင်းစူစူက သူမလို ပြန်မွေးဖွားလာတာ မဖြစ်နိုင်မှန်း သေချာသွားပါသည်။ ထို့ကြောင့် ရှင်းထုတ်ဖို့ ပိုလွယ်ကူလိမ့်မည်။

စိတ်ကို ပြန်လျှော့ပြီးနောက် ဒီနေ့ ချင်းစူစူကို စကားလာပြောရသည့်အဓိကအကြောင်းအရင်းအား ချူးယန်ရှီ သတိရသွားပါသည်။

“ချင်းစူစူ။ နင်က ငါ့ဝမ်းကွဲအစ်ကိုနဲ့ ရင်းနှီးတယ်ဆိုပြီးတော့ သန်ဘက်ခါက သူ့မွေးနေ့မှန်း နင်မသိဘူးမလား”။ ချူးယန်ရှီက စိန်ခေါ်သော လေသံဖြင့် ပြောလိုက်သည်။

“သန်ဘက်ခါက ကိုကြီးမွေးနေ့ဟုတ်လား”။ စူစူလေး မေးလိုက်သည်။

“ဟုတ်တယ်။ သန်ဘက်ခါက နင့်ကိုကြီးရဲ့ မွေးနေ့ပဲ။ နင်မယုံရင် ငါ့မိထွေး ဒါမှမဟုတ် ဘိုးဘိုးလုကိုမေးလို့ရတယ်”။ ချူးယန်ရှီက ဆိုသည်။

“ကိုကြီးက တစ်ခါမှ မပြောဖူးဘူး”

“မွေးနေ့ကို ထုတ်ပြောစရာ လိုလို့လား။ သူငယ်ချင်းဖြစ်တဲ့နင်က သိနေရမှာ မဟုတ်ဘူးလား။ ငါ့ဝမ်းကွဲအစ်ကိုက နင့်သူငယ်ချင်းဆို။ သူ့မွေးနေ့ကိုတောင် ဘာလို့မသိရတာလဲ”။ ချူးယန်ရှီ အရွဲ့တိုက်ကာ မေးလိုက်သည်။

ထို့နောက် ချူးယန်ရှီ ဂုဏ်ယူဝံ့ကြွားစွာ ဆက်ပြောလိုက်ပါသည်။ “ငါ့ဝမ်းကွဲအစ်ကိုက အနီရောင်ပစ္စည်းလေးတွေ ကြိုက်တတ်တယ် သိလား။ သီချင်းဆိုရတာ ကခုန်ရတာလဲ ကြိုက်တယ်။ ငါသူ့အတွက် Surprise အကြီးကြီးတိုက်ဖို့ စီစဉ်ထားတာ! နင်ကတော့ ဘာမှလုပ်တတ်မှာ မဟုတ်ဘူး!”။

“ဟွန်း သူများကို အထင်မသေးနဲ့!”။ စူစူလေး မျက်စောင်းထိုးလိုက်သည်။

စူစူလေးကို ဒီလိုပုံစံနဲ့မြင်လိုက်ရတော့ ချူးယန်ရှီ ကြိတ်ပျော်သွားသည်။

ကလေးတွေကတော့ ကလေးတွေပါပဲ။

“အမှန်တရားပြောတာလေ။ ငါက ငါ့ဝမ်းကွဲအစ်ကိုအတွက် လက်ဆောင်အကြီးကြီး ပြင်ပေးနိုင်တယ်။ နင်က မပြင်ပေးနိုင်ဘူးမလား!”

စူစူလေးက ချူးယန်ရှီကို ဂရုမစိုက်တော့ဘဲ မျက်နှာလွှဲလိုက်သည်။။ သို့သော် ချူးယန်ရှီပြောသည့် စကားကိုတော့ စိတ်ထဲမှတ်ထားပါသည်။

သန်ဘက်ခါကျရင် ကိုကြီးမွေးနေ့ရောက်ပြီဆိုတော့ လက်ဆောင်ပေးရမှာပေါ့!

စူစူလေးရဲ့ တွေးတောနေသော မျက်နှာလေးကို ကြည့်ပြီး သူမ အစီအစဉ်အလုပ်ဖြစ်သွားပြီဖြစ်မှန်း ချူးယန်ရှီ သိလိုက်ပါသည်။

သန်ဘက်ခါက တကယ်ပဲ လုကျန်းယွီ၏ မွေးနေ့ဖြစ်သည်။ သို့သော် သူ့အမေသေဆုံးခဲ့သည့်နေ့လည်းဖြစ်တာကြောင့် လုကျန်းယွီ မွေးနေ့ပွဲတစ်ခါမှ မကျင်းပခဲ့ဖူးပေ။

… … …

အခန်း(၄၉၃) ချင်းလောင်ယွင် vs ချူးယန်ရှီ

တစ်ချိန်တုန်းက လုကျန်းယွီကို မျက်နှာလိုမျက်နှာရ လုပ်ချင်သဖြင့် သူ့မွေးနေ့မှာ မွေးနေ့ပါတီအကြီးကြီး ကျင်းပပေးခဲ့သည့် လူတစ်ယောက်ရှိဖူးသည်။ သို့သော် လုကျန်းယွီက မပျော်သည့်အပြင် ဒေါသအကြီးအကျယ် ထွက်သွားခဲ့သည်။

ယခု ချင်းစူစူ အရှက်ကွဲမှာကို ချူးယန်ရှီ စောင့်မျှော်နေမိပါပြီ။ လုကျန်းယွီရဲ့ အနာပေါ် ဆားနဲ့ပက်ပြီး ဘယ်လိုတွေ ဒေါသထွက်သွားအောင် လုပ်မလဲဆိုတာ ချူးယန်ရှီ မြင်ချင်နေပါပြီ။

ဟိုတည်နဲ့ မူကြိုနဲ့က အနည်းငယ် ဝေးသဖြင့် ချင်းလောင်ယွင် ကျောင်းလာတာ နောက်ကျပါသည်။ စာသင်ခန်းထဲ ရောက်တာနဲ့တစ်ပြိုင်နက် ဒေါ်လေးစူစူကို ချူးယန်ရှီ စကားလာပြောနေတာကို မြင်ပြီး ချင်းလောင်ယွင် အမြန် ပြေးလာခဲ့သည်။

“ဒေါ်လေးစူစူ!”။ ချင်းလောင်ယွင်က သူမရဲ့ အသံချိုချိုလေးနဲ့ စူစူလေးအား လှမ်းခေါ်လိုက်သည်။

ဒီချူးယန်ရှီဟူသည့် ကောင်မလေးကို ချင်းလောင်ယွင် သဘောမကျပါ။ သူမရဲ့ ဒေါ်လေးစူစူကို သိမ်းပိုက်ဖို့ ကြိုးစားနေသဖြင့် ပိုလို့တောင် သဘောမကျ ဖြစ်မိသေးသည်။

“ဒေါ်လေးစူစူ ဒီမှာကြည့်စမ်း! မနေ့ညက သမီးလုပ်ထားတဲ့ ပန်းလေး! ဒေါ်လေးကို ပေးဖို့ တစ်ခုအပိုလုပ်ထားတယ်!”

ချင်းလောင်ယွင်က သူမဖန်တီးထားသည့် စက္ကူပန်းလေးကို ထုတ်ပြလိုက်သည်။ ထို့အပြင် ချူးယန်ရှီကိုပါ တွန်းထုတ်လိုက်ပါသည်။

ဘေးကို တွန်းထုတ်ခံလိုက်ရသည့် ချူးယန်ရှီတစ်ယောက်် ချင်းလောင်ယွင်အား ခပ်စူးစူး စိုက်ကြည့်လိုက်သည်။ စိတ်ထဲမှလည်း တွေးလိုက်သည်။

အခုကတည်းက သရုပ်ဆောင်ကောင်းနေလိုက်တာ ကြည့်ပါဦး! အနာဂတ်မှာ ဘာဖြစ်လာမလဲ သံသယဖြစ်စရာ မလိုတော့ဘူး!

“ဝါး… အရမ်းတော်တာပဲ!”။ စူစူလေးက ချီးကျူးလိုက်ပါသည်။

ထို့နောက် ချင်းလောင်ယွင် ခေါက်ပေးထားသည့် စက္ကူပန်းလေးကို ယူလိုက်သည်။ စူစူလေး၏ ချီးကျူးမှုကို ခံလိုက်ရသောအခါ ချင်းလောင်ယွင် ပျော်ရွှင်သွားပါသည်။

“ဒီပန်းလေးတွေကို မေကြီးကူလုပ်ပေးထားတာ! မေကြီးနဲ့ လုပ်နည်း တူတူသင်ထားတာ!”

မနေ့က သူမ အမေနဲ့အတူတူ စက္ကူပန်းလေးတွေ ခေါက်ခဲ့ကြောင်း ချင်းလောင်ယွင် ပျော်ရွှင်စွာ ပြန်ပြောပြလိုက်ပါသည်။

သူမနဲ့အတူတူ သူမအမေ ပထမဆုံးအကြိမ်အဖြစ် မူကြိုအိမ်စာ ကူလုပ်ပေးဖူးတာဖြစ်သည်။

ယခင်တုန်းကဆို အဘိုးအဘွားတွေက သူမကို တစ်ခါမှ မကူညီပါ။ သူမ မိဘတွေကလည်း အမြဲတမ်း အိမ်မှာမရှိပါ။

ယခုတော့ သူမ အမေက ကူလုပ်ပေးသည့်အပြင် အရမ်းလည်း တော်ပါသည်။ ချင်းလောင်ယွင်က သူမ အမေကို အချစ်ဆုံးဖြစ်လာသည်။ ဒေါ်လေးစူစူကိုလည်း သဘောကျပါသည်။

“ဒါဆို ငါ့ကို သင်ပေးမှာလား”။ စူစူလေး မေးလိုက်သည်။

“သင်ပေးမယ် သင်ပေးမယ်!။ ဒေါ်လေးစူစူ လုပ်ချင်ရင် သမီးမေကြီးနဲ့အတူတူ သင်ပေးမယ်!”။ ချင်းလောင်ယွင်က ရင်ဘတ်ပုတ်ပြလျက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

ချင်းလောင်ယွင် ပျော်ရွှင်နေတာကိုမြင်ပြီး ချူးယန်ရှီက အထင်အမြင်သေးစွာ ပြောလိုက်သည်။ “သာမန် စက္ကူပန်းလေးကို အဲ့လောက် ပျော်နေစရာလိုလို့လား”

“ဘာကို သာမန်စက္ကူပန်းလေးလဲ။ နင်လုပ်တတ်လို့လား”။ ချင်းလောင်ယွင်က မကျေနပ်ဘဲ ပြန်ချေပလိုက်သည်။

“လုပ်တတ်စရာ လိုလို့လား”။ ချူးယန်ရှီ ပြန်ပြောလိုက်သည်။

“နင့်ကျတော့ ဘာမှမလုပ်တတ်ဘဲ ငါ့ကို လာဝေဖန်နေတယ်! နင်က ဒေါ်လေးစူစူလောက် မတော်ဘူး! အဲ့တော့ ငါ့ကို ဘာမှပြောစရာမလိုဘူး!”။ ချင်းလောင်ယွင် ငေါက်လိုက်ပါသည်။

“သူနဲ့ ယှဉ်ရင် ငါက ပိုညံ့တယ်လို့ ပြောချင်တာလား”။

ချင်းလောင်ယွင်၏ စကားကြောင့် ချူးယန်ရှီ ဒေါသထွက်သွားသည်။

သူ့ကို ချင်းစူစူလို ကလေးတစ်ယောက်လောက်တောင် မတော်ဘူးလို့ ပြောရဲတယ်ပေါ့။

အသက် ၂၀ ကျော် စိတ်ဝိညာဉ်နဲ့ ပြန်လည်မွေးဖွားလာသည့် သူမက ချင်းစူစူလို အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေးကို ရှုံးနိုင်ပါ့မလား။

“နင်မယှဉ်နိုင်ပါဘူး! ငါ့ဒေါ်လေးစူစူက အရမ်းတော်တာ!”။ ချင်းလောင်ယွင်က စူစူလေး၏ အမာခံပရိတ်သတ် ဖြစ်နေပါပြီ။

“သူက ဘာတွေတော်နေတာလဲ။ ငါ့ကိုပြောစမ်းပါဦး!”

“ငါ့ဒေါ်လေးစူစူက ဘာမဆို မ,နိုင်တယ်။ နင်ကော မ,နိုင်လို့လား။ ပြီးတော့ ငါ့ဒေါ်လေးက ခွေးမဲကြီးတွေ၊ မြင်းကြီးတွေ စီးတတ်တယ်။ နင်စီးတတ်လား။ ငါ့ဒေါ်လေးက ကံအရမ်းကောင်းတယ်။ နင့်ကံ ဘယ်လောက် ကောင်းလို့လဲ”

ချင်းလောင်ယွင်က စူစူလေး၏ အားသာချက်များကို တထိုင်တည်း ပြောပစ်လိုက်သည်။

“ဘာတွေလာပြောနေတာလဲ။ အဲ့တာတွေက အထင်ကြီးစရာမှ မဟုတ်တာ”။ ချူးယန်ရှီ လှောင်ပြောင်လိုက်သည်။

အဲ့တာတွေက အထင်ကြီးစရာ ကောင်းတယ်ပေါ့ ဟုတ်လား။

အသက် ၂၀ ကျော် လူကြီးတစ်ယောက်ရဲ့ အမြင်မှာတော့ ချင်းလောင်ယွင်ရဲ့ စကားများက အလွန်ကလေးဆန်လွန်းနေပါသည်။

“ဒေါ်လေးစူစူက အရမ်းတော်တယ်! နင် သူလုပ်သလို မလုပ်တတ်လို့သာ အဲ့လိုပြောတာ!”

သူမ တစ်ယောက်တည်း ဒီလိုထင်တာ မဟုတ်မှန်း သက်သေပြဖို့အတွက် ချင်းလောင်ယွင်က တခြားအတန်းဖော်တွေကိုပါ မေးလိုက်သည်။ “ငါ့ဒေါ်လေးစူစူက တော်တယ်လို့ နင်တို့ကော မထင်ဘူးလား”

… … …

All Chapters