← Chapters

ရှည်လျားလှသော မဟာတံတိုင်း

Vol. 14 Ch. 199

ရှည်လျားလှသော မဟာတံတိုင်း

Vol. 14 Ch. 199

ယွီဟွေးဖေးတစ်ယောက် ဘယ်သွေးကြောမှားသွားသည်မသိ၊ “ကျွန်တော်လည်း ဒီလိုပဲစဥ်းစားနေတာဗျ” ဟု ထအော်လိုက်သည်။

ပြီးနောက် ယွီဟွေးဖေးက ဖုန်းထဲမှ ကွမ်းယွီပုံတစ်ပုံကို ရှာဖွင့်လိုက်ပြီး အဘိုးကြီးက ဆေးလိပ်သုံးလိပ် ကပ်လှူကာ နှစ်ယောက်သား ဖုန်းထဲက ကွမ်းယွီပုံကို ကိုးကွယ်ရင်း ဦးသုံးကြိမ်ချ၍ သွေးသောက်ညီအစ်ကို ဖွဲ့ကြလေတော့သည်။

အဘိုးကြီးက အရင်စပြောသည်။ “ကျွန်ုပ် စုန့်ထျန်းချန်သည် ယနေ့မှစ၍ ကျွန်ုပ်ဘေးမှ ညီငယ် ယွီဟွေးဖေးနှင့် ညီအစ်ကိုအဖြစ် သစ္စာဆိုပါ၏”

ယွီဟွေးဖေးက အလုအယက် လိုက်ပြောသည်။ “ကျွန်ုပ် ယွီဟွေးဖေးသည် ယနေ့မှစ၍ ကျွန်ုပ်ဘေးမှ အဘိုးကြီး... အဲ... အစ်ကိုကြီး စုန့်ထျန်းချန်နှင့် ညီအစ်ကိုအဖြစ် သစ္စာဆိုပါ၏”

“နောင်တွင် သုခအတူခံ၊ ဒုက္ခအတူမျှမည်”

“နောင်တွင် သုခအတူခံ၊ ဒုက္ခအတူမျှမည်”

အဘိုးကြီးက ဆက်၍ “မွေးနေ့မတူသော်ငြား၊ သေနေ့တူကြပါစေ”

ယွီဟွေးဖေးက ပါးစပ်ဟပြီး အော်လိုက်သည်။ “မွေးနေ့မတူသော်ငြား၊ သေနေ့... အမ်”

ယွီဟွေးဖေးတစ်ယောက် ကြောင်သွားပြီး အဘိုးကြီးကို မေးလိုက်သည်။ “အဘိုး... အဲ... အစ်ကိုကြီး၊ အသက်ဘယ်လောက်ရှိပြီလဲ”

“၇၂ နှစ်၊ မင်းကရော”

“၂၁ နှစ်ပါ...”

အဘိုးကြီးက လက်ချောင်းတွေချိုးပြီး တွက်ချက်ကြည့်ကာ “ငါတို့နှစ်ယောက်အသက်ကို ပေါင်းပြီး နှစ်နဲ့စားလိုက်ရင် ငါအသက်တစ်ရာလောက်တော့ နေရလောက်တယ်။ မင်းငါနဲ့ပေါင်းရင် မင်းလည်း အသက်တစ်ရာရှည်မှာပဲ”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကို ဘယ်လိုစဉ်းစားစဉ်းစား တစ်မျိုးကြီးဖြစ်နေသည်။

ဒါပေမဲ့ သူလည်း သိပ်မစဉ်းစားတော့ဘဲ ခေါင်းညိတ်လိုက်သည်။ “သေနေ့တူကြပါ...”

“ဟေ့... ခင်ဗျားတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ” အပြင်ဘက်မှ ဖြတ်သွားသူတစ်ယောက်က တံခါးဖွင့်ပြီး မေးလိုက်၏။ ယွီဟွေးဖေးရဲ့စကားက ဆုံးတောင်မဆုံးလိုက်၊ နှစ်ယောက်သား ပူးကပ်ထိုင်ရင်း၊ ခေါင်းစောင်း၊ မျက်လုံးပြူးကာ တစ်သံတည်းထွက်၍ အော်လေ၏။

“ညီအစ်ကိုတွေ သွေးသောက်ဖွဲ့နေတာလေ၊ ပြဿနာရှိလို့လား”

ထိုသူက အခန်းထဲကို တစ်ချက်ကြည့် သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ပြီး ရယ်ကာ လက်ပြပြီး “ခင်ဗျားတို့ ဆက်လုပ်ကြပါ... ဟား”

ထိုသူထွက်သွားတော့ ယွီဟွေးဖေးက အဘိုးကြီးကိုမေးသည်။ “ခုနက ဘယ်နားရောက်သွားပြီလဲ”

အဘိုးကြီးက စဉ်းစားပြီး “တော်တော်များများ ပြောပြီးသွားပြီ၊ နောက်ဆုံးတစ်ကြောင်းပဲ ကျန်တော့တယ်။ ငါကအသက်ကြီးတော့ နောင်ငါက မင်းအစ်ကိုကြီး”

ယွီဟွေးဖေးက “ကျွန်တော်ကအသက်ငယ်တော့ နောင်ကျွန်တော်က ခင်ဗျားရဲ့ညီငယ်လေး”

စကားဆုံးတော့ ယွီဟွေးဖေးက သူ့ပေါင်ကြားကို ငုံ့ကြည့်မိသည်။ ဘာလို့ ဒီစကားက ဒီလောက် နားထဲကန့်လန့်ဖြစ်နေရတာလဲ။

အဘိုးကြီးက ကျေနပ်စွာဖြင့် “မင်းရဲ့ဒီအရပ်အမောင်းက ငါ့ညီလေးရဲ့ ဂုဏ်သတင်းကိုတော့ အရှက်မရစေပါဘူး”

ယွီဟွေးဖေးရဲ့မျက်နှာ ချက်ချင်း မည်းမှောင်သွားတော့၏...

ပြီးတော့ နှစ်ယောက်သား လေထပ်ပန်းကြရင်း ထိုင်လျက်နဲ့ အိပ်ပျော်သွားကြတော့သည်။

မိုးလင်းစပြုတော့ နှစ်ယောက်သား နိုးလာကြသည်။ ယွီဟွေးဖေးက ခေါင်းကိုပွတ်လိုက်ရင်း မနေ့ညက အဖြစ်အပျက်တွေက မျက်စိထဲမှာ ပြန်မြင်ယောင်လာသည်။ အဓိကကတော့ သူ့ရှေ့က ပြာခွက်ထဲက ဆေးလိပ်တိုသုံးလိပ်နဲ့ ဖုန်းပေါ်က ကွမ်းယွီပုံက သူ့ကို သတိပေးနေသလိုပဲ။

ယွီဟွေးဖေးက အဘိုးကြီးကိုကြည့်ပြီး ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကို မသေနိုင်တဲ့လူလို့ သိထားတော့ ဒီသေနေ့တူတာကို သိပ်မကြောက်တော့ဘူး။ သူ့ရဲ့အသက်ရှည်မှုက အဘိုးကြီးကိုပါ အတူတူအသက်ရှည်အောင် စောင့်ရှောက်နိုင်မလားတော့ မသိဘူး။

အဘိုးကြီးနိုးလာတော့ ပြာခွက်ကိုကြည့်၊ ဖုန်းကိုကြည့်ပြီး လွတ်လပ်စွာရယ်မောလိုက်သည်။

“နည်းနည်းတော့ တောင်စဉ်ရေမရဖြစ်သွားတယ်၊ ဒါပေမဲ့ ကွမ်းယွီရှေ့မှာ သစ္စာဆိုပြီးမှတော့ နောင်ငါတို့က ညီအစ်ကိုတွေပဲ။ ညီလေး၊ မင်းဘယ်လိုသဘောရလဲ”

ယွီဟွေးဖေးက ခါးခါးသီးသီးပြုံးပြီး “ဘယ်လိုသဘောရရမှာလဲ၊ အစ်ကိုကြီးပြောသမျှ နာခံရမှာပေါ့”

အဘိုးကြီးက ရယ်သည်။ ယွီဟွေးဖေးက အဘိုးကြီးကိုကြည့်ပြီး “အစ်ကိုကြီး... မိုးလည်းလင်းတော့မယ်၊ မနက်စာအတူတူသွားစားကြမလား”

“သွားမယ်လေ၊ သွားမယ်။ ငါသိတဲ့ဆိုင်တစ်ဆိုင်ရှိတယ်၊ ဆယ်စုနှစ်ချီနေတဲ့ဆိုင်ပဲ။ အစ်ကိုကြီးမင်းကို တို့ဟူးနွေးတိုက်မယ်၊ အဲ့အရသာကလေ... ရှယ်ပဲ”

“တကယ်လား။ ကျွန်တော်လည်း ဒါကြိုက်တယ်”

“မင်းက အချိုသမားလား၊ အငန်သမားလား”

“ကျွန်တော်က အငန်သမား”

“ငါက အချိုသမား၊ မင်းတို့အငန်သမားတွေက လူထူးဆန်းတွေပဲ”

“ခင်ဗျားတို့အချိုသမားတွေမှ လူထူးဆန်းတွေ၊ နားလည်ရခက်တယ်”

“ဟေ့... မင်းငါနဲ့ လာပြိုင်နေတာလား။ ငါမင်းကို တို့ဟူးနွေးမတိုက်တော့ဘူးနော်”

“ခင်ဗျားတော်တော်ရက်စက်တာပဲ... ဒါပေမဲ့ ကျွန်တော်ကတော့ အငန်က ပိုကောင်းတယ်လို့ထင်တယ်”

“အချိုက ပိုကောင်းတယ်”

“အငန်...”

“အချို”

…

အဘိုးကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် နေရောင်ခြည်အောက်မှာ ရှည်လျားတဲ့အရိပ်တွေနဲ့ လမ်းမပေါ်မှာ ပျောက်ကွယ်သွားပြီး လမ်းကြားလေးတစ်ခုထဲကို ဝင်သွားကြသည်။

လမ်းကြားလေးထဲမှာ မိုးလင်းစပြုနေပြီ၊ တံခါးဝမှာ လူတွေအော်ဟစ်ရောင်းချနေကြပြီ။ အဘိုးကြီးတစ်စုက လမ်းကြားထဲမှာ သွားလာနေကြသည်။ တချို့က တို့ဟူးနွေးသောက်နေတယ်၊ တချို့က ခေါက်ဆွဲကြော်စားနေတယ်၊ အတွင်းထဲမှာ လူရွှင်တော်ပြက်လုံးထုတ်နေသူ၊ ပေကျင်းအော်ပရာဆိုနေသူ၊ တယောထိုးနေသူတွေနဲ့ လမ်းကြားလေးက သေးပေမယ့် စည်ကားနေသည်။

ယွီဟွေးဖေးက လမ်းကြားထဲမှာလမ်းလျှောက်ရင်း ၁၉၆၀-၇၀ ခုနှစ်တွေဆီကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ အဲ့ဒီခံစားချက်က တော်တော်ထူးခြားပြီး စိတ်ထဲမှာ တစ်မျိုးလေးဖြစ်သွားသည်။

အရှေ့မြောက်ပိုင်းနဲ့ ပေကျင်းက ဒေသယဉ်ကျေးမှုမှာ ကွာခြားချက်တွေအများကြီးရှိပေမယ့် အဲ့ခေတ်ရဲ့ထူးခြားတဲ့ရနံ့ကတော့ တူညီနေသည်။

နှစ်ယောက်သားထိုင်ချပြီး တို့ဟူးနွေးတစ်ခွက်သောက်၊ လမ်းထိပ်က လူရွှင်တော်ပြက်လုံးကိုနားထောင်၊ ပြီးတော့ ဘေးကပန်းခြံထဲမှာ အဘိုးကြီးတွေ ငှက်ပြိုင်ပွဲ၊ ပုရစ်တိုက်ပွဲလုပ်နေတာကို ကြည့်ရင်း တော်တော်လေးပျော်စရာနေလေ၏။

“အင်း... အရင်တုန်းက သူဌေးသားတွေက ခွေးကျောင်း၊ ငှက်ကျောင်းလုပ်ကြတာ ခုမှပဲ သဘောပေါက်တော့တယ်။ ဒီဘဝလေးက... အင်း... ပျင်းရိပျင်းတွဲနဲ့ တခြားဘာမှမလုပ်ချင်တော့ဘူး”

စုန့်အဘိုးကြီးက ပြုံးလိုက်တော့ ယွီဟွေးဖေးက ပြုံးပြုံးရွှင်ရွှင်နဲ့ အရင်ကဘာလုပ်လဲလို့မေးလိုက်သည်။

သူက ဟားတိုက်ရယ်ပြီး “အစိုးရရုံးက စစ်သားလေးတစ်ယောက်ပါကွာ၊ ဒီနေ့ထိ ဒီလိုပဲရှင်သန်လာတာ”

သူအသေးစိတ်မပြောတော့ ယွီဟွေးဖေးလည်းမမေးတော့ဘူး။ ရပ်ကွက်လုံခြုံရေးအထိ ဖြစ်လာနိုင်တာဆိုတော့ ဒီအဘိုးကြီးက သူ့အဘိုးထက်တော့ သိပ်ထူးမှာမဟုတ်ဘူး။

နှစ်ယောက်သား မနက်တစ်ပိုင်းလုံး ပေါက်ကရတွေလုပ်ပြီး နောက်ဆုံးတော့ ယွီဟွေးဖေးက သမ်းဝေရင်း နှုတ်ဆက်လိုက်သည်။

ဟိုတယ်ပြန်ရောက်တော့ ယွီဟွေးဖေးက အိပ်ယာပေါ်တန်းလှဲပြီး အိပ်လိုက်တာ နိုးလာတော့ နေ့လည်ခင်းတောင်ဖြစ်နေပြီ။

ထထချင်း ယွီဟွေးဖေးက သူ့ဖုန်းကို လူတွေဆက်လွန်းလို့ ပေါက်ကွဲတော့မလိုဖြစ်နေတာ တွေ့လိုက်ရသည်။

အားလုံးက ခယ်လီနဲ့ လျိုကျွမ်းဆက်ထားတာတွေချည်းပဲ။ နှစ်ယောက်သားလာပြီး တံခါးခေါက်တာ ယွီဟွေးဖေးကမထူးဘူး။ နှစ်ယောက်သားလန့်သွားပြီး လူခေါ်ပြီးတံခါးဖွင့်ခိုင်းတော့ ယွီဟွေးဖေးက ဝက်သေကောင်လို အိပ်နေတာတွေ့တော့ မနှောင့်ယှက်တော့ဘူး။

အခန်းထဲမှာ မနက်စာတစ်ပွဲရှိနေတယ်။ ခေါက်ဆွဲသုပ်ပဲ... ဘယ်အချိန်စားစားရတယ်။

“ဒီကောင်တွေ၊ တော်တော်ဂရုစိုက်တာပဲ” ယွီဟွေးဖေးက ရေရွတ်ရင်း စားသောက်ပြီးတော့ ပြန်ပျင်းလာသည်။

ဖုန်းကိုထုတ်ကလိကြည့်တော့ ယွီဟွေးဖေးအံ့အားသင့်စွာနဲ့ ဌာနမှူးဝူကို အလုပ်ထုတ်လိုက်တဲ့သတင်းကို တွေ့လိုက်ရသည်။ ဒါကိုမြင်တော့ ယွီဟွေးဖေးပြုံးလိုက်သည်၊ တကယ်ပဲ မကောင်းမှုလုပ်ရင် မကောင်းတာပြန်ဖြစ်တာပဲ။ ဒီကောင်ဖြစ်သင့်တယ်။

အဲ့ဒီအချိန်မှာ ခယ်လီဖုန်းဆက်လာပြီး ယွီဟွေးဖေးကို လျှောက်လည်ဖို့ခေါ်သည်။

ယွီဟွေးဖေးက လာမှတော့လာပြီးပြီ၊ လျှောက်လည်ရမှာပေါ့။

“ဒါ ဝမ်ဖူကျင်းလား” ယွီဟွေးဖေးက မိုးမျှော်တိုက်တွေနဲ့ပြည့်နေတဲ့လမ်းကိုကြည့်ပြီး ထူးဆန်းတဲ့အမူအရာနဲ့မေးလိုက်သည်။

“ဟုတ်တယ်လေ၊ ဒါ ဝမ်ဖူကျင်းပဲ” လျိုကျွမ်းကပြောသည်။

ယွီဟွေးဖေးက ခေါင်းခါသည်။ “ငါကဒီမှာ ရှေးဟောင်းအိမ်တွေ၊ ပေကျင်းအငွေ့အသက်တွေရှိမယ်ထင်နေတာ။ တကယ်တော့ ငါတို့အိမ်ရှေ့ကလိုပဲ မိုးမျှော်တိုက်တွေနဲ့ လမ်းလျှောက်ဇုန်ကြီးပဲ။ ဒါက ဘာလည်စရာရှိလို့လဲ”

“မြို့တော်ရောက်မှတော့လေ၊ တချို့နေရာတွေက သိပ်မကောင်းပေမယ့် ကြည့်တော့ကြည့်ရမှာပေါ့။ မဟုတ်ရင် နင့်အတွက် နှမြောစရာဖြစ်နေမှာ...” ခယ်လီကပြောသည်။

ယွီဟွေးဖေးက စဉ်းစားကြည့်တော့လည်း ဟုတ်သားပဲ၊ အနည်းဆုံးတော့ ပြန်ရောက်သွားရင် ဝမ်ဖူကျင်းအကြောင်းပြောရင် သူက ဘာမှကြည့်စရာမရှိဘူး၊ ကုန်တိုက်တန်းကြီးပဲလို့ ပြောနိုင်တာပေါ့။

ဝမ်ဖူကျင်းဘေးမှာ လမ်းငယ်လေးတစ်လမ်းရှိတယ်၊ အထဲမှာတော်တော်စည်ကားတယ်။ လူတွေက ခေါက်ဆွဲကြော်ဆိုင်ရှေ့မှာ ပေကျင်းလေသံနဲ့ဆိုပြီး လူခေါ်နေကြတယ်။

ထူးခြားတဲ့အမှတ်တရပစ္စည်းလေးတွေရောင်းတဲ့ဆိုင်တွေလည်းရှိတယ်၊ ဒါပေမဲ့ အဲ့ပစ္စည်းတွေက ကြည့်ရုံနဲ့ တန်ဖိုးမရှိတဲ့ ပစ္စည်းတွေမှန်းသိသာတယ်။

ဒါပေမဲ့ ဒီမှာရောင်းတဲ့ဈေးကတော့ မပေါဘူး...

ခယ်လီက “ဒီမှာ ကြည့်ရုံပဲကြည့်၊ ပစ္စည်းမဝယ်နဲ့။ ဒါတွေက နိုင်ငံခြားသားခရီးသွားတွေကိုလိမ်စားနေတာ... တစ်ယောက်မိရင်တစ်ယောက်စားပဲ”

ဝမ်ဖူကျင်းထဲမှာ ဘဲကင်နဲ့ ခွေးမစားဖက်ထုပ်ရှိတယ်။ ယွီဟွေးဖေးက ဘဲကင်စားဖူးပြီ၊ ဒါပေမဲ့ ဒီဖက်ထုပ်တော့မစားဖူးသေးဘူး။

ခယ်လီက တစ်ပွဲဝယ်ပြီး ယွီဟွေးဖေးကိုပေးတော့ ယွီဟွေးဖေးက “မင်းတို့မစားဘူးလား”

လျိုကျွမ်းက ပြုံးပြီး “ဒီပစ္စည်းက အရင်တုန်းကလို မဟုတ်တော့ဘူး။ အခုကတော့ တကယ်ကို စားပြီးရင် ခွေးတောင်လာမချင်တဲ့အထိဖြစ်သွားပြီ”

ယွီဟွေးဖေးက မြည်းစမ်းကြည့်တော့ ဆီများတယ်၊ အရသာနည်းနည်းပြင်းတယ်၊ တစ်လုံးစားရင်မွှေးတယ်၊ နှစ်လုံးစားရင်အီတယ်၊ များများစားရင် တကယ်အန်ချင်လာသည်။

ခယ်လီက “အရင်တုန်းက ဒီဖက်ထုပ်ကို နောက်ပိုင်းကုမ္ပဏီတစ်ခုကဝယ်လိုက်တာ။ နာမည်တစ်ခုပဲဝယ်လိုက်တာလို့ပြောရမယ်။ တခြားအရာတွေက မျိုးဆက်ပြတ်သွားပြီ...”

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး ဖက်ထုပ်ကိုချကာ လျှောက်လည်သွားသည်။ တစ်နေ့တာ ဒီလိုပဲကုန်ဆုံးသွား၏။

နောက်တစ်နေ့မှာ ခယ်လီနဲ့ လျိုကျွမ်းက ယွီဟွေးဖေးကို မဟာတံတိုင်းကိုခေါ်သွားသည်။ မဟာတံတိုင်းပေါ်မှာရပ်နေတော့ ပတ်ဝန်းကျင်မှာလူတွေပြည့်နေပေမယ့် ခံစားချက်ကတကယ်မတူဘူး၊ အမျိုးသားရေးဂုဏ်ယူစိတ်တွေတက်ကြွလာပြီး တံတိုင်းပေါ်မှာရပ်ပြီး အော်ဟစ်ချင်စိတ်ပေါက်လာသည်။

တောင်ပေါ်ကဆင်းပြီး မဟာတံတိုင်းဂိတ်ကထွက်တော့ ခယ်လီနဲ့ လျိုကျွမ်းက အိမ်သာသွားကြသည်။ ယွီဟွေးဖေးက ပျင်းနေတော့ အဲ့မှာရပ်စောင့်နေ၏။

အဲ့ဒီအချိန်မှာ အစ်မကြီးတစ်ယောက်ကလျှောက်လာပြီး “မောင်လေးက တောင်အောက်ဆင်းတော့မှာလား”

ယွီဟွေးဖေးက ခေါင်းညိတ်ပြရာ အစ်မကြီးက “ငါ့ကားစီးလေ၊ တော်တော်ဈေးပေါတယ်၊ တစ်ယောက်ကိုခြောက်ဆယ်ပဲ”

ယွီဟွေးဖေး စဉ်းစားမရဖြစ်သွားသည်၊ ဒီလိုရှုခင်းသာနေရာမှာ ကိုယ်ပိုင်အလုပ်လုပ်တဲ့လူတွေရှိသေးလား။

“တော်တော်ဝေးလို့လား”

အစ်မကြီးက တောင်အောက်ဆင်းတဲ့လမ်းကိုညွှန်ပြပြီး “မင်းမြင်တယ်မလား။ ဒီလမ်းအတိုင်းဆင်းသွားရင် တော်တော်ပတ်ရတယ်၊ တောင်တစ်လုံးကျော်မှ မင်းတို့တောင်တက်တဲ့နေရာကိုရောက်မှာ။ မင်းတို့တောင်အောက်ဆင်းရင် အဲ့မှာစုပြီး ဘတ်စ်ကားနဲ့စုပြီးဆင်းရမှာ... မင်းလာတုန်းက အပေါ်မှာအသိပေးချက်မတွေ့ဘူးလား၊ မူလလမ်းအတိုင်းပြန်ဖို့၊ ရှေ့ဆက်မသွားဖို့ပြောထားတာ”

ယွီဟွေးဖေးက ကြောင်သွားပြီး စဉ်းစားကြည့်တော့ တောင်ထိပ်က ကေဘယ်ကားနေရာမှာ တကယ်ပဲတစ်ယောက်က စပီကာနဲ့အော်နေတာကို သတိရသွားသည်။ ဒါပေမဲ့ ဘာအော်နေလဲသူသတိမထားမိဘူး။

သူကအစက လူတွေမောရင် ပိုက်ဆံပေးပြီး ကေဘယ်ကားစီးခိုင်းတယ်လို့ထင်နေတာ။ အခုစဉ်းစားကြည့်တော့ တကယ်ပဲ မူလလမ်းအတိုင်းပြန်ခိုင်းတာဖြစ်မယ်။ မဟုတ်ရင် နောက်တစ်ပိုင်းမှာ လူတွေဘာလို့နည်းသွားလဲဆိုတာ ရှင်းပြလို့မရဘူး။

“ဆိုလိုတာက ငါတို့ အစ်မကားမစီးရင် ဒုက္ခရောက်မှာပေါ့”

အစ်မကြီးက ခေါင်းခါပြီး ပွင့်ပွင့်လင်းလင်းပြောသည်။ “ကားမစီးလည်း ဘာမှမဖြစ်ဘူး။ အစ်မမင်းကိုမလိမ်ဘူး၊ မင်းဒီကနေတောင်အောက်ဆင်းရင် တော်တော်ဝေးတယ်၊ ငါအကြံပေးချင်တာက မူလလမ်းအတိုင်းပြန်၊ မဟာတံတိုင်းပေါ်ကနေ ပြန်တက်သွား...”

ယွီဟွေးဖေးကြားတော့ ခေါင်းတွေမူးသွား၏။ “ငါတို့လာတာ နှစ်နာရီကျော်ကြာတယ်၊ ပြန်တက်သွားရဦးမှာလား”

မဟာတံတိုင်းက မြေပြန့်မဟုတ်ဘူး၊ မြေပြန့်မှာနှစ်နာရီကျော်လမ်းလျှောက်တာတောင်မောတယ်။ ပြီးတော့ ဒီမဟာတံတိုင်းအပိုင်းက အတက်အဆင်းများပြီး တချို့နေရာတွေက လက်ရောခြေရောသုံးမှရတယ်။ လာတဲ့လမ်းတစ်လျှောက်လုံး စိတ်လှုပ်ရှားပြီး ရှုခင်းကြည့်ချင်စိတ်နဲ့မမောဘူး။

ဒါပေမဲ့ ပြန်သွားရမယ်ဆိုတာစဉ်းစားမိတော့ ယွီဟွေးဖေးရဲ့မျက်မှောင်တွေက တင်းကျပ်သွားသည်။

အဲ့ဒီအချိန်မှာ တခြားခရီးသွားတွေထွက်လာတော့ အဲ့အစ်မကြီးက အမြန်တားပြီး အဲ့စကားတွေပဲပြောသည်။

ခရီးသွားတချို့ကကြားတော့ ညည်းညူကြသည်။ “ဒီလမ်းတစ်လျှောက်လုံး ပြန်သွားဖို့ သတိပေးဆိုင်းဘုတ်တစ်ခုမှမတွေ့ပါလား၊ ဒါပြန်သွားရဦးမှာ၊ သေအောင်မောတော့မှာပဲ...”

All Chapters