← Chapters

ငြိမ်သက်ခြင်းအဆင့်ရှိသောနက်ရှိုင်းနတ်ဘုရား

Vol. 105 Ch. 1467

ငြိမ်သက်ခြင်းအဆင့်ရှိသောနက်ရှိုင်းနတ်ဘုရား

Vol. 105 Ch. 1467

အခန်း (၁၄၆၇) ငြိမ်သက်ခြင်းအဆင့်ရှိသောနက်ရှိုင်းနတ်ဘုရား

ရန်ကျောက်ကဲက ဧရာမဗုဒ္ဓလက်ဖဝါးကြီးဆင်းသက်လာသည်ကို တိတ်ဆိတ်စွာကြည့်နေခဲ့သည်။

ထိုလက်ဖဝါးက တထာဂတဿဗုဒ္ဓ၏ လက်ဖဝါးဖြစ်သည်။

တစ်နည်းအားဖြင့် မျောက်မင်း၏ ဆရာဖြစ်သူ “ဗောဓိဘိုးဘိုး” သို့မဟုတ် တာအိုဆရာ’ကျူးထီ’ ဖြစ်လေသည်။

ဆရာဖြစ်သူနှင့် ရင်ဆိုင်ရလိမ့်မည်ဟု စွန်းဝူခုန်း လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဒြပ်စင်ငါးပါးတောင် ဆင်းသက်လာသည်နှင့် သူ့ဘဝက လုံးဝ ပြောင်းလဲသွားခဲ့သည်။

သို့သော် အခြားရှုထောင့်မှ ကြည့်လျှင် ဤသည်မှာ အစကတည်းက သူ၏ကံကြမ္မာဖြစ်နိုင်သည်။

တစ်စုံတစ်ယောက်က သူ့အပေါ်သို့ ချမှတ်ထားသော ကံကြမ္မာတစ်ခုပင်။

အမှန်တော့ ဒြပ်စင်ငါးပါးတောင်ထက်တွင် တင်ထားသည့် ခြောက်လုံးဂါထာဆိုသည်က ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည်။

ကံကြမ္မာသတ်မှတ်ထားသော အခိုက်အတန့်သို့ရောက်လာသည့်အခါ ဘုန်းတော်ကြီးတစ်ပါးထွက်ပေါ်လာပြီး ထို ခြောက်လုံးဂါထာစည်းတံဆိပ်ကို ဖျက်ဆီးကာ မျောက်မင်း ပြန်လည်ထွက်ပေါ်လာပြီး အနောက်သို့ခရီးသွားခြင်း စတင်ခဲ့သည်။

သို့သော် အစစ်အမှန် ချီထျန်းမဟာသူတော်စင်ကတော့ ဒြပ်စင်ငါးပါးတောင်အောက်တွင် ထောင်စုနှစ်ပေါင်းများစွာ ဆက်လက်ဖိနှိပ်ခံထားရသည်။

ယနေ့မှာတော့ သူ့အတွက် လွတ်မြောက်ရန် နေရောင်ခြည်ပမာ အခွင့်အရေး ထွက်ပေါ်လာပြီ ဖြစ်၏။

လွတ်မြောက်ရန်အတွက် သူ၏ ထူးခြားသောကျင့်ကြံခြင်းကို စွန့်လွှတ်ရမည်ဖြစ်သော်လည်း မျောက်မင်းက နဂိုကတည်းကပင် အသစ်ပြန်လည်စတင်ရမည်ကို မကြောက်ရွံ့ခဲ့ပေ။

ရန်ကျောက်ကဲ မျက်လုံးများထဲတွင် ဖြတ်သန်းသွားသောမြင်ကွင်းများက ဝိုးတဝါးဖြစ်လာသည်။

ဝိုးတဝါးပုံရိပ်များ...။

ကမ္ဘာမြေကို တစ်ယောက်တည်းတိုက်ခိုက်နေသော မျောက်မင်း၏ရုပ်သွင်။

သူ၏လက်နက်ဖြင့် ကောင်းကင်ကိုထိုးနှက်နေသောရုပ်သွင်။

ထိုရုပ်သွင်များထွက်ပေါ်လာပြီး တောင်အောက်တွင်ဖိနှိပ်ခံထားရသော ရုပ်သွင်က ဖုန်မှုန့် သဲမှုန်များကြားမှ သန့်စင်ခံရသည့်အလား ဖြည်းဖြည်းချင်း ထင်ပေါ်လာသည်။

ဒြပ်စင်ငါးပါးတောင်အောက်တွင် ကြီးမားလှသော မျောက်မင်းပုံရိပ်ကြီးက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၊ ရွှီဖေးနှင့် ပန်ပန်တို့၏ ဦးခေါင်းထက်တွင် ရပ်တည်နေသည်။

ထိုပုံရိပ် တဖြည်းဖြည်းပြိုကွဲသွားပြီး ရွှေရောင်အလင်းတန်းများအဖြစ်ပြောင်းလဲကာ ထို(၃)ယောက်ကို လွှမ်းခြုံသွားသည်။

ရွှီဖေးမှ ပြောင်းလဲသွားသော ကျောက်ရုပ်တုကြီးမှာ ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းခံရပြီး ရွှေရောင်များတောက်ပလာသည်။

ကျောက်ရုပ်တုမျက်နှာပြင်ထက်တွင် လှုပ်ရှားမှုများထွက်ပေါ်လာပြီး ညိုမှောင်သည့်အခိုးအငွေ့များ ယိုစိမ့်ထွက်ပေါ်လာသည်။

ထိုအခိုးအငွေ့များက လေထဲတွင်လွင့်မျောသွားပြီး ရွှေရောင်အလင်းတန်းများနှင့် ဖြည်းဖြည်းချင်းပေါင်းစပ်လိုက်သည်။

ရွှေရောင်အလင်းတန်းများက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ ပန်ပန်တို့၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားလေရာ ညိုမှောင်သည့်အခိုးအငွေ့များကလည်း သူတို့အထဲသို့ ပေါင်းစည်းသွားကြသည်။

ရန်ကျောက်ကဲက အဖြစ်အပျက်များကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။

သူက ဘေးတွင်သာမတ်တတ်ရပ်ပြီး လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့သည်။

ကြီးမားသောမိစ္ဆာစွမ်းအားများက (၃)ပိုင်းကွဲသွားသည်။

ရွှီဖေးကိုယ်ထဲတွင် ပေါင်းစည်းနေသည့် ထူးဆန်းသောအရာများအားလုံး ပြိုကွဲသွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့ဆီသို့ ရွှေ့ပြောင်းသွားကာ (၃)ဦးအကြား ဟန်ချက်ညီမှုကို ဖန်တီးလိုက်သည်။

အချိန်အတန်ကြာပြီးနောက် သူတို့၏ နောက်ကျော ၊ ညာဘက်ပခုံးနှင့် ပခုံးရိုးများထက်တွင် အင်းသင်္ကေတများ ထွက်ပေါ်လာသည်။

သူတို့နောက်ကျောဘက် ပခုံးရိုးများထက်တွင် အဖျက်စွမ်းအားဖြင့်ပြည့်ဝသော မျောက်မင်း၏ပုံသဏ္ဌန် တက်တူးရုပ်များ ထွက်ပေါ်လာသည်။

နောက်ဆုံးမှာတော့ သူတို့(၃)ယောက်ကို လွှမ်းခြုံထားသော ရွှေရောင်အလင်းတန်းများမှာ ထွက်ပေါ်တွေ့ရှိသွားသည့်အလား ထိုသင်္ကေတထံသို့ ပြင်းထန်စွာ စီးဆင်းဝင်ရောက်သွားတော့သည်။

အလွန်ကြီးမားသောတန်ခိုးစွမ်းအားက အချိန်နှင့်ဗလာနယ်ကိုပင် ကွေးညွှတ်စေပြီး သူတို့နှင့်အတူဆက်စပ်နေသော နည်းဥပဒေသများကိုပါ ထိခိုက်သွားစေသည်။

အချိန်က နောက်ပြန်လည်နေသည့်ပမာဖြစ်ပြီး ဗလာနယ်သည်လည်း ပျောက်ကွယ်သွားသည့်ပမာပင်။

သေခြင်းရှင်ခြင်း သေဘာတရားက ပြောင်းပြန်ဖြစ်သွားပြီး အမှန်နှင့်အမှား သဘောတရားများက အတူတကွ ရောယှက်သွားသည်။

ရွှီဖေး၏မျက်နှာထက်မှ မီးခိုးရောင်များမှေးမှိန်သွားပြီး သူ၏ခန္ဓာကိုယ်ထဲတွင် အသက်ဓာတ်စွမ်းအားများ စီးဆင်းလာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှတစ်ဆင့် ရန်ကျောက်ကဲသည်လည်း သက်ရောက်မှုရှိခဲ့သည်။

ချီထျန်းမဟာသူတော်စင်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး တည်ရှိမှုများထဲမှ တစ်ဦးဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။

ရန်ကျောက်ကဲသာ ကျင့်ကြံခြင်းအဆင့် နိမ့်ကျသူဖြစ်လျှင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှတစ်ဆင့် ကိုယ်ပွားပိုင်ရှင်ဖြစ်သော သူ့ကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည်။

ထို့ကြောင့် ယခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ခန္ဓာကိုယ်ထဲသို့ စွမ်းအားတစ်စိတ်တစ်ပိုင်းဝင်ရောက်လာသည့်အခါ ရန်ကျောက်ကဲကိုယ်တိုင်သည်လည်း ထိခိုက်မှုခံစားရသည်။

ရန်ကျောက်ကဲက ထိုလွှမ်းမိုးမှုကို အလိုအလျောက်လက်ခံလိုက်သည်။

သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး တိတ်ဆိတ်စွာဖြင့်ပင် မိမိခန္ဓာကိုယ်ကို ပြင်ဆင်ထိန်းညှိလိုက်သည်။

ဤအခွင့်အရေးကိုအသုံးပြုပြီး သူရရှိထားသောဒဏ်ရာများကိုကုသလိုက်နိုင်သဖြင့် ချက်ချင်းပင် ပြန်လည်သက်သာသွားခဲ့သည်။

တပြိုင်နက်တည်းမှာပင် နက်နဲသောဥပဒေသအမြောက်အမြားက ရန်ကျောက်ကဲစိတ်ထဲ ပြည့်လျှံဝင်ရောက်လာသည်။

သူ့အထက်ရှိကောင်းကင်က ဆက်လက်မြင့်တက်နေသည့်ပမာဖြစ်ပြီး သူကိုယ်တိုင်ကတော့ အောက်သို့ဆင်းသက်နေသည့်ပမာ ဖြစ်သည်။

မိုးနှင့်မြေကြား အကွာအဝေး တဖြည်းဖြည်း ပိုမိုကြီးမားလာသည်နှင့်အမျှ ရန်ကျောက်ကဲက သူကိုယ်တိုင် မျောက်မင်း’စွန်းဝူခုန်း’ အဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

ကောင်းကင်ထက်သို့ခုန်တက်ပြီး မြင့်မားသောတောင်တန်းများကို ကျော်လွန်သွားချင်သည့် ပြင်းပြသောဆန္ဒကို ခံစားလိုက်ရသည်။

သို့သော် ရန်ကျောက်ကဲ၏ စိတ်အခြေအနေက အေးချမ်းသောရေကန်တစ်ခုနှင့် ဆင်တူသည်။ သူ၏စိတ်က အသွင်ယူလိုက်ပြီး ကောင်းကင်ယံသို့ ခုန်တက်ချင်သည့်ဆန္ဒနှင့် လိုက်ပါသွားသည်။

သူ ခုန်တက်လိုက်သည်နှင့် မတူညီသော ဖြစ်စဉ်(၃)ခု ပြသလာသည်။

ကောင်းကင်ယံအစွန်အဖျားတွင် ဖြတ်သန်းစီးဆင်းနေသော ရှည်လျားသည့်မြစ်တစ်စင်းရှိသည်။ မြစ်၏မျက်နှာပြင်က တောက်ပလင်းလက်နေပြီး အဆုံးမရှိ စီးဆင်းနေလေသည်။

သို့သော် မြစ်၏တောက်ပမှုက ဝေဝါးနေသည်ဖြစ်ရာ အေးခဲနေသည့်ပမာ ထင်မှတ်ရသည်။ ထိုမြစ်က ထာဝရတည်မြဲမှုနှင့် ယာယီဖြစ်တည်မှု ရောယှက်နေခြင်းကို ပြသသည်။

မြစ်၏ အစနှင့်အဆုံးက မြင်ကွင်းမှပျောက်ကွယ်နေသည်။

အထက်သို့ကြည့်လျှင်အတိတ်ကိုမမြင်နိုင်သလို အောက်သို့ကြည့်လျှင်လည်း အနာဂတ်ကို မမြင်နိုင်ပေ။

ဤသည်မှာ ထာဝရအလင်းကောင်းကင်ကျမ်းစာ၏ နက်ရှိုင်းသော သဘောတရားဖြစ်သည်။

ရန်ကျောက်ကဲက ထာဝရအလင်းကောင်းကင်ကျမ်းစာကို အပြည့်အဝ နားလည်သဘောပေါက်ထားသူဖြစ်သည်။ ထို့ကြောင့်လည်း ချန်ချန်းဟွာကို ထိရောက်စွာ အပြစ်ပေးနိုင်ခဲ့ခြင်းပင်။

အချိန်ရေစီးကြောင်းကိုကျော်လွန်သည့်နေရာတွင် အနီရောင်နှင့်အဖြူရောင် အခိုးအငွေ့(၂)မျိုး ပေါင်းစည်းလျှက်ရှိသည်။

ထိုအခိုးအငွေ့များက ယင်နှင့်ယန်၏ လျှို့ဝှက်ချက် ၊ ပူနွေးခြင်းနှင့် အေးစက်ခြင်း ၊ လှုပ်ရှားခြင်းနှင့် တိတ်ဆိတ်ခြင်း ၊ ခိုင်မာခြင်းနှင့် အားနည်းခြင်းများကို ပြသသည်။

ကောင်းကင်ဖွင့်လှစ်ပြီး မြေကြီးထိုးခွင်းထွက်ပေါ်လာသည့်အလား ဖန်ဆင်းခြင်းမှ အသွင်ပြောင်းလဲမှုနိမိတ်လက္ခဏာများကို ဤဆက်နွယ်မှုများမှတစ်ဆင့် တွေ့မြင်နိုင်သည်။

ဤသည်က စန့်ချင်အဆက်အနွယ် “သွေးနီရောင်ကပ်ဘေးကျမ်းစာ” ၏ ထင်ရှားမှုဖြစ်သည်။

ခေတ်သစ်ဂန္ထဝင်ကျမ်းစာ (၅)စောင်တွင် လုန်ဟန့်ကပ်ဘေးဓားသိုင်းပြီးလျှင် ဒုတိယလိုက်သည့် ကျမ်းစာဖြစ်သည်။

ဤသည်က သွေးနီရောင်ကပ်ဘေးကျမ်းစာ၏ တာအိုကိုဖော်ပြပြီး ယွိချင်အဆက်အနွယ် ယင်ယန်ကောင်းကင်ကျမ်းစာနှင့် ထိုက်ချင်အဆက်အနွယ်၏ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းများနှင့် ဆင်တူမှုရှိသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ထျန်းစူးစကြာဝဠာသို့ ရွှေ့ပြောင်းပြီးနောက် ရန်ကျောက်ကဲက စန့်ချင်အဆက်အနွယ်များနှင့် ဤကျမ်းစာအကြောင်း ဆွေးနွေးခဲ့ဖူးသည်။

ချန်ချန်းဟွာကို ဖမ်းဆီးစဉ်က သူက ဤထိပ်တန်းသိုင်းပညာကို အသုံးပြုခဲ့သည်။

ယခု သူ၏နားလည်မှုများကို ပေါင်းစည်းလိုက်ရာ ဤကျမ်းစာအတွင်းမှ ဥပဒေသများက ပိုပြီးထင်ရှားလာသည်။

ပေါင်းစည်းနေသော အခိုးအငွေ့(၂)မျိုးအပြင်ဘက်တွင် ဗလာနယ်က မှော်ဆန်စွာပြောင်းလဲနေသည်။

ထိုအခိုးအငွေ့များကို ထိတွေ့နိုင်သည့်တိုင် တစ်ချိန်တည်းတွင် ထိတွေ့နိုင်ခြင်းလည်းမရှိပေ။ ဤသည်က အာရုံခံစားမှုများဖြင့် ဖော်ပြ၍မရသော နိမိတ်ပုံဖြစ်၏။

ဤသည်က ကောင်းကင်မဖွင့်လှစ်မီ ၊ မြေကြီးထိုးခွင်းထွက်ပေါ်လာခြင်းမရှိမီ စကြာဝဠာ၏ မူလအခြေအနေ ဖြစ်သည်။

ဤဖြစ်စဉ်က ထိုက်ချင်အဆက်အနွယ် “ရှန်းထျန်းဝူထိုက်” မှတစ်ခုဖြစ်သော “ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ” ပင် ဖြစ်လေ၏။

စန်းချင်း(၃)ပါးအဆက်အနွယ် ထိပ်တန်းသိုင်းပညာရပ်များက ရန်ကျောက်ကဲ၏စိတ်အစဉ် အထက်သို့ခုန်ပျံသွားခြင်းကို ထောက်ပံ့ပေးပြီး ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံထက်သို့ ရောက်ရှိသွားသည်။

သူ၏မျက်လုံးရှေ့တွင် သဏ္ဌန်မရှိသော တံခါးတစ်ချပ် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ အနည်းငယ်ပြုံးလိုက်သည်။

အစစ်အမှန်နတ်ဘုရားတစ်ပါးက အတိုင်းအဆမဲ့ကပ်ဘေးကို စိန်ခေါ်ပြီး ချီစွမ်းအား(၂)မျိုးပေါင်းစည်းခြင်း နက်ရှိုင်းနတ်ဘုရားအဆင့်သို့တက်ရောက်မည်ဆိုပါက သိုင်းပညာများအားလုံးကို ပြီးပြည့်စုံစွာပေါင်းစည်းရပြီး မရေမတွက်နိုင်သော အတားအဆီးများကိုလည်း ဖြတ်ကျော်ရသည်။

အရာအားလုံးပြီးမြောက်သွားမှသာ အတိုင်းအဆမဲ့ကပ်ဘေးကိုစိန်ခေါ်ရန် အရည်အချင်းရှိပေမည်။ မဟုတ်ပါက သူတို့အနေဖြင့် ကပ်ဘေးအောက်တွင် ပျက်ဆီးကြရမည်သာပင်။

လူအချို့အတွက် အတားအဆီးများ များပြားနိုင်ပြီး အချို့အတွက်မူ အနည်းငယ်သာ ရှိပေမည်။

ဥပမာ - ရန်ကျောက်ကဲအနေဖြင့် ချန်ချန်းဟွာ၏ကျင့်ကြံခြင်းကို မဖျက်ဆီးခဲ့ပါက အစစ်အမှန်နတ်ဘုရားအဆင့်တွင် အတားအဆီးတစ်ခုကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုအတားအဆီးကိုကျော်ဖြတ်ပြီးသည်နှင့် နတ်ရှိုင်းနတ်ဘုရားအဆင့်သို့ ယုံကြည်မှုရှိစွာ တက်ရောက်နိုင်ပေမည်။

ရန်တိကတော့ သူ၏ ဖန်ဆင်းခြင်းဓား၏ နက်နဲမှုက အလွန်ထူးခြားပြီး အတိတ်ကာလ သိုင်းပညာအများစုပင် သူနှင့်ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် သူက အစစ်အမှန်နတ်ဘုရားအဆင့်သို့ အခက်အခဲမရှိတက်ရောက်ခဲ့သလို့ နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းရန်လည်း အရည်အချင်းပြည့်မီခဲ့သည်။

“ငါ့မှာလည်း အတားအဆီးမရှိပါဘူး ၊ စန်းချင်း(၃)ပါးအဆက်အနွယ်သိုင်းပညာကို အပြည့်အဝနားလည်ဖို့ အချိန်နည်းနည်းလိုတာပဲရှိတာပါ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

ဝိညာဉ်စွမ်းအားက စတင်လည်ပတ်လာပြီး အဆက်မပြတ်ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။

လောကချီစွမ်းအားများက အဆုံးမရှိလှုပ်ရှားလာပြီး ရန်ကျောက်ကဲထံသို့ စုဝင်ပေါင်းစည်းလာသည်။

ထိုချီစွမ်းအားက အမတချီစွမ်းအား(၅)မျိုးထဲမှ တစ်မျိုးဖြစ်သော “ပြောင်းလဲခြင်းချီစွမ်းအား” ပင် ဖြစ်လေ၏။

ပြောင်းလဲခြင်းချီစွမ်းအားက သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့်အခါ သာမန်လည်ပတ်သွားခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်ထဲတွင် သိုဝှက်ထားသည့် နက်ရှိုင်းချီစွမ်းအားဖြင့် ပေါင်းစည်းသွားသည်။

အမတချီစွမ်းအား(၂)မျိုး ပေါင်းစည်းသွားသည်နှင့် ဖြည်းဖြည်းချင်း အရောင်မဲ့အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ အမတချွီမ်းအား(၂)မျိုး ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသော နတ်ဘုရားရောင်ဝါ ဖြစ်သည်။

ထိုနတ်ဘုရားရောင်ဝါက ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်အား စတင်သန့်စင်လိုက်ပြီး အတိုင်းအဆမဲ့ကပ်ဘေး အစပြုမှုကို ညွှန်ပြလိုက်သည်။

ဤကပ်ဘေးက အတွင်းမှ ပေါက်ထွက်လာသည့် ကပ်ဘေးမျိုးဖြစ်သည်။

အကယ်၍ ဤကပ်ဘေးကို မကျော်ဖြတ်နိုင်ပါက ရန်ကျောက်ကဲအနေဖြင့် မည်မျှ ပါရမီထူးချွန်သူဖြစ်ပါစေ ၊ မည်မျှထူးခြားပြီး သူရဲကောင်းဆန်သူဖြစ်ပါစေ “သေဆုံးခြင်း” ဆိုသည့် တစ်ခုတည်းသောရလဒ်ကသာ စောင့်ကြိုနေပေမည်။

သို့သော် ရန်ကျောက်ကဲအတွက်တော့ ဤအတားအဆီးက ညီညာသည့်မြေမျက်နှာသွင်ပြင်ပမာ ချောမွေ့လွန်းလှသည်။

သူက အစပိုင်းမှာပင် ခိုင်မာသောအခြေခံအုတ်မြစ်နှင့် ပြီးပြည့်စုံခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှတစ်ဆင့် ချီထျန်းမဟာသူတော်စင်၏ လောနိယာမတရားများကို နားလည်သဘောပေါက်သွားသည့်အခါ နောက်ဆုံး တာအိုကိုနားလည်ခြင်း ပြီးပြည့်စုံမှုသို့ ရောက်ရှိခဲ့သည်။

ထို့ကြောင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်စဉ် ယုံကြည်မှုတို့ဖြင့် ပြည့်နက်နေခဲ့သည်။

ပြသနေသော ဖြစ်စဉ်များအားလုံး ပြန်လည်ပျောက်ကွယ်သွားပြီး ဒြပ်စင်ငါးပါးတောင်ရှိရာ ရှုခင်ကို ပြန်လည်တွေ့မြင်လိုက်ရသည်။

ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်လိုက်ရာ သူ့ပတ်ပတ်လည်တွင် ရစ်ဝဲနေသည့် နက်ရှိုင်းချီစွမ်းအားနှင့် ပြောင်းလဲခြင်းချီစွမ်းအားတို့ ပေါင်းစည်းသွားသည်။

ထိုချီစွမ်းအား(၂)ခုက ခွဲခြားမရတော့ဘဲ အဆုံးမရှိ လည်ပတ်နေသည်။

ယခု ရန်ကျောက်ကဲသည် “ယိုစိမ့်ခြင်းမရှိ” ရုံသာမက တစ်လောကလုံးက “ငြိမ်သက်ခြင်း” အဖြစ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရလေသည်။

All Chapters