ချိန်ကိုက်ဗုံး
Vol. 140 Ch. 2093
“ ဘယ်လောက်တင်တင် ငါမင်းကို အကုန်ပြန်ဆပ်မယ်…”
လင်းရီ အသက်ကို မောဟိုက်စွာ ရှူရှိုက်ရင်း “ ခေါင်းဆောင်လီ ဘယ်လိုနေသေးလဲ …”
“ အရိုးတွေ အများကြီး ကျိုးသွားတယ် … ဒါပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး …”
နင်ချဲ့သည် လင်းရီကဲ့သို့ ဆေးပညာကို မကျွမ်းကျင်သော်ငြားလည်း အခြေခံလောက်တော့ တတ်ကျွမ်းထား၏။ လီဟန်ကို အထဲသို့ ခေါ်သွားပြီးသည်နှင့် တစ်ချက် အမြန် စစ်ဆေးကြည့်ပြီး အသက်ခြိမ်းခြောက်နိုင်သည့် အလားအလာမရှိတော့သည့်အခါမှသာ စိတ်သက်သာရစွာဖြင့် သက်ပြင်းချနိုင်ခဲ့သည်။
“ ရွှီလန်ရော ….”
“ သူလည်း အဆင်ပြေတယ် … ဒီတိုင်း သတိလစ်သွားရုံပဲ …”
“ အဲ့လိုဆို ကောင်းတယ်….”
ထိုအချိန်မှာပဲ မြေအောက်ခန်းတံခါး ပွင့်ဟလာခဲ့ပြီး ဒါဇင်ချီသည့် လက်နက်ကိုင် စစ်သားတို့ ပြေးဝင်လာခဲ့ကြသည်။
“ ခေါင်းဆောင်လင်း … ခေါင်းဆောင်နင် ….”
“ ကျူးကျော်လာသူကို ကိုင်တွယ်ပြီးပြီ … ကျန်တာ မင်းတို့ ရှင်းလိုက်တော့ …” လင်းရီ ပြောလိုက်၏။
“ စကားမစပ် လူနာတင်ယာဉ် အမြန်ခေါ် … ငါတို့ ဒီမှာ ဒဏ်ရာရထားတဲ့လူတွေ ရှိတယ်….”
“ နားလည်ပါပြီ …”
များမကြာမီ သတိလစ်နေသည့် လီဟန်ကို အပြင်သို့ သယ်ထုတ်သွားခဲ့ကြသည်။ လင်းရီ ၊ နင်ချဲ့နှင့် ရွှီလန်တို့ သုံးယောက်မှာ ပခုံးဖက်ရင်း တစ်ယောက်ကိုယ်တစ်ယောက် အားပြု၍ မြေအောက်ဓာတ်ခွဲခန်းထဲကနေ ထွက်လာခဲ့ကြလေသည်။
ရုံးခန်းအဆောက်အဦးသို့ ရောက်သည်နှင့် ရွှီလန်၏ သူငယ်အိမ်တို့ မှေးကျဉ်းသွားခဲ့သည်။
ကျုံးဝေ့တပ်ဖွဲ့ဝင်များက ဖန့်ကျင်းအား ထိန်းသိမ်းထားသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
“ ဘာ … ဘာတွေ ဖြစ်နေတာလဲ ….”
“ သူက ကျူးကျော်လာသူနဲ့ ကြံရာပါပဲ …သူက တစ်ဖက်လူကို ထန်းချုပ်ရေးခန်းကို ထိန်းချုပ်ခွင့်ပေးခဲ့တယ် … မဟုတ်ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး …”
ရွှီလန်၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့၏။ သူမ၏ အကြည့်က ဖန့်ကျင်းထံသို့ ကျရောက်နေခဲ့ပြီး ကိုယ့်မျက်လုံးနှင့်နားကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
“ နင် … နင် ….. ဘာလို့လဲ …..”
ဖန့်ကျင်း တစ်ဖက်သို့ ခေါင်းလှည့်သွားခဲ့ကာ မည်သည့်စကားမျှ ပြန်ဆိုမလာခဲ့ချေ။
သူမ သူငယ်ချင်း အရင်းခေါက်ခေါက်၏ မေးခွန်းကို မျက်နှာချင်း မဆိုင်ဝံ့ခဲ့ချေ။ ရွှီလန်နှင့်လည်း မျက်လုံးချင်း မဆုံဝံ့ခဲ့ပေ။
“ နင် ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ ….”
အမြဲတစေ ညင်ညင်သာသာ လေသံဖြင့်သာ စကားပြောတတ်သည့် ရွှီလန်သည် ယခုအခါတွင်တော့ သူမ၏ မျက်ဝန်းထဲတွင် မီးပွင့်မတတ် ဖြစ်နေခဲ့သည်။
အသင်း ၈ ထဲတွင် သူမ ယုံကြည့်ရဆုံးနှင့် အရင်းနှီးဆုံးက ဖန့်ကျင်းပင်။ သူမ၏ သူငယ်ချင်းကောင်းက ဤသို့သော လုပ်ရပ်မျိုး ပြုလုပ်ခဲ့သည်ကို မည်သို့မျှ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။
“ နင်ပြောလေ … ငါ မေးနေတယ် ဖြေလေ …”
ရွှီလန် အော်ဟစ်လိုက်၏။
“ နင် ဘာလို့ ဒီလို လုပ်ခဲ့တာလဲ … ဒါ ကျုံးဝေ့တပ်ဖွဲ့ … ငါတို့က လူ သန်း ၁၄၀၀ ကျော်ရဲ့ဝန်ကို ထမ်းထားရတာ နင် ငါတို့ကို ဘာလို့ သစ္စာဖောက်ခဲ့တာလဲ ….”
ဖန့်ကျင်း တစ်ဖက်သို့သာ မျက်နှာလွှဲလျက် ရှိရင်း တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။
ဖြန်း ….
ရွှီလန် ပါးဖြတ်ရိုက်ပစ်လိုက်၏။ သို့တိုင် ဖန့်ကျင်းက မတုန်မလှုပ်သာ ရှိနေခဲ့၏။
“ တော်ပြီ … ဒီက ကိစ္စတွေ ကိုင်တွယ်ဖို့ ရှိသေးတယ် … သွားစို့ …”
လင်းရီ ပြောပြီးနောက် ရွှီလန်ကို ဆွဲခေါ်သွားခဲ့သည်။ ကျန်သည်က သူတို့နှင့် မဆိုင်တော့ချေ။
နောက် မိနစ် ၂၀ အတွင်းမှာပဲ ရန်ကျင်းတွင် ရှိနေသည့် ကျုံးဝေ့တပ်ဖွဲ့ဝင်များအားလုံး ရောက်လာခဲ့ကြသည်။
လုပေချိန် ၊ လျန်ရှန့်ဟော် ၊ လျိုဟုန် ၊ ချိုးယွီလော့နှင့် ထောက်ချိန်တို့လည်း ထိုလူအုပ်ထဲတွင် ပါသည်။
ကျုံးဝေ့တပ်ဖွဲ့က အင်မတန် လေးနက်ပြင်းထန်သည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသဖြင့် သူတို့အားလုံးတွင် တာဝန်ရှိသည်။
လင်းရီနှင့် နင်ချဲ့တို့ အစည်းအဝေးခန်းထဲ ဝင်လာခဲ့ပြီး လုပေချိန် အရင်ဦးဆုံး စကားစလာသည်။
“ မင်းတို့နှစ်ယောက် ဘယ်လိုနေသေးလဲ …”
“ ကျွန်မတို့ အဆင်ပြေပါတယ် … ရက်နည်းနည်းလောက နားလိုက်ရင် ကောင်းသွားမှာပါ …” နင်ချဲ့ ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။
“ ကျူးကျော်လာတဲ့လူက ဘယ်သူလဲ မင်းတို့သိလား ….”
“ သူက ဆန်းကြယ်တဲ့ အဖွဲ့အစည်းကပဲ … ဒီကို စီအဆင့် သွေးရည်ကြည်ရဲ့ ဒေတာတွေ ယူဖို့ လာခဲ့တာ …” လင်းရီ ရှင်းပြလိုက်သည်။ “ ကျွန်တော်နဲ့ အရင်က တိုကျိုမှာ တိုက်ခိုက်ခဲ့ဖူးတယ် … သူက ဘီအဆင့် … ဝမ်းဗိုက်မှာ ရခဲ့တဲ့ အမာရွတ်ကလည်း သူ့လက်ချက်ကြောင့်ပဲ …”
“ ဘီအဆင့် ….”
လုပေချိန်နှင့် လျန်ရှန့်ဟော်တို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။ ဘီအဆင့် ကျွမ်းကျင်သူတစ်ယောက် ရောက်လာခဲ့သည့်အတွက် သူတို့ အတော်လေး အံ့အားသင့်နေမိကြသည်။
“ ကျွန်တော်ကတော့ ….. ဒီကိစ္စကို ဆက်ပြီး စုံစမ်းနေလို့လည်း အရေးမပါတော့ဘူးလို့ ထင်တယ်…”
လင်းရီ ပြောလိုက်ပြီး သူ၏ အကြည့်က စားပွဲပေါ်ရှိ ရေဘူးပေါ်သို့ ကျရောက်နေခဲ့သည်။
“ ကိစ္စတွေ ဒီလို ဖြစ်လာတဲ့အပေါ် …. ကျွန်တော်ကတော့ ဒီမှာ ထိုင်နေတဲ့ လူတစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ယူသင့်တယ်လို့ ထင်တယ်…”
အစည်းအဝေးခန်းထဲရှိ လေထုမှာ လေးလံနေပြီး ဖြစ်သည်။ သို့သော် လင်းရီ၏ စကားလုံးတို့က သူတို့အားလုံးကို ပိုပြီး မွန်းကြပ်သွားစေခဲ့သည်။
လုပေချိန်နှင့် လျန်ရှန့်ဟော်တို့ နှစ်ဦးလုံး ရှိနေလျက်နှင့် ယခုလို စကားမျိုး ဆိုသည်ကတော့ အတော်လေး ရဲတင်းရာ ကျလွန်းလှသည်။
ကျုံးဝေ့တပ်ဖွဲ့ တစ်ခုလုံး၌ လင်းရီသာလျှင် ဤသို့သော စကားမျိုး ပြောဝံ့လိမ့်မည်။
“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ ကာကွယ်ရေး အင်အားက အားကောင်းတာ မှန်တယ် … ဒါပေမယ့် ကမ္ဘာကြီးမှာ မထိုးဖောက်နိုင်တဲ့ အကာအကွယ်ဆိုတာ မရှိသလို ဘယ်သူကမှလည်း ကိုယ့်ကိုယ်ကို စည်းရုံးသိမ်းသွင်းမခံရနိုင်ပါဘူးလို့ အာမခံနိုင်တာ မရှိဘူး ….”
လင်းရီ ပြောပြီးနောက် ခေတ္တရပ်တန့်ကာ ဆက်ပြီးပြောသည်။
“ ကျွန်တော်တို့ အခုတလော ရေသာခိုနေခဲ့ကြတာ အမှန်ပဲ … ကျုံးဝေ့တပ်ဖွဲ့ဆိုတဲ့ ကြီးမြတ်မှုအပေါ် အရမ်း မှီခိုလွန်းနေတယ်… ခြံထဲက သိုးတွေ မဆုံးရှုံးခင် သိုးခြံကို ပြင်ဖို့ အချိန်ကျပြီ …”
“ ငါ မှတ်ထားလိုက်မယ် … အခု လက်ရှိ အခြေအနေကို ဆွေးနွေးကြမယ်….”
လျိုဟုန် ဖြတ်ပြောလိုက်ပြီး လင်းရီ၏ ရဲတင်းသည့် ဝေဖန်စကားကို လမ်းလွှဲရန် ကြိုးစားလိုက်သည်။ စီနီယာ အကြီးအကဲ နှစ်ဦးက အခန်းထဲတွင် ရှိနေသဖြင့် အနည်းငယ် အလိုက်သိဖို့ လိုသည်။
“ လက်ရှိ အခြေအနေအတိုင်းဆိုရင် ဆန်းကြယ်တဲ့ အဖွဲ့အစည်းက ကျုပ်တို့ရဲ့ လေ့လာစမ်းသပ်မှု အကြောင်း သတိပြုနေပြီဆိုတာ သေချာသွားပြီ … သူတို့ရဲ့ ရည်မှန်းချက်က သွေးရည်ကြည်ရဲ့ ဒေတာကို ရဖို့ပဲ … တကယ်လို့သာ ဒေတာတွေ ဖျက်စီးခံလိုက်ရမယ်ဆိုရင် ကမ္ဘာကြီးထဲ ဘယ်သူကမှလည်း ကျုပ်တို့ ရှာတွေ့ထားတဲ့ အရာကို ယုံကြည်မှာ မဟုတ်ဘူး … ပြီးတော့ ဆေးရည်ရဲ့ ချို့ယွင်းချက်တွေလည်း အမှောင်ထဲမှာပဲ ရှိနေတော့မှာ….”
အတန်ငယ်ကြာ တိတ်ဆိတ်ပြီးနောက်တွင် လင်းရီ ထပ်ပေါင်း ပြောလာခဲ့သည်။
“ တစ်နည်းပြောရရင် ကျွန်တော်တို့က အခု လက်ထဲ ချိန်ကိုက် ဗုံးတစ်လုံကို ကိုင်ထားနေတယ် … တကယ်လို့ စမ်းသပ်မှု မှတ်တမ်းတွေသာ အပြင်ကို ပေါ်ကြားသွားခဲ့ရင် အတော်လေး ပရမ်းပတာ ဖြစ်သွားမှာ …. ဆန်းကြယ်တဲ့ အဖွဲ့အစည်းလည်း ဒီလိုမျိုး ဖြစ်ခွင့် ပြုမှာမဟုတ်ဘူး … စစ်ပွဲနဲ့ ရင်ဆိုင်ရဖို့ များတယ်….”
“ ကျုံးဝေ့တပ်ဖွဲ့ကို စစ်ကြေညာဖို့လား …. မဖြစ်နိုင်ဖို့ များတယ် … ဒါ ရန်ကျင်း … ဒီကောင်တွေ သတ္တိ ဆယ်ဆရှိရင်တောင် ဝင်မလာရဲဘူး …” လျန်ရှန့်ဟော် ပြောလိုက်သည်။
“ အကြီးအကဲပြောတာကို ကျွန်တော် ထောက်ခံပါတယ် …” လင်းရီ သဘောတူလိုက်၏။ သို့သော် သူဆက်ပြီး ပြောလာသည်။
“ နိုင်ငံတိုင်းမှာ နျူးကလိယ လက်နက် ပိုင်ဆိုင်ထားမယ့် အကြံကို ဘယ်သူကမှ သဘောမကျဘူး … ဒါပေမယ့် အဲ့လိုဆိုတိုင်း သူတို့က ကျွန်းပေါ်မှာ ရှိနေတဲ့ ကျွန်တော်တို့ အသင်းတွေကို လက်တုံ့ပြန်မလာဘူးလို့ မဆိုလိုဘူး .. ရှန်းလုံ အသင်းက အဲ့မှာပဲ ရှိသေးတယ် … ပြီးတော့ သူတို့ရဲ့ နောက်မစ်ရှင်တွေမှာ အတားအဆီးတစ်ချို့နဲ့ ရင်ဆိုင်လာရနိုင်တယ် … ဒီတော့ ဒီရဲ့ ဒေတာတွေကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာက အရေးကြီးတယ်…..”
မည်သူကမျှ စကားဆိုမလာကြချေ။ သို့သော် သူတို့အားလုံး လင်းရီ၏ ထုတ်ဖော်ချက်ကို ထောက်ခံနေကြသည်မှာ သိသာသည်။
အစည်းအဝေးက ရှေ့သို့ ဆက်သွားနေခဲ့ပြီး လုပေချိန်လည်း အရေးကြီးသည့် ညွှန်ကြားချက်တို့ အများအပြား ပေးခဲ့သည်။ မနက် အလင်းရောင် ပေါ်လာသည်အထိ သူတို့ ဆွေးနွေးနေခဲ့ကြ၏။
အစည်းအဝေးပြီးဆုံးသည့်အချိန်၌ လင်းရီနှင့် နင်ချဲ့တို့နှစ်ဦးလုံး ဆေးရုံသို့ သွား၍ ခန္ဓာကိုယ် စစ်ဆေးမှု ပြုကြသည်။ မည်သည့် ပြင်းထန်သည့် ပြဿနာမျှ မရှိသည်ကို အတည်ပြုပြီးတော့မှသာ သက်ပြင်းချနိုင်တော့လေသည်။
ထိုဖြစ်ရပ်က အတော်လေး ကြီးကျယ်သွားခဲ့သော်လည်းပဲ ကျုံးဝေ့တပ်ဖွဲ့၏ လူရွေးပွဲအပေါ်တွင်တော့ သက်ရောက်မှု မရှိခဲ့ချေ။
အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။ သံသယ ဖြစ်ပေါ်စေမည့် လုပ်ရပ်မျိုး သူတို့ မပြုလုပ်ချင်ပေ။ ထို့ကြောင့် စီစဉ်ထားသည့်အတိုင်းပဲ ဆက်သွားခဲ့ကြသည်။
ထောက်ချိန်ကတော့ လူရွေးပွဲကို ကြီးကြပ်ကွပ်ကွဲရန်အတွက် ကျန်နေရစ်ခဲ့၏။
လင်းရီ၊ နင်ချဲ့ နှင့် ချိုးယွီလော့တို့ ဆေးရုံတွင် ဆေးစစ်ပြီးသည်နှင့် အနီးနားရှိ စားသောက်ဆိုင်သို့ ဦးတည်လိုက်ကြသည်။ ရှည်လျားသည့် ညတာကို ဖြတ်ကျော်ပြီးသည့်နောက် သူတို့အားလုံး ဆာလောင်နေခဲ့ကြသည်။
“ ကျုံးဝေ့တပ်ဖွဲ့အပိုင်းကတော့ ပြီးသွားပြီ … အခု အတွင်းပိုင်း စုံစမ်းစစ်ဆေးဖို့ပဲ ကျန်တော့တယ် … နင် ဘယ်လိုစီစဉ်ထားလဲ …” လင်းရီကို ကြည့်ပြီး ချိုးယွီလော့ မေးမြန်းလာခဲ့၏။
“ ဘော့စ်လျို ဘယ်လိုစီစဉ်မလဲ ငါ ကြည့်လိုက်ဦးမယ်.. တကယ်လို့ တခြား ဘာမှမရှိတော့ဘူးဆိုရင်တော့ ငါ ကျိုးဟိုင်ကို ပြန်တော့မယ်…” လင်းရီ ပြောလိုက်ပြီး “ အဲ့မှာလည်း လုပ်စရာတွေက တစ်ပုံကြီးပဲ …”
“ ချီးပဲ … ငါဒီလောက် အနာခံပေးထားတာကို နင်က ငါနဲ့ ရက်နည်းနည်းလောက် မနေပေးတော့ဘူးပေါ့ …” နင်ချဲ့ စောဒတက်လာသည်။
“ အဲ့တာ မင်း ဒဏ်ရာရထားလို့ … ငါ မင်းကို ထိရင် မင်းနာနေမှာလေ … ပျော်လို့လည်း ရမှာမဟုတ်ဘူး …” လင်းရီ အပြုံးဖြင့် ပြန်ပြောလိုက်၏။
“မင်းပြန်ကောင်းလာတော့မှ ငါတို့ အချီ သုံးရာလောက် သွားကြတာပေါ့ …”
“ အမှန်ပဲ … အခုချိန် ကြိုးစားရင် နာကျင်မှုလား သာယာမှုလား ဆိုတာတောင် ကွဲမှာ မဟုတ်ဘူး …”
ချိုးယွီလော့ သူတို့နှစ်ယောက်ကို မျက်လုံးလှန်ကြည့်လိုက်သည်။
ဤနှစ်ယောက်နှင့်တော့ သူမ တကယ် လက်မြှောက်ထားရ၏။