← Chapters

မိုမျိုးနွယ်မှ မတော်တဆမှု

Vol. 137 Ch. 1906

မိုမျိုးနွယ်မှ မတော်တဆမှု

Vol. 137 Ch. 1906

ရှီမာယူယူ၊ ဝူလင်းယူ၊ အရိပ်မည်းနှင့် ဟွမ်တို့သည် စစ်သူကြီးအိမ်တော် ဆီသို့သွားကြလေသည်။

အရိပ်မည်းနှင့် ဟွမ်ကို ဒိကျဲ့ တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် ဒိဝူနှင့်ဒီလျူတို့ဆီမှ အကြိမ်ပေါင်းများစွာ ကြားဖူးပြီးသားဖြစ်သည်။

“ဘာလို့ ရောက်လာတာလဲ” ဒိကျဲ့သည် သူမကို မေးသည်။

“အစ်ကို့ကို စုံစမ်းခိုင်းစရာရှိလို့” ရှီမာယူယူ ပြောလိုက်သည် “အလုပ်များ နေတာလား”

“အဲလောက်လည်း မဟုတ်ပါဘူး.. ငါ့ကို လုပ်ခိုင်းစရာရှိရင် လူလွှတ်ပြီး စကားပါးခိုင်းလိုက်ရင်ရတာပဲ” ဒိကျဲ့ ပြောလိုက်သည် “ပြောချင်တာရှိတယ် ဆိုတော့လည်း ထိုင်ပြီးစကားပြောကြတာပေါ့”

ရှီမာယူယူသည် သူတို့လေးယောက်နှင့်အတူ ထိုင်လိုက်သည်။ တစ္ဆေ သခင်သည် အရိပ်မည်းနှင့် ဟွမ်တို့ကိုကြည့်ကာ မေးလိုက်သည် “ဒီနှစ်ယောက် က မင်းသမီး ယန်ချန်းမြို့အပြင်မှာရှိတုန်းက ကာကွယ်ပေးတဲ့သူတွေလား.. သူတို့မှာ ထူးဆန်းတဲ့ခန္ဓာကိုယ်ရှိတယ်လို့ ကြားဖူးတယ် သူတို့က ဘယ်သူတွေ လဲမသိဘူး…”

“ဒါက..” ရှီမာယူယူသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူမ သူတို့ကို ခေါ်ထုတ်လာစဉ်က သူတို့မှာ အရှိန်အဝါနည်းနည်းသာရှိသဖြင့် သူတို့၏သရုပ်မှန်ကို လူအများသတိမထားမိကြပေ။

“ဘာမှ ဖုံးဖိနေဖို့မလိုပါဘူး” ဟွမ် ပြောလိုက်သည် “ကျွန်တော်တို့က မရဏာလောကကပါ… ကျွန်တော်တို့အရှင့်ရဲ့အမိန့်နဲ့ သခင်မလေးကို ကာကွယ်တာပါ”

“မရဏာလောက ဟုတ်လား”

“သခင်မလေးလား”

အခန်းထဲမှလူများသည် ရှီမာယူယူနှင့် အရိပ်မည်းတို့ကို တအံ့တဩ ကြည့်ကြသည်။

“မရဏာလောကက ဒဏ္ဍာရီထဲက နေရမလား” တစ္ဆေသခင်သည် မရဏာလောက အကြောင်းကို သိထားသည်။

“ကျွန်မ တစ္ဆေလောကကို မလာခင်တုန်းက မတော်တဆ မရဏာလော ကကိုရောက်သွားပြီး ဟေးဒီးစ်နဲ့သူတို့ကိုတွေ့ခဲ့တယ်.. အရိပ်မည်းနဲ့ ဟွမ်တို့က ထူးခြားတဲ့သရုပ်မှန်ရှိတော့ လျှို့ဝှက်ထားပေးကြပါ” ရှီမာယူယူ ပြောလိုက် သည်။

“ဟားဟား ဒါက ရှင်းဖို့လွယ်ပါတယ် သူတို့က မင်းရဲ့လုံခြုံရေးအတွက် ကာကွယ်ပေးနေမှတော့ ဘယ်သူ့ကိုမှမပြောဘူး မဟုတ်ရင် မင်းပဲ အခက်တွေ့ မှာ ဒါပေမဲ့ အဘိုးသိလား” ဒိကျဲ့ မေးလိုက်သည်။

မရဏာလောကမှ လူများ တစ္ဆေလောကတွင် ပေါ်လာသည်မှာ အရေး မကြီးသည့်ကိစ္စမဟုတ်ပေ။

“အဘိုးက သူတို့ကိုမြင်လိုက်တာနဲ့ သိပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက် သည်။

“အင်း ဒါဆိုလည်း ဟုတ်ပြီလေ.. ပြောဦး ငါ့ကိုဘာလို့လာရှာတာလဲ” ဒိကျဲ့ မေးလိုက်သည်။

“ဟင်း.. လူတချို့ရဲ့ တည်နေရာကို ရှာစေချင်လို့ပါ” ရှီမာဘူယူ ပြောပြီး နောက် ယွိခဲ့လော့ရှိသည့်နေရာကို ရှာရန်တပ်သားတချို့ နန်းတော်မှထွက်သွား သည့်အကြောင်းကို ပြောပြလိုက်သည်။ “အစ်ကို့လူတွေ နေရာတိုင်းမှာရှိတာ သိပါတယ် အဲဒါကြောင့် သူတို့ကိုရှာတွေ့နိုင်မလားလို့ပါ”

“သူတို့က ဒေါ်လေးကို အရမ်းသစ္စာရှိကြတယ်.. ဒါပေမဲ့ နှစ်တွေအများ ကြီး သတင်းမကြားဘူးဆိုတော့ ဒါကအရမ်းကို…” ဒိကျဲ့သည် ရှီမာယူယူကို ကြည့်ပြီး မျှော်လင့်ချက် ကြီးကြီးမားမားမထားရန် ပြောလိုက်သည်။

“ကျွန်မသိပါတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “သူတို့တွေသာ တကယ်သေသွားရင် အနည်းဆုံးတော့ လန်းယွင်တို့ လက်လျော့ပြီး ထပ် မစောင့်တော့တာပေါ့”

“ဟုတ်ပြီ ဒီကိစ္စကိုငါ့ကိုသာ အပ်ထားလိုက်တော့” ဒိကျဲ့သည် တည်တည် ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်သည်။ သူ၏အဒေါ်ဖြစ်သူကို စိတ်ရင်းနှင့် ဆက်ဆံပေး သူများအတွက်ဖြစ်သလို သူကာကွယ်ပေးချင်သည့်လူအတွက်လည်းဖြစ်နေ သည်။

“ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်ကို” ရှီမာယူယူသည် ကျေးဇူးတင် စကား ပြောလိုက်သည်။

“ငါတို့က မိသားစုတွေဆိုမှတော့ ဘာတွေယဉ်ကျေးနေတာလဲ” ဒိကျဲ့ သည် သူမ ကျေးဇူးတင်တာမျိုး အဖြစ်မခံပေ “ဒါနဲ့ မိုမျိုးနွယ်တော့ ပြဿနာ တွေရှုပ်နေတယ်”

“မိုမျိုးနွယ်က ပြဿနာဖြစ်တယ်ဟုတ်လား ဘာဖြစ်တာလဲ”

“အဲဒါတော့ ငါတို့လည်း မရှင်းဘူး၊ ဒီနှစ်တွေမှာ မိုယွိရဲ့ နေရာကို စုံစမ်း ‌တော့ သူ မိုမျိုးနွယ်ကို ပြန်သွားတာကြာပြီတဲ့” ဒိကျဲ့ ပြောလေသည် “ဒါပေမဲ့ မိုမျိုးနွယ်ရဲ့ သတင်းကလည်း စုံစမ်းဖို့မလွယ်ဘူး အဲဒါကြောင့် ဘာဖြစ်တာလဲ ကို မသိဘူး”

ရှီမာယူယူသည် မျက်ခုံးအသာကြုတ်လိုက်သည်။ မိုယွိသည် မျိုးနွယ်၏ ကိစ္စများကြောင့် ပြန်သွားသည်ဟု မိုကျိ တစ်ခါသူမကို ပြောပြဖူးသည်။ ပုံမှန် ဆိုလျှင် သူသည် ဂရုမစိုက်တတ်သဖြင့် မျိုးနွယ်တွင် ရှိခဲလှသည်။ အခု သူ မိုမျိုးနွယ်သို့ ပြန်သည်မှာ မိုမျိုးနွယ်တွင် တစ်ခုခုဖြစ်နေသည်ကို ညွှန်ပြနေ သည်။ ပေါ့သေးသေးကိစ္စတော့ ဖြစ်ဟန်မတူပေ။

ယန်ချန်းမြို့မှကိစ္စ မည်မျှပင် ကြီးစေကာမူ မိုယွိသည် သူမဆီသို့ ရောက် မလာသလို ဆက်လည်းမဆက်သွယ်လာပေ။ တစ်ခုခုဖြစ်နေသည်မှာတော့ သေချာနေသည်။

ဒိကျဲ့သည် သူမ စကားမပြောသည်ကို မြင်သောအခါ သူမကို မနှောင့် ယှက်တော့ဘဲ ခေါင်းငုံ့ပြီး စဉ်းစားနေလိုက်သည်။

ခဏကြာသောအခါ သူမ သူ့ကိုကြည့်လာသည် “မိုမျိုးနွယ်က ဘယ်မှာရှိ လဲဆိုတာ သိလား”

“မိုမျိုးနွယ်ကို သွားမလို့လား” ဒိကျဲ့ မေးလိုက်သည်။

“ကျွန်မ သွားပြီးကြည့်ချင်တယ်.. မိုမျိုးနွယ်ကို မရောက်ဖူးသလို သူတို့က လည်း မဖိတ်ဖူးဘူးဆိုပေမဲ့ ဒီတစ်ခါတော့ အကူအညီဖြစ်လိုဖြစ်ငြားသွားချင် တယ်” ရှီမာယူယူ ပြောလိုက်သည်။

မိုယွိနှင့် သူမတို့သည် လူသားလောကတွင် ရှိစဉ်က ဆက်ဆံရေးကောင်း ခဲ့ကြသည်။ သူသည် သူမကို သိုင်းကွက်များစွာ သင်ပေးခဲ့သည်။ တစ္ဆေလောက သို့ရောက်ပြီးနောက်တွင် သူမကို ကာကွယ်ရန် မိုကျိကို လွှတ်ပေးခဲ့သည်။ သူမ သည် ထိုဆက်ဆံရေးကို အမြဲတမ်းမှတ်မိသည်။ သည်တစ်ခေါက် မိုမျိုးနွယ်၏ ကိစ္စများမှာ မသေးနိုင်ပေ။ မဟုတ်လျှင် သူ့အကျင့်နှင့်ဆိုလျှင် မိုမျိုးနွယ်တွင် နေမည်မဟုတ်ပေ။ သူမသည် အားကြီးလှသည်မဟုတ်သော်လည်း သွားကြည့် လိုက်လျှင် အကူအညီပေးနိုင်သည့်အရာရှိနိုင်မည်။

ဒိကျဲ့သည် သူမ၏ ဆုံးဖြတ်ချက်ကို မအံ့ဩတော့ပေ။ သူ သူမကို နားလည်သလောက်ဆိုလျှင် ဤကိစ္စကို ဂရုမစိုက်သည်ကသာ ထူးဆန်းပေ မည်။

“တကယ်တော့ မိုမျိုးနွယ်ရဲ့ တည်နေရာကို သိတယ် ဒါပေမဲ့ အခု မြို့က နေထွက်သွားမယ်ဆိုရင် အရမ်းအန္တရာယ်များမယ်ထင်တယ်.. ပြီးတော့ ငါသာ အဘိုးဆိုရင် မင်းကိုထွက်ခွင့်ပေးမှာမဟုတ်ဘူး” ဒိကျဲ့ ပြောလိုက်သည်။

“အဘိုးက အမေ့ကိုမရှာစေချင်ရုံတင်ပါ.. တခြားနေရာကိုသွားရင် သိပ် ဂရုစိုက်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အင်း သူ မသွားစေချင်ရင် တော့ ပြန်မလာတာကောင်းတယ်”

ခြိမ်းခြောက်တာပဲ… အသေအချာကြီးကို ခြိမ်းခြောက်နေတာ… သို့သော် တစ္ဆေဘုရင်သည် သူမစကားကို နားထောင်လိမ့်မည်ဟု ဒိကျဲ့ သေချာနေသည်။

“တစ္ဆေကြင်ယာတော်ဘယ်မှာလဲ… မင်းကို နန်းတော်ထဲမှာထိမရရင် မင်း အင်ပါယာမြို့တော်ကနေ ထွက်သွားတာနဲ့ ပြဿနာတွေနဲ့လာရှာမှာပဲ” ဒိကျဲ့သည် အနည်းငယ် စိတ်ပူနေတုန်းပင်။

“စိတ်မပူနဲ့ လင်းယူတို့ ဘေးမှာရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“အင်း ဒါဆိုလည်း ကောင်းပြီလေ” ဒိကျဲ့သည် သူမကို မိုမျိုးနွယ်၏ တည် နေရာကို ပြောပြလိုက်သည် “ဝိညာဉ်နယ်မြေကလည်း အခုတလော မအေးချမ်း ဘူး.. အဲတော့ ငါ မင်းကို အဖော်လိုက်မပေးနိုင်တော့ဘူး ဘယ်လိုပဲဖြစ်ဖြစ် ဒိမျိုးနွယ်ရဲ့ တပ်နဲ့ဆက်သွယ်ဖို့နည်းလမ်း သိတယ်မလား.. တစ်ခုခုဆိုရင် သူတို့ ကို ဆက်သွယ်လိုက်.. ပြီးတော့ ဒါကိုယူသွားလိုက် ဒါနဲ့ဆိုရင် ဘယ်မြို့မှာမဆို တပ်ကိုသုံးလို့ရလိမ့်မယ်”

ရှီမာယူယူသည် ဒိကျဲ့ပေးလိုက်သော တံဆိပ်ပြားကိုယူပြီး ပြောလိုက် သည် “ဒီအတိုင်း မြို့စားဆီတိုက်ရိုက်သွားလို့မရဘူးလား”

“အင်း မင်းသား၊ နယ်စားနဲ့ မြို့စား ဘယ်ဟာဖြစ်ဖြစ် အဆင်ပြေပါတယ်” ဒိကျဲ့ ပြောလိုက်သည်။

“ဟုတ်ပြီ ကျေးဇူးပဲ ဝမ်းကွဲအစ်ကို” ရှီမာယူယူသည် ပြုံးပြီး တံဆိပ်ပြား ကို သိမ်းလိုက်သည် “လန်းယွိတို့ကိစ္စကိုတော့ သူတို့သတင်းရရင် ကျွန်မကို ပြောပေးပါ ကျေးဇူးပဲ”

“အင်း”

သူမ စိတ်တွင်တွေးထားသည်များရှိသဖြင့် ရှီမာယူယူသည် ခဏနှင့်ပင် နန်းတော်သို့ပြန်လေသည်။ ယွိရှီတို့သည် စားသောက်ဖွယ်ရာများပြင်ဆင်ထား သဖြင့် သူတို့နှင့် ဂုဏ်ပြုရန်ဆုံးဖြတ်ထားပြီး နောက်ရက်အနည်းငယ်ထိစောင့် ပြီးမှ တစ္ဆေဘုရင်ကို အသိပေးရမည်။

ညစာစားရင်း တစ်ဝက်တစ်ပျက်နှင့်ပင် ယွိရှီတို့သည် ရုတ်တရက် ဒူးထောက်ပြီး ရှီမာယူယူအား အရိုအသေပြုကြသည်။

ရှီမာယူယူသည် သူမခွက်ကို ကိုင်ထားရင်းနှင့် မေးလိုက်သည် “မင်းတို့ ဘာလုပ်ကြတာလဲ”

“မင်းသမီးလေး… မင်းသမီးလေးက လန်းယွိတို့ကိုရှာဖို့ စစ်သူကြီးဒိကို သွားရှာတာမှန်း ကျွန်တော်တို့ သိကြပါတယ် မင်းသမီးလေးက ကျွန်တော်တို့ အတွက် မင်းသားလေးကိုတောင် ရိုက်တယ်.. မင်းသမီးလေးရဲ့ ကြင်နာမှု အတွက်ဆိုရင် ကျွန်တော်တို့မှာရှိသမျှနဲ့ အကုန်ပေးဆပ်ပါ့မယ် ကျွန်တော်တို့ ပိုကြိုးစားပါ့မယ်” ယန်းဟွေ့သည် ဦးဆောင်ကာ ပြောလေသည်။

သူ၏ ဒဏ်ရာမှာပြင်းထန်သည်။ ရှီမာယူယူ ပေးသော ဆေးကြောင့်သာ မဟုတ်လျှင် သူ သည်လောက် မြန်မြန်သက်သာမည်မဟုတ်ပေ။ သူမ သူတို့ကို စိတ်ရင်းနှင့် ဆက်ဆံပေးသည်မှာ ထင်ရှားလွန်းသည်။

“ဟုတ်ပြီ စိတ်အေးအေးထားကြ.. ငါ မင်းတို့ကို အကြီးအကျယ်တွေ မလုပ်ခိုင်းပါဘူး.. အမေပြန်လာတာနဲ့ သူမက မင်းတို့ကိုမြင်ချင်မှာပဲလေ” ရှီမာယူယူသည် သူတို့ကိုထူလိုက်သည် “ပြီးတော့ ငါ နန်းတော်ထဲမှာ မရှိတုန်း ကို ငယ်ရွယ်ခြင်းနန်းတော်ကို ကာကွယ်ထားရမယ် ဟုတ်ပြီလား”

All Chapters