← Chapters

အခု ပျော်ပြီလား

Vol. 105 Ch. 1463

အခု ပျော်ပြီလား

Vol. 105 Ch. 1463

အခန်း (၁၄၆၃) အခု ပျော်ပြီလား

ဓားအလင်းတန်း ထပ်မံခုတ်ပိုင်းလိုက်သည်နှင့် သွေးများပန်းထွက်လာသည်။

ချန်ချန်းဟွာက သူ့ဒဏ်ရာကို ငုံ့ကြည့်လိုက်သည်။

ဒုတိယအကြိမ် ခုတ်ပိုင်းမှုသည်လည်း ယခင်တစ်ကြိမ်နှင့် အတိအကျ တူညီလျှက်ရှိသည်။

ထို့နောက် တတိယအကြိမ်၊ စတုတ္ထအကြိမ်...။

ဓားချက်များက ယခင်အကြိမ်ကကဲ့သို့ပင် ပြီးပြည့်စုံစွာ တူညီနေသည်။

သို့ဖြစ်ရာ ချန်ချန်းဟွာအနေဖြင့် ရန်ကျောက်ကဲ မည်သည့်နေရာသို့ခုတ်ပိုင်းမည် ၊ ဒဏ်ရာမည်မျှနက်မည် ၊ ဒဏ်ရာမည်မျှ ရှည်လျားမည်ကို သိရှိနေလေသည်။

တကယ်တော့ ရန်ကျောက်ကဲ ဓားကိုပြန်ဆွဲယူလိုက်သည်နှင့် သူ၏လက်ကောက်ဝတ်လှုပ်ရှားမည့် ဟန်ပန်ကိုပင် သတိထားမိနေခဲ့သည်။

ဆက်တိုက်ဖြစ်ပေါ်နေသော ဓားချက်များက သံသရာစက်ဝန်းတစ်ခုထဲတွင် တစ်ပတ်လည်နေသည့်ပမာ ထပ်တူကျလျှက်ရှိ၏။

ဓားချက်အားလုံး ခုတ်ပိုင်းပြီးသွားသည့်အခါ ချန်ချန်းဟွာတစ်ကိုယ်လုံး သွေးများစွန်းထင်းနေပြီး သူ့စိတ်သည်လည်း ခဏမျှ ဗလာကျင်းသွားသည်။

ထို့နောက် သူ၏ဒဏ်ရာများ ပြန်လည်ပျောက်ကွယ်သွားသည်။

ထိုအချိန် ရန်ကျောက်ကဲလက်ထဲတွင် အလင်းရောင်တစ်ချက်လက်သွားပြီး သူက ချန်ချန်းဟွာရှေ့တွင် တည်ငြိမ်စွာ မတ်တတ်ရပ်လျှက်ပင်။

ထို့နောက် တတိယအကြိမ် ထပ်မံခုတ်ပိုင်းပြန်သည်။

ဤသံသရာစက်ဝန်းက ဘယ်သောအခါမှ မပြီးဆုံးတော့သယောင် ထင်မှန်တ်ရသည်။

"ရန်ကျောက်ကဲ..."

ချန်ချန်းဟွာက အော်ဟစ်လိုက်သည်။

"ဘာလဲ..."

ရန်ကျောက်ကဲက တည်ငြိမ်စွာ ပြန်ဖြေသည်။

ထို့နောက် သူက ချန်ချန်းဟွာခန္ဓာကိုယ်ထက်သို့ နောက်ထပ်ထားချက်တစ်ချက် ထပ်မံခုန်ပိုင်းချလိုက်သည်။

ထိုဓားချက်က ချန်ချန်းဟွာမှတ်မိထားသည့်အတိုင်း အတိအကျ တူညီနေသည်ပင်။

သို့သော် ယခုတစ်ခေါက် ဓားဖြင့်ခုတ်ပိုင်းသူက ရန်ကျောက်ကဲ မဟုတ်တော့ပေ။

လေထဲတွင် တောက်ပနေသည့်ဓားအလင်းတန်းက သူ့အလိုလျောက် လှုပ်ရှားနေခြင်း ဖြစ်၏။

ထိုအလင်းတန်း၏ ခုတ်ပိုင်းပိုင်းမှု အစီအစဉ် ၊ ဓားချက်လမ်းကြောင်းများက ယခင် ခုတ်ပိုင်းသည့်ဓားချက်များအတိုင်း အတိအကျတူညီနေသည်။

ထို့ကြောင့် နောက်ထပ် သံသရာလည်ပတ်မှုတစ်ခု အသစ်စတင်လာသည်ဟု ဆိုနိုင်သည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ငါက မင်းနဲ့ကစားဖို့ အချိန်မရှိဘူးလေ ၊ ဒါကြောင့် ဒီလိုလုပ်လိုက်တာ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ စိတ်မပူနဲ့ ၊ ငါက ထာဝရအလင်းကောင်းကင်ကျမ်းစာ ၊ နတ်ဘုရားထောင်ချောက်ဓား၊ အလင်းပျံသန်းနတ်ဘုရားကျမ်းစာတွေသုံးပြီး ဒီအခြေအနေကို ဖန်တီးထားတာ”

“မင်းလည်း သတိထားမိမှာပါ ၊ ဒါက ပုံရိပ်ယောင်မဟုတ်ဘူး ၊ အဆက်မပြတ်လည်ပတ်နေတဲ့ သံသရာစက်ဝန်းတစ်ခုပဲ”

ရန်ကျောက်ကဲ ချန်ချန်းဟွာကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ဒီ အကန့်အသတ်ရှိတဲ့နေရာထဲမှာ ၊ ဒီလို သံသရာစက်ဝန်းတစ်ခုဖန်တီးဖို့ဆိုတာ မခက်ပါဘူး ၊ အထူးသဖြင့် မင်းလို ကျ့င်ကြံခြင်းပျက်ဆီးနေတဲ့ လူတစ်ယောက်အပေါ်မှာ ပိုလို့တောင် မခက်ခဲဘူး”

“မဟုတ်ရင်... မင်းလို ဒီလောက်အားနည်းနေတဲ့လူတစ်ယောက်က သွေးထွက်လွန်ပြီး သေသွားနိုင်တယ်”

သူ့စကားသံအဆုံးတွင် ချန်ချန်းဟွာခန္ဓာကိုယ်ထက် နောက်ထပ်ဓားဒဏ်ရာတစ်ခု ထွက်ပေါ်လာပြီး သူက နာကျင်စွာ ညည်းတွားလိုက်သည်။

“မင်းက သေရမှာမကြောက်ဘူးဆိုတာ ငါသိတယ် ၊ မင်းက အဲဒါကို ဂရုစိုက်တဲ့သူလည်း မဟုတ်ဘူး ၊ ဒါပေမဲ့ မင်း ယုံလိုက် ၊ ဒီလောကမှာ သေတာထက် ပိုကြောက်စရာကောင်းတဲ့အရာတွေ အများကြီးရှိတယ်”

ရန်ကျောက်ကဲက ခပ်တိုးတိုးရယ်မောလိုက်ရင်း...

“မင်းလို ရူးသွပ်ပြီး စိတ်လှုပ်ရှားမှုကို စွဲလန်းနေတဲ့လူတစ်ယောက်အတွက် ဒါက အသစ်အဆန်း ဖျော်ဖြေမှုတစ်ခုပဲပေါ့ ၊ ဟုတ်တယ်မလား”

ချန်ချန်းဟွာမှာ နာကျင်ခြင်းထက် စိတ်ထဲတွင် ထိတ်လန့်မှုဖြင့် ပြည့်နက်လာသည်။

ရန်ကျောက်ကဲမျက်နှာထက်မှအပြုံးက ပျောက်ကွယ်သွားသည်။

“အခု ပျော်စရာတွေ့ပြီ မဟုတ်လား”

သူက ဆက်ပြောလိုက်သည်။

“ငါ လေကုန်ခံပြီး စကားမပြောတော့ဘူး ၊ မင်းဟာမင်းပဲ အသစ်အဆန်း ဖျော်ဖြေမှုကို ဖြည်းဖြည်းချင်း ခံစားနေလိုက်တော့”

ချန်ချန်းဟွာ အံတင်းတင်းကြိတ်လိုက်ပြီး ခန္ဓာကိုယ်ကိုလှုပ်ရှားလျှက် လွတ်မြောက်ရန် ရုန်းကန်လိုက်သည်။ သို့သော် လုံးဝအားမရှိသည်ဖြစ်ရာ ထိုသို့ပြုလုပ်ရန် မတတ်နိုင်ခဲ့ပေ။

ရန်ကျောက်ကဲက ဖြည်ညင်းသည့်လေသံဖြင့်...

“မင်းလိုအရူတစ်ကောင်ကို ဘယ်လိုကိုင်တွယ်ရမလဲလို့ ငါ နည်းလမ်းတွေအများကြီး စဉ်းစားခဲ့တယ်”

သူက ဆက်ပြောလိုက်သည်။

“ဥပမာကွာ... ငါ မင်းကို အိမ်သာကျွင်းထဲထည့်ပြီး သူများပါတဲ့အီးထဲနစ်နေအောင်လုပ်ဖို့လည်း စဉ်းစားခဲ့တယ်”

“ဒါပေမဲ့ အဲဒီလိုလုပ်တာ သိပ်မသင့်တော်ဘူးလို့ ခံစားရတယ် ၊ ဘာလို့လည်းဆိုတော့ လူတိုင်းမင်းအပေါ် ချီးပါချနေရင် မင်းက အဲဒါကို ပျော်စရာလို့ ထင်မှာမဟုတ်ဘူး ၊ ဒီတော့ မသင့်တော်ဘူး... ၊ အြဒီတော့ မင်းကို မင်းကို ချီးတွင်းထဲထည့်မယ့်အစား မင်းအတွက် ပျော်စရာလေးဖြည့်ဆည်းပေးမယ်လို့ပဲ စဉ်းစားလိုက်မိတယ်”

“ဒါပေမဲ့ ဒီနည်းလမ်းက မင်းတစ်ယောက်တည်း ချီးထုပ်ဖြစ်နေမယ့် ပုံစံမျိုး ၊ အချိန်ရဲ့သံသရာထဲမှာ ဓားချက်ပုံစံ ၊ ဓားချက်အရွယ်အစား ၊ မြန်နှုန်းတွေအားလုံးက ထပ်တူဖြစ်နေမှာ”

ထို့နောက် ရန်ကျောက်ကဲက ရယ်မောရင်း ချန်ချန်းဟွာကို ကြည့်လိုက်သည်။

“ပြောစမ်း... အဲဒီနည်းလမ်းနှစ်ခု မင်း ဘယ်ဟာပိုပြီး သဘောကျလဲ”

ရန်ကျောက်ကဲက ပြုံးရယ်နေသည့်တိုင် သူ၏မျက်လုံးများကတော့ ရေခဲပမာအေးစက်နေပြီး ရယ်မောခြင်း လုံးဝ မရှိခဲ့ပေ။

သူ၏မျက်ဝန်းများက ထိတ်လန့်ဖွယ်ရာဖြစ်နေလေရာ ချန်ချန်းဟွာမှာ ခန္ဓာကိုယ်ထက် နာကျင်စရာတစ်ခု ထပ်မံထိုးနှက်လာသည့်ပမာ ခံစားလိုက်ရသည်။

“နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ်”

ရန်ကျောက်ကဲက တည်ငြိမ်စွာပင် ဆက်ပြောသည်။

“မင်းကို မလှုပ်နိုင်အောင်ချုပ်ထားပြီး မင်းရဲ့မျက်လုံးကို‌ဖောက်ပစ်မယ် ၊ လျှာကိုဖြတ်ပစ်မယ် ၊ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ် အထိအတွေ့ ၊ အကြားအာရုံ ၊ အနံ့အာရုံတွေကိုတော့ ထားခဲ့မယ်”

“ဒါပေမဲ့ စိတ်မပူနဲ့ ၊ မင်းကိုပိတ်လှောင်ထားတဲ့နေရာမှာ အသံရော အနံ့ရော ရှိမှာမဟုတ်ဘူး”

“မင်း သေတဲ့အထိ အဲဒီလိုနေရာမျိုးမှာ အသက်ရှင်သန်ရလိမ့်မယ်”

ရန်ကျောက်ကဲ ချန်ချန်းဟွာကို ခေါင်းငုံ့ကြည့်လိုက်သည်။

“မင်းက ကစားရတာနဲ့ ခန့်မှန်းရတာကို အရမ်းသဘောကျတယ်မဟုတ်လား ၊ ဒါဆို ခန့်မှန်းကြည့်စမ်း ၊ အဲဒီလိုပတ်ဝန်းကျင်မှာ မင်း ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမလဲ ၊ ဘယ်အချိန်မှာ မင်းငြီးငွေ့လာမလဲ”

ချန်ချန်းဟွာ မျက်လုံးများကိုမှိတ်လိုက်ပြီး ရန်ကျောက်ကဲမေးခွန်းကို လျစ်လျူရှုလိုက်သည်။

သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေပြီး တစ်စုံတစ်ခုကို အတင်းအကျပ် သည်းခံနေရသည့်ပမာ ဖြစ်သည်။ သူ၏ စိုးရိမ်ထိတ်လန့်မှုက မျက်နှာထက်တွင် ထင်ရှားစွာ ရေးထိုးထားသည်။

ရန်ကျောက်ကဲက သူ့ကို တည်ငြိမ်စွာဖြင့် အတန်ကြာကြည့်နေသည်။

ပြီးမှ သူက ခေါင်းကို ရှေ့သို့အနည်းငယ်စောင်းလိုက်ရင်း...

“တွေ့တယ်နော်... ငါက လူသားဆန်တဲ့သူပဲ ၊ မင်းအတွက် ‌ရွေးချယ်စရာတွေအများကြီး လုပ်ပေးထားတယ် ၊ ဒီလို ပျော်စရာနည်းလမ်းတွေအများကြီး ရွေးချယ်ခွင့်ပေးထားတာ မင်း ငါ့ကို ကျေးဇူးမတင်သင့်ဘူးလား ၊ မင်းက လူ့ယဉ်ကျေးမှု အခြေခံတွေကိုတောင် မသိတော့ဘူးလား”

ချန်ချန်းဟွာ နှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး ပြုံးလိုက်သည်။

“မင်း... မင်း ဒေါသထွက်နေတာပဲ”

သူက ဆက်ပြောလိုက်သည်။

“မင်း ဒီလောက်ဒေါသထွက်နေတာ... မင်းအစီအစဉ်တွေ ပျက်ဆီးသွားပြီထင်တယ် ၊ မင်း ဘာမှမတတ်နိုင်တော့ဘူးမလား ၊ ဟုတ်တယ်မလား”

သူက ကြိုးစားပြီး ရန်ကျောက်ကဲကို ခေါင်းမော့ကြည့်လိုက်သည်။

“ငါ အမြဲတမ်း စိတ်မကောင်းဖြစ်မိတယ် ၊ မင်းက စိတ်ဝင်စားစရာကောင်းတဲ့သူဆိုပေမယ့်... သာမန်လူတွေလိုပဲ... လောကီရေးရာတွေကြောင့် စိတ်ခံစားမှုတွေ လှုပ်ရှားနေတုန်းပဲ”

ချန်ချန်းဟွာပြုံးလိုက်သည်။

“အခု မင်းဒေါသထွက်နေတယ် ၊ မင်း ဘာမှမတတ်နိုင်သလို ခံစားနေရတယ် ၊ အဲဒါကြောင့် ငါ့ကို ဒုက္ခပေးနေတာ မဟုတ်လား”

ရန်ကျောက်ကဲက သူ့ကိုကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်သည်။

ဓားအလင်းတန်းက ချန်ချန်းဟွာကို ဆက်လက်ခုတ်ပိုင်းနေဆဲ ဖြစ်၏။

ဓားဖြင့်ခုတ်ပိုင်းခြင်းသံသရာက ဆက်တိုက်ဆိုသလို အဆက်မပြတ် ဖြစ်ပေါ်နေသည်။

ချန်ချန်းဟွာမှာ ထိန်းချုပ်ခံထားရသည့်သားရဲတစ်ကောင်ပမာ အသက်ကို မနည်းရှူနေရသည်။

သို့သော် သူက လက်ကျန်အင်အားကိုအသုံးပြုပြီး ရန်ကျောက်ကဲကို ခေါင်းမော့ကြည့်လိုက်သည်။

ရန်ကျောက်ကဲက ရယ်မောရင်း ခေါင်းခါယမ်းလိုက်သည်။

“သိပ်လည်းပျော်မနေနဲ့ ၊ တကယ်လို့ ငါဒေါသမထိန်းနိုင်တဲ့အချိန်ကျ ငါ့လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ မင်းအသက်ပျောက်သွားလိမ့်မယ်”

သူက ချန်ချန်းဟွာကို မထီမဲ့မြင် စိုက်ကြည့်လိုက်ပြီး...

“ဒါပေမဲ့ မင်းက သေမှာကိုမကြောက်ဘူးမလား ၊ အဲဒီတော့ရော ဘာဖြစ်လဲ ၊ ငါနဲ့ဘာဆိုင်လဲ”

“ငါ မင်းကို ချက်ချင်းသတ်လိုက်မယ်ဆိုရင်လည်း ငါ့စိတ်ကျေနပ်ရင်ပြီးတာပဲ ၊ မင်း ဘယ်လိုခံစားရတယ်ဆိုတာ ဘယ်သူက အရေးစိုက်နေမှာလဲ”

ထို့နောက် ရန်‌ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ငါက လောကီရေးရာတွေကြောင့် ခံစားချက်များနေမယ်ဆိုရင် မင်းကိုနှိပ်စက်ဖို့နည်းလမ်းတွေတောင် စဉ်းစားနိုင်မှာ မဟုတ်ဘူး”

ချန်ချန်းဟွာ တစ်ချက်ညည်းညူလိုက်ပြီး ဓားဒဏ်ရာများမှ သွေးများစီးကျလာသည်။

သူ့ထံကျရောက်လာမည့် ဓားချက်များ၏ အသေးစိတ်အချက်အလက်များကို သူက သိရှိပြီးဖြစ်သည်။ သို့သော် အခြေအနေက ဤအတိုင်းသာဆက်ဖြစ်နေပြီး သူ၏စိုးရိမ်ထိတ်လန့်မှုက အဆုံးစွန်ထိ မြင့်တက်လာကာ နောက်ဆံဒး ထိန်းမနိုင်သိမ်းမရ အနေအထားသို့ ရောက်ရှိသွားသည်။

ဤအိပ်မက်ဆိုးသံသရာသည် ဆက်လက်ဖြစ်ပေါ်နေပြီး အဆုံးသတ်မည့်အချိန်ကို မမြင်ရပေ။

သို့သော် သူ့စိတ်ထဲတွင် မေးခွန်းသစ်တစ်ခု ပေါ်ထွက်လာသည်။

ထို့ကြောင့် အားတင်းပြီးမေးလိုက်သည်။

“မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်မွေးဖွားလာပြီးမှ သေဆုံးသွားတာ မဟုတ်လား ၊ ဒါပေမဲ့ မင်းက သေဆုံးသွားတဲ့ မင်းလူတွေကို ပြန်ရှင်သန်အောင် လုပ်နိုင်မှာမို့လို့လား”

ရန်‌ကျောက်ကဲ ချန်ချန်းဟွာကို စိုက်ကြည့်လိုက်သည်။

“ဘာဖြစ်ခဲ့တယ်ဆိုတာ သိချင်နေတာလား ၊ ပြီးတော့ ဒီပြဿနာကို ငါဘယ်လိုဖြေရှင်းလဲဆိုတာ သိချင်နေတာလား”

ရန်ကျောက်ကဲ တိတ်ဆိတ်သွားပြီး သူတို့နှစ်ယောက် အချင်းချင်း စူးစိုက်ကြည့်နေကြသည်။

ချန်ချန်းဟွာမှာ နာကျင်မှုသံသရာကို ဆက်လက်ခံစားနေရဆဲပင်။ သူက အံတင်းတင်းကြိတ်ရင်း နာကျင်မှုကို အောင့်ခံထားရသည်။

ရှည်လျားသော တိတ်ဆိတ်မှုအပြီးတွင် ရန်ကျောက်ကဲက နောက်ဆုံးတော့ ပြုံးလိုက်ပြီး စကားလုံးတစ်လုံးချင်း ပြောလိုက်သည်။

"ငါ... မင်းကို... မပြောပြဘူး"

ထို့နောက် ရန်ကျောက်ကဲ နောက်ပြန်လှည့်ကာ ထွက်ခွာသွားသည်။

သူက ခြေလှမ်းများတစ်ချက်ရပ်တန့်ခြင်းမရှိဘဲ အရိပ်အယောင်မကျန်စွာ ပျောက်ကွယ်သွားသည်။

ချန်ချန်းဟွာက ဤသို့သောရလဒ်ကို မျှော်လင့်ထားသော်လည်း ထိုမေးခွန်းကို မေးရန် ဆုံးဖြတ်ခဲ့သည်။ သူ၏စိုးရိမ်ထိတ်လန့်မှုကို သက်သာစေမည့် အာရုံပြောင်းလဲရန် နည်းလမ်းတစ်ခုကို ကြိုးစားရှာဖွေခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် သူ၏စိုးရိမ်ထိတ်လန့်မှုက လုံးဝမရပ်တန့်ဘဲ နောက်ဆုံး နာကျင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

"ရန်... ကျောက်... ကဲ..."

ချန်ချန်းဟွာ နာကျင်မှုနှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ယခင်ကကဲ့သို့ သူ၏ ပျင်းရိပျင်းတွဲပုံစံမျိုး မရှိတော့ပေ။ သူ၏သည်းခံနိုင်စွမ်းသည်လည်း လုံးဝကုန်ခမ်းသွားခဲ့သည်။

ဤမည်းနက်သော မီးခဲများဖြင့် ဖန်တီးထားသည့် အကျဉ်းထောင်အတွင်း သားရဲတစ်ကောင်နှင့်တူသော ဒေါသတကြီး အော်ဟစ်သံများက အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

သူ့ကို တုံ့ပြန်သည့်တစ်ခုတည်းသောအရာမှာ ဓားအလင်းတန်းသာလျှင် ဖြစ်သည်။

ဓားအလင်းတန်းကတော့ စိတ်ရှည်စွာ ၊ မတုန်လှုပ်စွာဖြင့် ထပ်တလဲလဲ ဆင်းသက်လာနေလေသည်။

All Chapters