← Chapters

အခန်း (၅၄၅)

Vol. 39 Ch. 545

အခန်း (၅၄၅)

Vol. 39 Ch. 545

ထိုက်ရွှမ်းပြည်နယ်။

ရွှယ်ထျန်း သူတော်စင်နယ်မြေ။

သူတော်စင်သခင် ကျန်းထျန်းမင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဟိုဟိုဒီဒီ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက် ရှိသည်။

ယခင်က သူသည် လျိုချင်းမင်ကို အရှေ့ပိုင်းဒေသသို့ စေလွှတ်၍ ရွှယ်ထျန်းဂိုဏ်းကို စုံစမ်းစေခဲ့သော်လည်း ပြန်လာသောအခါ လျိုချင်းမင်သည် တွေ့မြင် ကြားသိခဲ့ရသော အဓိပ္ပာယ်မရှိသည့် အရာမျိုးစုံကို ပြောပြလာခဲ့လေသည်။

လျိုချင်းမင် မဟုတ်တမ်းတရားပြောနေသည်ဟုသာ ယုံကြည်ကာ ကျန်းထျန်းမင်သည် ဒေါသတကြီးဖြင့် လူကို ကောင်းကင်အကျဥ်းထောင်၌ အကျဥ်းချရန် အမိန့်ပေးခဲ့သည်။

မမျှော်လင့်ဘဲ နောက်ကြားလာရသော သတင်းများတွင် သွေးနီနတ်ဆိုး၌ အမှန်ပင် ဆရာသခင်တစ်ဦး ရှိနေခဲ့ပြီး မကြာမီကပင် သူ၏ ဆရာသခင်သည် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသကာ ထျန်းယွမ်ပြည်နယ်၌ မွှေနှောက်ဆိုးသွမ်းနေသော တစ်ခြားကမ္ဘာမှဂြိုဟ်သားအား သုတ်သင်ရှင်းလင်းခဲ့လေသည်။

ထိုဂြိုဟ်သားမှာ မသေမျိုးဘုရင် ဖြစ်၏။

သို့သော် သွေးနီနတ်ဆိုး၏ ဆရာသခင်၏ ဓားချက် တစ်ချက်တည်းဖြင့် ချက်ချင်း သေပွဲဝင်လိုက်ရသည်ဆို၏။

ဤသို့သော စွမ်းဆောင်ချက်မျိုးကို အလွယ်တကူအောင်နိုင်ရန် တစ်ဖက်လူ၏ခွန်အားက မည်မျှပင် နက်နဲနေလောက်မည်နည်း?

ဤအချက်ကို တွေးလိုက်မိသည်နှင့် ကျန်းထျန်းမင်သည် အလွန် စိတ်လှုပ်ရှားလာပြီး လျိုချင်းမင်ပြောခဲ့သော ကောလဟလများတွင် အချို့သော အမှန်တရားများ ရှိကောင်း ရှိနေနိုင်သည်ဟုပင် စတင် ခံစားလာသည်။

သို့သော် ပြဿနာမှာ လျိုချင်းမင်ပြောခဲ့သမျှက အလွန်အကျူးဖြစ်နေသည် မဟုတ်ပါလော?

သို့သော် ထိုနောက်ခံကိုသာ မယုံကြည်ပါက ပြိုင်ဘက်၏ ခွန်အားအရင်းအမြစ်က တစ်ခြားဘယ်နေရာမှဖြစ်နိုင်သည်ကို စဥ်းစားနိုင်စွမ်းမရှိ။

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ကျန်းထျန်းမင်၏ စိတ်သည် မငြိမ်မသက် ဖြစ်နေခဲ့ပြီး သူတော့ ပြဿနာစကို မီးရှို့မိလေပြီလားဟုသာ အတွေးရောက်နေခဲ့သည်။

ရုတ်တရက် အော်သံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာသည်။ “သူတော်စင်သခင်၊ ကျွန်တော် ဘယ်သူ့ကိုခေါ်လာသလဲ ကြည့်စမ်းပါဦး!”

ကျန်းထျန်းမင်သည် ချာခနဲလှည့်ကြည့်လိုက်မိပြီး ရောက်လာသောဧည့်သည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ထစ်အထစ်အ မေးလိုက်သည်။ “ဒါ၊ ဒါက…?”

“သူတော်စင်သခင်၊ ဒီပုဂ္ဂိုလ်က အကြီးအကဲယဲ့ပါ! ကျွန်တော်တို့ သူတော်စင်နယ်မြေကို လာရောက်လည်ပတ်တာတဲ့လေ"

လင်တုရှိုက အနည်းငယ် ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။

“ဒါက ရွှယ်ထျန်း သူတော်စင်နယ်မြေတဲ့လား။ တကယ်တော့ သိပ်ပြီးလည်း အထူးအဆန်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ရွှယ်ထျန်းဂိုဏ်းနဲ့ နှိုင်းယှဥ်ရင် အများကြီး နိမ့်ကျပါသေးတယ်”

“ရှောင်လီ၊ ငါတို့က အဝေးကလာတဲ့ဧည့်သည်တွေပဲ၊ ဘယ်စကားမဆို အမှန်တရားပဲဖြစ်စေ သတိထာပြောရမယ်ဆိုတာ မသိဘူးလား"

“ဆရာသခင်၊ ဒီတပည့်မှားပါတယ်"

ယဲ့ကျွင်းလင်နှင့် သူ၏တပည့်အဖွဲ့သည် ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်ရောက်လာပြီး နယ်လှည့်ခရီးသွားများကဲ့သို့ ရွှယ်ထျန်းသူတော်စင်နယ်မြေအတွင်းရှိ မြင်ကွင်းများကို လှည့်ပတ်ကြည့်ရှုနေကြသည်။

ရွှယ်ထျန်း သူတော်စင်နယ်မြေ၏ ကျင့်ကြံမှုပတ်ဝန်းကျင်သည် အလယ်ပိုင်းဒေသရှိ ဂိုဏ်းအားလုံးတွင် အကောင်းဆုံးထဲမှတစ်ခု ဖြစ်နေပြီ ဖြစ်သော်လည်း ယဲ့ကျွင်းလင်၏ ပြောင်းလဲတိုးမြှင့်မှုအပြီး ရွှယ်ထျန်းဂိုဏ်း၏ ကျင့်ကြံမှုပတ်ဝန်းကျင်မှာတော့ အလယ်ပိုင်းဒေသတစ်ခုလုံး၏ အထက်တွင်ရှိနေသောကြောင့်။

“ဪ၊ ဒါဆို ခင်ဗျားက ရွှယ်ထျန်းသူတော်စင်သခင်ပေါ့?” ယဲ့ကျွင်းလင်သည် သူ၏လက်ကို ကျောနောက်သို့ပစ်လျက် ပင်မခန်းမသို့ ဝင်လာပြီး စိတ်မတည်မငြိမ် ဖြစ်နေဟန်ရှိသော ကျန်းထျန်းမင်ကို အေးအေးသက်သာ နှုတ်ဆက်လိုက်သည်။

ဤလူငယ်ကို မြင်လိုက်ရရုံဖြင့် ကျန်းထျန်းမင် ရင်တဒိန်းဒိန်းတုန်နေလေပြီ။

ဤသူသည် အကြီးအကဲယဲ့၊ လက်ရှိ အလယ်ပိုင်းဒေသကို လှည့်လည်စစ်ဆေးနေသော ပြိုင်ဘက်ကင်းကျင့်ကြံသူ။

ကျန်းထျန်းမင်သည် ဧည့်သည်တော်များကို လျစ်လျူရှုရန် မဝံ့ရဲဘဲ လက်များကို ယှက်ကာ အတင်းအကြပ် ပြုံးလျက် အရိုအသေပြုနှုတ်ဆက်သည်။ “ဟုတ်ပါတယ် ကျွန်တော်က ရွှယ်ထျန်းသူတော်စင်သခင် ကျန်းထျန်းမင်ပါ"

ရွှယ်ထျန်းဂိုဏ်းသည် ရွှယ်ထျန်း သူတော်စင်နယ်မြေ၏ ဌာနခွဲတစ်ခုမျှသာဖြစ်သည်ကို တွေးမိလျှင် ရယ်စရာပင်ကောင်းသေးတော့၏။ အထက်အောက် ဆက်ဆံရေးအရ ရွှယ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူများ ဤနေရာသို့ လာရောက်လည်ပတ်ပါက ဧကရာဇ်နှင့် တွေ့ဆုံခွင့်ရသည့် လက်အောက်ခံနယ်စားကဲ့သို့ ရိုကျိုးသေဝပ်နေရမည်ပင်။

သို့သော် ယခုတော့ သူတို့၏ ရာထူးများသည် ပြောင်းပြန် ဖြစ်နေရလေပြီ။

ဘုမသိဘမသိ ဘေးလူသာဆိုလျှင် ယဲ့ကျွင်းလင်ကို ရွှယ်ထျန်းသူတော်စင်သခင်ဟု ထင်မှတ်မိပေမည်။

“ဒါဆို ငါမင်းကို အခုကစပြီး ရှောင်ကျန်းလို့ခေါ်မယ်!”

ယဲ့ကျွင်းလင်က တည့်တိုးပင်ဆိုသည်။

ရှောင်… ရှောင်ကျန်း?!

ကျန်းထျန်းမင်မှာ နားကြားများမှားလေသလားဟု ထင်မှတ်မိရ၏။

ငါက ရွှယ်ထျန်းသူတော်စင်သခင်ပါကွာ!

အရင်နှစ်တွေတုန်းကဆို အလယ်ပိုင်းဒေသမှာ အစွမ်းအထက်ဆုံးကျင့်ကြံသူအဖြစ် ကျော်ဇောခဲ့တဲ့လူပါ။

လူတိုင်းက လေးစားသမှုနဲ့ သူတော်စင်သခင်ကျန်းလို့ပဲ ခေါ်ခဲ့ကြဖူးတာ...

မင်းနဲ့တွေ့မှ ငါ့ကိုများ ‌ရှောင်ကျန်းတဲ့လား!

လက်မခံနိုင်ဘူး ကန့်ကွက်တယ်!

“ခွိ~”

ကျန်းထျန်းမင်၏ အောင့်သီးအောင့်သက် အမူအရာကို မြင်သောအခါ လင်တုရှိုသည် မထိန်းနိုင်ဘဲ ခွိခနဲရယ်လိုက်မိပြီးမှ ပါးစပ်ကို အမြန်စေ့ပိတ်ထားလိုက်ရ၏။

ရုတ်တရက် ကျန်းထျန်းမင်သည် တစ်ခုခုကို သတိရမိသည့် ပုံစံဖြင့် ယုံကြည်မှုတိုးပွားလာဟန်ရှိပြီး ဝတ်ရုံလက်စကို ဆတ်ခနဲခါကာ တုံ့ပြန်သည်။

“အကြီးအကဲယဲ့၊ ဒါကြီးကတော့ မသင့်လျော်ဘူး မဟုတ်လား? ကျွန်တော် ကျန်းမျိုးရိုးက မျိုးနဲ့ရိုးနဲ့ ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ပါ။ ရှောင်ကျန်းဆိုတဲ့နာမည်က ဘေးပတ်ဝန်းကျင်အတွက်လည်း ကြားလို့မကောင်းပါဘူး"

“ဒါ့အပြင်၊ ကျွန်တော်က ရွှယ်ထျန်းသူတော်စင်သခင်ဖြစ်ပြီး ခင်ဗျားက ရွှယ်ထျန်းဂိုဏ်းအဖွဲ့ဝင်တစ်ဦးပါ!”

“ရာထူးအခန်းကဏ္ဍတွေကို ရှုပ်ထွေးအောင် မလုပ်ပါနဲ့၊ အဓိကနဲ့သာမညကို ခွဲခြားသိရှိပြီး ငယ်သားက ငယ်သားလိုပြုမူနေထိုင်ပါ!”

စကားသံဆုံးသည်နှင့် တစ်ပြိုင်နက်၊

ခန်းမအတွင်းရှိ အပူချိန်သည် ချက်ချင်း ထိုးကျသွားသည်။

ကျန်းထျန်းမင်၏ ရုတ်တရက် သတ္တိသွင်းထားဟန် အခိုင်အမာ ပြောဆိုမှုကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်ပင်။

“အိုး မင်းကိုမျက်နှာသာပေးစေချင်တာလား? ငါ့ကို မတားကြနဲ့တော့၊ ဒီအဘိုးကြီးက အခုတ်ခံချင်နေတာ"

လီဝူကျယ်၏ မျက်လုံးများသည် မနှစ်မြို့မှုဖြင့်ပြည့်နှက်နေကာ ခါးမှဓားရိုးကိုဆွဲလျက် ဓားထုတ်ဖို့ပြင်သည်။

“နောက်မှ အလောင်း စီမံခန့်ခွဲရေးကို ငါ ကိုင်တွယ်မယ်။ စကားနားထောင်တဲ့ သူတော်စင်သခင်အသစ်တစ်ယောက်ရှာရတာ အဲ့လောက်မခက်ပါဘူး"

ဟုန်ချန်ယဲ့က လှောင်ပြုံးပြီး သူ၏လက်ကို မြှောက်လိုက်ရာ လက်ဖဝါးထက်တွင် ကြောက်မက်ဖွယ်အနီရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

All Chapters