တစ်ချက်တည်းနဲ့ အဆုံးသတ်
Vol. 14 Ch. 198
“ကျွန်တော်ပဲ၊ ခင်ဗျားဖုန်းမချနဲ့ဦး။ ကျွန်တော်ပြောတာတကယ်... ဗီဒီယိုလား။ ကျွန်တော်က အဘိုးကြီးဖုန်းကိုင်ထားတာ၊ ဘယ်လိုဗီဒီယိုရိုက်ပြရမှာလဲ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်ပြောတာအမှန်ပဲ။ ခင်ဗျား... ခင်ဗျားရဲလွှတ်တဲ့လူကို ပြန်ခေါ်လိုက်ပြီလား။ ကျွန်တော်... အေး၊ ဒီကောင်မလေး၊ နင်က ဘာလို့ငါ့စကားကိုမယုံရတာလဲ။ နင့်အဘိုးငါက အရင်တုန်းက လမ်းတစ်လမ်းလုံးကို တစ်ယောက်တည်းခုတ်ဖြတ်ခဲ့တုန်းက... ဒါ... ဒါကဝန်ခံတာမဟုတ်ဘူး။ အေး၊ ထားလိုက်ပါတော့၊ နင်နဲ့မပြောတော့ဘူး”
အဘိုးကြီးက လက်လျှော့ပြီး ဖုန်းချလိုက်ကာ ရှေ့ကယွီဟွေးဖေး ပိုက်နဲ့လူလိုက်ရိုက်နေတာကို ကြည့်နေသည်။ ယွီဟွေးဖေးက သူ့ကို ကောင်းတဲ့ခံစားချက်ပေးသည်၊ လူဆိုးတစ်ယောက်လိုမထင်ဘူး။
သူက စပ်စုပြီး “ကောင်လေး၊ မင်းသူ့ကိုဘာလို့ရိုက်နေတာလဲ”
ယွီဟွေးဖေးက အကြောင်းစုံကို အတိုချုပ်ပြောပြလိုက်တော့ အဘိုးကြီးကကြားပြီး “ခွေးမသား။ နိုင်ငံတော်သစ္စာဖောက်တွေပဲ” လို့ဆဲဆိုလိုက်သည်။ ပြီးတော့ အဘိုးကြီးကလည်း မြေကြီးပေါ်မှာ ပစ္စည်းလိုက်ရှာနေ၏။
“ခင်ဗျားဘာလုပ်နေတာလဲ”
“ငါလည်း ပိုက်တစ်ချောင်းရှာပြီး သူ့ကိုရိုက်မလို့။ ခွေးမသားတွေ၊ နိုင်ငံတော်သစ္စာဖောက်အတွက် လက်စားချေပေးတာ၊ ဒီကောင်စုတ်တွေက အရင်တုန်းက ငါတို့ဘယ်လိုသွေးချွေးတွေနဲ့ အောင်ပွဲကိုတည်ဆောက်ခဲ့လဲဆိုတာ တကယ်မသိကြဘူး။ ငါတို့အောင်ပွဲရလဒ်ကို သူတို့ဖျက်ဆီးနေတာကြည့်ပြီး ဒီနေ့ငါသူတို့ကိုရိုက်ကိုရိုက်ရမယ်... မင်းရဲ့အုတ်ခဲငါ့ကိုငှားစမ်း”
ယွီဟွေးဖေးက အမြန်ငြင်းလိုက်သည်။ “ဒါက အကြီးစားလက်နက်၊ နောက်မှ မကျေနပ်တဲ့ကောင်ကို ထပ်ရိုက်ဖို့”
အဘိုးကြီးက တစ်ပတ်လောက်ရှာတာတောင် လက်နက်ကောင်းကောင်းမတွေ့တော့ ဒေါသတကြီးနဲ့ “ရိုက်လို့မရလည်း အရေးမကြီးဘူး၊ ငါမင်းကို အလံကိုင်ပြီး အားပေးမယ်”
ပြီးတော့ အဘိုးကြီးက သူ့ရဲ့ဝက်ခမန်းကို အသံကျယ်ဖွင့်ပြီး “ပေကျင်းအော်ပရာ၊ လွင်ပြင်တိုက်ပွဲထဲက ကျန်းအဒေါ်ကြီး သစ္စာဖောက်ကိုဆဲတဲ့အပိုင်း” ကို ပြောင်းလိုက်သည်။
(လောဘီမို့ ကျော်ဘီ)
ပြီးတော့ အဘိုးကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်က သစ္စာဖောက်ကိုဆဲတဲ့ ပေကျင်းအော်ပရာကိုဆိုရင်း တစ်ယောက်က လက်ဟန်ခြေဟန်နဲ့၊ တစ်ယောက်က ပိုက်ကိုလွှဲပြီး တဖျောင်းဖျောင်းရိုက်ရင်း လူဆယ်ယောက်ကျော်ကို ဒေါသပေါက်ကွဲအောင်လုပ်နေကြသည်။
နောက်ဆုံးတော့ လောင်စွန်းမခံနိုင်တော့ဘဲ လှည့်ပြီးအော်ဟစ်သည်။ “ငါက ညီအစ်ကိုကိုကူညီပြီး လူတစ်ယောက်ကိုရိုက်တာပဲ။ ဘယ်လိုလုပ် သစ္စာဖောက်ဖြစ်သွားရတာလဲ”
ယွီဟွေးဖေးက ရယ်ပြီး အုတ်ခဲကိုမြှောက်ကာ “ဒါဆို မင်းသူ့ကိုမေးကြည့်လိုက်လေ”
လောင်စွန်းက တကယ်ဒေါသထွက်ပြီး အဆုံးစွန်ထိရောက်သွားပုံရသည်။ မြေကြီးပေါ်ထိုင်ချပြီး သူ့ခေါင်းကိုညွှန်ကာ “ငါ... ငါဒီနေ့သေရင်သေပါစေ၊ သစ္စာဖောက်အမည်တော့မခံနိုင်ဘူး”
တခြားသူတွေကကြားတော့ ရပ်လိုက်ကြပြီး ယွီဟွေးဖေးကိုလှည့်ကြည့်ကာ ဒေါသတကြီးနဲ့ “ဟုတ်တယ်... ငါတို့ဘယ်လိုလုပ် သစ္စာဖောက်ဖြစ်သွားရတာလဲ”
ယွီဟွေးဖေးက ရယ်ပြီး လောင်စွန်းခေါင်းပေါ်ကို ပိုက်နဲ့ရိုက်ချလိုက်တော့ လောင်စွန်းက နာကျင်စွာ ညည်းညူလိုက်သည်။ ဒါပေမဲ့ ဒီကောင်က တကယ်အဆုံးစွန်ထိရောက်သွားပုံရသည်။ မပြေးတော့ဘဲ မျက်လုံးပြူးပြူးနဲ့ ယွီဟွေးဖေးကိုကြည့်ပြီး “ဒီနေ့မင်းငါ့ကို ရှင်းမပြရင် ငါမင်းနဲ့အသေအလဲတိုက်မယ်”
ယွီဟွေးဖေး ဘာပြောရမှန်းမသိဖြစ်သွားပြီး ထိုင်ချကာ “ဘာအခြေအနေလဲ မင်းမသိဘူးလား”
သူက ဖုန်းကိုထုတ်ပြီး စာပေတက္ကသိုလ်ရဲ့ ဖိုရမ်ကိုဖွင့်ပြလိုက်၏။ အခုချိန်မှာတော့ ဖိုရမ်ထဲမှာ ပွဲအကြီးအကျယ်ဖြစ်နေပြီ။
ဖိုရမ်မှာ ထိပ်ဆုံးတင်ထားတဲ့ သတင်းက “သူခိုးကြီးမရပ်မချင်း ဒီပို့စ်အမြဲရှိနေမည်။ သစ္စာဖောက်ကို ဒေါသတကြီးတိုက်ခိုက်၊ ကျောင်းက ငါတို့ကိုရှင်းပြရမယ်”
ပို့စ်ရဲ့လူကြိုက်များမှုက အရှိန်အဟုန်နဲ့တက်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာ ထောင်ချီသွားသည်။ ဖွင့်ကြည့်လိုက်တော့ ပို့စ်ရဲ့ပထမဆုံးစာကြောင်းက “ခင်ဗျားတို့ကြိုက်သလောက်ဖျက်။ ဖျက်ရင် ကျွန်တော်ထပ်တင်မယ်၊ ခင်ဗျားကျွန်တော့်ကိုပိတ်ရင် နောက်ထပ် ကျွန်တော့်လိုလူတွေအများကြီးရှိသေးတယ်။ သတ္တိရှိရင် ကျောင်းသားအားလုံးရဲ့ ID ကိုပိတ်လိုက်လေ”
ပြီးတော့ ဗီဒီယိုတစ်ခု။ ဖန်းချောင်က နိုင်ငံခြားကိုမြှောက်ပင့်ပြီး ပြည်တွင်းကိုအသေအလဲစော်ကားတဲ့ ဗီဒီယိုပဲ။
ဒါပေမဲ့ ယွီဟွေးဖေးပေါ်လာတော့ မျက်နှာကိုဝါးထားသည်။
ယွီဟွေးဖေးက နှာခေါင်းကိုပွတ်ပြီး “ဒါ... ငါ့ရဲ့တောက်ပတဲ့ပုံရိပ်ကိုထိခိုက်တာပဲ။ ဒီလောက်ချောတာ အလကားဖြစ်သွားပြီ...”
လူတွေက သူ့ကိုမျက်စောင်းထိုးပြီး ဆက်ကြည့်ကြသည်။
ဗီဒီယိုကြည့်ပြီးတော့ ယွီဟွေးဖေးက “မင်းပြောကြည့်၊ အဲ့ဌာနမှူးဝူက ဘယ်လိုအကောင်လဲ။ တက္ကသိုလ်၊ စာပေတက္ကသိုလ်၊ နိုင်ငံရဲ့အကောင်းဆုံးပန်းပွင့်တွေကို ပျိုးထောင်ပေးတဲ့နေရာ။ သူက နိုင်ငံခြားကိုချီးကျူးပြီး ပြည်တွင်းကိုအသေအလဲစော်ကားတဲ့ အမှိုက်တစ်ယောက်ကို ဟောပြောပွဲဖိတ်တယ်။ ဒါကဘယ်လိုလူလဲ”
လောင်စွန်းက ပါးစပ်ကိုစေ့ပြီး “ခွေးမသား။ ဒီကောင်စုတ်က တော်တော်ယုတ်မာတာပဲ”
တခြားသူတွေကလည်း “ဒါကလူလုပ်တဲ့အလုပ်လား။ လွတ်လပ်စွာပြောဆိုခွင့်ရှိပေမယ့် ဒီလိုလူပုံအလယ်မှာ နိုင်ငံကိုစော်ကားတာ၊ ပြီးတော့သုံးတဲ့အထောက်အထားတွေက အမှားတွေ၊ တစ်ဖက်သတ်တွေချည်းပဲ၊ ဒီလူက တမင်သက်သက် နိုင်ငံကိုစော်ကားနေတာပဲ”
“စာလုံးတွေနဲ့ကစားတတ်ကြတော့ အဓိပ္ပာယ်လွဲအောင်လုပ်တာ တော်တော်ကောင်းတာပဲ”
“ဒီမိန်းမကြီးက တော်တော်ယုတ်မာတာ၊ ကံကောင်းလို့ ငါမူလတန်းက အဓိကအကြောင်းအရာအကျဉ်းချုပ်တတ်အောင် သင်ခဲ့လို့၊ သူ့နောက်မပါသွားဘူး၊ ဒါက စံချိန်မီနှစ်ဖက်ချွန်ခွေးသစ္စာဖောက်ပဲ”
…
ဘေးကအဘိုးကြီးကလည်း “ဒီအဘွားကြီးက အရင်ခေတ်ကသာဆို မီးရှို့ပြီး မီးပုံးပျံလုပ်ပစ်ပြီ”
နောက်ဆုံးတော့ လောင်စွန်းတို့က ထရပ်ပြီး ယွီဟွေးဖေးကိုတောင်းပန်ကာ တစ်ယောက်ချင်းစီက ဆဲဆိုရင်းထွက်သွားကြသည်။
အဲ့ဒီအချိန်မှာ ကားတစ်စီးရောက်လာပြီး ဝူကောဆင်းလာကာ ဒေါသတကြီးနဲ့ “ကောင်စုတ်၊ ပြေးချင်သေးလား”
ယွီဟွေးဖေးက မြင်တော့ “ဘာလဲ။ မင်းတစ်ယောက်တည်း ငါနဲ့တစ်ယောက်ချင်းချမလို့လား”
ဝူကောက မထွက်သွားသေးတဲ့ လောင်စွန်းတို့ကိုကြည့်ပြီး “လောင်စွန်း... ကူညီဦးလေ”
လောင်စွန်းက သူ့ကိုလှည့်ကြည့်ပြီး “စကားလာမပြောနဲ့ ငါမင်းကိုမသိဘူး”
နောက်တစ်ယောက်က “မင်းထပ်ပြောရင် ငါတို့မင်းကိုအရင်ထိုးမှာ”
“ထွီ။ နိုင်ငံတော်သစ္စာဖောက်၊ ခွေးသစ္စာဖောက်”
“ငါ...” ဌာနမှူးဝူ ကြောင်သွားပြီး ခဏလောက်အသိမဝင်နိုင်ဖြစ်နေသည်။ ယွီဟွေးဖေးကိုကြည့်၊ သူ့ကိုယ်သူကြည့်ပြီး ကြောက်သွားကာ လှည့်ပြေးဖို့ပြင်လိုက်သည်။
သို့သော် ယွီဟွေးဖေးက ခြေတစ်ချက်လွှဲကန်ပြီး သူ့ကိုလဲကျအောင်လုပ်ကာ “အဘိုးကြီး၊ ရဲခေါ်။ ဒီကောင်မူးပြီးကားမောင်းတယ်...”
တစ်ချိန်တည်းမှာ ယွီဟွေးဖေးက အဲ့ကောင်ရဲ့မျက်နှာကို တဒုန်းဒုန်းကန်တော့သည်။ မတတ်နိုင်ဘူး၊ ဒီအဘိုးကြီးကိုမြင်တော့ ယွီဟွေးဖေးမခံနိုင်တော့ဘဲ ခြေထောက်တွေက သူ့အလိုလို လှုပ်ရှားနေ၏။
အဘိုးကြီးက ဖုန်းကိုထပ်ကိုင်ပြီး ရဲခေါ်လိုက်သည်။ ဒီတစ်ခါခေါ်တာက ယာဉ်ထိန်းရဲ၊ ယာဉ်ထိန်းရဲက အဘိုးကြီးမကောင်းမှန်းမသိတော့ ချက်ချင်းရောက်လာသည်။
ဝူကောက ရဲမြင်တော့ အားရှိသွားသည်။ သူက ယွီဟွေးဖေးကိုတွန်းလှဲပြီး “ဘယ်သူငါ့ကိုထိရဲလဲ။ ငါက တက္ကသိုလ်ဌာနမှူး၊ ငါ့မှာပိုက်ဆံရှိတယ်၊ ငါ... တော်တယ်”
စကားမဆုံးခင်မှာ ယာဉ်ထိန်းရဲနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူ့ကိုကားထဲထည့်လိုက်သည်။
ဝူကောက ကားထဲမှာထိုင်ရင်း “ငါတော်တယ်” လို့အော်နေတုန်းပဲ။
ယာဉ်ထိန်းရဲက ရယ်ပြီး “ငါတို့ရဲ့မှတ်တမ်းတင်ကင်မရာရှေ့မှာ ဒီလိုအော်ရဲတာ၊ မင်းတော်တော်တော်တာပဲ”
နောက်ယာဉ်ထိန်းရဲတစ်ယောက်က ယွီဟွေးဖေးကိုရှာပြီး “ကောင်လေး၊ မင်းသူ့ကိုအတင်းအကျပ်ဖမ်းထားတာ စိတ်ကောင်းနဲ့လုပ်တာမှန်ပေမယ့် ဒါက လူ့လွတ်လပ်ခွင့်ကိုကန့်သတ်တာနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်တာဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ မင်းမှာလုပ်ပိုင်ခွင့်မရှိဘူး...”
အဲ့ဒီအချိန်မှာ အဘိုးကြီးက “ဘာလုပ်ပိုင်ခွင့်လဲ။ အဲ့ကောင်လေးက ကားနဲ့ငါ့ကိုတိုက်ပြီး ငါ့ကိုရိုက်မလို့လုပ်တာ၊ ဒီညီလေးက သူရဲကောင်းလုပ်ပြီး ထွက်ပြေးမယ့် လူမိုက်မူးရစ် နိုင်ငံတော်သစ္စာဖောက်ယာဉ်မောင်းကိုဖမ်းပြီး အန္တရာယ်ကျရောက်နေတဲ့ သွေးဆူနေတဲ့ အဘိုးကြီးကို ကယ်တင်ခဲ့တာ။ သူ့ကို သူရဲကောင်းဆုပေးတာ မလွန်လောက်ဘူးထင်တယ်”
အဘိုးကြီးက လျှောက်ပြောနေ၏။ အဓိကက ဒီအဘိုးကြီးက လျှောက်ပြောနေတဲ့အချိန်မှာ မျက်နှာက တကယ်ဖြစ်ခဲ့သလိုပဲ။
ယာဉ်ထိန်းရဲကိုယုံအောင်လုပ်ဖို့ အဘိုးကြီးက ဌာနမှူးဝူရဲ့ကားရှေ့မှာ လှဲချပြီး “ဒီမှာတိုက်တာ၊ သေချာကြည့်ထားနော်၊ မှတ်တမ်းတင်ထား။ သူ့ကိုလူသတ်ဖို့ကြိုးစားမှုနဲ့တရားစွဲလို့ရရင် ပိုကောင်းမယ်...”
ယာဉ်ထိန်းရဲကလည်း အတွေ့အကြုံများတော့ ဒီအဘိုးကြီးလျှောက်ပြောတာကိုမယုံဘူး။
ဒါပေမဲ့ အကြောင်းအရာအများစုကို နားလည်သွားတော့ ယွီဟွေးဖေးကိုမခက်ခဲစေဘဲ နောက်ကိုယ့်ဘာသာကိုယ် မလုပ်ဖို့ပဲမှာလိုက်သည်။
ယွီဟွေးဖေးကလည်း အကြောင်းစုံကို ဗီဒီယိုအပါအဝင် ယာဉ်ထိန်းရဲကိုရှင်းပြလိုက်သည်။
ယာဉ်ထိန်းရဲက နားထောင်ပြီးတော့ မျက်မှောင်ကြုတ်ကာ “အခု မှတ်တမ်းတင်ကင်မရာဖွင့်ထားတော့ အစိုးရဝန်ထမ်းအနေနဲ့ ငါမဆဲနိုင်ဘူး၊ မျက်လုံးနဲ့ပဲဆက်သွယ်လိုက်မယ်၊ မင်းနားလည်မှာပါ”
“ကောင်လေး... မင်းစိတ်ကောင်းရှိတာမှန်ပေမယ့် နောက်ဒီလိုအန္တရာယ်ရှိတဲ့လူနဲ့တွေ့ရင် တတ်နိုင်သလောက်ပြေး။ သူတို့နဲ့မငြိပါနဲ့. ဘာလို့လဲဆိုတော့ အန္တရာယ်ရှိတယ်။ မတတ်သာလို့ အသက်အန္တရာယ်နဲ့ရင်ဆိုင်ရရင်တော့ တစ်ချက်တည်းနဲ့အဆုံးသတ်တာအကောင်းဆုံးပဲ...”
တစ်ချက်တည်းနဲ့အဆုံးသတ်...
ယွီဟွေးဖေးနဖူးမှာ ချွေးတွေပြန်လာသည်။ ပြည်သူ့ရဲက ပြည်သူအတွက်၊ သင်ပေးတာတွေက အကောင်းစားနည်းလမ်းတွေပဲ။
ယာဉ်ထိန်းရဲကိုနှုတ်ဆက်ပြီး ယွီဟွေးဖေးက သမ်းဝေပြီးပြန်ဖို့ပြင်လိုက်သည်။
အဲ့ဒီအချိန်မှာ အဘိုးကြီးက “ဘယ်သွားမလို့လဲ။ ငါတို့ညီအစ်ကိုနှစ်ယောက် သစ္စာဖောက်ခွေးတစ်ကောင်ကို အတူတူရှင်းလိုက်တာ၊ အောင်ပွဲခံဖို့မသောက်ဘူးလား”
ဒီလောက်အလုပ်ရှုပ်ပြီးတော့ ယွီဟွေးဖေးလည်းအိပ်မပျော်တော့ဘူး။ ပြီးတော့ ဒီအဘိုးကြီးကလည်း စိတ်ဝင်စားဖို့ကောင်းတော့ စကားပြောကြည့်လိုက်မယ်။
ဒါနဲ့ ယွီဟွေးဖေးက အဘိုးကြီးနောက်လိုက်ပြီး ဂိတ်ပေါက်ဝက လုံခြုံရေးတဲလေးကိုပြန်သွားသည်။
အဘိုးကြီးက ရှောင်လန်အရက်ပုလင်းတွေထုတ်လာပြီး ယွီဟွေးဖေးက အကင်၊ မြေပဲလှော်တွေမှာလိုက်တော့ နှစ်ယောက်သား လေပန်းရင်းသောက်ကြသည်။
အဘိုးကြီးက သူငယ်ငယ်က တစ်ယောက်တည်း လူတစ်စုကိုတိုက်ခိုက်ခဲ့တဲ့ ဂုဏ်ယူစရာသမိုင်းကိုပြောတော့ ယွီဟွေးဖေးကစိတ်ထဲမှာ “အယ်။ ငါနဲ့ပြိုင်ကြွားချင်တာလား”
ပြီးတော့ ယွီဟွေးဖေးက သူအရင်က တစ်ယောက်တည်း လူနှစ်ဆယ်ကျော်ကိုတိုက်ခိုက်ပြီး လမ်းဆယ်လမ်းလောက်ခုတ်ဖြတ်ခဲ့တာတောင် အမောမခံခဲ့ဘူးလို့ပြော၏။
အဘိုးကြီးကကြားတော့ မျက်ခုံးပင့်ပြီး “ငါမှားမှတ်မိတာ၊ အရင်က ရှင်းခဲ့တာက လူသုံးဆယ်ကျော်”
“အဘိုးကြီးသတိပေးမှ ကျွန်တော်လည်း မှားမှတ်မိမှန်းသိတော့တယ်၊ ကျွန်တော်အရင်ကခုတ်လှဲခဲ့တာက လူလေးဆယ်ကျော်၊ အတန်းတစ်တန်းစာပဲ” ယွီဟွေးဖေးကလည်းမဖြုံဘူး။
ဒီကိုရောက်တော့ အဘိုးကြီးက ရုတ်တရက်စကားမပြောတော့ဘဲ ယွီဟွေးဖေးကိုစိုက်ကြည့်နေ၏။ ယွီဟွေးဖေးကလည်း မျက်နှာမနီဘဲ အေးအေးဆေးဆေးရင်ဆိုင်လိုက်သည်။
ခဏကြာတော့ အဘိုးကြီးက “ဟေး... မင်းကောင်လေးတော်သားပဲ၊ လိမ်တာ မျက်နှာတောင်မနီဘူးပဲ”
ယွီဟွေးဖေးက လက်အုပ်ချီပြီး “အတူတူပါပဲ၊ အဘိုးကြီးအရှုံးပေးလို့ လေးစားသွားပြီ”
“ဟားဟား... ကမ္ဘာပေါ်မှာ ငါတို့လောက် မျက်နှာပြောင်တဲ့ကောင်တွေ မရှိတော့ဘူး၊ ချီးယားစ်” အဘိုးကြီးက အရက်ပုလင်းကိုမြှောက်သည်။
ယွီဟွေးဖေးက ဟားတိုက်ရယ်ပြီး အတူတူမော့ချလိုက်၏။
မကြာခင်မှာ နှစ်ယောက်လုံးမူးသွားကြပြီး အစက စားပွဲမှာတစ်ယောက်တစ်ဖက်ထိုင်နေရာက နောက်ပိုင်းမှာ ပခုံးဖက်ပြီး လျှာလေးအာလေးနဲ့ လေပန်းရင်း တစ်ယောက်ကတစ်ယောက်ကို ဘယ်တော့ကမ္ဘာကြီးကိုသိမ်းပိုက်မလဲလို့မေးနေကြသည်။
နောက်ဆုံးတော့ အဘိုးကြီးက “မင်းကောင်လေး ငါနဲ့စိတ်တူတယ်၊ ငါတို့နှစ်ယောက် သွေးသောက်ညီအစ်ကိုဖွဲ့ကြမလား” လို့အော်ဟစ်လိုက်လေ၏။