မိုမြို့တော်
Vol. 137 Ch. 1908
ကစဥ့်ကလျားကမ္ဘာ… အဲဒီမှာ အခွင့်အရေးရှိနေတာလား။
ဘာကြောင့်မှန်းတော့ သူ မသိပေ။ သို့သော်သူမ ပြောလိုက်သည့် စကား ကို ကြားပြီးနောက် ဖြစ်နိုင်သည်ဟု သူတွေးမိသည်။ ထို့အပြင် ထိုနေရာတွင် အသက်များ စတင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်မထင်တာတော့ အဲဒီနေရာက သက်ရှိတွေကို ဖန်တီးနိုင်မှတော့ လက်ရှိအခြေအနေကိုလည်း ကူညီနိုင်မယ်ထင်တယ်” ရှီမာယူယူ ပြောလိုက် သည်။
“ဒါပေမဲ့ ကစဥ့်ကလျားကမ္ဘာကို ဘယ်သူမှမသွားကြတော့ဘူး” တစ္ဆေ ဘုရင် ပြောလေသည် “ငါဆိုရင်တောင် ကြားပဲကြားဖူးတာ မရောက်ဖူဘူး”
ရှီမာယူယူသည် ကျောက်စိမ်းပုလင်းတစ်လုံးထုတ်ပြီး တစ္ဆေဘုရင်ကို ပေး လိုက်သည် “အခုကစဥ့်ကလျားကမ္ဘာမှာ ဘာမှမရှိဘူး.. မြစ်ကထွက်တဲ့ မြူခိုး အဖြူတွေပဲရှိတယ်.. ဒါက မြစ်ထဲကရေပါ.. အကူအညီဖြစ်မယ့်ဟာဆိုရင်တော့ ဒါပဲဖြစ်မှာပါ”
“ဒါကို ဘယ်ကနေရတာလဲ သမီး ကစဥ့်ကလျားကမ္ဘာကို သွားခဲ့တာလား” တစ္ဆေဘုရင်သည် ကျောက်စိမ်းပုလင်းကိုယူလိုက်သော်လည်း အထဲကိုမကြည့် ဘဲ သူမကိုကြည့်ပြီး ရှုပ်ထွေးသောမျက်လုံးများဖြင့် မေးလေသည်။
“ကျွန်မ လူသားလောကမှာရှိတုန်းက ဝိညာဉ်က ကစဥ့်ကလျားကမ္ဘာကို တစ်ခါရောက်သွားဖူးတယ် ဒါပေမဲ့ လင်းယူကပြန်လာခေါ်ခဲ့တာ.. အဲဒါတွေ ဖြစ် ပြီးတော့ နောက်တစ်ခေါက်ပြန်ရောက်သွားခဲ့တယ်.. ဒါကို ပြီးခဲ့တဲ့ တစ်ခေါက် သွားတုန်းကယူလာတာပါ… စိတ်မပူပါနဲ့ ဘာမှမဖြစ်ခဲ့ပါဘူး ကြည့် ကျွန်မ အကောင်းအတိုင်း ပြန်ထွက်လာနိုင်တာပဲမလား အသုံးဝင်မလားဆိုတာ အဲဒါ ကို ကြည့်လိုက်ပါဦး”
တစ္ဆေဘုရင်သည် ကျောက်စိမ်းပုလင်းကို ကြည့်ပြီး သူမအား တအံ့တဩ ကြည့်လေသည် “ဒါက အဲဒီမြစ်ထဲကရေလား”
“ဟုတ်ပါတယ် မလောက်ဘူးဆိုရင် ထပ်ရှိသေးတယ်” ရှီမာယူယူ ပြော လိုက်သည်။
သူမပေးလိုက်သော ကျောက်စိမ်းပုလင်းမှာ သာမန်ကျောက်စိမ်းပုလင်း မဟုတ်ဘဲ မြစ်ငယ်တစ်စင်းစာလောက် ဝင်ဆန့်သည်။ သို့သော် ထိုပမာဏ သည် ဝိညာဉ်စေတီနှင့်ယှဉ်လျှင် မလုံလောက်ပေ။
သူမ မြစ်တစ်စင်းလုံးကို ရွေ့လာသလားဟု တစ္ဆေဘုရင် မေးချင်မိသည်။ သို့သော် သူ အောင့်ထားလိုက်သည်။ သူသည် မြစ်ရေအနည်းငယ် လောင်းထည့် လိုက်သည်နှင့် လက်ဖဝါးတွင် ထူးခြားသည့် အားတစ်ခုကိုခံစားမိလိုက်သည်။
“ဘယ်လိုလဲ အဘိုး ဒါအသုံးဝင်မယ်လို့ထင်လား” ရှီမာယူယူ မေးလိုက် သည်။
တစ္ဆေဘုရင်သည် အစက များများစားစားမမျှော်လင့်ထားပေ။ သို့သော် သူ့လက်ဖဝါးမှ စွမ်းအားကို စုပ်ယူပြီးနောက် သဘောကျစွာဖြင့် ပြုံးလိုက်သည်။
“အသုံးဝင်တယ် ငါ့ခန္ဓာကိုယ်ထဲမှာ အားပြောင်းလဲသွားတာကို ခံစားမိ လိုက်တယ်” တစ္ဆေဘုရင်သည် လက်ထဲမှကျောက်စိမ်းပုလင်းကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။ ရေအနည်းငယ်ကပင် ကွာခြားမှုကို ခံစားသွားစေသည်။ သူ သာ အကုန်အသုံးပြုလိုက်ပါက အကူအညီဖြစ်နိုင် မဖြစ်နိုင်ကို သိချင်သည်။
ထို့အပြင် ခန္ဓာကိုယ်ထဲမှ ကောင်းကင်စည်းမျဉ်းသည် အနည်းငယ် ပြောင်းလဲလာသည့်ပုံပင်။
ရှီမာယူယူသည် လက်ခုပ်တီးလိုက်သည် “ဒါဆို အဘိုးဒါကို သေချာ လေ့လာလိုက်ပါဦး ကျွန်မမနှောင့်ယှက်တော့ဘူး”
သူမသည် ထိုကိစ္စများကို မသိသောကြောင့် နေနေလျှင်လည်း အသုံးမဝင် နိုင်ပေ။ ထို့အပြင် တစ္ဆေဘုရင်သည် တစ္ဆေလောက၏ ဧကရာဇ်တစ်ပါးဖြစ်ရာ သူမထက် အသိကြွယ်သည်။ သူပင်လျှင် မြင်အောင်မကြည့်နိုင်လျှင် သူမ သိ မည်မဟုတ်ပေ။
“ဟုတ်ပြီ” တစ္ဆေဘုရင်သည် သူမကို မတားပေ။ သူသည် ဆက်လေ့လာရ ဦးမည်ဖြစ်သည်။
ရှီမာယူယူသည် နန်းဆာင်သို့ပြန်လာပြီး ဝူလင်းယူ၊ အရိပ်မည်းနှင့် ဟွမ် တို့ကိုထွက်သွားရန် ပြင်ခိုင်းသည်။ ထိုအချိန်တွင် အစောင့်နှစ်ယောက်သည် ငယ်ရွယ်ခြင်းနန်းတော်သို့ ရောက်လာသည်။
“ဟန့်ဖန်းနဲ့ ဟန့်ရှန်းတို့က မင်းသမီးလေးကို သတင်းပို့ဖို့လာတာပါ” သူတို့ နှစ်ယောက်သည် အတူတကွ အရိုအေသပြုလေသည်။
“ဟန့်ဖန်းနဲ့ ဟန့်ရှန်းဆိုတာ မင်းတို့နှစ်ယောက်ကိုး” ရှီမာယူယူ ပြော လိုက်သည် “ငါတောင်းဆိုထားတာကို သိလား”
“အရှင်က ကျွန်တော်တို့ကို ပြောပြီးပါပြီ” ဟန့်ရှန်းပြောလိုက်သည် “ကျွန်တော်တို့ လူတွေနဲ့ အဝေးကနေပဲလိုက်ပါ့မယ်.. ကျွန်တော်တို့ မင်းသမီး လေးကို မနှောင့်ယှက်ပါဘူး စိတ်ချပါ”
“ကောင်းတယ်”
“ဒါပေမဲ့ ကျွန်တော်တို့ မင်းသမီးလေးရဲ့ ရောင်ဝါလိုပါတယ်” ဟန့်ဖန်း ပြောပြီးနောက်တွင် ရှီမာယူယူဆီသို့လာပြီး သူမ၏ပခုံးကို ပုတ်လေသည်။ အဖြူရောင်အငွေ့လေးတစ်ခုသည် သူမခန္ဓာကိုယ်မှထွက်လာပြီး ဟန့်ဖန်း၏ လက်ထဲသို့ ကျလာလေသည်။
ရှီမာယူယူသည် ခန္ဓာကိုယ်အတွင်း မသက်မသာမဖြစ်သဖြင့် ဘာမှမပြော တော့ပေ။
“ဒါက မင်းသမီးလေးရဲ့ ရောင်ဝါသက်သက်ပါပဲ ခန္ဓာကိုယ်ကို ထိခိုက်မိ မှာမဟုတ်ပါဘူး ပြီးတော့ ဒါနဲ့ ကျွန်တော်တို့နဲ့ ဆက်သွယ်လို့ရပါတယ်” ဟန့်ဖန်းသည် သူမအား အသံကျောက်တုံးပေးလိုက်သည်။
ရှီမာယူယူသည် သိမ်းလိုက်ပြီးနောက် စဉ်းစားကာ နီရဲပျားတချို့ကို ထုတ် လိုက်သည် “မင်းတို့လည်း ဒါယူထားလိုက်”
ဟန့်ဖန်းသည် နီရဲပျားများကိုယူလိုက်ပြီး သူတို့ ဆက်သွယ်လို့ရမည့် သူမ၏ စာချုပ်သားရဲများဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့ ထွက်လာပြီး လေဝဲယက်ဆီသို့ လျှောက်သွား လေသည်။ ဟန့်ရှန်း ပြောလိုက်သည် “သွားကြမယ်”
ဟန့်ဖန်းသည် သူ့အားကြည့်ပြီး ပြောလေသည် “အရှင့်ကို အရင်သွားရှာ ကြမယ်”
‘အရှင့်နောက်ကို လိုက်မှာမှမဟုတ်တာ ဘာလို့ ပြန်သွားဦးမှာလဲ’ဟု ဟန့်ရှန်း ပြောချင်သည်။ သို့သော် သူ၏ ထည်ဝါသောမျက်နှာအမူအရာကို မြင် လိုက်သောအခါ ဘာမှမပြောဘဲ တစ္ဆေဘုရင် ကျင့်ကြံသည့် နေရာသို့ ပြန်ကြ လေသည်။
တစ္ဆေဘုရင်သည် သူတို့ကိုတွေ့သည်နှင့် မေးလေသည် “ဘာကိစ္စလဲ”
“အရှင်.. မင်းသမီးလေးက… ဝိညာဉ်ခန္ဓာကိုယ်ဖြစ်နေတယ်ဆိုတာ သိ လား” ဟန့်ဖန်း၏ စကားများသည် ဟန့်ရှန်းကို နေရာတွင်ပင် အေးခဲသွားစေ သည်။
“အဲဒါကြောင့် မင်းတို့နှစ်ယောက်ကို အဖွဲ့လိုက်သွားခိုင်းတာ.. သူမက ဝိညာဉ်ခန္ဓာကိုယ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ တစ္ဆေမျိုးနွယ်ရဲ့ မင်းသမီးတစ်ပါးပဲ ဒါကိုမှတ်ထား” တစ္ဆေဘုရင်သည် တည်တံ့စွာပင် ကြေညာ လေသည်။
“ဟုတ်ကဲ့ပါ” တစ္ဆေဘုရင် သိထားသည်မှာကြာပြီဟု ဟန့်ဖန်း သိလိုက် လေပြီ။
တစ္ဆေဘုရင်သည် ဟန့်ဖန်းနှင့် ဟန့်ရှန်းတို့ ထွက်သွားသည်ကို ကြည့်ပြီး ကစဥ့်ကလျားရေကို ထပ်လေ့လာလေသည်။
ရှီမာယူယူ နန်းတော်မှ ထွက်သွားသည့်အကြောင်းကို သိသူမများလှပေ။ တစ္ဆေကြင်ယာတော် သိသည့်အချိန်တွင် သူမ ထွက်သွားသည်မှာ ကြာနေပြီ ဖြစ်သည်။ ပထမအခွင့်အရေးကို လွတ်သွားကာ သူမသွားသည့်နေရာကိုလည်း မသိသဖြင့် သတင်းစောင့်ရန်သာ တတ်နိုင်တော့သည်။
လတစ်ဝက်ကြာပြီးနောက် ရှီမာယူယူသည် တိုးတက်လှသော မြို့ကြီး တစ်မြို့ဆီသို့ ရောက်လာသည်။ သူတို့သည် လူကိုမရှာဘဲ တည်းခိုရန် တည်းခို ဆောင်ကို အရင်ရှာကြသည်။
ရှီမာယူယူသည် အခန်းတံခါးကိုဖွင့်လိုက်သည်။ ကပ်လျက်လမ်းပေါ်တွင် လမ်းသွားလမ်းလာများ မများလှပေ။
ဝူလင်းယူသည် သူမအနောက်မှရောက်လာပြီး ဖက်ကာ သူမ၏ ပခုံးပေါ် သို့မေးတင်ပြီးပြောလေသည် “ကြည့်ရတာ မိုမျိုးနွယ်တော့ တစ်ခုခုဖြစ်နေတဲ့ပုံ ပဲ”
“အင်း ဝမ်းကွဲအစ်ကိုပြောသလိုဆိုရင် ဒီမိုမြို့တော်က အရမ်းတိုးတက် တယ်.. ဒါပေမဲ့ အခု လမ်းပေါ်မှာလူတောင်မများဘူး.. ဆိုင်တွေလည်း ပိတ်ထား ပြီး ဧည့်သည်တောင် လက်မခံဘူး” ရှီမာယူယူ ခွဲခြမ်းစိတ်ဖြာလေသည် “သူတို့တွေ မျိုးနွယ်ကို ပြန်ကုန်ကြတာထင်တယ်.. ဒီတစ်ခါ မိုမျိုးနွယ်လည်း ပြဿနာတော်တော်ဖြစ်နေတဲ့ပုံပဲ”
“ကိုယ်တို့ ဘယ်အချိန်သွားကြမလဲ” ဝူလင်းယူ မေးလိုက်သည်။
“မနက်ဖြန် ခရီးအရှည်ကြီးထွက်လာရတော့ အကုန်လုံး ပင်ပန်းနေကြပြီ အစ်ကိုတစ်ယောက်ပဲ ကောင်းကောင်းအနားယူပြီး မျက်နှာကမသိသာနေတာ” ရှီမာယူယူ ပြောလိုက်သည် “တစ်ခုခုသိရမလားလို့ နီရဲပျားတွေကိုလည်း လွှတ် ထားတယ်”
ကံမကောင်းစွာပင် နီရဲပျားများသည် အောင်မြင်မှုမရှိဘဲ ပြန်လာသည်။
ရှီမာယူယူသည်လည်း စိတ်မပျက်ပေ။ မိုမျိုးနွယ်ကဲ့သို့ မိသားစုကြီးတစ်စု သည် တစ်စုံတစ်ရာကိုဖုံးကွယ်ထားချင်ပါက အပြင်လူများသည် သေချာပေါက် ရှာတွေ့နိုင်မည်မဟုတ်ပေ။
သူတို့သည် မြို့ထဲရှိ အကြီးဆုံးဆိုင်ကိုသွားကာ ရောက်လာသော ဆိုင်ဝန်ထမ်းကို ပြောလိုက်သည် “မင်းတို့ ဆိုင်တာဝန်ခံနဲ့တွေ့ချင်ပါတယ်”
“ဧည့်သည်တော်တို့ တောင်းပန်ပါတယ် ကျွန်တော်တို့ ဆိုင်တာဝန်ခံက အခုအလုပ်များနေပါတယ် ဧည့်သည်တွေ့ဖို့ အဆင်မပြေပါဘူး” ဆိုင်ဝန်ထမ်းမှ အားတုံ့အားနာပြောလေသည် “တစ်ခုခုဝယ်ချင်တာရှိရင် ကျွန်တော် မိတ်ဆက် ပေးလို့ရပါတယ်”
“ငါ ဘာမှမဝယ်ဘူး” ရှီမာယူယူသည် တံဆိပ်ပြားထုတ်ကာ သူ့ကို ပေး လိုက်သည်။
ဆိုင်ဝန်ထမ်းသည် တံဆိပ်ပြားကိုမြင်သောအခါ မျက်နှာအမူအရာ ချက်ချင်းပင် ပြောင်းသွားသည်။ သူသည် တံဆိပ်ပြားယူပြီး ပြောလေသည် “အားလုံးပဲ ခဏလောက်စောင့်ပေးပါ ကျွန်တော် ဆိုင်တာဝန်ခံကို သွားပြော လိုက်ပါမယ်”
ပြီးနောက် သူသည် ဘေးတံခါးမှထွက်ပြီး ခြံဝန်းအနောက်သို့ သွားလေ သည်။ အတန်ကြာမှပင် သူ ပြန်လာသည်။ သူသည် တံဆိပ်ပြားကိုပြန်ပေးပြီး ပြောလေသည် “ဆိုင်တာဝန်ခံက ဧည့်သည်တွေ့နေပါတယ် ဒါပေမဲ့ ဒီက ဧည့်သည်တော်တို့ကိုလည်း ဖိတ်လိုက်ပါတယ် ကျွန်တော်နဲ့လိုက်ခဲ့ပါ”
သူတို့လေးယောက်သည် ဆိုင်ဝန်ထမ်းနောက်မှလိုက်ပြီး ခြံဝန်းနောက်သို့ သွားကာ ဧည့်ခန်းသို့သွားလိုက်သည်။ သူတို့သည် ဧည့်ခန်းတွင်ထိုင်နေသော လူကိုမြင်လိုက်ချိန်တွင် အံ့ဩသွားလေသည် “ရှင်ကိုး”