← Chapters

အံ့ဩတုန်လှုပ်နေသည့် ဝမ်ရွှမ်ကျန့်

Vol. 3 Ch. 40

အံ့ဩတုန်လှုပ်နေသည့် ဝမ်ရွှမ်ကျန့်

Vol. 3 Ch. 40

မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် သက်ပြင်းရှိုက် လိုက်မိသည်။ သူ့အမူအရာသည် မည်းမှောင်လျက်ရှိပြီး ဘာပြောရမည်ကို မသိပေ။

ထိုအချိန်မှာပင် ဒုကျောင်းအုပ် ယူဟွာ စကားပြော လာပြန်သည်။

ထိုတစ်ကြိမ်တွင်တော့ သူက အလေးအနက်ပြောခြင်း ဖြစ်ကာ သူ့အသံတွင် အပြောင်အပြက် ပြုလုပ်လိုခြင်း ရှိမနေပါ။ “ချန်ချင် … ကျောင်းသားချန်းချန်းရဲ့ တိုက်ကွက်ကို မင်းမမြင်ချင်ယောင် ဆောင်နေလိုက် …”

ထိုစကားကို ကြားလိုက် ရသည့်အခါတွင် ချန်ချင်သည် ငုတ်တုတ် မေ့သွားတော့သည်။ သူ့စိတ်ထဲတွင် ရှုပ်ထွေး နေစဉ်မှာပင် ဒုကျောင်းအုပ် ယူဟွာသည် ထပ်မံပြောလာ ပြန်သည်။

“အရာအားလုံးက မရှင်းလင်းဘူး … ကမ္ဘာကြီးရဲ့ အရေးကိစ္စတွေက ပြာမှုန်တွေ လိုမျိုးပဲ လွင့်ပြယ် သွားလိမ့်မယ် …”

“ဒီတစ်ကြိမ်တော့ ချန်းချန်းက အပြစ်ရှိတဲ့သူပဲ …”

“ဆရာတွေ ဆိုတာက ကျောင်းသားတွေရဲ့ အမှားတွေကို ပြင်ဆင် ပေးတာလောက်ပဲ လုပ်နိုင်တာ … နားလည်လား …”

ဒုကျောင်းအုပ် ယူဟွာ၏ စကားများကို ခေတ္တမျှ စဉ်းစားပြီးသည့် နောက်တွင် မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် နားလည် သဘောပေါက် လာလေသည်။ အရာအားလုံးသည် ရှင်းလင်း ပြတ်သားသွားပြီ ဖြစ်သည်။

“ချန်ချင် နားလည်ပါပြီ …”

မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် ကောင်းကင် အင်မော်တယ် ယူဟွာအား ခေါင်းညွတ်ကာ အရိုအသေ ပေးလိုက်သည်။

ဒုကျောင်းအုပ် ယူဟွာသည် မြေကမ္ဘာအင်မော်တယ် ချန်ချင်း၏ အပြုအမူအား အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိတ် လိုက်သည်။

ထို့နောက်တွင် မြေပြင်ဆီသို့သာ အာရုံစိုက် လိုက်သည်။

သူအတော်လေး စိတ်ဝင်စားနေသည့် လူတစ်ယောက် ရှိနေသေးသည်။ ထိုလူသည် မြေပြင်ပေါ်တွင် လူးလှိမ့်နေသည့် အန်လင်း ဖြစ်သည်။

***

သူ့ခေါင်းကိုက်ခြင်းသည် မည်မျှလောက် ကြာမည်ကို အန်လင်း မသိချေ။ သို့ပေမဲ့လည်း အဆုံးမသတ်နိုင်တော့ဟု ခံစားနေရသည်။

ထိုနာကျင်မှုသည် သူ့စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေတော့မည် ဖြစ်သည်။

သူခံစားနေရသည့် နာကျင်မှုကို ဖော်ပြရန် အတွက် စာလုံးရေ တစ်သောင်းရှိသည့် စာစီစာကုံး တစ်ပုဒ်ပင် ရေးသားလို့ ရနိုင်သည်။

“အာ့ … ဒီနာကျင်မှု … ငါ့ကို သတ်တော့မလိုပဲ …”

အန်လင်းက သူ့ခေါင်းကို ပွတ်လိုက်သည်။ ခက်ခက်ခဲခဲဖြင့် မတ်တတ်ရပ် လိုက်ပြီးနောက် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ချွေးများဖြင့် ရွှဲရွှဲစိုလျက် ရှိနေသည်။

“ဟ … မင်း မသေသေးဘူးလားကွ … ဝုတ် …” တပိုင်သည် အန်လင်းအား ကြည့်လိုက်သည်။ အန်လင်းမှာ သက်သာသွားပုံရပြီ ဖြစ်သဖြင့် တပိုင်သည် ပျော်ရွှင်စွာဖြင့် အမြီးအား လှုပ်ယမ်း နေတော့သည်။

ချန်းချန်းသည် ထွက်ခွာသွားပြီ ဖြစ်ကာ တိုက်ပွဲ ကွင်းပြင်သည် တိတ်ဆိတ်လျက် ရှိနေသည်။

ဗလာ မျက်လုံးများဖြင့် မြေပြင်တွင် ထိုင်နေဆဲဖြစ်သည့် ဝမ်ရွှမ်ကျန့်အား ကြည့်လိုက်ပြီးနောက် အန်လင်းသည် အနည်းငယ် တုံ့ဆိုင်း သွားသည်။

“တပိုင်ရေ … ငါတို့က ဒီလူနဲ့ တိုက်ခိုက်သင့်သေးတယ်လို့ မင်းထင်လား …” ရှုံးနိမ့်မှုကြောင့် တွေဝေနေသည့် ဝမ်ရွှမ်ကျန့်အား ကြည့်ကာ တိုက်ခိုက်ချင်စိတ် မရှိတော့ပေ။

“သေချာပေါက် တိုက်သင့်တာပေါ့ကွာ … ရှုံးနိမ့်နေတဲ့ ရန်သူ တစ်ယောက်ကို အမှုန့်ခြေပစ်တယ ဆိုတာ ငါတို့ လုပ်နေကျအရာပဲ မဟုတ်ဘူးလား …” တပိုင်သည် ဝင့်ကြွားစွာ ဆိုသည်။

“အဲဒါကို လျှောက်ပြီး မကြွားသင့်ဘူးကွ … ဟုတ်ပြီလား …” အန်လင်း၏ အသံတွင် စိတ်တိုသည့် အရိပ်အယောင်များ ရှိနေသည်။

အန်လင်းနှင့် တပိုင်တို့သည် တိုက်ခိုက်ဖို့ရန် သင့်မသင့်အား ဆွေးနွေး နေစဉ်တွင် ဝမ်ရွှမ်ကျန့်သည် တုန်ယင်စွာဖြင့် မတ်တတ်ရပ် လာသည်။

အန်လင်းနှင့် တပိုင်သို့ ထွက်ခွာ မသွားသေးသည်ကို မြင်လိုက် ရသည့်အခါ သူ့အမူအရာသည် မည်းမှောင် လာတော့သည်။

“မင်းတို့နှစ်ကောင် ထွက်ပြေးဖို့ အခွင့်အရေး မရှိတော့ဘူး မှတ် … မင်းတို့က ဘာလို့ ဒီနေရာမှာ ရှိနေရသေးတာလဲ … ဘာလဲ … ငါ့ကို လှောင်ချင်လို့လား …”

ဝမ်ရွှမ်ကျန့်သည် အန်လင်းဆီသို့ တစ်လှမ်းချင်း ရှေ့တိုးလာသည်။ သူ့စိတ်ထဲတွင် တဖြည်းဖြည်းနှင့် ဒေါသများ ပြည့်နှက် လာနေပြီ ဖြစ်သည်။

“ငါက ချန်းချန်းကို ရှုံးသွားတာမို့ မင်းတို့က သောက်ရမ်း လွယ်တဲ့ကောင်လို့ ထင်နေတာလား … ငါ့ကို အနိုင်ယူပြီး ကောင်းကင်ဘုံ ပိုင်နက်မှာ မင်းတို့ နာမည်ကို အသံကောင်း ဟစ်ချင်နေကြတာလား …”

“ငါမင်းကို ပြောနေတယ် … ငါက ချန်းချန်းကို ရှုံးသွားတာတောင်မှ မင်းထက် အဆပေါင်း ရေတွက်လို့ မရနိုင်အောင် စွမ်းအားကြီး နေတုန်းပဲ …”

“ငါ့ကို အနိုင်လိုချင်တာလား … အိပ်မက် မက်နေလိုက် …”

“စွမ်းအား ကွာခြားချက်က ဘယ်လိုမျိုးလဲဆိုတာ မင်းသိအောင် ပြရသေးတာပေါ့ကွာ …”

ဝမ်ရွှမ်ကျန့်၏ မျက်လုံးများသည် ရွှေရောင်တောက်ပ လာပြန်သည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် စွမ်းအားများသည် လှိုင်းလုံးကြီးများ ကဲ့သို့ မြင့်တက်လာသည်။

သူ့၏ တိုက်ပွဲ စိတ်ဆန္ဒအား ပြန်လည် ကာရန်မိစေရန် အတွက် ဝမ်ရွှမ်ကျန့်သည် တိုက်ပွဲ တစ်ပွဲလောက် တိုက်ခိုက်ရန် လိုအပ်နေသည်။

အန်လင်းသည် ထွက်ခွာသွားရန် ရည်ရွယ်ချက် ရှိခဲ့သည်။ ယခုတွင်မူ သူတို့ နှစ်ယောက်သည် အံ့အားသင့်ဖွယ် အခြေအနေ တစ်ခုအတွင်း ရောက်ရှိသွားပြီ ဖြစ်သည်။ ဝမ်ရွှမ်ကျန့်သည် သဘောထား ပြောင်းလဲသွားကာ အမှိုက်များကို ရှင်းထုတ်ပစ်ရန် ကြံနေတော့သည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်မှနေ စွမ်းအား အမြောက်အများ ပေါက်ကွဲ ထွက်လာပြီး ရုတ်တရက် ဆိုသလို သူ့အား တိုက်ခိုက်ချင် နေတော့သည်။ အန်လင်းအနေဖြင့် လွတ်မြောက်ရန် ဆန္ဒရှိလျှင်တောင်မှပဲ လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။

“ဝုတ် … သူက အင်မော်တယ်အဆင့် ဇယားရဲ့ နံပါတ်၁ နေရာနဲ့ တကယ်ကို ထိုက်တန်တာပဲ … ဒီလို ထိတ်လန့်ဖွယ် ကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်ပြီးတဲ့ နောက်မှာတောင် သူ့ရဲ့ စစ်နတ်ဘုရား သွင်ပြင်ကို အလျင်အမြန်ပဲ ပြန်ရောက်သွားနိုင်ခဲ့တယ် …”

“အန်လင်းရေ … ငါတို့ ထွက်ပြေးတာက ပိုကောင်းလိမ့်မယ်ကွာ …” တပိုင်က ရုတ်တရက် ဆိုသလို အံ့အားသင့်စွာ ပြောလာသည်။

အန်လင်းသည် ဒေါသကြောင့် မည်းမှောင် လာသည်။ “အခုနက မင်းပဲ တိုက်ခိုက်ချင်နေတာ မဟုတ်ဘူးလား … အခုမှ ထွက်ပြေးချင် နေတယ်တဲ့လား … သောက်ရမ်း နောက်ကျသွားပြီကွ …” ဒေါသတကြီး အော်ဟစ်လိုက်သည်။

တပိုင်သည် မလုံမလဲဖြင့် လျှာထုတ် ပြလာသည်။

ကနဦး သူထင်နေသည်မှာ သူနှင့် ဝမ်ရွှမ်ကျန့် နှစ်ဦးစလုံးသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်တွင် ရှိနေသည်ကြောင့် စွမ်းအား ကွာခြားချက် ကြီးမားလိမ့်မည် မဟုတ်ဟု။

သို့ပေမဲ့လည်း ဝမ်ရွှမ်ကျန့်နှင့် ချန်းချန်းတို့၏ တိုက်ပွဲအား မြင်တွေ့ပြီးသည့် နောက်တွင် ဝမ်ရွှမ်ကျန့်၏ သွေးစွမ်းအားကို ကြောက်လန့်လာသည်။ ဝမ်ရွှမ်ကျန့်သည် ချန်းချန်း၏ နားလည်ရန် ခက်သည့် အပြုအမူကြောင့် ရှုံးနိမ့်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ တိုက်ပွဲ စိတ်ဆန္ဒ သည်လည်း ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။

ထိုသည်ကို မြင်တွေ့ရသဖြင့် တပိုင်သည် စိတ်ထဲတွင် စီမံချက် ရေးဆွဲလိုက်သည်။ ထိုကြောက်မက်ဖွယ် နဂါးအား စီးနင်းလိုသည်။

တိုက်ဆိုင်စွာဖြင့်ပင် …

ဝမ်ရွှမ်ကျန့်သည် သူ၏ တိုက်ပွဲစိတ်ဆန္ဒအား သူတို့အား တိုက်ခိုက်ခြင်းဖြင့် ပြန်လည်ရယူရန် ရည်ရွယ်ထားပြီး သူ၏ လှံနည်း စနစ်ကိုပါ လေ့ကျင့်ရန် ရည်ရွယ်ထားသည်။ ထို့အပြင် သူကအတော်လေး အခြေအနေ ကောင်းနေသေးသည်။ အခု ဘာလုပ်ရမည်မှန်း မသိတော့ချေ။

“အန်လင်းရေ … ဒီလိုဆိုရင်ကော … ငါမင်းကို အရင်မျိုချ လိုက်မယ်လေ … အဲဒါက မကောင်းဘူးလား …”

အရေးကြီးသည့် အခြေအနေတွင်ပင် တပိုင်သည် သစ္စာရှိနေဆဲ ဖြစ်သည်။ သူတို့တွင် အနိုင်ရရှိဖို့ရန် အခွင့်အရေး မရှိကြောင်း သဘောပေါက် ပြီးသည့် နောက်တွင်  မနာကျင်သည့် နည်းလမ်းအား အသုံးပြုကာ အန်လင်းကို တိုက်ပွဲ ကွင်းပြင်၏ အပြင်ဘက်သို့ ပို့ဆောင်ပေး နိုင်ရန် ကြံစည်နေသည်။

အန်လင်းက ခေါင်းခါ လိုက်ပြီးနောက် သက်ပြင်းအသာ ချလိုက်သည်။ ထို့နောက် တပိုင်အရှေ့တွင် ရပ်လိုက်ကာ ဝမ်ရွှမ်ကျန့်အား ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

အန်လင်း၏ လှုပ်ရှားမှုကို နားမလည်ခြင်းကြောင့် တပိုင်၏ မျက်လုံးနက်နက် ကြီးများသည် ပြူးကျယ် လာတော့သည်။ “အန်လင်းရေ … ငါတို့ တိုက်ခိုက်ကြရင် ငါက အဓိက တိုက်ခိုက်တဲ့သူ ဖြစ်ပြီး မင်းက ငါ့အကူလေကွာ … အခု ဘာလို့များ ငါ့အရှေ့မှာ ရပ်နေရတာတုန်း …”

“အာ … ငါ့ရဲ့ တိုက်ကွက် အသစ်ကို စမ်းချင်လို့ပါကွာ … အဲဒါက အသုံးမဝင်ရင်တော့ မင်းပြန်ပြီး ဦးဆောင်လိုက်လေ …” အန်လင်းသည် တုံ့ဆိုင်းစွာဖြင့် ပြောလာသည်။ သူ့ပုံစံသည် ယုံကြည်ချက် ကင်းမဲ့ နေလွန်းသည်။

“တပိုင် …”

***

တစ်ချိန်တည်းမှာပင် ကျောက်စိမ်းဖြူ ရင်ပြင်တွင် …

ချန်းချန်းနှင့် ဝမ်ရွှမ်ကျန့်တို့၏ တိုက်ပွဲအပြီးတွင် ကျောင်းသားများသည် လတ်တလောတွင်မှ ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိကြခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ ဝမ်ရွှမ်ကျန့်သည် ခမ်းနားကြီးကျယ်သည့် လူနှင့်ခွေး အတွဲအား တိုက်ခိုက်တော့မည်ကို တွေ့လိုက်ရသည်။ သူတို့သည် လတ်တလောတွင်မှ စိတ်တည်ငြိမ်မှု ရရှိခဲ့ခြင်း ဖြစ်သော်လည်း ယခုတစ်ခါ ပြန်လည်၍ စိုးရိမ်ပူပန်နေကြရပြီ ဖြစ်သည်။

ကျောက်စိမ်းဖြူ ရင်ပြင်သို့ ပြန်လည် ရောက်ရှိလာကြပြီး ဖြစ်သည့် ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့ သည်လည်း စိုးရိမ်သည့် အမူအရာများ ထင်ဟပ်လျက် ရှိသည်။

တစ်ချိန်တည်းမှာပင် ရင်ပြင်ပေါ်ရှိ ကျောင်းသားအချို့သည် သူတို့၏ ကံဆိုးမိုးမှောင်ကျမှုအတွက် ပျော်ရွှင် နေကြသည်။ ထိုကျောင်းသားများသည် လူနှင့်ခွေး အတွဲ၏ အနိုင်ယူခြင်း ခံခဲ့ရသူများ ဖြစ်ကြသည်။ သူတို့၏ မျက်နှာတွင် မျှော်လင့် တောင့်တနေသည့် အမူအရာများနှင့် ဖြစ်သည်။ သူတို့အားလုံးတို့သည် …

ဟမ့် … အန်လင်းကောင် … မင်းအခုတော့ ဘာတတ်နိုင်သေးလဲကွ … မင်းဘယ်လိုတောင် မရှုမလှနဲ့ ရှုံးမယ်ဆိုတာကို ငါသေသေချာချာကို စောင့်ကြည့်နေမှာ …

အတွေ့အကြုံ ပြည့်ဝသည့် စီနီယာ တစ်ယောက်ဖြစ်သည့် ဖန်ပုယွီသည် ကိုးရိုးကားယား အနေအထားမှ အနည်းငယ် တည်ငြိမ်လာပြီ ဖြစ်သည်။

ဖန်သားပြင်ပေါ်တွင် ပြသနေသော ဝမ်ရွှမ်ကျန့်နှင့် ခမ်းနားကြီးကျယ်သည့် လူနှင့်ခွေး အတွဲ တိုက်ပွဲအား ကြည့်လိုက်သည်။ သူ့သိက္ခာကို ပြန်လည် အဖက်ဆယ်ရမည့် အချိန်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူသည် ဖြည်းညင်းစွာဖြင့် စကားဆိုလာသည်။

“ချန်းချန်းနဲ့ ရင်ဆိုင်ခဲ့တဲ့ တိုက်ပွဲမှာ ဝမ်ရွှမ်ကျန့်ရဲ့ မမြင်နိုင်တဲ့ တိုက်ပွဲစိတ်ဆန္ဒက ပျက်စီး သွားခဲ့ရတယ် … အခုတော့ သူက အဲဒီလို တိုက်ပွဲစိတ်ဆန္ဒမျိုး ဘယ်တော့မှ ပိုင်ဆိုင်နိုင်တော့မှာ မဟုတ်ဘူး …”

“ဒါပေမဲ့ သူက ပြီးခဲ့တဲ့ တိုက်ပွဲကနေ တဖြည်းဖြည်းချင်း သက်သာလာနေပြီ … ပြီးတော့ သူက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ရဲ့ စွမ်းအားကို ပိုင်ဆိုင်နေတုန်းပဲလေ …”

“သူက ခမ်းနားကြီးကျယ်တဲ့ လူနဲ့ခွေး အတွဲကို သူ့လှံသွား တစ်ချက်တည်း သုံးလိုက်လိမ့်မယ် … ပြီးတာနဲ့ သူ့စွမ်းအား အထွတ်အထိပ်ကို ပြန်ရောက် သွားလိမ့်မယ် …”

လေတိုက် မနေသော်လည်း ဖန်ပုယွီ၏ ဝတ်ရုံရှည်သည် လေတွင် တလှပ်လှပ် လွင့်နေလျက် ရှိပြီး သူ့အား ခမ်းနား ထည်ဝါ နေစေသည်။

သူ့မှတ်ချက် စကားသည် ကျောင်းသား အမြောက်အများအား ဆွဲဆောင် လိုက်နိုင်ကာ လူအုပ်အလယ်တွင် ဝင့်ကြွားလျက် ရှိနေတော့သည်။

***

တောင်ထွတ်တစ်ထောင် တောအုပ်အတွင်း …

အန်လင်းသည့် သူ့လှံအား ရင်ဆိုင်ရန် ရှေ့သို့တက် လာသည်ကို မြင်သဖြင့် ဝမ်ရွှမ်ကျန့် ရင်ဘတ်ထဲတွင် တင်းကြပ်လာပြီး သူ့မျက်လုံးများမှနေ အန္တရာယ် အငွေ့အသက်များ တောက်လောင်လျက် ရှိနေသည်။

“တာအိုခန္ဓာ အဆင့်၉ပဲ ရှိနေသေးတဲ့ လူတစ်ယောက်က ငါ့ကို တစ်ယောက်တည်း ရင်ဆိုင်ရဲတယ်ပေါ့ …”

“အရမ်းကောင်းတယ် … ငါက တာအိုခန္ဓာ အဆင့်၈ ပဲရှိတဲ့ ချန်းချန်းကို ရှုံးခဲ့ရတာမို့ သောက်ရမ်းတွေ အားနည်းတဲ့ ကောင်လို့ မင်းထင်နေတာလား …”

အန်လင်းက မည်သို့မျှ တုံ့ပြန်ခြင်း မပြုပေ။ သူက တိတ်တဆိတ်သာ မတ်တတ်ရပ်လျက် ရှိနေပြီး ဝမ်ရွှမ်ကျန့် တိုက်ခိုက်လာမည်ကို စောင့်ဆိုင်းနေသည်။

အန်လင်း၏ အပြုအမူများသည် ဝမ်ရွှမ်ကျန့်အား ဒေါသတကြီး ဖြစ်စေသည်။ တာအိုခန္ဓာ အဆင့်၉သာ ရှိနေသေးသည့် သေးနုပ်လွန်းသည့် ကျင့်ကြံသူ တစ်ယောက်သည် သူ့အား ရင်ဆိုင်တိုက်ခိုက်ဖို့ ပြင်နေသည်။ သူ့လိုမျိုး မာနကြီးသည့် လူတစ်ယောက် အတွက် ထိုအပြုအမူသည် သူ့အား အကြီးကြီး သရော်လိုက်ခြင်း ဖြစ်သည်။

“သေသေချာချာ ကြည့်ထားလိုက် …”

ဝမ်ရွှမ်ကျန့်သည် အချိန်ဆွဲ မနေတော့ပါ။ စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် မိုးပြာရောင်နဂါး ရစ်ပတ်လျက် ရှိသည့် လှံတံသည် ပြင်းထန်စွာ ထိုးထွက်လာသည်။

ထိုထိုးဖောက်ချက်သည် ရူးသွပ်စရာ ကောင်းလောက်အောင်ပင် စွမ်းအား ကြီးမားလွန်းသည်။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ရှိ ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ထိုထိုးချက်အား မရှောင်တိမ်းနိုင်ပါက သေဆုံးသွားမည် ဖြစ်သည်။

သို့ပေမဲ့လည်း အန်လင်းသည် ရှောင်တိမ်းခြင်း မပြုသည့်အပြင် လက်ချောင်း တစ်ချောင်းကိုပါ ဆန့်ထုတ်လိုက်သည်။

ရင်းနှီးနေသည့် မြင်ကွင်း …။ ရင်းနှီးနေသည့် အပြုအမူ …။ ထိုနည်းစနစ်အား အသုံးပြုသူသာ ကွဲပြားသွားသည်။

ထိုအချိန်တွင် ဝမ်ရွှမ်ကျန့်သည် ကောင်းကင်တာအို လက်ချောင်း၏ ကြောက်မက်ဖွယ် ကောင်းမှုအား ပြန်လည် အမှတ်ရသွားသည်။

ဘုန်း…

အရာအားလုံး မှောင်မိုက် သွားသည်။ တစ်ခုတည်းသော တည်ရှိသည့်အရာမှာ အန်လင်း၏ လက်ချောင်းသာ ဖြစ်သည်။ အဓိပတိတာအို ပါဝင်နေသည့် လက်ချောင်း …။

ဝမ်ရွှမ်ကျန့် မျက်လုံးများသည် ပြူးထွက်လာပြီး သူ့မျက်နှာတွင် အံ့ဩကာ ကြောက်ရွံ့သည့် အကြည့်များ ပေါ်လာသည်။ မမြင်နိုင်သည့် သက်ရှိ တစ်ဦးနှင့် ရင်ဆိုင် တွေ့နေရသကဲ့သို့ ခံစားနေရသည်။ သူက သေဆုံးတော့မည်ဟု ထင်နေမိသည်။

ချန်းချန်း၏ လက်ချောင်းနှင့် ရင်ဆိုင်စဉ်အခါတွင် သေခြင်းတရားနှင့် နီးကပ်လာသည်ဟု မခံစားမိပေ။ နယ်ပယ် တစ်ခုလုံး ရပ်တန့်သွားပြီး အရေးပါသည့် စွမ်းအင်များ သည်ပင်လျှင် စီးဆင်းနိုင်ခြင်း မရှိတော့ချေ။

ဒီတစ်ကြိမ် …

ချန်းချန်းနှင့် ကြုံတွေ့စဉ်ကနှင့် လုံးဝကို ကွဲပြားသည်။

ဒီတစ်ကြိမ်၌ အန်လင်း၏ အထူး စွမ်းအင်သည် ဝမ်ရွှမ်ကျန့် တစ်ဦးတည်း ကိုသာလျှင် သက်ရောက်ခြင်း မဟုတ်တော့ပေ။ ကမ္ဘာကြီး တစ်ခုလုံးအား သက်ရောက်မှုရှိခြင်း ဖြစ်သည်။

ကောင်းကင်နှင့် မြေပြင်သည် တွေ့ဆုံမိပြီး နေနှင့်လတို့သည် ပြောင်းပြန် လည်ပတ်ကြသည်။ အခြေအနေ အားလုံးသည် ကမ္ဘာဦးကာလသို့ ပြန်လည် ရောက်ရှိ သွားသဲ့သို့ပင် ထိုလက်ချောင်း သည်သာလျှင် အထွတ်အထိပ် ဩဇာကို ပိုင်ဆိုင်ထားသည်။

ထိုမြင်ကွင်းအား ဖန်သားပြင်မှ တစ်ဆင့် ကြည့်ရှုနေကြသည့် ကျောက်စိမ်းဖြူ ရင်ပြင်ရှိ ကျောင်းသား များသည်ပင်လျှင် မွန်းကျပ်မှုကို ခံစားနေရသည်။ အသက်မရှူ နိုင်တော့ဘဲနှင့် သူတို့စိတ်များထဲတွင် ကြောက်ရွံ့မှုများ စိမ့်ဝင် လာကြသည်။

တောင်ထွတ်တစ်ထောင် တောအုပ်အား ကာရံထားသည့် အတားအစီးသည် ရုတ်တရက် ဆိုသလို ကြီးမားသည့် အပေါက်တစ်ခု ပေါ်လာကာ တဖြည်းဖြည်း ပြဲဆုတ်လာသည်။ အဓိပတိတာအို၏ စွမ်းအားသည် ထိုသို့ ဖြစ်ပေါ်စေခြင်းပင်။ ထိုအရာအားလုံးသည် လက်ချောင်း တစ်ချောင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဒုကျောင်းအုပ် ယူဟွာသည် နေရာတွင်ပင် ကြက်သေ သေလျက် ရပ်နေမိပြီး အံ့ဩလွန်းသဖြင့် စကားမပြောနိုင်ဘဲ ရှိနေကာ သူ့မျက်နှာသည့် ထိတ်လန့်မှု အပြည့်နှင့် ဖြစ်သည်။

မြေကမ္ဘာအင်မော်တယ် ချန်ချင်မှာတော့ ကျောက်ရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်နေပြီး ပြောစရာစကား ဆွံ့အ နေတော့သည်။ ဒူးညွတ်ကျတော့ မတတ်ပင် ခံစားနေရသည်။

ဝမ်ရွှမ်ကျန့်သည် ကြောက်ရွံ့မှုကြောင့် ရူးသွပ် သွားမတတ်ပင်။ သူ့နှုတ်ခမ်းမှနေ တံတွေးများ အဆက်မပြတ် စီးကျလျက် ရှိနေသည်။ သူက လှုပ်ရှား၍ မရနိုင်ဘဲ ထိုလက်ချောင်း ကိုသာလျှင် မိန်းမောတွေဝေကာ စိုက်ကြည့်နေမိသည်။

ထိုလက်ချောင်းသည် ထိတ်လန့်ဖွယ် ကောင်းလွန်း လှသည်။ စွမ်းအား စုစည်းရုံမျှနှင့်ပင် အရာအားလုံး မှေးမှိန် လာတော့သည်။

အန်လင်း သည်လည်း အလွန်အမင်း ထိတ်လန့်လျက် ရှိနေသည်။ ခေါင်းကွဲတော့ မတတ် ခံစားရပြီး နောက်တွင် သူသည် ကောင်းကင်တာအို၏ လက်ချောင်းအား နားလည်သွားပြီ ဖြစ်သည်။

သို့ပေမဲ့လည်း သူသည် ထိုနည်းစနစ်အား အသုံးပြုဖို့ရန် လိုအပ်သည့် အရည်အချင်းများ ပြည့်မီခြင်း မရှိသေးကြောင်းကို စနစ်မှ ညွှန်းဆိုခဲ့သည် မဟုတ်ပါလား။

သူသည် ထိုနည်းစနစ်အား အသုံးပြု၍ မရနိုင်ဟု ဆိုထားသဖြင့် ချန်းချန်းကဲ့သို့ ဟန်လုပ်ကာ ဝမ်ရွှမ်ကျန့်အား အနည်းငယ် ကြောက်ရွံ့ သွားစေရန်သာ ရည်ရွယ်ထားသည်။

သို့ပေမဲ့လည်း ယခုအခြေအနေသည် … အရောင်အသွေး ကင်းမဲ့နေသည့် ကောင်းကင်နှင့် မြေပြင်သည့် သူ့လက်ပေါ်တွင် လျင်မြန်စွာ စုစည်းလာသည်။

အန်လင်း ကိုယ်တိုင်ပင် ကြောက်ရွံ့ ထိတ်လန့်ကာ ကြောက်ရွံ့မှုကြောင့် တုန်ယင် နေရသည့် ထိုစွမ်းအားသည် ထုထည် တစ်ခုအဖြစ် သိပ်သည်း လာပြီးနောက် ပေါက်ကွဲ ထွက်တော့မတတ် ရှိနေသည်။

အန်လင်းက စိတ်ထဲတွင် အော်ဟစ် လိုက်ကာ ထိုတိုက်ခိုက်မှုအား ရပ်တန့်ဖို့ရန် ဆန္ဒ ရှိနေသည်။

ထိုလက်ချောင်း၏ စွမ်းအားကို ထုတ်လွှတ် လိုက်ပါက ဝမ်ရွှမ်ကျန့် အယောက်တစ်ရာ ရှိလျှင်တောင်မှ တားဖို့ရန် မဖြစ်နိုင်ပေ။

သူ၏အသိစိတ်မှလွဲ၍ သူ့ခန္ဓာကိုယ်သည် သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းမဲ့နေပြီ ဆိုသည်ကို နားလည် သဘောပေါက်သွားပြီ ဖြစ်သည်။ ထိုတိုက်ခိုက်မှုအား ရပ်တန့်ရန် ဖြစ်နိုင်တော့ချေ။

သောက်ကျိုးနည်း … ဝမ်ရွှမ်ကျန့်ကတော့ အဆုံးသတ်ပြီဟေ့ …

***

All Chapters