← Chapters

အထက်ထိပ်သီးများကြားက ကစားပွဲ

Vol. 140 Ch. 2098

အထက်ထိပ်သီးများကြားက ကစားပွဲ

Vol. 140 Ch. 2098

ဝမ်နင်၏ မျက်လုံးတို့ အနည်းငယ် ဂနာမငြိမ် ဖြစ်သွားခဲ့ရသည်။ လင်းရီ၏ အကြောင်းပြချက်ကို သေချာ စဉ်းစားချင့်ချိန်နေဟန်ပင်။ နောက်ဆုံး၌ အံကို တင်းတင်းကြိတ်၍ “ ဥက္ကဌလင်း … ရှင့်ရဲ့ အီးမေးလ်လိပ်စာ ကျွန်မကို ပေးလိုက် … ကျွန်မ အချက်အလက်တွေ စုစည်းပြီးတာနဲ့ ရှင့်ဆီ ပို့ပေးလိုက်မယ်….”

“ အိုကေ …”

လင်းရီသည် သူ၏ နာမည်ကတ်ကို ကမ်းပေးလိုက်ပြီး “ အဲ့မှာ ငါ့ရဲ့ အီးမေးလ်လိပ်စာပါတယ် … အဲ့ထဲပဲ ပို့ပေးလိုက် ….”

“ ဟုတ်ကဲ့ ….”

စကားပြောဆိုပြီးနောက် ဝမ်နင်သည် ရှန်းရှုရီ၏ ရုံးခန်းထဲက ခိုးကြောင်ခိုးဝှက်အမူအရာနှင့် ထွက်ခွာသွားခဲ့သည်။

လင်းရီသည် ဆိုဖာပေါ်တွင် ထိုင်နေရင်း ဝမ်နင်၏ မက်ဆေ့ချ်ကို စောင့်ဆိုင်းနေသည်။

ဝမ်နင်က အလုပ်လုပ်တာ အတော်လေး မြန်ဆန်သည်ဟု ပြော၍ရသည်။ ဆယ်မိနစ် အတွင်းမှာပဲ အချက်အလက်များအားလုံးကို သူ့ဖုန်းထဲသို့ ပို့ပေးလာခဲ့၏။

လင်းရီ အကြမ်းဖျင်း တစ်ချက် ကြည့်ရှုလိုက်သည်။ သူတို့၏ ရာထူးတိုးလာပုံအဆင့်ဆင့်အပြင် ဖိုင်ထဲ၌ ၎င်းတို့ ဘွဲ့ယူခဲ့သည့် ကျောင်းများနှင့် သက်ဆိုင်ရာ အိုင်ဒီနံပါတ်များပင် ပါဝင်နေသည်။

လင်းရီ သူ့ကိုယ်သူ တွေးတောလိုက်မိ၏။ ဝမ်နင်က HR ဌာန၏ မန်နေဂျာ ဖြစ်နေ၍ပင် တော်သေးသည်။ အကယ်၍ အခြားတစ်ယောက် လက်ထဲသို့ အပ်လိုက်မည်ဆိုပါက အချက်အလက်များကို ဤမျှ လျင်လျင်မြန်မြန် စုဆောင်းနိုင်မှာ မဟုတ်သလို ဤမျှလောက်လည်း ရရှိနိုင်မှာ မဟုတ်ချေ။

ခေတ္တ ဖတ်ရှုကြည့်ပြီးသည်နှင့် လင်းရီသည် အီးမေးလ်ကို ချိုးယွီလော့ထံသို့ ထပ်ဆင့်ပို့ပေးလိုက်ပြီး သူမထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။

“ မင်း ဘာတွေ လုပ်နေလဲ …”

“ ငါ ရုံးခန်းမှာလေ … ဘာလုပ်ရမှာ … ဖရီးမေဆင်နဲ့ ပတ်သက်တဲ့ သတင်းတွေ စုဆောင်းနေတာပေါ့ဟဲ့ ….” ချိုးယွီလော့ ချက်ချင်း တုံ့ပြန်လာခဲ့သည်။ “ ဒါနဲ့ နင် အခုလေးတင် ငါ့ဆီ မေးလ်ပို့လိုက်သလိုပဲ … ဘာပို့လာခဲ့တာလဲ ….”

ဖုန်းထဲ၌ မောက်စ် ကလစ်နှိပ်သံများအား ဆက်တိုက် ကြားနေရပြီး ချိုးယွီလော့ အလုပ်လုပ်နေသည်ကို လင်းရီ သတိပြုမိလိုက်၏။

“ ဒီတိုင်း လူတစ်ချို့ရဲ့ အချက်အလက်ပါပဲ … မင်း အခု လုပ်နေတာကို ခဏလောက် ဘေးချိတ်ထားပြီး ငါ့ကို ဒီလူတွေအကြောင်း စုံစမ်းပေးစမ်းပါ … သူတို့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေလည်း တူးဆွနိုင်မလား ကြည့်ကြည့်ပေါ့ … မြန်လေ ကောင်းလေနော်….”

( မကောင်းတဲ့လုပ်ရပ် = ငွေမည်းကိစ္စ ၊ ဒုစရိုက် ဘာညာ )

“ နင် ဒါတွေ ဘယ်က ရလာခဲ့တာ …”

အမည်စာရင်းကို ကြည့်ရှုပြီးနောက်တွင် ချိုးယွီလော့၏ လေသံက အံ့အားသင့်သည့် လေသံ ဖြစ်သွားခဲ့သည်။

“ ဘာများ ရေးကြီးခွင်ကျယ် ဖြစ်နေလို့ …..”

“ အကောင် … ဒီလူတွေ မရိုးရှင်းဘူးဆိုတာ နင် မသိလို့ … သူတို့ထဲ တော်တော်များများက ရန်ကျင်း အထက်တန်းလွှာ အသိုင်းအဝိုင်းရဲ့ အကောင်ကြီးကြီးတွေချည်းပဲ …” ချိုးယွီလော့ ပြောလိုက်ပြီး “ သူတို့ထဲက လီကျန်းဆို ငါ့အဖေနဲ့တောင် သိတယ် … ဒါပေမယ့် သူလည်း ဟိုလိုကြီး သန့်ရှင်းနေတာမျိုးတော့ မဟုတ်ပါဘူး …”

“ ငါ သိချင်နေတာလည်း အဲ့တာပဲ … မင်း ရှာနိုင်သလောက်သာ ရှာပေး …”

“ ဒီရဲ့ ရန်ကျင်း အသိုင်း အဝိုင်းက လူတွေထဲမှာ ဖြူစင်နေတဲ့လူ တစ်ယောက်မှ မရှိဘဲကို တစ်ခုခုတော့ တွေ့မှာ သေချာတယ် ..” ချိုးယွီလော့ ပြောလိုက်ပြီး “ ဒါပေမယ့် နင်က ဘာလုပ်ဖို့ သိချင်နေတာ … သူတို့နင့်ကို ရန်စထားလို့လား ….”

“ အင်း…. ဆိုပါတော့ … ငါ့ကိုသာ ကူညီပေးစမ်းပါ … ရာထူး အမြင့်ဆုံး တစ်ယောက်ကနေ စလိုက် …”

“ အိုကေ … လွှဲထားလိုက် …” ချိုးယွီလော့သည် မောက်စ် ကလစ်အား ဆက်တိုက် နှိပ်နေရင်း ပြောလိုက်သည်။

“ တခြား မရှိတော့ဘူးဆိုရင် ငါ အခု ဖုန်းချလိုက်တော့မယ်နော် …”

“ အိုကေ ….”

ချိုးယွီလော့နှင့် စကားပြောပြီးနောက် လင်းရီသည် ဖုန်းကို ပြန်သိမ်းလိုက်ပြီ ရုံးခန်းထဲက ထွက်လာခဲ့ကာ အစည်းအဝေးခန်းသို့ ဦးတည်လိုက်သည်။

အစည်းအဝေး စားပွဲက တံခါးပေါက်နှင့် ဝေးကွာနေ၍လားတော့ မသိ။ အတွင်း၌ ပြောဆိုနေသည်များအား အပြင်ဘက်မှ ခိုးနားထောင်ဖို့ လုံးဝ မဖြစ်နိုင်ခဲ့ပေ။

သတင်းအချက်အလက်များ စုဆောင်းထားသည်က အသုံးဝင်ခြင်း ရှိမရှိ ၊ လင်းရီ မသေချာပေ။ သို့သော် သတင်းအချက်အလက်တို့ ပိုသိထားသည်ကတော့ သူ့အား အကူအညီ ဖြစ်စေနိုင်လောက်သည်။

လင်းရီ ဘာမျှ မလုပ်ဘဲ အစည်းအဝေးခန်း တံခါးပေါက်ဝဘေးတွင် ထိုင်ခုံဆွဲပြီး ရှန်းရှုရီ ထွက်အလာကို ထိုင်စောင့်နေလိုက်၏။

အချိန်က ဖြည်းညင်းစွာ ကုန်လွန်သွားခဲ့ပြီး ညနေ ငါးနာရီခွဲ ဝန်းကျင်ခန့်တွင် အစည်းအဝေးခန်း တံခါးပေါက် ပွင့်ဟလာသည်။ ရှန်းရှုရီသည် တင်းမာသည့် မျက်နှာထားဖြင့် အခန်းထဲက ထွက်လာခဲ့၏။

လင်းရီ မတ်တပ်ရပ်ပြီး အပြုံးလေးဖြင့် “ အန်တီရှန်း … ပြောတော့ အစည်းအဝေးက ခြောက်နာရီအထိဖြစ်မယ်ဆို … ဘယ်လိုဖြစ်ပြီး နာရီဝက်စောသွားရတာ …”

“ ဆက်ပြောနေလို့လည်း အဓိပ္ပာယ်မရှိတော့လို့ပေါ့ … ရုံးခန်းပဲ ပြန်ကြမယ် …”

ဤတစ်ကြိမ်တွင်တော့ ရှန်းရှုရီ၏ မျက်နှာအမူအရာမှာ တည်တင်း အေးစက်နေပြီး သူမ မည်မျှ စိတ်တိုဒေါသထွက်နေလဲဆိုတာကို ဖော်ပြနေသည်။

ယခုကဲ့သို့ ဒေါသထွက်နေသည့် တစ်ဖက်ခြမ်းကို လင်းရီ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

“ ဥက္ကဌရှန်း … အာဖရိကမှာ ရင်းနှီးမြုပ်နှံမယ့် ပရောဂျက်က အဆုံးမရှိတဲ့ တွင်းပေါက်ကြီးထဲ ငွေတွေ ပုံလောင်းထည့်နေသလိုပဲ ဖြစ်မှာလို့ ငါ ယုံကြည်တယ်… အုပ်စုက ၄၀ ဘီလီယမ်ကျော် ရင်းနှီးခဲ့ပြီးပြီ … ပြီးတော့ တစ်ပြားမှလည်း ပြန်ရမလာဘူး … ဒါကြောင့်မို့ ဒီပရောဂျက်ထဲ ဆက်ပြီး ရင်းနှီးဖို့ကို ကန့်ကွက်နေရတာပဲ … မင်း ပြောတဲ့ ယွမ်ထရီလီယမ်တန် ပရောဂျက် ကိစ္စကတော့ လောလောဆယ် ယာယီ ရပ်ဆိုင်းထားတာပဲ ကောင်းလိမ့်မယ်….”

ပြောလိုက်သူက ရှန်းရှုရီနှင့် ရွယ်သူနီးပါး ရှိမည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးပင်။

သို့သော် ပုံပန်းသွင်ပြင် ကွာဟမှုကြောင့် ရှန်းရှုရီ၏ အသက်သုံးဆယ် အစောပိုင်းဟုသာ ထင်ရပြီး တစ်ဖက်အမျိုးသားမှာတော့ အသက်ငါးဆယ်ကျော် အရွယ် ရှိပြီဟု ထင်နေရသည်။

ထိုလူ၏ နာမည်က လီကျန်း ဖြစ်ပြီး ဟွာရန်အုပ်စု၏ CFO စီနီယာ ဒုဥက္ကဌပင်။ ဟော်ယွမ်ယွမ်နှင့် ရာထူးချင်းညီသည်ဟု ပြော၍ရ၏။

လင်းရီ ခေါင်းငဲ့စောင်းပြီး စကားပြောနေသည့် လီကျန်းကို တစ်ချက် အကဲခတ်လိုက်ကာ သူ မည်သူ မည်ဝါ ဖြစ်ကြောင်းကို ချက်ချင်း သတိပြုမိလိုက်သည်။

ဤသည်က ချိုးယွီလော့ ဖခင်၏ မေးခွန်းထုတ်လောက်စရာ ကိုယ်ကျင့်သိက္ခာနှင့် မိတ်ဆွေပင်။

သို့သော် … အစည်းအဝေးပြီးဆုံးသည့်တိုင် ထိုအကြောင်းအရာအား ရှန်းရှုရီနှင့် ဆက်ပြီး ပြောဆိုနေသည်ကတော့ သူမအပေါ် အရိုအသေတန်ခြင်း ဖြစ်၏။ ဤ ထိပ်ပြောင်နှင့် လူကြီးက ရှန်းရှုရီ အပေါ် တကယ်လည်း မလေးမစား ပြုနေခြင်းပင်။

“ ကျွန်မ အစည်းအဝေးခန်းထဲမှာ ပြောခဲ့ပြီးပြီ … ဒါက ရေရှည်စီမံကိန်း … သူ့ အနာဂတ်က ကျွန်မတို့ မြင်နေရတာထက်ကို ပိုတယ်….”

“ ဒီ ပရောဂျက်တွေထဲ ပြန်ရမှာ တစ်ချို့ ရှိတာကိုတော့ ငါ ဝန်ခံပါတယ် … ဒါပေမယ့် နှစ်တွေက တအား ကြာလွန်းတယ်…. ပြီးတော့ အဲ့တာက အုပ်စုရဲ့ နောင်လာမည့် အနာဂတ်မှာ တခြား ကုမ္ပဏီတွေအပေါ် ရင်းနှီးမြုပ်နှံနိုင်မယ့် အခွင့်အရေးကို ကန့်သတ်သလို ဖြစ်နေလိမ့်မယ်….”

လီကျန်း သူ့ခံယူချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားပြီး နောက်သို့ပြန်ဆုတ်ရန် စိတ်ဆန္ဒမရှိပေ။

“ ဥက္ကဌရှန်း … မင်း ငါ အကြံပေးတာကို သေချာလေး နားထောင်စမ်းပါ … မင်း ဒီလမ်းကို ဆက်လျှောက်နေရင် ဟွာရန် အုပ်စုက ပြည်နယ်ပိုင် လုပ်ငန်းစုကြီး လေးခုရဲ့ ထိပ်သီးရာထူးကို ဆက်ပြီး ကိုင်ဆွဲထားနိုင်မှာတော့ မဟုတ်ဘူးနော်…”

ဤတစ်ကြိမ် စကားပြောလာသူက ဆံပင်တို့ တစ်ဝက်ဖြူနေသည့် သက်လတ်ပိုင်း အမျိုးသားပင်။ သို့သော် သူ၏ သွင်ပြင်က စွမ်းအင်ပြည့်ဝပြီး ထက်မြက်နေပုံပေါ်သည်။

ထိုလူ၏ နာမည်က ကျုံးယွီကော်ဖြစ်ပြီး ဟွာရန်အုပ်စု၏ အခြားသော စီနီယာ ဒုဥက္ကဌ တစ်ဦးပင်။ လီကျန်းနှင့်လည်း ရာထူးတူညီသည်။

သို့ပေမယ့် လီကျန်းက အုပ်စု၏ CFO ဖြစ်သဖြင့် ဆုပ်ကိုင်ထားသည့် အာဏာမှာ ကျုံးယွီကော်ထက် သာလွန်သည်ဟု ပြော၍ရသည်။

သို့သော် ကုမ္ပဏီ ပြင်ပတွင်တော့ ကျုံးယွီကော်၏ နောက်ခံက လီကျန်းထက် အင်အားပိုကောင်းသဖြင့် ယင်းက အုပ်စုတွင်း အာဏာညီမျှမှုကို အနည်းနှင့်အများ ထိန်းညှိပေးသွားခဲ့သည်။

“ ရှင့်ရဲ့ ရည်မှန်းချက်က အုပ်စုလေးခုရဲ့ ထိပ်သီးခေါင်းဆောင်ဆိုတာလေးပဲလား …” ရှန်းရှုရီသည် ပြောဆိုလာသည့် အဆိုပါ အမှုဆောင်အရာရှိကို တည့်တည့်ကြည့်ပြီး မေးလိုက်သည်။ “ ပြီးတော့ … အစည်းအဝေးက ပြီးပြီ … ရှင်တို့မှာ ဆွေးနွေးစရာတွေ ရှိသေးရင် နောက်တစ်ခေါက်လာမယ့် အစည်းအဝေးပွဲအတွက် သိမ်းထားလိုက် … ကျွန်မတို့က အခု အစည်းအဝေး အပြင်ဘက်မှာ … ရှင့်ရဲ့ ရာထူးက ဟွာရန်အုပ်စုရဲ့ ပုံရိပ်ကို ကိုယ်စားပြုနေတယ်… ဒီတော့ ရှင့်စကားနဲ့ လုပ်ရပ်ကို ဆင်ခြင်ပြီးနေ …..”

ရှန်းရှုရီသည် ဘယ်တုန်းကမျှ ဤကဲ့သို့ စော်ကားခံရသည်ဟု မခံစားခဲ့ရဖူးချေ။ ဤလူများက သူ၏ ဩဇာအာဏာကို လုံးလုံးလျားလျား မသိကျိုးကျွန် ပြုနေခဲ့ကြသည်။

“ နောက်တစ်ကြိမ် အစည်းအဝေးလုပ်ရင်လည်း ငါတို့ရဲ့ ရာထူးက ဆက်ပြီး တည်မြဲနေမှာ သေချာတယ် … ငါတို့ရဲ့ သဘောထားကို အခိုင်အမာ ရပ်တည်ရင်းနဲ့ပေါ့ ….” လီကျန်း ပြောလိုက်ပြီး “ တကယ်လို့ ဥက္ကဌရှန်းက ဒီကိစ္စအပေါ် ကိုယ့်ရပ်တည်ချက်ကို မပြောင်းလဲချင်ဘူးဆိုရင် ငါတို့ ဒီကိစ္စ အထက်ကို တင်ပြရလိမ့်မယ် … မင်း ထပ်ပြီး သေချာစဉ်းစား ….”

“ ရှင်တို့က ကျွန်မကို ခြိမ်းခြောက်နေတာလား …” ရှန်းရှုရီ တည်ငြိမ်သည့် လေသံဖြင့် မေးမြန်းလိုက်၏။

“ ဘယ်နားကသာ .. ဘာပဲပြောပြော ငါတို့ချင်း အလုပ်တွဲလုပ်လာတာ ဆယ်စုနှစ် တစ်ခု ကျော်ပြီပဲလေ … ငါတို့က ဒီတိုင်း အုပ်စုရဲ့ အနာဂတ်ကို ပိုကောင်းစေချင်ရုံပါပဲ … ဒါကြောင့်မို့လည်း ဒီကိစ္စကို တစ်ပြားမလျှော့ဘဲ ခေါင်းမာနေရတာပေါ့ ….”

ပြောဆိုပြီးနောက် လီကျန်း ကျန်သူများဘက်သို့ လှည့်ကာ “ ကိုယ့်လူတို့လည်း ငါ့စကားကို ထောက်ခံတယ်မလား ….”

“ ဒါရိုက်တာလီရဲ့ အမြင်က မှန်တယ်…. ငါလည်း မရေရာတဲ့ ကိစ္စအပေါ် ပိုက်ဆံ ထရီယမ်ကျော်သုံးပြီး စွန့်စားမှာကို မလိုလားဘူး ….” နောက်ထပ် ထိပ်ပြောင်နှင့် လူတစ်ဦးက ပြောဆိုလာခဲ့သည်။

“ ငါသာ အမှတ်မမှားဘူးဆိုရင် ဥက္ကဌရှန်း ဒီထိုင်ခုံမှာ ထိုင်လာခဲ့တာ ခုနစ်နှစ် ၊ရှစ်နှစ်လောက်တော့ ရှိပြီ … တကယ်လို့ ဥက္ကဌရှန်းကသာ ဒီလိုမျိုး အော်တိုကရက်တစ်ပုံစံကို(သက်ဦးဆံပိုင်) ကျင့်သုံးနေဦးမယ်ဆိုရင်တော့ ….. နှမြောစရာပဲ …” ကျုံးယွီကော် ပြောလိုက်ပြီး “ မင်းသိထားရမှာက ဟွာရန်အုပ်စုဆိုတာ မင်းတစ်ယောက်တည်းရဲ့ အပိုင်မဟုတ်ဘူး … အုပ်စုရဲ့ အရင်းအမြစ်‌တွေကို မင်းတစ်ယောက်တည်းရဲ့ ကိုယ်ကျိုးစီးပွားအတွက် အသုံးမချချင်နဲ့ ….”

All Chapters