← Chapters

ဒြပ်စင်စွမ်းအား

Vol. 3 Ch. 30

ဒြပ်စင်စွမ်းအား

Vol. 3 Ch. 30

ခုန်ကျွင်းက “မှော်အစီအရင်” ဆိုသောစကားကိုပြောလိုက်ခြင်းမှာ သူ၏ ထူးခြားသောအသိပညာကြွယ်ဝမှုကို ပြသနေသည်။

အကြောင်းမှာ သမိုင်းမတိုင်ခင်ခေတ်ဦးကာလ ယဉ်ကျေးမှုမှတ်တမ်းများက သာမန်လူများအတွက် ဒဏ္ဍာရီတစ်ခုပမာဖြစ်ပြီး လက်လှမ်းမီရန် ဝေးကွာလွန်းလှသည်။

ခုန်မင်၏ အဋ္ဌဂံဝင်္ကပါဗျူဟာက တရုတ်ယဉ်ကျေးမှုမှ ဆင်းသက်လာသည်ဖြစ်ရာ မှော်ယဉ်ကျေးမှုခေတ်မှ မှော်အစီအရင်များနဲ့ တူညီခြင်းမရှိပေ။

သို့သော် ခုန်ကျွင်းကတော့ ထိုသို့သောခြားနားမှုများကို မည်သို့သိရှိနိုင်ပါမည်နည်း။

ခုန်မင်ကလည်း စကားကိုမရေမရာပြောလိုက်သည်ဖြစ်ရာ ခုန်ကျွင်းက ‘မှော်အစီအရင်’ နှင့် ဆက်စပ်မိသွားပြီး အလိုအလျောက် အဆင်ချောသွားတော့သည်။

ခုန်မင်က မိုးကြိုးပစ်ခံရပြီးမှ သူ့ခေါင်းထဲတွင် ထိုသို့ထူးဆန်းသောမှတ်ဉာဏ်များ ထွက်ပေါ်လာသည်ဟု မရေမရာပြောထားခဲ့သည်။

အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို သူကိုယ်တိုင်လည်း လုံးဝနားမလည်ဟု ဆိုထားသည်။

ထို့ကြောင့် မိုး‌ကောင်းကင်အလိုတော်အတိုင်းသာဟု တွေးရုံမှတပါး ခုန်ကျွင်းအနေဖြင့် အခြားဖြေရှင်းချက် ရှာမတွေ့ခဲ့ပေ။

ခုန်ကျွင်းက ဒဏ္ဍာရီဆန်သော ‘မှော်အစီအရင်’ ၏ ထူးဆန်းအံ့သြဖွယ်ရာများကို သိချင်စိတ်ပြင်းပြပြီး လေ့လာရန် စိတ်အားထက်သန်နေခဲ့သည်။

သို့သော် ခုန်မင်က ဗျူဟာ၏အဓိကအချက်များကို ပြောမပြခဲ့သလို ဝါးပင်တစ်ရာခန့်ကလည်း မည်သည့်စွမ်းအားမှ ပိုင်ဆိုင်ထားခြင်းမရှိရာ ခုန်ကျွင်းအနေဖြင့် မည်သည့်ထူးခြားချက်ကိုမှ သိမြင်နိုင်ခြင်း မရှိခဲ့ပေ။

နောက်ဆုံးတော့ ခုန်ကျွင်းက အနည်းငယ်တွန့်ဆုတ်စွာဖြင် ကောက်ချက်ချရင်း စကားဆိုလိုက်သည်။

“မင်အာ... ဒီလိုမျိုး ရှေးဟေင်း မှော်အစီအရင်နဲ့ဆက်စပ်နေတဲ့ အမွေအနှစ်တစ်ခုရရှိထားတာ တကယ် အံ့သြစရာပါပဲ ၊ ဒါပေမဲ့ နှမျောစရာကောင်းတာက မင်အာက ဒီပညာကို မကျွမ်းကျင်သေးဘူး ၊ ဒီလိုမျိုး မပြည့်စုံတဲ့မှော်အစီအရင်မျိုးက တစ်ကြိမ်သုံးပြီးတာနဲ့ အာနိသင်ပျောက်သွားတတ်တယ်”

သူက ဆက်ပြောလိုက်သည်။

“မင်အာ... အဖေ့ရဲ့အတွေ့အကြုံအရ ဒီမှော်အစီအရင်က အရမ်းထိတ်လန့်စရာကောင်းတဲ့နည်းလမ်းတစ်ခုလို့ ယူဆနိုင်ပေမယ့် ပြီးပြည့်စုံမှုမရှိရင် နက်နဲတဲ့အဆင့်ရောက်အောင် ကျင့်ကြံဖို့လည်းခက်ခဲလိမ့်မယ် ၊ ဒါကြောင့် သားက ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းမှာပဲ ပိုပြီးအာရုံစိုက်ရမယ် ၊ မင်း ကျင့်ကြံခြင်းအဆင့်မြင့်မားလာတဲ့အခါ ဒီလို မှော်အစီအရင်ဆိုတာ သေးငယ်တဲ့လှည့်ကွက်တစ်ခုလောက်ပဲဆိုတာ နားလည်လာလိမ့်မယ်”

ခုန်မင်က ဖခင်ဖြစ်သူကို ဦးညွှတ်လိုက်ရင်း...

“ဟုတ်ကဲ့... သား နားလည်ပါပြီ”

ခုန်မင်က ပြီးစလွယ်ပြောလိုက်ခြင်း မဟုတ်ပေ။

ဖခင်ဖြစ်သူ၏စကားများကို သူလည်း သဘောတူသည်သာပင်။

တကယ်တော့ ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းကသာ အဘယ်မျှထူးခြားကြောင်း သူနားလည်ထားပြီး မဟုတ်ပါလား။

ခုန်ကျွင်းနှင့် အကြိမ်ပေါင်းများစွာ သိုင်းပညာဖလှယ်ခဲ့ဖူးသူ ခုန်မင်က ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်၏ တန်ခိုးစွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း နားလည်ထားခဲ့သည်။

သုံးပြည်ထောင်ခေတ် စစ်ပညာအဆင့်အတန်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ခုန်ကျွင်း၏ ကျင့်ကြံခြင်းအဆင့်က တစ်ကမ္ဘာလုံးအား လွှမ်းမိုးရန် လုံလောက်ပေသည်။

ဤစကားက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

အကြောင်းမှာ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရှေ့တွင် သုံးပြည်ထောင်ခေတ်မှ သာမန်လူများဆိုသည်က ပုရွက်ဆိတ်များထက် မပိုပေ။

သုံးပြည်ထောင်ခေတ်တွင် ‘ကျူးကဲခုန်မင်’ သေဆုံးသွားပြီးနောက် သူ၏ဝိညာဉ်က မတူညီသော စကြာဝဠာကိုဖြတ်ကျော်ပြီး သန့်စင်ခြင်းခံခဲ့ရသည်။

ထိုသို့သာမဟုတ်ပါက သူ့အနေဖြင့် ဒြပ်စင်စွမ်းအားကျင့်ကြံသူများ၏ စွမ်းအားအစစ်အမှန်ကို နားလည်နိုင်ရန် အလွန်ခက်ခဲပေမည်။

ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းဆိုသည်က အခြေခံအားဖြင့် လူသားများ ဒြပ်စင်စွမ်းအားကို ရှာဖွေတွေ့ရှိပြီး စုပ်ယူအသုံးချသည့် လုပ်ငန်းစဉ်ဖြစ်သည်။

ထျန်းယွမ်ကုန်းမြေ၏ ကျင့်ကြံခြင်းစနစ်အရ ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့်သို့ဝင်ရောက်ရန် အရင်ဆုံး ဒြပ်စင်စွမ်းအား၏တည်ရှိမှုကို ခံစားသိရှိရမည် ဖြစ်သည်။

ထို့ကြောင့် ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံသူများ၏ကျင်ကြံခြင်းအဆင့်ကို ‘ဒြပ်စင်စွမ်းအားခံစားသိရှိခြင်းအဆင့်’ ဟု ခေါ်သည်။

ထိုအဆင့်ကိုဖြတ်ကျော်ပြီးနောက် ဒြပ်စင်စွမ်းအားပညာရှင်အဆင့်ရောက်ရှိမှသာ ဒြပ်စင်စွမ်းအားကိုစုပ်ယူပြီး ခန္ဓာကိုယ်၏သွေးကြောဆုံချက်များတွင်သိုလှောင်ထားကာ ထိတ်လန့်စရာစွမ်းအားကို ထုတ်လွှတ်အသုံးပြုနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဒြပ်စင်စွမ်းအားပညာရှင်အဆင့်ကို ‘ဒြပ်စင်စွမ်းအားစုပ်ယူခြင်းအဆင့်’ ဟု ခေါ်သည်။

ထိုအဆင့်ရောက်လျှင်တော့ ဒြပ်စင်စွမ်းအား အနည်းငယ်မျှစတင်အသုံးပြုနိုင်လျှင်ပင် သာမန်လူများ လက်လှမ်းမမီသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဒြပ်စင်စွမ်းအားပညာရှင်အဆင့်ကိုကျော်လွန်ပြီး ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ တက်လှမ်းသည့်အခါ ဒြပ်စင်စွမ်းအားကို သန့်စင်ပြီး ဖိနှိပ်နိုင်စွမ်းရှိလာသည်။

ထိုအခါ ခန္ဓာကိုယ်ထဲတွင် ဒြပ်စင်စွမ်းအား အဆပေါင်းများစွာပိုမိုသိုလှောင်နိုင်ပြီ ဖြစ်ကာ မတူကွဲပြားသည့် တန်ခိုးစွမ်းအားကို ပြသလာနိုင်သည်။

ထို့ကြောင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ကို ‘ဒြပ်စင်စွမ်းအား သန့်စင်ခြင်းအဆင့်’ ဟုလည်း ခေါ်သည်။

လက်ရှိတွင် ခုန်မင်က နှောင်းပိုင်း ဒြပ်စင်စွမ်းအားပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏ချီပင်လယ်ထဲမှ လျှို့ဝှက်ဆန်းကျယ်သည့် ထိုက်ကျိယင်ယန်သင်္ကေတက ဒြပ်စင်စွမ်းအားများသန့်စင်ရာတွင် ကူညီပေးနေသည်။

သို့ဖြစ်ရာ ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်၏နည်းလမ်းနှင့် ဆင်တူနေလေသည်။

သို့ပေသိ ဒြပ်စင်စွမ်းအားကို သန့်စင်ဖိနှိပ်နိုင်ခြင်းမှာတော့ ခုန်မင်က တကယ့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်နှင့် မယှဉ်နိုင်သေးပေ။

သို့ရာတွင် သူသာ ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ တက်လှမ်းနိုင်မည်ဆိုပါက လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိယင်ယန်သင်္ကေတအကူအညီဖြင့် ဒြပ်စင်စွမ်းအားသန့်စင်ခြင်း ထိရောက်မှုမှာ သာမန် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်မည် အမှန်ပင်။

ဒြပ်စင်စွမ်းအားဆရာသခင်မှ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့တက်ရောက်လျှင်တော့ အရေးကြီးဆုံးအဆင့်တစ်ခု ဖြတ်ကျော်ရန်လိုအပ်သည်။

ထိုအဆင့်က ခန္ဓာကိုယ်ထဲမှဒြပ်စင်စွမ်းအားကို ရွှေအရည်ဖြစ်သည်အထိ သိပ်သည်းသွားအောင်သန့်စင်ပြီး နောက်ထပ် သိပ်သည်းမသွားနိုင်‌တော့သော အခြေအနေရောက်အောင် ကျင့်ကြံရမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် စွမ်းအင်ဗဟိုချက်ချီပင်လယ်တွင် “ဒြပ်စင်စွမ်းအားရွှေအမြုတေ” တစ်ခု ထွက်ပေါ်လာပေမည်။

ရွှေအမြုတေဖြစ်တည်လာပြီးနောက် လူသားခန္ဓာကိုယ်က မိုးမြေမှ ဒြပ်စင်စွမ်းအားနှင့် သဘာဝအလျောက် ဆက်သွယ်နိုင်လာပြီး ကျင့်ကြံသူများအနေဖြင့် ဒြပ်စင်စွမ်းအားကို ခန္ဓာကိုယ်ထဲစုပ်ယူစရာမလိုဘဲ အသုံးပြုနိုင်ပေမည်။

ထိုအဆင့်တွင် ပတ်ဝန်းကျင်လောကမှ ဒြပ်စင်စွမ်းအားကို လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ယူဆောင်အသုံးပြုနိုင်သဖြင့် ကျင့်ကြံသူတစ်ယောက်အတွက် ဒြပ်စင်စွမ်းအားကုန်ခမ်းသွားရန် လုံးဝမဖြစ်နိုင်သလောက်ပင်။

ထိုအဆင့်ရောက်ရှိသူများကို ‘ရွှေအမြုတေအဆင့်’ ဟု ခေါ်ကြသည်။

သုံးပြည်ထောင်ခေတ်တွင် ခုန်ကျွင်းကဲ့သို့ ကနဦးအဆင့် အရှင်သခင်တစ်ယောက်က တစ်လောကလုံးအား လွှမ်းမိုးနိုင်မည်ဟု ခုန်မင် ယုံကြည်ရသည့်အကြောင်းရင်းမှာ ၊ ကျင့်ကြံသူတစ်ယောက် “ရွှေအမြုတေ” ဖြစ်တည်လာသည့်အခါ မိုးမြေမှ ဒြပ်စင်စွမ်းအားကို ယူဆောင်အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်သည်။

သူတို့အနေဖြင့် သန်းနှင့်ချီသည့်စစ်တပ်ကြီးကို ရင်ဆိုင်ရလျှင်တောင်မှ တစ်ချက်ယိမ်းယိုင်ကြမည် မဟုတ်ပေ။

အဓိပ္ပါယ်ကတော့ အရှင်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ဆန့်ကျင်ရင်ဆိုင်ရန် သာမန်လူအုပ်စုနှင့်ဖိအားပေးခြင်းက လုံးဝအလုပ်မဖြစ်ဟု ဆိုလိုသည်။

သို့သော် အရှင်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်တော့ သာမန်စစ်တပ်တစ်ခုအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သည်။

ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ထက် ပိုမိုမြင့်မားသော ထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူများကိုတော့ ခုန်မင် မတွေ့ဆုံဖူးသေးသဖြင့် မသိနိုင်သေးပေ။

သို့ပေသိ ကျင့်ကြံခြင်းဆိုင်ရာ စာအုပ်များစွာတွင် ဖော်ပြထားချက်အရ ထိုသို့အဆင့်ရှိ ကျွမ်းကျင်သူများက သူတို့ခန္ဓဦကိုယ်တွင်းမှ ရွှေအမြုတေကိုသန့်စင်ပြီး ထူးခြားဆန်းကျယ်သော ‘ကိုယ်တွင်းစကြာဝဠာ’ တစ်ခုကို ဖန်တီးနိုင်သည်ဟု ဆိုသည်။

ကိုယ်တွင်းစကြာဝဠာတစ်ခု ပိုင်ဆိုင်ထားသော ထိပ်တန်းသခင်အဆင့် တန်ခိုးစွမ်းအားရှင်များကတော့ ၊ ကိုယ်တွင်းစကြာဝဠာမှတစ်ဆင့် သီးခြားလွတ်လပ်သည့် ဒြပ်စင်စွမ်းအားထုတ်လွှတ်‌ပေးနိုင်ပြီး အကုန်ဆုံးနိုင်သည့် တန်ခိုးစွမ်းအားကို ထောက်ပံ့ပေးသည်။

သူတို့၏တန်ခိုးစွမ်းအားက သာမန်လူများ စိတ်ကူးနိုင်သည်ထက် ကျော်လွန်သွားပြီ ဖြစ်၏။

ကိုယ်တွင်းစကြာဝဠာဖြစ်တည်လာသည်နှင့် ကျင့်ကြံသူက ပြင်ပလောကနှင့်တစ်သားတည်းကျသွားကာ မိုးမြေနှင့် ခွဲခြားမရတော့ပေ။

သူတို့ကိုယ်တွင်းမှ သီးခြားထုတ်လွှတ်နိုင်သည့် ဒြပ်စင်စွမ်းအားက သူတို့၏တန်ခိုးစွမ်းအားကို လုံးဝ အဆင့်အသစ်တစ်ခုသို့ တက်လှမ်းသွားစေသည်။

ဤအဆင့်၏ထူးခြားချက်က ရုပ်ခန္ဓာဖြင့် လေတွင်ပျံသန်းနိုင်ခြင်း ဖြစ်သည်။ ထိုသို့သော တန်ခိုးစွမ်းအားက ဒဏ္ဍာရီထဲမှ နတ်ဘုရားများ၏စွမ်းအားနှင့် အလွန်ပင်နီးစပ်နေပေပြီ။

ထို့ကြောင့် ဤအဆင့်ကို ‘ကိုယ်တွင်းဒြပ်စင်စွမ်းအားအဆင့်’ ဟု ခေါ်ဆိုသည်။

သို့သော် တောင်များကိုရွှေ့ပြောင်းခြင်း ၊ ပင်လယ်ကိုပြောင်းပြန်လှန်ခြင်း ၊ ကြယ်များကိုဆွတ်ခူးပြီး လမင်းကိုပွေ့ဖက်ထားခြင်းကဲ့သို့ ကြီးကျယ်ခမ်းနားသည့်တန်ခိုးစွမ်းအားများကိုတော့ ‘ထိပ်တန်းသခင်’ အဆင့် ကျင့်ကြံသူများ လက်လှမ်းမမီနိုင်သေးပေ။

ထိုသို့သော စွမ်းရည်များကတော့ ဒဏ္ဍာရီထဲမှ ဒြပ်စင်စွမ်းအားဧကရာဇ် သို့မဟုတ် ဒြပ်စင်စွမ်းအားသူတော်စင်အဆင့် ကျင့်ကြံသူများ ဖြစ်ရပေမည်။

ခုန်မင်၏ လက်ရှိအဆင့်နှင့်ဆိုလျှင် ဧကရာဇ်အဆင့်နှင့် သူတော်စင်အဆင့် ကျင့်ကြံသူများ၏ ထူးခြားသောတန်ခိုးစွမ်းအားနှင့် ကြောက်မက်ဖွယ်ရာစွမ်းရည်များကို မသိရှိနိုင်သေးပေ။

ခုန်မင်က ကျင့်ကြံခြင်းအဆင့်နိမ့်ပါလျှက် အလယ်ဆင့် ဆရာသခင်တစ်ယောက်ဖြစ်သော ဖူစန်းကို စိန်ခေါ်သတ်ဖြတ်ပစ်နိုင်ခဲ့သည်။

ဤသည်က ကျင့်ကြံခြင်းလောကတွင် ဒဏ္ဍာရီဆန်သည့် ရှားပါးအောင်မြင်မှုဟု ပြောနိုင်သော်လည်း ၊ ထိုအချက်ကြောင့် ခုန်မင်က ဒြပ်စင်စွမ်းအားကျင့်ကြံသူများကို အထင်မသေးခဲ့ပေ။

ဝါးပင်များဖြင့်ဖွဲ့စည်းထား‌သော အဋ္ဌဂံဝင်္ကပါဗျူဟာက ဖူစန်းကဲ့သို့ အလယ်ဆင့် ဆရာသခင်တစ်ယောက်ကို ‌ထောင်ချောက်ဆင်နိုင်ပြီး ဒြပ်စင်စွမ်းအားများ လုံးဝကုန်ခမ်းသွားအောင် ပြုလုပ်နိုင်ခဲ့သည်။

သို့သော် ရွှေအမြုတေဖြင့် ပတ်ဝန်းကျင်ဒြပ်စင်စွမ်းအားများကို ယူဆောင်အသုံးပြုနိုင်သည့် အရှင်သခင်အဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ဒြပ်စင်စွမ်းအားက မည်သို့ကုန်ခမ်းသွားနိုင်ပါမည်နည်း။

ဟုတ်ပေသည်။

ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက် လက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့် ထုတ်လွှတ်နိုင်သောစွမ်းအားက ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်ပေသည်။

အဋ္ဌဂံဝင်္ကပါဗျူဟာ၏ခံနိုင်ရည်အားက ကန့်သတ်ချက်ရှိသည်ဖြစ်ရာ ၊ ကန့်သတ်ချက်ကျော်လွန်သွားပါက ဗျူဟာ ပြိုကွဲသွားမည် ဖြစ်လေသည်။

All Chapters