ယောက်ျားများကို ကိုယ်တွယ်သည့်နည်းလမ်း
Vol. 137 Ch. 1905
တစ္ဆေကြင်ယာတော်သည် သက်ပြင်းချလိုက်ပြီး ပြောလေသည် “ငါက ဘယ်လိုလုပ် မသိဘဲနေမလဲ.. ဒါပေမဲ့ သူက ဒူအာရဲ့တစ်ဦးတည်းသောသား၊ သူ့သွေးသားဆက်ခံသူလေ ဒူအာမရှိတော့ အဲကလေးကို သူ့အဖြစ်ကြည့်ပြီး တော့ပဲနေရတာ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာအာဏာရှိတယ်.. ဘယ်လိုမျိုးအသက် ကိုမဆို သူ့ကိုမပေးနိုင်စရာမရှိ သူ့ကို ဒီအတိုင်းပဲထားလိုက်ပါ”
အရင်ကဆိုလျှင် ယွိဟောက်၏ ဆံပင်တစ်မျှင်ကိုမှ မထိရဲကြသည်တော့ အမှန်ပင်။ သူ့နာမည်ကို ကြားလိုက်သူတိုင်းသည် ကြောက်ရွံ့ကြသည်။
မူလအစတွင် ဤကဲ့သို့ဘဝမျိုးသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ။ သူမကို လည်း မည်သူမှရန်မစရဲပေ။ သို့သော် ရုတ်တရက် ရှီမာယူယူပေါ်လာပြီးနောက် တွင် ပထမဆုံးကြိမ်အနေနှင့် ယခုလိုဆုံးရှုံးမှုကြီးကို ခံစားလိုက်ရသည်။
ယွိဟောက်သည် သူမအတွက် မည်မျှတန်ဖိုးရှိသည်ကို မြစ်ပြာသိသည်။ သူသည် ဘာမှမပြောတော့ဘဲ နောက်ဆုတ်ကာ ပြောလိုက်သည် “မိဖုရား ကောင်းကောင်းအနားယူပါ ကျွန်တော် သွားပြီး စီစဉ်စရာရှိတာတွေ သွားစီစဉ် လိုက်ပါဦးမယ်”
“သွားပါ မင်းမှာလည်း လုပ်စရာတွေများနေမှာပဲ” တစ္ဆေကြင်ယာတော် သည် သူ့ကို အားပျော့စွာပင် ပြုံးပြလိုက်သည်။ သူမ ခါတိုင်းရှိနေကျ ရက်စက် ပြီး လွှမ်းမိုးနိုင်တဲ့ ပုံစံတွေက ဘယ်ရောက်သွားတာလဲ။
မြစ်ပြာသည် သူမကို စူးစူးစိုက်စိုက်ကြည့်ပြီးနောက် နန်းတော်မှထွက် သွားလေသည်။
“မိဖုရား သခင်မြစ်ပြာက အရင်ကထက်ပိုပြီး ကြောက်စရာကောင်းလာ တယ်” ဟဲ့ရှန်း ပြောလိုက်သည်။
တစ္ဆေကြင်ယာတော်သည် သူမ၏ မျက်နှာမှ အပြုံးကိုထိတွေ့လိုက် သည်။ သူမ ခုနက အားနည်းပြီး ကျိုးပဲ့လွယ်တဲ့ပုံစံကို ပြလိုက်မိတာလား။
“ယောက်ျားတွေ.. အထူးသဖြင့် ကိုယ့်ကိုလေးစားတဲ့သူကို ကိုင်တွယ်ဖို့ဆို ရင် တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အားနည်းတဲ့ပုံလုပ်ဖို့လိုတယ်” သူမ ရယ် မောလိုက်သည် “မြစ်ပြာက အရည်အချင်းရှိပါတယ် အဲဒါသာ…”
ထိုနှစ်ကို စဉ်းစားမိလျှင် တစ္ဆေကြင်ယာတော်၏ မျက်လုံးများသည် မှေးမှိန်လာသည်။
သူမသာ နန်းတော်ကို မဝင်ခဲ့လျှင် သူမ၏ ဘဝသည် ကွဲပြားသွားမည်။
“မိဖုရား” ဟဲ့ရှန်းသည် သူမ၏ ငယ်စဉ်ကအပျိုတော်ဖြစ်ခဲ့သဖြင့် သူမ၏ အတွေးကိုသိသည်။ ထို့ကြောင့် သူမ၏ အသံထဲတွင် သောကပါနေသည်ကို သတိထားမိရာ ခေါ်လိုက်လေသည်။
“ဟုတ်ပြီ ငါ အနားယူလိုက်ဦးမယ်” တစ္ဆေကြင်ယာတော်သည် မျက်လုံး မှိတ်ပြီး ခံစားချက်များကို ဖုံးကွယ်လိုက်သည်။ ဟဲ့ရှန်းသည် အရိုအသေပြုပြီး နောက် အဆောင်ထဲမှ အပျိုတော်များနှင့်အတူ ထွက်သွားလေသည်။
ရှီမာယူယူသည် နန်းဆောင်ထဲမှ တစ္ဆေကြင်ယာတော်၏ အခြေအနေကို ကြားသည်။ ယွိရှီ ပုံမှန်အပြုအမူများ ပျောက်ရှကာ တက်ကြွနေသည်ကို ကြည့် ပြီး သူမလည်း ပြုံးမိသည်။
“မင်းတို့ပျော်မှတော့ ဒီနေ့ည အကုန်လုံးကို ဂုဏ်ပြုခိုင်းလိုက်ကြ.. ဒါပေမဲ့ တံခါးပိတ်ဖို့မမေ့ကြနဲ့ မဟုတ်ရင် အတင်းပြောစရာဖြစ်နေဦးမယ်”
“ဟုတ်ကဲ့ပါ ဒါဆိုရင် ကျွန်မ သွားစီစဉ်လိုက်ဦးမယ် ဒီနေ့ညတော့ ပွဲတော် လုပ်ရမှာပေါ့” ယွိရှီသည် ပြောပြီးနောက် ပျော်ရွှင်စွာ ထွက်သွားလေသည်။
ရှီမာယူယူသည် သူမကို ကြည့်ပြီး ပြုံးကာ ခေါင်းခါလိုက်သည်။ သူမ ခေါင်းပြန်လှည့်လာချိန်တွင် အနည်းငယ် ရှုပ်ထွေးနေသည့် တခြားအပျိုတော် လန်းယွင်ကိုမြင်သောအခါ မေးလိုက်သည် “ဘာဖြစ်လို့လဲ လန်းယွင် မပျော်ဘူး လား”
“မဟုတ်ပါဘူး မင်းသမီးလေး ဒီအစေခံမလေးက နည်းနည်းဝမ်းနည်းလို့ ပါ” လန်းယွင်သည် တရိုတသေ ပြန်ဖြေလေသည်။
“ဝမ်းနည်းတယ်ဟုတ်လား ဘာလို့လဲ” သူမ မျက်လုံးထဲမှ မျက်ရည်များ ကို မြင်သောအခါ ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အစေခံမလေးက အစ်ကိုကြီးကိုသွားသတိရလိုက်လို့ပါ.. သူသာ ဒီမှာ ရှိရင် မင်းသမီးလေး ဒီလောက်ကောင်းတာကို မြင်ရင်ပျော်မှာပါ”
“မင်းရဲ့အစ်ကိုဟုတ်လား သူကလည်း ငယ်ရွယ်ခြင်းနန်းတော်ကလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်ပါတယ် ဒါပေမဲ့ သူမရှိတော့ပါဘူး” လန်းယွင် ပြောလိုက်သည်။
“သူဆုံးသွားတာလား”
လန်းယွင် ခေါင်းခါလိုက်သည် “မင်းသမီး မတော်တဆမှုဖြစ်ပြီးတော့ အစ်ကိုနဲ့ လူတချို့က မင်းသမီးရှိတဲ့နေရာကိုရှာဖို့ နန်းတော်အပြင်ကို သွားကြ တယ် ဘာသတင်းမှလည်း ပြန်မကြားရသလို သူတို့နဲ့လည်း အဆက်အသွယ် ပြတ်သွားတယ်… သူတို့တွေမရှိတော့ဘူးလို့ ပြောကြတာပဲ”
“သူတို့ အသက်ကျောက်စိမ်းတွေရော ဘယ်မှာလဲ”
“ကျွန်မတို့က အစေခံတွေပါ အဲလိုမျိုး အရည်အသွေးမြင့်တဲ့ပစ္စည်းတွေ ဘာမှမရှိပါဘူး” လန်းယွင်သည် ဝမ်းနည်းစွာ ပြောလေသည်။
“အဆက်အသွယ်ပြတ်ရုံတင်ဆို သူတို့ သေတယ်လို့ မဆိုလိုပါဘူး.. ငါ ဝမ်းကွဲအစ်ကိုကို စုံစမ်းခိုင်းလိုက်မယ် မျှော်လင့်ချက်ရှိမှာပါ” ရှီမာယူယူ ပြော လိုက်သည်။
လန်းယွင်သည် ထိုစကားကြားသောအခါ ဒူးထောက်ပြီး ဦးညွှတ်ကာ မျက်ရည်များဖြင့် ပြောလိုက်သည် “ကျေးဇူးတင်ပါတယ် မင်းသမီးလေး ကျေးဇူးတင်ပါတယ် မင်းသမီး”
“ဟုတ်ပြီ မင်း မထရင် ဝမ်းကွဲအစ်ကိုကို မပြောပေးတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။
လန်းယွင်သည် ထိုနေရာတွင်ပင် အေးခဲသွားသည်။ ထို့နောက် ရှီမာယူယူ နောက်နေခြင်းမဟုတ်သည်ကို မြင်သည်နှင့် ချက်ချင်းထလေသည်။“”
“အရင်ဆုံး ဘာတွေဖြစ်ခဲ့တာလဲ ပြောပြ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းသမီး လူသားလောက,ကပြန်လာပြီးတော့ သူမက တစ်နေ့လုံး တစ်ညလုံးငိုခဲ့ပါတယ်.. အဲဒီအဖြစ်အပျက်ကို ကျွန်မတို့သိပြီးတော့ မင်းသမီးက အရှင့်ကိုသွားရှာမယ်လို့ ပြောသွားပြီးကတည်းက ပြန်မလာတော့တာပါ.. ကျွန်မတို့လည်း မင်းသမီးကို တစ်ချိန်လုံးရှာနေချင်ခဲ့တာပါ.. ဒါပေမဲ့ အဲတုန်းက ငယ်ရွယ်ခြင်းနန်းတော်ကနေ ထွက်သွားဖို့ တားမြစ်ထားတယ်.. အဲဒါကြောင့် ကျွန်မတို့လည်း ဘာမှစုံစမ်းလို့မရဘူး.. နောက်ကျတော့ ငယ်ရွယ်ခြင်းနန်း တော်ကို တင်းကြပ်မှုတွေ ဖြည်လျော့လိုက်တဲ့အခါမှာ မင်းသမီးတစ်ခုခုဖြစ်နေ ပြီဆိုတာကို သိလိုက်ရတယ်” လန်းယွင်သည် ထိုစဉ်က အဖြစ်ကို ပြောရင်းနှင့် မျက်ရည်များကျလာသည်။ သူမ၏ မိခင်သည် အဘိုးဖြစ်သူကို သွားရှာပြီး အသူရဲငရဲတွင် အချုပ်ခံလိုက်သည်ကို ရှီမာယူယူသိသည်။
“အဲတုန်းက မင်းသမီး အသတ်ခံလိုက်ရပြီလို့ တချို့တွေကပြောကြတယ် တချို့ကကျ မင်းသမီးက အဖမ်းခံလိုက်ရတယ်တဲ့.. နောက်ပိုင်းကျ အရှင်က ဘယ်သူ့ကိုမှ ဒီကိစ္စကို ဆွေးနွေးခွင့်မပေးတော့ဘူး… ကျွန်မတို့လည်း သတင်း တွေကိုမယုံကြဘူး.. ဒါပေမဲ့ အစ်ကိုကြီးက နန်းတော်ကနေ ထွက်သွားလိုက်ရင် တစ်ခုခုတော့ သိရမှာပဲလို့ထင်တယ်… နောက်ကျတော့ နန်းတော်ကနေ ထွက် ပြီးတာဝန်ထမ်းဆောင်ဖို့ရှိလာတယ် သူတို့လည်း လိုက်သွားဖို့ နည်းလမ်းရှာကြ ခဲ့ကြတာ.. နန်းတော်ကနေ ထွက်သွားပြီးတော့ မင်းသမီးရှိတဲ့နေရာကို သွားရှာ ကြတာပဲ အစတုန်းကတော့ သတင်းတွေ ပြန်လာသေးတယ် ဒါပေမဲ့ နှစ်တွေ နည်းနည်းလောက် ကြာသွားတော့ သူတို့ဆီက ဘာမှမကြားရတော့ဘူး” လန်းယွင် ပြောလေသည်။
“မင်းအတွက် ခက်ခဲမှာပဲ” မိခင်ဖြစ်သူ အချုပ်ခံရပြီးနောက် ငယ်ရွယ်ခြင်း နန်းတော်မှလူများ မည်မျှခက်ခဲခဲ့သည်ကို ရှီမာယူယူသည် တွေး၍ရသည်။ ဤ သို့အခြေအနေများကြားတွင် လန်းယွင်၏ အစ်ကိုကြီးသည် နည်းလမ်းရှာပြီး သူမ၏ မိခင်ဖြစ်သူကို လိုက်ရှာခဲ့သည်။ သူမ၏ မိခင်အပေါ်တွင် ထားရှိသည့် သူတို့၏ စိတ်သည် သက်သေဖြစ်နေသည်။
“အဲလောက် မခက်ခဲပါဘူး ဒါပေမဲ့ မင်းသမီးရှိတဲ့နေရာကို ရှာမတွေ့နိုင်ခဲ့ ကြဘူး” ရှီမာယူယူ ဝမ်းနည်းသွားမည်ကို စိုးသဖြင့် လန်းယွင်သည် သူမ မပြောသင့်ဟု ခံစားမိပြီး အမြန်ပင် ထပ်ပြောလိုက်သည် “မင်းသမီးလေး သူမ အဆင်ပြေမှာပါ”
“ငါသိပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အမေက အသက်ရှင်ပါသေး တယ်”
“တကယ်ကြီးလား” လန်းယွင်သည် မျက်ရည်များကို သုတ်လိုက်သည် “မင်းသမီးလေး မင်းသမီးဘယ်မှာရှိလဲဆိုတာ သိကြလား”
“သိတာက သိတာပဲ ဒါပေမဲ့ သိလည်းအသုံးမဝင်ဘူး.. ဒီအကြောင်းကို မစဉ်းစားနဲ့တော့ မင်းရဲ့အစ်ကိုအကြောင်း သတင်းရရ၍်ပြောမယ်.. ငါ သေချာ ပေါက် အမေ့ကိုကယ်ပြီး မင်းအစ်ကိုတို့ကိုလည်း ရှာပေးမယ်” ရှီမာယူယူ ပြော လိုက်သည်။
“ကျေးဇူးတင်ပါတယ် မင်းသမီးလေး..” လန်းယွိ၏ မျက်ရည်များမှာ ဘယ်သောအခါမှ မရပ်တန့်ပေ။ ယွိရှီပြန်ဝင်လာချိန်တွင်လည်း သူမ၏ မျက်ရည်များကျဆဲပင်ဖြစ်သည်။
ယွိရှီသည် သံသယဖြင့် မေးလေသည် “ဘာဖြစ်တာလဲ.. မင်းသမီးလေး လန်းယွိက စိတ်ဆိုးအောင် လုပ်မိလိုက်တာလား”
“မဟုတ်ဘူး ယွိရှီ မင်းရောက်လာတော့ သူမကို နှစ်သိမ့်ပေးလိုက်ပါဦး ငါ နန်းတော်အပြင်သွားလိုက်ဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းသမီးလေး အပြင်သွားချင်လို့လား”
“အင်း ဟုတ်တယ်လေ စစ်သူကြီးအိမ်တော်ကို သွားမလို့” ရှီမာယူယူ ပြောလိုက်သည်။
“ဒီအချိန်မှာ နန်းတော်ကနေ ထွက်ရင်အန္တရာယ်မများဘူးလား” ယွိရှီ သည် စိုးရိမ်နေကာ သူတို့ မပြင်ဆင်ရသေးခင်တွင် ရုတ်တရက် အပြင်ထွက်ရ ခြင်းအကြောင်းအရင်းကို သိချင်နေသည်။
“မဟုတ်ဘူး လင်းယူနဲ့ တခြားသူတွေကို ခေါ်သွားမှာ.. မင်းတို့ ညစာကို ဆက်ပြင်ထားနှင့်လိုက် ငါ အဲမတိုင်ခင်ပြန်လာမယ်” သူမ ပြောပြီးနောက် ဝူလင်းယူ၊ အရိပ်မည်းနှင့် ဟွမ်တို့ကိုရှာရန်ထွက်သွားပြီးနောက် သူတို့နှင့်အတူ နန်းတော်မှ ထွက်ခဲ့လိုက်သည်။
ယွိရှီ ထိုအရာကိုမြင်သောအခါ မတားတော့ပေ။ သူမ ထွက်သွားပြီး နောက် လန်းယွင်ကို မေးကြည့်သည်။
လန်းယွင်သည် ရှီမာယူယူ ပြောခဲ့သည့်စကားများကို ထပ်ပြောပြလိုက်ရာ ယွိရှီသည် အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။ လန်းယွင် သူမ၏ ပခုံးကို လာ ပုတ်မှာပင် သတိပြန်ဝင်လာသည် “ကျွန်မတို့က သခင်ကောင်းနှစ်ယောက် နောက်ကို လိုက်နေရတာပါ…”
အားလုံး အဆင်ပြေပြီး နောက်မကျစေရန်ကိုသာ သူတို့မျှော်လင့်ရတော့ မည်…