← Chapters

အကောင်းမမြင်နိုင်ခြင်း

Vol. 137 Ch. 1910

အကောင်းမမြင်နိုင်ခြင်း

Vol. 137 Ch. 1910

အေးစက်သောလက်တစ်စုံသည် သူ့နဖူးကို လာထိနေပြီး ရင်းနှီးသော အသံကိုကြားလိုက်သည် “ကဲ.. အဖျားလည်းကျသွားပြီဆိုတော့ အဆိပ်ပြေသွား ပြီလို့ ဆိုလိုတာပဲ”

“ယူယူလား” မိုကျိသည် ခေါ်လိုက်သည်။ သူ့အသံမှာအက်ကွဲနေသည်။

“စကားမပြောနဲ့ ဒါအရင်စားလိုက်” ရှီမာယူယူ၏ အသံသည် မသဲမကွဲ ဖြစ်နေကာ သူ့အတွက် အိပ်မက်သဖွယ်ဖြစ်သည်။

ဆေးတစ်လုံးသည် သူ့ပါးစပ်ထဲရောက်လာပြီး ဝင်သွားသည်နှင့် အရည် ပျော်သွားလေသည်။ တစ်ခါတည်းနှင့် ခေါင်းကြည်သွားသည်ကို ခံစားမိပြီး ခံတွင်းမှာလည်း အတော်သက်တောင့်သက်သာဖြစ်သွားသည်။

သူသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမသည် ငွေအပ်ထုတ်ပြီး သူ့ ခန္ဓာကိုယ်ကို စိုက်လိုက်ပြီးနောက် ပြောလိုက်သည် “ရှင် အဆိပ်မိထားတာ ကျွန်မ အဆိပ်ဖြေပေးထားတယ်.. တကယ်လို့ မသိတာရှိရင် ကျွန်မကိုမေးပါ”

မိုကျိသည် မျက်တောင်ခတ်ကာ သူမ အလုပ်လုပ်နေသည်ကို နှုတ်ဆိတ် စွာပင် ကြည့်လေသည်။ သူမ ငွေအပ်များပြန်ထုတ်ပြီးသည်နှင့် သူ့ကိုစောင့် ခြုံ ပေးလိုက်သည်။

“လင်းယူ အခု သူတို့ကို အသိပေးလိုက်တော့” သူမသည် ပြောပြီးနောက် ခေါင်းလှည့်လိုက်သည်။

ထိုအခါမှပင် အိပ်ရာအဆုံးတွင် ဝူလင်းယူရပ်နေသည်ကို မိုကျိ သတိထား မိတော့သည်။

ဝူလင်းယူသည် ဝိညာဉ်အတားအဆီးကို ဖယ်ရှားလိုက်သည်။ သို့သော် သူ တံခါးမဖွင့်ခင်မှာပင် မိုလိနှင့်တခြားသူများသည် တံခါးဖွင့်ပြီး ဝင်လာသည်။

“မင်းသမီးလေး ဘယ်လိုနေလဲ” မိုကျိ၏မိခင် ယွင်ရှောင်သည် ဝင်လာ  သည်နှင့် မေးလေသည်။

“အဆိပ်ကိုတော့ ဖြေပြီးသွားပြီ.. အခု ပြဿနာကြီးကြီးမားမားမရှိတော့ ပါဘူး၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ နှစ်က သူ့အသက်ကို ဆေးနဲ့ဆက်လာတော့ အခုချိန်မှာ အားနည်းနေသေးတယ်… နလန်ထူဖို့ အချိန်ယူပြီးမှ လုံးဝပြန်ကောင်းလာလိမ့် မယ်”

“ကျေးဇူးတင်ပါတယ် မင်းသမီးလေး… မင်းသမီးကြောင့်သာမဟုတ်ရင် ကျိအာတော့ ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး” ယွင်ရှောင်သည် သူမအား ကျေးဇူး တင်စွာဖြင့် ပြောလေသည်။

“ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူး အဒေါ်၊မိုကျိက ကျွန်မသူငယ်ချင်း ပဲလေ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းသမီးက ဘိုးဘေးကြီးရဲ့ဆရာပဲ ပြီးတော့ မင်းသမီးလည်းဖြစ်နေ သေးတယ် ဘယ်လိုလုပ် အဒေါ်လို့ခေါ်တာလဲ… ဒီအတိုင်းပဲ ယွင်ရှောင်လို့ခေါ် ပါ”

“ဟုတ်တယ် ဝါကိုတော့ ရောချလို့မရဘူးလေ” မိုလိသည်လည်း ပြန်ပြော လေသည်။

“ကဲပါ မိုယွိက အိုနေပြီ သူ့ကိုဂရုစိုက်နေဖို့မလိုပါဘူး” ရှီမာယူယူ ပြော လိုက်သည် “ဒီလိုပဲလုပ်ကြတာပေါ့ သူစိတ်ထဲထားမှာမဟုတ်ပါဘူး”

“ဒါက…”

“မင်းသမီးလေးက ဒီလိုပြောမှတော့ အဲလိုပဲလုပ်ကြတာပေါ့” မိုကျယ် သည် ပြောပြီးသည်နှင့် အိပ်ရာဘေးသို့ရောက်လာသည်။ မိုကျိ နိုးလာပြီး အသားအရေကောင်းသည်ကို မြင်သောအခါ အဆိပ်ပြေသွားသည်ကို သိလိုက် သည်။

“အဘိုး” မိုကျိသည် တိုးညင်းစွာခေါ်လိုက်သည်။ သူ့အသံသည် အရင်က ထက်ပိုကောင်းလာသည်။

“နိုးလာတာကောင်းတယ်” မိုကျယ်သည် သူ့လက်ကို ပုတ်လေသည် “အဘိုးက မင်းအတွက် ရန်ငြိုးကိုပြန်ဆပ်ပေးမယ်”

“အဘိုးမို… မိုကျိက အခုမှနိုးလာတာ များများအနားယူပြီး စကားသိပ် မပြောတာကောင်းမယ်… ခဏပဲစကားပြောလို့ရပါမယ် သူအနားယူရဦးမှာပါ ကျွန်မတော့ သွားပြီးအနားယူလိုက်ပါဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ် မင်းသမီးလေး” မိုကျယ်နှင့် တခြားသူ များသည် မတ်တတ်ထကာ အရိုအသေပြုကြသည်။ သူမ ခေါင်းညိတ်ကာ ဝူလင်းယူနှင့်အတူ မိုကျိ၏အိပ်ခန်းမှ ထွက်လာခဲ့လိုက်သည်။

ရှီမာယူယူ မိုကျိ၏ခြံဝန်းနှင့် ဘေးကပ်လျက်ဖြစ်သော သူမ၏အခန်းသို့ ရောက်သည်နှင့် သူမ မပျော်မရွှင်ဖြစ်နေသည်ကို ဝူလင်းယူမြင်သောအခါ မျက်ခုံးများ ပင့်သပ်လေသည် “လူသားလောကအကြောင်း စဉ်းစားနေတာလား”

“ဒီအဆိပ်ကို ရှီချန်းရှီဖော်စပ်ထားတာပဲ တစ္ဆေလောကမှာ တွေ့ရမယ်လို့ ထင်မထားဘူး.. သူက အခုထိပ်တန်းတောင်ကြားမှာပဲ.. အဲတော့ သူ တစ္ဆေ လောကနဲ့ ပတ်သက်မှုရှိလို့မဖြစ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“တစ္ဆေမျိုးနွယ်နဲ့ ပတ်သက်နေတယ်လို့ စိုးရိမ်နေရင်လည်း မိုယွိရဲ့ မိသားစုကို ဒီအတိုင်းပဲ ဘာလို့မမေးတာလဲ” ဝူလင်းယူ ပြောလိုက်သည်။

“နောက်မှပဲမေးလိုက်တော့မယ် ပြီးခဲ့တဲ့ရက်တွေက ဆေးလေ့လာနေရ တာနဲ့ ပင်ပန်းနေပြီ.. အခု မိုကျိလည်းနိုးလာပြီ သူတို့တွေအကုန်လုံး သူ့ကိုပဲ စိတ်ပူနေကြမယ်ထင်တယ်… နေ့တစ်ဝက်လောက်နားပြီးမှ မိုယွိကို သွားမေး လိုက်တော့မယ်”

“ဟုတ်ပြီလေ အတူသွားပြီးနားကြတာပေါ့” ဝူလင်းယူသည် လေးနက်စွာ ပင် ခေါင်းညိတ်လိုက်သည်။

“….”

သူမ အနားယူတော့မှာကို ဘယ်လိုလုပ် နှစ်ယောက်လုံးနားမယ်ဖြစ်သွား တာလဲ။

ဝူလင်းယူသည် နူးညံ့စွာ ပြုံးလိုက်သည် “ပြီးခဲ့တဲ့ရက်တွေမှာ ကိုယ်လည်း မင်းကို အဖော်ပြုရလို့ ပင်ပန်းနေပြီ.. လာလေ အတူသွားအိပ်ကြမယ် ဘယ်လို ပဲဖြစ်ဖြစ် နောက်ကျနေပြီ”

“…”

နောက်နေ့မနက်တွင် ရှီမာယူယူသည် မိုကျိကို သွားကြည့်သည်။ တစ်ည တာ အနားယူပြီးနောက် သူ၏ဝိညာဉ်သည်လည်း များစွာတိုးတက်လာပုံပင်။

“ယူယူ ကျေးဇူးတင်ပါတယ် မင်းငါ့ကိုကယ်လိုက်တာပဲ” မိုကျိသည် သူမ အား ကျေးဇူးတင်စွာဖြင့် ပြုံးပြလေသည်။

“ရှင့်အသက်က အဆုံးသတ်ကိုမရောက်သေးလို့ပါ.. ရှင် မိတဲ့အဆိပ်ကို ကျွန်မသိသွားတာလည်း ပါပါတယ်.. အခု ဘယ်လိုနေသေးလဲ” ရှီမာယူယူသည် သူ၏အိပ်ရာဘေးသို့လာပြီး လက်ကိုဆွဲကာ စမ်းသပ်လေသည်။

“အများကြီးကောင်းလာပါပြီ” မိုကျိ ပြောလိုက်သည်။ “ဒါပေမဲ့ ငါ့လက် တွေ ကောင်းကောင်းမလှုပ်နိုင်သေးသလိုပဲ”

ရှီမာယူယူသည် သူ့လက်ကိုလွှတ်ပြီး ပြောလိုက်သည် “ဒါကတော့ ပုံမှန် ပါပဲ.. ၂ နှစ်ကျော်လောက် အဆိပ်မိထားတော့ ပြန်ကောင်းဖို့အချိန်လိုမှာပဲ.. ပြန်ကောင်းနှုန်းကလည်း ကောင်းတယ်.. နလန်ထူဖို့အတွက် ဆေးကို ခဏနေ ပေးမယ် အဲဒါတွေသောက်ရင်ရပြီ”

“ကျေးဇူးတင်ပါတယ်”

“ဟုတ်ပါပြီ ကျေးဇူးတွေတင်နေတာ ဘယ်နခါတောင်ရှိနေပြီလဲ.. ကျွန်မ ကို တကယ်ကျေးဇူးတင်ရင် မြန်မြန်ကောင်းအောင်လုပ်ပြီး ရတနာတွေသာ ပို့ လိုက်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။

“မင်းလိုချင်တဲ့ ကျေးဇူးတင်လက်ဆောင်ကလည်း ပုံမှန်အတိုင်းပဲနော်”

“ကျွန်မက လူသားဖြစ်နေတော့လည်း မတတ်နိုင်ဘူးလေ” ရှီမာယူယူ ထရပ်လိုက်သည် “ကျွန်မ ရှင့်ဘိုးဘေးကြီးကို သွားတွေ့လိုက်ဦးမယ် ကောင်း ကောင်းအနားယူလိုက်ဦး”

“ဘိုးဘေးကြီးက အခု အဘိုးနဲ့အစည်းအဝေးခန်းမှာရှိလောက်တယ်” မိုကျိသည် သူမကို သတိပေးလေသည်။

ထိုအကြောင်းကို ရှီမာယူယူ သိပြီးဖြစ်သည်။ အစည်းအဝေးခန်းမကို သူမ သွားခွင့်ရှိသည် မရှိသည်နှင့် မည်သို့သွားရန်ကိုသာ မသိခြင်းဖြစ်သည်။ သို့သော် မိုကျိခြံဝန်းမှထွက်သည်နှင့် လူတစ်ယောက် သူမကိုလာရှာရာတွင် သံသယများ ရှင်းသွားသည်။

“မင်းသမီးလေး ခေါင်းဆောင်က တွေ့ချင်နေပါတယ်”

သူတို့သည် အစည်းအဝေးခန်းမတွင်ရှိနေသည်ကို ရှီမာယူယူသိထား သည်။ ဆိုလိုသည်မှာ သူတို့ဆွေးနွေးရာတွင် သူမကို ပါဝင်စေလိုခြင်းဖြစ်သည်။

ဝူလင်းယူနှင့် သူမတို့သည် အစည်းအဝေးခန်းမသို့ ရောက်သွားသည်။ တမူထူးခြားသော ခန်းမသည် သမိုင်း၏အငွေ့အသက် ရိုက်ခတ်နေသည်။

“ရောက်လာပြီလား မိုကျိကို အရင်သွားကြည့်နေတာလား” မိုယွိသည် ပင်မခုံတွင်ထိုင်နေပြီး သူ့ဘေးမှနေရာမှာတော့ လစ်လပ်နေသည်။

သူ အချက်ပြသည်နှင့် ရှီမာယူယူသည် ခုံဆီသို့လျှောက်သွားပြီး ဝူလင်းယူ သည်လည်း သူမအနောက်တွင် ဝင်ထိုင်လိုက်သည်။

“မိုမျိုးနွယ်အကြောင်း ဘယ်လောက်သိလဲ” မိုယွိ သူမကို မေးလေသည်။

ရှီမာယူယူသည် ခေါင်းခါလိုက်သည် “ကျွန်မ ဘာမှမသိပါဘူး”

“ဘာမှမသိဘဲနဲ့ ဒီအထိရောက်လာတာလား” မိုယွိသည် သူမကိုကြည့်ပြီး ပြောလေသည် “ဟုတ်ပြီလေ ယူယူပီသပါတယ်”

“ကျွန်မက ဘာမှမသိပေမဲ့ တစ်ခုခုအကူအညီဖြစ်လိုဖြစ်ငြား လာကြည့် တာပါ.. ဒါပေမဲ့ အပြင်မှာမိုမျိုးနွယ်အကြောင်း ဘာမှရှာမတွေ့ခဲ့ဘူး” ရှီမာယူယူ သည် ဆွံ့အနေသည် “ဒါပေမဲ့ ကျွန်မရောက်လာလိုက်တာ ကောင်းသွားတယ် မိုကျိရဲ့အခြေအနေက ထပ်ပြီးကြာသွားရင် သူကျော်ဖြတ်နိုင်မှာမဟုတ်တော့ ဘူး”

“မင်းသမီးလေး ကျုပ်တို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ မင်းသမီးလေး မိုမျိုးနွယ်ကနေ ဖြစ်နိုင်သလောက် မြန်မြန်ထွက်သွား သင့်တယ်.. မင်းသမီးလေး အင်ပါယာမြို့တော်ကို သွားဖို့ လိုက်ပို့ခိုင်းလိုက်ပါ မယ်” မိုကျယ် ပြောလေသည်။

“အိုး” မိုကျယ် ထိုသို့ပြောလာမည်ဟု ရှီမာယူယူ မထင်ပေ။ ထိုစကားများ သည် မိုကျယ်၏ လုပ်နေကျပုံစံမဟုတ်ပေ။

“ဘာလို့လဲ ရှင်တို့ရန်သူက ကိုင်တွယ်ဖို့ခက်လို့လား” ရှီမာယူယူ မေး လိုက်သည်။

“ကိုင်တွယ်ဖို့မလွယ်ဘူး ဒါပေမဲ့ ကျုပ်တို့ လုပ်နိုင်ပါတယ်” မိုကျယ် ပြော လိုက်သည် “သူတို့ အကြီးအကဲက ကျုပ်နဲ့ပြဿနာဖြစ်ဖူးတယ်… ဒီတစ်ခါ သူ့ ကို ဘယ်သူလှည့်စားလိုက်တယ်မသိဘူး ကျုပ်တို့ကို ဆက်တိုက်ပြဿနာရှာ နေတာ”

ရှီမာယူယူ ချက်ချင်းနားလည်သွားသည်။ မိုမျိုးနွယ်ကဲ့သို့ ကြီးမားလှပြီး သတိရှိလှသော မျိုးနွယ်အနေနှင့် ပေါ့သေးသေးကိစ္စတော့ မဟုတ်တန်ရာပေ။

“တော်ဝင်မျိုးနွယ် ၈ ခုထဲကလား တစ္ဆေလောကကလား မဟုတ်ရင် ဝိညာဉ်နယ်မြေကလား” သူမ မေးလိုက်သည်။

သူမ မှန်းနိုင်သည်ကို မိုကျယ်မအံ့ဩတော့ပေ။

“ကြည့်ရတာ မှန်းတာမှန်သွားပြီထင်တယ်.. မျိုးနွယ်တွေ တိုက်ခိုက်ကြ တာတော့ ပုံမှန်ပဲလေ ဘာလို့သူတို့ ဖိနှိပ်တာကိုခံရမှာလဲ”

All Chapters