← Chapters

ရှေ့မှ သူရဲကောင်း၊ မြင်းပေါ်မှ ဆင်း၍ စစ်ခင်းဝံ့ပါသလော

Vol. 14 Ch. 200

ရှေ့မှ သူရဲကောင်း၊ မြင်းပေါ်မှ ဆင်း၍ စစ်ခင်းဝံ့ပါသလော

Vol. 14 Ch. 200

“မောမှာပေါ့၊ အစ်မတကယ်မလိမ်ပါဘူး။ အစ်မကိုကြည့်ပါဦး၊ လိမ်တဲ့လူပုံပေါက်လို့လား။ မယုံရင် သွားမေးကြည့်လို့ရတယ်။ ဒီလမ်းကနေ တောင်အောက်ဆင်းရင် ဝေးမဝေး... တကယ်မဖြစ်ရင်တော့ အစ်မကားပဲ စီးလိုက်ကြပါတော့။ အလွန်ဆုံး တစ်စီးစာပြည့်အောင်စုပြီး စီးရင် ဈေးလျှော့ပေးမယ်၊ တစ်ယောက်ကို ငါးဆယ် ဘယ်လိုလဲ”

ခရီးသွားတွေ စိတ်ဝင်စားသွားကြသည်။ နှစ်ယောက်ကတော့ ပိုက်ဆံတန်းထုတ်၏။

“တစ်ရာ၊ ကျွန်တော်တို့နှစ်ယောက်စာ”

အစ်မကြီးက ပြုံးပြီး “မောင်လေးတို့ကတော့ ပွင့်လင်းတာပဲ။ ကျန်တဲ့သူတွေရော စဉ်းစားပြီးပြီလား”

ကျန်တဲ့သုံးယောက်ကတော့ အတူတူလာတဲ့ ကျောင်းသူလေးတွေဖြစ်ပုံရပြီး ဒီပိုက်ဆံကို သုံးဖို့နှမြောနေကြသည်။ မူလလမ်းအတိုင်း ပြန်မလားလို့ တိုင်ပင်နေကြတုန်း။ အဲ့ဒီအချိန်မှာပဲ အေးစက်စက်ရယ်သံတစ်ခု ထွက်ပေါ်လာ၏။

“မူလလမ်းအတိုင်းပြန်။ ရှင်တို့လို လိမ်စားတဲ့သူတွေက ဒီမှာ ဆက်လိမ်နေတုန်းပဲလား”

ဒီအသံကို ယွီဟွေးဖေး နည်းနည်းရင်းနှီးနေသလိုပဲ၊ လှည့်ကြည့်လိုက်တော့ ကြောင်သွားသည်။

“စုန့်ချင်း”

ယွီဟွေးဖေးတစ်ယောက် ဒီလှပတဲ့ဆရာမလေးနဲ့ ဒီမှာလာတွေ့လိမ့်မယ်လို့ မထင်ထားဘူး။ ပြီးတော့ ယွီဟွေးဖေးက အလိုလို ခြေထောက်ကိုမြှောက်ပြီး ပြေးဖို့ပြင်လိုက်သည်။

စုန့်ချင်းက မျက်ခုံးပင့်ပြီး ယွီဟွေးဖေးကို ဆွဲကိုင်ကာ အံကိုကြိတ်ပြီး “နင်လည်း ဒီမှာရှိနေတာလား၊ တော်တော်တိုက်ဆိုင်တာပဲ...”

“ကျွန်တော်က လျှောက်လည်နေတာ၊ ခင်ဗျားအရင် အလုပ်ရှုပ်နေရင်... ကျွန်တော်... အိမ်သာသွားလိုက်ဦးမယ်၊ နှာရည်ညှစ်လိုက်ဦးမယ်”

ဒီစကားထွက်သွားတာနဲ့ ယွီဟွေးဖေး နောင်တရသွားသည်။ ဘာလို့လဲဆိုတော့ စုန့်ချင်းရဲ့မျက်နှာ ချက်ချင်း မည်းမှောင်သွားလို့ပဲ။ ဒီမိန်းမပုံစံကြည့်ရတာ သူအရင်က သူ့ပေါင်ပေါ်မှာ ချန်ခဲ့တဲ့ နှာရည်ကွက်ကြီးကို မြင်သွားပုံရတယ်။

သူက တကယ်ပဲ ဒေါသထွက်နေတဲ့အိုးကို မီးနဲ့သွားထိုးနေတာပဲ။

တကယ်ပဲ စုန့်ချင်းရဲ့မျက်လုံးတွေက ချက်ချင်း အေးစက်တောက်ပလာပြီး သွားကိုကြိတ်ကာ “ငါအရမ်းအားနေတာ။ နင်ရှုပ်ခဲ့တဲ့ကိစ္စကြောင့် ကျောင်းခဏပိတ်ထားတယ်၊ ငါအလုပ်ရှုပ်ချင်ရင်တောင် ရှုပ်လို့မရဘူး”

နှစ်ယောက်သား ရန်ဖြစ်တော့မလိုဖြစ်နေတာမြင်တော့ အဲ့အစ်မကြီးက ကျန်တဲ့မိန်းကလေးသုံးယောက်ကို လှမ်းမေးသည်။

“သုံးယောက်သား၊ ကားအတူတူငှားစီးမလား... သူစိမ်းတွေလျှောက်ပြောတာ နားမယောင်နဲ့။ ငါတို့က လူကောင်းတွေ”

ဒီစကားထွက်လာတော့ စုန့်ချင်းက လှည့်ကြည့်ပြီး “ဘာလူကောင်းလဲ။ နင်တို့ သူ့ကိုမယုံနဲ့၊ နိုင်ငံတော်ပိုင်ရှုခင်းသာနေရာမှာ ခရီးသွားတွေကို မူလလမ်းအတိုင်းပြန်ခိုင်းတဲ့ ဒီလောက်ကြီးတဲ့ဟာကွက်ကို ချန်ထားပါ့မလား။ ဒီမဟာတံတိုင်းက စက်ဝိုင်းပုံစံပဲ၊ ငါတို့တောင်တက်တဲ့နေရာနဲ့ တောင်အောက်ဆင်းတဲ့နေရာက သိပ်မဝေးဘူး။ ဘေးက လမ်းသေးသေးလေးကိုမြင်လား။ အပေါ်ကိုတက်သွားရင် မိနစ်အနည်းငယ်အတွင်း တောင်တက်တဲ့နေရာကို ပြန်တွေ့လိမ့်မယ်။ အဲ့မှာဘတ်စ်ကားရှိတယ်၊ မြို့ထဲကိုတန်းသွားလို့ရတယ်”

အဲ့အစ်မကြီးက ကြားတော့ မကျေမနပ်ဖြစ်ပြီး ဒေါသတကြီးနဲ့ “နင်ဘာဆိုလိုချင်တာလဲ။ လျှောက်မပြောနဲ့”

စုန့်ချင်းက မကြောက်ဘဲ အေးစက်စက်နှာမှုတ်သည်။ “ငါလျှောက်ပြောတာ။ ဟုတ်မဟုတ် လျှောက်ကြည့်လိုက်ရင် သိမှာပေါ့”

အဲ့အစ်မကြီးက ဒေါသထွက်ပြီး “နင်က တမင်သက်သက် ပြဿနာရှာနေတာလား”

အရင်က ပိုက်ဆံပေးတဲ့ယောက်ျားနှစ်ယောက်ကလည်း မျက်နှာထားတင်းတင်းနဲ့ ဝိုင်းလာပြီး တစ်ယောက်က အေးစက်စက်ပြောသည်။ “ဘာစကားကိုမဆို လျှောက်ပြောရဲတယ်ပေါ့... ကောင်မလေး အပြင်လောကက အိမ်နဲ့မတူဘူး။ အပြင်မှာနေရင် ပါးစပ်ပိတ်ထား။ မဟုတ်ရင် ကိုယ့်အတွက်ဒုက္ခရှာသလိုဖြစ်ပြီး ပြန်မရတော့ဘူး”

နောက်တစ်ယောက်က “သူများစီးပွားရေးကိုဖျက်တာက သေလောက်တဲ့အပြစ်ပဲ။ ကောင်မလေး၊ ဒီကိစ္စက နင်လုပ်တာမကောင်းဘူးနော်”

အရင်ကပိုက်ဆံပေးတဲ့နှစ်ယောက်က ခရီးသွားမဟုတ်ဘဲ လူငှားတွေဆိုတာ ရှင်းနေတာပဲ။

စုန့်ချင်းက အေးစက်စက်ပြောသည်။ “ဘယ်သူ့ကိုခြောက်နေတာလဲ။ ဒီမှာက ရှုခင်းသာနေရာ၊ ဟိုမှာလုံခြုံရေးတဲရှိတယ်၊ ငါအော်လိုက်ရင် ရှင်တို့ဒုက္ခရောက်မှာပဲ”

နှစ်ယောက်သားကြားတော့ ရယ်သည်။ “လုံခြုံရေး... ဟက်ဟက်... ကောင်မလေးနင်သိတာတော်တော်များတာပဲ။ ဒါပေမဲ့ နင်မသိတာက လုံခြုံရေးက ဒီအချိန်မှာ ထမင်းသွားစားနေတယ်ဆိုတာပဲ”

ဒီစကားကြားတော့ စုန့်ချင်းရဲ့မျက်နှာ နည်းနည်းပြောင်းသွားသည်။

အဲ့ယောက်ျားနှစ်ယောက်ကပ်လာတော့ ပတ်ဝန်းကျင်ကလူတချို့လည်း ဝိုင်းလာပြီး “ဟေ့၊ ဘာဖြစ်နေတာလဲ”

“ဘာဖြစ်ရမှာလဲ။ ပွဲလာဖျက်တာလေ” ယောက်ျားကပြောသည်။

တခြားသူတွေကကြားတော့ မျက်နှာတွေမကောင်းဖြစ်ပြီး အကုန်ဝိုင်းလာကြသည်။

ယွီဟွေးဖေးက ကြည့်လိုက်တော့ ဒီလူတွေကို သူအရင်ကသတိထားမိတယ်။ အားလုံးက ဂိတ်ပေါက်ဝမှာ တောင်အောက်ဆင်းတဲ့ဧည့်သည်တွေကိုတားပြီး သူတို့ကားစီးဖို့လိမ်နေတဲ့ ကားသမားတွေချည်းပဲ။

ဒီကားသမားတွေက တစ်ယောက်ချင်းစီက မျက်နှာထားမကောင်းဘဲ စုန့်ချင်းနဲ့ ယွီဟွေးဖေးကိုဝိုင်းထားကြသည်။

မိန်းကလေးသုံးယောက်က အခြေအနေမကောင်းတာမြင်တော့ ချက်ချင်း ရှုခင်းသာနေရာထဲကိုပြေးဝင်ပြီး မထွက်ရဲတော့ဘူး။

“ညီမလေး၊ နင်ဒီလိုလုပ်တာမကောင်းဘူးနော်။ တချို့ကိစ္စတွေက သိရင်သိတာပဲ၊ ဒါပေမဲ့ ထုတ်ပြောလိုက်ရင်တော့ အဆင်မပြေတော့ဘူး” မျက်မှန်တပ်ပြီး ဆေးလိပ်ဖွာနေတဲ့လူတစ်ယောက်က လျှောက်လာသည်။

အရင်ကအစ်မကြီးကလည်း “ငါတို့စီးပွားရေးကိုဖျက်တာ၊ ဒီကိစ္စကို နင်ထောင်ဂဏန်းလောက် အလုပ်ပျက်ကြေးမပေးရင် ပြီးမှာမဟုတ်ဘူး”

“ဒီမှာမပြောနဲ့... ကောင်မလေး။ လာ... ဟိုဘက်သွားပြီးစကားပြောကြမလား” ဆေးလိပ်ဖွာနေတဲ့ယောက်ျားက အဝေးက လူရှင်းတဲ့အိမ်နောက်ကိုညွှန်ပြသည်။

ဒီမြင်ကွင်းကိုမြင်တော့ အနီးအနားကကုန်သည်တော်တော်များများက ခေါင်းငုံ့ပြီး မမြင်ချင်ယောင်ဆောင်နေကြ၏။

ယွီဟွေးဖေးသိသည်။ ဒီကောင်တွေက ဒီမှာ အကျိုးစီးပွားအုပ်စုဖွဲ့ထားတာပဲ။ တခြားသူတွေက သူတို့ကိုမဖော်ထုတ်ရင် သူတို့ကလည်း တခြားသူတွေကိုဒုက္ခမပေးဘူး။

ဒါပေမဲ့ တစ်ယောက်ယောက်က သူတို့ကိုဖော်ထုတ်ရင် သူတို့ကချက်ချင်း စုပြီး ဒုက္ခပေးတော့သည်။

ဒီမှာရှိတဲ့ကုန်သည်တွေက ရေရှည်စီးပွားရေးလုပ်နေကြတာ၊ ဘယ်သူမှဒီလူတွေကိုမပြိုင်ချင်ဘူး။ လာတဲ့ခရီးသွားတွေက ပိုပြီးတော့မပြိုင်ချင်ဘူး။ အပြင်မှာ ငြိမ်းချမ်းရေးကိုဦးစားပေးပြီး ပိုက်ဆံနဲ့ပြဿနာဖြေရှင်းတာက အားလုံးလက်ခံထားတဲ့ကိစ္စပဲ။

မျက်မှန်သမားကပြောပြီး လှည့်ထွက်သွားတော့ တခြားသူတွေက ယွီဟွေးဖေးနဲ့ စုန့်ချင်းကိုတွန်းဖို့ လက်လှမ်းလိုက်ကြသည်။

ယွီဟွေးဖေးက မြင်တော့ သူဒီအတိုင်းကြည့်နေလို့မဖြစ်တော့ဘူး၊ လက်ပါမှဖြစ်တော့မယ်။ အခုအခြေအနေက မရှုပ်ရင်အန္တရာယ်ရှိတယ်၊ ရှုပ်လိုက်ရင်တော့ အန္တရာယ်မရှိတော့ဘူး။

ဒါကြောင့် ယွီဟွေးဖေးက ဘေးက ကြက်ဥပြုတ်ရောင်းတဲ့ဆိုင်ကိုကြည့်ပြီး မျက်လုံးတွေအရောင်တောက်သွားသည်။ ယွီဟွေးဖေးက စုန့်ချင်းကို ခဏနေရင်ပြေးဖို့ အခွင့်အရေးရှာဖို့မှာမလို့လုပ်တုန်း...

စုန့်ချင်းက ရုတ်တရက် ယောက်ျားတစ်ယောက်ကိုတွန်းထုတ်ပြီး ကြက်ဥပြုတ်ရေနွေးအိုးကိုဆွဲကိုင်ကာ လူတွေဘက်ကိုလွှဲပက်လိုက်ပြီး “လူဆိုးတွေ” လို့အော်လိုက်၏။

ဝမ်းနည်းစရာကတော့ ဒီအချိန်မှာ တကယ်လျှောက်လာနိုင်တဲ့ခရီးသွားက သိပ်မများဘူး၊ လူတော်တော်များများက တစ်ချက်ကြည့်ပြီး ရှောင်သွားကြသည်။ အလွန်ဆုံးတော့ တစ်ယောက်ယောက်က ရဲခေါ်ပေးပေမယ့် ချက်ချင်းပဲ တစ်ယောက်ယောက်က သတိပေးတော့ မခေါ်ရဲတော့ဘူး။

ဒီဘက်မှာဆူညံနေတော့ တစ်ယောက်ယောက်က လုံခြုံရေးတဲကိုအကူအညီသွားတောင်းတော့ တကယ်ပဲ အထဲမှာလူမရှိဘူး။ ဒီဘက်မှာ ကြက်ဥပြုတ်ရေနွေးပူနဲ့ အလောင်းခံရတဲ့ ကားသမားတွေလည်း ဒေါသထွက်ကုန်ကြပြီ။

“သူ့ကိုဖမ်းစမ်း” မျက်မှန်သမားကအော်ရာ အဲ့အစ်မကြီးက စုန့်ချင်းဆီကိုတန်းပြေးသွားသည်။

ယွီဟွေးဖေးက မြင်တော့လက်ပါမလို့လုပ်တုန်း စုန့်ချင်းက သူ့ရဲ့အင်္ကျီကော်လံကိုဆွဲကိုင်ပြီး တစ်ချက်လွှဲပစ်လိုက်တော့ အဲ့အစ်မကြီးကမြေကြီးပေါ်လဲကျသွားပြီး ခါးကိုဖိပြီးမလှုပ်တော့ဘူး။

ပြတ်သားလှတယ်။

“ဟိုက်ရှားဘား... သိုင်းသမားပဲ” ယွီဟွေးဖေးအံ့အားသင့်သွား၏။

အဲ့ကားသမားတွေလည်း လန့်သွားပေမယ့် ချက်ချင်းပဲဒေါသထွက်ကုန်ကြပြီ။

“အတူတူတက်” မျက်မှန်သမားကအော်သည်။

တချို့ကလက်နက်တွေကောက်ကိုင်နေကြပြီ၊ တချို့က ကားထဲကနေ တုတ်တွေတောင်ထုတ်လာကြ၏။

စုန့်ချင်းက မြင်တော့ တိုက်ခိုက်ဖို့ဟန်ပြင်လိုက်ချိန် ယွီဟွေးဖေးက သူ့ကိုဆွဲပြီးလှည့်ပြေးသည်။

“အစ်မကြီး... သူတို့က လူနှစ်ဆယ်ကျော်ရှိတာ။ နင်က သိုင်းကားရိုက်နေတယ်ထင်လို့လားလား”

သူတို့ပြေးတော့ အဲ့လူနှစ်ဆယ်ကျော်က စုလိုက်လာကြသည်။ ယွီဟွေးဖေးရဲ့ပန်းတိုင်က ရှင်းသည်။ ရှုခင်းသာနေရာထဲဝင်ဖို့ပင်။ ရှုခင်းသာနေရာထဲဝင်ရင် ဝန်ထမ်းတွေရှိတယ်။ ဒီလောက်ရှုပ်နေတာ သူတို့မသိဘဲမနေဘူး။

ဒါပေမဲ့ သူတို့မဝင်ခင်မှာပဲ လူတချို့ကအဲ့မှာပိတ်ထားကြပြီ၊ တစ်ယောက်ချင်းစီက ရန်လိုတဲ့မျက်နှာထားတွေနဲ့ ယွီဟွေးဖေးနဲ့အသေအလဲတိုက်မယ့်ပုံစံပဲ။

ယွီဟွေးဖေးက ပါးစပ်ကိုစေ့ပြီး “ငါ့ကိုအနိုင်ကျင့်လို့လွယ်တယ်ထင်နေလား”

ပြောရင်း ဘေးက တံမြက်စည်းတစ်ချောင်းကိုကောက်ကိုင်ပြီး စုန့်ချင်းရှေ့မှာကာထားသည်။

“ခဏနေရင် သတိထားနော်...”

“တက်”

တစ်ယောက်ယောက်ကအော်တော့ အဲ့လူတွေကအတူတူပြေးဝင်လာကြသည်။ ယွီဟွေးဖေးက လက်တစ်ဖက်ကတံမြက်စည်းကိုလျှောက်ဝှေ့ယမ်းပြီး လူတွေမကပ်နိုင်အောင်လုပ်ရင်း တစ်ဖက်က ဘာမိဘာရာကောက်ပြီး ဟိုဘက်ကိုပစ်၏။

အဲ့ဒီအချိန်မှာ သရဲဖြူ၊ သရဲနက်ရဲ့လေ့ကျင့်မှုအကျိုးကျေးဇူးကိုသိလိုက်ရသည်၊ အိမ်မှာ သရဲဖြူ၊ သရဲနက်က ယွီဟွေးဖေးကိုခဏခဏချောင်းတိုက်ခိုက်တော့ ယွီဟွေးဖေးက အလိုလိုရှောင်တိမ်းတတ်နေပြီ။ ရှောင်တိမ်းပုံကမလှပေမယ့် လူးလိမ့်ပြေးလွှားရင်း အဓိကတိုက်ခိုက်မှုတွေကိုတော့ ရှောင်နိုင်နေသည်။

တစ်ချိန်တည်းမှာ ယွီဟွေးဖေးလက်ထဲကတံမြက်စည်းက လျှောက်ဝှေ့ယမ်းပြီး တစ်ယောက်တည်းက လေးငါးယောက်ကိုတိုက်နေတာတောင် မရှုံးဘူး။ ဟိုဘက်မှာ စုန့်ချင်းကလည်း တော်တော်ကြမ်းသည်။ သူ့နားကပ်လာတဲ့လူတိုင်းက တစ်ချက်တည်းနဲ့လဲကျသွား၏။ အဲ့လက်စွမ်းက ကျွမ်းကျင်လွန်းလို့ ယွီဟွေးဖေးတောင် စိတ်လွင့်သွားသည်အထိပင်။

ဒီလောက်ကြမ်းတဲ့ကောင်မလေးကို အဲ့ကားသမားတွေလည်းလန့်သွားကြပြီး လူတော်တော်များများက ပျော့ညံ့ပုံရတဲ့ ယွီဟွေးဖေးကိုပဲ ရွေးတိုက်ကြသည်။

ယွီဟွေးဖေးက ချက်ချင်းဖိအားများလာပြီး ဆိုင်တွေထဲမှာ ပြေးလွှားနေရတော့သည်။ ဒါပေမဲ့ ဒီကောင်က လျှောက်ပြေးနေတာမဟုတ်ဘူး၊ ပြေးရင်းနဲ့ “မင်းတို့လိုအမှိုက်တွေ၊ ပန်းသေနေတဲ့အမှိုက်တွေ၊ သတ္တိရှိရင်ငါ့ကိုလိုက်ခဲ့ကြ။ ငါတစ်ယောက်တည်းက မင်းတို့အားလုံးကို ရှင်းမယ်”

“သေချင်နေလား” မျက်မှန်သမားကဒေါသထွက်ပြီး တုတ်ကိုကိုင်ပြီးပြေးဝင်လာသည်။

ယွီဟွေးဖေးက လူတွေအားလုံးလာတာမြင်တော့ လှည့်ပြေးသည်။ ပြေးရင်းနဲ့ “ဒီမှာလူများတယ်၊ အဆင်မပြေဘူး။ မကြောက်ရင် ငါ့နောက်ကိုလိုက်ခဲ့ကြ။ ငါတစ်ယောက်တည်းက မင်းတို့အားလုံးကိုဖိုက်မယ်”

မျက်မှန်သမားတို့လည်းဒေါသထွက်ပေမယ့် ယွီဟွေးဖေးက တောင်ထဲကိုပြေးနေတာမြင်တော့ အေးစက်စက်ပြုံးလိုက်ကြသည်။ ဒီဘက်ကလမ်းကို သူတို့အကျွမ်းဆုံးပဲ၊ ဟိုဘက်က ရှုခင်းသာနေရာကထွက်တဲ့တောင်လမ်းပဲ၊ ထွက်သွားရင်... တကယ်ပဲ ကယ်သူမဲ့ဖြစ်သွားမှာပဲ။

ဒါကိုစဉ်းစားမိတော့ တစ်ယောက်ချင်းစီကတုတ်ကိုကိုင်ပြီးလိုက်သွားကြသည်။

ယွီဟွေးဖေးက သူတို့အားလုံးလာတာမြင်တော့ ပြုံးပြီး အားလုံးကိုလက်ညှိုးထိုးကာ “ဒီနေ့၊ အရှုံးအနိုင်ခွဲမယ်၊ မသေမချင်းတိုက်မယ်။ ဘယ်သူပြေးတဲ့ကောင်က ခွေးမသားပဲ”

ပြောပြီးတာနဲ့ ဒီကောင်ကခြေကုန်သုတ်ပြေးသည်။ ဘာလို့လဲဆိုတော့ ဟိုဘက်ကကျောက်ခဲတွေနဲ့စပစ်နေပြီလေ။

စုန့်ချင်းဘက်မှာလည်း လူတစ်ယောက်ကိုအမြန်လဲကျအောင်လုပ်ပြီးတော့ အဝေးက ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က လုံခြုံရေးတစ်ယောက်ကိုခေါ်ပြီး ဒီဘက်ကိုပြေးလာနေတာမြင်လိုက်ရသည်။

ဒါကတခြားသူမဟုတ်ဘူး၊ ခုနကအိမ်သာသွားတဲ့ ခယ်လီနဲ့ လျိုကျွမ်းပဲ၊ နှစ်ယောက်သားရန်ဖြစ်နေတာမြင်တော့ လာတဲ့လမ်းမှာ လုံခြုံရေးတစ်ယောက် ထမင်းစားနေတာ မြင်မိတာကို သတိရသွားသည်။

ဒါနဲ့နှစ်ယောက်သား သူ့ကိုဆွဲခေါ်လာတာပဲ။ အဲ့လုံခြုံရေးက အဝေးကနေ ဘာတွေအော်နေမှန်း မသိဘူး။ ဒီလူတွေက လုံခြုံရေးလာတာမြင်တော့ ချက်ချင်းပဲ ပျောက်ကွယ်သွားကြသည်။

တစ်ချိန်တည်းမှာ လူတစ်စုကတောင်လမ်းထဲကို ယွီဟွေးဖေးနောက်လိုက်သွားကြ၏။

စုန့်ချင်းဘက်မှာတော့ ချက်ချင်းသက်ပြင်းချနိုင်သွားပြီ။

“မမ ဘာဖြစ်သွားသေးလဲ” လုံခြုံရေးကဂရုစိုက်စွာမေးသည်။

စုန့်ချင်းကတောင်လမ်းကိုညွှန်ပြပြီး “ကျွန်မသူငယ်ချင်းတစ်ယောက် တောင်ထဲလိုက်ဖမ်းခံနေရတယ် သူ့ကိုကူညီပါဦး”

လုံခြုံရေးကခေါင်းညိတ်ပြီး “စိတ်ချပါ၊ ကျွန်တော်အခုပဲသွားလိုက်မယ်”

လုံခြုံရေးကမတွေဝေဘဲ လိုက်ရင်းနဲ့အကူအညီလှမ်းခေါ်သည်။

ယွီဟွေးဖေးက အပြင်မှာ ဘာဖြစ်နေလဲမသိဘူး။ အခု သူ့နောက်မှာ လူဆယ်ယောက်ကျော်လိုက်နေတယ်။ တစ်ယောက်ထက် တစ်ယောက်ပိုကြမ်းတမ်းပြီး ဒေါသတကြီးအော်ဟစ်နေကြ၏။

ဒါပေမဲ့ ယွီဟွေးဖေးကနည်းနည်းမှမကြောက်ဘူး။ ဟိုဘက်ကတိုက်ခိုက်နိုင်စွမ်းမနည်း၊ လူလည်းများပေမယ့် သူတို့ကသူ့လောက်မပြေးနိုင်ဘူး။

အခုယွီဟွေးဖေးရဲ့စိတ်ထဲမှာ ဘယ်လိုသူရဲကောင်းပဲဖြစ်ဖြစ် မြင်းစီးပြီးသူ့လောက်မပြေးနိုင်ရင် အမှိုက်ပဲ။

All Chapters