ထိုးစမ်း
Vol. 14 Ch. 201
ယွီဟွေးဖေးတစ်ယောက် ပျော်ရွှင်စွာ ရှေ့ကနေပြေးနေရင်း နွားခေါင်းရဲ့စကားကို ပြန်သတိရမိသည်။
“သိုင်းပညာဘယ်လောက်တော်တော် ဓားကိုကြောက်ရတယ်”
“ဓားသိုင်းဘယ်လောက်ကောင်းကောင်း ဝတ်ရုံရှည်ကိုကြောက်ရတယ်”
“ဒါကြောင့် လောကပေါ်မှာ အကောင်းဆုံးတိုက်ခိုက်နည်းက ထွက်ပြေးတာပဲ”
“မင်းပြေးတာလုံလောက်အောင်မြန်ပြီး အမောခံနိုင်ရင် ဟိုဘက်ကလူဘယ်လောက်များများ အသုံးမဝင်ဘူး”
“သူတို့ကိုမောအောင်ပြေးခိုင်းပြီးမှ လှည့်ပြီး ဒီခွေးသေကောင်တွေကို ပြန်ရိုက်။ ဒီနည်းကို ခွေးကျောင်းတရားလို့ခေါ်တယ်”
ဆယ်မိနစ်ကြာတော့ နောက်ကလူတွေက အားကုန်သုံးပြီးလိုက်နိုင်သေးပေမယ့် အမောစပြုနေပြီ။
နာရီဝက်ကြာတော့ တချို့က ရပ်နားနေကြပြီ။
အမောခံနိုင်တဲ့တချို့ကတော့ ဆက်လိုက်နေတုန်းပဲ၊ ဒါပေမဲ့ တစ်နာရီကြာတော့ အားလုံးလက်လျှော့ကုန်ကြပြီ။
အဲ့မျက်မှန်သမားက ရပ်ပြီး “မင်း... မင်း... ရပ်... ရပ်နေစမ်းပါ...” လို့အော်နေ၏။
ယွီဟွေးဖေးက လှည့်ကြည့်လိုက်တော့။ တယ်ဟုတ်ပါလား... လူဆယ်ယောက်ကျော်ထဲက နှစ်ယောက်ပဲကျန်တော့တယ်။ အဲ့နှစ်ယောက်ကလည်း ခွေးသေကောင်လိုမောနေပြီး မတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်ဘဲ သူ့ကိုရန်စရဲသေးတယ်လား။
ယွီဟွေးဖေး ပြုံးလိုက်ရင်း မြေကြီးပေါ်က တုတ်တစ်ချောင်းကိုကောက်ကိုင်ပြီး လက်ထဲမှာချိန်ဆရင်း “မင်းဘာပြောလိုက်တယ်”
တုတ်ကိုကိုင်ပြီးလျှောက်လာတာမြင်တော့ မျက်မှန်သမားက သူ့ညီအစ်ကိုတွေအားလုံး လမ်းတစ်ဝက်မှာကျန်ခဲ့မှန်း သိလိုက်ရသည်။ အခုသူနဲ့ ပိန်လှီတဲ့ ငဖောင်ရိုးကောင်တစ်ယောက်ပဲကျန်တော့တယ်။ ခါးတောင်မတ်မတ်မရပ်နိုင်ဘဲ ဘယ်လိုတိုက်မလဲ။
“မင်း... မင်းမလာနဲ့၊ မင်း... ရပ်နေစမ်း” မျက်မှန်သမားက ယွီဟွေးဖေးကို အားတင်းပြီးခြိမ်းခြောက်၏။
သို့သော် ယွီဟွေးဖေးက တုတ်ကိုလွှဲပြီး သူ့တင်ပါးကို တစ်ချက်ရိုက်ချလိုက်သည်။
ဖျောင်း...
အမလေး...
မျက်မှန်သမားက နာကျင်စွာ ခုန်လိုက်ပြီး ဒေါသတကြီးနဲ့ “မင်း... ငါမင်းကိုသတ်ပစ်မယ်၊ မင်းယုံလား”
“ယုံတယ်” ယွီဟွေးဖေးက နောက်တစ်ချက်ရိုက်ချလိုက်သည်။
ဖျောင်း...
“မင်း... ငါ့မှာဓားရှိတယ်” မျက်မှန်သမားကပြောရင်း အိတ်ကပ်ထဲကိုလက်နှိုက်ပြီး ဓားထုတ်မလို့လုပ်၏။
ယွီဟွေးဖေးက သူ့အိတ်ကပ်ကို တုတ်နဲ့တစ်ချက်ရိုက်ချလိုက်သည်။
ဖျောင်း...
“အမလေး...”
မျက်မှန်သမားက နာကျင်စွာ လက်တစ်ချက်တုန်သွားပြီး ဓားလည်းလွင့်ထွက်သွားသည်။ ယွီဟွေးဖေးက တကယ်ဓားရှိမှန်းမြင်တော့ ညှာမနေတော့ဘဲ တစ်ချက်ပြီးတစ်ချက် သူ့ကိုယ်ပေါ်ကိုရိုက်ချရင်း “မင်းထပ်ပြီးမောက်မာဦးလေ။ မင်းထပ်ပြီးခုန်ပေါက်ဦးလေ။ မင်းမှာဓားရှိတယ်မဟုတ်လား။ လာလေ”
တစ်ချက်ပြီးတစ်ချက် မျက်မှန်သမားရဲ့တင်ပါးကိုရိုက်ချလိုက်တော့ နာကျင်လွန်းလို့ သွားကိုကြိတ်၊ နောက်ဆုတ်ရင်း နောက်ဆုံးမခံနိုင်တော့ဘဲ အော်ဟစ်ပြီးလှည့်ပြေးတော့သည်။
“မင်းဘာလုပ်မလို့လဲ”
ယွီဟွေးဖေးက ဓားသွားကောက်မယ့် ငဖောင်ရိုးကောင်ကို မျက်စောင်းထိုးကြည့်တာကို သူကမြင်တော့ လှည့်ပြီးထွက်ပြေးလေ၏။
“ပြေးကြစမ်း။ ဒီနေ့ မင်းတို့ခွေးမသားတွေကို သေအောင်ပြေးခိုင်းမယ်”
ယွီဟွေးဖေးက တုတ်ကိုကိုင်ပြီးလိုက်သွားသည်။ လမ်းတစ်ကွေ့ကိုရောက်တော့ မျက်မှန်သမား ပြန်ရောက်လာတာတွေ့လိုက်ရ၏။ တစ်ချိန်တည်းမှာ မျက်မှန်သမားနောက်မှာ လူရိပ်တချို့ထပ်ပေါ်လာတော့ ယွီဟွေးဖေးက ပါးစပ်ကိုသပ်ပြီး လှည့်ပြေးသည်။
“ခွေးမသား၊ ပြေးချင်သေးလား။ သူ့ကိုသတ်ပစ်စမ်း”
အဲ့လူတွေက အားကုန်သုံးပြီးလိုက်ကြပေမယ့် အားလုံးခဏပဲနားရသေးတော့ အားအပြည့်မရှိသေးဘူး၊ မိနစ်အနည်းငယ်ပြေးပြီးတော့ ပြန်မောလာကြသည်၊ ဆယ်မိနစ်ကြာတော့... မျက်မှန်သမားက အဲ့ငါးယောက်ခြောက်ယောက်က ပင်ပန်းစွာပြေးပြန်လာတာမြင်လိုက်ရသည်။ နောက်ကယွီဟွေးဖေးက တုတ်ကိုလွှဲပြီး သူတို့တင်ပါးကို တဖျောင်းဖျောင်းရိုက်နေ၏။
တစ်ယောက်ချင်းစီရဲ့အော်သံက သူ့ထက်တောင်ပိုဆိုးနေသည်။
မျက်မှန်သမားက ဒေါသထွက်ပြီးငိုချင်လာကာ “ခွေးမသား၊ မင်းသတ္တိရှိရင်မပြေးနဲ့”
ယွီဟွေးဖေးက ထွီခနဲထွေးပြီး “သတ္တိရှိရင် ငါ့နောက်လိုက်ခဲ့လေ”
ပြီးတော့ ယွီဟွေးဖေးက လူတချို့ကိုထပ်ရိုက်သည်။
အဲ့ဒီအချိန်မှာ မျက်မှန်သမားရဲ့လူတွေထပ်ရောက်လာပြီး ဒီမြင်ကွင်းကိုမြင်တော့ အော်ဟစ်ပြီး ယွီဟွေးဖေးဆီကိုပြေးဝင်လာကြ၏။ ယွီဟွေးဖေးကလည်းမတွေဝေဘဲ လှည့်ပြီး... ပြေး။
သူ့ရဲ့အမောခံနိုင်စွမ်းက အံ့မခန်းပဲ။ ပြီးတော့ ပုစဉ်းခွံကိုးလွှာကျင့်စဉ်အကူအညီနဲ့ အားကုန်မသုံးရင် ဆယ်ကီလိုမီတာလောက်ပြေးတာက ကစားနေသလိုပဲ။ ဒီလိုလူတွေ တစ်ရာလောက်ကိုတောင် နိုင်နိုင်နင်းနင်း နိုင်တယ်လို့တောင်ခံစားနေရသည်။
မျက်မှန်သမားကလည်း ယွီဟွေးဖေးရဲ့ အမောခံနိုင်စွမ်းကောင်းမှန်းသိလိုက်ရသည်။ ဒါနဲ့သူက လူတချို့ကို ယွီဟွေးဖေးနောက်လိုက်ခိုင်းပြီး ကျန်တဲ့သူတွေကိုအနားယူခိုင်းသည်။
ဒီလိုနှစ်ဖွဲ့ခွဲပြီးလိုက်ရင် ယွီဟွေးဖေးမခံနိုင်တော့ဘူးလို့ သူယုံကြည်ထားသည်။
“ပြေးစမ်း။ ဒီနေ့ ငါမင်းကိုသေအောင်ပြေးခိုင်းမယ်” မျက်မှန်သမားက ရက်စက်စွာဆဲဆိုသည်။
အသက်ဒီလောက်ကြီးလာတာ၊ သူဒီလောက်စိတ်ပျက်စရာကောင်းတာ တစ်ခါမှမကြုံဖူးဘူး။ တစ်ယောက်ယောက်က သူ့ကိုလေတိုက်လွှတ်သလို ကစားနေတာလည်း ပထမဆုံးအကြိမ်ပဲ...။ သို့သော် သူကယွီဟွေးဖေးရဲ့ အမောခံနိုင်စွမ်းကိုအထင်သေးပြီး သူ့ရဲ့ပြန်ကောင်းလာနှုန်းကို အထင်ကြီးသွားမိသည်။
မကြာခဏဆိုသလို သူတို့မနားရသေးခင်မှာ ယွီဟွေးဖေးကရှေ့ကလူတွေကို မောအောင်လုပ်ပြီး ပြန်ရိုက်လာ၏။
အဓိကက ယွီဟွေးဖေး ဒီကောင်စုတ်က တော်တော်ယုတ်မာသည်။ သူခေါင်းလည်းမရိုက်၊ တင်ပါးလည်းမရိုက်တော့ဘဲ ပေါင်ကိုပဲရွေးရိုက်သည်။ တစ်ယောက်ချင်းစီက ပြေးမနိုင်တော့တဲ့အပြင် ပေါင်ကြောကို တုတ်နဲ့အရိုက်ခံရတော့ ခြေထောက်ကနာကျင်ပြီး အားလည်းမသုံးနိုင်တော့ဘူး။ ဒီလိုနဲ့ဘယ်လိုလိုက်မလဲ။
အနားယူပြီးလိုက်တဲ့လူတွေကလည်း အရင်လူတွေလိုပဲဖြစ်သွားကြ၏။
နောက်ဆုံးတော့ မျက်မှန်သမားက မလိုက်တော့ဖို့အမိန့်ပေးလိုက်သည်။ သူတို့ဆယ်ယောက်ကျော်ဒီမှာရပ်နေပြီးမလိုက်ရင် ယွီဟွေးဖေး ဘယ်လိုပရိယာယ်သုံးနိုင်မလဲဆိုတာ သူသိချင်နေသည်။ ယွီဟွေးဖေးက သူတို့ဆယ်ယောက်ကျော်ကို တစ်ယောက်တည်း တိုက်ခိုက်ရဲမှာ မဟုတ်ဘူးလို့ သူယုံကြည်ထားသည်။
ဒီလိုနဲ့ ဆယ်ယောက်ကျော်က မောပန်း၊ နာကျင်၊ ပေါင်ကလည်းအားမရှိဘဲ တစ်ယောက်ချင်းစီက အမောဖြေရင်း ဆယ်မီတာအကွာက တုတ်ကိုပခုံးပေါ်ထမ်းပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ရပ်နေတဲ့ ယွီဟွေးဖေးကိုကြည့်ပြီး ငိုသံပါနဲ့ “မင်း... မင်းက မကောင်းဆိုးဝါးများလား”
ယွီဟွေးဖေးကစကားမပြောဘဲ အနီးဆုံးလူဆီကိုလျှောက်သွားတော့ အဲ့လူက ကြောက်လန့်ပြီး နောက်ဆုတ်သွား၏။ ဒီလိုနောက်ဆုတ်လိုက်တော့ ခြေထောက်မခိုင်ဘဲ မြေကြီးပေါ်ထိုင်ကျသွားပြီး ဖိနပ်တောင်လွင့်ထွက်သွားသည်။
ဒါကိုမြင်တော့ရယ်ပြီး သူတို့ကိုလက်ညှိုးထိုးကာ “ငါ့ကိုဖိနပ်တွေချွတ်ပေးစမ်း”
“မင်း... မင်းဘာလုပ်မလို့လဲ”
စကားပြန်မဖြေဘဲ ယွီဟွေးဖေးကလျှောက်သွားပြီး တုတ်နဲ့တစ်ချက်ရိုက်လိုက်တော့ ဒီကောင်ကတင်ပါးကိုဖိပြီး နေရာမှာခုန်ပေါက်နေတော့သည်။
ဘေးကလူတစ်ယောက်က ယွီဟွေးဖေးကို ချောင်းတိုက်ခိုက်မလို့လုပ်တော့ သူကတစ်ချက်လှည့်ပြီး အဲ့ကောင်ရဲ့ပေါင်ကို တုတ်နဲ့တစ်ချက်ရိုက်လိုက်တော့ အော်ဟစ်ငိုယိုသွား၏။
“အတူတူတက်”
မျက်မှန်သမားက စစ်ချီသံပေးလိုက်ပေမယ့် ဝမ်းနည်းစရာကတော့ လှုပ်ရှားဖို့တောင်ခက်ခဲနေတဲ့ ဒီအစုတ်အပြတ်တွေက ယွီဟွေးဖေးလို ကောက်ကျစ်တဲ့ငါးရှဉ့်ကိုမမီနိုင်ဘဲ တုတ်နဲ့တစ်ချက်ပြီးတစ်ချက် အဆုံးအမခံနေရသည်။
ဒုတိယတစ်ယောက်လဲကျသွားတော့ ယွီဟွေးဖေးကထပ်အော်၏။
“အားလုံးငါ့ကိုဖိနပ်ချွတ်ပေးစမ်း”
“မင်းတကယ်ဘာလုပ်ချင်တာလဲ”
“စကားများမနေနဲ့၊ ဖိနပ်ချွတ်။ ခြေထောက်ပေါ်မှာဖိနပ်ရှိနေရင် ညီလေးကိုအပြစ်မတင်နဲ့တော့”
ပြောပြီးတော့ ယွီဟွေးဖေးကလက်တစ်ဖက်စီမှာတုတ်တစ်ချောင်းကိုင်ပြီး တွေ့တဲ့လူကိုရိုက်သည်။ တုတ်ချက်တိုင်းက ပေါင်နဲ့တင်ပါးလို အသားများတဲ့နေရာကိုပဲကျ၏။
နာကျင်တာကတစ်ခု၊ အဓိကကပေါင်က အကြောကို အကြိမ်ကြိမ်အရိုက်ခံရတော့ ခြေထောက်လုံးဝအားမရှိတော့ဘူး။ ခြေထောက်နှစ်ဖက်ကို အသုံးမဝင်အောင်လုပ်လိုက်တော့ လူဘယ်လောက်များများ အသုံးမဝင်တော့ဘူး။
ဆယ်ယောက်ကျော်က တစ်ယောက်တည်းရဲ့ ဘဲကျောင်းသလိုအကျောင်းခံရပြီး မျက်ရည်တွေနဲ့ဖိနပ်ချွတ်ကာ ခြေဗလာနဲ့မြေကြီးပေါ်မှာရပ်နေကြရချိန် ယွီဟွေးဖေးက မြေကြီးပေါ်ကဖိနပ်တွေကို ကျေနပ်စွာကြည့်နေလေ၏။
“ဖိနပ်တွေ မင်းကိုပေးပြီးပြီ၊ အခုငါတို့ကိုလွှတ်ပေးလို့ရပြီလား”
မျက်မှန်သမားကမေးရာ ယွီဟွေးဖေးကသူ့ကို မကောင်းဆိုးဝါးလိုပြုံးပြပြီး တုတ်ကိုလွှဲကာ “မင်းတို့ကိုလွှတ်ပေးရမယ်တဲ့လား။ ငါမင်းတို့ကိုရိုက်သတ်မှာ။ ပြေးစမ်း။ ရပ်တဲ့ကောင်ကို ငါ့တုတ်က ညှာမှာမဟုတ်ဘူး”
ပြောပြီးတာနဲ့ ဒီကောင်က တုတ်ကိုလွှဲပြီး အနီးဆုံးလူကိုတိုက်ခိုက်သည်။ ဘယ်သူပဲဖြစ်ဖြစ်၊ ရိုက်လို့ရရင်ညှာမှာမဟုတ်ဘူး။
ကားသမားတစ်စုကဒီလိုနဲ့ အော်ဟစ်ရင်း ခြေဗလာနဲ့တစ်လှမ်းချင်းယိုင်နဲ့ရင်း ပြန်ပြေးကြရသည်။ ယွီဟွေးဖေးကနောက်ကလိုက်ပြီး နောက်ကျတဲ့လူကိုပဲရွေးရိုက်၏။
ကံဆိုးစွာနဲ့ ဒီတစ်ခါနောက်ကျတာက မျက်မှန်သမားဖြစ်နေသည်။ ဒီကောင်က အစောဆုံး အားကုန်တဲ့လူဆိုတော့ နားချိန်ကလည်းတိုတောင်းလှသည်။ ခြေလှမ်းနှစ်လှမ်းပြေးပြီးတော့ ပြန်အားကုန်သွားရော...
အဓိကက ယွီဟွေးဖေးကသူ့ကိုအထူးဂရုစိုက်သည်။ သူအရှိန်မြှင့်လိုက်တာနဲ့ တုတ်နှစ်ချက်ရိုက်ချလိုက်တော့ ချက်ချင်းပြေးမနိုင်တော့ဘူး။
“မင်း... မင်းတခြားတစ်ယောက်ကိုရိုက်လို့မရဘူးလား။ ငါတစ်ယောက်တည်းကိုပဲ စိုက်ကြည့်နေတာလား” မျက်မှန်သမားကဒေါသတကြီးအော်ဟစ်သည်။
ယွီဟွေးဖေးကပျင်းရိစွာနဲ့ လူမိုက်လို “မတတ်နိုင်ဘူးလေ၊ ဘယ်သူကမင်းကိုနှေးအောင်ပြေးခိုင်းလို့လဲ။ မင်းအရိုက်မခံချင်ရင် မြန်မြန်ပြေးလေ”
မျက်မှန်သမားကသိလိုက်ရပြီ။ ဒီကောင်မှ တကယ့်လူမိုက်... သူဒီနေ့တော့ ကျောက်တုံးကို ခေါင်းနဲ့တိုက်မိပြီ။
ယွီဟွေးဖေးက ဒီကောင်မကျေမနပ်ဖြစ်နေတဲ့ပုံကိုမြင်တော့ တုတ်ကိုမတ်တပ်ထောင်ပြီး မျက်မှန်သမားရဲ့တင်ပါးကိုတန်းထိုးလိုက်သည်။ ဒါကချွေ့ကျွယ်ရဲ့လက်စွမ်း... နှစ်တစ်ထောင်ခံစားသွားမယ့် ဖင်ထိုးကွက်။
တုတ်က ချွေ့ကျွယ်ကလောင်တံထက် အများကြီးပိုတုတ်သည်။ ဒီတစ်ချက်ထိုးလိုက်တော့ မျက်မှန်သမားရဲ့အော်သံက အော်ဟစ်သံကနေ ကြောက်လန့်တကြား စူးရှရှအော်သံဖြစ်သွား၏။
တခြားသူတွေကဒီမြင်ကွင်းကိုမြင်တော့ တစ်ယောက်ချင်းစီကဖင်ကိုကြုံ့ပြီး အသေအလဲပြေးကြတော့သည်။
ယွီဟွေးဖေးကရော။
ဒီကောင်ကနောက်ကလိုက်ရင်း ဖင်ထိုးတာအပြင် လူတိုင်းရဲ့ဖိနပ်ကို ဖိနပ်ကြိုးနဲ့ချည်ပြီး ဆွဲလာသည်။ နောက်ကလိုက်ရင်း ဘယ်သူ့ကိုမျက်စိမကြည်ရင် တုတ်နဲ့ဖင်ကိုတစ်ချက်ထိုးလိုက်သည်။
ပါးစပ်ကလည်း “လမ်းလျှောက်တာ ဒီလောက်ရုပ်ဆိုးတာလား။ ဒါစားစမ်း...”
“အယ်။ မင်းကခေါက်ဆွဲပြားလိုလမ်းလျှောက်နေတာလား။ ရော့ယူလိုက်...”
“မင်းဘာလို့ ဒီလောက်မြန်မြန်ပြေးနေတာလဲ။ လာထား...”
“ဒီလောက်နှေးနှေးသွားရလား... ရော့ အင့်...”
“မင်းငါ့ကိုဘာအကြည့်ကြည့်တာလဲ။ ရော့ကွာ...”
“မင်းငါ့ကိုမကြည့်ဘူးလား။ ငါမချောလို့လား။ ခံစားလိုက်စမ်း...”
ဘာပဲဖြစ်ဖြစ် ယွီဟွေးဖေးကအကြောင်းပြချက်တစ်ခုခုရှာပြီး တစ်ချက်ထိုးလိုက်သည်။ လူတိုင်းကဒုက္ခရောက်ပြီး တစ်ယောက်ချင်းစီက ဒီကောင်စုတ်ကို ရန်စမိတာ နောင်တရနေကြပြီ။
ဒါတစ်ယောက်ယောက်က ရိုက်တာထက်တောင်ဆိုးသေး။ ဒီလိုစော်ကားခံရတာ သူတို့စိတ်ရောကိုယ်ရော အလွန်အမင်းထိခိုက်ပြီး ငိုချင်သလို သေလည်းသေချင်နေကြသည်။
ယွီဟွေးဖေးကတော့ ဂရုမစိုက်ဘူး။ အရင်က အသေအလဲအလိုက်ခံခဲ့ရတာ၊ အခုအခွင့်အရေးရမှတော့ အဆတိုးပြီးပြန်ပေးရမည်။
တစ်ချိန်တည်းမှာသူလည်း ချွေ့ကျွယ်က ဘာလို့ လူတွေရဲ့ဖင်ကိုထိုးရတာကြိုက်လဲဆိုတာ နားလည်သွားသည်။ ဒီတစ်ချက်ထိုးလိုက် ခုန်လိုက်ခံစားချက်က တကယ်ကောင်းတာပဲ။
ယွီဟွေးဖေး ဒီတိုက်ခိုက်နည်းကို နည်းနည်းကြိုက်လာ၏။ တော်တော်စိတ်ကျေနပ်စရာကောင်းသား။
“ဖြည်းဖြည်း၊ ဒီလောက်မြန်မြန်ပြေးနေတာဘာလုပ်မလို့လဲ။ ငါထိုးမဝသေးဘူး”
...
တစ်ချိန်တည်းမှာ လုံခြုံရေးကလည်းလိုက်လာပြီ။ ဝမ်းနည်းစရာကတော့ သူအသက်ကြီးလို့ ဒူးလည်းမကောင်းတော့ဘူး၊ နှစ်ကီလိုမီတာပြေးပြီးတော့ ပြေးမနိုင်တော့ဘူး။ ပြီးတော့ ဒီနေရာကလူသူကင်းမဲ့တော့ သူလိုက်တဲ့လမ်းမှန်မမှန်လည်းမသိဘူး။
တစ်ချိန်တည်းမှာ နောက်ကလူတွေ စကားပြောစက်နဲ့သူ့ကိုရပ်ပြီး အဖွဲ့ကြီးကိုစောင့်ဖို့ ပြောနေကြသည်။ နောက်ဆုံးတော့ သူလိုက်လိုက် ရပ်လိုက်နဲ့ နောက်ကအဖွဲ့ကြီးကကားနဲ့ လိုက်မီလာ၏။
စုန့်ချင်း၊ ခယ်လီနဲ့ လျိုကျွမ်းလည်းပါသည်။ သုံးယောက်လုံး မျက်မှောင်ကြုတ်ပြီး မျက်နှာထားတင်းမာနေကြ၏။ ခဏခဏစကားပြောနေကြတာကို ကြည့်ရတာ သုံးယောက်သားလည်း အချင်းချင်းသိသွားကြလောက်ပြီ။
“သူဌေးယွီဘာမှမဖြစ်လောက်ဘူးမလား” လျိုကျွမ်းကစိုးရိမ်စွာမေးသည်။