အဘိုးနဲ့ပိုရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ခြင်း
Vol. 137 Ch. 1907
ယွိရှီနှင့် တခြားသူများ အံ့ဩသွားကြသည် “မင်းသမီးလေး နန်းတော်က နေ ထွက်သွားချင်လို့လား”
“ဟုတ်တယ် လုပ်စရာရှိလို့ပါ” ရှီမာယူယူ ပြောလိုက်သည် “သိပ်မကြာပါ ဘူး ငယ်ရွယ်ခြင်းနန်းတော်ကို ဘယ်သူမှ ဖျက်ဆီးလို့မရအောင် စောင့်ရှောက် ပေးထားကြပါဦး”
“မင်းသမီးလေး ကျွန်တော်တို့ကို နောက်ကလိုက်ခွင့်ပြုပါ” ယန်းဟွေ့ ပြောလိုက်သည်။
“မဟုတ်သေးဘူး မင်းဒဏ်ရာက အရှင်းမပျောက်သေးဘူး.. ပြီးတော့ ငါ သွားမယ့်နေရာကလည်း လူအများကြီးခေါ်သွားဖို့ မသင့်တော်ဘူး”
“မင်းသမီးလေးက ဘယ်သွားမလို့လဲ” ယွိရှီ မေးလိုက်သည်။
“မိုမျိုးနွယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒီမှာ ဘေးကင်းပါတယ် စိတ်ပူဖို့မလိုပါဘူး”
“ဒါဆို မင်းသမီးလေး ပြန်လာမှာကို စောင့်နေပါမယ်” ယွိရှီနှင့် တခြားသူ များသည် ရှီမာယူယူ၏ ဆုံးဖြတ်ချက် ပြောင်းလဲမည်မဟုတ်သည်ကို သိသည်။ ဤအကျင့်သည် မင်းသမီးနှင့် အလွန်တူသည်။ သူမ သူတို့ကို ခေါ်မသွားရန် ဆုံးဖြတ်ပြီးဖြစ်သဖြင့် ခေါ်သွားမည်မဟုတ်ပေ။
“အင်း အိမ်ကိုပဲစောင့်ရှောက်ထားပြီး ငါပြန်လာတာစောင့်နေကြပါ” ရှီမာယူယူသည် ပြောရင်းနှင့် ခွက်ကိုမြှောက်လိုက်သည် “တခြားကိစ္စတွေကို မင်းတို့ စဉ်းစားဖို့မလိုပါဘူး လာခဲ့ကြ.. ဂုဏ်ပြုလိုက်ကြမယ်… ငါတို့ပျော်ရွှင် တာကို အောင်ပွဲခံကြတာပေါ့”
“ဟုတ်တယ်.. မင်းသမီးလေးကြောင့် တစ္ဆေကြင်ယာတော် ခံလိုက်ရတာ ငါတို့ ဂုဏ်ပြုသင့်တယ်”
“လာခဲ့ ဂုဏ်ပြုပါတယ်”
…..
နောက်နေ့မနက်ခင်းတွင် ရှီမာယူယူသည် တစ္ဆေဘုရင်အား လျှောက်ရန် သွားလိုက်သည်။
တစ္ဆေဘုရင်သည် အရင်ကပင် ကျင့်ကြံနေခဲ့သည်။ သို့သော် ရှီမာယူယူ ပြန်လာသောအခါ ဒိကျဲ့နှောင့်ယှက်ခဲ့သည်။ ထိုကိစ္စများကို ဖြေရှင်း ပြီးနောက် သူသည် ဆက်လက်ကျင့်ကြံနေသည်။ ရှီမာယူယူ မိုးကြိုးဘေးဒုက္ခကို လှုံ့ဆော် လိုက်သည့်အချိန်မှလွဲပြီး သူလုံးဝထွက်မလာပေ။
ရှီမာယူယူသည် တစ္ဆေဘုရင် ကျင့်ကြံသည့်နေရာကို ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒိကျဲ့ကို တားခဲ့သည့်နှစ်ယောက်ကို အပြင်တွင် စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ လျှောက်လာသည်ကို မြင် သောအခါ သူ အသာအယာဦးညွှတ်လေသည် “မင်းသမီးလေး”
“အဘိုး ကျင့်ကြံနေတာလား” ရှီမာယူယူ မေးလိုက်၏။
“ဟုတ်ပါတယ် သူက တံခါးပိတ်ကျင့်ကြံနေတာမဟုတ်တော့ သူ့ကိုရှာ ချင်တာဆိုရင် သတင်းပို့ပေးလို့ရပါတယ်” နှစ်ယောက်ထဲမှ တစ်ယောက်က ပြောလေသည်။
“ဒါဆို မင်းတို့ကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူသည် သူတို့နှစ် ယောက်ကို ပြုံးပြပြီး ရပ်စောင့်နေလိုက်သည်။
ထိုစကားပြောသူသည် လှည့်ဝင်သွားသည်။ နောက်တစ်ယောက်သည် ရှီမာယူယူကို တိတ်တဆိတ်ကြည့်ပြီး သူထင်ထားသည်နှင့် မတူသည့်ခံစားချက် ကိုရလိုက်သည်။
ဒီလောက်တောင် ပြဿနာတွေပတ်ရှာနေတဲ့လူက ဒီလိုမျိုး ဣန္ဒြေရှိတာ လား။
ခဏအကြာတွင် ဝင်သွားသည့်လူထွက်လာပြီး ရှီမာယူယူကို ပြောလိုက် သည် “မင်းသမီးလေး ကျေးဇူးပြုပြီး”
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် အသာခေါင်းညိတ်ကာ လိုက်ဝင် သွားလိုက်သည်။
အစောင့်သည် ရှီမာယူယူကို ခေါ်သွားပြီးနောက် ပြန်ထွက်လာကာ တံခါး ဝတွင် နောက်တစ်ယောက်နှင့်အတူ ဆက်ပြီးစောင့်ကြပ်နေလိုက်သည်။
“မင်းသမီးလေးက တကယ်ကိုမတူတာ”
“တကယ်ပဲ တခြားမင်းသား မင်းသမီးတွေနဲ့မတူဘူး”
“အဲဒါကြောင့် အရှင်က သူမကို ဒီလောက်ချစ်တာကိုး… တခြားသူတွေကို ကျ ဝင်ခွင့်မပြုဘူး သူမကိုပဲ ဝင်ခိုင်းတယ်”
“မင်းသမီးလေးရဲ့ အနာဂတ်ကတော့ အကန့်အသက်မရှိတော့ဘူး”
အစောက သူမ၏ အပြုအမူကိုကြည့်ပြီး အရင်လုပ်ခဲ့သည့် ကိစ္စများကို တွေးကြည့်လျှင် သူမသည် အမှောင်မင်းသမီးကို မရှုံးနိုင်သည့်လူဖြစ်သည်။
ရှီမာယူယူသည် တစ္ဆေဘုရင်၏ ကျင့်ကြံသည့်အခန်းသို့လာလိုက်သည်။ အခန်းမှာရှင်းလင်းပြီး များများစားစား အလှဆင်မထားပေ။ သူမ ဝင်သွားချိန် တွင် သူ ကျင့်ကြံသည့်သလ္လင်ပေါ်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
“အဘိုး” သူမ တရိုတသေ ဦးညွှတ်လိုက်သည်။
တစ္ဆေဘုရင်သည် သူမကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ခပ် မှေးမှေးသာဖြစ်သည် “ငါ့ကိုလာရှာတာ ဘာကိစ္စရှိလို့လဲ”
“အဘိုး ကျွန်မ နန်းတော်ကနေ ထွက်သွားချင်လို့ပါ” ရှီမာယူယူသည် လာရင်းကိစ္စကိုပင် တိုက်ရိုက်ပြောလိုက်သည်။
“ဘာလုပ်ဖို့သွားမှာလဲ”
“မိုမျိုးနွယ်မှာ ပြဿနာဖြစ်နေတယ်လို့ ဝမ်းကွဲအစ်ကို ပြောပါတယ်၊ ကျွန်မ ကိုယ်တိုင်သွားကြည့်ချင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည် “အဘိုး လည်း သိပါတယ် ကျွန်မနဲ့မိုယွိတို့က ဆက်ဆံရေးကောင်းပါတယ်.. သူတို့က လူသားလောကမှာတုန်းက ကျွန်မကို ကောင်းကောင်းဆက်ဆံပေးခဲ့ပြီး တစ္ဆေ လောကကိုရောက်တော့လည်း ကောင်းပေးခဲ့ပါတယ်.. အဲဒါကြောင့် ကျွန်မ လည်း သူတို့ကို ကြည့်ပေးတာ မှန်ပါလိမ့်မယ်… အခု သူတို့ ပြဿနာဖြစ်နေ တော့ ကူညီနိုင်တာရှိမလားလို့ သိချင်ရုံပါ”
“အခု မင်းက တစ္ဆေလောကရဲ့ မင်းသမီးဖြစ်နေပြီးတော့ မင်းကိုကိုယ်တိုင် ခေါ်လာတာကလည်း မင်းရဲ့လှုပ်ရှားမှုမှန်သမျှက ငါ့ကိုကိုယ်စားပြုနေတာကို သိရဲ့လား” တစ္ဆေဘုရင် ပြောလေသည်။
ရှီမာယူယူသည် တအံ့တဩ ခေါင်းမော့လာသည်။ သူမရဲ့ အဆင့်အတန်း ကဒီလောက် မြင့်တာလား။ သူမက တကယ်ပဲ တစ္ဆေဘုရင်ကို ကိုယ်စားပြုတာ လား။
သူမ၏ အံ့ဩနေသော မျက်လုံးများကို မြင်သောအခါ တစ္ဆေဘုရင် ရယ် မောလေသည် “ငါ ရတယ်လို့ပြောရင် ရတယ်ပဲ”
ရှီမာယူယူသည် နှုတ်ခမ်းကိုတွန့်လိုက်သည်။ သူမကို စ,နေတာမဟုတ် ဘူးလား။
မဟုတ်သေးဘူး။ သူမသည် သူ့ကို အလန့်တကြားကြည့်လိုက်သည်။ သူ ဘာဆိုလိုတာလဲ။
တစ္ဆေဘုရင်သည် ဘာမှမပြောဘဲ သူမကို ကြည့်ရုံကြည့်ပြီး သူမကို အလိုလိုနားလည်သွားစေသည်။
သူသည် သူမကို လုပ်ပိုင်ခွင့်အကုန်ပေးလိုက်သည်။
“အဘိုးပေးတဲ့ လုပ်ပိုင်ခွင့်တွေကိုသုံးပြီး မကောင်းတဲ့ကိစ္စတွေလုပ်မှာကို စိုးရိမ်တာမလား” သူမ မေးလိုက်သည်။
“အဲလိုဆိုရင်လည်း ဖြစ်ပါစေပေါ့” တစ္ဆေဘုရင် ရေရွတ်လိုက်သည်။ ရှီမာယူယူ နားမလည်သေးသည်ကို မြင်သောအခါ ပြောလိုက်သည် “သွားချင် ရင်လည်း လူထပ်ခေါ်သွားလိုက်ဦး”
“ကျွန်မက လူအများကြီးခေါ်သွားရတာ နေသားမကျပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုလည်း သူတို့ကို လျှို့ဝှက်နေခိုင်းလိုက်.. မသွားဘဲနေမှာလား လူ ခေါ်သွားမှာလား တစ်ခုပဲရွေး”
တစ္ဆေဘုရင် ထိုသို့ပြောသဖြင့် ခွင့်ပြုလိုက်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထွက်သွားချင်လျှင် သူမ ရွေးချယ်မှုလုပ်ရတော့မည်။
“ဒါဆိုလည်း သူတို့ကို နည်းနည်းလောက် ပုန်းနေခိုင်းပေးပါ ကျွန်မ ရှာ မတွေ့ပါစေနဲ့လို့ မဟုတ်ရင် အကုန်နှင်ထုတ်ပစ်မှာ” သူမသည်လည်း ညှိနှိုင်း လိုက်သည်။
အရင်က သူမ၏ ခန္ဓာကိုယ်လျှို့ဝှက်ချက်ကြောင့် သူစိမ်းများကို ခေါ်သွား လေ့မရှိခဲ့ကာ ယခုအချိန်တွင်တော့ အကျင့်လိုဖြစ်နေခြင်းပင်။
“ဟန့်ဖန်းနဲ့ ဟန့်ရှန်းက မင်းအတွက် အကုန်စီစဉ်ပေးပါလိမ့်မယ်” တစ္ဆေ ဘုရင်ပြောလိုက်သည်။
သူမသည် ဟန့်ဖန်းနှင့်ဟန့်ရှန်းတို့ကို မသိပေ။ သို့သော် သူမကို မနှောင့်ယှက်လျှင် မည်သူပင်ဖြစ်စေ အရေးမကြီးပေ။
“ဒါဆို ကျွန်မသွားပြီး ပြင်ဆင်လိုက်ပါဦးမယ်” ရှီမာယူယူ ပြောပြီးနောက် အရိုအသေပြုကာ လှည့်ထွက်သွားလေသည်။ သူမ တံခါးနားသို့ရောက်သည် နှင့် လှည့်ကာ ပြောလိုက်သည် “ဒီနေ့ကောင်းကင်စည်းမျဉ်းကို ပြည့်စုံအောင် မလုပ်နိုင်ဘူးဆိုရင် ဧကရာဇ်အဆင့်တက်ရင်တောင် ကောင်းကင်စည်းမျဉ်း အသိအမှတ်ပြုတာကို ရမှာမဟုတ်ဘူး… အဘိုး ဧကရာဇ်ဖြစ်ချင်ရင် နောက် နည်းလမ်းကိုရှာပါ”
သူမ ထွက်သွားသည်ကို တစ္ဆေဘုရင် ကြည့်နေခဲ့သည်။ သူမ ရုတ်တရက် ဤစကားမျိုးပြောလာမည်ဟု ထင်မထားသလို အနည်းငယ်လည်း ပျော်ရွှင် သွားစေသည်။
ပျော်ရွှင်မှု.. ဒီလိုခံစားချက်တွေ မခံစားရတာ ဘယ်လောက်တောင် ကြာ နေပြီလဲ။
“မင်းက ဘာကိုအကြံပြုချင်လဲ” တစ္ဆေဘုရင်မေးပြီးနောက် သူအပြော မှားသွားသည်ကို သူကိုယ်တိုင်ပင် ကြောင်သွားမိသည်။ သူ သူမကိုဘယ်လိုလုပ် ဒီလိုမေးမိတာလဲ။ ကောင်းကင်စည်းမျဉ်းမပြည့်စုံသည်ကို သူမ ရှာတွေ့သည် မှာတိုက်ဆိုင်သည်ဟု ထားတော့.. သူကိုယ်တိုင်ပင် မသိသေးခင်ပင် သူမ ဘာ ကိုတွေးမိနိုင်မှာလဲ။
သူငေးမောနေသည်ကို မြင်သည်နှင့် ရှီမာယူယူသည် ပြန်လာပြီး မျက်နှာ ချင်းဆိုင်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။
“ကောင်းကင်စည်းမျဉ်းက မပြည့်စုံသေးတာကို အဘိုးလည်း သိပါတယ်.. မဟုတ်ရင် နားလည်ဖို့အတွက်နဲ့ ဒီအတိုင်းကျင့်ကြံနေမှာမဟုတ်ဘဲ ဧကရာဇ် အဆင့်ကို ဖျက်ဖို့ တံခါးပိတ်ကျင့်ကြံပြီးတော့ စိန်ခေါ်မိမှာပဲ” ရှီမာယူယူသည် ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်သည်။ “တခြားနည်းလမ်းရှာဖို့ စဉ်းစားပြီးပြီ လား”
“ကောင်းကင်စည်းမျဉ်းက ပြောင်းလဲသွားတာ နှစ်ပေါင်းသောင်းချီပြီ.. နည်းလမ်းရှိတယ်ဆိုရင် ဘာလို့ဧကရာဇ်ပေါ်မလာသေးတာလဲ” တစ္ဆေဘုရင် သည် ဆန္ဒရှိသော်လည်း ထိုအချက်မှာ လက်တွေ့ဖြစ်သည်။
“အဒေါ်ဖန်က လျှို့ဝှက်နည်းနဲ့ ဧကရာဇ်အဆင့်ရောက်သွားပြီ ဒါပေမဲ့ သူမက ကောင်းကင်က အသိအမှတ်မပြုပေးတဲ့ ဧကရာဇ်ပဲရှိသေးတာ” ရှီမာယူယူ၏ စကားလုံးများသည် ဗုံးသဖွယ် တစ္ဆေဘုရင်၏ စိတ်ကို ဖောက်ခွဲ လိုက်သည်။
ဧကရာဇ်အဆင့်ကို တက်သွားတဲ့လူရှိတာလား။ ဒါဆိုရင် သူက…
ရှီမာယူယူသည် သူ စိတ်များပျာယာခတ်သွားသည်ကို လျစ်လျူရှုပြီး ဆက်ပြောလေသည် “အဘိုး အသက်ဇစ်မြစ်ဆိုတာကို သိလား”
“တကယ့်အသက်ဇစ်မြစ်က ကစဥ့်ကလျားကမ္ဘာမှာရှိတာ” တစ္ဆေဘုရင် ပြောလိုက်သည်။
“ဟုတ်ပါတယ် ကစဥ့်ကလျားကမ္ဘာက အသက်တွေကို ဖန်တီးတာပါ ဒါပေမဲ့ နောက်ဆုံးမှာ သက်ရှိတွေအကုန်လုံး ကစဥ့်ကလျားကမ္ဘာကနေ ထွက် သွားကြတယ်.. ဒါပေမဲ့ ကျွန်မထင်တာတော့ အသက်ဆိုတာက အဲဒီကနေ စတာဆိုရင် ပြောင်းလဲပစ်ဖို့အခွင့်အရေးလည်းရှိမှာပဲ”